
ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေမှာ ဘယ်အရာတွေက ဖြစ်နိုင်သလဲ၊ ဘယ်အရာတွေက မဖြစ်နိုင်ဘူးလဲ၊ ဘာတွေကို လုပ်သင့်သလဲ၊ ဘာတွေကို လုပ်သင့်ဘူးလဲ ဆိုတာ သေချာထပ်စဉ်းစားတယ်။
လုပ်သင့်တဲ့၊ လုပ်ရမယ့်ဟာတွေမှာ ဘယ်ဟာက ဦးစားပေးလဲ၊ ခုချိန်မှာ ဘာလုပ်နိုင်သလဲ စဉ်းစားပြီး၊ လုပ်နိုင်သမျှကို အချိန်မဆွဲပဲ ပြီးအောင် လုပ်တယ်။
လုပ်ချင်တာတွေ လုပ်နေပြီး၊ လုပ်သင့်တာတွေ မလုပ်ဖြစ်လိုက်လို့  စိတ်ညစ်ရတဲ့ အခြေအနေမျိုး မဖြစ်ချင်သလို၊ ကိုယ်မလုပ်နိုင်တာတွေ အတွက် စိတ်အနှောက်အယှက် ဖြစ်နေတာမျိုးလည်း အဖြစ်မခံဘူး။ မလိုအပ်တဲ့ အပိုအလုပ်တွေ၊ ဘယ်သူ့ ဘယ်သူ အတွက်မှ အကျိုးမရှိတာမျိုးတွေ အတွက် အချိန် အကုန်မခံဘူး။
နေ့ စဉ်..
အစားအသောက်ကို အချိန်မှန် စားဖြစ်တယ်။ မနက်စာ၊ နေ့ လယ်စာ နဲ့  ညစာ ၃ ကြိမ် စားဖြစ်အောင် စားတယ်။
အလုပ်ချိန်မှာ အလုပ်သွားပြီး စိတ်အေးအေးနဲ့  လုပ်စရာရှိတဲ့ အလုပ်တွေ ပြီးအောင်လုပ်တယ်။
အလုပ်ချိန်ပြီးလို့  တခြားကိစ္စနဲ့  အပြင်သွားဖို့ ရှိရင် ဆက်သွားတယ်၊ မရှိဘူးဆို အိမ်စောစော ပြန်လာတယ်။
အချိန်မှန် အိပ်ပျော်အောင် အိပ်တယ်။ စိတ်အနှောက်အယှက် သိပ်မရှိတော့ အိပ်ရေး၀၀ အိပ်ဖြစ်နေတယ်။
တစ်ခုပဲရှိတယ် ညဖက် စောစောအိပ်ပေမယ့် အရင်လို မနက် စောစော မထဖြစ်ဘူး။ နောက်ဆုံး အိပ်လို့ ရတဲ့ အချိန်အထိ အိပ်ဖြစ်နေတယ်။

2 comments:
မနက်စာ၊ နေ့လယ်စာနဲ့ ညစာမှန်နေလို့ကတော့ မ၀မနေနိုင်ပေါင်။ :)
NL :)
အစားမှန်တောင် အအိပ်မမှန်ရင် မ၀ဘူး။ :) ကျွန်မ အတွေ့ အကြုံကို ပြောတာပါ။
အစားမှန်တဲ့အခါ အအိပ်မမှန်၊ အိပ်ပြန်တော့ မစား နဲ့  သိတတ်တဲ့ အသက်အရွယ်ထဲက ခုချိန်အထိ မ၀ သေးဘူး။ အသက်ကြီးမှ ၀လာ မလားတော့ မသိဘူး။
Post a Comment