Pages

October 31, 2006

Halloween Day

ဒီနေ့  Halloween နေ့ ။ သူငယ်ချင်းတွေက ပြောတယ် ဒီညနေ သူတို့  Halloween ပါတီသွားကြမယ်၊ အလုပ်မှာ ဆိုလည်း ဒီနေ့  အတွက်ဆိုပြီး ထူးထူးခြားခြား ပြင်ဆင်ထားတာတွေ ရှိတယ်တဲ့။ အင်း…. မနာလို ဖြစ်အောင် ပြောနေကြမှန်း သိရက်နဲ့  မနာလို ဖြစ်ချင်လာတယ်။ သူတို့ စီမှာ ဘယ်လောက် ထူးခြားထူးခြား ဒီမှာတော့ ဘာမှ မထူးခြားတဲ့ နေ့ လေး တစ်နေ့ ပါပဲ။

သူတို့ လုပ်တာနဲ့  ကျောင်းတက်နေရင်း အချိန်ပိုင်း အလုပ်ဝင်တုန်းက အလုပ်မှာ ကြုံခဲ့ရတဲ့၊ Halloween နေ့ နဲ့  Halloween ပါတီကို သတိရသွားတယ်။ အဲ့ဒီနေ့  မတိုင်ခင် တစ်ပတ်၊ နှစ်ပတ် အလိုထဲက အလုပ်မှာ ပြင်ကြ ဆင်ကြနဲ့  အလုပ်တွေ ရှုပ်နေကြတယ်။ အလုပ်ပျက်လို့  စိတ်တိုရတဲ့ကြားထဲ ပြင်ပြီး၊ ဆင်ပြီးတော့ တွေ့ ရတာက လှတပတလေးတွေလည်း မဟုတ်။ အလုပ်မှာရောက်နေတာနဲ့  မတူပဲ အိမ်အိုအိမ်ဟောင်း သရဲရှိတဲ့ အိမ်ထဲ ရောက်နေရတဲ့ အတိုင်းပဲ ခံစားခဲ့ရတယ်။ Halloween နေ့  ရောက်တော့လည်း အလုပ်ရောက်တာနဲ့  GM နဲ့  Manager တော်တော်များများကို ၀တ်စုံနက်ကြီးတွေ ၀တ်၊ မျက်နှာတွေမှာလည်း မဲမဲကြီးတွေချယ်လို့ ၊ ခေါင်းမှာ ကလည်း စုန်းမတွေ ဆောင်းတဲ့ ဦးထုပ်မျိုးတွေဆောင်ပြီး တွေ့ ရပြန်ရော။ manager မ တစ်ယောက်ဆို လက်ထဲမှာ တံမြက်စီးကြီး ကိုင်ထားတာ စုန်းမကြီးနဲ့  တူလိုက်တာလို့  တွေးမိတာပဲ။ အပြင်မှာတော့ ဘယ် ပြောရဲပါ့ မလ၊ ဒါပေမယ့် စိတ်ထဲမှာ ကြီးကောင်ကြီးမားတွေနဲ့  ပေါရဲ လိုက်တာလို့  ပြောခဲ့မိတာပေါ့။ သူတို့ က staff နဲ့  customer တွေကို လိုက်နှုတ်ဆက်၊ သကြားလုံးတွေ လိုက်ပေးနဲ ပျော်စရာတော့ အကောင်းသား။ ဘာပဲ ပြောပြော အဲ့ဒီနေ့ က ဟိုလူလာပေး၊ ဒီလူလာပေးနဲ့  သကြားလုံးတွေတော့ အများကြီးရခဲ့တာကို သတိရမိတယ်။ ( ခုမှ စဉ်းစားမိတယ်၊ သူတို့ တွေနဲ့  ယှဉ်ရင် လူကောင်သေးသေးလေးမို့  ကလေးတစ်ယောက် လို့  သဘောထားပြီး သကြားလုံးတွေ လာလာပေးတာနဲ့  တူပါရဲ့။ )

ညဖက် အိမ်ပြန်ရောက်တော့လည်း ကလေးတွေ လာပြီး တခါးခေါက်တာနဲ့  ကြုံရပြန်ရော။ ပုံဆိုးပန်းဆိုး ပုံတွေနဲ့  ဆိုတော့ တစေ၊ သရဲ၊ မှင်စာ လေးတွေလားလို့  လန့် သွားတာပဲ။ ကိုယ်ကလည်း တစ်ခါမှ မကြုံ ဘူးတော့ ဘာလုပ်ရမှန်းမသိ၊ သူတို့ ကလည်း သူတို့  size လောက်ပဲ ရှိတဲ့ လူမျိုးခြား တစ်ယောက်ကို မြင်တော့ ဘာပြောရမှန်း မသိ၊ နှစ်ဘက်လုံး ကြောင်တောင်တောင်ဖြစ်သွားကြတာ၊ ပြီးတော့ တစ်အိမ်တည်း တူတူနေတဲ့ Scottish မ က bell သံကြားလို့  ဆိုပြီး ထွက်လာတာနဲ့  ကျွန်မတို့ ကို တွေ့ သွားပြီး၊ ကလေးတွေ ကို သကြားလုံးတွေ ပေးလိုက်မှ အဆင်ပြေ သွားတော့တယ်။ ပြီးတော့ သူက ရှင်းပြတယ်။ နောက် အုပ်စုတွေလာရင် ပေးဖို့ ဆိုပြီး သူဝယ်ထားတဲ့ သကြားလုံးတွေထားတဲ့  နေရာကို ပြတယ်လေ။ မှတ်မှတ်ယယ ပတမဆုံး Halloween ည အတွေ့  မကြုံပါပဲ။ အဲ့ဒီ နှစ်ကတော့ ကြုံရတယ်ဆိုတာကလည်း ကျွန်မက အပြင်မှာ အိမ်ငှါး နေဖြစ်ခဲ့လို့ ပါ။ အရင်နှစ်တွေက အဆောင်မှာနေတာဆိုတော့ ဒါမျိုး မကြုံရပါဘူးလေ။

Holloween Pumpkin

Holloween နားနီးပြီဆိုတော့ ဆိုင်တွေမှာ pumpkin တွေကို ကြောက်စရာ ကောင်းတဲ့ ပုံတွေ လုပ်ထားလေ့ရှိတာကို တွေးမိသွားလို့  လိုက်ရှာလိုက်တာ ဒါလေးတွေ တွေ့ လိုက်ရတယ်။

ဒီမှာက Holloween ဆိုတာဘာလဲ နဲ့  ဘာလို့  Holloween မှာ pumpkin တွေကို ပုံတွေထွင်းပြီး ထားကြတယ် ဆိုတာတွေကို ပြောပြထားပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်မက english ကလည်း ကိုဟာကိုတောင် မနည်း နားလည်အောင် ဖတ်နေရပြီး၊ ဘာသာပြန်တာကလည်း မတော်ဆိုတော့ သူရေးထားတာတွေကို ပြန်ရေးမပြတော့ပဲ သိချင်သူများ ဖတ်ချင်ရင်ဖတ်လို့ ရအောင် website link ကို ပဲ ပေးထားလိုက်ပါတယ်။ ပျင်းတာလည်း ပါတာပေါ့လေ။

Source : Pumpkincarving

ဒါကတော့ ပုံမှန်တွေ့ နေ ကြ holloween မှာတွေ့ နေရတဲ့ ပုံတွေ နဲ့  မတူတဲ့ ပုံတွေပါ။ဒီလိုမျိုး ပုံတွေအများကြီကို villa fane studios မှာသွားကြည့်လို့ ရပါတယ်။ ဒါတွေကို ဘယ်လို လုပ်လည်းသိချင်ပြီး စမ်းကြည့်ချင်တဲ့ သူတွေအတွက် အဲ့ဒီမှာ ဘယ်လို့  လုပ်ရတယ်ဆိုတဲ့ tutorial အသေးစိတ်ကို ရေးပြထားတာ တွေ့ ရမှာပါ။

Source : Villafanestudios

October 28, 2006

Why Work?

မနေ့ က အလုပ်မှာ လုပ်စရာမရှိ အားနေတော့ ပျင်းပျင်းရှိတာနဲ့  ဟိုစဉ်းစား ဒီစဉ်းစား လုပ်မိတယ်။ လူတိုင်း ကြုံဘူးမယ်လို့  ထင်ပါတယ်။ မနက် ၉ နာရီကနေ ညနေ ၆ နာရီ ဆိုတဲ့ အချိန်ဟာ အလုပ်မှာ လုပ်စရာ ရှိနေတဲ့ သူတွေ အတွက်သာ ခဏလေး လို့  ထင်ရနိုင်ပေမယ့်၊ ဘာမှ လုပ်စရာမရှိ၊ ကွန်ပြူတာ တစ်လုံးရှေ့မှာ ကိုယ်စိတ်မ၀င်စားတဲ့ စာတွေကို ထိုင်ဖတ်နေရုံက လွဲရင် ကျန်တာ ဘာမှ လုပ်လို့  မရတဲ့ သူတစ်ယောက် အတွက်တော့ တော်တော့်ကို ရှည်ကြာ စိတ်ပျက် ပျင်းရိငြီးငွေ့ ဖွယ်တဲ့ အချိန်ကာလပါပဲ။ အလုပ်မှာ အလုပ်လုပ်စရာ မရှိပဲ ဒီတိုင်းထိုင်နေရတာ လောက် စိတ်ပျက်ဖို့  ကောင်းတာ ရှိမယ် မထင်ပါဘူး။

လုပ်စရာမရှိလို့  ဟိုစဉ်းစား ဒီစဉ်းစား လုပ်နေမိရာကနေ မေးခွန်းလေး တစ်ခု ကိုယ့်ကိုကိုယ် ပြန်မေးလိုက်မိတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အလုပ်မှာ ထိုင်နေရင်း တွေးမိတာဆိုတော့ အလုပ်နဲ့ ဆိုင်တာကိုပဲ တွေးမိ တာပါ။ ကျွန်မကို ကျွန်မ ပြန်မေးမိတဲ့ မွေးခွန်းကတော့ "ငါဘာလို့  အလုပ် လုပ်နေတာလဲ" ဆိုတဲ့ မေးခွန်းလေးပါ။ ပထမတော့ ကိုယ့်ကိုကိုယ် ပြန်မေးမိတဲ့ မေးခွန် အတွက် ကိုယ့်ဟာကို အဖြေက အဆင်သင့် မရှိ ဖြစ်နေ ပါသေးတယ်။ နောက် တွေးရင်းနဲ့ တော့ မေးခွန်းရှိရင် အဖြေရှိရမယ် ဆိုသလိုပဲ အဲ့ဒီ မေးခွန်း အတွက် အဖြေ ကို စဉ်းစားလို့  ရလိုက်ပါတယ်။

ကိုယ့်ဟာကို အဖြေရရုံနဲ့  မပြီးသေးဘူး၊ ညနေ ၆ နာရီကလည်း မထိုးသေး၊ အိမ်လည်း မပြန်နိုင်သေးဘူး ဆိုတော့ သူများတွေရော ဒီမေးခွန်းကို အမေးခံရရင် ဘယ်လို ဖြေ မလည်းလို့  ဆက်ပြီး အတွေးရှည် နေမိ ပြန်တယ်။ အဲ့ဒီ အချိန်က ဘေးနားမှာ မေးစရာ လူကလည်း မရှိ၊ online ကနေ့  တဆင့် သူငယ်ချင်းတွေကို မေးရအောင်ကလည်း အလုပ်မှာ ဘယ် messenger ကိုမှ သုံးခွင့် မရှိဘူး ဆိုတော့၊ ထုံးစံ အတိုင်း google လုပ်ကြည့်လိုက်တာ အဲ့ဒီ မေးခွန်းကို ဖြေထားတဲ့ page တော်တော် များများကို တွေ့  လိုက်ရတယ်။ အဲ့ဒီ page တွေကို လျှောက်ဖတ်ကြည့်ရင်းနဲ့  ဒီpage လေးကို တွေ့ ပြီး သဘောကျ နှစ်သက်သွားလို့  ကျွန်မရဲ့ ဘလောခ့် ပြန်လည် ဖော်ပြလိုက် ပါတယ်။

* Work in celebration of your natural strengths, talents and gifts.
* Work to make your weaknesses irrelevant, for they are.
* Work at something you love doing, something that brings you joy.
* Work to feel the satisfaction of good hard work, of intentional effort.
* Work to break a sweat, and to get dirty and gritty and real.
* Work to fulfill your personal mission, or
* Work to show your agreement with another’s mission.
* Work to make a difference, to feel fulfilled, to “make meaning.”
* Work to serve others well, and serve your spirit for giving.
* Work to support someone you care about.
* Work to help someone you believe in.
* Work to learn what you don’t yet know, and
* Work to teach, coach, and mentor others as only you can.
* Work for a cause you feel deeply about.
* Work to leave a legacy.
* Work to create a better future.
* Work to deliver a gift to humanity.

Source : Why Work By Rosa Say

လူတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြသည်။

October 27, 2006

My First Day At New Job

အလုပ်သစ်မှ စလုပ်ရတဲ့ ပထမဆုံးနေ့ ။ အလုပ် မသွားပဲ ၁ ပတ်လောက် နားနေရာကနေ အလုပ်ပြန်သွားရတဲ့ ပထမဆုံးနေ့ ဆိုတော့ ပင်ပန်းနေတယ်လို့  ခံစားနေရတာ နဲ့  ဘာမှ များများစားစား မရေးတော့ပါဘူး။ ဒါပေမယ့် မှတ်မှတ်ရရ ဖြစ်အောင် ဒီနေ့  တစ်နေ့ လုံး နေရာတိုင်းမှာ တွေ့ နေရတဲ့ စားသားလေးကိုပဲ ရေးထား လိုက်တော့မယ်။

Life Is Great!

October 21, 2006

Top 10 open source Windows apps

OpenSource applications ကို စိတ်ဝင်စားတဲ့ သူတွေ အတွက် အသုံးဝင်မယ်ထင်လို့  ဒီမှာ ထပ်ဆင့်မျှ ဝေလိုက်ပါတယ်။ ကျွန်မ အနေ နဲ့ တော့ No. 1 to 6 အထိကို သုံးဘူးပါတယ်။ သုံးမိသလောက်တော့ သဘောကျမိတယ်။

1. Mozilla Firefox (Web browser)
အလုပ်မှာပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ် ကျွန်မ အမြဲ သုံးတဲ့ computer တိုင်းရဲ့ default browser ပါ။

Crikey, another Firefox plug! Yeah, we love the 'fox, and we'll keep talking about it until EVERY SINGLE ONE OF YOU USES IT. It really just doesn't get any better when it comes to a cross-platform, open source web browser.

2. Mozilla Thunderbird (Email client)
အလုပ်က computer မှာ email ကို outlook နဲ့ မသုံးချင်တာနဲ့  ဒီ ဟာကို email client အဖြစ် သုံးလေ့ရှိတယ်။ သုံးရတာ အဆင်ပြေပါလို့  ဆက်သုံးဖြစ်သွားခဲ့ တယ်။

Firefox's much less celebrated little brother is one helluva email client. We especially like its customizable message filters, built-in adaptive Junk mail filter and ability to install useful add-ons (like Firefox).

3. Open Office (Office suite)
ဟို အရင် လုပ်ဘူးတဲ့ company တစ်ခုမှာ computer တိုင်းမှာ MS office မရှိတာလို့  အတော့်ကို ဒုက္ခရောက်တာနဲ့  free သုံးလို့ ရတဲ့ office လို software လိုက်ရှာရကနေပြီး ဒီ open office ကို တွေ့ ပြီး သုံးဖြစ်သွားခဲ့တာပါ။ စ စ သုံးချင်းတော့ ကိုယ်က MS office ကို သုံးနေကြဆိုတော့ နည်းနည်း ရှုပ်နေသလို ခံစားမိတယ်။ နောက်ပိုင်း သုံးကျင့်ရလာတော့ တော်တော်လေး အဆင်ပြေပါတယ်။ ကျွန်မ အဓိက သုံးဖြစ်တာက Words, Excel and PowerPoint ပါ။ MS office software မရှိသူများ သုံးသင့်တဲ့ software တစ်ခုပါ။

Used to be that anyone who wanted to open a Word document had to drop a few Benjamins on Microsoft Office or risk pirating it. No more - Open Office is a free alternative to M$ Office for students, freelancers and poor people just wanting to save their spreadsheet as an .xls.

4. Gaim (Instant messenger)
ကျွန်မလို messenger ပေါင်းများစွား သုံးလေ့ရှိတဲ့ သူတွေ အတွက် အသုံးဝင်လှပါတယ်။ ကျွန်မ ရဲ့ သူငယ်ချင်းတွေက messenger ကို တစ်ယောက်တစ်မျိုး သုံးလေ့ရှိတော့ သူတို့  အားလုံးနဲ့  မြဲ အဆက် အသွယ်ရှိဖို့ ဆိုရင် ကျွန်မ မှာ ရှိသမျှ messenger အားလုံး သွင်းထားရပါတယ်။ အိမ်က computer မှာဆို ဘာမှ ပြဿနာ မရှိပေမယ့်၊ အလုပ်မှာ ကြတော့ messnger အားလုံး သွင်းဖို့ ဆို တာ အဆင်မပြေပါဘူး။ ဒီ Gaim မှာက ရှိသမျှ messenger account တွေကို add လုပ်ထားလို့ ရတယ်ဆိုတော့ ဒီ software တစ်ခုသွင်းထားလိုက်ရင် တစ်ခြား messenger တွေကို တစ်ခုခြင်းစီ သွင်းစရာမလိုတော့ အရမ်း အဆင်ပြေတာနဲ့  သုံးဖြစ်သွားတာပါ။

Chat on any service you'd like - AIM, Yahoo! Messenger, MSN, Jabber, ICQ - with this multi-platform, tabbed IM client.

5. ClamWin (Antivirus)
ကျွန်မ တို့ လို့  Antivirus software တွေကို ပိုက်ဆံ ပေးမ၀ယ်နိုင်သူတွေ အတွက် အများကြီး အသုံးဝင်တဲ့ software တစ်ခုပါ။ သုံးရတာ အဆင်ပြေပါတယ်။

Norton bugging you again to break out the credit card and subscribe? Uninstall! ClamWin is free anti-virus software with automatic updates and scheduled scans, no credit card required.

6. VLC Media Player (Audio/video player)
ဟို အရင်ကဆို ကျွန်မ က movie တွေ ကို download လုပ်ကြည့်လေ့ရှိပါတယ်။ တစ်ချို့  movie file တွေက window media, quicktime, divx player, winamp player တွေနဲ့  ဖွင့်လို့  မရ ဖြစ်နေတတ်တော့ အဲ့လို့  file တွေကို ဖွင့်လို့ ရနိုင်မယ့် software လိုက်ရှာ ရင်းကနေ ဒီ VLC media player ကို တွေ့ ပြီး သုံးဖြစ်သွားတာပါ။ movie download ပြီး ကြည့်လေ့ရှိတဲ့ သူတွေ အတွက်တော်တော် အသုံးဝင်တဲ့ software တစ်ခုပါ။

Got a video or audio file Windows Media Player or Quicktime can't play? Betcha VLC can.

7. KeePass (Password manager)
Another app you really don't hear a lot about, but for anyone with more than 6 different passwords, KeePass is indispensable. Check out my previous feature, Securely track your passwords for more on using KeePass.

8. Cygwin (Unix command line emulator)
That DOS command line just doesn't cut it. Wanna turn into a CLI ninja on your PC? You need Cygwin. (For more on using Cygwin, check out these previously-posted Cygwin tutorials part 1, part 2 and part 3.)

9. Eraser (Data deletion utility)
Before you donate, sell or trash your hard drive, you want to make sure there are no traces of your naughty private data on it. Eraser uses the same algorithm the government uses to wipe your hard drive clean.

10. TrueCrypt (File encryption utility)
You've got a folder full of files you don't want anyone to access but you. Lock it (or an entire thumb drive) up with the free TrueCrypt software. Check out the previously-posted Encrypt your data article for more on using TrueCrypt.

Source : LifeHacker

October 19, 2006

19 Oct 2006

ခုပဲ ဖေဖေကို လေဆိပ်လိုက်ပို့ ခဲ့တဲ့။ ဒီတစ်ပတ်လုံး ဖေဖေရောက်နေတာနဲ့  အလုပ်တွေ ရှုပ်နေတာ။ တော်သေးတယ်၊ အလုပ်အဟောင်းက ထွက်ပြီး အလုပ်အသစ်မ၀င်ဖြစ်သေးတဲ့ အချိန်ဆိုတော့ ဟိုပို့ ဒီပို့  နဲ့  ဖေဖေ အလုပ်ကိစ္စတွေကိုလည်း လိုက်လုပ်ပေးဖြစ်သွားတယ်။ အလုပ်သာ လုပ်နေတယ်ဆို ဖေဖေနဲ့  တွေ့ ဖို့  အချိန် ရှိမှာ မဟုတ်ဘူး။ ဘယ်မှ တော့ သိပ်လိုက်မပို့  ဖြစ်လိုက်ပါဘူး။ ဖေဖေက သူ sentosa မရောက်တာ ၁၀ ကျော်ပြီဆိုလို့  မနေ့ ကတော့ sentosa လိုက်ပို့ဖြစ်လိုက်တယ်။ ဒီတစ်ခေါက် ဖေဖေက hotel မှာ မနေပဲ အိမ်မှလာနေပြီး လိုတာ အားလုံးဝယ်ပေး သွားတယ်။ အိမ်ပြောင်းခါစဆိုတော့ လိုနေတာတွေက တော်တော်များတယ်။ ခုလိုလာပြီး ၀ယ်ပေးသွားတော့ ကိုယ့်ပိုက်ဆံ မကုန်တော့ဘူးပေါ့။ နောက်တစ်ခေါက်တော့ hotel မှာပဲ တည်းတော့မယ်တဲ့ ။ နောက်တစ်ခေါက် မေမေ နဲ့  ညီမလေး ပါ ပါလာရင်ကောင်းမယ်။ ဒါဆို ညီမလေးနဲ့  shopping သွားလို့ ရတယ်။ အိမ်ကိုတော့ သတိရသား။ ပြန်ရင် ကောင်းမလား စိတ်ကူးနေတာ၊ ညီမက သူ final exam ဖြေနေတယ်၊ ပြန်မလာနဲ့ ဦးဆိုလို့  နောက်မှ ပဲ ပြန်တော့မယ်။ အဓမ္မ ခွန်ကလည်း ၁ နှစ်နီးပါစာ ပေးဖို့ ကျန်သေးတယ်။ ရန်ကုန် ကို ပြန်မယ်ဆို အဲ့ဒါကြီးရှင်းသွားမှ ပြန်လို့ ဖြစ်မှ ဆိုတော့ ရှင်းဖို့ က ပိုက်ဆံ မရှိဖြစ်နေတာနဲ့  အတော်ပဲဖြစ်သွားတယ်။ အော်.. ကိုယ့်တိုင်းပြည် ကိုယ်တောင် ပြန်ချင်တိုင်း ပြန်လို့  မရ၊ ပိုက်ဆံရှိမှ ပြန်လို့ တဲ့ ဘ၀တွေများ ဆိုးလိုက်တာနော်။

October 18, 2006

18 Oct 2006 - Silence Birthday

ဒီနေ့  ကိုမင်းကိုနိုင်ရဲ့ ၄၄ နှစ်ပြည့် မွေးနေ့ ပါ။ ခုချိန်မှာ မွေးနေ့  ရှင် ဘယ်ရောက် နေမှန်း မသိရ၊ သူ့ မွေးနေ့ မှာ ဆုတောင်းပေး ကြတာတွေကို သူကိုတိုင် မမြင်နိုင်ပေမယ့် ကျွန်မ၊ ကိုမင်းကိုနိုင် အတွက် မွေးနေ့  ဆုတောင်းလေး ရေးပေးချင်မိ ပါတယ်။


မင်္ဂလာရှိသော မွေးနေ့  ဖြစ်ပါစေ။

အောင်မြင်မှု့ များ၊ လွတ်လပ်မှု့ များ စီသို့ လျှင်မြန်စွာ ရောက်ရှိ၊ ရရှိ နိုင်ပါစေ။



အားလုံး အတွက် စွန့် လွှတ်၊ အနစ်နာခံ၊ ကြိုးပမ်းနေမှု့ များအား ကျေးဇူးတင် လေးစားလျှက်....

October 17, 2006

17 Oct 2006 - 2nd Interview

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ က သွားထားတဲ့ interview က ဒီနေ့  မနက်စောစောက ဖုန်းဆက်ပြီး ညနေ ၆ နာရီမှာ 2nd interview လာခဲ့ပါ လို့  ပြောတာနဲ့  သွားလိုက်ရသေးတယ်။ မှတ်မှတ်ရရ အနေနဲ့ ကတော့ ဒီနိုင်ငံမှာ ပထမဆုံးအနေနဲ့  2nd interview ဆိုတာကို သွားဘူးခြင်း ဖြစ်ပါတယ်။

ဒီမှာ ခုအကြိမ်နဲ့ ဆို အလုပ် သုံးခါရှာဘူး ပါတယ်။ တစ်ခါမှ 2nd interview မသွားရပါဘူး။ interview ကို တစ်ကြိမ်ပဲ သွားရပြီး offer ရတာကြီးပါပဲ။ intetview တိုင်း offer ရတယ် ပြောချင်တာ မဟုတ်ပါဘူး။ ရခဲ့ရင် လည်း တစ်ကြိမ်ပဲ သွားပြီး ရတယ်လို့  ပြောချင်တာပါ။

ဒီမနက် 2nd interview လာခဲ့ပါဆိုတော့ ကျွန်မ အနေနဲ့ ကတော့ ထူးဆန်းသွားတာပေါ့။ တစ်ခါမမှ မကြုံဘူးတာ။ စဉ်းစားတယ် 1st interview နဲ့  2nd interview နဲ့  ဘာကွာလည်းပေါ့။ internet မှာ ရှာကြည့်တယ်။ ပြီးတော့ သူငယ်ချင်းတွေကို မေးကြည့်မိတယ်။ အင်း .... အမေးကောင်းတာနဲ့  အကြွားခံလိုက်ရသေးတယ်။ သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်က ကျွန်မမေးတာကို ဘယ်လို ဖြေလည်း ဆိုတော့ သူကတော့ 2nd interview ဆိုတာ မသိဘူးတဲ့၊ သူအလုပ်ရတာကတော့ 1st interivew ပြီးပြီးခြင်းမှာပဲ သူကို အလုပ် offer ပေးတယ်ဆိုပြီး ပြောလိုက်လို့  သူမှာ ချက်ချင်းကြီး စဉ်းစားရခက် သွားခဲ့ရပါသေးတယ်တဲ့လေ။ အစ်ကိုကြီးရယ်.. မေးမိတာ ညီမ အမှားပါလို့ ပဲ ပြန်ပြောလိုက်ရပါတယ်။ နောက်တစ်ယောက်ကလည်း ပြောတယ်။ interview ဆိုတာ လက်ဝှေ့ ပွဲလို မျိုးနေမှာတဲ့။ ခု 1st round ပြီးတော့ 2nd round လာပြီ၊ နောက် 6th round လောက်ထိ ခေါ်ချင်ရင် ခေါ်နိုင်တယ် ဆိုတော့ လက်ဝှေ့ ပွဲ တွေမှာ ပြင်ဆင် သလိုသာ ပြင်ဆင်ထားလိုက်ပါ တဲ့လေ။

ကျွန်မ internet မှာ ဖတ်မိသလောက်၊ သူငယ်ချင်းတွေ ပြောပြသလောက် ကျွန်မ နားလည်ခဲ့တာက 1st interview မှာ techinical အကြောင်းတွေ မေးပြီးသားဆို 2nd interview မှာ HR က မေးတာများတယ်လို့  သိခဲ့ရပါတယ်။ ကျွန်မလည်း ပုံမှန်က technical အများဆုံးမေးတဲ့ interview တွေ ပဲ ဖြေနေကြဆိုတော့ ဒီ interview အတွက် ဘာတွေ ပြင်ဆင်ရမယ်မှန်း မသိဘူး ဖြစ်သွား ပါတယ်။ ဒီမှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်ပေးတဲ့ အကြံကိုပဲ လိုက်နာလိုက်ပြီး ညနေကြတော့ interview သွားလိုက်ပါတယ်။ ကျွန်မ သူငယ်ချင်းက ဘာ အကြံပေးလည်းဆိုတော့ HR က မေးရင် သူတို့  အလုပ် ပတ်ဝန်းကျင်နဲ့  ကိုယ်နဲ့  အစဉ်ပြေနိုင်လား၊ မပြေနိုင်လားဆိုတာတွေကို လူတွေ အများကြီး မေးနိုင်တယ်၊ ပြီးတော့ လခတွေ ဘာတွေ ပြောချင်ပြောမယ်ဆိုတော့ ထူးပြီး ဘာမှ လုပ်မနေနဲ့  တစ်နေ့ လုံး နားနားနေနေ အိပ်ပြီး interview သွားခါနီးမှာသာ ထပြီးသွားလိုက်တဲ့လေ။ သူပြောတဲ့ အကြံဥာဏ်က သိပ်ပြီး ကောင်းနေတာမို့  ကျွန်မလည်း သူပြောတဲ့ အတိုင်း ညနေ ၄း၅၀ လောက်ထိ အိပ်နေလိုက်ပြီး ၆း၀၀ interview မှီအောင် သွားခဲ့ပါတယ်။

သူများတွေ့ ပြောတာတွေ၊ internet မှာ ရေးထားတာတွေ ကျွန်မ အတွက်တော့ အကုန်မှားသွား ပါတယ်။ ကျွန်မ ကြုံရတဲ့ 2nd interview ဆိုတာကြီးက techincal အကြောင်းတွေကို ပဲ ထပ်မေးပါတယ်။ တစ်နေကုန် အိပ်နေလိုက်တာ မှန်သွားတယ်။ မဟုတ်ရင် ပင်ပန်းနေဦးမယ်။ ထုံးစံ အတိုင်း interview မေးတဲ့ သူက မေးချင်တာတွေ မေးပြီး၊ ကျွန်မလည်း ဖြေချင်တာတွေ ဖြေခဲ့လိုက်ပါတယ်။ သူတို့  ခန့်  ချင်တယ်ဆို နောက်ရက်ပိုင်း အကြောင်း ပြန်ပါမယ် တဲ့လေ။ ပြီးတော့ ဘာများသူကို မေးချင်းသေးလည်းဆိုတာနဲ့  ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့  မေးခွန်း တစ်ခုမေးခဲ့ လိုက်တယ်၊ ဒါပြီးရင် နောက်ထပ် ဘယ်နှစ်ကြိမ်လောက်များ interview လုပ်ဦးမှာလဲ လို့ ပါ။ အဲ့ဒီ interview လုပ်တဲ့သူက သူကို ဘာလို့  interview လုပ်ခိုင်းလည်း သူမသိပါဘူးတဲ့။ ကျွန်မကို ဘယ်နေရာမှာ ခန့် မယ် ဆိုတာကို သူမသိပါဘူးတဲ့။ ပထမဆုံး ကျွန်မကို technical interview လုပ်တဲ့ သူတွေက ကျွန်မ နဲ့  တွဲလုပ်ရမယ် သူတွေပါတဲ့။ အဲ့ ဒီသူတွေက technical interview လုပ်ပြီးသားဆိုရင် သူက ထပ်ပြီး interview မလုပ်သင့်ပါဘူးတဲ့။ ဒါပေမယ့် သူအထက်က သူတွေက ကျွန်မကို interview လုပ်ပေးပါဆိုလို့  သူခမျာမှာ မအားတဲ့ ကြားက interview လုပ်ပေးရခြင်း ဖြစ်ပါတယ်၊ သူပြီးရင်တော့ နောက် technical interview ထပ် မရှိနိုင်တော့ပါဘူးတဲ့၊ ဘာလို့ လည်းဆိုတော့ သူက ဒီက IT department မှာ Java နဲ့  ပတ်သက်ရင် အကြီးဆုံး position မှာ လုပ်နေတာ ဖြစ်လို့  ပါတဲ့လေ။ ဒါပေမယ့် HR က ထပ် ပြီး interview လုပ်ချင် သေးတယ် ဆိုရင်တော့ နောက်ပိုင်းမှာ HR က လူတွေ မေးမယ့် interview ရှိချင်ရင်တော့ ရှိနိုင် ပါသေးတယ် တဲ့လေ။ သူကတော့ Tomorrow မှာ HR ကို အကြောင်းကြားပြီး သူ့  အဖြေ ပေးလိုက်ပါမယ်လို့  တော့ ပြောတာပဲ။ စိတ်တော့ စိတ်ဝင်စား စရာပဲ။ ဘယ်လိုလာမလဲ တော့ မသိဘူး။ စောင့်ကြည့် လိုက်ဦးမယ်။

ကိုယ့်ကိုကိုယ့် ပြန်ပြီး ဆုတောင်းပေးလိုက်ဦးမယ်။ အစစ အရာရာ အစဉ်ပြေပြီး ကံကောင်းပါစေ။

October 16, 2006

Last Day at Current Job and Last Week Interviews

ဒီနေ့  လက်ရှိအလုပ်မှာ လုပ်တာ နောက်ဆုံးရက်ဆိုတော့ မနက်ဖြန်က စပြီး အားသွားပြီ၊ အလုပ်သွားစရာ မလိုတော့ဘူး။ ဒီနေ့ က ဒီအလုပ်မှာ last day လို့ သာပြောတာ၊ တော်တော် တော့ ပင်ပန်းတယ်။ handover လုပ်ရတာတွေရော၊ တစ်ချို့  ရှင်းဖို့ ကျန်နေတဲ့ task တွေကိုရှင်းနေရတာတွေရော ဆိုတော့ ဒီရက်ပိုင်း ပင်းပန်းတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ အပတ်မှာက အလုပ်ပြီးတာနဲ့  interview ရှိရင် သွားရသေးတယ်။ ပြီးတော့ ကျန်တဲ့ ကိစ္စလေးတွေ တစ်ချို့ က ရှိနေတော့ အလုပ်တွေ ရှုပ်၊ ပင်ပန်းပြီး အိမ်ရောက်တာနဲ့  စောစော အိပ်ဖြစ်နေတယ်။ ဘလောခ့်မှာလည်း ပိုစ့် အသစ်မတင် ဖြစ်ဘူး ဖြစ်သွားတယ်။ ရေးချင်တာလေးတွေ ရှိနေပြီး၊ မရေးအားပဲ ဖြစ်နေတာပါ။ နောက် အားမှပဲ ရေးတော့မယ်။

ဒီနေ့ ပြီးရင် ဒီရက်ပိုင်း ချက်ချင်းကြီး နောက် အလုပ်အသစ်ကို လုပ်စရာ မလိုသေးဘူး။ ပျော်လိုက်တာ။ ဘာပဲ ဖြစ်ဖြစ် အလုပ် မလုပ်ပဲ ခဏလောက် နေလိုက်ဦးမယ်။ နားနားနေနေ ပေါ့။ ဒီမှာ IT Job Market က ကောင်းနေတယ် ပြောလို့ ရမယ်။ ဒီမှာ interview သွားတာတွေက reply လုပ်တာ အရမ်းမြန်နေတယ်။ နှစ်ရက် သုံးရက်၊ အလွန်ဆုံး တစ်ပတ် အတွင်းမှာ reply ပြန်တာ ကြီးပဲ ဖြစ်နေတယ်။ offer ပေးတယ်ဆိုရင် လည်း နောက် တစ်ရက် နှစ်ရက်နေတာနဲ့  အလုပ် စ ဆင်းစေချင်နေတယ်။ နောက်ပြီး ခုတလော ရန်ကုန်က အလုပ်လာရှာတဲ့ သူငယ်ချင်းတွေလည်း အလုပ်တွေ ရနေကြတယ် ကြားတယ်။ လခတွေလည်း မဆိုးဘူးဆိုတော့၊ job market ကောင်းနေတယ် ပြောနိုင် ပါတယ်။

ကျွန်မ ပြီးခဲ့တဲ့ အပတ်က interview သုံးခုသွားခဲ့တယ်။ ဒီမှာ ကောင်းတာလေး တစ်ခုရှိပါတယ်။ interview တွေကို အလုပ်ချိန် ပြင်ပမှာ ချိန်းလို့  ရပါတယ်။ အလုပ်မပျက်တော့ဘူးပေါ့။ ကျွန်မ သွားခဲ့တဲ့ interview အားလုံးက အလုပ်ချိန် နဲ့  လွတ်ပါတယ်။ တနင်္ဂလာ မနက်၊ အင်္ဂါနေ့ ညနေ နဲ့  ကြာသာပတေး နေ့  ညနေ တွေမှာ သွားခဲ့တာပါ။အင်္ဂါနေ့  သွားခဲ့တဲ့ interview က နောက်နေ့ မှာပဲ offer ပေးပြီး၊ offer ပေးတာကို လက်ခံမလား လက်မခံဘူးလား ဆိုတာကို သောကြာနေ့ မှာ reply လုပ်ပါ၊ လက်ခံတယ်ဆို နောက်တနင်္ဂလာ (ဒီနေ့  ) မှာ အလုပ်စဆင်း စေချင်တယ်တဲ့လေ။ တနင်္ဂလာနေ့  က သွားတဲ့ interview ကတော့ ကြာသာပတေးနေ့ မှာ offer ပေးတယ်။ သူကလဲ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို သောကြာနေမှာ reply လုပ်စေချင်တယ်တဲ့။ ... ဒါနဲ့  ပြီးခဲ့တဲ့ သောကြာနေ့ က တော်တော် လေး ခေါင်းခြောက်သွားသေးတယ်။ ဘာ ကို accept လုပ်ရမှန်း မသိလို့ လေ။ company တွေက နှစ်ခုလုံး ကောင်းပါတယ်။ တစ်ခုက bank ၊ တစ်ခုက နာမည်ကြီး ကုမဏီ တစ်ခုပဲ။ offer တွေက လခက အတူတူပဲ။ ခုလက်ရှိ လခထက် ရ၀၀ ပိုပေးတယ်။ မဆိုးဘူး ပြောရမယ်။ တစ်ခုမှာတော့ 13 month salary ပါတယ်။ တစ်ခုက မပါဘူး။ တော်တော် စဉ်းစားရ ကြပ်သွားတယ်။ သေချာ စဉ်းစားတယ်.... နောက်ဆုံးတော့ ဘာမှ accept မလုပ်ဖို့  ဆုံးဖြစ်ပြီး နှစ်ခုလုံးကို reject လုပ်လိုက်တယ်။ ကြာသာပတေးနေ့ က interview ကတော့ ဒီအပတ်တည်း reply ပြန်မယ် ပြောတာပဲ။ ဘယ်လို reply ပြန်မလဲ စောင့်ကြည့် လိုက်ဦးမယ်။ လူက ပင်းပန်းနေတယ် ခံစားရတာရယ်၊ ခဏခဏ အလုပ် မပြောင်းချင်တာရယ်ကြောင့် နည်းနည်း အချိန်ယူ စဉ်းစား၊ ပြီးမှ အလုပ် အသစ်ကို လက်ခံ လုပ်ဖို့  ဆုံးဖြတ်လိုက်တာပါ။

ပြီးခဲ့တဲ့ လ၊ အလုပ်မှာ ထွက်စာတင်ခါ စကလည်း interview သုံး ခုသွားခဲ့သေးတယ်။ အဲ့ဒီတုန်းက ၁ ခုက offer ပြန်လာတယ်။ အဲ့ဒီတုန်းကလည်း ရတဲ့ offer ကို reject လုပ်လိုက်တယ်။ ကျန်တဲ့ နှစ်ခုက offer မရဘူးဆိုတာ interview ပြီးသွားထဲက သိနေတယ်။ ၁ခုကတော့ ကိုယ်နဲ့  မှလုံးဝ မကိုက်လို့  မရနိုင်ဘူးဆိုတာ သိလိုက်တာပါ။ နောက်တစ်ခုကတော့ inteview room ထဲမှာ မေးတဲ့သူ နဲ့  ရန်ဖြစ်လု ဖြစ်ခင် ဖြစ်လာလို့ ပါပဲ။ တကယ် အချိုးမပြေပါဘူး။ သူတို့ ကို သူတို့  ဘာများမှတ်နေလဲ မသိဘူး။ ပြောပေါက်ဆိုပေါက်က လုံးဝ အချိုးမပြေဘူး။ interview တာနဲ့  မတူဘူး။ အဆင့် မရှိဘူး ပြောပုံဆိုပုံတွေက။ ခု ပြန်တွေး ခုဒေါသ ဖြစ်တယ်။ ထားပါ။ အဲ့ဒီ အကြောင်းတွေ မရေးချင်တော့ပါဘူး။ ပြောသာပြောရတာ အဲ့ဒီ ရန်ဖြစ်ခဲ့တဲ့ interview က offer ပေးချင်ရင် ပေးနိုင်တဲ့ အခြေအနေ တော့ရှိတယ်။ ဟီး.. ရန်ုဖြစ်တာကို ကြိုက်တယ်ဆိုပြီး ခန့် ချင်ခန့် လိုက်နိုင်တာပဲလေ။ သိတဲ့ အတိုင်းပဲ တစ်ချို့  အလုပ်တွေမှာက fighter လိုတယ် မဟုတ်လား။

နောက် ဒီမှာ ကြုံရတာလေး တစ်ခု ရေးဦးမယ်။ ပြီးခဲ့တဲ့ လက offer တစ်ခုကတော့ interview ကို သွားစရာမလိုပဲ ပေးတာ ရလိုက်သေးတယ်။ pay ကလည်း တော်တော် ကောင်းတယ်။ လက်ရှိအလုပ်ထက် ၁၂၀၀ လောက်ပိုများတယ်။ ပြီးတော့ လက်ရှိ အလုပ်မှာ ၂ လ နေရဦးမယ်ဆိုတော့ လျှော်ဖို့  လိုရင် လျှော်ဖို့  ပိုက်ဆံပေးဦးမယ်ပြောတယ်။ ဒီနိုင်ငံမှာက notice မပြည့်ပဲ ထွက်မယ်ဆို လျှော်ကြေးပေးပြီ မှ ထွက်လို့ ရတာကို။ အင်း... အဲ့ဒီမှပဲ ဒီနိုင်ငံမှာ interview ကို လူကိုတိုင်သွားစရာမလိုပဲ၊ ဖုန်းနဲ့  စကားနည်းနည်း ပြောပြီးတာနဲ့  အလုပ်တန်းပေးတာမျိုးတွေ ရှိမှန်း သိလိုက်ရတယ်။ အဲ့ဒီ ဟာကို လက်မခံဖြစ်လိုက်ပါဘူး။ ချက်ချင်းကြီးဝင်စေ ချင်နေတာ ဆိုတော့ ဘယ်လို ဖြစ်နေမယ်မှန်းလည်း မသိ၊လခက ကောင်းရုံတင်မကဘူး လျှော်ဖို့  နှစ်လခစာတောင် ပေးဦးမယ်ဆိုတော့ လန့်သွားတယ်။ ကိုယ်က အဲ့လောက်တောင် လခတွေ စွတ်ပေးချင်၊ အလုပ်သိပ်ပေးချင် ဖြစ်နေရလောက်တဲ့ အဆင့် မရောက်သေးတာကို ဒီလိုကြီးလာပေးတော့ လက်မခံချင်ဘူး။ အလုပ်ရှင်တွေက ပိုက်ဆံပေးတယ်ရတယ်ဆိုရင် ပေးရ သလောက်နဲ့  တော့ တန်အောင်ခိုင်းမှာပဲ။ ပုံမှန် ကိုယ်လုပ်ရတဲ့ IT အလုပ်တွေကတောင် တော်တော်ပင်ပန်းနေတာ သူက သာမန်ထက်ပို ပေးနေတယ်ဆိုတော့ ဘယ်လောက်များ လုပ်ရမလဲ တွေမိပြီး လက်မခံဖြစ်လိုက်ဘူး။ ပြီးတော့ ဒီ အလုပ်မှာကလည်း ကိုယ့်ကို လိုအပ်နေတယ်ဆိုတာကို သိနေတော့ ချက်ချင်းကြီးလည်း အလုပ်မပြောင်းချင်ဘူးလေ။ notice ၂ လ ပေးရတယ်ဆိုရင်လည်း အပြည့်ပေးပြီး ထွက်တာပဲ ကောင်းပါတယ်။ မျက်နှာ ပျက်စရာ မဖြစ်တော့ဘူးပေါ့။ ဒီနိုင်ငံရဲ့ IT လောက က ဘယ်လောက် ကျယ်လို့ လဲ။ ဘာပဲ ပြောပြော ဒီနိုင်ငံမှာ ဆက်နေနေ ဦးမယ်ဆိုရင် ဒီအလုပ်က လူတွေနဲ့  တစ်ချိန်ချိန်တော့ တစ်နေရာရာမှာ ပြန်တွေ့  ရဦးမှာပဲ။

ဒီနေ့ ကစပြီး ခဏလောက် အနားယူလိုက်ဦးမယ်။ အဲ့လို အနားယူခွင့်ရတာကို မနာလို ဖြစ်တဲ့ သူတွေကလည်း ကျိတ်ပြီး မနာလို ဖြစ်နေကြတယ် ဆိုတာ သိနေတယ်။ တစ်ချို့ ဆို အောင့်မထားနိုင်လို့ သူတို့  မနာလို ဖြစ်နေတဲ့ အကြောင်းဖွင့် ပြောပါတယ်။ ဟဲ.. ဟဲ.. ဘာမှ စိတ်မပူပါနဲ့  သိပ်ကြာကြာ မနားပါဘူး။ ၁ပတ် အလွန်ဆုံး ၂ ပတ် လောက်ပဲ နားမှာပါ။ ဘာလို့လည်း ဆိုတော့ ဒီ ၂ ပတ်က အလုပ်သာ သွားဖို့  မလိုတာ လခက ရနေဦးမှာလေ။ ပြီးရင်တော့ offer တစ်ခုခုကို accept လုပ်ပြီး အလုပ်ခွင် ပြန်ဝင်မှာပါ။ ခုချိန်ထိ အလုပ် အသစ်ကို လက်မခံသေးတာ၊ နားချင်ရုံ တစ်ခုထည်းကြောင့် မဟုတ်ပါဘူး။ အလုပ်တစ်ခုခုကို မြန်မြန် accept လုပ်လိုက်၊ ပြီးရင် အလုပ်အသစ်ရတဲ့ အထိန်းအမှတ် အနေနဲ့  မုန့် လိုက် ကျွေးရမယ်ဆို သူများကို ချက်ချင်းကြီး မုန့် လိုက် မကျွေးချင် သေးတာကလည်း အလုပ်အသစ် accept မလုပ်ဖြစ်ရခြင်းရဲ့ အကြောင်း တစ်ချက်လို့  ထင်ချင်က ထင်နိုင်ပါတယ်။

October 11, 2006

How to stop automatic updates from installing IE 7.0

ဒီမနက် သူငယ်ချင်း တစ်ယောက်က ပြောတာနဲ့  Microsoft က နောက် သိပ်မကြာခင် IE 7.0 ကို auto update လုပ်တော့မယ်တဲ့ ဆိုပြီး သိလိုက်ရတယ်။
IE 7 Auto Update News.

IE 7.0 စထွက်တည်းက သူများတွေ ပြောင်းသုံး၊ စမ်းသုံးကြည့်  နေကြတာ သိပါတယ်။ ကျွန်မကတော့ ခုချိန်ထိ IE 6 ကို သုံးနေတုန်းပါပဲ။ IE 7 ကပိုကောင်းရင် ကောင်းမှာပါ။ ဒါပေမယ့် ခုချိန်ထိတော့ ပြောင်းသုံးကြည့် ဖို့  ရည်ရွယ်ချက် မရှိသေးပါဘူး။ မလိုအပ်ပဲ IE 6 ကနေ IE 7ကို ပြောင်းလိုက်လို့ တက်လာမယ့် ပြဿနာတွေကို အရှင်းချင်းဘူး။ ကျွန်မလိုပဲ IE 7.0 ကို ပြောင်းမသုံးပဲ IE 6 ကို ပဲ သုံးချင်တဲ့ သူတွေ အတွက်တော့ ဒီသီတင်းက တော်တော် မကောင်းတာပဲ။ Microsoft က တခါတလေ အဲ့လို့  မဟုတ်ကဟုတ်က အလုပ်တွေ သိပ်လုပ်ပါတယ်။ သူ ဟာသိပ်ကောင်းနေရင် ကိုယ့်ဟာကို ပြောင်းသုံးမှာပေါ့။ ဒါမို့ လည်း တခါတလေ Microsoft product တွေသုံးရတာ စိတ်ကုန်မိတာပါ။ ထားပါလေ။ ခု.. IE 6 ကနေ 7 ကို auto update မလုပ်ချင်သူများ ဘယ်လို ကာကွယ်လို့  ရတယ် ဆိုတာလေးကို ပြောပြ ချင်တာပါ။

ပတမ ဆုံးအနေနဲ့  IE70Blocker.cmd ကို ဒီမှာ ဒေါင်းလုတ် လုပ်ပါ။ ပြီးရင် အောက်က ပြောထားတဲ့ အဆင့်တွေ အတိုင်းလုပ်လိုက်ပါ။ မြန်မာလို မရှင်းတတ်လို့  English လိုရှင်းထားတာကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

1. Copy the IE70Blocker.cmd to drive C of your PC or Notebook
2. Go to command prompt and navigate to drive C of your Pc or Notebook
3. Run the IE70Blocker.cmd with the following parameter
C:\>IE70Blocker.cmd machine name /b

Usage:
ie70blocker.cmd [machine name] [/B] [/U] [/H]
B = Block Internet Explorer 7.0 deployment
U = Allow Internet Explorer 7.0 deployment
H = Help

4. You should see a notification on the command prompt screen
Note : This step only block Window Automatic Updates from Installing IE 7.0 on your PC automatically. It does not prevent you from manually installing it. Thus if you choose to do a manual window updates. It will not be shown under priority or express updates but under optional updates. If you choose to install it under optional or by custom method, it will still be deploy into you PC

October 10, 2006

Funky JavaScirpt

ပြီးခဲ့တဲ့  သောကြာနေ့ က သူငယ်ချင်းတစ်ယောက်က စမ်းကြည့်ဆိုပြီး JavaScript code တစ်ခုပေးတယ်။ ထုံစံအတိုင်း ဘာကြီးလာပေးတာလဲ၊ ဘယ်လို စမ်းရမှာလဲ ပြန်မေးရတော့ တာပေါ့။ သူက browser ကိုဖွင့်လိုက်၊ ပြီးတော့ yahoo ရဲ့ home page ကိုသွားတဲ့။ ပြီးရင် သူပေးတဲ့ JavaScript ကို copy လုပ်ပြီး လက်ရှိ yahoo ပွင့်နေတဲ့ browser ရဲ့ address bar မှာပဲ paste လုပ်ကြည့်လိုက်တဲ့။ ဘာဖြစ်လဲ သိမယ်ပြောတယ်။ သူပြောတဲ့ အတိုင်း စမ်းလုပ်ကြည့် လိုက်တာ တော်တော်လေး သဘောကျသွားတယ်။ ဒါပေမယ့် သူပေးတဲ့ code က IE browser မှာပဲ အလုပ်လုပ်တယ်။ FireFox မှာ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။

ဒါနဲ့  စဉ်းစားမိလိုက်တယ်။ အဲ့ဒီတစ်ယောက် ဒီ script ကို သူ့ ဟာသူ ရေးတာတော့ မဖြစ်နိုင်ဘူး။ ( အကြောင်း သိတွေပဲလေ။ သူရေးတာဆို ဒီလို ဘယ်နေမလဲ။ ဟီး... ) သူ တနေရာရာက ရတာပဲနေမှာ၊ ဒါဆို internet မှာ ရှာကြည့် ရင် တွေ့ ချင်တွေ့ မှာ ဆိုပြီး လုပ်လက်စ အလုပ်ကို ရပ်ပြီး google မှာ ရှာကြည့်တယ်။ မတွေ့ ဘူးဗျာ။ ဘယ်တွေ မလဲ။ ကျွန်မက သူပေးတဲ့ script ကို copy & paste လုပ်ပြီး search နဲ့  ရှာကြည့်လိုက်တာကို။ ဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ Google Search မှာ ရှာမရတာတွေကို တခါတလေ Yahoo Search နဲ့  ရှာရင်တွေ့ တက်တယ်၊ ဒါနဲ့  yahoo မှာ ဆက်ရှာကြည့်လိုက်တော့ link တော်တော်များများ တွေ့ တယ်။ အဲ့ဒီက လင့်တွေကို လိုက်ဖတ်ကြည့် လိုက်တော့ FireFox မှာ အလုပ်လုပ်တဲ့ script တခုကိုပါ တွေ့ လိုက် ရတယ်။

အဲ့ဒီ script နှစ်ခုလုံးက စမ်းကြည့်တာ Yahoo နဲ့  Google အပြင် တစ်ခြား web pages တော်တော်များများမှာ အလုပ်လုပ်တာတွေ့ ရတယ်။ Blogger မှာလဲ အလုပ်လုပ်ပါတယ်။ ဒီလို စမ်းကြည့်လို့ ရပါတယ်။

Click here to JavaScript Code - ကူးရလွယ်အောင် code တွေကို Text File နဲ့  ပေးထားတာပါ။

၁။ ပေးထားတဲ့ script ကို copy လုပ်ပါ ( IE သုံးနေရင် IE ကို copy လုပ်ပါ။ FireFox သုံးနေရင်တော့ FireFox ကို copy လုပ်ပါ) copy လုပ်ရာမှာ တစ်ကြောင်းတည်း ဖြစ်အောင် လုပ်ရပါမယ်။
၂။ ပြီးရင် copy လုပ်ထားတဲ့ script ကို browser ( ကျွန်မရဲ့ ဘဘောခ့် နဲ့  စမ်းမယ်ဆိုရင်တော့ ကျွန်မ ဘလောခ့် ရှိနေတဲ့ page) ရဲ့ address bar မှာ paste လုပ်ပြီး Enter (or) Click Go.

ဘာဖြစ်လည်း တွေ့ ရမှာပါ။

............
............

October 06, 2006

မျက်ဖြေလင်္ကာ

ဒီနေ့  သူငယ်ချင်းတယောက် ပြတာနဲ့  ဒီ မျက်ဖြေလင်္ကာ လေးကို ပလန်းနက်မှာ တင်ထားတာ ဖတ်လိုက်ရတယ်.. တော်တော်များများ သိပြီးသား နေမှာပါ.. နှစ်သက်မိတဲ့ စားသားတွေမို့ လို့  ဖတ်ချင်တဲ့ အချိန် ပြန်ဖတ်လို့ ရအောင် ဒီမှာ လာမှတ်ထားလိုက်တာပါ.. အသက်က ကြီလာတော့ မေ့တာတွေ များလာပြီလေ.. နောက်ဆို မေ့သွားနိုင်တဲ့ မှတ်ချင်တာလေးတွေကို ဒီမှာ လာမှတ်ထားတော့မယ်...

သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသတ်လျှာတည်း။
ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း မလွတ်ကြမ္မာ လူတကာကို ခန္ဓာခိုင်ကျည် အတည်မမြဲ ဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တ၀ါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ့၏ ခိုက်ကြုံဝိပါတ် သံသရာစက်၌ ကြိုက်လတ်တွန်မူ တုံ့မယူလို ကြည်ညိုစိတ်သန် သခင်မွန်ကို ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည် သွေးသည်အနစ္စာ ငါ့ခန္ဓာတည်း။

အနန္တသူရိယအမတ်ကြီး
ပုဂံခေတ်

Source : Planet ( Thank to Bleeds and TDO )

October 03, 2006

ပျင်းနေသော နေ့ များ

အား.... ခုတလော.. အရာရာ လုပ်ရ ကိုင်ရတာ စိတ်မပါဘူး ဖြစ်နေတယ်။ လုပ်မယ် စိတ်ကူးထားတာ မှန်သမျှ တကယ်လုပ်တော့မယ်ဆို လုပ်ချင်စိတ်က မရှိတော့ဘူး။ အလုပ်ရောက်နေရင် အိမ်ပြန်ချင်နေတယ်။ ဟော.. အိမ်ရောက်ပြန်တော့လည်း ဘာလုပ်ရမှန်း မသိ။ အလုပ်မှာပဲ ရှိနေတာ ကောင်းသလိုလို ခံစားရပြန်ရော။ ဒါနဲ့  ဒီရက်ပိုင်း အိမ်ပြန်ရောက်တာနဲ့  စာလေး နည်းနည်းလောက်ဖတ်.. ခဏနေတော့ စောစောစီးစီး အိပ်ရာဝင်ပြီး နောက်ကျမှ ထဖြစ်နေတယ်။ အဲ့လိုဆိုတော့ အိပ်ရေးဝတော့ ကောင်းတာပေါ့ ဆိုပြန်ရင်လည်း အိပ်ရေးက မဝသလို ခံစားနေရပြီး အလုပ်မှာလည်း လူက ရွင်ရွင်လန်းလန်း မရှိ နုံးနေသလိုပဲ။ မနေ့ ကတောင် စီနီယာ ကပြောတယ်။ နင့်ကိုကြည့်ရတာ ဘာကိုမှ စိတ်ဝင်စားမှု့  မရှိသလိုပဲတဲ့။ ဟုတ်လားလို့ တော့ ဝတ်ကျေ တန်းကျေလေးတော့ ပြန်ပြောလိုက်မိ ပါတယ်။

တကယ်တော့ အလုပ်မှာရော အိမ်မှာရော လုပ်မယ်ဆို လုပ်စရာတွေက အများကြီး။ အိမ်မှာက ဟို တစ်ပတ်ကမှ အိမ်ပြောင်းတာ တချို့ ပစ္စည်းတွေက နေရာ မချရသေးဘူး။ လိုအပ်လို့  ဝယ်ရမယ့် ဟာတွေလည်း ရှိသေးတယ်။ သွားမဝယ်ဖြစ်သေးဘူး။ လုပ်ပေးရမယ့် လူမှု့ ရေး ကိစ္စ တချို့ လည်းရှိသေးတယ်. မလုပ်ဖြစ်သေးဘူး။ အလုပ်မှာ ကြတော့လည်း အလုပ်က ထွက်တော့မယ် ဆိုတော့ ရှင်းပေးရမှာတွေ တော်တော်များများ ရှိနေတယ်။ အိမ်မှာရော .. အလုပ်မှာရော.. လုပ်ဖို့  ရှိနေတာတွေက ခက်ခက်ခဲခဲ ကိစ္စတွေ မဟုတ်ပါဘူး။ တကယ်လို့ သာ စိတ်ပါလက်ပါလေး လုပ်လိုက်ရင် ခဏလေးနဲ့  ပြီးသွားမယ့်ဟာတွေပါ။ အလုပ်မှာတော့ အိမ်မှာထက်စာရင် လုပ်ရမှာတွေကို နည်းနည်းပိုပြီး လုပ်ဖြစ်သေးတယ်။ မလုပ်ရင် မကောင်းဘူးလေ။ အိမ်မှာကတော့ မလုပ်လည်း ပြောမယ့်သူမှ မရှိတာ။

အင်း.. စိတ်ညစ်နေတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ စားလို့ ကောင်း၊ အိပ်လို့ ကောင်း။ ဒီရက်ပိုင်း မနက်စာရော နေ့ လယ်ခင်းစာ ပါ မုန့်  မှန်မှန် သွားစား ဖြစ်နေသေးတယ်။ လူက အပျင်းထူပြီး motivation မရှိဘူး ဖြစ်နေတာနဲ့ တူတယ်။ ဘာမှ မလုပ်ပဲနေတာ တော်တော် သက်တောင့်သက်သာ ရှိတာပဲနော်။ သြော် .... ဒါကြောင့် မို့ လည်း ပျင်းတယ်ဆိုတာ နာမည်သာဆိုးတာ လူတော့ သက်သာသားလို့  သူများတွေ ပြောနေကြတာကို။

October 01, 2006

ကလေး ကဗျာများ

ကြောင်ဖားမြီးတံတို

ကြောင်ဖားကြီး မြီးတံတို
အဆီကို စား အသားကို မျို
ကြောင်အိုပေမှေး
ကိုက်ပါလှဲ့ လေး။

ဒါလေးကို " ဦးသန်းထွတ်ရဲ့ ကျွန်တော်နှစ်သက်မိသော ကဗျာများ " စာအုပ်မှာတွေ့ လို့  ကူးယူဖော်ပြတာပါ။

ကျွန်မတို့  ငယ်ငယ်တုန်းက ကြားနေကြ ကဗျာလေးတွေပါ။ ကဗျာလို့ ခေါ်မလား။ သားချော့တေးလို့  ပဲ ပြောရမလား။ ဘယ်လိုပဲ ခေါ်ခေါ် ဒီစာသားလေးတွေဟာ ကျွန်မတို့ ငယ်ငယ် ကလေးဘဝ ထဲက ရင်ရင်နှီးနှီး ကြားဘူးနေတဲ့ အရာလေးတွေပါ။ ကျွန်မ စဉ်စားမိသလောက်တော့ တော်တော်များများကို ရှိတာပဲ။ ကျွန်မ မှတ်မိသလောက်လေးတွေကို ဒီမှာ တင်ဦးမယ်။ တချို့  လည်း မှတ်မိကြမှာပေါ့ တချို့ လည်း မေ့လောက်ပြီ ထင်တယ်။ ဘာပဲပြောပြော .. အမှတ်တရ.. ပေါ့။