Pages

July 26, 2006

25 July 2006

မနေ့ ညက၊ ကျွန်မ ကွန်ုပြူတာတွေကို ဖွင့်ကြည့်ဖြစ်ခဲ့တယ်။ ကျွန်မကို ကျွန်မ မေးခွန်းတွေ ထုတ်ပြီး၊ မှတ်မှတ်ရရ ဖြစ်အောင် မှတ်ထားတဲ့ သဘောနဲ့  ရေးမှာပါ။

ဘာလို့ ဖွင့်တာလဲ
လိုအပ်လို့ ဖွင့်ကြည့်ရတာပါ။ ကျွန်မရဲ့ ကွန်ုပြူတာတွေမှာ ဘာတွေပါလဲ တိတိကျကျ မသိဘူး ဖြစ်နေတယ်။ သိရအောင်၊ လိုတာရှိရင် တိုးလို့  ရအောင်လို့ ပါ။

အရင်တုန်း က ဖွင့်ကြည့်ဘူးလား
ဒါ ပထမဆုံးပဲ။ အရင်က ဖွင့်ကြည့်ဖို့  စိတ်ကူး မရှိခဲ့သလို၊ ဒါတွေဟာ ကျွန်မ အလုပ်လို့ လည်း မယူဆ ခဲ့ဘူး။

အရင်က ကွန်ပြူတာ ပျက်လို့ ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ လိုတယ်ဆို ဘယ်လို လုပ်လဲ
ရှင်းနေတာပဲ။ ချစ်သူငယ်ချင်းတွေ ရှိတယ်လေ။ ကိုယ်တိုင်လုပ်ဖို့  မလိုဘူး။ ဖုန်းတချက် ဆက်လိုက်၊ အားတဲ့ သူလာလုပ်ပေးတယ်။

ဘာလို့  ဒီတစ်ခါ သူတို့ ကို မလုပ်ခိုင်းပဲ၊ ကိုယ်တိုင်လုပ်ရတာလဲ
သူကပြောတယ်၊ ကိုယ်တိုင် လုပ်နိုင်တာတွေကို ကိုယ်တိုင်သာလုပ်ပါ၊ သူတစ်ပါးကို အားမကိုးပါနဲ့ ၊ မကြိုက်ဘူး၊ လိုအပ်တာတွေ၊ မသိတာတွေကို သူရှင်းပြမယ် ဆိုလို့ ပါ။ ကြောက်ရတယ်လေ။ ဟီး ဟီး။

ခု သုံးနေတဲ့ ကွန်ပြူတာတွေ ရှိနေတာ ဘယ်လောက်ကြာပြီလဲ
တစ်လုံးက ၂ နှစ်ကျော်ရှိပြီ။ နောက်တစ်လုံးက တော့ ၁နှစ်ကျော်၊ တစ်နှစ်ခွဲလောက်ရှိပြီ ထင်တယ်။

ဒီလောက်ကြာ ကြာသုံးနေတာ တောင် ကိုသုံးနေတဲ့ ကွန်ပြုတာမှာ ဘာတွေ ပါလည်း မသိဘူးလား
တစ်လုံးမှာ ဘာတွေပါလည်း နည်းနည်းသိတယ်။ အဲ့ ဒီကွန်ပြူတာက ကိုယ့်ဟာကို ဆင်ထားတာမို့  လို့  နည်နည်း သိတာ။ နောက်တစ်လုံးကို တော့မသိဘူး။
ကျွန်မက ကွန်ပြူတာဆို မြန်နေရင်၊ ကိုယ်လုပ်ချင်တာတွေ လုပ်လို ရ နေရင်၊ ကျန်တာတွေ စိတ်မဝင်စားတော့ ဘူးလေ။ စက်က နှေးနေရင်တော့ အားကြီး စိတ်ဆိုးတယ်။

ကွန်ပြုတာကို ကိုယ့်ဟာကို ဆင်ရတာ ကြိုက်လား။ အစဉ်သင့် ဆင်ပြီးသား ဝယ်သုံးရတာ ကြိုက်လား။
ခုထိတော့ ကိုယ်ဟာကို လိုတဲ့ အစိတ်အပိုင်းတွေ ဝယ်ပြီး ကိုယ်ဟာကို ဆင်ရတာ ကြိုက်တယ်။ ကိုယ်ဟာကို ဆင်တော့ ကိုယ်လို ချင်တဲ့ အစိတ်အပိုင်းကို ပိုကောင်းအောင်ဝယ်ပြီး၊ သိပ်မလိုဘူး ထင်တဲ့ နေရာမှာ လျှော့လိုက်လို ရတာကို ကြိုက်တယ်။ ကျွန်မက game ကစားချင်တော့ graphic card ကို ဂရုစိုက်တယ်။ မြန်တာလိုချင်တော့ memory ကို ကိုကြိုက်တာ ထဲ့တယ်။ ခု ပိုက်ဆံ မရှိသေးလည်း၊ နောက်ကြရင် ဘာတွေ တိုးထဲ့မယ် စဉ်းစားပြီး၊ တိုးချင်ရင် တိုးလို့ ရတာ မျိုးဝယ်ချင်တယ်။
ကွန်ပြူတာဆို အလုံးလိုက် ဆင်ပြီးသား ဝယ်ရတာမကြိုက်ဘူး။ ဈေးကြီးတယ် လို့ ထင်တယ်။ ပြီးတော့ ကိုယ်လိုချင်တာမရဘူးလားလို့ ။ ပိုက်ဆံကလည်း သိပ်မရှိဘူး။ ဆင်ပြီးရောင်းတဲ့ ဟာမှာ လိုချင်တာတွေ ထပ်တိုးလိုက်ရင် ဈေးက၊ ကိုယ်သုံးနိုင်တဲ့ ဈေးနဲ့ အရမ်းကွာကွာ သွားတယ်။ အဲ့ဒါမို့  မကြိုက်ဘူး။

မနေ့  ညကဖွင့် ကြည့်တော့ ဘာတွေ တွေ့ လဲ
ကျွန်မ အဓိက သိချင်တာက ဘယ်လို ဟာတွေ သုံးထားလည်း သိချင်တာပါ။ တစ်ချို့  ဟာတွေက ပုံးကြီး မဖွင့်ပဲ သိနိုင်ပေမယ့် တစ်ချို့ ဟာတွေကြတော့ ဖွင့်ကြည့်မှ သိမှာ မို့ လို ကြည့်ကြည့် လိုက်တာ။ လုပ်ဘူးတယ်လည်း ရှိ အောင်ပေါ့ ။ ကြည့်လိုက်မှ ကွန်ပြူတာ နှစ်ခုလုံးက တော်တော်များ များတူနေတာတွေရတယ်။ အရင် က မသိဘူး။
ဒါတွေပါတယ်..


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.80GHz
- HardDisk 1 - 120 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- DVD R
- CD R/W


- Genuine Intel(R) Desktop Board D865PERL ( Intel 865PE chipset, Five PCI slots , STAT150 2 ports , 4 Dual_Channel DDR DIMM sockets )
- Processor - Intel(R) Pentium(R) 4 CPU 2.40GHz
- HardDisk 1 - 80 GB SATA
- HardDisk 2 - 80 GB SATA
- Memory 1 - 512MB - PC3200 DDR (DDR400) (1 slot is using and 3 free slots )
- Graphic - NVIDIA Gforce FX 5200 128MB
- LAN card
- Modem - Compaq Data Fax Modem
- CD R/W
- CD R

ဒါတွေ သိပြီးတော့ ဘာဆက်လုပ်မယ် စိတ်ကူးလဲ
memory တော့ ထပ်တိုးမယ်။ ဘယ်လို ဘယ်လောက် တိုးမလဲတော့ မစဉ်းစားရသေးဘူး။ ကျန်တာတွေက တော့ အဆင်ပြေနေတယ်ထင်တာပဲ။ ကြည့်အုံးမယ်လေ။ တော်ပြီ ဆက်မမေးနဲ့ တော့၊ မဖြေတတ်တော့ဘူး။ နောက်တစ်ပတ်လောက်နေမှ ပြန်မေးတော့။ ခု ဘာလုပ်မယ် မစဉ်းစားရသေးဘူး၊ မအားသေး ဘူး။

4 comments:

NLS said...

ဒီလောက်ဆိုရင် တော်တော်ကြီး အိုကေပါတယ်ဗျာ။ စင်္ကာပူက ကွန်နက်ရှင်နဲ့ဆို တော်တော်လေး မြန်မှာပါ။ ဂိမ်းတော်တော်များများလည်း ဆော့လို့အိုကေမှာပါ။ ၁၂၈ ဆိုတော့။

sttw2201 said...

Woot! Both of us are "so-called" IT professionals. But now, I am the only one...who have no computer, never assembly a computer, never install O/S...At least, now you know your computers have harddisks inside! keke...:P

Nay Nay Naing said...

ကိုညီလင်းဆက်ရေ.. ကျွန်တော် တစ်ခြားဟာတွေ တို့  မတိုးဖြစ်ဘူး။ memory တော့ နှစ်ခုလုံးကို 1G
ဖြစ်သွားအောင် 512 နှစ်ချောင်းဝယ် လိုက်တယ်ဗျာ။ ဘာရယ်မဟုတ် ကလိလက်စ နဲ့  တိုးလိုက်တာ။ တစ်ချို့  software
တွေက 1G
လောက်မှ ကောင်းကောင် အလုပ်လုပ်တယ်ဗျ။ မဟုတ်ရင် run တာကြာရင် အရမ်းနှေးလာတယ်။ ခုတလောတော့ ဂိမ်းမကစား ဖြစ်တာကြာပြီးဗျ။ အလုပ်ရှုပ်နေလို့ ။

Nay Nay Naing said...

အန်တီစု ရယ် ။ ဒီလောက်တောင် တော်ကြောင်း လိုက် မကြွားပါနဲ့ ။ ငါတို့ တွေ ဘယ်လောက် တော်တယ်ဆို တာ လူတိုင်း သိကြပါတယ်။ ဟီး ဟီး။