Pages

June 30, 2008

ဒီပရင်္ဂ

ငယ်ငယ်လေးထဲက ကိုယ်နဲ့  ရင်းနှီးနေတဲ့ ဒီနာမည်... ဒီမြို့ လေး အကြောင်း ရေးစပ်ထားတဲ့ ကဗျာ၊ အမှန်တရားတွေနဲ့  မှတ်တမ်းဝင်မယ့် ဒီကဗျာ.. ဧရာဝတီ မှာ တွေ့ လို မှတ်ထားလိုက်မိတယ်..

ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။

ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်

ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။


တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။

မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။

ကြည်မောင်သန်း
၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း

Source : ဒီပဲယင်း ကဗျာကြောင့် ချယ်ရီ အယ်ဒီတာ နုတ်ထွက်ရ

Generation "Y"

The Silent generation, people born before 1946.

The Baby Boomers, people born between 1946 and 1959.

Generation X, people born between 1960 and 1979.

Generation Y, people born between 1980 and 2008.

Why do we call the last one generation Y?

Click Here.. to learn new thing..

Credit to LKH

June 26, 2008

Don't be in tension!!

ခုရက်ပိုင်း စိတ်ဖိစီးမှု့ တွေ အရမ်းများနေတယ်။ စိတ်ရော၊ လူရော ပင်ပန်းနေ သလိုပဲ။ ဒီနေ့  အချိန်လေး နည်းနည်းရတုန်း စိတ်သက်သာရာ သက်သာကြောင်း လက်အငြိမ်မနေပဲ Google ကြည့်ရင်း နဲ့  ဒီ ကဗျာကို ဖတ်ဖြစ်သွားတယ်...

The moment you are inTENSION
You will lose your ATTENTION
Then you are in total CONFUSION
And you will feel IRRITATION
This may spoil your personal RELATION
Ultimately, you won't get CO-OPERATION
And get things into COMPLICATION
Then you will fail to take your health PRECAUTION
(Then your blood pressure may rise. CAUTION)
And you have to take MEDICATION

Why not try understanding the SITUATION
And try to think about SOLUTION
Many problems are solved in DISCUSSION
Which will work out better in your PROFESSION
Dont think this is just a SUGGESTION
It is also a PREVENTION
If you understand my INTENTION
You will never come, again, into TENSION !!!!!!!!!!

ဖတ်ပြီး သဘောကျသွားတာနဲ့  ဘယ်သူရေးလဲ သိချင်လို့  လိုက်ရှာကြည့်တော့ နေရာအတော်များများမှာ ခေါင်းစဉ် အမျိုးမျိုး၊ version အမျိုးမျိုးကို ရေးသူ အမည်မသိ လို့  ဖော်ပြထားကြပေမယ့် ဒီနေရာမှာ တောီ့ကဗျာကို ရေးသားတဲ့သူဟာ Geshe Thupten Pelgye လို့  ရေးထားတာတွေ့ ရတယ်။

June 24, 2008

Stretch Your Mind to Reach Your Goals!

လျှောက်ကြည့်ရင်းတွေ့ တဲ့ ပုံလေးတွေ။ အပြင်မှာဆို ရန်ကုန်မှာ မိုးတွင်းရောက်တိုင်း စည်းရိုးနံရံတွေပေါ်မှာ အမြဲလိုလို တွေ့ ရတတ်တဲ့ ခရုတွေကို အတော်လေး မကြိုက်ခဲ့ပေမယ့် ဒီထဲက ခရုလေးကိုတော့ ပုံလေးတွေ ကြည့်ပြီး သဘောကျသွားတယ်။ ပုံတွေကြည့်၊ စာသားတွေ ဖတ်ပြီး ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ "မပုကြွယ်နှင့် ခရုငယ်" ကို သတိရသွားတယ်။
When someone tells you that you can't do something...

Look around

Consider all options

Then GO for it!

Use all the things God gave you!

Be creative!


In the end, you will succeed and prove them wrong!


Always remember, Nothing is impossible, if your heart is willing.

June 23, 2008

Busy Days

အလုပ်မှာ လဆန်းပိုင်းထဲက စပြီး နေ့ စဉ် ရက်ဆက် အလုပ်ရှုပ်နေခဲ့တယ်။


June 21, 2008

Movie at Thursday

ကြာသာပတေးနေ့  (19-June-2008) မှာ Get Smart ဆိုတဲ့ ရုပ်ရှင်သွား ကြည့်ဖြစ်တယ်။ အလုပ်မှာ ရှုပ်နေတာ ထွက်တဲ့ အချိန်နောက်ကျသွားလို့  ရုပ်ရှင် ပထမ အစ နဲနဲလွတ်သွားတယ်။ နောက်တစ်ခါ သွားကြည့်ရင် အဲဒီလို အဖြစ်မခံပဲ ရုပ်ရှင်မပြခင် ကြိုရောက်အောင် ကြိုးစားရမယ်။ :D

ရုပ်ရှင် ကြည့်ရင် စိတ်ညစ်စရာ ဇာတ်ကားတွေ ကြည့်ရတာ လုံးဝ မကြိုက်ဘူး။ အပြင်လောကမှာ တွေ့ မြင် ကြုံတွေ့ နေရတဲ့ စိတ်ညစ်စရာတွေနဲ့ တင် အတော်လေး လုံလောက်နေပြီ ဆိုတော့ ပိုက်ဆံပေးပြီး စိတ်ညစ်စရာတွေကို ထပ်ပြီး မကြည့်ချင်တော့ဘူး။ ကြည့်ဖြစ်ရင်လည်း ရုပ်ရှင်ထဲက ဟာတွေကို ခံစားလို့ မရဘူး။ နောက်ပြီး စိတ်ကူးရင် နုနုရွရွ အချစ်ဇာတ်လမ်းတွေလဲ ကြည့်လေ့ မရှိဘူး။ အပြင်မှာ ရုပ်ရှင်တွေ အများစုထဲကလို့  ချစ်နေဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ သရဲကား၊ ခြောက်ခြားစရာ ဇာတ်ကားတွေဆိုလဲ လုံးဝ မကြည့်ဘူး။ ကိုယ့်ကိုကိုယ် ဒုက္ခမပေးဘူး။ ရုပ်ရှင်ကြည့်မယ်ဆို ချစရာရှိရင် ပြတ်ပြတ်သားသား ချတဲ့ Action ကားတွေ၊ Adventure နဲ့ ဆိုင်တဲ့ ဇာတ်ကားမျိုးတွေ၊ ဟာသ နဲ့  ကာတွန်းကားတွေ ကြည့်ရတာပဲ ကြိုက်တယ်။

ဒီတစ်ခါ ကြည့်ဖြစ်တဲ့ Get Smart ရုပ်ရှင်က အတော်လေး ရယ်ရတယ်။ အစ အဆုံး ပျင်းဖို့ အချိန် မရှိဘူး။ တချိန်လုံး နီးပါး ရယ်နေရတာပဲ။ ဒီရုပ်ရှင်ကို ကြိုက်တယ်။ ဟိုတစ်ပတ်က ကြည့်ဖြစ်တဲ့ Hulk ထက်စာရင် ဒီဇာတ်ကားက အများကြီး ပိုကောင်းတယ်။ စိတ်လက် အပန်းဖြေဖို့  ရုပ်ရှင်ကြည့်မယ်ဆို ဒီရုပ်ရှင်ဇာတ်ကားကို သွားကြည့် သင့်တယ်လို့  ထင်ပါတယ်။

June 19, 2008

ဆုတောင်း - ဇွန်လ ၁၉ ရက်နေ့ 

န္တရယ်လေပြင်းက
ပန်းသီချင်းတွေ ဖြစ်ပါစေ....။

တီတာတာ ဒုက္ခမိုးတို့ 
လိုရာမတိုး ဖြစ်ပါစေ....။

စုပေါင်းကျတဲ့ မျက်ရည်တွေ
မွှေးမြစမ်းရေ ဖြစ်ပါစေ....။

ကျန်းမာသော လောကမှာ
ပါဝင်ရသူ ဖြစ်ပါစေ....။

မာကျောတဲ့နွေအဝေးမှာ
စေလိုရာစေ ဖြစ်ပါစေ....။

ပါပဂြိုလ်ဆိုးတို့ ရဲ့
ခင်တွယ်မဲ့သူ ဖြစ်ပါစေ....။

စေတနာမိုးများကြောင့်
ဗျာပါကင်းသူ ဖြစ်ပါစေ...။

မင်းအိုချမ်းသာ
(၁၉-၀၆-၂၀၀၇)

June 18, 2008

Firefox 3 - Download Day 2008

Are you ready to make history? Are you ready to set a World Record? Today is Download Day. To become part of the official Guinness World Record you must download Firefox 3 by 17:00 UTC on June 18, 2008, or roughly 24 hours from now.
June 19 , 2008 at 1:00 AM in Singapore and June 18, 2008 at 11:30 PM in Myanmar.

With more than 15,000 improvements, Firefox 3 is faster, safer and smarter than ever before.

မျှော်လိုက်ရတာ .. ခုမှပဲ Firefox 3 ကို ဒေါင်းလုတ်လုပ် လို့ ရတော့တယ်။ Singapore အချိန်နဲ့ ဆို ၁၈ ရက်နေ့ ၊ မနက် 2 နာရီ မထိုးခင်လေးမှာ Firefox 3 ကို ဒေါင်းလုတ်လုပ်ဖို့  အီးမေးရောက်တယ်။ အခု ဒေါင်းလုတ်လုပ်ပြီး အခုပိုစ့်ကို FF3 နဲ့  တင်ကြည့်တာ။ တခြားဟာတွေ ဘာကောင်းလဲတော့ မိသိဘူး။ မြန်မာဖွန့် အတွက် ပိုကောင်းလာတာတော့ အမှန်ပဲပေါ့။ ကျွန်မ ကွန်ပြူတာမှာ Blog မှာ post လုပ်ရင် HTML View မှာ ရေးရင် အရင်က မြန်မာလို ကောင်းကောင်းမပေါ်တာ အခု အကုန်အဆင်ပြေ မြင်နေရတယ်။ စာလုံးတွေ ပိုထူလာတယ်။ ကျန်တာတွေတော့ နောက်မှ စမ်းကြည့်တော့မယ်။ အခုတော့ ပြန်အိပ်သင့်ပြီလို့  ထင်တယ်။ ကောင်းသော ညပါ။

FireFox 3 အကြောင်းသိချင်တယ် ဆိုရင်
Watch Firefox 3 in Action (by Mike Beltzner)
Top 10 Firefox 3 features (by LifeHacker)
Field Guide to Firefox 3 - Deb Richardson

June 16, 2008

Submit your Google Favicon idea

ပြီးခဲ့တဲ့ လကုန်ပိုင်းက Google Favicon ပြောင်းသွားတာကို သတိထားမိတာနဲ့  အဲဒီအကြောင်း Google's New Blue Favicon ရေးခဲ့တယ်။ နောက်ရက် အနည်းငယ်ကြာတော့ Google Blog မှာ တက်လာတဲ့ သတင်း အရ အဲ့ဒီ favicon ဟာ Final မဟုတ်သေးဘူး၊ ထပ်ပြောင်းအုံးမှာ ဖြစ်ကြောင်း သိခဲ့ရတယ်။ ၈ နှစ်ခွဲ အတွင်း ပထမဆုံးအကြိမ် favicon ကို ပြောင်းခြင်း ဖြစ်ကြောင်း၊ New Platform (iPhone and Mobiles) တွေမှာ ပိုကောင်းတဲ့ favicon တွေသုံးလိုတဲ့ အတွက်ပြောင်းတာ ဖြစ်ကြောင်း ပြောထားတယ်။
အဓိက ပြောချင်တာက Google Favicon အတွက် ကိုယ်ပိုင် Design ပုံစံ ထုတ်ထားတာရှိရင် Google ကို ပို့ ပေးလို့  ရတယ် ဆိုတဲ့ အကြောင်းပါ။ ကျွန်မတို့  မြန်မာလူမျိုးတွေထဲက Design ပိုင်းကျွမ်းကျင်သူတွေ စမ်းကြည့် သင့်တယ်လို့  ထင်မိတယ်။ ဒါဆို တစ်နေ့ တစ်နေ့  လူပေါင်းများစွာ ကြည့်နေမြင်နေရတဲ့ Google Favicon ဟာ မြန်မာ တစ်ယောက် လုပ်ထားတဲ့  Design / Idea (Favicon) ဆိုပြီး ပြောလို့ ရ၊ ဂုဏ်ယူလို့  ရသွားမှာ။ (ကြွားချင်လို့ ပါ။) စိတ်ဝင်စားတယ်ဆို အသေးစိတ် အချက်အလက်တွေကို Submit your Google favicon idea ဖတ်လို့  ရပါတယ်။

One Fish, Two Fish, Red Fish, Blue Fish
Submit your Google favicon idea

တမူးသာ - ဇော်ဝင်းထွဋ်

ဇော်ဝင်းထွဋ် ရဲ့ တမူးသာ ဆိုတဲ့  သီချင်းလေးကို Native Music Cornes မှာ သီချင်းလက်ဆောင် အဖြစ် တောင်းပေးခဲ့တဲ့ မမွန် နဲ့  သီချင်း စာသားများကို ဒီဇိုင်းလှလှ နဲ့  အလှ ဆင်ပေးခဲ့တဲ့ Native DJ ရှင်းမင်းကို အထူးကျေးဇူးတင် ရှိပါတယ်။

ဇော်ဝင်းထွဋ် - တမူးသာ

အခွင့်သင့်မှ ခဏရမယ်လေ..
ဂုဏ်ငွေအရှိန်အ၀ါ နဲ့ စည်းစိမ်တွေ
ဘာမှမမြဲတဲ့ သဘောများသိထားလဲ

အရူးအမူးပဲ တက်မက်နေတယ်
လိုအင်ဆန္ဒများစွာလေ
ဖြည့်လို့ မပြည့်တဲ့ အိုးများ လူသားပဲ

ဘုရားဟောရှိခဲ့တယ် လူတွေတိုင်း
လောကထဲမှာကွယ်
ကိုယ့်အတ္တနဲ့ ကိုယ်စီ် အနဲအကျင်းတော့
ရူးကြတာပဲ

ရူးသွပ်မှု့ခြင်းတော့ တူတယ်
ပုံစံတွေသာ ကွဲနေမယ်
ဘာမှမထူးဘူး အားလုံးဒီအတိုင်းပဲ

ရှင်းပြဖို့ တော့ခက်နေတယ်
ကာယကံရှင်တွေသာ နားလည်မယ်
ချစ်တဲ့စိတ်ကြောင့် မင်းနဲ့ ကိုယ်ရူးခဲ့တယ်

ဘုရားဟောရှိခဲ့တယ် လူတွေတိုင်း
လောကထဲမှာကွယ်
ကိုယ့်အတ္တနဲ့ကိုယ်စီ် တစ်နေရာတော့
ရူးကြတာပဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

အိုးးးး......အချစ်စိတ်ကြောင့်
အတွေးအခေါ်တွေ သေဆုံးလား
ကိုယ်တို့  ရိုးရိုးလေးချစ်နေတာ
ဘယ်သူတွေ ထိခိုက်လို့ လဲ

ဟူး.... နာ နာ... နာ..နာ.. နား နား ရေး

အားလုံးအတိုင်းပဲ
ကိုယ်တို့ ရူး အခုထိတော့
မထူးသေးပေမယ့်
မင်းလေးကမုန်းမယ်ဆို
မင်းလေးနဲ့ ဝေးမယ်ဆို
အများထက်ရူးမှာ ကိုယ်ပဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

Dear Diary (12-15 June 2008)

12-June-2008
၁၂ ရက်နေ့ က ညပိုင်း ရုံးကအပြန် ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ ရုပ်ရှင်ရုံမှာ သွားမကြည့်တာ အတော်လေး ကြာပြီ။ ကြည့်ဖြစ်တုန်းကလဲ သောကြာ၊ စနေ၊ တနင်္ဂနွေတွေသာ ကြည့်ဖြစ်တာ။ အခုတော့ ကြာသာပတေးနေ့ မှာ ရုပ်ရှင်ကြည့်ဖြစ်ခဲ့တယ်။ ကြည့်ဖြစ်တဲ့ ရုပ်ရှင်က အဲ့ဒီနေ့ ကမှ စပြီး ရုံတင်တဲ့ Hulk 2။ ကြိုက်လာဆို သိပ်မကြိုက်ဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကတော့ မခိုင်မာဘူး။ ချတာတွေ ကြည့်ရတာတော့ အပျင်းပြေတယ်။ ဒီရုပ်ရှင်မလာခင် အရင်ပြတဲ့ ရုပ်ရှင်ကြော်ငြာတွေကြည့်ပြီး နောက်လ ဂျူလိုင်ထဲမှာ ထွက်မယ့် ရုပ်ရှင်တွေထဲက အတော်များများကို ကြည့်ချင်သွားတယ်။ အချိန်ရတယ်ဆို လူလဲ မများ၊ လက်မှတ်ဈေးလည်း သက်သာတဲ့ ကြာသာပတေးနေ့ တွေမှာ ရုပ်ရှင်သွားကြည့်အုံးမယ် စိတ်ကူးတယ်။

ရုပ်ရှင်ကြည့်ရင်း ကို MT ကို သတိရသွားတယ်။ သူကြောင့် ရုပ်ရှင်ဆိုတာကို ရုံမှာ စကြည့်ဖူးတာ။ ရုပ်ရှင်အရမ်း ကြိုက်တဲ့သူ။ တစ်ယောက်တည်း သွားကြည့်ရမှာ ပျင်းတိုင်း အတူလိုက်ကြည့်မယ်ဆို သူငယ်ချင်းတွေကို ရုပ်ရှင်အလကားပြ ရုံမက ထမင်းပါ ကျွေးသေးတဲ့ အစ်ကိုကြီး။ ကျောင်းတက်တုန်းကဆို ပျင်းရင် City Center သွား၊ ဘူတာနားက တရုတ်ဆိုင်မှာ ထမင်းစားပြီး ရုပ်ရှင်ကြည့်ကြတယ်။ အဖော်ကလည်းကောင်း၊ ကျောင်းသားကတ်နဲ့ ကြည့်ရင် လက်မှတ်က ဈေးသက်သာတော့ အဲ့ဒီတုန်းက ရုပ်ရှင်အတော်လေး ကြည့်ဖြစ်ခဲ့တယ်။

13-June-2008
သောကြာညနေ အလုပ်အပြန် အင်းလေး မှာ ထမင်းစားမယ် စိတ်ကူးပြီး သွားခဲ့တယ်။ အထဲမှာ ခုံတွေပြည့်နေလို့  ဆိုင်ရှေ့ မှာ ရပ်စောင့်ရမယ် ဆိုတာနဲ့  မစားဖြစ်တော့ဘူး။ လူရှင်းရင်တောင် စားစရာမှာပြီး အတော်ကြာကြာ စောင့်ရတဲ့ဆိုင်ဆိုတော့ အခုလိုဆို ၁ နာရီကျော်လောက်စောင့်ရဖို့ ကသေချာနေပြီ။ မစားတော့ဘူး။ Cafe' Cartel မှာ စားမယ်ဆိုပြီး သွားတော့လဲ ဆိုင်ရှည့်မှာ လူတန်းအရှည်ကြီး။ မစောင့်နိုင်တာနဲ့  နောက်ဆုံးမှာ Raffle City အပေါ်က စားသောက်ဆိုင် တွေမှာပဲ စားဖြစ်လိုက်တယ်။ အဲ့ဒီနေ့ က အစားကောင်းစားရဖို့  ကံမပါဘူးနဲ့ တူတယ်။

14-June-2008
ဒီရက်ပိုင်း မလုပ်ဖြစ်တာကြာတဲ့ အရာတွေပဲ လုပ်ဖြစ်နေသလားမသိဘူး။ Suntec မှာ PC Show 2008 သွားကြည့် ဖြစ်ခဲ့တယ်။ IT Show တွေ အရောက်တာ အတော်ကြာပြီလေ။ ၀ယ်စရာ ထွေထွေထူးထူးလဲ မရှိ၊ အဲ့ဒီပွဲတွေဆို လူတွေ အရမ်းများလွန်းလို့  မသွားပဲနေတာ။ အခု PC show က လူအရမ်းမများဘူး။ အရင်လို ဆိုင်တွေ အများကြီးနဲ့  ပြည့်ကျပ်မနေဘူး၊ ဆိုင်အသေးတွေမရှိပဲ ဆိုင်ကြီးတွေပဲရှိတော့ နေရာ လွတ်တော်တော်များတယ်။ လူတိုးအရမ်းမခံရပဲ ကြည့်ချင်တာတွေ ကြည့်ခဲ့ရတော့ သွားရတာ စိတ်ချမ်းသာတယ်။ HP, Compaq , Toshiba , Dell , Sony က Laptop ကွန်ပြူတာတွေ လိုက်ကြည့်တယ်။ ပြီးတော့ Mac က MacAir နဲ့  MacBook Pro ကို သွားကြည့်တယ်။ Canon, Nikon နဲ့ Sony Camera တွေလည်း ကြည့်ဖြစ်တယ်။ ဒီလောက်ပါပဲ။

Cafe' Cartel မှာ Dinner စားတယ်။ အဲ့ဒီနေ့ ကတော့ စားရကံ ရှိနေတယ်။ ထူးထူးခြားခြား အသစ်အဆန်း မှာ မစားဖြစ်ဘူး။ စားနေကြဟာတွေပဲ စားဖြစ်တယ်။ ပြီးတော့ Esplanade ဒူးရင်းသီးဘေးက ထိုင်ခုံတန်းတွေ သွားထိုင်ပြီး ဖြစ်တယ်။ ရေတွေကြည့်၊ မီးပုံးနီနီလေးတွေ ထွန်းထားတဲ့ လှေတွေကြည့်ပြီး လှေစီချင်းစိတ် ပေါ်သွားတယ်။ အခွင့်ကြုံရင် စီးကြည့်အုံးမယ်။ ရေပြင်ကြီး နဲ့  လှမ်းမြင်နေရတဲ့ အဆောင်အုံးတွေ ထိုင်ကြည့်တာ ၁ နာရီလောက် ကြာမယ် ထင်တယ်။ အဲ့ဒီနေရာ မကြာခန ရောက်ဖြစ်ပေမယ့် တစ်ခါမှ အကြာကြီး မထိုင်ဖူးဘူး။ ညဘက်မှာ လေတဖြူးဖြူး၊ ချမ်းစိမ့်စိမ့်နဲ့  ထိုင်လို့  ကောင်းသား။ ဒါပေမယ့် ဒီလောက် အကြာကြီး လေတိုက်ခံလေ့ မရှိတော့ နောက်နေ့ မဖျားတာ ကံကောင်းတယ် မှတ်ရမယ်။

SG night scenes and SG night scene 1 by Kyaw Thura Htun ( Ko ThaKhinGyi)



အိမ်မပြန်ချင်သေးတာနဲ့  Esplanade အရှေ့ ဘက်က Free Show တွေပြတဲ့နေရာမှာ ဘာရှိမလဲ မသိဘူးဆိုပြီး သွားကြည့်ဖြစ်တယ်။ The Big Nazo Creature Show (USA) show ရှိတာနဲ့  ခနစောင့်ပြီး ၈း၄၅ ကနေ ၉း၃၀ ပွဲကြည့်ဖြစ်တယ်။ Free ကြည့်ရတာလေ။ ဟိုတစ်ခါ သူငယ်ချင်းတွေနဲ့  ရောက်ဖြစ်တုန်းက သီချင်းဆိုတာတွေ၊ ဒီတစ်ခါ BIG NAZO ပိုကောင်းတယ်။ ရီရတယ်။ Esplanade - Free Programms မှာ ကြည့်ကြည့်တော့ နောက်တစ်ပတ် 20 – 22 Jun မှာ Project Sonofa (Singapore) ၊ Air Guitar Face Off (Singapore) နဲ့  Wicked Aura Batucada (Singapore) တွေရှိတယ်။ လာမယ့် စနေ့ ညနေပိုင်းမှာ အားတယ်ဆို လမ်းလျှောက်ရင်း Air Guitar Face Off သွားကြည့်ရင် ကောင်းမယ် စိတ်ကူးတယ်။

15-June-2008
တနင်္ဂနွေ။ ဘယ်မှ မသွားဘူး။ အိမ်မှာနေပြီး လုပ်စရာရှိတာတွေ လုပ်တယ်၊ ရှင်းစရာ ရှိတာတွေ ရှင်းတယ်။ အ၀တ်တွေ လျှော်တယ်။ စက်နဲ့ ရော လက်နဲ့ ရော။ လက်နဲ့ အ၀က်မလျှော်တာ ကြာတော့ အတော်လေး မောသား။ အိမ်မှာ ရှိနေပေမယ့် ဘာမှ ထွေထွေထူးထူး ချက်မစားဖြစ်ဘူး။ အပြင်လည်း မထွက်ချင်ဘူး။ ဒီနော့ ရှိတာနဲ့  ဖြစ်အောင် စားလိုက်တာ။ ဒါဟာလဲ ပိန်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ စိတ်ရော၊ လူရော ကောင်းကောင်းအနား ယူမယ် စိတ်ကူးပေမယ့် ထင်သလောက် အနားမရဘူးး။

June 13, 2008

Happy Birthday My Little Brother!

ဖေဖေ မေမေရဲ့ အသည်းနှလုံး၊ မောင်နှမတွေထဲမှာ အလိမ္မာဆုံး၊ ဘာသာတရား အကိုင်းရှိုင်းဆုံး၊ မိဘတွေအပေါ် အသိတတ်ဆုံး သားငယ်လေး.... အစစအရာရာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့  အခုလိုပဲ မိဘကို ကောင်မွန်စွာ လုပ်ကျွေးနိုင်တဲ့ သားကောင်း သားမြတ်၊ သားလိမ္မာတစ်ဦး အမြဲဖြစ်ပါစေ။

ဒီနေ့  ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေး မွေးနေ့ ။ ဇွန်လ ၁ ရက်နေ့ က မောင်လေး မွေးနေ့  ရောက်တော့မယ်လို့  တွေးလိုက်မိပေမယ့် မွေးနေ့ ရက်မှာတော့ သတိမထား မိလိုက်ဘူး။ မေမေနဲ့  ညီမလေး ပို့ တဲ့ အီးမေးဝင်လာမှ ဒီနေ့  မောင်လေး မွေးနေ့ ဆိုတာ သတိရလိုက်တယ်။မောင်လေးစီ အီးမေးပို့ ပြီး ဘာလိုချင်လဲ၊ မွေးနေ့ လက်ဆောင်အနေနဲ့  ၀ယ်ပေးရမလဲ မေးလိုက်အုံးမယ်။ အဲ့လိုမေးရင် သား ဘာမှ မလိုဘူး၊ အစ်မတွေသာ ဘာလိုချင်လဲ၊ သူ ဘာဝယ်ထည့် ပေးလိုက်မယ်လို့  ပြန်ပြောမှာ သိနေတယ်။

Field Guide to Firefox 3 - Deb Richardson

မကြာခင်ထွက်တော့မယ့် Firefox 3 Browser ရဲ့ Features အသစ်တွေ အကြောင်း ရှင်းပြထားတာကို ဖတ်ဖြစ်တယ်။ တစ်ခုချင်းစီတော့ ပြန်မရှင်းတော့ဘူး။ အဲ့ဒီမှာ အတော်လေး စုံစုံလင်လင် ရှင်းပြထားတာတွေ့ ရတယ်။ စိတ်ဝင်စားသူတွေ စမ်းကြည့်လို့  ရတာပေါ့။ ဖတ်ကြည့်ဖြစ် သလောက် တွေ့ ရတဲ့ Features တွေက အတော်လေး ကောင်းတယ်။ Firefox 3 အကြောင်း စိတ်ဝင်စားသူတွေ ဖတ်ချင်တယ်ဆို ဒီမှာ ဖတ်လို့ ရပါတယ်။

June 12, 2008

Firefox 3 -17 June (Help Firefox set a World Record)

ဇော်ဂျီ မြန်မာယူနီကုတ်နဲ့  အဆင်ပြေပြီး၊ မြန်မာဘလော့ရေးသူတွေ ဖတ်သူတွေ အဓိက ထားသုံးတဲ့ Firefox Browser ရဲ့ Version 3 ကို 17 June 2008 ( လာမယ့် အင်္ဂါနေ့ ) မှာ ထွက်မယ်လို့  သိရပါတယ်။ Firefox Website မှာ ကြော်ငြာထားတဲ့ Firefox 3 အတွက် Mission က ကမ္ဘာပေါ်မှာ 24 နာရီအတွင်း အများဆုံး ဒေါင်းလုပ်လုပ်တဲ့ Software (Guinness World Record for the most software downloaded in 24 hours!) ဖြစ်အောင် လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ကျွန်မတို့  အတွက် အသုံးအတည့်ဆုံးဖြစ်တဲ့ Firefox Browser ရဲ့ Mission အကောင်အထည် ဖော်နိုင်ရေးအတွက် ကူညီချင်ပြီး၊ Download Day မှာ ဒေါင်းလုတ်လုပ် ချင်တယ်ဆို ဒီအောက် ပုံလေးကို Click လုပ်လိုက်ပါ။

Firefox 3 release date - 17 June 2008
Download Day 2008
Firefox 3 mission - to set a Guinness World Record for the most software downloaded in 24 hours!

ကိုယ့်ရဲ့ Website တွေ၊ Blog တွေမှာ ဒီလို အထက်က ပုံမျိုးလေးတွေ ယူပြီး ကြော်ငြာပေးချင်တယ် ဆိုရင် Get Involved မှာ ရယူနိုင်ပါတယ်။

Firefox 3 ကို 34 months ကျော်ကြာအောင်၊ ပါဝင်သူ ၁ သောင်းကျော်နဲ့  develope လုပ်ခဲ့တာ ဖြစ်တယ်လို့ လဲ သိရတယ်။ အခုထွက် Firefox 3 က ဘယ်လောက် ကောင်းမလဲတော့ မသိဘူး၊ Beta Version လည်း စမ်းမသုံးကြည့်ဖူးဘူး။ ဘာပဲဖြစ်ဖြစ် Firefox 3 ရဲ့ Mission အောင်မြင်အောင် အဲ့ဒီနေ့ မှာ Firefox 3 ကို Download လုပ်မယ်ဆိုတဲ့ အကြောင်း စာရင်းပေးထား လိုက်တယ်။ ",)

Who Says You Can't Go Home - Bon Jovi

It doesn't matter where you are, it doesn't matter where you go
If it's a million miles a way or just a mile up the road
Take it in, take it with you when you go,
Who says you can't go home


Read this document on Scribd: Who Says You Can't Go Home

Watch official music vedios ...
Who Says You Can't Go Home - Bon Jovi and Sugarland (last.fm)
Who Says You Can't Go Home - Bon Jovi (last.fm)

Other Related Link:
Who Says You Can't Go Home (wiki)
Source of Home Sweet Home Painting

June 11, 2008

Personality Test for Programmer

ဒီနေ့  အလုပ်မှာ သိပ်ပြဿနာ မတတ်ဘူး။ ဒီတစ်ပတ် တနင်္လာ နဲ့  အင်္ဂါ မှာ အရမ်း အလုပ်ရှုပ်တယ်။ အဲဒီနှစ်ရက်ကဆို အလုပ်ရောက်ကတည်းက ရှင်းလိုက်ရတဲ့ အီးမေးတွေ၊ ဖြေလိုက်ရတဲ့ ဖုန်းတွေ ညနေ ၆ နာရီ အထိ မရပ်မနားပါပဲ။ လက်ကို စက်တပ်သလို လုပ်နေရတယ်။ ဒီနေ့  အလုပ် နည်းနည်းရှုပ်ပေးမယ် Manage လုပ်နိုင်တဲ့ Level မှာရှိတယ်။ အချိန်ရတာနဲ့  နေ့ လည် ၂ နာရီကနေ ၄ နာရီ ခွဲ အထိ Knowledge Sharing Session တစ်ခုသွား သွားတတ် ဖြစ်လိုက်သေးတယ်။ ပြန်လာတော့ အီးမေးတချို့ ပြန်ပြီး လုပ်စရာ မရှိတော့လို့  အိမ်ပြန်မယ့် အချိန်စောင့်ရင်း နေးတစ်ဖိုရမ်မှာ KalvinAlexander အသစ် တင်ထားတဲ့ Personality Test for Programmer Topic က Test ကို ဖြေကြည့် ဖြစ်တယ်။ အချိန်လည်း ရတယ်၊ စိတ်ဝင်စားတယ် ဆိုရင် စမ်းကြည့်နိုင်အောင် ကယ်ဗင် တင်ပေးထားတဲ့ လင့်ကို ပြန်မျှလိုက် ပါတယ်။
အဖြေရွေးရာမှာ ဘာက ပိုကောင်းတယ်၊ ဘာကို ဖြေသင့်တယ် ဆိုပြီး မရွေးပဲ ကိုယ်လုပ်မယ့်ဟာကို သာရွေးဖြေသင့်တယ် ပြောထားတယ်။ ကျွန်မ ဖြေကြည့်လိုက်တော့ PLTC လို့  ထွက်လာတယ်။ တချို့ မေးခွန်းတချို့ အတွက် ပေးထားတဲ့ အဖြေနှစ်မျိုးမှာ တကယ်အပြင်မှာ ကျွန်မ လုပ်မယ့်ပုံစံ မပါတာတွေ ရှိတယ်။ နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆို ဘာလုပ်မယ် တွေးပြီး ရွေးလိုက်တယ်။ နောက်ဆုံး ထွက်လာတဲ့ အဖြေမှာ ရတဲ့တဲ့ ပုံစံက အပြင်က ကျွန်မ ပုံစံနဲ့  တူမတူတော့ မပြောတတ်ဘူး။ ကျွန်မ အကြောင်း ကောင်းကောင်းသိသူ တချို့ ကတော့ ကျွန်မဟာ အဲဒီလိုပုံစံ ဟုတ်မဟုတ်ကို ပြောနိုင်မယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဦးနှောက်စားတဲ့ အမေးအဖြေတွေ မဟုတ်တော့ ဖြေကြည့်ရတာ သဘောကျပါတယ်။ မှန်တာ မှားတာ အသာထား ဖြေကြည့်ရတာ အပျင်းပြေတယ်။

What is PLTC?

Credit to KalvinAlexander

June 10, 2008

အစားအသောက်၊ ကြက်ဥဟင်း

ခုရက်ပိုင်း ဟင်းချက်မစားဖြစ်တာ ကြာပြီ။ ဟင်းချက်ချင်စိတ်မရှိဘူး။ ညစာ အတွက်ဆို အလုပ်က အပြန်လမ်းမှာ တစ်ခုခု ၀ယ်လာလိုက်တာ များတယ်။ စနေ၊ တနင်္ဂနွေ အပြင်ထွက်စားတဲ့ အခါစား၊ KFC တို့ ၊ Pizza မှာစားတဲ့အခါ စားလုပ်တယ်။ အလွန်ဆုံး ကြက်ဥကြော်၊ ငါးမုန့် ကြော်၊ လက်ဖက်လောက်ပဲ အိမ်မှာ လုပ်စားဖြစ်တယ်။ ဒီနေ့ လဲ ညစာကို အပြင်က ၀ယ်လာတယ်၊ Pork Rib and Special Sauce ဆိုလို့  ဘာများလဲ တစ်ခါမှ မစားဖူးတာနဲ့  ၀ယ်စားကြည့်တာ၊ စားလို့ လဲ မကောင်းဘူး။ ပုံမှန်ဆို စားနေကြ အစာတွေပဲ မရိုးမအီးပဲ အမြဲ စားတာများတယ်၊ ခုတလောမှာ ပြောင်းလဲမှလို့  တွေးမိလို့  မစားဘူးတဲ့ အစားသောက်တွေ စမ်းပြီး စားကြည့်နေတယ်။ ဒီနေ့ ဟင်းမှာ ပါတဲ့ Sauce က ချိုချိုကြီး၊ ရန်ကုန်က ချိုချဉ်ကြော် ထဲက အရည်တွေ လိုပဲ။ သူကတောင် ပိုချိုသေးတယ်။ အဲလို ချိုတိုတို အရသာတွေ လုံးဝ မကြိုက်။ ရန်ကုန်က ချိုချဉ်ကြော် ဆိုလည်း မကြိုက်လို့  သိပ်မစားဖြစ်ဘူး။ ကုန်းဘောင်ကြီးကြော်တော့ ကြိုက်တယ်။ ဒီနေ့  ၀ယ်လာတဲ့ ထမင်းနဲ့  ဟင်းကို မကြိုက်ပေမယ့် ကုန်လုနီးပါး စားဖြစ်တယ်။ တိုးတတ်လာတဲ့ သဘောပဲ။
ထမင်းစားပြီး ကွန်ပြူတာထဲက ပုံတွေရှင်းရင်း နောက်ဆုံး ဟင်းချက်ထားတဲ့ ပုံတွေကို ပြန်ကြည့် ဖြစ်သွားတယ်။ အခု ဒီမှာ တင်ထားတဲ့ ဓာတ်ပုံက ၁၇ မေ ၂၀၀၈ က ချက်တဲ့ ကြက်ဥဟင်း။ ကြက်ဥကို ပြုတ်ပြီး ဒီတိုင်း ချက်တာမျိုး မကြိုက်ဘူး။ နံတယ်လို့  ခံစားရတယ်။ ကြက်ဥပြုတ် မကြိုက်လို့  ဖြစ်မယ်။ ကြက်ဥကိုပြုတ်ပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန် နည်းနည်းနဲ့  ငရုတ်သီးစိမ်းလေး နဲ့  သုတ်တာ၊ ရှောက်သီး ချဉ်ချဉ်လေး ညှစ်ထားတာတော့ တခါတလေ စားလို့ ရတယ်။ အဲဒါလည်း ရန်ကုန် အိမ်မှာတုန်းကသာ စားဖူးတာ၊ မစားတာကြာတော့ ကြက်ဥပြုတ်သုတ်မှာ ဘာတွေ ပါတယ်ဆိုတာတောင် သိပ်မမှတ်မိတော့ဘူး။

ကြက်ဥဟင်းနဲ့  ဘဲဥဟင်းဆို ဘဲဥဟင်းကို ပိုကြိုက်တယ်။ စားလို့ ကောင်းတယ်။ အလွှာအလွှာနဲ့ ။ ဒီမှာတော့ ဘဲဥဆိုတာ ၀ယ်မရအောင် ရှားတော့ ကြက်ဥဟင်းပဲ ချက်စားဖြစ်တယ်။ ကြက်ဥဟင်းချက်ရင် ပြုတ်၊ ပြီးရင် အခွံခွါ၊ ကြော်ပြီးမှ ပြန်ချက်တာမျိုးပဲ ကြိုက်တယ်။ ကြက်ဥပြုတ်ရင် အက်ကုန်မှာစိုး ရတယ်။ အဲ့ဒီတခါ ကြက်ဥပြုတ်တုန်းကတော့ သူငယ်ချင်းတစ်ယောက် ပြောတဲ့ နည်းအတိုင်း ဆီလေး တစ်စက် နှစ်စက်ထည့်ပြီး ပြုတ်ဖြစ်တယ်။ မကွဲတော့ဘူး။ အရင်က ကြက်ဥတွေ မအက်အောင်ဆို ဆားလေးနည်းနည်း ထည့်ပြုတ်တယ်။ ရန်ကုန်အိမ်မှာတော့ ထမင်းအိုးက ကြီးတော့ ကြက်ဥ နည်းနည်း ပြုတ်မယ်ဆို ထမင်းချက်တုန်း ကြက်ဥတွေကို ရေပြောင်အောင်ဆေးပြီး ထည့်လိုက်တယ်။ ခုထမင်းအိုးကတော့ တစ်ယောက်စာ နည်းနည်းလေး ချက်တာမို့ ထည့် မပြုတ်ဖြစ်ဘူး။ ကြက်ဥ ပြုတ်ပြီး ရေးဆေး၊ အခွံနွာပြီး ပြန်ကြော်တယ်။ အလုံးလိုက် ကြော်တဲ့ အခါလည်း ကြော်တယ်။ နှစ်ခြမ်းခြမ်းပြီး ကြော်တဲ့အခါလည်း ကြော်တယ်၊ စိတ်ကူးပေါက်သလိုပေါ့။ ကြက်ဥ အလုံးလိုက် ကြော်ရင် ဆီပေါက်တယ်။ ခြမ်းပြီး ကြော်ရင် ဆီတွေက အမြှုပ် ထွက်တယ်။ ရန်ကုန် အိမ်မှာ အရင်ကဆို နှမ်းဆီပဲ မမြဲသုံးတော့ ကြက်ဥခြမ်းကြော်ရင် ပိုပြီး အမြှုပ်တွေ များများထွက်တာ မှတ်မိသေးတယ်။ ကြက်ဥပြုတ်ကို တခြမ်း ခြမ်းတာမှာလည်း လှီးတတ်မှ။ ရန်ကုန် အိမ်မှာတုန်းကဆို ခြမ်းကြော်တာကိုတောင်မှ အနှစ်ထွက်တယ်ဆို မကြိုက်ကြတော့ ကြက်ဥပြုတ်ကို အပ်ချည်ကြိုး သန့် သန့်  နဲ့  နှစ်ခြမ်းခြမ်း၊ ကြော်ပြီး ပြန်ချက်ရာမှာလည်း အနှစ်တွေ မထွက်အောင် လုပ်တယ်။ ဖြတ်တဲ့ စက်လေးရှိရင်တော့ ကောင်းတာပေါ့။ ဓားနဲ့  လှီးတာက အဆင်မပြေဘူး။ ခုတော့ ကိုယ့်ဟာကိုယ် ချက်တာဆိုတော့ စိတ်ကူးပေါက်သလို ချက်လိုက်တာပဲ။ ကြက်ဥကို ကြော်၊ ပြီးရင် ကြော်ထားတဲ့ ကြက်ဥတွေကို ဆားနဲ့  အရင်နှံ့ အောင် လိုက်ဖြူးတယ်။ ဟင်းချက်တဲ့အခါမှ ဆားထည့်ရင် ကြက်ဥပြုတ်ထဲ ဆားမရောက်၊ စားမကောင်းဘူး ထင်တာနဲ့ အဲလို့  အမြဲလုပ်တယ်။ ဘာအကျင့် မှန်းတော့ မသိဘူး။ ပြီးရင် ဟင်းချက်တယ်။ ခရမ်းချဉ်သီးနဲ့ ချက်တာ များတယ်။ ၀ယ်ရလွယ်လို့ ။ မရှိရင် ကြက်သွန်နီနဲ့ ပဲ ချက်တယ်။ မကျည်းသီးတွေ ဘာတွေက ရှာရခက်တယ်။ ရှိတာနဲ့ ဖြစ်အောင် ချက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဆီပြန်ချက်တာပဲ များတယ်။ အဖေနဲ့  တူတာ။ ဟင်းဆို ဆီတွေမြုပ်နေမှ၊ ဆီမပြန်ရင် မကြိုက်ဘူး။ ဆီကျန်ရေကျန် ဆိုတာများ ကိုယ့်ဟာကိုယ်ဆို လုံးဝ ချက်မစားဘူး။ ဆီများများ စားတာ ကျန်းမာရေး အတွက် မကောင်းမှန်းတော့ သိတယ်။ တခါတလေ၊ ငယ်တုန်းလေး စားရတာဆို စားလိုက်တာပဲ။ အသက်ကြီးလာရင် အဲဒီလို စားလို့  ဖြစ်မှာ မဟုတ်တော့ဘူးလေ။ ခုစားတာလဲ အလွန်အကျွံမှ မဟုတ်တာ။ ခုအချိန်မှာ စားလို့  ရတုန်းလေး စားထားရတယ်။ သိပြီး နားမထောင်၊ ကိုယ်လုပ်ချင်တာ လုပ်သူတွေကို ပြောရခက်တယ်ဆိုတာ အမှန်ပဲ။

ဟိုး ကျောင်းတတ်တုန်းက အဆောင်မှာ အတူနေနဲ့  သူငယ်ချင်းတွေ ကြက်ဥဟင်းချက်တာ တွေ့ ဖူးတယ်။ပြုတ်ရတာ ကြာလို့ ဆိုပြီး၊ မပြုတ်ပဲ ကြက်ဥတွေကို အရင်ကြော်ပြီးတော့ ခရမ်းချဉ်သီးဗူးနဲ့  ဟင်းပြန်ချက်တယ်။ ကျွန်မကတော့ အဲဒီလို ချက်တာ မကြိုက်ဘူး။ လုံးဝ မစားတဲ့ အထဲတော့ မပါဘူး။ ဗိုက်ပြည့်ရုံတော့ စားတယ်။ ခရမ်းချဉ်သီးဗူးတွေ အနံ့  ကို မကြိုက်ဘူး။ အဲဒီတုန်းက ကိုယ်ဟင်းချက်တဲ့ အခါမျိုးမှာ ခရမ်းချဉ်သီး ၀ယ်မထားလို့  ဗူးနဲ့ ချက်ရရင် ခရမ်းချဉ်သီးတွေကို အနံ့  ပျောက်အောင် အရင်ဆီသတ်၊ နည်းနည်း ကြာကြာလေး ပြန်ချက်တယ်။ အခုလည်း ဟင်းချက်ရင် တခါတလေ ခရမ်းချဉ်သီးတွေကို ပြုတ်တဲ့ အခါ ပြုတ်တယ်။ သေးသေးလေးတွေ လှီးထည့်တဲ့အခါ ထည့် လုပ်တယ်။ ပြုတ်ရင် စိတ်ကူးပေါက်ရင် အပေါ်ခွံတွေတောင် ခွာပြီးမှ ချက်တယ်။ အခွံတွေနဲ့  စားရတာ မကြိုက်လို့ ။ ပါးစပ်ရှုပ်တယ်။ ရန်ကုန်မှာ တုန်းကဆို ဟင်းတွေကို ဆီသတ်တာ မကောင်းလို့  အနံ့  မပျောက်ဘူးဆို မစားဘူး၊ ချက်တဲ့ပုံ မကြိုက်ရင် မစားဘူး။ အိမ်မှတုန်းက အမေက မီးဖိုချောင်ဝင်ခိုင်းရင် အဖေက သင်ပေးတယ်။ ဟင်းကို ကိုယ်စားတတ်သလို လောက်တော့ ချက်တတ်ရမယ်၊ သူများကို ခိုင်းတတ်ရမယ်။ ဒါဆိုတော်ပြီ၊ မီးဖိုချောင်လည်း အမြဲဝင်နေစရာ မလိုဘူး၊ အများကြီးချက် တတ်စရာလည်း မလိုဘူးတဲ့။ အဖေ့ သမီးလို့  မပြောရဘူး အဖေမှာတဲ့ အတိုင်း ဟင်းကို သူများ စားကောင်းဖို့ တော့ မချက်တတ်ရင် ရှိမယ်၊ ကိုယ်ကြိုက်တဲ့ ပုံစံထွက်အောင်လောက်တော့ ချက်တတ်တယ်။ သူများကို ခိုင်းရမယ်ဆို ထောင့်စေ့အောင်လည်း ခိုင်းတတ်သေးတယ်။ :D နိုင်ငံခြားထွက်လာတော့ အမေ နဲ့  အဖေက အသေအချာ မှာလိုက်တယ်။ ကိုယ်စားချင်တာ ကိုယ်ကြိုက်သလို လုပ်စားနိုင်ရင်စား၊ ကိုယ်မချက်ချင်လို့  သူများချက်တာတွေ စားရမယ်ဆို ဂျီးမများနဲ့  စားတတ်အောင်စား၊ ကိုယ့်အိမ် မဟုတ်ဘူးတဲ့။ ဒီနေရာမှာတော့ မိဘစကား နားထောင်ပါတယ်။ ကိုယ်မချက်ချင်လို့  သူများချက်တာတွေ စားရတဲ့အခါ ဘာမှ ပြောမနေဘူး၊ စားနိုင်ရင် စားလိုက်တယ်၊ မစားနိုင်ရင် မစားပဲ နေလိုက်တာပေါ့။ ဒါဟာလည်း ပိန်ရခြင်း အကြောင်းအရင်းတွေ ထဲက အချက် တစ်ချက် ဖြစ်မယ် ထင်တယ်။

3G iPhone - Coming July 11, 2008

$199 for 8G and $299 for the 16GB model.
Plus you can't buy it online or activate it yourself.


Australia, Austria, Belgium, Canada, Denmark, Finland, France, Germany, Hong Kong, Ireland, Italy, Japan, Mexico, Netherlands, New Zealand, Norway, Portugal, Spain, Sweden, Switzerland, UK and the US.

၁၁ ဂျူလိုင် ၂၀၀၈ မှာ 3G iPhone ကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ၀ယ်လို့ ရမယ်လို့  သိရတယ်။ အဲ့ဒီ ၂၂ နိုင်ငံမှာ စင်္ကာပူနိုင်ငံ မပါသေးဘူး။ ဒါပေမယ့် ဒီနှစ် နှောင်းပိုင်းမှ 3G iPhone သုံးလို့ ရမယ့် ၄၈ နိုင်ငံတွေမှာတော့ စင်္ကာပူ ပါတယ်။

June 09, 2008

People Are Often Unreasonable - Mother Teresa

ကျွန်မ သဘောကျ နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ။ တခါတလေ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့ တွေကြောင့် စိတ်ရိုင်းတွေ ၀င်လာတဲ့ အခါတိုင်းမှာ ဒီကဗျာကို သတိတရ ပြန်ဖတ်မိတယ်။ ဒီကဗျာလေးရဲ့ နောက်ဆုံး စာပိုဒ်မှာ မာသားထရီစာဟာ ရဲ့ သူရဲ့ ယုံကြည်မှု့  အတိုင်း You and God လို့  ရေးသားထားပါတယ်။ ဒါပေမယ့် ဒီကဗျာလေး ဖတ်တိုင်း အဲ့ဒီနေရာမှာ You and Yourself လို့ ပဲ ကျွန်မ အမြဲ ပြောင်းဖတ်မိတယ်။ ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ မပြောင်းလဲပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမယ်။
People are often unreasonable, illogical, and self-centered;
Forgive them anyway.

If you are kind, People may accuse you of selfish, motives;
Be kind anyway.

If you are successful, You will win some false friends and some true enemies;
Succeed anyway.

If you are honest and frank, People may cheat you;
Be honest and frank anyway.

What you spend years building, Someone could destroy overnight;
Build anyway.

If you find serenity and happiness,They may be jealous;
Be happy anyway.

The good you do today, People will often forget tomorrow;
Do good anyway

Give the world the best you have, And it may never be enough;
Give the world the best you have anyway.

You see, in the final analysis, It is between you and God;
It never was between you and them anyway.

Mother Teresa (1910-1997)
ဒီအပေါ်မှာ ဖော်ပြထားတဲ့ ကျွန်မ နဲ့ ရင်းနှီးနေတဲ့ ကဗျာလေးဟာ မားသားထရီစာ ပြန်လည် ရေးသားထားတဲ့ Version ပါ။ အဲ့ဒီ ကဗျာရဲ့ မူရင်း ကဗျာနာမည်ဟာ The Paradoxical Commandments ဖြစ်ပြီး ရေးသားသူဟာ Dr. Kent M. Keith လို့  သိရပါတယ်။ အဲဒီကဗျာ လေးအကြောင်း သိချင်တယ်ဆိုရင် ဒီမှာ နဲ့  မူရင်းဗားရှင်းကို ဖတ်ကြည့်ချင်တယ်ဆို ဒီမှာ ဖတ်လို့ ရပါတယ်။

Other Source: Mother Treasa : Do It Anyway

June 06, 2008

06 June 2008

ဒီနေ့  သောကြာနေ့ ။

တစ်ပတ် ၇ ရက်ထဲ ဘယ်နေ့ တွေကို ကြိုက်သလဲ မေးလာမယ်ဆို အခုနောက်ပိုင်း အရင်လို အလုပ်ပိတ်ရက်ကို ကြိုက်တာ မဟုတ်ပဲ ကြာသာပတေး နဲ့  သောကြာနေ့ တွေကို ပိုသဘောကျနေတယ်လို့  ဖြေမယ်။ ကြာသာပတေးနေ့  မနက် ရောက်ပြီဆို ... မနက်ဖြန် သောကြာ.. အလုပ်လုပ်ရမယ့် ရက်တွေ တစ်ဝက်ကျော် ကုန်သွားပြီလို့ တွေးပြီး စိတ်ချမ်းသာတယ်။ သောကြာနေ့ ဆိုလဲ ဒီနေ့  ဒီတစ်ပတ်အတွက် နောက်ဆုံး အလုပ်လုပ် လုပ်ရမယ့် နေ့ ဆိုပြီး စိတ်ကြည်လင် နေတယ်။ အဲ... သောကြာနေ ညနေပိုင်း ရောက်ပြီ ဆိုရင်တော့ အရင်လို အရမ်း စိတ်လက် ပေါ့ပါးတယ် ဆိုတာမျိုး မခံစားရဘူး။ ခုနောက်ပိုင်း စနေ၊ တနင်္ဂနွေရက်တွေဟာ အလုပ်မသွားရလို့  အိမ်မှာနေရတာကလွဲရင် ဘာမှ နှစ်သက်စရာ မရှိဘူး။ ဟိုရှုပ် ဒီရှုပ်၊ ဟိုကိစ္စ ဒီကိစ္စတွေ များပြီး စိတ်အဆင်မပြေမှု့ တွေနဲ့ ပဲ ကြုံတွေ့ နေရတာများနေတယ်။ ဒီအားလပ်ရက်မှာ စိတ်အနှောက်အယှက် ဖြစ်စရာ ဘာတွေများ ထပ်ကြုံရအုံးမလဲ တွေးပြီး စိတ်ထဲသိပ်မကြည်ဘူး။ Weekend ရောက်မှာတောင် လန့် နေတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်။ ဒီလိုပဲ အားတင်း ရတာပေါ့။ ကိုယ့်ကိုကိုယ် မှ အားမပေး၊ ဘယ်သူလာ အားပေးမလဲ။
Keep a smile on your face, no matter what!..

ပြုံးတော့ ပြုံးနေပါရဲ့ ကိုယ်မျက်နှာပေါ်မှာ ရှိနေတဲ့ အပြုံးဟာ အများပြောတဲ့ မချိပြုံး ဆိုတာမျိုး မဖြစ်ဖို့ လည်း လိုမယ်။

People are just about as happy as they make up their minds to be. ~ Abraham Lincoln

ShweRooms.Com

နောက်လ ဆန်း(1st July) လောက်မှာ အိမ်ပြောင်းမယ် စိတ်ကူးလို့  လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စပြီး အိမ်ခန်းရှာတဲ့အလုပ် စလုပ်ပါတယ်။ ဟိုးရှေ့ ပိုင်းကလို အနီးကပ်မှ အသေအလဲလိုက် ရှာတာမျိုးမဖြစ်အောင် အိမ်ပြောင်းမယ် စိတ်ကူးထဲက နီးစပ်ရာ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို အကြောင်းကြား၊ သူတို့ သတင်းပေးတဲ့ အိမ်ခန်းတွေ လိုက်ကြည့်ဖြစ်တယ်။ ခုချိန်ထိလဲ ကြည့်နေတုန်း၊ ရှာနေတုန်း ပါပဲ။

ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက် သတင်းပေးလို့  သိရပြီး၊ အခုရက်ပိုင်း အခန်းရှာရာမှာ ကြည့်ဖြစ်နေတဲ့ Website တစ်ခု အကြောင်း သတင်းပေးချင်တယ်။ တချို့ လဲ သိပြီးကြမယ် ထင်တယ်။ ဒီနိုင်ငံမှာ အိမ်ရှာသူတွေ၊ အိမ်ငှါးချင်သူတွေ အတွက် အတော်လေး အသုံးဝင်တယ်။ ကိုယ့်မှာ ငှါးဖို့ အခန်းရှိပါကလည်း အဲ့ဒီမှာ ကြော်ငြာလိုက်လို့  ရပါတယ်။ Australia, Japan, Malaysia, Myanmar, Singapore, Thailand, United Kingdom နဲ့ United States လို့  နိုင်ငံတွေ ခွဲဖော်ပြထားပေမယ့် စင်္ကာပူနိုင်င်က အခန်းကြော်ငြာတွေပဲ ရှိပါသေးတယ်။ နောက်ပိုင်းတခြား နိုင်ငံတွေအတွက် ကြော်ငြာတွေပါ ရှိလာမယ် မျှော်လင့်ပါတယ်။

စင်္ကာပူက အခန်းငှါးတဲ့ သတင်းတွေ Update အမြဲဖြစ်နေတယ်။ တဆင့်တဆင့်နဲ့  ShweRooms ကို သိတဲ့သူများပြီး အသုံးပြုသူတွေလည်း များနေပြီ ထင်တယ်။ အခန်းငှါးဖို့ ကြော်ငြာတွေမှာ Long Term အခန်းတွေသာ မက Short term အိမ်ခန်းတွေပါ ကြော်ငြာထားတာတွေ့ ရလို့  မြန်မာပြည်ကနေ ဒီမှာ အလုပ်လာရှာတဲ့ သူတွေ အတွက်လည်း အသုံးဝင်မှာပါ။


နောက်တစ်ခုကြည့်မိတာကတော့ freead4you.net ပါ။ အဲ့ဒီမှာတော့ အခန်းငှါးဖို့ ကြော်ငြာတွေ ShweRooms လောက် မရှိဘူး။ ဒီဆိုဒ်က မြန်မာတွေ အတွက် အိမ်ခန်းငှါးတဲ့ သတင်းတွေ သီးသန့်  မဟုတ်ပဲ Electronics၊ Computer နဲ့  တခြား အသုံးအဆောင်ပစ္စည်းတွေ ရောင်းချငှါးရမ်းမယ့် သတင်းတွေကို ဖော်ပြထားတာလည်း တွေ့ ရပါတယ်။

Links:
ShweRooms.com
Freead4you.net

Credit to TT

June 05, 2008

3rd Present for Year 2008

03-June-2008He bought this present at 26th May 2008 and I got it at 3rd June 2008. :-)

ဒီတစ်ခါက ပါဆယ်နဲ့ ပို့ တာ မဟုတ်ပဲ လူကြုံနဲ့  ထည့်ပေးလိုက်တဲ့ လက်ဆောင်။

ဟိုးအရင် လက်ဆောင်တွေ ရရင် လက်ခံရရှိတဲ့ နေ့ တွေကိုပဲ မှတ်ထားလေ့ရှိပြီး၊ ဘာတွေပါတယ်၊ ဘာတွေရတယ် ဆိုတာ မှတ်ထား၊ ရေးထားလေ့ မရှိဘူး။ အခု ဒီအိတ်လေးကို လက်ခံရရှိတဲ့နေ့ က အရင်အခါတွေမှာ ရခဲ့တဲ့ လက်ဆောင်တွေ အကြောင်း ပြန်ပြီး စဉ်းစားကြည့်တော့ အဲ့ဒီအချိန်တွေက ပါဆယ်ထုတ်ထဲမှာ ပါလာတဲ့ ပစ္စည်းစာရင်းတွေကို အတိအကျ မမှတ်မိတော့ဘူး။ ပို့ မယ်ဆိုပြီး အသေအချာ ပြောထားတဲ့ အရာဝထ္ထုတွေကို မှတ်မိပေမယ့် တခြားပါလာတဲ့ ပစ္စည်း သေးသေးလေးတွေကို သေချာ စဉ်းစားမရတော့တာပါ။ လက်ဆောင်ကို ဘာအတွက်ဆိုပြီး သီးသန့် ပေးတာမဟုတ်ပဲ အဆင်ပြေတယ် ထင်တာလေးတွေရှိရင် ၀ယ်ထည့်ပေးလိုက်တာမျိုး။ ပစ္စည်းဆိုတာမျိုးက သုံးလိုက်ရင် ဟောင်းနွမ်းပြီး နောက်ဆုံး ဘယ်ပျောက်သွားမှန်မသိ ဖြစ်တတ်တယ်။ မပျက်ဆီးအောင် မသုံးပဲ ဒီအတိုင်း သိမ်းထားလို့ လဲ မဖြစ်ဘူး။ သုံးစေချင်လို့  ၀ယ်ပေးတဲ့ ပစ္စည်းတွေကို သုံးမှပဲ ပေးသူတွေက ကျေနပ်မယ် ထင်ပါတယ်။ ဟိုးနှစ်ဆန်းပိုင်းက ပို့ တဲ့ အထဲမှာ ပါတဲ့ ပစ္စည်းတချို့ ဆို သုံးလို့  ဟောင်းတာဟောင်း၊ ပျက်တာ ပျက်၊ ကုန်တာကုန် ဖြစ်ကုန်ပြီ။ အမှတ်တရလည်းဖြစ်အောင် (အဓိကက ကိုယ်မေ့တာ လူမသိအောင် :D) နောက်ဆို လက်ဆောင်တွေရရင် ဘာတွေရလဲဆိုတဲ့ စာရင်းနဲ့ အဆင်ပြေတယ်ဆို ပုံလေးတွေနဲ့ ပါ ဒီမှာ မှတ်ထားမယ် စိတ်ကူးတယ်။ ဒီနေရာက ကျွန်မ ရေးချင်တာတွေကို Diary သဘောမျိုး ရေးတဲ့ နေရာဖြစ်တော့ ဘယ်သူ့ အတွက်မှလဲ အနှောက်အယှက်ဖြစ်မယ် မထင်ပါဘူး။ ဒီလက်ဆောင်ကို သယ်လာပေးတဲ့ မမကြီး (Ma WNNW) ကိုလည်း ကျေးဇူးတင်ပါတယ်။ :-) ဒီအိတ်သွားယူတဲ့ နေ့ က မမကြီးက အင်္ကျီတစ်ထည် နဲ့  ချောကလက်ပါပေးလို့  တစ်နေ့ တည်း ပစ္စည်း ၃မျိုး လက်ခံရရှိခဲ့ပါတယ်။ လက်ဆောင်ရတဲ့ အိတ်က ကျွန်မ အမြဲသုံးလေ့ရှိတဲ့ အညိုရောင် ဖြစ်သလို၊ လက်ဆောင်ရတဲ့ အင်္ကျီကလဲ ကျွန်မ ၀တ်လေ့ရှိတဲ့ ပန်းရောင်။

1st Present for Year 2008
2nd Present for Year 2008

June 04, 2008

04 June 2008

အခု ရက်ပိုင်းအတွင်း...
ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေမှာ ဘယ်အရာတွေက ဖြစ်နိုင်သလဲ၊ ဘယ်အရာတွေက မဖြစ်နိုင်ဘူးလဲ၊ ဘာတွေကို လုပ်သင့်သလဲ၊ ဘာတွေကို လုပ်သင့်ဘူးလဲ ဆိုတာ သေချာထပ်စဉ်းစားတယ်။
လုပ်သင့်တဲ့၊ လုပ်ရမယ့်ဟာတွေမှာ ဘယ်ဟာက ဦးစားပေးလဲ၊ ခုချိန်မှာ ဘာလုပ်နိုင်သလဲ စဉ်းစားပြီး၊ လုပ်နိုင်သမျှကို အချိန်မဆွဲပဲ ပြီးအောင် လုပ်တယ်။
လုပ်ချင်တာတွေ လုပ်နေပြီး၊ လုပ်သင့်တာတွေ မလုပ်ဖြစ်လိုက်လို့  စိတ်ညစ်ရတဲ့ အခြေအနေမျိုး မဖြစ်ချင်သလို၊ ကိုယ်မလုပ်နိုင်တာတွေ အတွက် စိတ်အနှောက်အယှက် ဖြစ်နေတာမျိုးလည်း အဖြစ်မခံဘူး။ မလိုအပ်တဲ့ အပိုအလုပ်တွေ၊ ဘယ်သူ့ ဘယ်သူ အတွက်မှ အကျိုးမရှိတာမျိုးတွေ အတွက် အချိန် အကုန်မခံဘူး။

နေ့ စဉ်..
အစားအသောက်ကို အချိန်မှန် စားဖြစ်တယ်။ မနက်စာ၊ နေ့ လယ်စာ နဲ့  ညစာ ၃ ကြိမ် စားဖြစ်အောင် စားတယ်။
အလုပ်ချိန်မှာ အလုပ်သွားပြီး စိတ်အေးအေးနဲ့  လုပ်စရာရှိတဲ့ အလုပ်တွေ ပြီးအောင်လုပ်တယ်။
အလုပ်ချိန်ပြီးလို့  တခြားကိစ္စနဲ့  အပြင်သွားဖို့ ရှိရင် ဆက်သွားတယ်၊ မရှိဘူးဆို အိမ်စောစော ပြန်လာတယ်။
အချိန်မှန် အိပ်ပျော်အောင် အိပ်တယ်။ စိတ်အနှောက်အယှက် သိပ်မရှိတော့ အိပ်ရေး၀၀ အိပ်ဖြစ်နေတယ်။
တစ်ခုပဲရှိတယ် ညဖက် စောစောအိပ်ပေမယ့် အရင်လို မနက် စောစော မထဖြစ်ဘူး။ နောက်ဆုံး အိပ်လို့ ရတဲ့ အချိန်အထိ အိပ်ဖြစ်နေတယ်။
အရင်ကထက်ပိုပြီး လိမ္မာနေတယ်လို့  ပြောလို့ ရမယ် ထင်တယ်။ ဒါပေမယ့် စာဖတ်ချင်စိတ်မရှိတာကို ရှိအောင် ပြန်လုပ်ဖို့ နဲ့  စောစောအိပ်ရာ ထတဲ့ အကျင့်လေး ပြန်မွေးဖို့ တော့ လိုနေသေးတယ်။ ဒီအတိုင်းဆို တခြားဟာတွေ မသိသာတောင် အစားမှန်၊ အအိပ်မှန် ဖြစ်နေတာကြောင့် နည်းနည်းလောက်တော့ ၀ လာမယ် မျှော်လင့်ရတယ်။ အင်း.. တသက်လုံး ကိုယ်လုပ်ချင်တာတွေကို အရင်လုပ်၊ လုပ်သင့်တာကို မလုပ်မဖြစ် နောက်ဆုံး အချိန်မျိုးမှ လုပ်ပြီး ပေပေတေတေ နေတတ်တော့ ဒီလို အစားအသောက် အအိပ် မှန်မှန်နဲ့  လုပ်စရာရှိတာတွေ အချိန်မဆွဲပဲ ပြီးအောင်လုပ်ပြီး လိမ္မာနေတာမျိုး ဘယ်လောက်ကြာကြာ နေဖြစ်မလဲ မသိဘူး။

June 01, 2008

Let's do Exercise!

အားလပ်ရက်မှာ အပြင်မထွက်ဖြစ်ပဲ အခန်းတွင်းအောင်းတာ များသွားလို့  မအီမသာဖြစ်နေတာ ပျောက်အောင်အောင် Kitty For Me မှာ ဖော်ပြထားတဲ့ Let's do exercise! လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ရင် ကောင်းမလား စဉ်းစားနေမိတယ်။ သောကြာနေ့  အလုပ်လုပ်ရတာ အရမ်းပင်ပန်းသွားတဲ့ အချိန် ထဲက ဒီလေ့ကျင့်ခန်း လုပ်နည်းလေးတွေ ရှိတယ်ဆိုတာကို သတိရသွား ခဲ့တာပါ။ ဒါပေမယ့် ထုံးစံအတိုင်း လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ပင်ပန်းတယ်၊ ကိုယ်နဲ့  မဆိုင်တဲ့အရာလို့  ထင်နေတော့ နည်းတွေ သွားကူးယူဖို့  မေ့သွားတယ်။ ဒီနေ့  ညောင်းညာသလိုလို ခံစားရမှ ပြန်သတိရသွားတော့တယ်။ စိတ်ဝင်စားသူတွေ လေ့ကျင့်နိုင်အောင် ကူးယူ ဖော်ပြလိုက်ပါတယ်။
Let's do exercise !!

1st : Warming up

2nd : Stretching

3rd : The upper body exercise

4th : The lower body exercise (moving to left and back)

5th : The lower body exercise (moving to right and back)


6th : Head exercise

7th : Whole body exercise
level 1 level 2 level 3

8 th : Jumping exercise . The post is the key ! but remember to jump !

9th : Relax
level 1 level 2

10th : Over ! Well done !

သက်ရှည် ကျန်းမာချင်တဲ့ သူတွေဟာ ဒီလို ကိုယ်လက်လှုပ်ရှားမှု့ လေးတွေကို အမြဲလုပ်ဖို့  လိုမယ်ထင်တယ်။

Credit to Kitty-for-me