Pages

October 11, 2006

How to stop automatic updates from installing IE 7.0

ဒီမနက် သူငယ်ချင်း တစ်ယောက်က ပြောတာနဲ့  Microsoft က နောက် သိပ်မကြာခင် IE 7.0 ကို auto update လုပ်တော့မယ်တဲ့ ဆိုပြီး သိလိုက်ရတယ်။
IE 7 Auto Update News.

IE 7.0 စထွက်တည်းက သူများတွေ ပြောင်းသုံး၊ စမ်းသုံးကြည့်  နေကြတာ သိပါတယ်။ ကျွန်မကတော့ ခုချိန်ထိ IE 6 ကို သုံးနေတုန်းပါပဲ။ IE 7 ကပိုကောင်းရင် ကောင်းမှာပါ။ ဒါပေမယ့် ခုချိန်ထိတော့ ပြောင်းသုံးကြည့် ဖို့  ရည်ရွယ်ချက် မရှိသေးပါဘူး။ မလိုအပ်ပဲ IE 6 ကနေ IE 7ကို ပြောင်းလိုက်လို့ တက်လာမယ့် ပြဿနာတွေကို အရှင်းချင်းဘူး။ ကျွန်မလိုပဲ IE 7.0 ကို ပြောင်းမသုံးပဲ IE 6 ကို ပဲ သုံးချင်တဲ့ သူတွေ အတွက်တော့ ဒီသီတင်းက တော်တော် မကောင်းတာပဲ။ Microsoft က တခါတလေ အဲ့လို့  မဟုတ်ကဟုတ်က အလုပ်တွေ သိပ်လုပ်ပါတယ်။ သူ ဟာသိပ်ကောင်းနေရင် ကိုယ့်ဟာကို ပြောင်းသုံးမှာပေါ့။ ဒါမို့ လည်း တခါတလေ Microsoft product တွေသုံးရတာ စိတ်ကုန်မိတာပါ။ ထားပါလေ။ ခု.. IE 6 ကနေ 7 ကို auto update မလုပ်ချင်သူများ ဘယ်လို ကာကွယ်လို့  ရတယ် ဆိုတာလေးကို ပြောပြ ချင်တာပါ။

ပတမ ဆုံးအနေနဲ့  IE70Blocker.cmd ကို ဒီမှာ ဒေါင်းလုတ် လုပ်ပါ။ ပြီးရင် အောက်က ပြောထားတဲ့ အဆင့်တွေ အတိုင်းလုပ်လိုက်ပါ။ မြန်မာလို မရှင်းတတ်လို့  English လိုရှင်းထားတာကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

1. Copy the IE70Blocker.cmd to drive C of your PC or Notebook
2. Go to command prompt and navigate to drive C of your Pc or Notebook
3. Run the IE70Blocker.cmd with the following parameter
C:\>IE70Blocker.cmd machine name /b

Usage:
ie70blocker.cmd [machine name] [/B] [/U] [/H]
B = Block Internet Explorer 7.0 deployment
U = Allow Internet Explorer 7.0 deployment
H = Help

4. You should see a notification on the command prompt screen
Note : This step only block Window Automatic Updates from Installing IE 7.0 on your PC automatically. It does not prevent you from manually installing it. Thus if you choose to do a manual window updates. It will not be shown under priority or express updates but under optional updates. If you choose to install it under optional or by custom method, it will still be deploy into you PC

October 10, 2006

Funky JavaScirpt

ပြီးခဲ့တဲ့  သောကြာနေ့ က သူငယ်ချင်းတစ်ယောက်က စမ်းကြည့်ဆိုပြီး JavaScript code တစ်ခုပေးတယ်။ ထုံစံအတိုင်း ဘာကြီးလာပေးတာလဲ၊ ဘယ်လို စမ်းရမှာလဲ ပြန်မေးရတော့ တာပေါ့။ သူက browser ကိုဖွင့်လိုက်၊ ပြီးတော့ yahoo ရဲ့ home page ကိုသွားတဲ့။ ပြီးရင် သူပေးတဲ့ JavaScript ကို copy လုပ်ပြီး လက်ရှိ yahoo ပွင့်နေတဲ့ browser ရဲ့ address bar မှာပဲ paste လုပ်ကြည့်လိုက်တဲ့။ ဘာဖြစ်လဲ သိမယ်ပြောတယ်။ သူပြောတဲ့ အတိုင်း စမ်းလုပ်ကြည့် လိုက်တာ တော်တော်လေး သဘောကျသွားတယ်။ ဒါပေမယ့် သူပေးတဲ့ code က IE browser မှာပဲ အလုပ်လုပ်တယ်။ FireFox မှာ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။

ဒါနဲ့  စဉ်းစားမိလိုက်တယ်။ အဲ့ဒီတစ်ယောက် ဒီ script ကို သူ့ ဟာသူ ရေးတာတော့ မဖြစ်နိုင်ဘူး။ ( အကြောင်း သိတွေပဲလေ။ သူရေးတာဆို ဒီလို ဘယ်နေမလဲ။ ဟီး... ) သူ တနေရာရာက ရတာပဲနေမှာ၊ ဒါဆို internet မှာ ရှာကြည့် ရင် တွေ့ ချင်တွေ့ မှာ ဆိုပြီး လုပ်လက်စ အလုပ်ကို ရပ်ပြီး google မှာ ရှာကြည့်တယ်။ မတွေ့ ဘူးဗျာ။ ဘယ်တွေ မလဲ။ ကျွန်မက သူပေးတဲ့ script ကို copy & paste လုပ်ပြီး search နဲ့  ရှာကြည့်လိုက်တာကို။ ဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ Google Search မှာ ရှာမရတာတွေကို တခါတလေ Yahoo Search နဲ့  ရှာရင်တွေ့ တက်တယ်၊ ဒါနဲ့  yahoo မှာ ဆက်ရှာကြည့်လိုက်တော့ link တော်တော်များများ တွေ့ တယ်။ အဲ့ဒီက လင့်တွေကို လိုက်ဖတ်ကြည့် လိုက်တော့ FireFox မှာ အလုပ်လုပ်တဲ့ script တခုကိုပါ တွေ့ လိုက် ရတယ်။

အဲ့ဒီ script နှစ်ခုလုံးက စမ်းကြည့်တာ Yahoo နဲ့  Google အပြင် တစ်ခြား web pages တော်တော်များများမှာ အလုပ်လုပ်တာတွေ့ ရတယ်။ Blogger မှာလဲ အလုပ်လုပ်ပါတယ်။ ဒီလို စမ်းကြည့်လို့ ရပါတယ်။

Click here to JavaScript Code - ကူးရလွယ်အောင် code တွေကို Text File နဲ့  ပေးထားတာပါ။

၁။ ပေးထားတဲ့ script ကို copy လုပ်ပါ ( IE သုံးနေရင် IE ကို copy လုပ်ပါ။ FireFox သုံးနေရင်တော့ FireFox ကို copy လုပ်ပါ) copy လုပ်ရာမှာ တစ်ကြောင်းတည်း ဖြစ်အောင် လုပ်ရပါမယ်။
၂။ ပြီးရင် copy လုပ်ထားတဲ့ script ကို browser ( ကျွန်မရဲ့ ဘဘောခ့် နဲ့  စမ်းမယ်ဆိုရင်တော့ ကျွန်မ ဘလောခ့် ရှိနေတဲ့ page) ရဲ့ address bar မှာ paste လုပ်ပြီး Enter (or) Click Go.

ဘာဖြစ်လည်း တွေ့ ရမှာပါ။

............
............

October 06, 2006

မျက်ဖြေလင်္ကာ

ဒီနေ့  သူငယ်ချင်းတယောက် ပြတာနဲ့  ဒီ မျက်ဖြေလင်္ကာ လေးကို ပလန်းနက်မှာ တင်ထားတာ ဖတ်လိုက်ရတယ်.. တော်တော်များများ သိပြီးသား နေမှာပါ.. နှစ်သက်မိတဲ့ စားသားတွေမို့ လို့  ဖတ်ချင်တဲ့ အချိန် ပြန်ဖတ်လို့ ရအောင် ဒီမှာ လာမှတ်ထားလိုက်တာပါ.. အသက်က ကြီလာတော့ မေ့တာတွေ များလာပြီလေ.. နောက်ဆို မေ့သွားနိုင်တဲ့ မှတ်ချင်တာလေးတွေကို ဒီမှာ လာမှတ်ထားတော့မယ်...

သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသတ်လျှာတည်း။
ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း မလွတ်ကြမ္မာ လူတကာကို ခန္ဓာခိုင်ကျည် အတည်မမြဲ ဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တ၀ါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ့၏ ခိုက်ကြုံဝိပါတ် သံသရာစက်၌ ကြိုက်လတ်တွန်မူ တုံ့မယူလို ကြည်ညိုစိတ်သန် သခင်မွန်ကို ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည် သွေးသည်အနစ္စာ ငါ့ခန္ဓာတည်း။

အနန္တသူရိယအမတ်ကြီး
ပုဂံခေတ်

Source : Planet ( Thank to Bleeds and TDO )

October 03, 2006

ပျင်းနေသော နေ့ များ

အား.... ခုတလော.. အရာရာ လုပ်ရ ကိုင်ရတာ စိတ်မပါဘူး ဖြစ်နေတယ်။ လုပ်မယ် စိတ်ကူးထားတာ မှန်သမျှ တကယ်လုပ်တော့မယ်ဆို လုပ်ချင်စိတ်က မရှိတော့ဘူး။ အလုပ်ရောက်နေရင် အိမ်ပြန်ချင်နေတယ်။ ဟော.. အိမ်ရောက်ပြန်တော့လည်း ဘာလုပ်ရမှန်း မသိ။ အလုပ်မှာပဲ ရှိနေတာ ကောင်းသလိုလို ခံစားရပြန်ရော။ ဒါနဲ့  ဒီရက်ပိုင်း အိမ်ပြန်ရောက်တာနဲ့  စာလေး နည်းနည်းလောက်ဖတ်.. ခဏနေတော့ စောစောစီးစီး အိပ်ရာဝင်ပြီး နောက်ကျမှ ထဖြစ်နေတယ်။ အဲ့လိုဆိုတော့ အိပ်ရေးဝတော့ ကောင်းတာပေါ့ ဆိုပြန်ရင်လည်း အိပ်ရေးက မဝသလို ခံစားနေရပြီး အလုပ်မှာလည်း လူက ရွင်ရွင်လန်းလန်း မရှိ နုံးနေသလိုပဲ။ မနေ့ ကတောင် စီနီယာ ကပြောတယ်။ နင့်ကိုကြည့်ရတာ ဘာကိုမှ စိတ်ဝင်စားမှု့  မရှိသလိုပဲတဲ့။ ဟုတ်လားလို့ တော့ ဝတ်ကျေ တန်းကျေလေးတော့ ပြန်ပြောလိုက်မိ ပါတယ်။

တကယ်တော့ အလုပ်မှာရော အိမ်မှာရော လုပ်မယ်ဆို လုပ်စရာတွေက အများကြီး။ အိမ်မှာက ဟို တစ်ပတ်ကမှ အိမ်ပြောင်းတာ တချို့ ပစ္စည်းတွေက နေရာ မချရသေးဘူး။ လိုအပ်လို့  ဝယ်ရမယ့် ဟာတွေလည်း ရှိသေးတယ်။ သွားမဝယ်ဖြစ်သေးဘူး။ လုပ်ပေးရမယ့် လူမှု့ ရေး ကိစ္စ တချို့ လည်းရှိသေးတယ်. မလုပ်ဖြစ်သေးဘူး။ အလုပ်မှာ ကြတော့လည်း အလုပ်က ထွက်တော့မယ် ဆိုတော့ ရှင်းပေးရမှာတွေ တော်တော်များများ ရှိနေတယ်။ အိမ်မှာရော .. အလုပ်မှာရော.. လုပ်ဖို့  ရှိနေတာတွေက ခက်ခက်ခဲခဲ ကိစ္စတွေ မဟုတ်ပါဘူး။ တကယ်လို့ သာ စိတ်ပါလက်ပါလေး လုပ်လိုက်ရင် ခဏလေးနဲ့  ပြီးသွားမယ့်ဟာတွေပါ။ အလုပ်မှာတော့ အိမ်မှာထက်စာရင် လုပ်ရမှာတွေကို နည်းနည်းပိုပြီး လုပ်ဖြစ်သေးတယ်။ မလုပ်ရင် မကောင်းဘူးလေ။ အိမ်မှာကတော့ မလုပ်လည်း ပြောမယ့်သူမှ မရှိတာ။

အင်း.. စိတ်ညစ်နေတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ စားလို့ ကောင်း၊ အိပ်လို့ ကောင်း။ ဒီရက်ပိုင်း မနက်စာရော နေ့ လယ်ခင်းစာ ပါ မုန့်  မှန်မှန် သွားစား ဖြစ်နေသေးတယ်။ လူက အပျင်းထူပြီး motivation မရှိဘူး ဖြစ်နေတာနဲ့ တူတယ်။ ဘာမှ မလုပ်ပဲနေတာ တော်တော် သက်တောင့်သက်သာ ရှိတာပဲနော်။ သြော် .... ဒါကြောင့် မို့ လည်း ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူတော့ သက်သာသားလို့  သူများတွေ ပြောနေကြတာကို။

October 01, 2006

ကလေး ကဗျာများ

ကြောင်ဖားမြီးတံတို

ကြောင်ဖားကြီး မြီးတံတို
အဆီကို စား အသားကို မျို
ကြောင်အိုပေမှေး
ကိုက်ပါလှဲ့ လေး။

ဒါလေးကို " ဦးသန်းထွတ်ရဲ့ ကျွန်တော်နှစ်သက်မိသော ကဗျာများ " စာအုပ်မှာတွေ့ လို့  ကူးယူဖော်ပြတာပါ။

ကျွန်မတို့  ငယ်ငယ်တုန်းက ကြားနေကြ ကဗျာလေးတွေပါ။ ကဗျာလို့ ခေါ်မလား။ သားချော့တေးလို့  ပဲ ပြောရမလား။ ဘယ်လိုပဲ ခေါ်ခေါ် ဒီစာသားလေးတွေဟာ ကျွန်မတို့ ငယ်ငယ် ကလေးဘဝ ထဲက ရင်ရင်နှီးနှီး ကြားဘူးနေတဲ့ အရာလေးတွေပါ။ ကျွန်မ စဉ်စားမိသလောက်တော့ တော်တော်များများကို ရှိတာပဲ။ ကျွန်မ မှတ်မိသလောက်လေးတွေကို ဒီမှာ တင်ဦးမယ်။ တချို့  လည်း မှတ်မိကြမှာပေါ့ တချို့ လည်း မေ့လောက်ပြီ ထင်တယ်။ ဘာပဲပြောပြော .. အမှတ်တရ.. ပေါ့။

September 30, 2006

အပျင်းပြေညနေ

နားထောင်မိရင်း ကြိုက်သွားတဲ့ သီချင်းတစ်ပုဒ်ပါ။ ညနေက ပျင်းပျင်းရှိတာနဲ့  ဟိုငေးဒီငေးလုပ်ရင်း ကွန်ပြူတာထဲမှာ ရှိနေတဲ့ သီချင်းတွေ လိုက်နားထောင်ကြည့်နေတာ.. ဒီသီချင်းလေး နားထောင်မိတော့ ခံစားချက်နဲ့  တိုက်ဆိုင် နေလို့ လား မသိဘူး သဘောကျသွားတယ်။ ဒီသီချင်းကို ဘယ်ကနေ ရထားတာလဲ ပြန်ကြည့်တော့မှ မမေရဲ့ ဘလောခ့်က ရတာမှန်း သတိထားမိလိုက်တယ်။ (ကျေးဇူးပါပဲ မမေ)

ကျွန်မက ညနေစောင်းတွေမှာဆို တိမ်တွေ၊ နေဝင်ချိန်နဲ့  သွား၊လာနေတဲ့ လူတွေကို ထိုင်ငေးကြည့်နေရတာ နှစ်သက်မိတယ်။ အရင် ကျောင်းတက်တုန်းကဆို ညနေစောင်းမှာ city center သွားပြီး အိမ်ပြန်နေတဲ့ လူတွေကို ထိုင်ငေးနေလေ့ ရှိဘူးတယ်။ အဲ့ဒီလူတွေ ကြည့်ရတာ တစ်နေ့ တာ အလုပ်ပြီးလို့  မနားယူဖို့  အချိန် ရောက်ပြီဆိုတော့ စိတ်လက်ပေါ့ပါးစွာနဲ့  အေးအေးချမ်းချမ်း သက်တောင့် သက်သာ သွားလာနေကြတာ ဆိုတော့ ငေးကြည့်ချင်စရာပါ။ ညနေခင်းမှာ ကမ်းခြေကနေ လှိုင်းတွေကိုတော့ တစ်ခါမှ မငေးကြည့်ဘူး ဘူး။ အခွင့်အရေး ရရင်တော့ ကြည့်ချင်မိတယ်။ အင်း.. ခုဆို ဒီလို ညနေခင်း တွေမှာ မငေးရတာ အတော်ကြာပြီပဲ။ ဒီရောက်လို့  အလုပ်ခွင်ဝင်ရ ကတည်းက လို့ ပြောလို့  ရလောက်တယ်။ ဒီမှာက အလုပ်ကနေ ညနေဘက် အိမ်ပြန်ရတဲ့ အချိန်ဆို နေရောင် မရှိတော့တာ များတယ်လေ။ အဲ့ဒီအချိန်ဆို ဒီက အိမ်ပြန်နေကြတဲ့ လူတွေက သုတ်သုတ် သုတ်သုတ်နဲ့  အနောက်က ကျားလိုက်သလို၊ လမ်းလျှောက်နေတာနဲ့  မတူပဲ ပြေးနေတဲ့ အလား သွားလာနေတာ ဆိုတော့ ထိုင်ငေးကြည့်နေချင်စိတ်လည်း မရှိတော့ပါဘူး။ ဒီနေ့ လို အရင်ကလို တိမ်လေးတွေ၊ ညနေခင်း ကျနေရဲ့ အလှ၊ အိပ်တန်းတက်ဖို့  ပြန်နေကျတဲ့ ငှက်လေးတွေကို ငေးကြည့်ခွင့်ရဖို့ ဆိုတာ ရှားရှားပါးပါး အခွင့်အရေး တစ်ခုပါပဲ။ ဒီ သီချင်းလေး နားထောင်ရင်း တစ်ခါတည်း ကျွန်မကြားမိသလောက် သီချင်းစာသားတွေကိုပါ ရေးထားလိုက်တယ်။ တချို့  နေရာလေးတွေမှာ ဘာဆိုသွားလဲ ဆိုတာကို တော်တော်လေး နားထောင်ယူလိုက်ရတယ်။
Sunsetအပျင်းပြေညနေ - အယ်ဆိုင်းဇီ
ပျင်းနေတဲ့ ညနေခင်းတွေမှာ
ရွေ့ နေတဲ့ တိမ်တွေကိုငေးမလား ...
ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှနေတဲ့ နေဝင်ချိန်ငေးမလား ...
နှုတ်ဆက်တဲ့ စကားမျိုးနဲ့ 
လမ်းမက လူတွေကို ငေးမလား ...
အဝေးကြီးလား အနီးလေးလား
ခဏဖြစ်ဖြစ် အိမ်ကိုပြန်ပြေးမလား ...

ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှိုင်းတွေနဲ့ ရေပြင်ကို ငေးမလား ...
အားနေတဲ့ သူများတွေရဲ့
ဘေးမှာထွက် ထိုင်နေရင်ကောင်းမလား ...

......
ကမ်းဘေးက တံငါတွေကို ငေးမလား ...
အလွမ်းရေးလား ဝမ်းရေးလား
လမ်းဘေးက ကဗျာတွေကို ငေးမလား ...

ပျင်းနေတဲ့ ညနေပေါ့..
အတွေးနဲ့ ပဲ တွေဝေနေဦးမလား ...
ပျင်းနေတဲ့ ညနေပေါ့..
အတွေးနဲ့ ပဲ အဆင်ပြေအောင်ကြိုးစား ...
နှုတ်ဆက်တဲ့ စကားမျိုးနဲ့ 
လမ်းမက လူတွေကို ငေးမလား ...
အဝေးကြီးလား အနီးလေးလား
ခဏဖြစ်ဖြစ် အိမ်ကိုပြန်ပြေးမလား ...

ပျင်းနေတဲ့ ညနေခင်းတွေမှာ
လှိုင်းတွေနဲ့ ရေပြင်ကို ငေးမလား ...
အားနေတဲ့ သူများတွေရဲ့
ဘေးမှာထွက် ထိုင်နေရင်ကောင်းမလား ...

......
ကမ်းဘေးက တံငါတွေကို ငေးမလား ...
အလွမ်းရေးလား ဝမ်းရေးလား
လမ်းဘေးက ကဗျာတွေကို ငေးမလား ...

ငေးမလား.....
ငေးမလား.....

September 27, 2006

Rose Colors and their "Meaning"


မနေ့ က သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ အီမေးထဲမှာ ပါလာတဲ့ နှင်းဆီပန်းပုံလေးပါ။ ဒီပို့ စ်ကိုတွေရင်.. နင်နဲ့  ပန်းနဲ့ ဘာဆိုင်လဲလို့  ပြောချင်တဲ့ သူတွေလဲ ရှိချင်လည်း ရှိနေမှာပေါ့။ အင်း... ဘာမှ မဆိုင်ပါဘူး.. ဒါပေမယ့် ဒီ နှင်းဆီပန်းပုံလေးက လှတယ်လေ။ လှတဲ့ အရာလေးတွေဆိုရင် သဘောကျလေ့ရှိတာ လူ့ သဘာဝပဲ မဟုတ်လား။

ဒီနှင်းဆီပန်းလေးကိုကြည့်ပြီး.. တစ်ချို့ လူတွေက နှင်းဆီပန်းတွေကို အရောင်တွေပေါ် မူတည်ပြီး အဓိပ္ပါယ် အမျိုးမျိုးခွဲခြားလေ့ ရှိကြတယ်ဆိုတော တွေးမိ လိုက်လို့  လိုက်ရှာကြည့်တာ.. ဒါလေးတွေ တွေ့ တယ်..
  • Black Roses signify Death
  • Coral Rose conveys desire
  • Lavender Roses symbolize love at first sight and enhancement
  • Orange Roses indicate enthusiasm, desire and fascination
  • Pink (Deep) says Thank You
  • Pink (Light) Rose conveys admiration, gentleness, grace, gladness, joy and sweetness
  • Pink Rose carry the message of happiness, gracefulness and gentleness
  • Red Roses symbolize sincere Love, Respect, Courage & Passion
  • Red (Dark) Rose reveals unconscious beauty
  • Red (Single) means "I Love You"
  • Red & White Roses together signify unity
  • Single Rose in any color expresses simplicity and gratitude
  • White Roses express Purity/heavenly, secrecy, silence, innocence and charm
  • White (Bridal) Rose symbolizes a happy love
  • Yellow Roses indicate joy, gladness, friendship and "I Care"
  • Yellow Rose with Red Tip indicates friendship falling in Love
  • Rose leaves are a symbol of hope.
ကျွန်မ သူငယ်ချင်း တစ်ချို့  သူတို့ ကြိုက်နေတဲ့ ကောင်မလေးတွေကို ပန်းတွေ ပို့ ပေးပြီး သူတို့ စိတ်ထဲမှာ ရှိတာလေးတွေ ကို သွယ်ဝိုက်ပြောတာတွေ့ ဘူးတယ်။ (ကြောင်လိုက်တာလို့ ကျွန်မ သူတို့ ကို အမြဲအားပေးလေ့ ရှိပါတယ်။) သူတို့ မှာ ပန်းတွေ မပို့ ခင် ဘယ်လို့  ပန်းမျိုး၊ ဘယ်နှစ်ပွင့်၊ ဘာအရောင်တွေ နဲ့ ကို ဘယ်လို အဓိပ္ပါယ် ဖြစ်သွားအောင် ပို့ မယ်ဆိုပြီးတော့ စဉ်းစား လိုက်ရတာ။ ပန်းတွေ ပို့ ပေးချင်တာ အထိ လက်ခံနိုင်ပါတယ်။ အရောင် နဲ့  ပန်း အမျိုး အစားကလည်း လှလှပပ မွှေးတဲ့ ပန်းဖြစ်ရင် တော်ပြီပေါ့။ ကျန်တာတွေ လို လို့ လား။ တဖက်က ကောင်မလေးတွေ သူတို့  ပြောချင်တာကို နားလည်မလည်တော့ မသိဘူး၊ ကျွန်မ အနေ နဲ့ ကတော့ လုံးဝ နားမလည်တာ အမှန်ပါပဲ။

September 25, 2006

25 September 2006 - At New Home

မနေ့ က အိမ်ပြောင်းလိုက်တာ ဒီနေ့  အလုပ်မသွားနိုင်ဘူး ဖြစ်သွားတယ်။ တစ်ကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာနေတယ်။ ( တင်စားရေးလိုက်ခြင်း ဖြစ်ပါသည်။ တစ်ခါမှ အရိုက်မခံရဘူးပါ။) ဒါတောင် အိမ်ပြောင်းတာကို mover ခေါ်ပြီးပြောင်းလိုက်တာပါ။ ကိုယ့်ဟာကိုယ် ဘာ တခုမှ သယ်ရသေးတာ မဟုတ်ဘူး။ ပစ္စည်းတွေ ထုပ်ပိုးတာ နည်းနည်းပဲလုပ်ရတယ်။ ဒါတောင် သူငယ်ချင်းတစ်ယောက်က ပစ္စည်းသိမ်းတာကို လာကုပေးသေးတယ်။ အိမ်အသစ်ရောက်တော့လည်း သူငယ်ချင်း နှစ်ယောက်က ပစ္စည်းတွေ နေရာပြန်ချတာ၊ စာအုပ်တွေ ရှင်းတာ၊ ကွန်ပြူတာတွေ ပြန်ဆင်တာ အကုန် လုပ်ပေးသွားခဲ့တာ။ တစ်ယောက်ကဆို သူအိမ်မှာတောင် မုန့် လိုက်စားဖို့ ခေါ်သေးတယ်။ အရမ်း ချစ်ဖို့ ကောင်းတဲ သူငယ်ချင်းတွေပါပဲ။ ( သူတို့ နဲ့  ရင်နှီးချင်ရင် ပြောပါ။ မိတ်ဆက်ပေး ပါ့မယ်။ ဒါပေမယ့် ကောင်မလေး ငယ်ငယ်ချောချော လေးတွေ ဖြစ်ဖို့ တော့ လိုတာပေါ့နော်။ ဟီး ဟီး။ ) ပစ္စည်း သိမ်းတာ၊ နည်းနည်း ပါးပါး ဟိုရွှေ့  ဒီရွှေ့  လုပ်ရတာ၊ အိမ်ဟောင်းကို ရှင်းပေးရတာ၊ အဲ့လောက်လေး လုပ်တာကို ပင်ပန်းနေတယ်။ ဒါနဲ့ ပဲ ဒီနေ့  အလုပ်မသွားပဲ နေလိုက်တော့တယ်။ မနက်စောစောက မိုးရွာနေတာကလည်း အလုပ်မသွားဖြစ်ခြင်းရဲ့ အကြောင်းတစ်ခုပဲပေါ့။

အိမ်အသစ် အကြောင်း နည်းနည်းရေးဦးမယ်။ အရင် အိမ်အဟောင်းက ၃ ထပ်မှာ၊ ခု အသစ်က ၁၁ ထပ်မှာဆိုတော့ ကောင်းကင်ဘုံနဲ့  ပိုနီးစပ်သွားတဲ့ သဘောပေါ့။ လေလည်း ပိုတိုက်တယ်။ အဝေးကြီးကိုလည်း လှမ်းမြင်ရတယ်။ ကျွန်မက တက်ရဆင်းရလွယ်မယ်ဆို အထပ်မြင့်မြင့်က လေ၀င်လေထွက်ကောင်းတဲ့ အခန်း၊ အဝေးကို လှမ်းမြင်ရနိုင်တဲ့ အခန်းမျိုးမှာ နေရတာကို ပိုကြိုက်တယ်။ ဒီအခန်းက အရင် အခန်းထက်တော့ ကျဉ်းတယ်။ အရင် အခန်းက condo က master room လေ။ ခုဟာက HDB က common room ပါ။ ဒီအခန်းကလည်း အရင် ကျွန်မနေတဲ့ အခန်းနဲ့ ယှဉ်ပြောလို့ သာ ကျဉ်းတာပဲ။ သာမန် common room တွေလောက်တော့ ကျယ်တာပဲဆိုတော့ ကျွန်မ အတွက်တော့ အတော်လောက်ပါပဲ။ condo မှာနေတယ်ဆိုတာ ကလည်း သူတို့  ပေးတဲ့ facilities တွေကို အပြည့်သုံးမှ တန်တာ။ ကျွန်မက ရေလည်းမကူး၊ gem လည်းမသွား။ တစ်ခြား facilites တွေလည်းဘာမှ မသုံးတော့ condo မှာပဲ နေ နေ၊ HDB တိုက်တွေမှာပဲ နေ နေ သိပ်မထူးပါဘူး။ အဓိက က သွားရလာရ အစဉ်ပြေမယ်၊ အိမ်ခန်းတွေ သန့် မယ်ဆို ပြီးတာပါပဲ။ ခု အိမ်က HDB တုက်ဆိုပေမယ့် ထောင့်ခန်းဆိုတော့ လူ အသွားအလာ မရှုပ်ဘူး။ သာမန် အခန်းတွေဆို အိမ်ရှေ့ က လူတွေ အမြဲ ဖြတ်ဖြတ် သွားနေကိုတော့ မကြိုက်ဘူး။ ဒီ room မှာ ခု မကြိုက်တာတစ်ခုက ညက aircon ဖွင့်ထားတာကို သိပ်မအေးဘူး၊ ပူနေတယ်။ အိပ်မရဘူး။ ဒီတိုင်း window တွေ ဖွင့်တာက ပိုအေးနေတယ်။ aircon ပဲ မကောင်းတာလား မသိဘူး။ မေးကြည့်ရဦးမယ်။

မနေ့ က ၂၄ နာရီလောက် internet မသုံးပဲနေလိုက်ရတယ်။ ခု room မှာ internet မရသေးဘူး။ ကိစ္စတော့ မရှိပါဘူး။ ညက အင်တာနက် သုံးချင်တာနဲ့  wireless နဲ့ သုံးလိုက်တော့ အစဉ်ပြေသွားတယ်။ night က ကြည့်ရသလောက်တော့ ဒီနားမှာ wireless သုံးတဲ့သူတော်တော်များတာပဲ။ ၂၀ လောက်ရှိတာ router မှာ password ထဲ့ပြီး secure wireless ဖြစ်အောင်လုပ်ထားတဲ့သူက ၅ ယောက်လောက်ပဲရှိနေတယ်။ ဒီတော့ ကျန်တဲ့ ၁၅ ခုကို access လုပ်ပြီး အင်တာနက် သုံးလို့ ရတာပေါ့။ အရင်အိမ်တုန်းကဆို အနားမှာ wireless သုံးတဲ့ သူ ၁၀ ယောက်မှာ ၉ ယောက်လောက်က password ထည့်ထားကြတယ်။ ကျွန်မကိုယ်တိုင်လည်း router မှာ password ထည့်ပြီး သုံးခဲ့တာပါပဲ။ ဟီး.. ခုတော့ သူများ အင်တာနက်ကို ခိုးသုံးနေရတယ်။ ကောင်းတော့ မကောင်းဘူးပေါ့။ ဒီနေ့ တော့ ကိုယ့်အင်တာနက် ကိုယ် သုံးလို့  ရအောင် လုပ်လိုက်တော့မယ်။

ဒါနဲ့  မနေ့ ညက dual monitor စမ်းတာ ပြဿနာတက်သွားသေးတယ်။ နောက်တော့ THKZ ကူညီတာနဲ့  အားလုံး အစဉ်ပြေသွားတယ်။ ခက်တယ်။ ကိုယ်ကလည်း တစ်ခုခုဆို မေးလို့ ရမယ် သူရှိနေမှန်းသိရင် ကိုယ့်ဟာကို စမ်းကြည့်လို့ ရရဲ့သားနဲ့  မလုပ်ချင်ပဲ ရေသာခိုချင်နေတယ်။ ခုတော့ ဒီလောက်ပါပဲ။ အလုပ်မသွားတဲ့ အတူတူ အိမ်မှာ လုပ်စရာရှိတာတွေ ပြီးအောင် လုပ်လိုက်ဦးမယ်။ အဝတ်အစားတွေ နေရာ မချရသေးဘူး။ တခြာရှင်းစရာ ရှိတာ လေးတွေလည်း ပြီးအောင်ရှင်းလိုက်ဦးမယ်။ ညနေမှ ပဲ ရေးချင်စိတ်ပေါက်ရင် ထပ်ရေးတော့မယ်။ ကောင်းသောနေ့  ပါ။

September 22, 2006

An Endless Journey

တစ်ယောက်တည်း အနီးအနားမှာ မိဘ၊ မောင်နှမတွေမရှိပဲ ဘဝခရီးကို စတင်ခဲ့ရတာ ဒီနေ့ ဆို ၆ နှစ်တင်တင်ပြည့်ခဲ့ပြီ..
ကိုယ့်ကိုချစ်တဲ့ မိသားစု နဲ့  ဝေးနေခဲ့တာ ၆ နှစ်ရှိပြီလို့ ဆိုရမှာပေါ့...

၆ နှစ်ဆိုတာ တစ်ကယ်တော့လည်း ဘာမှ မကြာလိုက်သလိုပါပဲလား...

ဘာတွေပဲ ဖြစ်နေပါစေ ရပ်တန့် လို့ မရ ဆက်သွားနေရမယ့် ခရီးရဲ့ ၆ နှစ်ပြည့် အမှတ်တရပေါ့...

တခါတလေတော့လဲ သိခွင့်ရနိုင်မယ်ဆို "ငါ ဘယ်လောက်ထိအောင် သွားရဦးမလဲဆိုတာကို" သိချင်တဲ့စိတ်လေးဖြစ်မိတယ်

22 September 2000 to 22 September 2006
22 September 2006 to ???????????

သတိတရရှိနေမယ့် အကြောင်း အရာများ

ဒီနေ့  Oxford, London , Yangon , Singapore မှာ ရှိနေတဲ့ သူငယ်ချင်းတချို့  နဲ့  ရန်ကုန်က မိသားစုကို သာမန်ထက်ပိုပြီး သတိရနေမိတယ်.

ရန်ကုန် လေဆိပ်မှာ ... နှုတ်ဆက်ရတဲ့ အချိန်တွေ
ဘန်ကောက် လေဆိပ်မှာ .. မိတ်ဆက်ရတဲ့ သူငယ်ချင်း အသစ်တွေ
ဟိသရိုး လေဆိပ်မှာ ... ကြုံတွေ့  ရတဲ့ အကြောင်းအရာတွေ
ကျောင်းကလာကြိုတဲ့ ကားကြီးနဲ့  ကျောင်းရှိတဲ့ မြို့ က.. ကိုယ်နေရမယ့် အဆောင်ကို သွားခဲ့ကြတာ.
အဆောင်ရှေ့မှာ ကြိုရောက်နေတဲ့ သူငယ်ချင်းတွေက စောင့်နေတာ..
အဆောင်မှာ အခန်းတွေ သွားယူကြပြီး .. အခန်း ရွေးခဲ့ကြတာလေးတွေ... ( M11 E )
ပထမဆုံး နေ့ ရဲ့ ညစာကို ကျောင်းက စီနီယာ အစ်ကို တစ်ယောက်က လိုက်ကျွေးတာ.. ( Thank Ko PN )
ကျောင်းရဲ့ မောင်မယ်သစ်လွင် ကြိုဆို ပွဲနေ့ လေး...
လန်ဒန်မှာ ကွန်ပြူတာတွေ သွားဝယ်ခဲ့ကြတဲ့ နေ့ လေးတွေ
ကျောင်း အီးမေးတွေ မစစ်လို့  ပထမဆုံး တက်ရမယ့် အတန်းတွေ လွတ်သွားတာ တွေ ..
တက်ခဲ့တဲ့ အတန်းတွေ ၊ ကြုံခဲ့ရတဲ့  သူငယ်ချင်းတွေ..
ပထမဆုံး မအိပ်မနေ သုံးရက်လောက် လုပ်လိုက်ရတဲ့ အဆိုင်းမန့်  လေး... ( စုစု .. မှတ်မိတယ် မဟုတ်လား )
အိပ်နေလို့ လွတ်ခဲ့တဲ့ မောနင်း လက်ချာတွေ... အသဲအသန် လုပ်ခဲ့ရတဲ့  အဆိုင်းမန့် တွေ..
first term အောင်စာရင်းထွက်တုန်းက ရင်ခုန်ခဲ့ရတာလေးတွေ.. ကြုံတွေ့ ခဲ့ရတာလေးတွေ...
စာကို နီးမှ ကပ်ကြည့်လိုက်လို့  သေချင်စိတ်ပေါက်ခဲ့ ရတဲ့ exams နေ့ လေးတွေ...
အသည်းအသန် လုပ်ခဲ့ရတဲ့ final project လေး..
supervisor ကို သွားတွေ့  ရတဲ့ နေ့ တွေ ( Dr Peter )
project ကိစ္စ သွားမေးပြီး ညမိုးချုပ် အပြန်လမ်းမှာ သူငယ်ချင်းနဲ့  နှစ်ယောက်သား ကြောက်ကြောက်နဲ့  ပြေးခဲ့ကြတဲ့ ညလေးတွေ...
သောင်းကျန်းခဲ့ကြတဲ့ မွေးနေ့ ပွဲလေးတွေ ...
Gispy Lane မှာ Gipsy လုပ်နေကြတာလားလို့  အမေးခံခဲ့ရတာတွေ..
online မှာ ပြန်တွေ့ မှ ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ..
ညနေဘက် ဈေးဝယ်ထွက်ခဲ့ ကြတဲ့ အချိန်တွေ...
တစ်ယောက်တစ်လှည့် မချက်တက် ချက်တက်နဲ့  ဟင်းချက်စားခဲ့ ရတာတွေ....
ရန်ဖြစ်ခဲ့ ၊ ပြန်ချစ်ခဲ့ ကြတဲ့ အကြောင်းအရာလေးတွေ..
ည ည .. မ အိပ်ပဲ တစ်ညလုံး စကားထိုင်ပြောခဲ့ ၊ နောက် တစ်နေ့ လုံးအိပ်နေကြတဲ့ နေ့ လေးတွေ..
အိမ်အကြောင်းသာ ပြောဖြစ်ခဲ့ကြတဲ့ ညတွေ..
နှင်းတွေကျတဲ့ ည၊ တစ်ညလုံး ဆော့ခဲ့ ကြတာတွေ...
City Center မှာ လျှောက်သွားခဲ့၊ ဈေးဝယ်ခဲ့ တာတွေ...
တရုတ်ဆိုင်မှာ ညစာစား ၊ ပြီးတော့ Movie သွားကြည့်ခဲ့တဲ့ နေ့ လေးတွေ..
High way လမ်းမှ မှာ လမ်းပျောက်၊ ၄ နာရီကျော် လမ်းလျှောက်ခဲ့ရတာတွေ...
စာမေးပွဲတွေ အပြီး london မှာ သွားနေခဲ့တဲ့ အချိန်လေးတွေ..
Black House မှာ နေခဲ့ကြတဲ့ အချိန်တွေ..
Walthanstow ကို ဈေးသွားဝယ်ကြတဲ့ အချိန်တွေ...
London မှာ လျှောက်လယ်ခဲ့ ကြတဲ့ အချိန်တွေ...
ညတိုင်း အလုပ်ကပြန်လာတိုင်း မုန့် ဝယ်လာတဲ့ သူငယ်ချင်းတွေ ..
AOL သုံပြီး အင်တာနက်ကို လုသုံးခဲ့ကြတဲ့ ညတွေ..
မမေ့ နိုင်တဲ့ 2001.. Graduration Day!!!
အိမ်က မလာလို့ .. လိုက်လာကြပြီး ပျော်ရွင်အောင် လုပ်ပေးခဲ့တဲ့ သူငယ်ချင်းတွေ. ( ဇာနည်ဝင်းထက်၊ လင်းကျော်ထင်၊ သားငယ်)
တစ်အုပ်စုလုံး ထူးထူးခြားခြား မြန်မာလို ဝတ်ခဲ့ကြတာတွေ..
ကားကို မောင်းချင်သလိုမောင်း၊ လမ်းတွေ ပျောက်၊ ဘယ်ရောက်လို့  ဘယ်ရောက်မှန်း မသိဖြစ်ခဲ့ရတဲ့ အချိန်တွေ..
ကားလမ်း ပြောင်းပြန် မှားဝင်မိတဲ့ အကြောင်းတွေ ( ကံကောင်းလို့  မသေတယ် )
တစ်ယောက်တည်း တက်ခဲ့ရတဲ့ အတန်းတွေ... လုပ်ခဲ့ရတဲ့ အဆိုင်းမန့် တွေ..
(ဒီတခါတော့ ကျောင်း မလစ်တော့ဘူး)
သူငယ်ချင်းပါ ကျောင်းကို လိုက်လာပြီး၊ အတန်းတက်ခဲ့ ကြတာတွေ..
ကိုမျိုးသက် လိုက်ပြတဲ့ ရုပ်ရှင်ကို ကြည့်ပြီး သူ့ ကို အော်ဟစ်ခဲ့တာတွေ... (ကြောက်ဖို့  ကောင်းတဲ့ ရုပ်ရှင်မို့ ပါ)
သူငယ်ချင်းကို လိုက်ပို့  ခွဲခွါရတဲ့ အချိန်တွေ...
တယောက်တည်း ဖြေချင်သလို ဖြေခဲ့တဲ့ exam တွေ..
မတင်လိုက်တဲ့ အဆိုင်မန့် တစ်ခု..
ဘဝမှာ တစ်ခါသာ exam ကျမှာ စိုးရိမ်ခဲ့ရတဲ့ အချိန်လေး...
exam result ထွက်ပြီး ပျော်ရွင်စွာ အိမ်ကို ဖုန်းဆက်ပြောခဲ့တဲ့ အချိန်တွေ..
အဆိုင်မန့် မှန်မှန် လုပ်ဖြစ်တဲ့ အချိန်တွေ..
နေမကောင်းလို့  အိမ်ကို သတိအရမ်းရခဲ့ တဲ့ နေ့ တွေ...
သူငယ်ချင်းတွေရဲ့ 2002 Graduration Day!!
၂ လလောက် တစ်ယောက်ထဲ အသည်းအသန် လုပ်လိုက်ရတဲ့ dissertation...
exam result စောင့်ရင်း အလုပ် လုပ်ခဲ့တဲ့ အချိန်တွေ..
new year night မှာ တညလုံး လျှောက်လယ်ခဲ့တဲ့ အချိန်တွေ..
အမှတ်တရ 2003 Graduration Day!!!!
အဖော်လိုက်ပေး၊ ဓာတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းတွေ .. (မျိုးနန္ဒကျော်၊ နော်အောင်၊ မျိုးသက်)
graduration dinner သွားစားခဲ့ကြတာတွေ...
မခွဲခွါခင် အားလုံးတူတူ လျှောက်လယ်ခဲ့ ကြတာတွေ...
နောက်တစ်ကြိမ် .. နှုတ်ဆက်ရပြန်တဲ့ အချိန်လေး..
ကြုံရပြန်တဲ့ ပတ်ဝန်းကျင် အသစ်..
အလုပ်စဝင်ရတဲ့ နေရက်တွေ...
ပင်ပန်းလှတဲ့ အချိန်တွေ...
ဖုန်း အမြဲဆက်.. အားပေးခဲ့တဲ့ သူငယ်ချင်းတွေ...
အနားမှာ ရှိနေတဲ့ သူငယ်ချင်း တွေ..
အမြဲ အားပေး၊ ဖြစ်ချင်တာ၊ လိုချင်တာကို အကုန် ပန့် ပိုးပေးနေတဲ့ မိဘတွေ..
.....

September 20, 2006

Yuri Chika - I Cry

Yuri ChikaYuri Chika - I Cry

Every night I find it so hard to sleep

Cause I keep thinking of you
And these feelings from deep
Oh baby I try to hide all these feelings for you
I keep them all out of sight
I don't know what else to do

So I cry
But nobody hears me I cry
It's my only solution I cry
To all this confusion I cry
With all of my heart I cry

Sometimes I wonder in the blink of a night
Would you be waiting to love me
Would you give it a try
I don't know how it's to show you
That I'm not good be real
I'll be eternally faithful
Forever I feel

So I cry
But nobody hears me I cry
It's my only solution I cry
To all this confusion I cry
With all of my heart I cry

No one can tell me that I may be wrong
Cause I know in my heart
This feeling still running strong

Can't get you out of my head
Can't get you out of my heart
Can't get you out of my life
No matter it fell apart

September 19, 2006

19 September 2006

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့... အင်း.. ဘာတွေဖြစ်မလဲ မသိဘူး။

ဘာလို့  သိမ်းတာပါလိမ့်။ သူတို့ နိုင်ငံ အခြေအနေ က အရမ်းဆိုးနေတယ်လို့ တော့ တစ်ခါမှ မကြားမိသေးပါဘူး။ ထိုင်းနိုင်ငံ အကြောင်းကို ကိုယ်ကလည်း သိပ်မသိတော့ ဘာမှ မပြောတတ်ဘူး။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ စကားလုံးကြီးကိုတော့ တော်တော် မုန်းမိတယ်။

လုပ်ပိုင်ခွင့် အာဏာဆိုတာကြီးကို... လူတိုင်းကြိုက်ကြပါလားနော်။ အာဏာနဲ့  အရာရာ အားလုံးနည်းပါးကို ဖန်တီးနိုင်တယ်တဲ့ ။ အာဏာတစ်ခု၊ လုပ်ပိုင်ခွင့်တစ်ခု ကိုယ့်လက်ထဲ ရောက်လာရင် ...လူအများစုဟာ အဲ့ဒီ အာဏာရှင်ဆိုတဲ့ နေရာလေးကို တက်မက်သွားပြီး၊ အဲ့ဒါလေးကို လက်လွတ်ရမှာ ဆိုးလို့  သူတို့  ရထားတဲ့ အာဏာလေး တည်မြဲဖို့  နည်းမျိုးစုံနဲ့  ကြိုးစားကြတယ်တဲ့။ ကြားလည်း ကြားဘူး၊ မြင်လည်း မြင်ဘူး၊ ကိုယ်တိုင်လည်း အာဏာရူးဆိုတော့ လူတွေရဲ့ ဒဏ်ကို ခံရနေ တော့ အာဏာဆိုတာ မကောင်းတဲ့သူ လက်ကို ရောက်ရင်တော့ မလွယ်ဘူးဆိုတာကို သိနေတယ်။

ကိုယ့် ဟာကို စဉ်းစားမိတာ တစ်ခုပါ။ ကျွန်မတို့ တွေ သူများတွေကို အာဏာရူးတွေလို့  သာခေါ်နေကြတာ၊ တကယ်တော့ အာဏာဆိုတာ လူတိုင်း သည်းခြေကြိုက်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ အင်း ကိုယ့်လက်ထဲသာ အဲ့ဒီ တစ်နေရာရာမှာ လုပ်ပိုင်ခွင့်ဆိုတဲ့ အာဏာလေး တစ်ခုခုသာ ရလာလိုက်ရင်.. ကိုယ်ရော အာဏာရူးဆိုတာကြီး ဖြစ်သွားမလား။ ( ဒီနေရာမှာ နိုင်ငံရေး အာဏာတခု တည်းကို ဆိုလိုချင်း မဟုတ်ပါဘူး)... စဉ်းစား စရာပဲ။ ကိုယ်လည်း အာဏာနဲ့ တူတာဆိုလို့  တစ်ခါမှ မရဘူးတော့ ကိုယ်သာ အာဏာရခဲ့ရင် အာဏာရူး မဖြစ်ပါဘူးလို့ တော့ တရားသေ မပြောချင်၊ မပြောနိုင်ဘူး။

September 18, 2006

ခင်မောင်တိုး - ကြိုးကြာသံ

ဒါလေးကို ကြည့်ဘူးတဲ့ သူတွေလည်း ကြည့်ဘူးကြမှာပါ။ ဒီဟာလေးကို နှစ်သက်မိလို့  ကျွန်မရဲ့ ဘလောခ့်မှာ သိမ်းထားလိုက်ပါတယ်။ အမှတ်တရ၊ သတိတရ နားထောင်ချင်တဲ့ အခါတွေမှာ နားထောင်လို့  ရအောင်ပါ။



September 16, 2006

ဂျူး - စောင့်နေမယ်လို့  မပြောလိုက်ဘူး


  • လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်။
  • Rich Environment လို့  ခေါ်တာပေါ့။
  • ဘဝအောင်မြင်မှု့  အတွက် အရေးကြီးတဲ့ အရာတွေပေါ့။
  • စာအုပ်တွေ လိုမယ်။
  • ခေတ်ကို အမှီလိုက်ဖို့  သင့်တင့်တဲ့ နည်းပညာတွေ လိုမယ်။
  • ပညာကို ကိုယ့်ကို လက်ဆင့်ကမ်းနိုင်မယ့် လူတွေ လိုမယ်။
  • အဲ့ဒီ ပတ်ဝန်းကျင်ဆိုတာက တချို့  အတွက် အလိုအလျောက်ရှိနေပြီး
  • တချို့ အတွက်တော့ ကိုယ်တိုင် အားထုတ် ဖန်တီးမှ ရတယ်။
  • ပညာက ကိုယ့်အနားကို မလာရင် ကိုယ်က ပညာဆီသွားရမှာပဲ။

September 15, 2006

15 September 2006- မ ဘလောခ့် ဖြစ်သော နေ့ များ အကြောင်း

အပြင်မှာ မိုးတွေရွာနေတယ်။ ခုအချိန်မှာ အလုပ်မှာ မဟုတ်ပဲ၊ အိမ်မှာ သာဆို ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီနေ့ အဖို့ အချိန်တွေ ကုန်တာ အရမ်းနှေးနေ သလိုပဲ။ ဒီနေ့  သောကြာနေ့  ဆိုတော့ နောက် နှစ်ရက်ကြရင် အလုပ်လာဖို့  မလိုတော့တာ တွေးရင်း အလုပ် လုပ်ဖို့ ကို စိတ်မပါဘူး ဖြစ်နေတယ်။ တစ်မနက်လုံး meeting တက်ရတာနဲ့  လည်းဆိုင်မယ် နဲ့ တူတယ်။ မိုးအေးအေးမှာ meeting room ထဲ ၃ နာရီလောက် ထိုင်နေ လိုက်ရတော့ ပိုအိပ်ချင်သွားတာ ဖြစ်မယ်။ ဒါတောင် အပြန်အလှန် ဆွေးနွေးရတဲ့ meeting မျိုးဖြစ်လို့  တော်သေးတယ်၊ မဟုတ်ရင်တော့ အဲ့ဒီ meeting room ထဲမှာတောင် အိပ်ပျော် သွားနိုင်တယ်။ ခုရက်ပိုင်း အလုပ်တွေ ရှုပ်နေတာနဲ့  ဘလောခ့် မရေးဖြစ်တာ တစ်ပတ်လောက်ရှိ သွားတယ်။ ကိုယ်တိုင်သာ မရေး ဖြစ်တာပါ၊ သူများ ရေးထားတာတွေတော့ ဖတ်ဖြစ် ပါသေးတယ်။

ဒီရက်ပိုင်းရှုပ်နေတာက နှစ်ခု။ တစ်ခုက အိမ်ပြောင်းဖို့  အိမ်ရှာ နေရတာလေ။ တော်တော်ရှုပ်တဲ့ နိုင်ငံ။ ဒီမှာ အိမ်ခန်းတွေ ရှာမယ်ဆို ပွဲစားနဲ့ ရှာရတာ များတယ်။ သတင်းစာထဲက ရှာလည်း ပွဲစားနဲ့  အရင်တွေ့ တာ များတယ်။ ပွဲစားက တဆင့် အိမ်ငှါးမယ်ဆို ငှါးတဲ့ သူက အိမ်လခရဲ့ တစ်ဝက်ကို ပွဲစားခ (agent fee) အနေနဲ့ ပေးရတယ်၊ အိမ်ပိုင်ရှင်ဘက် ကလည်း လခတဝက်စာ ပေးရတယ် ထင်တယ်။ စဉ်းစားတယ် ခုအလုပ် မလုပ်တော့ပဲ ပွဲစားပဲ လုပ်တော့ရင် ကောင်းမလားလို့ ။ သူတို့ က ကိုယ့်ထက်ပိုရ နေသလိုပဲ။ စကားတော့ တော်တော် ပြောရတယ်။ ထားပါ။ ပြောလို့  သာပြောတာပါ ကိုယ်က အဲ့လို အလုပ်မျိုး လုံးဝ လုပ်လို့  မဖြစ်နိုင်ဘူးဆိုတာ သိနေတယ်။

ဒီမှာ အိမ်ငှါးရင် အများအားဖြင့် ၁ နှစ် ၂ နှစ် နေပါ့မယ့် ဆိုပြီး စာချုပ်က ချုပ်ရသေးတယ်။ စာချုပ် ကာလ မပြည့်ခင် ထွက်မယ်ဆိုရင် စပေါ် ပေးထားတာက ပြန်မရတော့ဘူး။ အိမ်ငှါး စာချုပ်ပြည့် ပြီဆို ထုံးစံ အတိုင်း အိမ်လခ တိုးတောင်းတတ် ပါသေးတယ်။ အိမ်ရှင်တွေ အလွန်လို့ လည်း ပြောလို့  မရပါဘူး။ ဒီမှာ အားလုံး ဈေးတွေတက် နေတယ်ဆိုတော့ သူတို့ နေရာမှာ ကိုယ်သာဆိုလည်း အိမ်လခ တိုးတောင်းမှာပဲ။ အင်း... အိမ်ငှါး ဘက်က ကျတော့လည်း အိမ်လခ တိုးမပေးချင်ပြန်ဘူး။ တော်ရုံ တိုးတောင်းတာလောက်ဆိုရင်တော့ တိုးပေးနိုင် ကျမယ် ထင်တယ်။ ခုတလော ကြုံနေရတာ၊ ကြားနေရတာတွေ ကတော့ အိမ်လခတိုးတောင်းပြီဆို ၃၀၀-၅၀၀ လောက်တိုးတောင်း တယ်ဆိုတာပဲ ကြားနေရတယ်။ တစ်အိမ်မှာ လူတွေ အများကြီးနေတယ် ဆိုရင်ကတော့ ဒီလောက် တိုးပေးရတာ သိပ် မသိသာလောက် ပေမယ့်၊ ၃ ယောက်၊ ၄ ယောက်ပဲ နေတယ်ဆို တော်တော် သိသာသွားတယ်။ ပိုဆိုးတာက လက်ရှိ နေတဲ့ အိမ်တွေမှာ ထပ်ပြီး နောက်တစ်နှစ် စာချုပ် ချုပ်မယ် ဆိုရင်တောင် ပွဲစားခက ထပ်ပေးရ သေးတယ်။ ဒီအိမ်မှာပဲ ဆက်နေမှာကို အိမ်ရှင် နဲ့  အိမ်ငှါး ကီစ္စပြီးရင် ပြီးသင့်တာကို၊ ပွဲစားခ ထပ်ပေးရမယ်ဆိုတော့ တစ်မျိုးကြီးပဲ။ ပွဲစားတွေ က အိမ်ငှါးတွေနဲ့  အိမ်ရှင်တွေကို တိုက်ရိုက် ဆက်သွယ်မှာကို အရမ်းကြောက် ကြတယ်။ အိမ်ရှင် လိပ်စာတို့ ၊ ဖုန်းနံပတ်တို့  ကိုဆို လုံးဝ မပေးဘူး။ ဆိုးလိုက်တဲ့ ပွဲစားတွေ။ ကောင်းတဲ့ သူလည်း ရှိချင်ရှိမှာပါ၊ ဒါပေမယ့် တခါမှတော့ မကြုံဘူး သေးဘူး။

ဒီနိုင်ငံမှာ ကျွန်မ အတွက် ထူးဆန်းနေတာ တစ်ခုရှိသေးတယ်။ အိမ်တွေမှာ အိမ်ခန်း ရေတွက်တဲ့ ကိစ္စပါ။ အိမ်တစ်အိမ်ကို 3 rooms flat လို့  ပြောရင် တစ်ခြားနိုင်ငံမှာ ကျွန်မ အမြဲ နားလည်ခဲ့တာ ကတော့ အိပ်ခန်း ၃ ခန်းပါတဲ့ တိုက်ခန်း ကိုပြောတာပေါ့။ ဒီနိုင်ငံမှာ အဲ့လို မဟုတ်ဘူး။ 3 rooms flat ဆိုတာ အိပ်ခန်း ၂ ခန်း ထဲပါ တဲ့ဟာ ကို ခေါ်တာ။ သူတို့ က ဧည့်ခန်းလို အိမ်ထဲ ဝင်ဝင်ချင်းမှာ တွေ့ ရတဲ့ အခန်းကိုပါ ထည့်တွက်ပြီး 3 rooms flat လို့  ပြောနေတာလေ။ မီးဖိုချောင်ခန်းကိုပါ ထည့် တွက်ပြီး 4 room flat လို့  မပြောတာ တော်သေးတယ်လို့  ပြောရမယ်။ ဒါတောင် ဟို တလောက 5 rooms flat ဆိုလို့ သွားကြည့်မိပါတယ်၊ တကယ်ကျတော့ အိပ်ခန်းက ၃ ခန်းပဲပါတယ်။ တိုက်ခန်းက နှစ်ထပ် ပုံစံလေးကို အိပ်ခန်း ၃ ခန်းက အပေါ်ထပ်မှာ၊ မီးဖိုချောင် နဲ့  ဧည့်ခန်းက အောက်ထပ်မှာ ရှိတယ်။ အောက်ထပ်က hall ပုံစံလေး။ အောက်ထပ်မှာ အလှပုံစံ နည်းနည်းလေးပဲ ကာထားတာ ရှိတယ် ဆိုတော့ ဘယ်လိုမှ နှစ်ခန်းလို့  ပြောလို့  မရနိုင်ဘူး။ ဒါကို 5 rooms flat တဲ့လေ။ ဒီမှာ room ဆိုတာကို ဘယ်လို နားလည်ရမှန်း မသိတော့ဘူး။ နောက်တော့ ကျွန်မမှာ အိမ်ကိစ္စ ဖုန်းဆက်တဲ့ အခါတိုင်း အိပ်ခန်း ဘယ်နှစ်ခန်း ပါတာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် မေးနေရတယ်။ တစ်ချို့  ပွဲစားဆိုတာ တွေကလည်း ငှါးဖို့  အိမ်ရှိတယ်သာပြောတာ၊ ငှါးမယ့် အိမ်ကို မြင်ဘူးတာ မဟုတ်တော့ ကျွန်မ မေးတဲ့ မေးခွန်းဟာ သူတို့  အတွက် တော်တော်တော့ ဖြေရခက်တဲ့ မေးခွန်း ဖြစ်နေတဲ့ပုံတွေပဲ။

ကျွန်မရဲ့ သူငယ်ချင်းတွေက လည်း အားမကိုးရ ပါဘူး။ အိမ်လေးဘာလေး ဝယ်ကြတာ မဟုတ်ဘူး။ သူတို့  တွေ အိမ်ဝယ်ကြမယ်ဆိုရင် အားနေတဲ့ အခန်းမှာ သွားနေလို့  ရတာပေါ့။ ဒီမှာ လူတွေက အိမ်တွေဝယ်ပြီး သူတို့  က တစ်ခန်းနေ၊ ကျန်တဲ့ အခန်းတွေကို ပြန်ငှါးတာ တွေ့ တွေ့ နေ ရတာပဲ။ သူများတွေထက် အခန်းခလေး ပိုပေးဆိုလည်း ပိုပေးပါမယ်။ အိမ်လေးများ ဝယ်ဖို့  စိတ်ကူး မရှိ ကြဘူးလား။ တစ်နှစ် တစ်နှစ် အိမ်ပြောင်းရတဲ့ ဒုက္ခကို မခံချင် လို့ ပါ။ ကျွန်မကို သူများတွေကို ပြောနေမယ့်အစား ကိုယ့်ဟာကို ဝယ်ပါလားလို့  မပြောပါနဲ့ ။ ဝယ်ဖို့  ပိုက်ဆံ မရှိသေးပါဘူး။ ခုနေများ အိမ်ဝယ်ဖို့  ပိုက်ဆံရှိ အုန်းတောင်မှ ကျွန်မ တစ်ယောက်တည်း အိမ်ဝယ်လို့  မရနိုင်ပါဘူး။ ဒီမှာက PR နှစ်ယောက်ပေါင်းမှ အိမ်တစ်ခန်း ဝယ်ခွင့်ရှိတာပါ။ ဒီနိုင်ငံသားတွေ ဘယ်လိုမှ အိမ်ခန်းဝယ်လို့  ရလည်းတော့ ကျွန်မ သေချာ မသိဘူး။ PR ဆိုရင်တော့ နှစ်ယောက်မှ ဝယ်လို့ ရတာ သေချာပါတယ်။ အဲ့ဒီ အိမ်ဝယ်မယ့်သူ နှစ်ယောက်က သူငယ်ချင်းတွေပဲ ဖြစ်နေမယ် ဆိုရင်တော့ တူတူစပ်ပြီး အိမ်ဝယ်လို့  မရနိုင်ပါဘူး။ အဲ့တာတွေကြောင့် ဝယ်နိုင်သူများ အိမ်ဝယ်ကြပါလို့  တိုက်တွန်း နေရတာပါ။ မောင်နှမ နှစ်ယောက် ပေါင်းဝယ်ရင်တော့ ရတယ် ထင်တယ်။ ကျွန်မရဲ့ မောင်နှမတွေကလည်း တစ်ယောက်မှ ဒီနိုင်ငံမှာ မရှိသလို၊ ဒီမှာလည်း မနေနိုင်ပါဘူး ဆိုတော့ကား ဒီနိုင်ငံမှာ အိမ်ဝယ်ဖို့  ဆိုတာ ကျွန်မ နဲ့  တော်တော် အလှမ်း ဝေးတဲ့ အရာတစ်ခုပါ။

ကျွန်မက အိမ်ခန်းရှာတာမှာလည်း နည်းနည်း ဂျီးများသေးတယ်။ ဒီမှာ share room တွေမှာ နေမယ်ဆို ရှာရတာ ပိုလွယ်တယ်။ ကျွန်မက သူများနဲ့  အခန်း တစ်ခန်းတည်းမှာ အတူတူ မနေချင်တော့ အိမ်ခန်း ရှာရတာ ပိုခက်တာပေါ့။ ပြီးတော့ အခန်းမှာ အဲရားကွန်းလေးလည်း ပါစေချင်ပြန်ရော။ အိမ်ကိုလည်း သန့် သန့်  ရှင်းရှင်းလေး ဖြစ်တာကိုမှ နေုချင်တယ်။ ကိုယ့်ဟာကိုသာ အခန်းကို ရှုပ်ချင်ရှုပ်မယ်၊ သူ့  နဂိုအတိုင်း ဆိုရင်တော့ ဖြုဖွေးပြီး သန့် နေမှ ကြိုက်တယ်။ ဒါမှ စိတ်ကူးပေါက်လို့  အခန်းရှင်းရင် အခန်းလေးက သန့် ရှင်း နေမှာ။ ရေးချိုးခန်းမှဆိုလည်း ရေပူ၊ ရေအေး နှစ်မျိုးလုံး ရမှ၊ အိမ်သာဆိုလည်း သန့် ရှင်းနေမှ ကြိုက်တယ်။ ပြီးတော့ အိမ်ရှင်နဲ့ လည်း အတူတူ မနေချင်ပြန်ဘူး။ single room နေမယ်ဆို အိမ်ရှင်နဲ့  နေရတဲ့ အခန်းမျိုးဆို ပိုရှာရလွယ်တယ်။ ပိုက်ဆံလည်း ပိုသက်သာတယ်။ ကျွန်မက ပိုက်ဆံကလည်း တော်ရုံပဲ သုံးချင် ပြန်သေးတယ်။ ပိုက်ဆံ အများကြီးသုံးရင်တော့ တစ်အိမ်လုံးငှါး၊ တစ်ယောက်တည်းနေ။ ရတာပေါ့ ။ ဒါပေမယ့် အိမ်ခန်းခကတင် ကိုယ်ရတဲ့လခရဲ့ တဝက်လောက် ဖြစ်နေမယ်ဆို မဟုတ်ပြန်ဘူး။ အဲ့ဒီလောက် ဂျီးများနေမှတော့ အိမ်ခန်းရှာရ ခက်တာ ဘာဆန်း မလဲ။ ဒါတောင် အလုပ်နဲ့  နီးမှဆိုတာကို ထဲမစဉ်းစား ထားသေးဘူး။ မတတ်နိုင်ဘူး။ ကိုယ်တစ်ယောက်တည်း ကြုံတွေ့ နေရတဲ့ ဒုက္ခမှ မဟုတ်တာ လို့ ပဲ တွေးနေလိုက်တယ်။ ဒီဒုက္ခက တစ်ခါတည်းပြီးမှာ မှ မဟုတ်တာ၊ ဒီနိုင်ငံမှာ နေသမျှတော့ ဒီဒုက္ခနဲ့  အမြဲတွေ့  နေရဦးမှာပဲ။ ဘာပဲ ပြောပြော ခုတော့ အိမ်ခန်း ရသွားပြီ။ စိတ်ပေါ့ သွားတယ်။ အိမ်ခန်း ကူရှာပေးတဲ့ သူငယ်ချင်း အားလုံး နဲ့  အိမ်ခန်း တွေလိုက်ကြည့်ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်။ နောက်လိုတဲ့ အခါတွေလည်း ဒီလိုပဲ ကူညီ လိုက်ရှာပေးကြပါဦး။

မလုပ်မဖြစ် လုပ်ရမှာ တစ်ခုပြီးသွားပြီ၊ တစ်ခုပဲ ကျန်တော့တယ် ဆိုတော့ ဒီရက်ပိုင်းတော့ နည်းနည်း အားမယ် ထင်တယ်။ တကယ်တော့ မအားတာ မဟုတ်ပါဘူး။ မလုပ်မဖြစ် လုပ်စရာတွေ ရှိနေတယ်ဆို စိတ်က ရှုပ်နေတာနဲ့  တခြားဟာတွေ မလုပ်ဖြစ်တော့တာ။ အဲ့ လုပ်စရာ ရှိတာ လုပ်လားဆိုတော့လည်း ထုံစံအတိုင်းပေါ့။

ဒီရက်ပိုင်း ဘာတွေ ထူးထူးခြားခြား လုပ်ဖြစ်လဲ။ ဘာတွေ ထူးခြားလည်းဆို အစ်ကိုကြီး ပြန်သွားပြီဆိုတော့ အရင်လို ပြန်ဖြစ်သွားတယ်။ သူပြန်သွားတော့ ကိုယ်လည်း လိုက်ပြန်ချင်သား။ တစ်ယောက်တည်း နေနေကြ ဆိုတော့ သူတို့ တွေ ရှိရင် ရှုပ်နေသလို ဖြစ်နေပေမယ့်၊ ပြန်သွားပြီဆိုတော့လည်း သတိရသား။ ညနေဆို ဖုန်းဆက်ပြီး အိမ်ပြန်မလားသေးဘူးလား မေးမယ့်သူ မရှိ၊ ညနက်လို့ု မအိပ်သေးရင် သွားအိပ်တော့ လို့  ပြောမယ့် ဆိုမယ့် သူမရှိ၊ ထမင်းမစားရင် ဆူမယ့် သူမရှိ။ အင်း.... ဒီလို နေတာ ကောင်းသလိုလို မကောင်းသလိုလိုပဲ။ မသိပါဘူး။ ဒီလိုပဲ နေရမှာပဲ ဆိုတော့ ကောင်းတယ်လို့  စိတ်ထဲမှတ်ထားတော့ စိတ်ထဲ ရှင်းတာပဲ။ ခုဆို အိမ်မှာရှိရင် သီချင်းနားထောင်၊ ရုပ်ရှင်တွေ ဒေါင်းလုတ်လုပ်၊ စာဖတ်၊ ဖုန်းပြောချင်ပြော။ ကိုယ့်ကို ဂရုတစိုက် လိုက်ပြောနေတမယ့် သူမရှိတော့ ကိုယ့်ဟာကို ပို ဂရုစိုက်ရတာပေါ့။ တခါတလေလည်း ဟိုသွားဒီသွားပေါ့။ မထူးခြားတဲ့ ဒီနိုင်ငံက ပုံစံအတိုင်းပေါ့။ ဒီလောက်ပါပဲ။

ခုနားထောင် မိတဲ့ သီချင်းလေး။ အင်္ဂလိပ် သီချင်းလေးပါ။ မိုးအေးအေးမှာ နားထောင်ရင်း နာထောင်ရင်းနဲ့  သဘောကျ သလို ဖြစ်သွားတယ်။ ဒီသီချင်းကို ရင်ဂို က မြန်မာလို ပြန်ဆိုထားတာ နားထောင်ဘူးတယ်။ "နောက်ဆုံး အချစ်" လို့  ထင်တာပဲ။ "နောက်ဆုံး အချစ်ကို ခုတခါ တစ်ကယ်ပဲ အဆုံးသတ်လိုက်ပါပြီ အချစ်" ... ဆိုတဲ့ စာသားနဲ့ ။ ရင်ဂို က ပထမဆုံးဆိုတာလား၊ သူများဆိုတာကို နောက်ထပ် ပြန်ဆိုထားတာလားတော့ မသိဘူး။ ခုခေတ်က သီချင်းတစ်ပုဒ်ဆို ဟိုလူဆိုလိုက် ဒီလူဆိုလိုက်နဲ့ ။ ဘာတွေမှန်း မသိပါဘူး။ ဒီမှာ နားထောင်ချင်ရင် နားထောင်ကြည့်လို့  ရအောင် ပေးထားပါတယ်။

Cascades - Rhythm of The Rain

ဘာဆက်ရေးရင်ကောင်မလည်း စဉ်းစားမရတော့ဘူး။ ဒီနေ့ တော့ ဒီလောက်ပါပဲ။ ကောင်းသောနေ့  ဖြစ်ပါစေ။

September 08, 2006

08 September 2006 - Happy Birthday To My Little Sis


Sis, Thinking of you with love on your birthday and
wishing you everything that brings you happiness today and always!

Happy Birthday Sister

I hope your day is special just like you!

September 05, 2006

The Lion Sleeps Tonight

ခုလေးတင် ပြန်နားထောင် ဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်။ NSync - The Lion Sleeps Tonight ဒီသီချင်းကို Lion King ရှပ်ရှင်မှာ စနားထောင်ဘူးထဲက သဘောကျတယ်။ Disney က ကာတွန်း ရုပ်ရှင်တွေကို အရမ်း သဘောကျလို့  ဒေါင်းလုတ်လုပ် သိမ်းထားပြီး အမြဲ ကြည့်လေ့ရှိတယ်။ ပြီးတော့ အဲ့ဒီထဲက သီချင်းတွေကိုလည်း နားထောင်လေ့ရှိတယ်။ ဒီနေတော့ The Lion Sleeps Tonight ကို ပြန်နားထောင်ဖြစ်ရင်း Lion King I, II and III သုံးခွေလုံးကို ပြန်ကြည့်ချင်စိတ်ပေါက်သွားတယ်။ Lion King ကို ကြည့်ချင်တာနဲ့  သူငယ်ချင်း တစ်ယောက်ပို့ ပေးဘူးတာလေးကို သတိရသွားလို့  ပြန်ရှာကြည့်လိုက်တာ ...



အရင်ကရှိခဲ့ဘူးတဲ့ ကာတွန်းကား စာရင်း၊ အားလုံး DVD ကွာလတီကို ရှာထားခဲ့တာ။ ဟိုတလောက အရှင်းကောင်းလိုက်တာ moive တွေ အကုန်ပါသွားတယ်။ ပြန်စုဖို့ က လည်း စိက်မရှည်တော့ဘူး။ အခွေ ဝယ်ရင် ရနိုင်ပေမယ့် ဝယ်ပြီးရင်၊ သိမ်းထားရတဲ့ ဒုက္ခက ရှိသေးလို့  မဝယ်ချင်ဘူး။ ဒေါင်းလုတ်မလုပ်ပဲ အကုန်ပြန်ရချင်လိုက်တာနော်။ ဟီး...

Snow White And The Seven Dwarfs
Bambi
Cinderella
Sleeping Beauty
The Jungle Book
The Many Adventures Of Winnie The Pooh
Beauty And The Beast
The Lion King I,II,III
Pocahontas I,II
Mulan I,II
Tarzan
Ice Age
Brother Bear
Madagascar

September 03, 2006

03 September 2006 - ဖတ်မိသော ကဗျာ အပိုင်းအစလေး

သိလည်း သိလျက်၊
မသိရက်သို့ ၊
သိုဝှက်ရင်တွင်း၊
အံကိုတင်း၍၊
သက်ပြင်းရှိုက်ကာ။

ဒီနေ့  ဖတ်မိတဲ့ ဝတ္တုတစ်ပုဒ်ထဲက ကဗျာ အပိုင်း အစလေးတစ်ခုပါ။ ဘယ်သူရေးတဲ့ ဘယ်ကဗျာကလည်း ဆိုတာကိုတော့ ပြောမထားပါဘူး။ ဒါလေးဖတ်မိမိချင်း စိတ်ထဲမှာ တွေးမိတာက ကျွန်မတို့  ဘဝမှာ ဒီကဗျာထဲကလို သက်ပြင်းရှိုက်ပြီး နေခဲ့ရတဲ့ အကြိမ်တွေ ဘယ်လောက်များနေခဲ့ပြီလဲ ဆိုတာကိုပါ။

တချို့ ကိစ္စတွေမှာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်မယ်ဆိုရင်တော့ သက်ပြင်းရှိုက် အသာလေး နေလိုက်တာ ပိုကောင်းမှန်းသိပေမယ့်၊ တခါတလေတော့လည်း စိတ်ထဲ ရှိတာတွေ ထုတ်ပြောလိုက်ချင်သား။

September 02, 2006

Wake Me Up When September Ends

အလုပ်ပိတ်ရက် ရောက်ပြန်ပြီ။ ဒီလမှာ မလုပ်မဖြစ် လုပ်ရမဲ့ အလုပ်တွေ ရှိနေတယ်။ မလုပ်လို့  မရမှန်း သိပေမယ့် မလုပ်ပဲ နေချင်တယ်။ ငါ့ရဲ့ စိတ်ကလည်း တော်တော့်ကို မဟုတ်တာပဲ။ မလုပ်မဖြစ်လို့  အမည်တပ်လာရင် နဂိုက လုပ်ချင်တဲ့စိတ်လေး ရှိနေခဲ့ဦးတောင်မှ အဲ့ဒီစိတ်လေး ဘယ်ပျောက်သွားမှန်မသိ၊ ဘာမှ မလုပ်ပဲသာ နေလိုက် ချင်တော့တယ်။

ခုချိန်မှာ စိတ်ထဲရောက်လာတဲ့ သီချင်းက
Green Day's Wake Me Up When September Ends

တစ်လလုံး အိပ်ပျော်နေပြီး လကုန်မှပဲ နိုးလာရင်ကောင်းမယ်။ သြော် ငါ တော်တော်လေးကို အပျင်းထူလာ ပါလား။ ဆေးမမှီတော့ဘူး ထင်ပါရဲ့။

September 01, 2006

September - စက်တင်ဘာ

ဒီနေ့  စက်တင်ဘာလ တစ်ရက်နေ့ ..
လွန်ခဲ့တဲ့ နှစ်တွေက ဒီလို စက်တင်ဘာလတွေမှာ ကျွန်မ ဘဝ အတွက် ထူးထူးခြားခြား ပြောင်းလဲ မှု့ တွေ ဖြစ်ခဲ့ဘူးတယ်။ ပြောင်းလဲမှု့  အများစုဟာ ကောင်းသောပြောင်းလဲမှု့ တွေ လို့ ပြောနိုင်ပါတယ်။

ဒီစက်တင်ဘာလရဲ့ ရက်တစ်ရက်မှာ
- ကျွန်မ ရဲ့ မိသားစုကို ခွဲခွါပြီး ဟို... အဝေးက နိုင်ငံတစ်ခုကို သွားခဲ့ ဖူးတယ်။
- မိသားစုဝင်တွေ မဟုတ်တဲ့ ကျွန်မ ဘဝမှာ အရေးပါမယ့် လူပေါင်းများစွာနဲ့  စတင်တွေရှိခဲ့ရ ဖူးတယ်။
- လောကမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း စတင်သိခဲ့ရ ဖူးတယ်။
- ဘဝမှာ ထမင်းစား လက်မှတ်လို့  ပြောနိုင်တဲ့ အရာနှစ်ခုကိုလည်း ရခဲ့ဖူးတယ်။
- ပိုက်ဆံရှာရတဲ့ အလုပ်ဟာ မလွယ်ပါလား ဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- လောကမှာ ပိုက်ဆံမျက်နှာ တစ်ခုတည်း ကြည့်တတ်တဲ့ သူတွေ ရှိကြောင်းကိုလည်း သိခဲ့ရ ဖူးတယ်။
- သာရာ ပေါင်းပြီး၊ နိမ့်ရာ ဖိထောင်းတတ်တဲ့ လူတွေလည်း အများကြီးရှိပါလား ဆိုတာကိုလည်း သိခဲ့ရ ဘူးတယ်။
- စကားမချိုသာပေမယ့်၊ စိတ်ထား ဖြူတဲ့ လူတွေလည်း ရှိသေးတယ်ဆိုတာကို သိခဲ့ရ ဖူးတယ်။
- အပြင်ပန်းအရ လှပပေမယ့်၊ အတွင်းမှာလှိုက်စား ပုတ်အဲ့နေတဲ့ အရာတွေ အများကြီး ရှိပါလားဆိုတာကို စတင်သိခဲ့ရ ဖူးတယ်။
- .....
- .....
- .....

August 31, 2006

Listen to a PDF file

ဒီနေ့  သူငယ်ချင်း တစ်ယောက်ကပြောပြလို့  pdf file ထဲမှာ ရေးထားတာတွေကို နားထောင်လို့ ရတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ အဲ့လို နားထောင်လို့  ရတယ်ဆိုတာကို အရင်က လုံးဝမသိဘူး။ ဒီနေ့ မှပဲ သိတော့တယ်။ စမ်းကြည့်တော့ မဆိုးဘူး။ တစ်ခြား ဘာမှ install လုပ်စရာ မလိုပဲ နားထောင်လို့ ရတယ် ဆိုတာ တော်တော် မိုက်တယ်။ မြန်မာလို ရေးထားကို ဆိုရင် ဘယ်လို နေမလည်းလို့  စမ်းကြည့်လိုက်သေးတယ်။ နားထောင်လို့  မရဘူး။ သူတို့  မြန်မာလို ရေးထားတာတွေကိုမှ နားမလည်တာ။ ကျွန်မ စမ်းကြည့် သလောက်တော့ အင်္ဂလိပ်လို ရေးထားတာတွေ ကိုတော့ သေချာနားထောင်လို့ ရတယ်။ စာဖတ်ပျင်းတဲ့ သူတွေ အတွက်တော့ အတော်ကောင်းတဲ့ feature တစ်ခုပဲ။ တစ်ခုတော့ရှိတယ်။ ဖတ်ပြတဲ့ သူရဲ့အသံကြီးကိုတော့ ကျွန်မ မကြိုက်ဘူး။ အသံကောင်းကောင်းလေးနဲ့  ဖတ်ပြတယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ။

ဒါလေးကို စမ်းကြည့်ပြီး၊ နောင်တစ်ချိန် ချိန်မှာ.. ဘယ်သူကများ မြန်မာလိုရေးထားတဲ့ file တွေကို နားထောင်လို့ ရအောင် တီထွင်မလဲ ဆိုတာကိုလည်း သိချင်နေပြန်တယ်။ အဲ့လို တီထွင်မယ့်လူဟာ ကျွန်မ မဟုတ်ဘူးဆိုတာ ကိုလည်း ကျွန်မ အသေအချာသိနေ ပြန်ပါတယ်။

You can listen to any PDF file instead of reading. Note that this feature works with Adobe Acrobat Reader 6.0 or 7 .0, and the short cut is:

* Ctrl+Shift+B - to hear the entire document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop

If the audio is not clear for hearing/understanding or because the voice is slow or fast, you can adjust the diction using the adjustment in Voice Speed of Text to speech tab from Settings > Control Panel > Speech.

August 30, 2006

ရန်ကုန်တက္ကသိုလ် ပင်မအဆောက်အဦး ရောင်းချခြင်း

တစ်ကယ် စိတ်ကုန်တယ်။ ဘာလို့ လည်းဆိုတာတော့ ဒီ မှာ ဖတ်ကြည့်ကြပါ။ ဒါတစ်ကယ်ပဲလား။ ဒီကိစ္စတွေ ကြားနေတာတော့ ကြာပြီ။ ဒါတကယ်ပဲဆို ဒီတစ်ခုနဲ့ ရပ်မယ် မထင်ဘူး။ နောက်ဘာတွေများ ရောင်းဦးမလဲ။ ရန်ကုန်မှာ အထင်ကရ နေရာတွေ အများကြီး ကျန်သေးတယ်။ အကုန်လုံးများ ရောင်းတော့မှာလား။ ဒါတွေကို ဘယ်သူတွေကမှ မတားဆီးနိုင် ကြတော့ဘူးလား။ မတားဆီးချင်ကြတော့ ဘူးလား။

ငါကိုယ်တိုင်ကရော။ မနှစ်သက်ပေမယ့် တွန်းလှန်ဖို့  မဝင့်ရဲ သူတစ်ယောက်လား။ ငါတို့  နိုင်ငံမှာ ငါလို လူတွေ က အများစုဖြစ်နေတယ် ထင်ပါရဲ့။ ငါတို့ အတွက် ဘာလို အပ်နေလဲ။

ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် .......




Source : DVB

August 28, 2006

Watched Movies at Weekend

ဒီအားလပ်ရက် ဘလောခ့်တောင် မဝင်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒီနှစ်ရက်လုံး ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်ပြီး ကြည့်နေတာ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကဆို အလုပ်လုပ်ရတဲ့ ရက်တွေမှည ညတိုင်း ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်တယ်၊ နောက် အားလပ်ရက် ရောက်ရင် အဲ့ဒီဟာတွေ ကြည့်တယ်။ ရုပ်ရှင်ကြိုက်လွန်းလို့  တော့ မဟုတ်ဘူး။ ကျွန်မ ရုပ်ရှင်ကြည့်တယ် ဆိုတာကလည်း တစ်နေရာတည်း ထိုင်ပြီး ကြည့်နေတာ မဟုတ်ဘူးလေ။ လုပ်စရာရှိတာတွေ လုပ်ရင်း ကွန်ပြူတာနဲ့  ရုပ်ရှင်ကို ဖွင့်ထား လိုက်တာ။ တစ်ချို့  ရုပ်ရှင်တွေဆို ဇတ်လမ်းကို သေချာသိဖို့ ဆို့  အနည်းဆုံး နှစ်ခါ၊ သုံးခါလောက်ကြည့်မှ သိတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ဆိုတော့ ရုပ်ရှင်ကသာ ပြီးသွားတယ်၊ ကျွန်မကတော့ ဘာတွေပြသွားမှန်း မသိလိုက်ဘူး။ အဲ့ဒီတုန်းကဆို တစ်ပတ်ကို မနည်းဆုံးတော့ ရုပ်ရှင် ၄ကား၊ ၅ ကားပြီးအောင် ဒေါင်းလုပ် လုပ်လေ့ရှိတယ်။ နောက်ပိုင်း ကျွန်မရဲ့ အစ်ကို ဒီရောက်လာတော့ ရုပ်ရှင်တွေ ဒေါင်းလုပ် မလုပ်ဖြစ်တော့ဘူး။

ပြီခဲ့တဲ့ အပတ်က ဒေါင်းလုပ် လုပ်ဖို့ လိုတဲ့ software တွေကို ပြန် install လုပ်ပြီး ရုပ်ရှင်တွေ ဒေါင်းလုပ် လုပ်ဖြစ်ပြန်တယ်။ ဒါနဲ့  ဒီင်္အားလပ်ရက်တော့ ရုပ်ရှင် ကြည့်ဖြစ်တယ်။ မဆိုးဘူး၊ မကြည့်တာ ကြာလို့  လားမသိဘူး ခုပြန်ကြည့်ဖြစ်တော့ စိတ်ဝင်တစားနဲ့  အားလုံးပြီးအောင် အစ၊အဆုံး ကြည့်ဖြစ်တယ်။ စနေ နေ့ ကြည့်လိုက်တာ ဒေါင်းလုပ် လုပ်ထားတဲ့  English ကားတွေ ကုန်သွားတယ်။ ၂ ကားပဲ ဒေါင်းလုပ် လုပ်ထားမိတာကို။ ဒါနဲ့  မနေ့ ကတော့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို website က ဒေါင်းလုပ် ပြီးကြည့်ဖြစ်သွားတယ်။ ကျွန်မက ကိုရီးယား ဇာတ်လမ်းတွဲ တွေကို သိပ်မကြိုက်ဘူး။ ဒါပေမယ့် မနေ့  ကကြည့်တဲ ဇတ်လမ်းတွဲကိုတော့ နည်းနည်း သဘောကျသွားတယ်။ နောက်မှ ကျွန်မ နဲ့  ကိုရီးယား ဇတ်လမ်းတွေ အကြောင်း စိတ်ပါရင် ရေးဦးမယ်။

အချိန်ကုန်တာကလည်း၊ မြန်လိုက်တာ။ အားလပ်ရက် နှစ်ရက်ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ ရုပ်ရှင် ကြည့်စရာတွေက ကျန်သေးတယ်။ ကြည့်ချင်တဲ့ကားတွေ အများကြီးတွေ့ ထားတယ်။ ခုလည်း အလုပ်မှာ၊ အလုပ်လုပ်ရဦးမယ်။ ဒီအလုပ်ဖွင့်ရက် တွေတော့ ရုပ်ရှင်တွေ ကြည့်နိုင်မယ် မထင်ဘူး။ ဒေါင်းလုပ်လောက်တော့ လုပ်နိုင်ကောင် ပါရဲ့။ နောက်တစ်ပတ် အလုပ်ပိတ်ရက်မှပဲ ကြည့်တော့မယ်။

August 24, 2006

Singapore News: Personalised Employment Pass (PEP)

ကျွန်မရဲ့ အစ်ကို တစ်ယောက်က ပြောလို့  ဒီမှာ အလုပ်လုပ်တဲ့ သူတွေအတွက် pass နောက်တစ်မျိုး ထပ်ပေးမယ် လို့  သိရပါတယ်။

ကျွန်မ ဒီကို စရောက်တော့ WP, EP Q1 , EP Q2, EP P ဆိုပြီး ရှိခဲ့တယ်။ နောက်တော့ EP Q1 ကို ဖြုတ်ပြီး S Pass ဆိုတာကို လုပ်တယ်။ ခုနောက်တစ်ခု PEP ဆို ထပ်လုပ်ပြန်ပြီ။ ကျွန်မ ရဲ့ အစ်ကို ပေးတဲ့ လင်ခ့်က စာတွေကို ဒီမှာ ထပ်ဆင့်ဖော်ပြ လိုက်ပါတယ်။ အသေးစိတ်သိချင်ရင် ဖတ်လို့ ရအောင် MOM က လင်ခ့်ကိုပါ ဒီပိုစ့်မှာ ပေးထားလိုက်ပါတယ်။ နောက်အချိန်ရမှ ကျွန်မသိတဲ့ ဒီမှာ လျှောက်လို့ ရတဲ့ pass တွေ အကြောင်းရေးပါဦးမယ်။ ခုအလုပ်မှာဆိုတော့ ဒီလောက်ပါပဲ။

Personalised Employment Pass from January to attract and retain foreign talent
A new scheme has been announced to help Singapore better attract and retain global talent.
From January next year, foreigners who have been working here for a few years and earn at least $30,000 a year will be eligible for a new Personalised Employment Pass (PEP).
The Manpower Ministry says with the new pass, the foreign talent will no longer be tied to an employer.
It would be issued based on the workers' own merits and they do not need to reapply for a new one when they change jobs.
The pass, which is valid for 5 years and non-renewable, allows them to stay in Singapore for up to 6 months in between jobs.
Current P1, P2 and Q1 employment pass holders who meet the criteria can apply for the new pass.
For other foreign workers who are not eligible, the current employment pass will remain. - CNA/ir

ChannelNewsAsia : Personalised Employment Pass from January to attract and retain foreign talent
Ministory Of Manpower : Specifics on the PEP

August 23, 2006

23 August 2006 - ဒီနေ့  ကြုံတွေ့ ရသမျှ

အလုပ်မှာ ဒီနေ့  မန်နေဂျာမ ကမေးတယ်။ အလုပ်ထွက်မှာ သေချာသွားပြီလားတဲ့။ သြော် ခက်ပါလားနော်။ ထွက်စာတင်ပါတယ်ဆို မှတော့ အလုပ်ထွက်မှာ သေချာလို့ ပေါ့။

သူထူးထူးဆန်းဆန်း မေးတာလေးကို ပြောရဦးမယ်။ မပြောခင် ဒီက ထုံစံလေး တစ်ချို့ ပြောပြမယ်။ ဒီမှာ အလုပ်ထွက်ချင်ရင် ချက်ချင်းထွက်လို့  မရဘူး။ ဒီလိုပဲ ကြိုပြောပြီးမှ ထွက်လို့ ရတယ်။ ခု ကျွန်မ လက်ရှိ အလုပ်က အလုပ်ထွက်မယ်ဆို ၂ လ ကြိုပြောရမယ်။ ဥပမာ စက်တင်ဘာ ၁ ရက်မှာ ထွက်စာတင်ရင်၊ ဒီဇင်ဘာ ၁ ရက် အထိ ဒီအလုပ်မှာ လုပ်ရမယ်။ နိုဝင်ဘာလ ၁ ရက်နေ့ မှာ အလုပ်မလာချင်တော့ဘူးဆိုရင် သူတို့ ကို ၁ လစာ လျှော်ကြေးပေးရမယ်။ ကျန်တဲ့ နိုင်ငံတွေတော့ မသိဘူး ဒီမှာကတော့ အဲ့လိုပဲ။ တစ်ချို့  အလုပ်တွေမှာတော့ ၁ လ ပဲကြိုပြော ရတယ်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်လုပ်တဲ့  အလုပ်မှာဆို ၃ လ တောင် ကြိုပြောရတယ်တဲ့။ တော်တော် မလွယ်တဲ့ နိုင်ငံပဲ။ ဒါပေမယ့် ခွင့်လက်ကျန်တွေ ရှိသေးရင်တော့ ကျန်တဲ့ ခွင့်ရက်နဲ့ တွက်ပြီး စောထွက်လို့ ရတယ်။

ကျွန်မအလုပ်ထွက်စာမတင်ခင်က မန်နေဂျာကို သွားမေးတယ်။ ကျွန်မမှာ ခွင့်ရက် ၁၂ ရက်လောက် ကျန်သေးတယ်၊ ထွက်စာတင်ရင် အဲ့ဒီ ရက်တွေတွက်ပြီး စောထွက်လို့  ရမလားပေါ့။ အဲ့ဒီတော့ သူက ဘာပြန်ပြောလဲ၊ သိလား။ စောထွက်ခွင့် မပြုနိုင်ဘူးတဲ့လေ။ စာချုပ်မှာ ၂ လ ကြိုပြောရမယ်ဆို ထွက်စာတင်ပြီး နောက်၂ လ ပြည့်တဲ့ နေ့  အထိ ဒီမှာ လုပ်ရမယ်တဲ့။ ကျန်တဲ့ ခွင့်ရက်တွေကို ပိုက်ဆံပေးမယ်တဲ့။ ဒါအလုပ် ပြောင်းလို့  မရအောင် တမင်လုပ်တာ။ ဒီမှာက အလုပ်လျှောက်ရင် အလုပ်အသစ်က အလွန်ဆုံး ၁လ လောက်ပဲ စောင့်ချင်ကြတာ။ ကိုယ့်ဟာကို လျှော်ထွက်ဖို့  ဆိုတာကလည်း တော်တော်မလွယ်တဲ့ ကိစ္စ။ အလုပ်အသစ်က လခက ဒီလက်ရှိအလုပ်ထက် ၂ဆ လောက်ရ ရင်တော့ ၊ ဘာအရေးလဲ၊ လျှော်ထွက်မှာပေါ့။ လခ ၂ဆ တိုးရဖို့  ဆိုတာက ခက်တယ်။ အလွန်ဆုံးတိုးလှ ၇၀၀/၁၀၀၀ ပေါ့။ ဒီတော့ ဘယ်သူမှ လျှော်ထွက်လေ့ မရှိကြဘူးလေ။ ဒီတော့ ကျွန်မလည်း ထွက်စာတင်ခဲ့ တယ်လေ။

အဲ့ဒီတုန်းက သူတို့  က ကျွန်မ အလုပ်အသစ် အရင်လျှောက်တာ ရပြီး၊ ထွက်စာလာတင်တယ် ထင်နေတယ်နဲ့  တူတယ်။ ကျွန်မရဲ့ ခွင့်တွေကို သုံးခွင့် မပေးဘူး။ ဒါပေမယ့် ကျွန်မ အဲ့လို မှ မဟုတ်တာ။ ထွက်စာ အရင်တင်ပြီး၊ နောက်မှ အလုပ်ရှာမှာ။ မိုက်တယ်ပဲ ပြောမလား။ ၂ လ အပြည့် အလုပ်လုပ်ရမယ်ဆိုတော့ စိတ်တိုတိုနဲ့  ထွက်စာ ကောက်တင်လိုက်တာ။ မထူးဘူးလေ။ ထွက်မယ်က ဆုံးဖြတ်ထားပြီပဲ။ အရမ်းမက်မော စရာလည်း ဒီအလုပ်မှာ ဘာမှ မရှိတာ။

အင်း ခုမှ ပြောချင်တဲ့ ကိစ္စ ရောက်တော့ တယ်။ နိဒါန်ပျိုးနေတာ တော်တော်များသွားတယ်။ ဒီနေ့  မန်နေဂျာ က မနက်စောစော အလုပ်ရောက်ရောက်ခြင်း ဘာပြောလည်း ဆိုတော့ ကျွန်မဘာတွေ လုပ်ဖို့  စိတ်ကူးထားလဲက စ မေးတယ်။ သူ့ ကိစ္စမှမဟုတ်တာ၊ ကျွန်မလည်း ဖြေချင်စိတ် သိပ်မရှိတာနဲ့  ဘာကိုမေးတာလဲလို့  ထပ်မေးလိုက်တော့ အလုပ်ရပြီလားတဲ့။ ကျွန်မက ဒီအလုပ်မှာ နောက်ဆုံးကျွန်မ လုပ်ရမယ့် နေ့ ကိုပြောပြီး၊ ငါ အဲ့ဒီနေ့ အထိ ဒီမှာ လုပ်ရဦးမယ်လို့ ၊ အဲ့ဒီနေ့  ပြီးရင်တောင် ငါက အလုပ် အသစ်ချက်ချင်း ဝင်ချင်မှ ဝင်မှာ ၊ ငါ့နိုင်ငံ ခဏပြန်ရင်ပြန်မှာ၊ ခု အလုပ် ရှာတောင်မရှာ သေးဘူးလို့  ပြောလိုက်တယ်။ သူက ထပ်မေးတယ်။ အလုပ်ရ သေးဘူးလားတဲ့။ ကျွန်မလည်း သေချာအောင်ထပ်ပြောလိုက်တယ်။ စပြီး ရှာကို မရှာသေးတာလို့ ။ အဲ့ဒီတော့ ဘာပြောလည်း သိလား။ ဟင်း... ကျွန်မကို လိုချင်တယ်ဆို ခွင့်တွေကို သုံးပြီး အလုပ်ကနေ စောထွက်ခွင့် ပြုပါတယ်တဲ့။ ဘယ်နေ့ မှာ ထွက်လို့  ရတယ်ပေါ့။ ကျွန်မလည်း ဟုတ်လား။ ကျေးဇူးပဲပေါ့။ ပြီးတော့ ဘာဆက်ပြောလည်း ဆိုတော့ သူတို့  ဒီအလုပ်မှာ ကျွန်မလုပ်နေတဲ့ အလုပ်တွေကို ကျွန်မတစ်ယောက်ပဲသိတယ်၊ နောက်ပြီး ဒီဟာကလည်း ပြီးတော့မှာ ဆိုတော့ နောက်ထပ် လူသစ်လည်း ထပ်မငှါးချင်ဘူး၊ အရမ်း အရေးမကြီးရင် နိုင်ငံမပြန်ပဲ ဒီမှာ အချိန်ပိုင်းဆက် လုပ်ပေးပါပေါ့။ ကျွန်မလည်း သူပြောတာ နားထောင်ပြီး တော်တော် အူကြောင်ကြောင်ဖြစ်သွားတယ်။ ခွင့်ကို သုံးပြီး စောထွက်ခွင့် ပြုတယ်လည်းပြောသေးတယ်၊ ပြီးတော့ အချိန်ပိုင်း ဆက်လုပ်ပေးပါလည်း ပြောသေးတယ်။

ဒီမှာ တစ်ခုပြောဖို့ ရှိတာက ဒီအလုပ်မှာ အချိန်ပိုင်းဆိုတာ မနက် ၈ နာရီ၊ ညနေ ၆ နာရီ အထိလုပ်ကြတာ။ လခ နဲ့  မပေးပဲ နာရီနဲ့ တွက်ပေးတာလေ။ မလာတဲ့ နေ့  လခမရဘူး။ ကျွန်မ တစ်ခြားသူတွေ အချိန်ပိုင်း လုပ်တာ မြင်နေတာက တော့ အဲ့လိုပဲ။ ကျွန်မလည်းပြောလိုက်တယ် ငါက အလုပ်ရ ရင် ဘယ်လို လုပ် ဒီမှာ အချိန်ပိုင်းလာလုပ်နိုင် မလဲ လို့ ။ အဲ့ဒီ တော့ သူကပြောတယ် မရခင် လာလုပ်ပါတဲ့။ ဖြစ်နိုင်ရင် ဒီမှာ အချိန်ပိုင်း ၃ လလောက်လုပ်စေချင်တယ်တဲ့။ သူဒါလေးပဲ တောင်းဆိုချင်ပါတယ်ပေါ့ ။ ပြီးတော့ ချက်ချင်းအဖြေ မပေးပါနဲ့ ဦးတဲ့၊ စဉ်းစားပါဦး၊ နောက်မှ သူ့  ကို အဖြေပေးပါတဲ့လေ။

ဒီနေ့  တစ်နေ့ လုံး ကျွန်မ စဉ်းစာကြည့်နေတယ်။ ဒီလောက် လုပ်စေချင်နေရင် ဘာလို့  ခွင့်တွေကို သုံးပြီး စောထွက်ခွင့် ပြုတာလဲ။ ကျွန်မရဲ့ ခွင့်တွေကို သုံးခွင့်ပေးရင် ကျွန်မက ဒီအလုပ်ကနေ ၃ပတ်လောက် စောထွက်လို့  ရတာ။ ပြီးတော့ ဖြစ်နိုင်ရင် နိုင်ငံမပြန်သေးပဲ ဒီက ဟာတွေ ပြီးအောင် လုပ်ပေးပါတဲ့။ ဒါဆို ကျွန်မ ဒီကနေ ခွင့်တွေသုံးပြီး အလုပ်စော ထွက်ခွင့် ပေးတယ် ဆိုတာ ဘာလဲ။ ကျွန်မ အတွက်တော့ ဘာမှ အကျိုးမရှိဘူးလိုပဲ။ ဒါပေမယ့် သူတို့  အတွက်တော့ ထူးတဲ့ပုံပဲ။ ကျွန်မ အချိန်ပိုင်း သာဒီမှာ လုပ်မယ်ဆိုရင် သူတို့  ကျွန်မကို ပေးရတဲ့ လခ အများကြီး သက်သာသွားပြီ။ ဘယ်နည်းနဲ့ မှ ကျွန်မ ခုရနေတဲ့ လခလောက်ကို ပေးမှာ မဟုတ်ဘူး။ အချိန်ပိုင်းလုပ်တယ်ဆိုတာ ပုံမှန်လုပ်သလောက်တော့ ဘယ်ပေးပ မလဲ။ တစ်ခြားသူတွေ တုန်းကလည်း ဒီလိုပဲ ပုံမှန် လခထက် အများကြီး လျှော့ပေးတာပဲ။ တော်တော်ကောင်းတဲ့ အိုင်ဒီယာပဲနော်။

အား.. ဒီလောက်ပဲ တော်ပြီ။ ရေးရတာ တော်တော်ပင်ပန်းသွားပြီ။ ဘာလုပ်ရမလဲ နောက်မှ စဉ်းစားပြီး ဘာတွေဖြစ်လဲ နောက်မှ ရေးတော့မယ်။ ကောင်းသော ညပါ။

Bob Dylan - The Times they are A-changin' -1965

Bob Dylan ကို ကြိုက်နှစ်သက်သူ နားဆင်ဖို့ ...ဒီဗားရှင်းက 1965 ကဆိုထားတာနော်..

BlackMoore's Night ရဲ့ MTV ကို ရှာနေတာတော့ မရသေးဘူး။ YouTube မှာရှာကြည့်တာတော့ ကျွန်မလိုချင်တဲ့ ဗားရှင်းမရဘူး ဖြစ်နေတယ်။ နောက်တွေ့ မှပဲ ဒီမှာ လာပိုစ့်လုပ်တော့မယ်။

August 22, 2006

Times They Are A Changin'

ကျွန်မ ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို လွန်ခဲ့တဲ့ ၅ နှစ် လောက်က စတင် နားထောင်ဖြစ်ခဲ့ တာပါ။ ဒီသီချင်းကို ပြန်နားထောင်ဖြစ်တိုင်း သူငယ်ချင်းတွေကို အသိရမိတယ်။

၂၀၀၁ နွေရာသီ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အတူ စုနေကြတဲ့အချိန်၊ သီချင်းအရမ်းကြိုက်တဲ့ သူငယ်ချင်း တစ်ယောက်က အဲ့ဒီ အခွေကိုဝယ်လာတယ်။ အဲ့ဒီမတိုင်ခင်ကတော့ ကျွန်မတို့  သူငယ်ချင်တစ်စုလုံး ဘယ်သူမှ BlackMoore's Night ဆိုတာကို မကြားဘူးခဲ့ကြဘူး။ ဒါပေမယ့် သူ ဝယ်လာတဲ့ အခွေကိုယူပြီး နားထောင်ရင်းကနေ အဲ့ဒီ အခွေလေးကို ကြိုက်သွား ခဲ့တယ်။ အဲ့ဒီအခွေမှာ MTV တစ်ပုဒ်လား၊ နှစ်ပုဒ်လား မသိဘူး လက်ဆောင် အဖြစ်ပါသလိုပဲ။ အဲ့ဒီထဲက ခု ကျွန်မတင်ထားတဲ့ သီချင်းရဲ့ MTV လေးကို ကျွန်မတို့  အားလုံး အရမ်းကြိုက်၊ အမြဲနားထောင် ဖြစ်သွားခဲ့ ကြတယ်။ ဘယ်လောက်တောင် ကြိုက်ကြလည်းဆို အဲ့ဒီ သီချင်း MTV ကို ၂၄ နာရီလုံး လုံးဝ ရပ်နားခြင်းမရှိ ၊ ရက်ပေါင်းများစွာ ဖွင့်ပြီး နားထောင်ခဲ့ကြဘူးတယ်။ အဲ့ဒီ အချိန်က ရှင်တို့ သာ ကျွန်မတို့ နေတဲ့ အိမ်ကို လာလယ် ဖြစ်ခဲ့ကြမယ်ဆိုရင် အခန်းတိုင်းမှာ ဒီသီချင်းဖွင့်ထားသံ တိုးတိုးလေးကို ကြားမိမှာ သေချာပါတယ်။

အဲ့ဒီ သီချင်းရဲ့ မူရင်းအဆိုတော်က BlackMoore's Night မဟုတ်ပါဘူး။ BlackMoore's Night က ပြန်ဆိုထားတာပါ။ ဒါပေမယ့် ကျွန်မ စပြီး နားထောင်ဘူးတာက BlackMoore's Night ဆိုတဲ့ ဗားရှင်းပါ။ ဒီနေ့  မနက်တော့ THKZ က ပို့  ပေးတာနဲ့  အရင် အဆိုတော်ဆိုထားတဲ့ ဗားရှင်းကို နားထောင်ဖြစ်ခဲ့တယ်။ နှစ်ခုလုံးကို နှစ်သက်ပါတယ်။ ရသတစ်မျိုးစီပေးသလိုပဲ ။

ဒီမှာ ဗားရှင်း နှစ်မျိုးလုံး ကို နားထောင်ချင်ရင် နားထောင်လို့ ရအောင်၊ download လုပ်ချင်ရင်လည်း download လုပ်လို့  ရအောင် ပေးထားပါတယ်။ နားထောင်ကြည့်ကြပါ။ ဒီသီချင်းနှစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့ပြီး ကြိုက်နှစ်သက်ရင် ကျွန်မ တစ်ခုလောက်တော့ တောင်းဆိုချင်ပါတယ်။ ဘယ်သူ ဆိုထားတာကို ပိုကြိုက်တယ် ဆိုတာလေးကို ပြောပေးနိုင်ရင် ပြောခဲ့ပေးစေချင်ပါတယ်။ မကြိုက်တဲ့ သူများကိုတော့ ဘာလို့ မကြိုက်လဲ လို့  မမေးလိုပါဘူး။

Bob Dylan - Times They Are A Changin'
BlackMoore's Night - Times They Are A Changin'

Come gather 'round people
Wherever you roam
And admit that the waters
Around you have grown
And accept it that soon
You'll be drenched to the bone.
If your time to you
Is worth savin'
Then you better start swimmin'
Or you'll sink like a stone
For the times they are a-changin'.

Come writers and critics
Who prophesize with your pen
And keep your eyes wide
The chance won't come again
And don't speak too soon
For the wheel's still in spin
And there's no tellin' who
That it's namin'.
For the loser now
Will be later to win
For the times they are a-changin'.

Come senators, congressmen
Please heed the call
Don't stand in the doorway
Don't block up the hall
For he that gets hurt
Will be he who has stalled
There's a battle outside
And it is ragin'.
It'll soon shake your windows
And rattle your walls
For the times they are a-changin'.

Come mothers and fathers
Throughout the land
And don't criticize
What you can't understand
Your sons and your daughters
Are beyond your command
Your old road is
Rapidly agin'.
Please get out of the new one
If you can't lend your hand
For the times they are a-changin'.

The line it is drawn
The curse it is cast
The slow one now
Will later be fast
As the present now
Will later be past
The order is
Rapidly fadin'.
And the first one now
Will later be last
For the times they are a-changin'.

August 21, 2006

စနေ၊ တနင်္ဂနွေ

ဒီ အလုပ်ပိတ်ရက်မှာ ကိုယ့်ဘလောခ့်ကို ပိုစ့်လုပ်ဖို့ မအားဘူး ဖြစ်သွားတယ်။ ဒီရက်ပိုင်း ဘာတွေ လုပ်ဖြစ်သလဲ။

သောကြာနေ့ ညနေ က အလုပ်ကနေ ညစာကျွေးလို့ သွားစားတယ်။ ကစားပွဲတွေ လုပ်ပြီး ကစားကြတယ်။ သူများတွေကြည့်ရတာ တော်တော်ပျော်နေ သလိုပဲ။ ကျွန်မ အတွက်တော့ ပျော်စရာ မကောင်းပါဘူး။ ဒါနဲ့  ၈ နာရီ ထိုးတော့ ပြန်လာလိုက်တယ်။ အိမ်အပြန်လမ်းမှာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ခေါ်တာနဲ့  အိမ်မပြန်ဖြစ်ပဲ မြို့ ထဲရောက်သွားတယ်။ သူငယ်ချင်းတွေနဲ့  လျှောက်သွား၊ ဟိုကြည့်ဒီကြည့်လုပ်ပြီ ကော်ဖီသောက်ရင်း စကားပြော နေလိုက်တာ အိမ်ပြန်ရောက်တော့ ည ၁၂ ကျော်နေပြီ။ ဒါ ၁၀လ ကျော် အတွင်း ပထမဆုံး သူငယ်ချင်းတွေနဲ့  ညဘက် အပြင်ထွက်၊ ကော်ဖီဆိုင်မှာ စကားထိုင်ပြော ဖြစ်ခြင်းပဲ။

စနေ နေ့  ညနေက ဆံပင်ညှပ်ဖြစ်တယ်..
အဲ့ဒီ ကိစ္စ လုပ်မယ် စဉ်းစားနေတာ ကြာပြီ။ စနေ နေ့ ကမှ တစ်ကယ်လုပ်ဖြစ် သွားတော့တယ်။ နောက်ဆုံး ဆံပင်ညှပ်ထားတာ ၃၁ ဒီဇင်ဘာ ၂၀၀၅ က။ မညှပ်တာ ၈လလောက်ရှိပြီ ဆိုတော့ ဆံပင်ကတော်တော်ရှည်နေပြီ။ ကျောလယ်လောက် ရောက်နေတာကို ပခုံးလောက်ပဲ ကျန်အောင် ညှပ်လိုက်တယ်။ ဒီလောက် တိုအောင်ညှပ်ဖို့ ဟာကို တော်တော်ပြော လိုက်ရတယ်။ ဆံပင်ညှပ်ဆိုင်သွားတာ သူငယ်ချင်း က အဖော်လိုက်ပေးတယ်။ ဆိုင်ရောက်တော့ ဆံပင်ညှပ်ပေးမယ့် သူကမေးတယ် ဘယ်လိုပုံစံ ညှပ်မှာလဲ တဲ့။ ရွေးထားတဲ့ ပုံစံပြလိုက်တော့ ကျွန်မ့ ဆံပင်က ပျော့လွန်းတယ်။ အဲ့လို ပုံထွက်မှာ မဟုတ်ဘူးတဲ့။ ကိစ္စ မရှိဘူး နမူနာပုံအဖြစ်သာ ပြတာ အဲ့လောက် တိုရင်ပြီရော တူတူမတူတူ အဲ့လို ပုံသာညှပ်လိုက်လို့ ပြောတာကို သိပ်လက်ခံချင်ပုံ မပေါ်ဘူး။ သူကညှပ်လို့ ပြီးပြီဆိုလို့  ကြည့်လိုက်တာ ကိုယ့်မျက်စိထဲတော့ သိပ်မတိုဘူးလိုပဲ။ သူငယ်ချင်းကို ဘယ်လို ထင်လဲလို့  မေးတော့ သူက ထပ်တိုမလားတဲ့၊ တိုချင်ရင် တိုလို့  ရလောက်သေးတယ်လို့  ပြောတယ်။ ဒါနဲ့  ဆံပင်ညှပ်တဲ့သူကို ထပ်တို ပေးပါဦးလို့ ပြောတာကို .. သူက ဒီအတိုင်း ကောင်းပါတယ်၊ အရမ်းတိုသွားရင် ပြန်ရှည်ချင်လို့  မရဘူးနော်တွေ လာလုပ်နေတယ်။ ရတယ် ကိစ္စမရှိဘူး ညှပ်သာညှပ်လို့  ပြောမှ ရတော့တယ်။ ဒါတောင် အရှည်လေးက လှတယ်၊ ဘာညာ ဆက်ပြောနေသေးတယ်။ ဟုတ်ပါတယ်။ သူပြောတာ မှန်ပါတယ်။ ပထမ သူညှပ်ပေးထားတဲ့ နည်းနည်း ရှည်တာက ပိုလှတယ်။ ဆံပင်ကို ဂရုတစိုက်ထားမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကိုယ့်ဒုက္ခ ကိုယ်သာသိတယ်။ ဒီမှာက ခုတလော အရမ်းပူတယ်။ ဆံပင်ရှည်နဲ့  ဆိုနေ့ တိုင်း ခေါ်င်းလျှော်ဖို့ က မဖြစ်နိုင်ဘူး။ ဆံပင်ကို ဂရုစိုက်နေဖို့ ကလည်း စိတ်မရှည်ဘူး။

ဆံပင်ညှပ်ပေးတဲ့ တစ်ယောက်က သဘောကောင်းပါတယ်။ ပထမတုန်းက စကားသိပ်မပြောဘူး။ နောက်ထပ် တိုပေးပါပြောလိုက်မှပဲ ဘာလို ဒီလောက်တိုချင်တာလဲ၊ ပုံစံပြောင်းချင်လို့ လား ၊ အရင် ဆံပင်ပုံ ထားတာ ဘယ်လောက်ကြာပြီလဲ မေးတော့တာတယ်။ မြန်မြန်စကားပြတ်အောင် မလှလည်း ကိစ္စ မရှိဘူး၊ ပူလို့  ဆံပင်တိုတို ညှပ်ချင်တာလို့ ပဲ ပြောလိုက်ရတော့တယ်။ အားလုံးလည်းပြီးရော ကျွန်မကို ဆံပင်စည်းပုံ စည်းနည်းတွေ လာပြော နေသေးတယ်။ ပူတယ်ဆို ခုသူညှပ်ပေးလိုက်တဲ့ ပုံစက စည်းထားလို့  ရတယ်ပေါ့၊ စည်းထားမယ်ဆို ဘယ်လိုလေး စည်းထား၊ လှတယ်။ ဟိုပုံစံမစည်းနဲ့  မလိုက်ဘူး။ အိုး... စုံသွားတာပဲ။ အားတောင် နာသွားတယ်။ ကိုယ်က ဒီလောက် စိတ်ရှည်တာ မဟုတ်ဘူး။ ဘာပဲပြောပြော စိတ်ကူး ပေါက်တဲ့နေ့ မှ သူပြောသလို စည်းကြည့်အုံးမယ်။ လှမလားလို့  ။

ဒါပြီးတော့ သူငယ်ချင်းက စာအုပ်ဝယ်စရာရှိတယ်။ ဖုန်းကပ်ဝယ်မယ်ဆို လို့  သွားဝယ်ဖြစ်တယ်။ တစ်လက်စတည်း စားစရာ နည်းနည်းဝယ်တယ်။ ဝယ်စရာရှိတာ တွေဝယ်ပြီး ညစာ သွားစားဖြစ်တယ်။ ကျွန်မကျွေးတာမဟုတ်ဘူး။ သူငယ်ချင်းက ဝယ်ကျွေးတာ။ သူခမျာ ကျွန်မ ဆံပင်ညှပ်တာလည်း လိုက်ပေးရသေးတယ၊် ညစာလည်း ဝယ်ကျွေးသေးတယ်။ တော်တော် ချစ်ဖို့  ကောင်းတဲ့ သူငယ်ချင်းပါပဲ။ ပြီးတော့ ထုံစံအတိုင်း ညစာ စားပြီး အိမ်တန်းမပြန်သေးဘူး။ ဟိုကြည့် ဒီကြည့် လိုက်လုပ်ကြတာပေါ့။ နောက်တော့ skirt တစ်ထည်ဝယ်ဖြစ်တယ်။ ဝယ်တော့ ဝယ်လိုက်တယ်၊ ဘယ်တော့များမှ ဝတ်ဖြစ်မလဲ မသိဘူး။

ကျွန်မရဲ့ ဆံပင်က ဘယ်လောက်ညှပ်ညှပ် ဒီပုံပဲ ထွက်နေသလား မသိဘူး။ အိမ်ရောက်တော့ အစ်ကို ကပြောတယ်။ ဒါဆံပင်ညှပ်လာတာ လားတဲ့။ ဟုတ်တယ်လေ ဆိုတော့၊ ဒီတိုင်းလိုပါပဲတဲ့ ။ ဘာမှလည်း မထူးပါဘူးတဲ့။ စိတ်ကို ညစ်သွားတာပဲ။ THKZ ကလည်းပြောတယ်၊ ဘာမှ မထူးဘူးတဲ့။ သူ မြင်နေရတာတော့ နဂိုပုံလိုပဲတဲ့ရှင်။ ကျောလယ်လောက်ရှိတဲ့ ဆံပင်ကို ပုခုံးလောက် ဖြစ်အောင်ညှပ် ထားတာကို ဘာမှ မပြောင်လဲဘူး ဆိုတော့၊ ဘယ်လိုများကြမှ ပြောင်းလည်းသွားတယ် ပြောကြမလဲ။ ဂတုံး တုံးလိုက်ရင်ရော... ပြောင်သွာမလား။ အဲ့လိုတော့ မမေးရဲဘူး။ အစ်ကိုရော THKZ ရောက တားမယ့် သူတွေမဟုတ်ဘူး။ သူတို့ ကို သွားမေးလို့ ကတော့ ဂတုံးလား၊ တုံးသာ တုံးလိုက်၊ မတားပါဘူးလို့  ပြောကြမယ့် သူတွေကြီးပဲ ဖြစ်နေတယ်။ ဒါကစနေ နေ့ ။

တနင်္ဂနွေနေ့ ကတော့ ဘာမှ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ တစ်နေလုံး စကားပြော၊ စာဖတ်၊ အိပ်... ဒါနဲ့ ပဲ တစ်နေကုန်သွားတာပါပဲ။ အပြည့်အဝ အနားယူတယ်ပေါ့။

ဒီလောက်ပါပဲ။ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။

August 19, 2006

စိုင်းထီးဆိုင် - အချစ်ထောင်

ကျွန်မရဲ့ ချစ်သူ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းစာသားကိုတော့ ချစ်သူဖတ်ဖို့  သီချင်းကို နားထောင်ပြီး ကျွန်မကြားသမျှ ကြိုးစားရေးသားထားခြင်းဖြစ်လို့  အမှားအယွင်းများ ရှိနိုင်ပါတယ်။

ဒီသီချင်းကို မျှဝေပေးတဲ့ Native Myanmar Forum က ကို SoMeOnEnUlL ကို ကျေးဇူးတင်ပါတယ်။



အချစ်ထောင်..
သံယောစဉ် ကြိုးနဲ့  တည်းနှောင်ထားတဲ့ အကျဉ်းဆောင်
ကိုယ်ဘယ်လို လုပ်ပြီး.. ရုန်းမှာလဲ မင်းပြောပါ
ကိုယ်ပိုင်တဲ့ လွတ်လပ်မှု့ တွေ စွန့် လွှတ်.... ထားလိုက်ပြီ

အချစ်ထောင်..
လူ့ လောက အကြီးမားဆုံး အရာဝတ္တု .. နှိုင်းမရအောင်
အပါယ်ဘုံဖြစ်လိုက်.. နတ်ပြည်ဖြစ်လိုက် .. ရူးချင့်စရာ
မဆိုင်လှတဲ့ ဦးနှောက် အတွေးအခေါ်များလည်း .. အပ်လိုက်ပြီ
ကိုယ့်ကို ထာဝရ ချုပ်နှောင်.. မင်းအကျဉ်းထောင်

နေပူပစေ မိုးကျပစေရတယ် .. မှောင်နေပစေ လင်းလွန်းပစေရမယ်
ရယ်ပစေ ငိုပစေ ပြုံးပစေ မဲ့ပစေ.. ဘာဖြစ်ဖြစ်ရနေပါတယ်.. အစဉ်အမြဲလည်း ရပါစေမယ်
အချစ်... အကျယ်ချုပ်လား .. အချစ်.. တကယ်လုပ်မလား .. အချစ်
ကြေအက်နှလုံးသား စံပြအကျဉ်းသား

ချစ်တာ .. ရင်ထဲက တငွေ့ ငွေ့ နဲ့ ခံစားချက်
မေတ္တာ .. အကုန်ပေါ်အောင် ထုတ်ပြီး မပြနိုင်စွမ်းလို့  ပေါက်ကွဲမတတ်
ကြင်နာ တဲ့ စကားလေးတစ်ခွန်းလောက် ပေးသနား ရမယ်နော်
အချစ်မှာ ဘယ် ဥပဒေ .. ပုဒ်မ နဲ့ လာဖမ်းလို့  မဖြစ်ပါ

ဒါပေမယ် မင်းအတွက်တော့ လိုအပ်အမျှ ဖြစ်ရမယ်
စကားနာတွေ ထိုးခြင်းမျိုး မဟုတ်ဘူးကွယ့် မင်းနားထောင်
ကိုယ့်ကို ထာဝရ ချုပ်နှောင်... မင်းအကျဉ်းထောင်

အပြင်မှာလေ .. တစ်စက္ကန့် အချိန်တိုင်းဟာ
ရင်မှာလေ .. ခဏနဲ့ တစ်ကမ္ဘာလောက်ထင်
ပိုရင် .. တို တကိုယ်ဆွေးရင် .. ဆန့် သကို
လိုအပ်သမျှရှိနေပါတယ်.. ထာဝရအထိရှိပါစေမယ့် .. အချစ်
အမြန်စီးလား .. အချစ် .. ပြန်နှေးမလား .. အချစ်
ခုန်တဲ့ နှလုံးသား စံပြအကျဉ်းသား

နေပူပစေ မိုးကျပစေရတယ် .. မှောင်နေပစေ လင်းလွန်းပစေရမယ်
ရီပစေ ငိုပစေ ပြုံးပစေ မဲ့ပစေ .. ဘာဖြစ်ဖြစ်ရနေပါတယ် အစဉ်အမြဲလည်း ရပါစေမယ်
အချစ်... အကျယ်ချုပ်လား .. အချစ် .. တကယ်လုပ်မလား .. အချစ်
ကြေအက်နှလုံးသား စံပြအကျဉ်းသား

August 18, 2006

18 August 2006 - သူငယ်ချင်းများ

ဒီနေ့  ကျွန်မရဲ့ အစ်မ တစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်မွေးနေ့ ပါ။ မနေ့ က သူု့ မွေးနေ့ ထင်ပြီး မွေးနေ့  ဆုတောင်း သွားပြောမိတယ်။ ဟီး ဟီး။ မှတ်ထားတာ နေ့  မှားပြီး မှတ်မိ ရက်သား ဖြစ်နေတာ။ တော်သေးတယ်၊ သူ့ မွေးနေ့ ကို မမှတ်မိရကောင်းလားဆိုပြီး စိတ်မဆိုးလို့ ။

သူ့ မွေးနေ့ ဆုတောင်းရင် အဲ့ဒီက သူငယ်ချင်းတွေကို သတိရသွာတယ်။ ကျွန်မရဲ့ မမေ့နိုင်တဲ့ ချစ်သူငယ်ချင်းတွေ။ သြော် မွေးနေ့ ရှင်ကို ... မ.. လို ခေါ်နေလို့  ကျွန်မထက် အသက်မရမ်းကြီးတဲ့ အစ်မကြီး တစ်ယောက်လို့  မထင်လိုက်ကျပါနဲ့ ။ ကျွန်မ နဲ့  လပိုင်းလေးပဲ ကွာတာပါ။ ကျွန်မထက်လည်း နုပျိုချောမောပါတယ်။ ဒါပေမယ့် သူက ကျွန်မ့ဆိုးအမျှ ကျွန်မအပေါ် နာလည်မှု့  အပြည့် နဲ့  ခွင့်လွတ်တတ်၊ ကျွန်မကို ညီမ တစ်ယောက်လို သဘောထားပြီး ဂရုတစိုက်လည်းရှိ၊ ကျွန်မကလည်း သူငယ်ချင်းတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါ ခင်တွယ်တဲ့ အတွက် .. မ.. လို့  ခေါ်တာပါ။

မိန်းကလေး သူငယ်ချင်းဆို လက်ချိုးရည်ရင်တောင် လက် ၁၀ချောင်း ပြည့်အောင်မရှိတဲ့ ကျွန်မ အတွက်တော့ တကယ့် ရှားရှားပါးပါး သူငယ်ချင်း တစ်ယောက်ပါ။ မှတ်မိပါသေးတယ် ။ နောက်တစ်နေ့  ဆို ကျွန်မ ဘွဲ့ တစ်ခုယူဖို့  အတွက် နောက်ဆုံးတင်ရတဲ့ စာတမ်းက တင်ရတော့မယ်။ ဘယ်အရာမဆို အချိန်ကပ်မှ လုပ်တတ်တဲ့ ကျွန်မကလည်း ထုံစံ အတိုင်း တစ်ချို့ ဟာတွေက အဆင်သင့် မဖြစ်သေးဘူး။ တစ်ချို့ ရေးဖို့  လိုတာတွေကို ဒီနေ့  မွေးနေ့ ရှင် ကရေးပေးတယ်။ နောက် သူလို့ ပဲ ကျွန်မက အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က လိုတာတွေ စစ်ပေးတယ်။ စာအုပ်ပုံစံ တင်ရမှာဆိုတော့ လိုတာတွေ၊ ပါရမှာတွေကို မေ့ကျန်ခဲ့မှာ စိုးလို့  စစ်ပေးတာ။

အရမ်းလည်း ရယ်ဖို့ ကောင်းပါတယ်။ ကျွန်မတို့  အားလုံး IT သမားတွေ ဖြစ်ပေမယ့် ကျွန်မ အဲ့ဒီတုန်းက စာတမ်း အတွက် လုပ်တဲ့ အကြောင်းအရာက သူတို့ တွေ မသိကြပါဘူး။ ကျွန်မကိုယ်တိုင်တောင် စာတမ်း တင်ပြီးမှ ရေးရေးလေး သဘောပေါက်သလို ရှိတဲ့ အကြောင်း အရာတစ်ခုပါ။ သူတို့ က မေးတယ်။ ကျွန်မရေးနေတာ ဘာကြောင်းလဲ တဲ့။ ဟီး ဟီး။ ကျွန်မလည်း တတ်သလောက်ရှင်းပြပေမယ့် သူတို့  ကြည့်ရတာ နားလယ်တဲ့ ပုံ မပေါ်ပါဘူး။ သူတို့ မှ မဟုတ်ပါဘူး၊ အဲ့ဒီတုန်းက ကျွန်မနဲ့  ကျောင်းတူတူတက်နေတဲ့ သူတွေလည်း ကျွန်မရဲ့ စာတမ်း နာမည်ကြားရင် ဘာကြီးလဲ၊ နားမလည်ဘူး၊ ရှင်းပြပါလား၊ အဲ့လိုတွေ အမြဲမေးခံထိ ခဲ့တာပါ။ ဒါတွေထားပါ။ ကျွန်မ အခု အဓိကပြောချင်တာက ဘာမှန်းမသိတဲ့ ကြားက ရအောင် ရေးပေး၊ ကူညီပေးခဲ့ ကြတာတွေကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျေးဇူး အရမ်းတင် ပါတယ်။

သူတို့ မှ မဟုတ်ဘူး တစ်ခြား သူငယ်ချင်းတွေ အားလုံးကလည်း ကျွန်မ လိုသမျှ၊ သူတို့ လုပ်ပေးနိုင်တာတွေ မှန်သမျှ အားလုံးကို ဘယ်တော့မဆို မငြီမငြူလုပ်ပေးခဲ့ ကြတာပါ။ ဒီမှာ တစ်ယောက်တည်း စိတ်ညစ်စရာတွေ ကြုံလာတိုင်း အဲ့ဒီတုန်းက သူငယ်ချင်းတွေနဲ့  တူတူနေခဲ့တဲ့ အချိန်တွေကို အရမ်းသတိရမိတယ်။ နောင်ဖြစ်နိုင်ရင် တစ်ချိန်ချိန်မှာတော့ သူငယ်ချင်း အားလုံးနဲ့  ပြန်ဆုံချင်ပါသေးတယ်။

ဒီနေ့ တော့ ဒီလောက်ပဲ၊ တော်ပြီ။ နောက်မှပဲ အချိန်ရရင် ကျောင်းတုန်းက အကြောင်းတွေ၊ သူငယ်ချင်းတွေ အကြောင်းတွေ ရေးတော့မယ်။

Happy Birthday "Innocent Soul"

မင်္ဂလာရှိသော မွေးနေ့  ဖြစ်ပါစေ။
အစစ အရာရာ အားလုံး အဆင်ပြေပြီး
မ.. လိုချင်တဲ့ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု ဘဝလေး ကို မြန်မြန်ရပါစေ။

မ ရေ.. ဒီနေ့ တော့ မွေးနေ့  အမှန်နော်။ နောက်ဆို လုံးဝ မမှားတော့ပါဘူး။ မှတ်မိသွားပြီ။

August 15, 2006

Pluto May Not Be A Planet

The farthest planet from the Earth, Pluto, is under attack from astronomers and may be demoted as a planet.

3,000 astronomers and scientists from around the world will meet in Prague this week to discuss this very topic. They need to decide if Pluto, which was discovered in 1930, is actually a planet by definition.

"The pivotal question is the status of Pluto, which is clearly very different from Jupiter, Saturn, Uranus, and Neptune,"

Owen Gingerich, professor of Astronomy and History of Science emeritus a the Harvard-Smithsonian Center for Astrophysics told Reuters.

Such a change would cause quite a stir as millions of text books would be outdated and the curriculum for teaching the solar system would have to be drastically changed.


Source : RevolutionPortal
About Pluto : Wiki , NinePlanets

August 14, 2006

မိမိကိုယ်ကို ပြန် သုံးသပ်ခြင်း

Good Morning Everybody!!

တစ်ပတ်ပြီး တစ်ပတ် အချိန်တွေက အကုန်မြန်လိုက်တာနော်။ ဒီနေ့  မနက် အလုပ်ကို လာရင်းစဉ်းစားမိတယ်။ ခုတစ်လော အချိန်တွေသာ ကုန်သွားတယ်၊ ဘာများ အကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖြစ်သလဲလို့ ။ အလုပ်သွားတယ်၊ လကုန်တော့ လခ ရတယ်ဆိုတာ ကို ထဲ့ စဉ်းစားဖို့  မလိုဘူး ထင်တယ်။ ဒါ လူတိုင်း နေ့ စဉ် မလုပ် မနေရ လုပ်နေရတဲ့ အရာတစ်ခုပဲ။ အဲ့ဒါကလွဲလို့  တစ်ခြားဟာရော၊ ပညာရေး၊ လူမှု့ ရေး ၊ အလုပ် ၊ စီးပွားရေး နဲ့  ပတ်သက်လို့ တိုးတက်မှု့ လို့  ပြစရာရှိအောင် ဘာတွေ လုပ်ဖြစ်သလဲ။ သေချာစဉ်းစား ကြည့်တယ်။ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး ဆိုတဲ့ အဖြေထွက်လာတယ်။

ဒီလိုပဲ အချိန်တွေ အကုန်ခံသွားတော့ မှာလား။ ကိုယ်က သာ ဒီအတိုင်းရှိနေမယ်။ အချိန်တွေကုန်ပြီး အသက်တွေ ကြီးလာတာပဲ ရှိမယ်။ တစ်ခြားတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်ခု ခုတော့ လုပ်ဦးမှ။ ဒီအတို်င်းဆက်သွား နေလို့  မဖြစ်ဘူးထင်တယ်။ တကယ်ဆို လုပ်လို့  ရတာတွေ အများကြီးပဲ။ တစ်ခု ခု မလုပ်ခင်တော့ ဘယ်အရာက ကိုယ့်အတွက် အရေးကြီးတယ်၊ ကိုယ်ဘာကို လိုအပ်တယ်၊ဘယ်လို လုပ်လို့ ရတယ် ဆိုတာတွေကို သေချာ စဉ်းစားဖို့  အရင် လိုမယ်။

ကဲ ကိုယ်ကိုကိုယ် မမေ့အောင်၊ သတိပေးတယ့် အနေနဲ့ တော့ မှတ်ထားလိုက်ပြီး။ တစ်ကယ် လုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့် ရမှာပဲ။ ဘာတွေ လုပ်ဖြစ်မလဲ။

August 13, 2006

Personal Scale - ပေါင်ချိန်စက်

ဒီနေ့ ဖန်နဲ့  လုပ်ထားတဲ့ ပေါင်ချိန်စက် တစ်လုံးဝယ်ဖြစ်တယ်။ ဖန်နဲ့  လုပ်ထားတာ ဆိုတော့ ကြည်ကြည်လေး။ လှတယ်။ ဒါက ဒီနေ့ ဝယ်လာတဲ့ ပေါင်ချိန်စက်လေး။

Glass Electronic Personal Scaleဝယ်ပြီး အိမ်ပြန်ရောက်တာနဲ့ ပေါင်ချိန်ကြည့်တယ်။ အိမ်မှာရှိတဲ့ လူတွေအားလုံး ကျွန်မရဲ့ ပေါင်ချိန်စက်လေးမှာ လာစမ်းချိန်ကြည့်ကြတယ်။ လူတိုင်းဝ လာတယ်၊ ကျွန်မက လွဲရင်ပေါ့။ ကျွန်မကတော့ အရင်ကထက် နည်းနည်းပိုပိန် သွားတယ်။ ဘယ်လောက် ရှိလည်းတော့ မပြောတော့ဘူး။ ဟီး ဟီး။ ပိန်သွားတယ်ဆိုတာ သိပေမယ့် ဒီလောက်ပဲရှိမယ် မထင်ဘူး။ စိတ်ကို လေ သွားတာပဲ။ ကျွန်မရဲ့ ချစ်သူကို ကျွန်မခု ဘယ်လောက် ပေါင်ချိန်ရှိနေလည်း မပြောရဲတော့ဘူး။ သူသိရင် ဒီလောက်တောင် ပိန်နေရလားဆိုပြီး ဆူမှာ။ ဆူတာ သူ့ အလွန် မဟုတ်ပါဘူး။ သူက ကျွန်မကို အစာမှန်မှန် စားဖို့  အမြဲပြောတယ်။ နေ့ လယ်စာ စားချိန် ဖုန်းဆက်ရင်လည်း အစာကုန်အောင်စားဖို့  အမြဲ သတိပေး၊ မနက်ဆိုလည်း နွားနို့ သောက်၊ ညဆို မိုင်လို သောက်လို့  မှာတဲ့ ကြားက ကျွန်မကလည်း ကျွန်မပါပဲ။ ဝလာတယ်ကိုမရှိ၊ ပိန်မြဲ ပိန်လျှက်ပါပဲ။

အရင် က နွားနို့ နဲ့  မိုင်လို သောက်လို့ မရဘူး။ သောက်တာနဲ့ အမ် ချင်တယ်။ ခုတော့ မနက်နဲ့  ညတွေမှာ ချစ်သူက ဖုန်းဆက်၊ အတင်းသောက်ခိုင်းလို့ ၊ နှာခေါင်းပိတ် သောက်ရင်နဲ့ တော့ အဲ့ဒါတွေသောက်လို့  ဝင်လာပြီ။ တိုးတက်လာတဲ့ သဘောလို့  ပြောရမယ်။ ဒါတောင်ခုတလော သူကမပြောလို့  မသောက်ဖြစ်ပြန်ဘူး။ သူ့ ခဗျာလည်း အမြဲလိုက်ပြော နေရတာ ပင်ပန်းသွားပြီနဲ့ တူပါရဲ့။

ဒီနေ့ ပေါင်ချိန်စက်လေး သွားဝယ်တာကလည်း ကိုယ့်ကိုကိုယ် ဝလာမလာ သိချင်လို့ ပါ။ နည်းနည်း ဝလာရင် ပိုပြီး အားတက်သရောနဲ့  အစာတွေ မှန်မှန်စား၊ အိပ်ရေး ဝအောင်အိပ် လုပ်ဖြစ်မလားလို့ ။ ဘာပဲ ပြောပြော စမ်းကြည့်တာပေါ့။ ဒီနေ့  ပေါင်ချိန်ကြည့်လိုက်တော့ ပိန်နေတာ သိလိုက်ရလို့  ညစာလည်း စားလိုက်တယ်၊ အိပ်ခါနီး မိုင်လိုသောက်ပြီး စောစောအိပ်မယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်ပါ၊ ဝအောင်လုပ်ပါ၊ ဒီလောက်ပိန်နေတာ မြင်ရတာ စိတ်မချမ်းသာဘူးလို့ အမြဲ ပြောနေတဲ့ မိဘတွေနဲ့  ချစ်သူ စိတ်ချမ်းသာအောင် ကြိုးစားလိုက်ဦးမယ်။

တစ်ခုပြောရဦးမယ်၊ ကျွန်မကို ကီလို ၄၀ ပြည့်တဲ့နေ့  လုပ်ချင်တဲ့ အရုပ်တွေ ဝယ်ပို့ ပေးမယ်လို့  ပြောတဲ့ မောင်ငယ်တစ်ယောက်၊ လိုချင်တာ ဝယ်ပေးမယ်၊ စားချင်တာ လိုက်ကျွေးမယ် ပြောတဲ့ သူငယ်ချင်း တစ်ယောက်။ ၄၅ ကီလို ရှိရင် ကြိုက်တာ အကုန်ဝယ်ပေးမယ် ပြောထားတဲ့ မောင်ငယ်ကတစ်ယောက် ရှိတယ်။ သူတို့ ပြောတာ ကြာလှ ရှိပြီပေါ့၊ ကျွန်မကတော့ ခုချိန်ထိ သူတို့ ကို တစ်စုံတစ်ရာ ဝယ်ခိုင်းခွင့် တစ်ခါမှ မရဘူးသေးပါဘူး။

13 August 2006

စိတ်ထဲ ရှိတိုင်း ဖွင့်ပြောတာ မကောင်ဘူးထင်တဲ့ အတွက် စိတ်ထဲရှိ နေတဲ့ တစ်ချို့ သောအရာတွေကို မြင်နိုင်သူတွေသာ မြင်ရအောင် သိမ်းဆည်းထား လိုက်တော့ မယ်။

13 August 2006 - 09:50 AM

August 10, 2006

10 August 2006 - အတွေးများ

လူအများစုဟာ တစ်ခါတလေမှာ သူတို့ ရဲ့ အရင်းနှီးဆုံး ဆိုတဲ့ လူတွေကို အသိအမှတ်ပြုပေးဖို့  မေ့နေတတ်ကြတယ်။

Google Video - TP Thingyan 2005

ဒီနေ့  အလုပ်မှာ အလုပ် လုပ်ရင်း ထုံးစံ အတိုင်း အချိန် နည်းနည်းရတာ နဲ့  google video မှာ Myanmar ဆိုပြီး ရှာရင် ဘာတွေများ ထွက်လာမလည်း သိချင်တာနဲ့  ရှာကြည့်လိုက် တော့ မြန်မာနဲ့  ဆိုင်တဲ့ video တော်တော်များများ တွေရတယ်။ ဒါနဲ့  ဟိုဟာဖွင့်ကြည့် ဒီဟာဖွင့်ကြည့် နဲ့  စပ်စုနေတာ နောက်တော့ ဒီက TP poly က 2005 Thingyan ပွဲမှာ ရိုက်ထားတဲ့ TP Myanmar Play 1 ဆိုတဲ့ video လေးကို တွေလို့  ကြည့်လိုက်တာ သဘောကျ သွားတာနဲ့  လိုက်ရှာကြည့်တော့ video အပိုင်းလေးတွေ တော်တော်များများ တွေ့ ရတယ်။ အလုပ်မှာ ပဲ အားလုံးပြီအောင် ကြည့်လိုက်တယ်။ အဲ့လောက်တောင် အလုပ်ကို အရမ်းကြိုးစား တာပါ။ TP Thingyan 2005 အခွေကို ဒီက လူတော်တော်များများကတော့ ကြည့်ပြီးကြမယ် ထင်တာပဲ။

ဒီမှာ Poly တွေမှာ Thingyan ပွဲတွေ လုပ်လေ့လုပ်ထ ရှိကြတယ်။ ကျွန်မ ဒီရောက်ခါစကတော့ TP Thingyan 2004 ကို ကျွန်မရဲ့ မောင်ဝမ်းကွဲ နဲ့  သူ့ သူငယ်ချင်းတွေ အတင်းဖိတ်တာနဲ့ သွားဖြစ်တယ်။ အဲ့ဒီနေ့ က နေ့ တစ်ဝက်အလုပ် လုပ်ရတော့ အလုပ်ကနေ တန်းသွားရတာ။ ဟိုရောက်တော့ လူတွေက အများကြီးပဲ။ အဲ့လောက် လူများမယ် ထင်မထားဘူး။ ကျွန်မက လူတွေ အရမ်းများရင် မနေတတ်တော့ဘူး။ ကိုယ်နဲ့  သိတဲ့ သူ သိပ်မရှိတာလည် ပါမယ်ထင်တယ်။ သူတို့ တွေက တော့ ပြဇာတ်ကောင်းတယ်၊ အကုန်ပြီးအောင် ကြည့်ပါ၊ ပြီးရင် ရေလည်းပတ်ကြဦးမှာ၊ မုန့် တွေလည်းကျွေးမယ်၊ ပြီးရင် အိမ်လိုက် ပို့ ပေးမယ် ဘယ်လောက်ပဲ ပြောပြော အလုပ်က လာရတာ ပင်ပန်းနေတယ်လို့  ရောချလိုက်ပြီး၊ သူတို့ ကျေနပ်အောင် နာရီဝက်လောက်ပဲ နေပြီး ပြန်လာလိုက်တယ်။ သူတို့  က TP Thingyan ကို အခွေထုတ်မှာ လို့ လည်း ကြိုပြောထားတာလည်းပါ ပါတယ်။ ရေပတ်ခံရ မှာလည်း မကြိုက်ဘူး၊ လူများတဲ့ ပွဲတွေလည်း မသွားချင်တော့၊ နောက်ပိုင်း ဘယ် Thingyan ပွဲမှ မသွားတော့ဘူးလို့  ဆုံးဖြတ်လိုက်တယ်။

2005 Thingyan ပွဲတွေတော့ သူငယ်ချင်းတွေက ဖိတ်သေးတယ်။ မလာနိုင်ဘူးပြောရင် စိတ်ဆိုးကြမှာ။ ဒါပေမယ့်လည်း ကျွန်မ ရန်ကုန်ပြန်တဲ့ နေ့ နဲ့  တိုက်နေလို့  ထွေထွေထူးထူး အကြောင်ရှာ ငြင်းနေစရာ မလိုတော့ဘူး ဖြစ်သွားတယ်။ နင်မလာဖြစ်လည်း အခွေ ထွက်ရင် လာပေးမယ် ပြောလိုက်ကြတာ ဘယ်လောက်တောင်များ သတိတရ ရှိလိုက်ကြလည်းဆိုတော့ ဒီနေ့ မှပဲ google ရဲ့ ကျေးဇူးနဲ့  TP Thingyan 2005 ကို ကြည့်ရပါတော့တယ်။

မကြည့်ရ သေးတဲ့ သူငယ်ချင်းတွေ ကြည့်ချင်ရင် ကြည့်လို့ ရအောင် ကျွန်မ ဒီနေ့  ကြည့်ဖြစ်တဲ့ google video က TP Thingyan 2005 လင့်ခ်တွေကို ဒီမှာ ထပ်ဆင့်မျှဝေ လိုက်တာပါ။ ဒီ video တွေကို ပိုစ့်လုပ်ပေးထားသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Google Video - TP MYANMAR Thingyan 2005

YouTube မှာ ရှာရင်လည်း ဒီက Poly တွေရဲ့ Thingyan အခွေတွေ တွေနိုင်မယ် ထင်တယ်။ ကျွန်မတော့ ခုဟာက အလုပ်မှာ ဆိုတော့ Google Video လောက်နဲ့ ပဲ ကျေနပ်လိုက်တော့မယ်။ YouTube ကဟာတွေ တော့ အိမ်ရောက်မှ ကြည့်တော့မယ်။

YouTube - Thingyan

09 August 2006

Singapore National Day
ဒီနေ့  ဒီနိုင်ငံ ရဲ့ အနှစ် ၄၁ ပြည့် မွေးနေ့ တဲ့။ အပြင်မှာ အရမ်းစည်းကား နေတယ် ပြောကြတာပဲ။ ဘာတွေ နဲ့  စည်ကားနေလဲ တော့ ငါမသိဘူး။ သိလည်း မသိချင်ဘူး။ ခု ငါတစ်ယောက်တည်း အိမ်မှာ ရှိနေတယ်။ အစ်ကိုတော့ အပြင်ထွက် သွားတယ်။ အိမ်က တူတူနေတဲ့ လူတွေအားလုံး အပြင်သွားနေကြတယ်။ ငါကို အပြင်မထွက်ဘူးလားတဲ့။ အပြင်ထွက်ဖို့ စိတ်မဝင်စားဘူး ဖြစ်နေတယ်။ လူတွေ အများကြီးနဲ့  တိုးဝှေ့ ပြီး သွားလာရမယ် နေရာတွေ ဆို အရမ်းအရေးကြီးတဲ့ ကိစ္စ၊ မသွားမဖြစ် ကိစ္စတွေ ကလွဲရင် ဘယ်နေရာမှ မသွားချင်ဘူး။ အိမ်မှာ အိပ်နေတာကမှ၊ အိပ်ရေးဝပြီး အနားရသေးတယ်။ ဒီနေ့ ပြီးရင် နောက်လ အတွင်း အားလပ်ရက် တစ်ရက်မှ မရှိတော့ဘူး။ စက်တင်ဘာလ ကုန်ခါနီးမှ အားလပ်ရက် ရတော့မှာ။ ရှားရှားပါးပါး ရတဲ့ ဒီ အားလပ်ရက်လေးမှာ အပြင်မထွက်ချင်ပါဘူး။ အင်တာနက် က သတင်းတွေလိုက်ဖတ်၊ စာအုပ်တွေဖတ် လုပ်ဖြစ်တယ်။ ဘလောခ့်တစ်ချို့ လိုက်ဖတ်ဖြစ်တယ်။ ဘလောခ့်တွေ တောင် အရင်ကလောက် မဖတ်ဖြစ်တာကြာပြီ။ ဖတ်စရာ အကြွေးတွေက အများကြီးပဲ။

Happy Birthday Py Py
ဒီနေ့  ပိုင်ပိုင် ရဲ့ မွေးနေ့ ။ ဖုန်းဆက်ပြီး မွေးနေ့  ဆုတောင်းလုပ်ရင် ကောင်မလား စဉ်းစားမိသေးတယ်။ မလုပ်တော့ဘူး။ အီးကတ်တော့ ပို့ လိုက်တယ်။ ပိုက်ဆံ မရှိတာနဲ့  ဒီနှစ်တော့ ဘာမှ မွေးနေ့  လက်ဆောင်မပေးဖြစ်လိုက်ဘူး။ အိမ်ပြောင်းသွားပြီပြောတယ်။ အိမ်လိပ်စာ အသစ် လည်း မသိဘူး။ မေးလည်း မမေးမိဘူး။ အဲ့ဒီတော့ ဘာမှ မပို့  ဖြစ်လိုက်တော့ဘူး။ နောက်နှစ်မှပဲ မွေးနေ့  လက်ဆောင်ပို့ တော့မယ်။ မွေးနေ့  လေး ဆုတောင်းပေးလိုက်ဦးမယ်။

ပိုင်ပိုင်
ဒီနေ့  ပိုင်ပိုင်ရဲ့ ၂ရ နှစ်မြောက် မွေးနေ့ မှသည်.. နောင်နှစ်ပေါင်းများစွာတိုင်အောင် လိုအင်ဆန္ဒ အားလုံးပြည့်စုံပါစေ။ အရင်က ထက် ဂိမ်းများများ ပိုဆော့နိုင်ပါစေ။ ပိုက်ဆံတွေ အများကြီးရှာနိုင်ပြီး နေနေ့ ကို မုန်းဖိုးများများပေးနိုင်ပါစေ။ အမွေများများ ပေးနိုင်ပါစေ။

ဒီပိုစ့် ကို မတော်တဆ ပိုင်ပိုင် ဖတ်ဖြစ်ခဲ့လို့  သူ့ အသက်ကြီထဲ့ ရေးထားတာ တွေ့ ရင် စိတ်များဆိုးနေမလားပဲ။ ဟား ဟား။

August 08, 2006

Happy Birthday Thiha Kyaw Zaw

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ.. ချစ်သူ။

ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် စိတ် ချမ်းသာ၊ ကိုယ် ကျန်းမာစွာ ဖြင့်
ဖြစ်ချင်တာ၊
ဖြစ်သင့်တာ နဲ့ 
ဖြစ်နေတာတွေ တထပ်တည်းကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
နေနေ

August 07, 2006

07 August 2006 - အတွေးများ

တစ်ကယ်ပါ အလုပ်က မောမောပန်းပန်းနဲ့  အိမ်ပြန်ရောက်ပြီဆို ပွစိ ပွစိ နဲ့  နားငြီး မယ့်ဟာတွေ နားမထောင်ချင်ဘူး။ ပင်ပင်ပန်းပန်းလည်း ဘာမှ မလုပ်ချင်ဘူး။

အရင်က ကြားဘူးတာတွေ၊ စာအုပ်ထဲမှာ ဖတ်ဘူးတာတွေ အရ အိမ်ထောင် တစ်ခုမှာ ယောက်ျားက အလုပ်က မောမောပန်းပန်းနဲ့  ပြန်လာ၊ အိမ်မှာ မိန်းမက ပွစိပွစိ လုပ်တော့ ရန်တွေဖြစ်ကြရော ဆိုတာတွေကို .. ခံစားလို့  မရခဲ့ဘူး။ ခုမှပဲ နည်းနည်း ကိုယ်ချင်းစာ မိတော့တယ်။

အရင်က တစ်ယောက်တည်း နေတော့၊ အလုပ်က အိမ်ပြန်ရောက်ပြီဆို အနားယူ၊ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ အိပ်ချင်ရင်လည်း တန်းအိပ်လိုက်၊ စိတ်အေးလက်အေး ကိုယ်နေချင် သလိုနေ ပြောမယ့်သူ ဆိုမယ့်သူမရှိ၊ မလုပ်ချင်တဲ့အရာတွေကို ထပြီး လုပ်နေစရာလည်း မလို၊ ဘယ်လောက် ကောင်းလိုက်လဲ။ ခုကြ တော့ အစ်ကို ဖြစ်တဲ့ သူက ရောက်နေတယ်။ တစ်ခုခုဆို ကိုယ်လုပ်တာ ကိုင်တာတွေ သူ့ စိတ်နဲ့  မတွေ့ ရင် အိမ်ပြန်ရောက်တာနဲ့  အဆူက ခံရပြီ။ အစ်ကိုက ကောင်းစေချင်းလို ပြောနေတာတွေ ဆိုတာသိပေမယ့် ကိုယ်က နားမှ မထောင်ချင်တာ။ မောလည်းမောနေတော့ စကားကို လေ လုံးကွဲအောင် ပြန်မပြောချင်ဘူး။ အဲ့ဒီတော့ အစ်ကိုက စိတ်တွေဆိုးလာပြီး ပိုပြီးဆူရော။ ပိုပြီးဆူတော့ ကိုယ်က ပိုပြီး နားမထောင်ချင်ဖြစ်လာတယ်။ ဒါတောင် သူက အစ်ကို မို့ လို့ ပြန်မပြောရဲလို့  သာ ငြိမ်နေရတာ။ သူကလည်း ညီမလေး ဆိုပြီ ကိုယ့်ရဲ့ မလှုပ်တလှုပ်ပုံစံကို သည်းငြီးခံနေလို့ ။ ကိုယ်က ပြန်ပြော၊ သူက သည်းငြီးမခံနဲ့ ဆို ရန်ပွဲတွေ ဆက်နေမှာ ကြာလှပေါ့။

ဒါကြောင့်လည်း ဖေဖေနဲ့  မေမေက သမီးရဲ့ အကျင့်တွေနဲ့  ဆို ယောက်ျားယူလို့ ကတော့ တော်ရုံ ကောင်လေးမျိုးနဲ့  ဖြစ်မှ မဟုတ်ဘူး၊ အဲ့ဒီတော့ အပျိုကြီပဲလုပ်တော့ လို့  အမြဲပြောနေတာဖြစ်မယ်။ ကြာလေ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရတာ ဘယ်လောက်ကောင်းလည်းဆိုတာ ပိုသိလေ၊ ကိုယ့်ရဲ့ အကျင့်ဆိုးတွေနဲ့ ဆို တစ်ယောက်တည်းနေတာ ပိုအဆင်ပြေလောက်တယ် ဆိုတာ ပိုသိလေ။ အင်း ဒီအတိုင်းဆို ကြာရင် ငါလည်း အပျိုကြီးပဲ ဖြစ်တော့မလား မသိပါဘူး။

Take Care

အလုပ် လုပ်ရတာ စိတ်မဖြောင့်ဘူး ဖြစ်နေတယ်။ ခု သူ ဗိုက်အောင့်နေ ပြန်ပြီလေ။ ဘာလို့  ခဏ ခဏ ဗိုက့်အောင့်နေရတာလဲ။ အစာ များများစားတာနဲ့ ဖြစ်ရောပဲ။ တော်တော့်ကို ပေတိ ပေကပ်နဲ့  လုပ်ချင်တာလုပ်၊ စာချင်တာ စားတယ်။ ဒီနေ့  ဗိုက်အောင့်နိုင်တယ် စိတ်ထဲ ထင်နေလို့  မနေ့ ညက ကိုယ်မအိပ်ခင် သူ့ စီ ဖုန်းခေါ်ဖို့  ကြိုစားသေးတယ်။ အစာ စားတာ ဂရုတစိုက်စားဖို့ ၊ အစာကျေလွယ်တာတွေပဲစားဖို့  မှာမလို့ဟာကို ဖုန်းကဆက်လို့  မရ။ မနက် မိုးလင်း၊ အလုပ်သွားခါနီး ဖုန်းထပ်ဆက်တော့ မှပဲ ရတော့တယ်။ ဖုန်းဆက်လို့  ရတဲ့ အချိန်ကြတော့ ညစာက စားပြီးနေလို့  အိမ်တောင်ပြန်တော့မယ်။ ခု အိမ်ပြန် ရောက်တော့ ဗိုက်ကအောင့်ပြီ။ ခက်တယ်။

ကိုယ်က အနီးအနားမှာ ဆိုလည်း အစား၊ အသောက်ကိစ္စကို ကိုယ်တတ်နိုင် သလောက် ဂရုတစိုက် လိုက်လုပ်ပေးလို့  ရသေးတယ်။ ခုဟာက အဝေးကြီး။ ဘာလုပ် ပေးရ မှန်းကို မသိတော့ဘူး။ ခုရော အိပ်လို့ ပျော်ရဲ့ လား မသိဘူး။ ဖုန်းဆက်လို့  လည်း မဖြစ်ဘူး။ အိပ်ပျော်နေရင် နိုးသွားမှာ စိုးရသေးတယ်။

သူ့ မှာ ကျန်တာတွေ ဘာမှ စိတ်ပူစရာ၊ စိုးရိမ်စရာ မရှိဘူး။ ဒီ အစားအသောက် ကိစ္စတစ်ခုပဲ စိုးရိမ်နေရတယ်။ အစာအိမ်ကလည်း ကောင်းတာ မဟုတ်။ အစားမျုားများ စားရင်ဗိုက်က အောင့်ပြီ။ ဟင်း... ဒီလို ဗိုက်အောင့်နေပြီဆို သူလည်း ခံရတာ မသက်မသာ၊ ကိုယ်လည်း စိတ်ပူပြီ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်ဆို အစားအသောက် ဂရုစိုက်ဖို့  အမြဲသတိပေးနေမှ ဖြစ်တော့မယ်။

မနက်ကြရင်လည်း အလုပ် သွားရအုံးမယ်။ ခုတော့ သူ ဗိုက်အောင့် သက်သာပြီး အိပ်သွားပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ။ ကျန်တာ ဘာမှ လုပ်ပေးလို့  မှမရတာ။

August 05, 2006

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ဥဒစ္စအလွန် သီချင်းကို အရမ်းကြိုက်နှစ်သက်တယ် ပြောသူတစ်ယောက်အတွက် ကြိုးစား ရေးသားထားခြင်းပါ။ အောက်ကစာသားတွေဟာ သီချင်းကို နားထောင်ကြည့်ပြီး၊ ကြားမိသမျှကြိုးစား ရေးထားခြင်းဖြစ်လို့  စာသားတွေမှာ မှားယွင်းမှု့  တွေ ရှိနိုင် ပါတယ်။ ကျွန်မ ဒီ ဥဒစ္စအလွန် သီချင်းကို ကိုအောင်လံမောင်ရဲ့ ဇူလိုင်လ အတွက် သီချင်းများ ဆိုတဲ့ ပိုစ့်မှ ရရှိခြင်း ဖြစ်ပါတယ်။ သီချင်းပေါင်းများစွာကို အမှတ်တရ ပြန်လည်နားထောင်ဖြစ်အောင် မျှဝေခဲ့ တဲ့ အစ်ကိုကြီး ကိုအော်လံမောင် ကို အရမ်းကျေးဇူး တင်ပါတယ်။ ဒီလင်ခ့်က http://awlanmg.blogspot.com/ ကိုအော်လံမောင်ရဲ့ ဘလောခ့်ပါ။ ကျွန်မ အမြဲသွားရောက် ဖတ်ရှု့  လေ့ ရှိတဲ့ သလောခ့်တစ်ခုပါ။ အဲ့ဒီ ဘလောခ့်မှာ ဖတ်စရာ၊ မှတ်စရာ အကြောင်အရာပေါင်းများစွာ၊ နားထောင်ချင်စရာ သီချင်းပေါင်းများစွာ ရှိပါတယ်။

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ရင်ထဲက နှင်းများကျတဲ့ ဒီဟေမာန် နံနက်ခင်းမှာ
ချယ်ရီပန်းများလည်း ဖူးပွင့်ဝေပြီ
အမှောင်ကွယ်ကာ တိမ်တွေကြားက
ပြူထွက်မယ့် ရှင်နေမင်းလို
မျှော်ကိုးဆဲ ချစ်သူရယ် မလာတော့

တုန်ချမ်းလို့  ခိုက်ခိုက်အေးနေ
အပြင်ဘက်က တိုက်တဲ့ မြောက်လေ
ဝတ်ထားတဲ့ ကိုယ့်ရဲ့ အနွေးထည် ... မကာနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်လုံ့ လ ချစ်ဝိရိယများ

ရင်ထဲက မီးပြင်းတိုက်သလို
ဒီဂိန်မာန် နေမွန်းတည့်
နွေဥသြကလေးလည်း လွမ်းတေးသီပြီ
ချောင်ငယ်မှာ ထိုင်ကာတွေးမိ
လိုချိန်မှာ မသာတဲ့လလို
မျှော်လင့်ဆဲ ညချိန်ရယ်လာတော့ 

ကျိမ်စာတွေ ပြုကာထားသလား
ဝေဟင်က ကျတဲ့မျှား ပမာ
ကိုယ်ဆောင်းတဲ့ ထီးကပျော့တယ် မခံနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်သောက ချစ်စိတ်တဇများ

ရင်ထဲကကျတဲ့ မျက်ရည်
ဒီဝတ်သာန် အခါညချမ်းမှာ
ကိုယ်တစ်ယောက်တည်း အဖော်လွဲ ထီးတည်းကျန်နေ

လှောင်ရယ်ကာ နေနိုင်ရက်သူ
ရွာလေပြီ လျှပ်ပြက်မိုးခြိန်း
မျက်လုံးနဲ့ နား ခံနိုင်ရည်ဝ
မုန်တိုင်းများ ပုန်းတဲ့ ငုတ်ကောင်
မျှော်လင့်ချက် ဆက်ရွေ့  ထားကာ
မာနလည်း မထားပြီ၊ မရှိပြီ ယုံပါတော့

ဆိုချင်တယ် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်အတိတ်ကောင်း ချစ်နိမိတ်ကောင်းများ

August 03, 2006

Microsoft Launches Windows Live Spaces

ဒီနေ့  ကျွန်မကို THKZ က Microsoft ကနေပြီးတော့ Window Live Spaces ဆိုတာကို စသုံးလို့ ရပြီ ဆိုပြီ သတင်းပေးပါတယ်။ အသစ်ဆို တော့ ဘယ်လိုဟာလည်းလို့  သိချင်၊ စမ်းချင် သွားတယ်။

MSN Spaces မှာ ကျွန်မရဲ့ hotmail နဲ့  လုပ်ထားတဲ့ site တစ်ခုရှိပါတယ်။ http://spaces.msn.com/naynaynaing ဆိုတဲ့ site ပါ။ Window Live Spaces ဆိုလို့  MSN Spaces နဲ့  ဘာကွာ လည်း သိချင်လို့  http://spaces.live.com/ မှာ account သွား လုပ်တာ၊ hotmail နဲ့  password ထည့်လိုက်တော့ ကျွန်မ ဘာမှ မလုပ်ရပဲ account က ရှိနေတယ်။ တော်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့ လည်းလို့ ၊ သေချာကြည့် မှ သိတော့ တယ်။ အဲ့ဒီက data တွေက ကျွန်မရဲ့ MSN Spaces က data တွေပဲ။ Window Live Spaces ဆိုတာ MSN Spaces ပဲလို့  အဲ့ဒီမှ သိတော့တယ်။

MSN Spaces မှာ account မရှိသေးတဲ့ သူတွေမှသာ Window Live Spaces မှာ new account လုပ်ဖို့ လိုတာပါ။ ကျွန်မတို့ လို MSN Spaces မှာ account ရှိပြီးသာလူတွေကြတော့ ဘာမှ ထပ်လုပ်ဖို့ မလိုတော့ပါဘူး။ Micorsoft က MSN spaces ကနေ Window Live Spaces လို့  နာမည်ပြောင်းပြီး Feature အသစ်တွေ ထပ်ထည့်ပေးထားတာပဲလေ။ တူတူပဲပေါ့။ ကျွန်မကို ကလည်း တော်တော်ကို တုန်းပါတယ်၊ တုန်းရုံ မက စာဖတ်တာ လည်းပျင်းတော့ MSN Live Spaces အကြောင်းကို သေချာဖတ် မကြည့်ပဲ၊ ဒီတိုင်း စမ်းကြည့် လိုက်တာပါ။ နောက်မှ ကျွန်မရဲ့ MSN spaces site link ကို သွားကြည့်တော့ http://naynaynaing.spaces.live.com/ ဒီလင်ခ့်ကို redirect လုပ်သွားတာတွေရတယ်။ ခုဆို MSN Spaces ဆိုတာ မရှိတော့ ပါဘူး။ MSN Live Spaces ဆိုတာပဲ ရှိပါတော့တယ်။

ထုံစံ အတိုင်း အသစ်ဆိုလို့  သာ စမ်းကြည့်ချင်တာ။ ခုဟာက account ရှိပြီး သားဆို တော့ စမ်းကြည့်ဖို့  စိတ်မပါတော့ဘူး။ ဘာ Feature အသစ်တွေပါ လည်းဆိုတာကိုတော့ နောက်၊ အားမှ စမ်းကြည့်တော့မယ်။ ခုတော့ ပျင်းသွားပြီ။

Window Live Spaces အကြောင်း သိချင်ကြရင်တော့ အောက်ကလင်ခ့် မှာ ဖတ်လို့  ရပါတယ်။
DailyTech (Window Live Spaces)

ဒါ ကျွန်မ ဖတ်ဖို့ ဆိုပြီး THKZ က ပို့ ပေးတဲ့ လင့်ခ်ပါ။ ကိုယ်ဟာကို ဆို ဘာမှ မဖတ်ဘူး။ ပျင်းတယ်။

02 August 2006

ဒီနေ့  ဖေဖေ ရန်ကုန်ပြန်သွားပြီ ဆိုတော့ နောက်ရက်တွေမှာ အလုပ်သိပ် မရှုပ်လောက်တော့ဘူး ထင်ရတာပဲ။ လုပ်စရာ ရှိတာတွေ လည်း တော်တော်ပြီး သွားပြီ၊ ဖေဖေလည်း ပြန်သွားပြီ။ ပြီးခဲ့တဲ့ အပတ် စနေနေ့  ညထဲက ဖေဖေ ဒီရောက်နေတာ၊ ဒီတစ်ခေါက် ထူးထူးခြားခြား hotel မှာ မနေပဲ ကျွန်မ တို့  အိမ်မှာ လာနေတယ်လေ။ သူ့ ရဲ့ သမီး ဒီမှာ နေတဲ့ Life Style ကို သိချင်လို့ တဲ့လေ။ ခုတော့ ပြန်သွားပြီး။ ဖေဖေ ဘာတွေ များ သိသွားလဲ မသိဘူး။ ဖေဖေ သိသွားမှာ သေချာတာ တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက ကျွန်မဟာ ကျွန်မရဲ့ အဖေ သူနဲ့ တချို့ နေရာတွေမှာ အရမ်းကို တူနေ တယ်ဆိုတာကိုပါ။ ဟီး ဟီး။ အရင်ထဲကလည်း သိမှာပါ။ ခုတော့ ပိုသိသွားမယ်လို ထင်ရတာပဲ။

ကျွန်မ က ရုပ်ရည် အရ အဖေတူ သမီး ဆို တာ ရင်းနှီး သူတိုင်းသိကြတယ်။ အဲ့ဒီလို တူနေတာက ကျွန်မ့အတွက် တစ်မျိုးကောင်းနေတယ်။ တစ်ခုခုဆို အဆူခံ ရတော့ မယ်ဆို.. "သမီးက အဖေ တူ သမီးပဲ ဒီလောက်တော့ ရှိမှာပေါ့" လို့  သာပြောလိုက် အဖေဆူ တာကိုလုံဝ မခံရတော့ ဘူးဆိုတာ သေချာသလောက် ရှိသွားပြီ။ ဆူခံရ ခါနီးတိုင်း တင် မဟုတ်ပါဘူး၊ ကောင်းတာတွေ လုပ်ထားလို့  ချီးကျူး ခံရ ခါနီးတိုင်လည်း ပြောပေးဖို့  တော့ လို တာပေါ့ နော်။

ဒီတစ်ခေါက် ဖေဖေ ဒီကိုလာတာ မဆိုးဘူး။ မုန့် ဖိုး ပေးပါဆိုပြီး တောင်းလိုက်တော့ ပေးသွားတယ်။ ဟီး ဟီး။ အရင် နှစ်လ လောက်က မေမေ လာတုန်းက လည်း ပြန်ခါနှ်ီးမှာ မုန့် ဖိုး ပေးသွား သေးတယ်။ ခဏ ခဏ လာပြီး၊ မုန့် ဖိုး အမြဲပေးသွား ကြရင် ကောင်းမယ်။ အမေ ဒီမှာ ရှိနေတုန်း ကဆို၊ အိမ်မှာ ဘာမှ မလုပ်ရဘူး။ အလုပ်ကနေ အိမ်ပြန်လာပြီဆို မေမေ ချက်ထားတဲ့ ထမင်းကို အစဉ်သင့်လေး စားရုံပဲ။ အဝတ်လျှော် စရာလည်း မလိုဘူး၊ မီးပူလည်း တိုက်ပြီးသား၊ ဝတ်တော့မယ်ဆို အစဉ်သင့်ပဲ။ အမေကျေးဇူး များတယ်ကြီး ပါလာနော်။ ခုများကြတော့ ကိုယ့်ဟာကို အကုန်လုပ် နေရတယ်။ မေမေ ဒီမှာရှိနေတုန်း ကျွန်မ နည်းနည်းတောင်ဝ လာတယ်။ ညဆို စောစော အိပ်ခိုင်း၊ မနက်ဆို မနက်စာ စားခိုင်း၊ နွားနို့ သောက်ခိုင်းနဲ့ ဆိုတော့ ဝလာတာ ဘာဆန်းမလဲ။ အဲ့ဒီတုန်းက ဝလာတာ မဆန်းသလို ခု ပြန်ပိန်သွားတာလည်း ဘာဆန်းမလည်းနော်.. ။

နွားနို့ ဆိုလို့ ကျွန်မက နွားနို့  လုံးဝ မကြိုက်ဘူး။ ပြီးခဲ့တဲ့ အပတ်က နွားနို့  မှန်မှန် မသောက်လို့  မေမေ ဖုန်းဆက်ပြီး လှန်းဆူတာ ခံလိုက်ရသေးတယ်။ ကျွန်မ အဆူခံရတာ မဟုတ်ဘူး၊ ဖေဖေ နဲ့  အစ်ကို အဆူခံရတာ။ ကျွန်မ နွားနို့ မကြိုက်တာ၊ မသောက်ချင်တာ၊ အတင်းသောက်ခိုင်းရင်လည်း အကြောင်ရှာ လျှောင်ပြေးနေတာကို မေမေ သိနေတာပဲ။ အဲ့ဒီတော့ ကျွန်မကို မဆူဘူး၊ ကျန်တဲ့ သူတွေကို ဆူတာပေါ့။ ဟား ဟား။ ဖေဖေကလည်း သူ အဆူမခံရအောင်ဆိုပြီး၊ သူရှိနေ တဲ့ မနက်တိုင်း ကျွန်မကို အလုပ် မသွားခင် နွားနို့  သောက်ခိုင်းတယ်။ ပြန်ခါနီးတော့ ကျွန်မ သောက်ဖို့  ဆိုပြီး နွားနို့  တွေ အများကြီးဝယ်ပေးသွားတယ်။ Full Cream တွေဝယ်ပေးတာ။ သောက်ရတာ အော်ကလီဆန်လိုက်တာ။ ကိုယ်ဟာကိုဆို Skmi အလွန်ဆုံးဝယ်တဲ့ ဟာကို၊ ခုတော့ မနက်တိုင်း အဲ့ဒီဟာတွေသောက်ပြီး အန်ချင်နေတယ်။ အဲ့ဒီဟာတွေ ကုန်ရင် အစ်ကို ကို နွားနို့  အမြဲမပြတ်အောင် ဝယ်ရမယ်လို့  ပြောသွားတာ ကြားတာပဲ။ စိတ်ညစ်နေတယ်။ နွားနို့  အစား တစ်ခြားတစ်ခုခု ပြောင်းသောက်မယ် ပြောရမှာပဲ။ အစ်ကိုနဲ့  နားလည်မှု့ ယူရအုံးမယ်။

ခုတစ်လော သာမာန်ထက် ပို အပျင်းထူနေတယ်။ လုပ်စရာ လေးတွေ ပြီးအောင်လုပ်မှ ဖြစ်မယ်။ စာမေးပွဲ ဖြေဖို့ ဟာလည်း နည်းနည်း ခေါင်းထဲ ထည့်ထားအုံးမှ ဖြစ်မယ်။ လူက ကြာလေ အပျင်းထူ လေဖြစ်လာ သလိုပဲ။ ကိုယ်တစ်ယောင်တည်းတော့ မဟုတ်လောက်ပါဘူး။ ဒီနိုင်ငံမှာ ရှိနေတဲ့ ရှားရှားပါးပါး သူငယ်ချင်းကလည်း ကိုယ့်လိုပဲ ဆိုတော့ ဘာပဲ ပြောပြော အဖေါ်ရှိ သေးတာပေါ့။ ကိုယ်က သူ့ ထက် ပိုပျင်းတာ တော့ အသေအချာပဲ နေမှာ။ သူမှာ ဟို တစ်လောကလည်း ဘာဆိုလားလည်း မသိဘူးတတ်သေးတယ်။ ပြီးခဲ့တဲ့ လ တုန်ုးကလည်း စာမေးပွဲ တစ်ခု ဖြေတာ ခုအောင်စာရင်းထွက်ပြီ၊ အောင်သွားပြီလို့  ပြောတယ်။ သူ့ ကို အားကျပြီး သူ့ လို လိုက်လုပ်ချင်စိတ် ပေါက်ရင်ကောင်းသား။ ခုတော့ အဲ့ လို စိတ်ကူး မပေါက်ပဲ သူ့ ကို မုန့် လိုက် ဝယ်ကျွေးခိုင်း ချင်စိတ်ပေါက် နေတယ်။ ( မုန့် ဝယ်ကျွေး မလား။ )

ပြီးခဲ့တဲ့ အပတ်တုန်းက သူငယ်ချင်းစီက လက်ဆောင်ရတယ်။ သူဘန်ကောက်က ဝယ်လာတာ ဆိုပြီးပေးတာ။ နောက် သူငယ်ချင်း တစ်ယောက်က ရန်ကုန်ကနေ (The Waves) magazine နှစ်စောင်နဲ့ ၊ journal တစ်စောင် ဝယ်လာ ပေးတယ်။ နောက် သူငယ်ချင်း တစ်ယောက်က အထိမ်းအမှတ် တစ်ခု အတွက် ရှေ့အပတ်မှာ မုန့် လိုက်ကျွေးမယ်ပြော ထားတယ်။ ခု ဆုတောင်းရင် သူငယ်ချင်းတွေ ခရီးများများ သွားရပါစေ၊ ရန်ကုန် ခဏ၊ခဏ ပြန်ကြ ပါစေ၊ အောင်မြင်မှု့  တွေ များများ ရကြ ပါစေ လို့ ပါ ထဲ့ပြီး ဆုတောင်းရမလို ဖြစ်နေုပြီ။ ရှိသေးတယ် အစ်ကို စာမေးပွဲ မြန်မြန် အောင်ပါစေ၊ ဖေဖေ နဲ့  မေမေ စီက မုန့် ဖိုး များများရပါ စေလို့ ပါထဲ့ ဆုတောင်း ရမယ်။ ပြောသာ ပြောတာ ဘုရားမှာ ဆုမတောင်း ဖြစ်တာ တောင် အတော်ကြာပြီ။

ဘာရေးစရာ ကျန်သေးလဲ။ မရှိတော့ဘူး ထင်တယ်။ ဒီနေ့  တော့ ဒီလောက်ပါပဲ။ အိပ်သင့်ပြီ။ ကောင်းသော ည ပါ။

August 01, 2006

တို့ ဗမာ

ဒီနေ့  နားထောင်ဖြစ်ပြီး ကြိုက်နှစ်သက်သွားတဲ့ သီချင်းတစ်ပုဒ်..

Background Song of Democratic Federation of Burma



Download

July 31, 2006

How To Use Ant To Hack Music

ကျွန်မ သီချင်းနားထောင်တာ ကြိုက်တာကို သိတဲ့ ကျွန်မ ရဲ့ သူငယ်ချင်း တစ်ယောက်က အီးမေး ပို့ ပြီး internet က သ်ီချင်း download လုပ်ပုံ လုပ်နည်း လေးတစ်ခု ပြောပြပါတယ်။

Internet မှာ သီချင်းတွေ နားထောင်တဲ့ အခါ တစ်ချို့  site တွေမှာ ဘယ်နေရာမှာ အဲ့ဒီ သီချင်းတွေ သိမ်းထားတယ်ဆိုတဲ့ Link တွေ တွေ့ နိုင်ပါတယ်။ ပုံမှန်ဆို ကျွန်မတို့ ဟာ အဲ့ဒီ လို Link တွေရှာပြီး Link ကို right click နှိတ်ပြီး save လုပ်ရင်ပဲ ဖြစ်ဖြစ်၊ download manager software တွေ သုံးပြီး ပဲ ဖြစ်ဖြစ် ၊ သီချင်းကို download လုပ်လေ့ရှိပါတယ်။ ဒါပေမယ် အမြဲတမ်းတော့ အဲ့ဒီလို download လုပ်လို့  မရပါဘူး။ တစ်ချို့  site တွေက သူတို့  စီကနေ သီချင်းတွေကို download လုပ်ယူကြမှာ စိုးလို့ security ကောင်းအောင် လုပ်ထားတဲ့ အတွက်၊ ရှေ့ ကပြောထားတဲ့ နည်းတွေ သုံးပြီး download လုပ်ရင် မရပါဘူး။ အဲ့လို အခါတွေမှာ သူပြောတဲ့ နည်းကို သုံးပြီး download လုပ်ကြည့်ပါလို့  ကျွန်မရဲ့ သူငယ်ချင်းက ပြောပါတယ်။

ကျွန်မ က လည်း စပ်စပ်စုစု သမားဆိုတော့၊ ဘယ် ဒီအတိုင်း နေပါ့လဲ။ သူစီက နည်းသိတာနဲ့  သီချင်းတစ်ပုဒ်လောက်တော့ စမ်း လုပ်ကြည့်အုံးမှ ဆိုပြီး download လုပ်ကြည့်လိုက်တယ်။ မဆိုးပါဘူး၊ download လုပ်လို့  ရသားပဲ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ သူပေးတဲ့ နည်းက တစ်ခါမှာ သီချင်းတစ်ပုဒ် ပဲ download လုပ်လို့  ရပါတယ်။ အင်း.... သီချင်းကို အရမ်းကြိုက်ပြီး တစ်ခြားနေရာက download လုပ်လို မရနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဒီနည်းကို သုံးပြီး download လုပ်ဖြစ်မှာပါ။ မဟုတ်ရင် တော့ သုံးဖြစ်မယ် မထင်ဘူး။

နောက်ပြီးရှိသေးတယ်။ တော်ရုံ IT knowledge မရှိတဲ့ သူကတော့ အဲ့ဒီနည်း နဲ့  သီချင်းရှာ download လုပ်ချင်မယ် မထင်ဘူး။ ဘာလို့  လည်းဆိုတော့ ကျွန်မ ဒီပိုစ့် ရဲ့ ခေါင်းစဉ်မှာ တင်ထားသလို သ်ီချင်း donwload လုပ်တာ က ant ကို သုံးပြီး လုပ်ရမှာ လေ။ ပထမဆုံး ant ဆို တာ ဘာလဲ၊ သိဖို့ လို သေးတယ်။

ဒီနေရာမှာ ant ဆိုတာ ပုရွက်ဆိတ် ကို ပြောတာမဟုတ်ပါဘူး။ Apache Ant ကိုပြောတာပါ။ java နဲ့  တွဲသုံးတဲ့ tool တစ်ခုပါ။ ကျွန်မ စိတ်ထင် Java Porgramming လုပ်နေတဲ့ သူတွေတော့ ant ကို သိကြမယ်၊ သုံးဘူးကြမယ် နဲ့  တူတယ်။ ant ဘာလဲ ဆိုတာ သိရုံနဲ့  မရဘူး၊ အဲ့ဒီ ant ကို ကိုယ့် ကွန်ပြူတာ ထဲမှာ မရှိရင် ရှိအောင် ဒီ Apache Ant Site မှာ download လုပ်ပြီး၊ install အရင် လုပ်ရဦးမယ်။ ပြီးရင် setting တွေလုပ်ရအုံးမယ်။ ဒီဟာတွေ လုပ်ပြီးမှ သီချင်း download လုပ်တာကို စမ်းလို့  ရမှာပါ။ ဒီ download လုပ်နည်းကို စမ်းကြည့် ချင်လို သိချင်တာများရှိရင် ကျွန်မ ကို မေးလို့ ရပါတယ်။ ကျွန်မ သိတာတွေဆို ရှင်းပြ ပေးပါ့မယ်။

ကျွန်မ ကတော့ ကျွန်မရဲ့ ကွန်ပြူတာထဲမှာ ant က အစဉ်သင့်ရှိ နေတော့ ဒီနည်းကိုသုံးပြီး donwloal လုပ်ဖို့  က မခက်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့၊ သီချင်း ရှိနေတယ့် link တွေကို တော့ လိုက်ရှာ ရတာပေါ့။ ဒါလည်း သိပ် အလုပ်မရှုပ် ပါဘူး၊ ကျွန်မ က အားရင် သီချင်း download လုပ်ဖို့  link တွေ လိုက်ရှာ နေကြပါ။ ရှာနေကြ ဖြစ်သွားတော့ ဘယ်လို ရှာရမလည်း နည်းနည်း ပိုသိ လာ သလိုပဲ။ စပြီး ရှာ ခါစ ကတော့ တော်တော်လေး ခေါင်းမူးအောင်ရှာ ရပါတယ်။ ဘယ် အလုပ်မဆို လုပ်ကျင့်ရှိ သွားရင် နည်းနည်း တော့ လွယ်သွားမယ် ထင်တာပဲ။

ဒီနည်းကို သုံမယ်ဆိုရင် file နှစ်ခု လိုပါတယ်။ build.properties နဲ့  build.xml တို့ ပါ။ build.xml ကတော့ တစ်ခါ ရေးပြီးရင် ထပ်ပြီး ပြောင်းစရာမလိုတော့ပါဘူး။ ဒါပေမယ် build.properties ကတော့ သီချင်းရှိတဲ့ link ကို လိုက်ပြီး လိုအပ်တာတွေ ပြောင်းပေးရမှာပါ။ အောင်မလေးနော်..... တစ်ခုချင်းစီသာ လိုက်ရှင်း နေရ ရင် တော့ ပြီး တော့မှာ မဟုတ်ဘူး။ ဒီတော့ ကျွန်မ ခုဏ က စမ်းပြီး download လုပ်တုန်းက သုံးတဲ့ file တွေကို အောက်က link မှာ donwload လုပ်ယူပြီး ကိုယ်ဟာကို စမ်းချင်ရင် စမ်းကြည့် ကြပါ။

AntMusic Download Here

လိုတာတွေက
၁။ ant ကို install လုပ်၊ လိုတဲ့ setting တွေ လုပ်ပါ
၂။ ကျွန်မရဲ့ zip file ကို unzip လုပ်လိုက်လို ရလာတဲ AntMusic folder ကို C:/ အောက်ကို ရွေ့  လိုက်ပါ
၃။ command prompt window ကို ဖွင့်ပြီး C:/AntMusic/ အောက်ရောက်အောင်သွားပါ။
၎။ C:/AntMusic> ကို ရောက်ပြီဆို ရင် ant လို့  ရိုက်လိုက်ပါ။

ဒါဆို သူ့ အလို လို သီချင်းကို download လုပ်သွား ပါလိမ့်မယ်။ download လုပ်လို့  ပြီးသွားရင် BUILD SUCCESSFUL ဆိုတဲ့ commond ကို တွေ့ ရမှာပါ။ ကွန်နက်ရှင်ပေါ်လိုက်ပြီး ၂ မိနစ် က နေ ၆ မိနစ်လောက်ကြာမယ်ထင်ပါတယ်။

ဒီနည်းကို စမ်းကြည့် ဖြစ်ခဲ့ရင် ဘယ်လို ထင်လည်းဆိုတာလေး ပြန်ပြောပြကြပါဦး။ ပြောသာ ပြောရတာ ဘယ်သူမှ စမ်းကြည့် ကြမယ် မထင်ဘူး။ download လုပ်တာမ ပြောနဲ့  ဒီပိုစ့်ကို ရိုက်ရတာတောင် တော်တော်ပင်ပန်းသွားတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီနည်းကို ပြောပြတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ ခု တော့ ဒီလောက်ပါပဲ။ လိုတာရှိ နောက်မှ ထပ်ရေးတော့မယ်။

July 29, 2006

Just launched New Gtalk 1.0.0.95

New Gtak Version 1.0.0.95 just launched with the following new features.

1. File Transfer
2. Voicemail
3. Music Status

For more information, you can read here and you can download new gtalk from following link.
Get New Gtalk SetUp

မနေ့ က gtalk အသစ်ထွက်ပြီဆိုလို့  ကျွန်မ gtalk web site မှာ သွားပြီး download လုပ်တာ၊ မရ ဘူးဖြစ်နေတယ်။ နောက်မှ THKZ က gtalk အသစ် ဒီမှာ download လုပ်ဆိုပြီး လင့်ခ်တစ်ခု ပေးတာနဲ့  သူပေးတဲ့ လင့်ခ်မှာ သွား download လုပ်မှ ပဲရတော့တယ်။ ကျေးဇူးပါပဲ။ gtalk အသစ်ထွက်ပြီဆိုတော့ ဘာပဲ ဖြစ်ဖြစ် အသစ်ကို သုံးကြည့်ချင်တာပေါ့။ download လုပ် လို့ မရလို စိတ်ညစ်နေတာ။ ခုတော့ gtalk အသစ်နဲ့  မစဉ်ပြေ နေပြီ။ အစက ဘလောခ့်မှာ မတင်တော့ဘူး စိတ်ကူးနေတာ၊ နောက်မှ တစ်ခြားသူတွေလည်း ကျွန်မလို download လုပ်လို့  မရဖြစ်ချင် ဖြစ်နေကြမှာလို့  စဉ်းစားမိလို့ ၊ ဒီမှာ တင်ထားလိုက်တာပါ။

July 28, 2006

Busy - July 2006 (Last Week)

I want to Busy like thatဒီနေ့  အလုပ် ကို ရောက်ရောက်ခြင်း လုပ်ဖြစ်တာက မြန်မာ ဘလောခ့်တွေ လိုက်ဖတ်တာပါ။ ဟီး ဟီး။ အလုပ် အရမ်း ကြိုးစား နေတာလေ။ ဒီတစ်ပတ်လုံး အလုပ် အရမ်း ရှုပ်နေတယ်။ အလုပ်က နှစ်ရက်တောင် ခွင့်ယူထားတာ၊ ဒီနေ့ မှ အလုပ်ပြန်ဆင်းရတာတောင် လုပ်စရာတွေက ကျန်နေတုန်းပဲ။ နှစ်ရက် ခွင့်ယူထားတာ ဆိုတော့ အလုပ်မှာ လည်း လုပ်စရာတွေ က အများကြီး ဖြစ်နေလောက်တယ်။ ခုထိတော့ အလုပ် အီးမေး မစစ်ရသေးဘူး။ ကြည့်လိုက်ရင် လုပ်ဖို့  ဟာတွေ တွေ့ မှာစိုးလို့  ၊ ဒါလေး အရင် ပိုစ့်လုပ်ပြီးမှ ကြည့်တော့မယ်။ လုပ်စရာတွေ အရမ်း မမျုားပါစေနဲ့ ။ အလုပ်များရင် မနက်ဖြန် အလုပ်လာရမှာ။ စနေ နေ့  အလုပ် မလာချင်ဘူး။ ဒီ အပတ် အိမ်မှာလည်း လုပ်စရာတွေရှိ သေးတယ်။ နောက် တစ်ပတ်ဆိုရင်တော့ အားလောက်ပြီ ထင်ပါရဲ့။

July 26, 2006

25 July 2006

မနေ့ ညက၊ ကျွန်မ ကွန်ုပြူတာတွေကို ဖွင့်ကြည့်ဖြစ်ခဲ့တယ်။ ကျွန်မကို ကျွန်မ မေးခွန်းတွေ ထုတ်ပြီး၊ မှတ်မှတ်ရရ ဖြစ်အောင် မှတ်ထားတဲ့ သဘောနဲ့  ရေးမှာပါ။

ဘာလို့ ဖွင့်တာလဲ
လိုအပ်လို့ ဖွင့်ကြည့်ရတာပါ။ ကျွန်မရဲ့ ကွန်ုပြူတာတွေမှာ ဘာတွေပါလဲ တိတိကျကျ မသိဘူး ဖြစ်နေတယ်။ သိရအောင်၊ လိုတာရှိရင် တိုးလို့  ရအောင်လို့ ပါ။

အရင်တုန်း က ဖွင့်ကြည့်ဘူးလား
ဒါ ပထမဆုံးပဲ။ အရင်က ဖွင့်ကြည့်ဖို့  စိတ်ကူး မရှိခဲ့သလို၊ ဒါတွေဟာ ကျွန်မ အလုပ်လို့ လည်း မယူဆ ခဲ့ဘူး။

အရင်က ကွန်ပြူတာ ပျက်လို့ ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ လိုတယ်ဆို ဘယ်လို လုပ်လဲ
ရှင်းနေတာပဲ။ ချစ်သူငယ်ချင်းတွေ ရှိတယ်လေ။ ကိုယ်တိုင်လုပ်ဖို့  မလိုဘူး။ ဖုန်းတချက် ဆက်လိုက်၊ အားတဲ့ သူလာလုပ်ပေးတယ်။

ဘာလို့  ဒီတစ်ခါ သူတို့ ကို မလုပ်ခိုင်းပဲ၊ ကိုယ်တိုင်လုပ်ရတာလဲ
သူကပြောတယ်၊ ကိုယ်တိုင် လုပ်နိုင်တာတွေကို ကိုယ်တိုင်သာလုပ်ပါ၊ သူတစ်ပါးကို အားမကိုးပါနဲ့ ၊ မကြိုက်ဘူး၊ လိုအပ်တာတွေ၊ မသိတာတွေကို သူရှင်းပြမယ် ဆိုလို့ ပါ။ ကြောက်ရတယ်လေ။ ဟီး ဟီး။

ခု သုံးနေတဲ့ ကွန်ပြူတာတွေ ရှိနေတာ ဘယ်လောက်ကြာပြီလဲ
တစ်လုံးက ၂ နှစ်ကျော်ရှိပြီ။ နောက်တစ်လုံးက တော့ ၁နှစ်ကျော်၊ တစ်နှစ်ခွဲလောက်ရှိပြီ ထင်တယ်။

ဒီလောက်ကြာ ကြာသုံးနေတာ တောင် ကိုသုံးနေတဲ့ ကွန်ပြုတာမှာ ဘာတွေ ပါလည်း မသိဘူးလား
တစ်လုံးမှာ ဘာတွေပါလည်း နည်းနည်းသိတယ်။ အဲ့ ဒီကွန်ပြူတာက ကိုယ့်ဟာကို ဆင်ထားတာမို့  လို့  နည်နည်း သိတာ။ နောက်တစ်လုံးကို တော့မသိဘူး။
ကျွန်မက ကွန်ပြူတာဆို မြန်နေရင်၊ ကိုယ်လုပ်ချင်တာတွေ လုပ်လို ရ နေရင်၊ ကျန်တာတွေ စိတ်မဝင်စားတော့ ဘူးလေ။ စက်က နှေးနေရင်တော့ အားကြီး စိတ်ဆိုးတယ်။

ကွန်ပြုတာကို ကိုယ့်ဟာကို ဆင်ရတာ ကြိုက်လား။ အစဉ်သင့် ဆင်ပြီးသား ဝယ်သုံးရတာ ကြိုက်လား။
ခုထိတော့ ကိုယ်ဟာကို လိုတဲ့ အစိတ်အပိုင်းတွေ ဝယ်ပြီး ကိုယ်ဟာကို ဆင်ရတာ ကြိုက်တယ်။ ကိုယ်ဟာကို ဆင်တော့ ကိုယ်လို ချင်တဲ့ အစိတ်အပိုင်းကို ပိုကောင်းအောင်ဝယ်ပြီး၊ သိပ်မလိုဘူး ထင်တဲ့ နေရာမှာ လျှော့လိုက်လို ရတာကို ကြိုက်တယ်။ ကျွန်မက game ကစားချင်တော့ graphic card ကို ဂရုစိုက်တယ်။ မြန်တာလိုချင်တော့ memory ကို ကိုကြိုက်တာ ထဲ့တယ်။ ခု ပိုက်ဆံ မရှိသေးလည်း၊ နောက်ကြရင် ဘာတွေ တိုးထဲ့မယ် စဉ်းစားပြီး၊ တိုးချင်ရင် တိုးလို့ ရတာ မျိုးဝယ်ချင်တယ်။
ကွန်ပြူတာဆို အလုံးလိုက် ဆင်ပြီးသား ဝယ်ရတာမကြိုက်ဘူး။ ဈေးကြီးတယ် လို့ ထင်တယ်။ ပြီးတော့ ကိုယ်လိုချင်တာမရဘူးလားလို့ ။ ပိုက်ဆံကလည်း သိပ်မရှိဘူး။ ဆင်ပြီးရောင်းတဲ့ ဟာမှာ လိုချင်တာတွေ ထပ်တိုးလိုက်ရင် ဈေးက၊ ကိုယ်သုံးနိုင်တဲ့ ဈေးနဲ့ အရမ်းကွာကွာ သွားတယ်။ အဲ့ဒါမို့  မကြိုက်ဘူး။

မနေ့  ညကဖွင့် ကြည့်တော့ ဘာတွေ တွေ့ လဲ
ကျွန်မ အဓိက သိချင်တာက ဘယ်လို ဟာတွေ သုံးထားလည်း သိချင်တာပါ။ တစ်ချို့  ဟာတွေက ပုံးကြီး မဖွင့်ပဲ သိနိုင်ပေမယ့် တစ်ချို့ ဟာတွေကြတော့ ဖွင့်ကြည့်မှ သိမှာ မို့ လို ကြည့်ကြည့် လိုက်တာ။ လုပ်ဘူးတယ်လည်း ရှိ အောင်ပေါ့ ။ ကြည့်လိုက်မှ ကွန်ပြူတာ နှစ်ခုလုံးက တော်တော်များ များတူနေတာတွေရတယ်။ အရင် က မသိဘူး။
ဒါတွေပါတယ်..


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.80GHz
- HardDisk 1 - 120 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- DVD R
- CD R/W


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.40GHz
- HardDisk 1 - 80 GB SATA
- HardDisk 2 - 80 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- Modem - Compaq Data Fax Modem
- CD R/W
- CD R

ဒါတွေ သိပြီးတော့ ဘာဆက်လုပ်မယ် စိတ်ကူးလဲ
memory တော့ ထပ်တိုးမယ်။ ဘယ်လို ဘယ်လောက် တိုးမလဲတော့ မစဉ်းစားရသေးဘူး။ ကျန်တာတွေက တော့ အဆင်ပြေနေတယ်ထင်တာပဲ။ ကြည့်အုံးမယ်လေ။ တော်ပြီ ဆက်မမေးနဲ့ တော့၊ မဖြေတတ်တော့ဘူး။ နောက်တစ်ပတ်လောက်နေမှ ပြန်မေးတော့။ ခု ဘာလုပ်မယ် မစဉ်းစားရသေးဘူး၊ မအားသေး ဘူး။

July 24, 2006

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ

ဒီနေ့  သူငယ်ချင်း တစ်ယောက် စီက တဆင့်ပြန်ပို့ တဲ့ email တစ်စောင်ရပါတယ်။ အပျိုကြီးများ၏ အားသာချက်များဆိုတဲ့ email ပါ။ တစ်ချို့  အချက်တွေက အမျိုးသမီးတွေ ဘက်က ရေးထားတာပါ။ အဲ့ဒီ အမျိုးသမီးတွေဘက်က ရေးထားတာ အများစုကို ကျွန်မ သဘောမတူပါဘူး။ အဲ့ဒီတော့ မမှန်ဘူးထင်တာတွေကို မရေးတော့ပါဘူး။ ဒါပေမယ့် တစ်ချို့ ဟာတွေကတော့ ယောက်ျား၊မိန်မ ယူမှ မဟုတ်ပါဘူး၊ ရည်းစာ ဘဝ မှာထဲက မှန်နေတယ်ထင်တာတွေရှိပါတယ်။ အဲ့ဒီ အချက်တွေကို သူငယ်ချင်းတွေနဲ့  မျှဝေချင်ပါတယ်။

ဘာလို့  လည်းတော့ မသိပါဘူး။ ကျွန်မနဲ့  အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတချို့ က အပျိုကြီး၊ လူပျိုကြီး လုပ်မယ် အမြဲပြောလေ့ ရှိကြပါတယ်။ အဲ့ဒီ အပျိုကြီး၊ လူပျိုကြီး လုပ်မယ် ပြောနေသော သူငယ်ချင်း တွေ ကို ဘာလို့  အပျိုကြီးလုပ်ချင်ရတာလည်း ၊ ဘာလို့  လူပျိုကြီး လုပ်ချင်ရတာလည်း မေးတာခံရတဲ့ အခါ ဒီထဲက တစ်ချို့  ဟာလေးတွေကို အဖြေအဖြစ် အသုံးပြုနိုင် အောင်လို့  ကူညီတဲ့ သပေါနဲ့  ဒီမှာတင်ပေးတာပါ ။ ဟီး ဟီး။

တစ်ကိုယ်ရေ နေထိုင်မှု့ ၏ အားသာချက်များ
၁။ စိတ်ထဲရှိသလို နေထိုင်၊ လုပ်ကိုင် နိုင်သဖြင့် လွတ်လပ်မှုရှိုခြင်း
၂။ တစ်စုံ တစ်ယောက်ကို စောင့်ကြည့်၊ စိတ်ပူ နေစရာ မလိုခြင်း
၃။ မည်သူနှင့် မျှ စကားမပြောလိုပဲ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ နေလိုပါက နေခွင့် ရခြင်း
၎။ သွားချင်ရာသွား၊ စာချင်ရာစား၊ လုပ်ချင်ရာ လုပ်ကိုင်နိုင်ခြင်း
၅။ ညဘက်တွင် ကိုယ်အိပ်ချင်သည့် အချိန်မှ အိပ်ရာဝင် နိုင်ခြင်း
၆။ မိမိ ယုံကြည်ရာ၊ ပြောလိုရာကို ပြောလိုသူနှင့် လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း
၇။ မိမိစိတ်မဝင်စားသည့် အကြောင်းအရာများကို လိုက်ပါ စိတ်ဝင်စား နေစရာမလိုခြင်း
၈။ မိမိ နှင့် မရင်းနှီးသူများကို ပြုံးပြ၊ နှတ်ဆက်၊ လိုက်ရောညီထွေ ဆက်ဆံနေစရာ မလိုခြင်း
၉။ မိမိ မနှစ်သက်သော အပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို အထူးသည်းခံခွင့် လွတ်နေစရာ မလိုခြင်း
၁၀။ မိမိကို ထာရစ်ခဲ့မှာကို စိတ်ပူနေစရာ မလိုခြင်း
၁၁။ တစ်စုံတစ်ဦးကို တွေးတော၊ တမ်းတ၊ သတိရနေ စရာ မလိုခြင်း
၁၂။ မိမိငွေကြေးကို မိမိစိတ်တိုင်းကျ သုံးစွဲနိုင်ခြင်း

ဒီထက် အများကြီးရှိအုံးမှာပါ။ အဲ့ဒီ email ထဲကတော့ ဒီအချက်တွေလောက်ပဲ နည်းနည်းလက်ခံနိုင်ပါတယ်။ လူပျိုကြီး၊ အပျိုကြီး လုပ်တာမှာ ကောင်းတာတွေရှိ သလို၊ မကောင်းတာတွေ လည်းရှိမယ်ထင်ပါတယ်။ ဒီကိစက လူတိုင်းစိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်၊ နေထိုင်နိုင်ခွင့်ရှိတယ်လို ကျွန်မကတော့ ယူဆပါတယ်။ ယောက်ျား၊ မီန်းမ ယူချင်သူများက ယူကြပါ။ လူပျိုကြီး၊ အပျိုကြီး လုပ်ချင်သူများက လူပျိုကြီး၊ အပျိုကြီး လုပ်ကြပါ။ သူတပါးကို မထိခိုက်ဘူးထင်ရင် ကျွန်မတို့ တွေ ကိုယ့်စိတ်တိုင်းကျ သပေါရှိ၊ မနောရှိ လွတ်လပ်စွာ နေနိုင်ကြတယ်လို ထင်ပါတယ်။