ရုပ်ရှင် ကြည့်ရင် စိတ်ညစ်စရာ ဇာတ်ကားတွေ ကြည့်ရတာ လုံးဝ မကြိုက်ဘူး။ အပြင်လောကမှာ တွေ့ မြင် ကြုံတွေ့ နေရတဲ့ စိတ်ညစ်စရာတွေနဲ့ တင် အတော်လေး လုံလောက်နေပြီ ဆိုတော့ ပိုက်ဆံပေးပြီး စိတ်ညစ်စရာတွေကို ထပ်ပြီး မကြည့်ချင်တော့ဘူး။ ကြည့်ဖြစ်ရင်လည်း ရုပ်ရှင်ထဲက ဟာတွေကို ခံစားလို့ မရဘူး။ နောက်ပြီး စိတ်ကူးရင် နုနုရွရွ အချစ်ဇာတ်လမ်းတွေလဲ ကြည့်လေ့ မရှိဘူး။ အပြင်မှာ ရုပ်ရှင်တွေ အများစုထဲကလို့  ချစ်နေဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ သရဲကား၊ ခြောက်ခြားစရာ ဇာတ်ကားတွေဆိုလဲ လုံးဝ မကြည့်ဘူး။ ကိုယ့်ကိုကိုယ် ဒုက္ခမပေးဘူး။ ရုပ်ရှင်ကြည့်မယ်ဆို ချစရာရှိရင် ပြတ်ပြတ်သားသား ချတဲ့ Action ကားတွေ၊ Adventure နဲ့ ဆိုင်တဲ့ ဇာတ်ကားမျိုးတွေ၊ ဟာသ နဲ့  ကာတွန်းကားတွေ ကြည့်ရတာပဲ ကြိုက်တယ်။

No comments:
Post a Comment