Pages

April 30, 2007

Happy Anniversary Mum and Dad

Happy 30th Pearl Wedding Anniversary
to
Mum and Dad

April 29, 2007

စနေနေ့ ရုပ်ရှင်

အလုပ်လေးတွေရှုပ်၊ စိတ်တွေမကြည်ဖြစ်နေတာနဲ့  ဘလောခ့်တောင် Update မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ အလုပ်ရှုပ်တာကတော့ Computer ကို OS တွေ ဟိုဟာပြောင်းသွင်း၊ ဒီဟာပြောင်းသွင်းနဲ့  စမ်းနေတာပါ။ နောက်ပြီး ကိုယ့်ဟာကိုယ်နေပေမယ့်လဲ ဟိုလာရှုပ် ဒီလာရှုပ်ကိစ္စလေးတွေက ပေါ်လာတော့ စိတ်ထဲ သိပ်မကြည်လင်တာနဲ့  ဘာမှရေးလို့ မရဘူးဖြစ်သွားတယ်။ ကိုယ်ပြောချင်တာတွေကို မပြောလိုက်ရပဲ လူမှု့ ရေးအရ သည်းငြီးခံနေရတာ သူများတွေအတွက် ဘယ်လိုနေမလဲတော့ မသိဘူး ကျွန်မအတွက်တော့ အတော်လေး စိတ်အနှောက်အယှက် ဖြစ်စေရပါတယ်။ အပြောအဆိုမတတ်သူတွေနဲ့ ဆက်ဆံရတာ အတော်လေး ဆိုးပါတယ်။ သူတို့ ကတော့ အပြောအဆို မတတ်လို့  ခပ်ပေါ့ပေါ့ပြောလိုက်တာပေါ့၊ ခံရသူကတော့ မသက်သာလှပါဘူး။

စိတ်ရှုပ်နေတာနဲ့  Comments တွေကိုတောင် Reply မလုပ်ဖြစ်မိဘူး။ ကျွန်မတာဝန်မကျေသလို ဖြစ်နေတယ်။ Comments ရေးပေးခဲ့သူ၊ ဒီဘလောခ့် လာဖတ်သူ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ်။

ဒီနေ့ တော့ Computer ကလိနေတာကိုလည်း ရပ်လိုက်ပြီ၊ စိတ်ရှုပ်နေတာတွေကိုလည်း ဖြတ်လိုက်ပါပြီ။ အနားယူတဲ့အနေနဲ့  ရုပ်ရှင်တွေ ဒေါင်းလုတ်လုပ် ကြည့်နေပါတယ်။ ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကတော့ အတော်များပါတယ်။ အဲ့ဒီထဲက အကြိုက်ဆုံးကတော့ "မောင်တို့ ချယ်ရီမြေ" ဆိုတဲ့ မြန်မာရုပ်ရှင်ကား ဇာတ်ကားပါပဲ။ ဒီရုပ်ရှင်က အင်္ဂလိပ်ကားတစ်ကားကို ပြန်ရိုက်ထားတာပါ။ မူရင်း ရုပ်ရှင်ကားကို ကြည့်ဘူးပါတယ်။ အဲ့ဒီ မူရင်းရုပ်ရှင် နာမည်တော့ မမှတ်မိတော့ဘူး။ ဒီကားဟာ ပြန်ရိုက်ကား ဖြစ်ပေမယ့် ခုခေတ်ပြန်ရိုက်တဲ့ ကားတွေလိုမျိုး မဟုတ်ပဲ ကြည့်လို့ ကောင်းပါတယ်။ ဟိုရန်ကုန်မှာ ရှိနေတုန်းကတည်းက မြန်မာအသံက စနေည၊ တနင်္ဂနွေ နေ့ လယ်နဲ့  ဗုဒ္ဓဟူးည တွေမှာ မြန်မာဇာတ်ကားဟောင်းတွေလာရင် အမြဲကြည့်ဖြစ်တယ်။ စန္ဒာ အကယ်ဒမီရတဲ့ နှစ်မွှာအသည်း ( နိုင်ငံခြားရုပ်ရှင်ကို ပြန်ရိုက်ထားတာပါပဲ) တို့  ၊ ကောလိပ်ဂျင်နေ၀င်းရဲ့ ရုပ်ရှင်တွေ ... အို... ကားဟောင်းတွေ အများစုက အတော်ကောင်းပါတယ်။ ဖြစ်နိုင်ရင် အဲ့ဒီ ရုပ်ရှင်တွေ ပြန်ကြည့်ချင်ပါသေးတယ်။ ခုခေတ်ရုပ်ရှင်တွေနဲ့ တကယ့်ကို တခြားစီပါလို့ ဆိုရမယ်။ မြန်မာ့ ရုပ်ရှင်ဟာ တစ်ခေတ်ထက် တစ်ခေတ် တိုးတက်မလာပဲ ဆုတ်ယုတ်လာတယ်ပြောရမယ်။

ဒီရုပ်ရှင်လင့်တွေကို နေးတစ်ဖိုရမ်မှာ ညီမလေး မဒီဂျွန်က တင်ပေးထားတာပါ။ ရုပ်ရှင်မှာ BurmeseClass Logo ပါနေတော့ အဲ့ဒီ Site မှာတင်ပေးဖူးတဲ့ ရုပ်ရှင်ကို Download လုပ်ထားတာလို့ ထင်တယ်။ Streaming ရုပ်ရှင်တွေ ကြည့်ဖို့ စိတ်မရှည်တဲ့ ကျွန်မကတော့ ဒီလို ဒေါင်းလုတ်လုပ်ပြီး အေးအေးဆေးဆေး ကြည့်နိုင်အောင် ဖန်တီးပေးသူတွေကို ကျေးဇူးတင်မိတယ်။

မောင်တို့ ချယ်ရီမြေ..
http://www.zshare.net/download/m0411-wmv-001.html
http://www.zshare.net/download/m0411-wmv-002.html
http://www.zshare.net/download/m0411-wmv-003.html
http://www.zshare.net/download/m0411-wmv-004.html
http://www.zshare.net/download/m0411-wmv-005.html
http://www.zshare.net/download/m0411-wmv-006.html
http://www.zshare.net/download/m0411-wmv-007.html
http://www.zshare.net/download/m0411-wmv-008.html
http://www.zshare.net/download/m0411-wmv-009.html
http://www.zshare.net/download/m0411-wmv-010.html

Used HJSplit to Join this movie.

Credit to YZNW and MadyJune from NativeMyanmar

April 27, 2007

Let it be - Beatles

အမြဲသုံးနေရတဲ့ စကားတစ်ခွန်း ဖြစ်တဲ့ " Let it be " ဆိုတဲ့ ဒီသီချင်းလေးကို ခုတလော နားထောင်ဖြစ်နေတယ်။



Let it be - Beatles


1970 က ထုတ်ခဲ့တဲ့ ဟောင်းနေပေမယ့် ကောင်းနေဆဲဖြစ်တဲ့ Beatles ရဲ့ သီချင်းတစ်ပုဒ်ပါ။ ကျွန်မထက် အသက်ပိုကြီးတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းထွက်ခါစက US မှာ No 1, UK မှာ No 2 ရခဲ့တယ်။ Rolling Stone မဂ္ဂဇင်းကရွေးချယ်တဲ့ the 500 greatest songs of all (2004) မှာ No 20 ရရှိခဲ့ပါသေးတယ်။ ဒီသီချင်းကို ရေးသူ Paul McCartney က သူ့ မိခင်ကို အိပ်မက်မက်ရာကနေ ဒီသီချင်းကို ရေးဖြစ်ခဲ့တာလို့  သိရပါတယ်။ သီချင်းထဲက "Mother Mary" ဆိုတာ သူ အသက် ၁၄ နှစ်တုန်းက ကင်ဆာရောဂါနဲ့  သေဆုံးသွားခဲ့တဲ့ သူ့ ရဲ့ မိခင် ဖြစ်သူကို ရည်ညွန်းထားတာလို့  ရေးထားတာဖတ်ဘူးပါတယ်။ သီချင်းရေးသူရဲ့ ဇနီးဖြစ်သူ Linda McCartney ရဲ့ funeral မှာ Final Song အနေနဲ့  ဒီသီချင်းကို ဖွင့်ခဲ့တယ်လို့  သိရတယ်။ ကျွန်မအတွက်တော့ ဒီသီချင်းက နားထောင်တဲ့ အခါတိုင်း ခံစားချက်တစ်မျိုးကို ဖြစ်စေပါတယ်။

When I find myself in times of trouble, mother Mary comes to me,
speaking words of wisdom, let it be.
And in my hour of darkness she is standing right in front of me,
speaking words of wisdom, let it be.

Let it be, let it be, let it be, let it be.
Whisper words of wisdom, let it be.

And when the broken hearted people living in the world agree,
there will be an answer, let it be.
For though they may be parted there is still a chance that they will see,
there will be an answer. let it be.

Let it be, let it be, .....

And when the night is cloudy, there is still a light, that shines on me,
shine until tomorrow, let it be.
I wake up to the sound of music, mother Mary comes to me,
speaking words of wisdom, let it be.

Let it be, let it be, .....

Watch Your Thoughts...



Watch your thoughts; they become words.

Watch your words; they become actions.
Watch your actions; they become habits.
Watch your habits; they become character.
Watch your character; it becomes your destiny."

– Frank Outlaw

April 26, 2007

April 25, 2007

Junit Factory

JUnit - is a unit testing framework for the Java programming language.

JUnit ကို Java Programmer တိုင်းသိကြမှာပါ။ Java နဲ့ ရေးထားတဲ့ Application တွေ Unit Testing လုပ်ဖို့ ဆို JUnit ကို အများဆုံး သုံးလေ့ ရှိပါတယ်။

JUnit ကို အသုံးပြုရတဲ့ Java Programmer တွေ အတွက် ဒီ JunitFactory ဟာ အလွန်အသုံးဝင် နိုင်ပါတယ်။ JUnitFactory ကိုသုံးမယ်ဆိုရင် ကိုယ်တိုင် JUnit Code တွေ ရေးစရာမလိုတော့ပါဘူး။ JUnitFactory Site မှာ ကိုယ့်ရဲ့ Java Program တွေကို Upload လုပ်လိုက်မယ်ဆိုရင် အဲ့ဒီ Website ကနေပြီး JUnit Code တွေကို Auto Generate ပြန်ထုတ်ပေးပါတယ်။

JUnit Factory ကို အသုံးပြုမယ်ဆို နည်းလမ်း နှစ်မျိုးနဲ့ သုံးနိုင်တယ်။

1. The browser-based demo
ပထမနည်းက သူတို့ ရဲ့ Website မှာ ကိုယ့်ရဲ့ Program ကို Copy and Paste လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းက Single ၊ Stand-alone Java Class တွေ အတွက်ပဲ သင့်တော်တယ်လို့  ပြောထားပါတယ်။ အဲ့ဒီ Demo Page မှာ ရေးပြီးသား Code တစ်ချို့ ကို တင်ပေးထားတာ ရှိတော့ လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။

2. The Eclipse plug-in
ဒုတိယနည်း ကတော့ Eclipse Plug-in ကို သုံးပြီး ကိုယ် JUnit Code ထုတ်ချင်တဲ့ Project/ Package/ Class ကို ရွေးပြီး သူတို့ Site ကို Upload လုပ်ပေးတဲ့ နည်းပါ။ ဒီနည်းသုံးဖို့ ဆို JUnitFactor ကနေ Plugin ကိုအရင် Download လုပ်ပြီး Install လုပ်ဖို့ တော့လိုတယ်။ Java IDE အနေနဲ့ Eclipse ကိုပဲ သုံးရပါမယ်။ အခု လက်ရှိ အချိန်ထိတော့ JUnitFactory က Eclipse IDE တစ်ခုတည်းကိုပဲ Support လုပ်ပါသေးတယ်။

ဒီနေရာမှာ တစ်ခု စဉ်းစားရမှာက အဲ့လို Upload လုပ်လိုက်ရင် ကိုယ့်ရဲ့ Project Code တွေ အားလုံး သူတို့ စီ ရောက်သွားမယ် ဆိုတာပါပဲ။ ကျွန်မ အလုပ်မှာဆို Code တွေက confidential တွေပါ။ အပြင်လူတွေကိုတောင် ပြခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ JUnitFactory ကို သုံးရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် JUnitFactory ကလည်း လူတိုင်းကို Free အဖြစ် သုံးခွင့်ပေးထားလို့ သာ ဒီအခြေအနေကို တာဝန်မယူတာပါ။ သူတို့ ရဲ့ တခြား Service ဖြစ်တဲ့ agitarone ကို ၀ယ်ပြီး သုံးလို့ ရကြောင်းကို FAQ မှာ ရေးထားတာတွေ့ ရတယ်။
AgitarOne အကြောင်းသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ ကျွန်မကတော့ သိရုံလောက်ပဲ သွားဖတ်ကြည့်လိုက်တယ်။ ကိုယ်က စမ်းကြည့်ရုံ၊ တချို့  File တွေအတွက်ပဲ သုံးမှာ၊ ၀ယ်သုံးဖို့ လည်း စိတ်ကူးမရှိသေးတော့ JUnitFactory နဲ့ တင် လုံလောက်ပါတယ်။ အင်း.... နောက်ပိုင်း ကိုယ်ပိုင် Software Company ထောင်နိုင်မှပဲ AgitarOne အကြောင်း အသေးစိတ်သိအောင် ထပ်သွားဖတ်တော့မယ်။

Source: JUnitFactory.com , Agita.com

Weird Things

ဒီနေ့  ကျွန်မကို MR.Programmer က Tag Game တစ်ခု ကစားပါဆိုပြီး သူ့ ဘလော့ခ်မှာ Tag လုပ်ပါတယ်။ 10 weird things about me ကို ချရေးရတယ် Game ပါ။ ဟိုနေ့ ကတင် သူငယ်ချင်းတစ်ယောက်က အဲ့ဒီ Game ကို Tag လုပ်လိုက်ရမလားလို့  လာမေးသေးတယ်။ မလုပ်နဲ့  ငါဖြေဖြစ်မယ် မထင်ဘူးလို့ပြောလိုက်တော့ နင်ဒီလိုဖြေမယ်ဆိုတာ သိပြီးသားလို့  ပြောသွားတယ်။ အကြောင်းသိတွေချင်းပဲ. ဒီလောက်တော့သူလည်း သိမှာပါ။

ခု အစ်ကိုကြီး Mr-Programmer က Tag ထားပြီ။ ဂျောက်တွန်းတယ်သွားပြောရင် အဆူခံရနိုင်တော့ မပြောတော့ပါဘူး။ မသိချင်ယောင်ဆောင်နေလို့ လဲ မဖြစ်ဘူး။ သူက အကြီးဆိုတော့ လေးစားရသေးတယ်။ :D ( ညီမလေး လင်းလက်ကလည်း ထပ် Tag လုပ်ထားတာတွေ့ ရတယ် )

10 weird things about me ဆိုတော့ တွေးကြည့်တယ်။ ကျွန်မ့ကိုယ် ကျွန်မ ထူးဆန်းတယ်ထင်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ သူများတွေက ထူးဆန်းတယ်တဲ့ ကျွန်မရဲ့ အကျင့်တွေလား။ စဉ်းစားစရာပဲ။

ခုတလော ဘလောခ့်တွေမှာ အဲ့ဒီ Game ကို ကစားတဲ့အနေနဲ့  ရေးထားတာတွေ အတော်များများ ကျွန်မ ဖတ်ဖူးပါတယ်။ အဲ့ဒီ ထဲက တချို့ သူတွေရေးထားတဲ့ အကျင့်မျိုး ခပ်ဆင်ဆင်တွေ ကျွန်မမှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒါတွေဟာ မထူးဆန်းသလို ၊ မကောင်းတဲ့ အကျင့်တွေလို့  လည်း မထင်ပါဘူးရှင့်။ ဥပမာ - ကျွန်မ တစ်ယောက်တည်း အစားစားမယ်ဆို ဖတ်စရာ တစ်ခုခုကို အရင်ရှာတယ်။ တွေ့ မှ စာဖတ်နေရင်းနဲ့ ပဲ အစာစားလေ့ရှိတယ်။ အပြင်မှ Lunch တစ်ယောက်တည်း စားရင်တောင် ဖတ်စရာ စာအုပ်တစ်အုပ် လက်ထဲမှာပါ ပါတယ်။ ဒါဟာ ကျွန်မအတွက် ဘာမှမထူးဆန်းလို့ လုပ်ရိုးလုပ်စဉ် လုပ်နေတာပါ။ ဒီလို တခြားအကျင့်လေးတွေ ကျွန်မမှာ အများကြီးရှိပါတယ်။

ကျွန်မကတော့ အကျင့်တစ်ခုဆို ဘယ်သူ့ ကိုမှလည်း မထိခိုက်ဘူး၊ ကျွန်မကို ကျွန်မအတွက်လည်း အကျိုးယုတ်စေတဲ့ အရာမဟုတ်သေးဘူး ထင်နေသမျှ ဆက်လုပ်နေတတ်ပါတယ်။ ကျန်တာကိုတော့ ထူးလား မထူးလား စဉ်းစားလေ့မရှိဘူး။

ဒါတွေကြောင့်လည်း ကျွန်မဟာ ဆိုဆုံးမရ ခက်သူ တစ်ယောက်လို့  တစ်စုံတစ်ယောက်က ပြောတာထင် ပါတယ်။ သူပြောတာ ကျွန်မ မငြင်းချင်ပါဘူး။ ကျွန်မ လုပ်လေ့ရှိတဲ့ အကျင့်တွေမှာ မကောင်းဘူးထင်တာတွေကို ကျွန်မ့ လက်ခံနိုင်အောင် ပြောနိုင်ရင် အဲ့ဒီအကျင့်တွေကို ကျွန်မ ပြင်လိုက်မှာပါပဲ။ တချို့ ဟာတွေတော့ သူတို့ အမြင်တွေနဲ့  ကျွန်မအထင်နဲ့  မကိုက်သေးတော့လည်း ကိုယ့်စိတ်ကြိုက်ကိုပဲ ဆက်လုပ်တုန်းပေါ့။ ကိုယ်တိုင်က ပြင်ချင်ရင် ပြင်မရပဲ ဖြစ်နေတဲ့ အကျင့်ဆိုတာရှိမယ် မထင်။

ဒီတော့ ကျွန်မကိုယ်ကျွန်မ ထင်တဲ့ ထူးဆန်းတာတွေဆိုရင်တော့ ဘာမှ ချရေးဖြစ်မယ် မထင်ဘူး။ မရှိလို့ ပါ။ weird ဆိုတာ informal very strange and unusual, and difficult to understand or explain လို့  Dictionary မှာလည်းတွေ့ တယ်လေ။ ကျွန်မရဲ့ အကျင့်တွေဟာ ကျွန်မကိုယ် ကျွန်မအတွက်တော့ ထူးဆန်းတယ်လည်းမထင်၊ မကောင်းဘူးလို့ မထင်ပဲ၊ဘယ်လိုမှလည်း မထင်၊ ကျွန်မလက်ခံနိုင်နေတဲ့ လုပ်ရိုးလုပ်စဉ်တွေမို့  ကျွန်မလုပ်နေတာတွေလေ။

ကျွန်မ စဉ်းစားမိတယ်။ ကျွန်မရဲ့ ထူးဆန်းတဲ့ အကျင့်တွေကို ကျွန်မ ချရေးမယ့် အစား ကျွန်မနဲ့  ရင်းနှီးသူတွေကို ရေးခိုင်းတာကမှ အမှန်ရမယ် ထင်တယ်။ ကျွန်မမှာ ဘယ်လို အကျင့်ဆန်းတွေ၊ အကျင့်ဆိုးတွေ ရှိတယ်ဆိုတာကို ကျွန်မနဲ့  ရင်းနှီးသူတွေပဲ သိကြမှာပါ။ သိတာလေးတွေ ရှိရင် Comments ပေးသွားလဲ ရပါတယ်။ ဖုန်းဆက်ပြောလည်း ရတယ်။ ဘာပဲဖြစ်ဖြစ် သိရတာပေါ့။ ဒါပါပဲလေ...

တွေးမိသေးတယ်.. ဒီလို ကိုယ်လုပ်ချင်ရာ၊ ကိုယ်ထင်တာ ကိုယ်လုပ်တာကိုပဲ weird လို့ ပြောချင်ကြမလားပဲရယ်...... မဟုတ်ပါဘူး.. ဒါမျိုးတွေ သူများတွေလည်း လုပ်လေ့ရှိပါတယ်..

April 24, 2007

Because I am a Girl - Kiss

နေလယ်က အလုပ်ရှုပ်နေတုန်း အစ်ကိုတစ်ယောက် သီချင်း lyrics တစ်ခုပို့ ပေးတယ်။ စာသားတွေကို မဖတ်အားတာနဲ့  သီချင်းခေါင်းစဉ်လေး ကူးပြီး အင်တာနက်မှာ ရှာပြီး အလုပ်လုပ်ရင်း နားထောင် ကြည့်လိုက်တော့ ဘာဆိုနေလဲ ဆိုတာ နားမလည်ပါဘူး။ သီချင်းခေါင်းစဉ်က Jini – Because I am a Girl တဲ့။ အဲ့ဒီသီချင်း ကောင်းကောင်းသိနေလို့  လိုက်ရှာကြည့်လိုက်တော့ Korea က Kiss – Because I am a Girl ဆိုတာပဲ။ အဲ့ဒီသီချင်း ရဲ့ MTV က နာမည်ကြီးပဲ။ ဟိုတစ်လောကတောင် ဘလောခ့်တစ်ခုမှာ အဲ့ဒီ MTV ကြိုက်လို့ ဆိုပြီး တင်ထားတာ တွေ့ လိုက်သေးတယ်။

Jini က English လိုဆိုထားပေမယ့် Kiss ဆိုထားတဲ့ Korea လို Version က နားမလည်ပေမယ့် နားထောင်လို့ ပိုကောင်းတယ်။ အလုပ်လုပ်ရင်း စဉ်းစားတယ်.. အဲ့ဒီ အစ်ကို ဘာလို့  ဒီသီချင်းစာသားကိုပို့ လဲ။ သီချင်းက ကောင်မလေးတွေဆိုတဲ့ သီချင်းကြီး။ Jini Lyrics ကို သေချာဖတ်တယ်။ စဉ်းစားမရဘူး။ သိချင်လာတယ်။ အကြောင်းတစ်ခုခုရှိလို့ ပိုတယ်ဆိုတာ သေချာတယ်။ Kiss ဆိုထားတဲ့ MTV ကို ပြန်ကြည့်တယ်။်မသိသေးဘူး။ နောက် Kiss ရဲ့ Version ကို English လို ပြန်ထားတဲ့ Lyrics ကို တွေ့ မှပဲ သူဘာကြောင့် နားထောင်ခိုင်းတယ်ဆိုတာ နားလည်သွားတော့တယ်။

Kiss - Because I am A Girl ( Mp3),MTV from YouTube

Jini - Because I am A Girl ( Mp3),Lyrics

The translation of the song in English : ( Korea စကားကို တစ်လုံးမှ နားမလည်ပါဘူး။ သူများစီက ကူးချထားတာ)

I just cant understand the hearts of men
They tell you they want you and then they leave you
This is the first time, you're special
I believed those words and I was so happy

You should have told me you didn't like me any more
but I couldn't see that and you just rushed me
although I will curse you I'll still miss you
Because I am a girl, to whom love is everything

I heard that if you give up things too easily
to a man, he will get bored with you
I don't think this is wrong
a girl says that she will never be fooled again
but she will fall in love again

You should have told me you didn't like me any more
but I couldn't see that and you just rushed me
although I will curse you I'll still miss you
Because I am a girl, to whom love is everything

[narration]
Hey babe
the pain
It's not enough to describe how I feel
We were so happy together
But I know now
I've been blind
You told me that you'd never let me down
Whenever I needed you you'd always be here
I can forgive but I cant forget
Even though you hurt me
I still love you
I still love you
Don't take advantage of a girl's willingness to do anything for love
and her caring instinct
U didn't know that to be born as a girl and to be loved was so hard
Although i will curse you i'll still miss you
Because I am a girl, to whom love is everything
although i will curse you i'll still miss you
Because I am a girl, to whom love is everything

[the guy said]
There is a girl whom I love. Now I can`t stay with her, but I still love her.

ဘာလို့ သူနားထောင်ခိုင်းသလဲ။ တကယ့်တော့ အဲ့ဒီအစ်ကိုကြွားတာကို ကျွန်မခံလိုက်ရတာပါ။ ကျွန်မကို ဒီသီချင်းပို့ တဲ့ အစ်ကိုက ရုပ်ချော၊ သဘောကောင်း၊ အပြောကောင်း၊ လူတော်တစ်ယောက်ဆိုတော့ ကောင်မလေး တချို့ က စိတ်ကူးယဉ်ပြီး ကြိုက်ကြတယ်ရှင့်။ သူရဲ့ Gtalk Status မှာ အဲ့ဒီ ထဲက ကောင်လေးပြောသလို စကားနဲ့ ဆင်တာမျိုး တင်ထားတာတွေ့ မိသလိုပဲ။ (မသေချာဘူး) ဒါနဲ့ သူ့ စီကို ကောင်မလေးတစ်ယောက်က ဒီသီချင်းပို့ လိုက်တာ ဖြစ်ပါလိမ့်မယ်။ သူ့ စီဘယ်သူ ပို့ လည်းဆိုတာကို ကျွန်မ မေးမကြည့်တော့ပါဘူး။ ထပ်မေးရင် ထပ်ကြွားတာ ခံနေရဦးမယ် ဆိုတာ ကြိုသိနေလို့ ပါ။ :P

(ရေးဆိုလို့  ရေးလိုက်ပြီး၊ ညီမ ထင်တာ မှားနေတယ်ဆို Comment မှာ လာရှင်းနိုင်ပါတယ်။ ဒါမှ စွံ့ တဲ့ အစ်ကိုဆိုတာ ဘယ်သူလဲ လူတွေသိကြမှာ... :P.. )

April 23, 2007

သခင်အောင်ဆန်း တရား

သခင်အောင်ဆန်း တရား - ဇော်ဂျီ

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ် တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ အသက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာ့လွတ်လမ်း၊ ခရီးကြမ်းဝယ်
ှဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏

ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။

Credit to Ko_Htike from MyanmarTeaShop

April 19, 2007

Browser wars over

Browser War ကြီး ပြီးဆုံးသွားပါပြီ။ ကြီး ပြီးဆုံးသွားပါပြီ။ တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင် သူတပါးရဲ့ အားနည်းချက်တွေကို အပြစ်ရှာပြောလိုက်၊ ကိုယ့်ရဲ့ အားသာချက်တွေကို အမွှန်းတင်ပြောလိုက်နဲ့  အပြိုင်အဆိုင် ထုတ်ဝေလာခဲ့တဲ့ Browsers တွေကို ခုချိန်ကစပြီး Internet အသုံးပြုသူတွေ အားလုံးကောင်းကျိုး အတွက် Development Platform ဆိုတဲ့ အမြင်နဲ့ သာ ဆက်လက် ထုတ်လုပ်ကြတော့မယ် ဆိုတာကို Microsoft (IE), Mozilla (FireFox), Opera နဲ့  Google တို့ က ပြောကြားကြောင်း သတင်းကို ComputeWorld.com မှာ ဖတ်လိုက်ရပါတယ်။ သတင်းကောင်းတစ်ခုပါပဲ။

အများအကျိုးရှိဖို့ ဆိုရင် အသည်းအသန် ပြိုင်ဆိုင်နေကြသူတွေတောင် တစ်ယောက်နဲ့ တစ်ယောက် ရန်ဆောင်အပုတ်ချပြောဆိုမှု့ တွေကိုရပ်ပြီး ညီညွတ်မှု တစ်ခုကို တည်ဆောင်သွားနိုင်ကြပါပြီ။

Browser wars over, say Microsoft, Mozilla, Opera and Google (computerworld.com)

ဒီနေရာမှာ ကျွန်မ နားလည်မိတဲ့ ညီညွတ်ရေးဆိုတာ၊ လူတွေအားလုံးဟာ တလေတည်း၊ တသံတည်း ထွက်နေစရာ မလိုပါဘူး။ ဘယ်လောက်ပဲ အကြိတ်အနယ် ပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဖက်တွေပဲဖြစ်ဖြစ်၊ အများအတွက် အကျိုးရှိစေမယ့် ကိစ္စတွေမှာဆို အတ္တတွေ၊ မာနတွေ ခ၀ါချပြီး အတူပူးပေါင်း ဆောင်ရွက်နိုင် စွမ်းပါပဲ။ ဒီလို ဆောင်ရွက်နိုင်စွမ်းဟာ ညီညွတ်မှု့ အပြင် ထိုသူတို့ ရဲ့ စိတ်ဓာတ်ရေးရာအရ ဘယ်လောက်ရင့်ကျက်မှု့ ရှိတယ်ဆိုတာကို ပြနေတာပါပဲ။

အများကောင်းကျိုးတွေတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အားလုံးဟာ ညီညွတ်မှု့ မရှိ၊ ကိုယ်လည်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်၊ သူလည်း သူလုပ်ချင်ရာ သူလုပ်၊ ငါတစ်ဗိုလ်၊ သူတစ်မင်းနဲ့  လုပ်ဆောင်နေကြရင် ကောင်းကျိုးရဖို့ ဆိုတာ နည်းပါတယ်။ အင်း...အားလုံးပဲ သဘောထားကြီးကြီးနဲ့  ပေါင်းစည်းပြီး ညီညွတ်မှု့ ကို တည်ဆောက်လိုက်နိုင်မယ်ဆိုရင် ကျွန်မတို့ လိုချင်တဲ့ အရာတစ်ခုကို ရရှိကြဖို့  ပိုပြီး နီးစပ်လာမှာပါပဲ။

April 18, 2007

How to be Happy

ဘ၀မှာ အမြဲပျော်နေနိုင်တဲ့ လူဆိုတာ ရှိရင်တောင်မှ အရမ်းရှားမယ် ထင်ပါတယ်။ လူဖြစ်လာမှတော့ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ သုခ၊ ဒုက္ခ၊ အကောင်း၊ အဆိုး ဆိုတာတွေ အမြဲကြုံတွေ့ နေရမှာပါပဲ။

တချို့ လူတွေက ပြောကြတယ်။ လူဘ၀ဆိုတာ ဘာမှမကြာလိုက်ပါဘူး၊ သက်တန်းတိုတိုလေးပဲ ရှိပါတယ်၊ ဒီခဏတာရခဲတဲ့ ဘ၀လေးမှာ စိတ်ညစ်စရာတွေကို မေ့ပြီး ပျော်အောင်နေကြပါတဲ့လေ။ အဲ့ဒီလိုပြောနေသူတွေကို မေးကြည့်ပါ။ သူတို့ ရော အမြဲပျော်အောင် နေနိုင်ကြရဲ့လားလို့ ။ ကျွန်မကတော့ အမြဲတမ်း ပျော်ရွှင်အောင် မနေနိုင်ပါဘူး။ ဘ၀မှာ အဆင်မပြေမှု တွေကြုံလာရင် စိတ်ညစ်တတ်ပါတယ်။ စိတ်ညစ်တဲ့အချိန်မှာ အပိုစကားတွေလာပြောနေရင် စိတ်တိုပြီး ပိုစိတ်ရှုပ်တတ်ပါသေးတယ်။

အဆင်မပြေမှုတွေဆိုတာ ဘာအကြောင်းကြောင့် ဖြစ်လာတယ် ဆိုတာပေါ် မူတည်ပြီး ကွဲပြားတဲ့ ဖြေရှင်းနည်းတွေ အများကြီး ရှိမှာပါ။ အများအားဖြင့်တော့ ကျွန်မမှာ စိတ်ညစ်စရာတွေ ကြုံလာရင် ငါတစ်ယောက်တည်းမှာ ကြုံရတာ မဟုတ်ဘူးဆိုပြီး တွေးပါတယ်။ (သေဖော်သေဖက် လိုက်ညှိတာပါ၊ အဖော်လေးနဲ့ ဆိုတော့ စိတ်သက်သာရာ ရတာပေါ့)။ ငါ ဖြေရှင်းနိုင်ပါတယ်လို့  တွေးပြီး ဖြေရှင်းနည်းကို ရှာပါတယ်။(ကိုယ့်ကိုကိုယ် စိတ်ဓာတ်မြှင့်တင်တာပါ။ ကိုယ့်ပြဿနာ ကိုယ်သာရှင်းရမှာမို့  စိတ်ဓာတ်ကျမသွားဖို့ က အရေးအကြီးဆုံးလို့ ထင်မိတယ်။) တစ်ခါတလေတော့ ကျွန်မကို သည်းငြီးခံတဲ့ သူငယ်ချင်းတစ်ယောက်ကို စကားတွေ လျှောက်ပြောပါတယ်။ ( စိတ်ညစ်တာတွေမဟုတ်ပဲ တခြားဟာတွေ လျှောက်ပြောနေတာပါ။ ကျွန်မ စိတ်ညစ်ရင် ရင်နှီးတဲ့ သူငယ်ချင်းတွေ နားအလွန်ငြီးကြ ပါလိမ့်မယ်။ ) နောက်တစ်ခုကတော့ စိတ်ရှုပ်နေချိန်တွေမှာဆို အလုပ် မရှုပ်ရှုပ်အောင် လုပ်စရာတွေကို ရှာကြံပြီး လုပ်ပါတယ်။ (အလုပ်တွေ ရှုပ်နေတော့ စိတ်ညစ်စရာတွေ တွေးဖို့ အချိန် မရှိတော့ဘူးပေါ့။ အလုပ်တွေ လုပ်နေတော့ လူပင်ပန်း၊ လူပင်ပန်းတော့ ညဆိုလည်း ဟိုတွေးဒီတွေး မလုပ်မိတော့ပဲ အိပ်ပျော်နိုင်တာပေါ့။) ခုနောက်ပိုင်းဆို စိတ်ရှုပ်စရာတွေ ကြုံလာရင် အစာတွေ အများကြီးစားမယ်လို့  စိတ်ကူးထားတယ်။ (အရမ်းပိန်လွန်းတဲ့ ကျွန်မ့ စိတ်ညစ်စရာတွေစီကနေ အမြတ်ထုတ်ဖို့  ကြံစည်နေတာပါ။) ဒါကျွန်မလုပ်လေ့ရှိတဲ့ အကျင့်တွေပါ။ သူငယ်ချင်းတစ်ယောက်ကတော့ စိတ်ညစ်လာရင် အိပ်နေလိုက်တယ် ပြောဘူးပါတယ်။

ဒီနေ့  သူငယ်ချင်းတစ်ယောက် Friendster မှာ "Be Happy" ဆိုပြီး တင်ထားတာလေးတွေပါ။ ကျွန်မ့ သူငယ်ချင်းတင်ထားတာ ၁၂ ချက်ပါ။ No. 13 စာကြောင်းလေးကို အင်တာနက် တစ်နေရာမှာတွေ့ လိုက်လို့  ထပ်ဖြည့်ထားလိုက်တာပါ။ ဒါလေးတွေ ဖတ်ပြီး စိတ်ရှုပ်၊ စိတ်ညစ်တာလေးတွေကို ဖြေဖျောက်နိုင်ကြပါစေ။

1. Make up your mind to be happy & learn to find pleasure in simple things.
2. Make the best of your circumstances. No one has everything, and everyone has something of sorrow intermingled with gladness of life. The trick is to make the laughter outweigh the tears.
3. Don’t take yourself too seriously. Don't think that somehow you should be protected from misfortune that befalls other people.
4. You can't please everybody. Don't let criticism worry you.
5. Don't let your neighbor set your standards. Be yourself!!
6. Do the things you enjoy doing but stay out of debt.?
7. Never borrow trouble. Imaginary things are harder to bear than real ones.
8. Since hate poisons the soul, do not cherish jealousy; avoid people who make us unhappy.
9. Have many interests. If you can't travel, read about new places.
10. Don't hold postmortems. Don't spend your time brooding over sorrows or mistakes. Don't be one who never gets over things.
11. Do what you can for those less fortunate than yourself.
12. Keep busy at something. A busy person never has time to be unhappy.
13. Happiness can not be inherited, purchased, rented, imported, or bargained for. It must be home-grown.

Source: 12 Ways to be happy (Geez.com)

ပြောဖို့ မေ့နေတယ်။ စိတ်တွေရှုပ်လာရင် ဘလောခ့်မှာ ဟိုရေးဒီရေး လုပ်တတ်တဲ့ အကျင့်တစ်ခုလည်း ကျွန်မမှာ ရှိပါသေးတယ်။

April 17, 2007

မြန်မာ နှစ်ဆန်း တစ်ရက်နေ့ 


မင်္ဂလာရှိသော နှစ်သစ်(၁၃၆၉ ခုနှစ်) မှာ ကျန်းမာပျော်ရွှင်ပြီး၊ လိုအင်ဆန္ဒများ၊ အောင်မြင်မှုများနဲ့  ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...

April 16, 2007

သင်္ကြန် အတက်နေ့ 

့မြန်မာပြည်မှာ ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ မြန်မာ့နှစ်သစ်ကူးပွဲတော်ရဲ့ နောက်ဆုံးရက် ဆိုတာကို အိမ်ကပို့ တဲ့ အီးမေးမြင်မှ သတိထားမိလိုက်တယ်....

အကြို၊အကျ၊အကြတ်၊အတက် သင်္ကြန် ၄ ရက်တွေဟာ ကုန်ဆုံးသွားတာ အရမ်းမြန်နေသလို ခံစားရတယ်.. မနက်ဖြန်ဆို နှစ်တစ်နှစ်ရဲ့ ပထမဆုံးနေ့ ... နှစ်သစ်ကူးဆုတောင်းသံတွေ ကိုကြားရတော့မယ်...

စဉ်စားမိတာပါ။ သူများတွေ အတွက်တော့မသိဘူး၊ ကျွန်မ သတိထားမိတဲ့ နှစ်ကူးတွေကတော့ အင်္ဂလိပ်လို ၊ တရုတ်လို၊ မြန်မာလို နဲ့  ကရင်လို နှစ်ကူးတာတွေပါ။ မြန်မာပြည်တုန်းကတော့ မြန်မာနှစ်ကူးနဲ့  ကရင်နှစ်ကူးကိုပဲ သတိထားမိခဲ့ပေမယ့်၊ နိုင်ငံရပ်ခြားကို စရောက်တော့ အင်္ဂလိပ်လို နှစ်ကူးတာကို ရင်နှီးလာခဲ့တယ်။ အခုလက်ရှိနေတဲ့ နိုင်ငံရောက်တော့ တရုတ်နှစ်ကူးကိုပါ သတိထားမိလာရတယ်။ တရုတ်နှစ်ကူးကို သတိမထားမိလို့ လည်းမရဘူးလေ၊ အဲဒီရက်လေးပဲ အလုပ်ပိတ်ရက် ၂ ရက် ဆက်တိုက်ရတာလေ။ ဘာရယ်မဟုတ် တစ်နှစ် ၄ ခါ လောက် Happy New Year လုပ်သံတွေ ကြားနေရတယ်လို့  တွေးလိုက်မိလို့ ပါ။ တကယ်တော့ အဓိက ကိုယ်နဲ့ ဆိုင်တာဟာ မြန်မာနှစ်ကူးနဲ့  မြန်မာနှစ်ဆန်းတစ်ရက်နေ့ ပါပဲ။

နေ့ လယ်က သင်္ကြန်မိုးဇာတ်ကားအကြောင်းရေးမိလို့ လားမသိဘူး၊ အဲ့ဒီ ဇာတ်ကားထဲက နှတ်ဆက်သီချင်းနဲ့  နှစ်သစ်ကူးမှာ ဇော်ဝမ်းပြောတဲ့ နှစ်ဦးဆုတောင်းကို နားထဲကြားရောင်နေမိတယ်...

သင်္ကြန်မိုး - MyanmarMp3.net

မနေ့ က သင်္ကြန်အကြတ် နေ့ မှာ သင်္ကြန်မိုး ရုပ်ရှင် ကြည့်လိုက်ရတယ်။ မြန်မာပြည်မှ သင်္ကြန်တွင်း သင်္ကြန်မိုးရုပ်ရှင် ကြည့်ရတယ်ဆိုတာ မဆန်းပေမယ့် ကျွန်မတို့ လိုမြန်မာပြည်နဲ့ ဝေးနေသူတွေအဖို့ တော့ ထူးဆန်း နေပါတယ်။ နိုင်ငံရပ်ခြားရောက်ထဲက မကြည့်ရတဲ့ ရုပ်ရှင်ကို ဒီနှစ်မှပဲ MyanmarMp3.net ကျေးဇူးနဲ့  ပြန်ကြည့်ဖြစ်ရတော့တယ်။

အားလုံးသိတဲ့ အတိုင်း သင်္ကြန်မိုးရုပ်ရှင်ဆိုတာ နှစ်စဉ်နှစ်တိုင်း၊ သင်္ကြန်ရောက်တိုင်း မြန်မာ့ရုပ်သံတွေက ထုတ်လွှင့်နေကြပါ။ နှစ်စဉ် လာနေကြဖြစ်လို့  ကျွန်မတို့ တွေ အခေါက်ပေါင်းများစွာ ကြည့်ဖူးခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ၁၉၈၄ က ခွင့်ပြုချက်ရပြီး ရိုက်ကူးထားတာဆိုတော့ အတော်ကြာနေပါပြီ။ ဒါပေမယ့် ခုချိန်ထိ နှစ်စဉ်ပြသဆဲ၊ အကောင်းဆုံး မြန်မာသင်္ကြန်ရုပ်ရှင်အနေနဲ့  ရပ်တည်နေဆဲပါပဲ။ ဒီထက်ကောင်းဖို့ မပြောနဲ့  ဒီလောက်ကောင်းတဲ့ သင်္ကြန်ရုပ်ရှင်မျိုးလည်း နောက်ပိုင်းမှ ဘယ်သူကမှ ထပ်ပြီးမရိုက်နိုင်သေးပါဘူး။ သင်္ကြန်မိုးရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းတွေကိုလည်း သင်္ကြန်တိုင်းမှာ မဆိုမဖြစ် သီဆိုနေကြဆဲပါပဲ။


ဒီပုံက MyanmarMp3 ကပဲ ယူထားတာပါ။
သင်္ကြန်မိုး ရုပ်ရှင်
mms://streamserv.myanmarmp3.net/Thingyan2007-ThingyanMoe
သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
http://www.myanmarmp3.net/album.aspx?AlbumID=219

ခုလို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို အွန်လိုင်းကနေ ကြည့်နိုင်အောင် စီစဉ်ပေးတဲ့ MyanmarMp3 မှ အဖွဲ့ သားတွေ အားလုံးကို ကျေှးဇူးတင်ပါတယ်။

Source: MyanmarMp3.net

April 15, 2007

Medical E-Books

ဆေးပညာလေ့လာနေသူများအတွက် အသုံးဝင်မယ်လို့  ထင်တဲ့ Blog တစ်ခု... ကိုယ်မကျွမ်းကျင်တဲ့ Area တစ်ခုမို့  အဲ့ဒီမှာ တင်ထားတဲ့ e-Books တွေက ကောင်းမကောင်းနဲ့  လေ့လာသူတွေကို အထောက်အကူပြုနိုင် မပြုနိုင်၊ အကျိုးရှိနိုင် မရှိနိုင်ကိုတော့ ကျွန်မ သေချာမသိပါဘူး။ တခြား E-Books တွေ က ရှာရလွယ်ပေမယ့် Medical နဲ့ ဆိုင်တာတွေတော့ သိပ်ပြီး မတွေ့ ဖူးလို့  တွေ့ မိတာလေးကို မျှဝေလိုက်တာပါ။ အဲ့ဒီမှာ e-Books တွေတင်မဟုတ်ပါဘူး၊ Medical နဲ့ ဆိုင်တဲ့ Links တွေ တင်ထားတာပါတွေ့ ရပါတယ်။ အသုံးဝင်မယ်လို့  ထင်ပါတယ်။ Medical Field က လေ့လာလိုသူများ သွားရောက် ကြည့်ရှုကြပါ။

Source : Medical-ebooks.blogspot.com

April 14, 2007

Study-MATE

မြန်မာပြည်ကနေ နိုင်ငံခြားမှ ပညာသင်ကြားလိုသူတွေ သွားကြည့်သင့်တဲ့ Website တစ်ခုပါ။ ဒီ Site ကနေ ဘယ်လောက်ထိ Information တွေပေးလို့  ၊ ဘယ်လောက် အကျိုးရှိနိုင်မယ်ဆိုတာကိုတော့ ကျွန်မလည်း သေချာ မလေ့လာရသေးဘူး။ ဒါပေမယ့် Information ဆိုတာ များများသိလေ၊ ကိုယ့်အတွက် အကျိုးရှိလေမို့ မသိသေးသူများ သိရအောင် မျှဝေလိုက်တာပါ။ စိတ်ဝင်စားသူတွေ အဲ့ဒီ Site ကို သွားကြည့်ကြပါ။


Study-MATE.net is an absolute free and friendly community for every Myanmar/Burmese student who wishes to study abroad.

ကျွန်မ တွေ့ ရသလောက်တော့ Study-MATE ရဲ့ Objectives တွေက ကောင်းမွန်လှပါတယ်။ Study-MATE က Free (Volunteering group) လို့ ပြောထားပါတယ်။ Australia မှာ အခြေစိုက်တဲ့အတွက် ခုလက်ရှိ မှာတော့ Australia ရဲ့ ပညာရေး Information တွေကို အဓိက ဖော်ပြထားပေမယ့် တခြားနိုင်ငံတွေ အတွက်လည်း ရှိတယ်လို့  ဖတ်ရတယ်။ ရည်ရွယ်ချက် ကောင်းမွန်တဲ့ အဖွဲ့ အစည်း၊ Website တစ်ခု ဖြစ်လို့  ထာဝစဉ် တည်တံ့ပြီး မြန်မာကျောင်းသားတွေကို အထောက်အကူပြုနိုင်ပါစေလို့  ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

Objectives of Study-MATE


Study-MATE is a volunteering group to support for Myanmar students who are planning to study outside Myanmar. It is a non-profit information sharing group.

The objectives of Study-MATE are;
1. To encourage young Myanmar students to explore the knowledge at highly qualified educational institutions.
2. To present related information about studyabroad to the Myanmar students.
3. To share experiences of studying abroad.
4. To provide sufficient assistance to newly arrived students from Myanmar or other countries.
5. To provide other useful information for Myanmar students.
6. To exchange information and education online among students.
7. To build "home away from home" community online.
8. To ease discomfort for being alone or being isolated &
9. To facilitate and offer 'help' to each other.

Source : Study-MATE.com

April 13, 2007

သင်္ကြန်အကြိုနေ့ 

့ဒီနေ့  ... သင်္ကြန်အကြိုနေ့ မှာ ...
ထပ်ခါထပ်ခါ နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်....

မြူမှောင်ဝေကင်း

မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ
ပြည်ထောင် တိုင်းမြန်ပြည်
ငြိမ်းချမ်းအောင်ဆု သွန်းခါရေ
အေးစေကြောင်းလောင်းတဲ့လုံမေ
ထူးထူးကဲကဲလှကြပါစေ

အဆင်ပြေ မြင်ရသူကြည်နူးလောက်ပေ
သံသာ ချိုမြမြဆိုတေးလေးတွေ
မန်းမြို့ သူရဲ့ ဂုဏ်နဲ့ ညီပေ ယဉ်ကျေးသူတွေ
မနှစ်ကပဲလောင်းခဲ့တာတွေ
အေးအေးမြမြမမေ့တဲ့နိုင်ပေ

သင်း ပျံ့ ပေ ရွှေမန်းပိတောက်တွေတွဲရွဲနဲ့ လေ
အဆင်မြဲမြန်းကာလှတဲ့မေ
ငွေငန်းမောင့်ကိုလောင်းတဲ့ရေ
ဘေးဘယဝေးကွာ ကင်းစင်ပမယ့် လေ...

ဒီရေပွဲ သင်္ကြန်ရေ

April 12, 2007

ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး - အောင်ဆန်းစုကြည်

ပြီးခဲ့တဲ့ Easter အားလပ်ရက်က ဖတ်ဖြစ်တဲ့ စာအုပ်လေးပါ။ ဒေါ်အောင်ဆန်းစုကြည် English လိုရေးတဲ့ "Freedom from fear and other writings" ဆိုတဲ့ စာအုပ်ကို မြန်မာလို ဘာသာပြန်ထားတာပါ။

မကြောက်အရွံ့ နှင့်
လွတ်လပ်မှန်ကန်စွာ
ရေးသားပြောဆိုခွင့်ရစေမည့်
နိုင်ငံရေးစနစ်ကို
တောင်းတနေသူ
မြန်မာတိုင်းရင်းသားအပေါင်းအား
ရည်ညွှန်းပါသည် ..


ဆိုထားတဲ့ ဒီစာအုပ်လေးကို တော်တော်များများဖတ်ဖူးကြမှာပါ။ မဖတ်ဖူးသေးသူများ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြပါ။

ကျွန်မကတော့ ဒီစာအုပ်ကို စာအုပ်နာမည်ကအစ သဘောကျနှစ်သက်မိတယ်။ စာအုပ်ထဲမှာ ဘာတွေပါလဲ ဆိုတာ သိရအောင် မာတိကာကို ရေးပေးလိုက်ပါတယ်။

စာရေးသူ၏ အမှာစာ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ)
စာတည်း၏ အမှာစာ (ဒေါက်တာ အောင်ခင်ရဲ့ အမှာစာ)
ဗားစလဗ်ဟာဗဲလ်၏ စကားဦး
ဒေါ်သန်းအေးရေးသားသော "စု" နှင့် မိတ်ဆက်ခြင်း
နော်ဝေးနိုင်ငံ နိုဘဲလ်ကော်မတီ ဥက္ကဌမိန့် ခွန်း

အပိုင်း(က)
၁၉၈၄ ခုနှစ် - ၁၉၉၃ ခုနှစ်အတွင်းရေးသား စာတမ်းများနှင့် အထွေထွေမိန့် ခွန်းများ

၁။ အောင်ဆန်း
၂။ ဒီမိုကရေစီရှာပုံတော်
၃။ ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး
၎။ " ဗိုလ် " ၏ အဓိပ္ပါယ် အစစ်အမှန်
၅။ ရည်မှန်းချက်များ
၆။ တော်လှန်ရေး၏ အလယ်ဗဟိုတွင်
၇။ ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်သို့  အိတ်ဖွင့်ပေးစာ
၈။ ပြည်သူလူထုက လွတ်လပ်ရေးကိုလိုချင်သည်
၉။ နိုဘဲလ်ဆုရှင်ကိုယ်စားပြောသောမိန့် ခွန်း
၁၀။ နိုဘဲလ်ကောင်မတီသို့ ပေးစာ
၁၁။ လူ့ အခွင့်အရေးဥပဒေအဖွဲ့ မှ ပေးသောဆုအတွက် မိန့် ခွန်း
၁၂။ စပိန်အိုလံပစ်မိန့် ခွန်း
၁၃။ စစ်မှန်သော လုံခြုံရေးသို့ 

အပိုင်း(ခ)
၁၉၈၈ခုနှစ်သြဂုတ်လမှ ၁၉၈၉ခုနှစ် ဇူလိုင် အထိ ပြောကြားခဲ့သော မိန့် ခွန်းနှင့် သတင်းစာရှင်းလင်းပွဲများ

၁၄။ ရွှေတိဂုံစေတီတော် အနောက်မုခ်လူထုစည်းဝေးပွဲ
၁၅။ ဒီမိုကရေစီရရှိရေးနှင့် ပြည်သူများ၏ အခန်းကဏ္ဍ
၁၆။ သတင်းစာရှင်းလင်းပွဲအမှတ် - ၃
၁၇။ တိုင်းရင်သားစည်းလုံးညီညွတ်ရေး
၁၈။ ဒီမိုကရေစီအင်အားစုများညီညွတ်ရေး
၁၉။ ဇူလိုင်ခုနှစ်ရက်နေ့ 
၂၀။ တပ်မတော်ဟာ ဘယ်သူ့ အတွက်လည်း
၂၁။ န၀တ နှင့် ရင်ဆိုင်ဆွေးနွေးရေး
၂၂။ သတင်းစာရှင်းလင်းပွဲအမှတ် - ၆
၂၃။ ပြည်သူလိုချင်တာအောင်ဆန်းလမ်းစဉ်
၂၄။ မိန့် ခွန်းကောက်နှုတ်ချက်များ

ဒီမှာကတော့ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ " ဒေါ်သန်းအေးရေးသားသော "စု" နှင့် မိတ်ဆက်ခြင်း " ပါ။ မိုးမခကနေ ရရှိတာ ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်လုံး Download တာ ကြာနေရင် ဒီဟာလေးကို အရင် ဖတ်ကြည့်ကြပါ။ အောက်ကပုံတွေကတော့ အဲ့ဒီစာပိုဒ်( မိုးမခ) က ကျွန်မ သဘောကျလို့  ဖြတ်ယူထားတဲ့ ပုံလေးတွေ ပါ။


April 11, 2007

လွတ်လပ်စွာ ဆွေးနွေး ပြောဆိုခွင့်

နိုင်ငံတစ်နိုင်ငံကို အမှန်တကယ်အကျိုးပြုနိုင်မည့် စီပွါးရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားစွား သုံးသပ် ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟု ကျမ ယုံကြည်ပါသည်။

အောင်ဆန်းစုကြည်

Making Life Great

ဒီနေ့  အလုပ်ရောက်လို့  အိတ်လေးချပြီး မနက်စာ စားမယ်လုပ်တုန်း sms ၀င်လာပြီး MLG ရှိတယ်၊ လာခဲ့ပါဆိုလို့  MGL ဆိုတာ ဘာမှန်း ညာမှန်းမသိပဲ သွားလိုက်ရတာ၊ ညနေ ၅ နာရီ ၃၀ ကျော်လောက်မှပဲ ကိုယ့်နေရာကိုယ် ပြန်ရောက်တော့တယ်။ ဒီနေ့ တစ်နေ့ လုံး ဘာအလုပ်မှ မလုပ် လိုက်ရဘူး။ ခုရက်ပိုင်း အလုပ်မှာ လူတွေ တစ်နေကုန် ပျောက်ပျောက်နေတာ သတိတော့ထားမိတယ်။ ဘာကြောင့်မှန်းတော့ မသိခဲ့ဘူး။ ဒီနေ့ မှပဲ Staff တွေ အားလုံး MGL အလှည့်ကြ တတ်နေရတယ်ဆိုတာ သိလိုက်ရ တော့တယ်။ One Session ကို လူ ၁၅-၂၀ လောက်စီ တက်ကြရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီနေ့  Session မှာတော့ ခွင့်သွားနေသူ များနေတာကြောင့် အာလုံးပေါင်းမှာ ၁၂ ယောက် လောက်ပဲ ရှိတယ်။

MLG ဆိုတာ Making Life Great တဲ့။ Life ကို Great ဖြစ်အောင် လုပ်ဖို့ အတွက် Company မှာရှိနေသူတွေ မတက်မနေရ တတ်ရတဲ့ Session တစ်ခုပါ။ ဒီနှစ်အတွက်တော့ 4D Approach ကို အကြောင်းကို နားလည်အောင် အုပ်စုလိုက် Game တွေဆော့ခိုင်း၊ တစ်ယောက်နဲ့  တစ်ယောက် အင်တာဗျူးတွေ လုပ်ခိုင်းပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ Strengthတွေ၊ Companyရဲ့ အကြောင်းအရာတွေကို နားလည်စေပြီး လက်ရှိ အလုပ်ပတ်ဝန်းကျင်ကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲဆိုတဲ့ အတွေးအခေါ်၊ Idea တွေ မျှဝေတဲ့ သဘောပါပဲ။ သူတို့ အပြောအရတော့ Brain Strong ဖြစ်အောင်လုပ်တယ်ပေါ့။

ဒီ Session က ကလေးတွေကို ကစားနည်းလေးတွေ ကစားခိုင်းပြီး စာသင်တာနဲ့ တူတယ်။ ဒီနည်းက တမျိုးတော့ ကောင်းပါတယ်။ ဒီတိုင်းကြီး သူပြောတာ တစ်နေကုန် ဒီတိုင်း ထိုင်ပြီး နားထောင်နေရမယ် ဆိုရင် ပျင်းစရာကောင်းပြီး ဘာပြောသွားမှန်းတောင် သိလိုက်မှာ မဟုတ်ကြဘူး။ ခုတော့ 4D Approach ဆိုတာဘာလဲနဲ့ Company မှာ ဆက်ပြီးရှိစေချင်တဲ့ Strangth တွေနဲ့  ပြောင်းလဲစေချင်တဲ့ အကြောင်းတွေ ပြောချင်တာတွေတော့ ပြောလိုက် ရတယ်။ ကျွန်မတို့  Session ရဲ့ Leader က ဒီ Session က တောင်းဆိုထားတာတွေ၊ ဆွေးနွေးထားတာတွေကို ထပ်ပြီးဆွေးနွေးတောင်းဆိုဖို့  နောက် Session တွေ ထပ်တက်ရဦးမယ် ထင်တယ်။
4D Approach ဆိုတာစပြီး ကြားတုန်းက Singapapore Pool ရဲ့ နာမည်ကြီး 4D က စိတ်ထဲမှာ အရင်ဆုံး ပေါ်လာတယ်။ ဒီနေ့  ပြောတဲ့ 4D approach ကတော့ ( Discover, Dream, Design, and Deliver)။ ဘာတွေလည်း သိချင်ရင်တော့ Google ကြည့်လိုက်ကြပါ။ :D Dream အကြောင်း ရှင်းပြတဲ့အချိန်မှာ ကျွန်မတို့ ကို ဒီ Company ရဲ့ ရှေ့ မှာ ဘာတွေဖြစ်စေချင်တယ်ဆိုတဲ့ ကျွန်မတို့ ရဲ့ Dream ကို ပန်းချီ တစ်ချပ်ဆွဲပြီး ပုံဖေါ်ခိုင်းတယ်။ ဒီမှာ လူ ၁၀ ယောက်ကျော် တစ်ယောက် တစ်လက် ၀ိုင်းဆွဲတဲ့ ပန်းချီကား။
အဲ့ဒီ အခန်းထဲမှာ တစ်ခြား Group တွေဆွဲသွားတဲ့ ပန်းချီကား ၃၀ ကျော်လောက် ကပ်ထားတယ်။ ဒါပေမယ့် ကျွန်မတို့  Group ဆွဲထားတဲ့ ပန်းချီကားနဲ့ နည်းနည်းလေးတောင် ဆင်တူတဲ့ ဟာမရှိဘူး။ တခြား Group တွေက တွေက ပန်းချီကားတစ်ချပ်ဆွဲဖို့  ၄၅ မိနစ် - ၁ နာရီလောက် အချိန်ယူပေမယ့် ကျွန်မတို့  Group က ၁၅ မိနစ်နဲ့  ပြီးသွားတယ်။ စာတွေ၊ Company Logo တွေ မပါတော့ သိပ်ကျေနပ်တဲ့ပုံ မပေါ်ပဲ ကျွန်မတို့ ကို ဘာလို့ ဒီလိုဆွဲလည်း ရှင်းခိုင်းတယ်။ အားလုံးရဲ့ တစ်ယောက် တစ်ပေါက် ရှင်းပြချက်တွေ ကြားပြီးမှာတော့ ဒီ ပန်ချီကားကို လက်ခံသွားပါတယ်။ နောက်နှစ်မှာ ကျွန်မ အခု အလုပ်လုပ်နေတဲ့ Company ရဲ့ နှစ်တစ်ရာ ပြည့် အခန်းအနားရှိပါတယ်။ အဲ့ဒီမှာ ပန်းချီကားတွေကို ပြချင်ပြမယ် ပြောတာပဲ။ ဒီပန်းချီကားကို တွေ့ ခဲ့ရင် မှတ်မိကြပါ။ :D
ဒီနေ့  Sessionမှာ အားလုံးအပြီး ပြန်ခါနည်းမှာ အရုပ်လေး တစ်ရုပ်စီ လက်ဆောင်ပေးတာကို ကျွန်မ အကြိုက်ဆုံးပါပဲ။ ရေမြင်းရုပ်လေးပေးမယ့်အစား Compnay Logo ဖြစ်တဲ့ ခြင်္သေ့ရုပ်လေး ပေးသင့်တယ် ထင်တာပဲ။ ဒါပေမယ့် အလကားရတာကို ဂျီးများနေလို့်  မဖြစ်တော့ ပေးတာ ယူလာလိုက်တယ်။ ၂၀၀ရအတွက် ပထမဆုံးရတဲ့ အရုပ်ပါပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး၊ အလုပ်မှာ ကြုံရတာလေးတွေ မှတ်ထားလိုက်တာပါ..

April 08, 2007

ဘယ်နေရာမှာလဲ

ဒီနေ့ Forward အီးမေးတစ်စောင်မှာ ပါလာတဲ့ ပုံလေးပါ။ ကျောက်တောင် တစ်တောင်ရဲ့ ပုံလို့  ပြောထားပါတယ်။ ဘာပုံပေါ်နေလဲ သိချင်ရင် ခု ဘေးတစ်စောင်း ဖြစ်နေတဲ့ ပုံကို Rotate Right လုပ်ကြည့်လိုက်ပါ။ ဘာပုံပေါ်နေလဲ တွေ့ ရမှာပါ။

တကယ်တော့ အင်တာနက်မှာ ဟိုပုံ ဒီပုံတွေ Forward ပို့ နေတာ မထူးဆန်းပါဘူး။ တချို့ ကလည်း တကယ့်ဟာမဟုတ်ပဲ ဖိုတိုရှော့ လို ဟာမျိုးတွေနဲ့ လုပ်ထားတာတွေပါ။ ခုပုံလည်း Fake ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခုပုံနဲ့  တကွ ပါလာတဲ့ စာက ထူးဆန်းနေလို့ ပါ။ ဒီမှာကြည့်ကြပါ။


ဒီလိုနေရာ မြန်မာပြည်မှာ တကယ်ရှိလို့ လား။ ပုံထဲက မိန်းမကိုကြည့်ရတာတော့ တရုတ်မပုံ ပေါက်နေတယ်။ မြန်မာပြည်မှာရှိတယ်ဆို မြန်မာမပုံတော့ ပေါ်သင့်တာပေါ့နော်။ တော်ကြာ မြန်မာတွေဟာ တရုတ်ရုပ်မျိုးလို့  ထင်သွားကြဦးမယ်။ ခုတောင် ထင်နေကြပါပြီ။ ကြုံတုန်း လေး ကျွန်မကြုံဖူးတာလေး ပြောပြဦးမယ်။ ကျွန်မ အရင်အလုပ်မှာ အလုပ်စ၀င်ခါစကပေါ့၊ ကျွန်မက ဒီက Local ရုပ်မပေါက်တော့ ဘယ်နိုင်ငံကလည်းလို့  မေးကြတယ်။ Burma ( Myanmar ) ကလည်း ပြောလိုက်တော့ နင်က မြန်မာရုပ်လည်း မပေါက်ဘူးတဲ့။ ကျွန်မလည်း ပထမတော့ နည်းနည်းကြောင်တောင်တောင် ဖြစ်သွားတာပေါ့။ ကျွန်မရုပ်ကိုများ မြန်မာရုပ်မပေါက်ဘူးဆိုလို့ ... ထူးဆန်းသွားတာပါ။ ဒါနဲ့ ဘာလို့  အဲ့ဒီလိုပြောတာလည်းလို့  ပြန်မေးလိုက်တော့.. အဲ့ဒီတစ်ယောက်ကပြောတယ်။ သူတွေ့ ဖူးတဲ့ မြန်မာပြည်ကဆိုတဲ့သူတွေက ငါတို့ လိုပဲ Chinese တွေတဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ ကျွန်မကို တရုတ်စကားတတ်လားတဲ့။ ကျွန်မကလည်း မတတ်ဘူးလို့ ပြောလိုက်တော့ သူတွေ့ ဘူးတဲ့ မြန်မာတွေ တရုတ်လို တတ်ကြတယ်တဲ့။ ကျွန်မက ငါက မြန်မာပြည်က ဗမာလူမျိုး၊ Burmese လိုပြောတာရယ်၊ English လိုပြောတာရယ် နှစ်မျိုးပဲ ပြောတတ်တယ်။ အဲ့ဒီလူက တအံ့တသြနဲ့  သူတွေ့ ဖူးသမျှ မြန်မာနိုင်ငံက ဆိုတာတွေက တရုတ်လိုတွေ ပြောကြ၊ Chinese လို့လည်း ပြောကြတယ် ဆိုတော့ သူက မြန်မာပြည်ဆိုတာ ထိုင်ဝမ်လိုမျိုး တရုတ်တွေ နေတဲ့နေရာ ထင်နေတာတဲ့လေ။ တောတောတုန်းတဲ့၊ ဗဟုသုတ မရှိတဲ့ စလုံးကောင်ပါပဲ။

ကျွန်မလည်း ကျွန်မကို မြန်မာရုပ်မပေါက်ဘူး ပြောတာခံထားရတော့ စိတ်ပေါက်ပေါက်နဲ့  သေချာ ရှင်းပြ လိုက်ပါတယ်။ မြန်မာဆိုတာ တရုတ်နဲ့ ဘာမှမဆိုင်ဘူး။ ငါဆို ဗမာလူမျိုး၊ တခြား race တွေလည်း ရှိကြတယ်။ အများကြီးပဲလို့ ။ မြန်မာမှာအဓိက ရုံးသုံး ဘာသာစကားက မြန်မာစာ၊ အရင်က အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးတော့ အင်္ဂလိပ်လိုလဲ သုံးကြတယ်ဆိုတဲ့ အကြောင်းနဲ့  မြန်မာလိုသာ အပြောများ ကြတယ်ဆိုတာကို ပြောပြ လိုက်တယ်။ တရုတ်လူမျိုးက ငါတို့ တိုင်းရင်းသာ race တွေထဲမှာတော့ မပါဘူး။ ဒါပေမယ့် ငါတို့ တိုင်းပြည်က အရင်က စည်းပွါးရေးကောင်းခဲ့တော့ တရုတ်တွေ၊ ကုလားတွေက မြန်မာပြည်မှာလာပြီ အလုပ်လုပ်ကြတဲ့ အတွက် တရုတ်တွေ၊ ကုလားတွေ လည်း ရှိကြတယ်ဆိုတဲ့အကြောင်း၊ ဗုဒ္ဓ ဘာသာကို ကိုးကွယ်သူ များပြီး တခြား သာသာဝင်တွေလည်း ရှိကြတယ်ဆိုတာ ပြောလိုက်တယ်။ ငါက ဗမာလူမျိုးရုပ်လို့ ၊ ဒါပေမယ့် ငါကသာ လူကောင် သေးသေးလေးဖြစ်တာ တခြား ဗမာတွေ ငါ့လို လူကောင်မသေးဘူး ဆိုတာလေးကိုလည်း သေချာထဲ့ ပြောလိုက်ရသေးတယ်။ နောက်ပြီး ခုတော့ မြန်မာနိုင်ငံမှာ စည်းပွါးရေး မကောင်းတော့ဘူး ဆိုတာ ပိတ်ပြော လိုက်တယ်။ တော်ကြာ နင့်နိုင်ငံမှာ စည်းပွါးရေး ကောင်နေရဲ့နဲ့  ဒီမှာဘာလို့  အလုပ်လာလုပ်တာလဲ ဆိုပြီး မေးခွန်းတွေ ဆက်လာတော့မှာ ကျွန်မ ကြိုသိနေတယ်လေ။

ကျွန်မ အဲ့ဒီ စလုံးကောင်ကို မြန်မာနိုင်ငံအကြောင်း Website တွေပြ၊ မြန်မာပြည်ပုံတွေပြ၊ မြန်မာ အ၀တ်စားနဲ့  ကောင်မလေးပုံတွေ ဘာတွေ ပြလိုက်တယ်။ ကျွန်မစီမှာ အမြဲပါတဲ့ မြန်မာစာအုပ်ကိုထုတ်ပြီး မြန်မာ စာလုံးတွေက ဒီလိုပုံဆိုပြီး ပြခဲ့သေးတယ်။ ကျွန်မ တော်တော်လေးပြောပြီးနောက်မှာ သူလည်း မြန်မာဆိုတာ တရုတ်နဲ့ မဆိုင်တဲ့ သီးခြား တိုင်းပြည်ဆိုတာ လက်ခံသွားပြီး မြန်မာပြည်ကို တစ်ခေါက်လောက် သွားလည် ကြည့်အုံးမယ် ပြောတာပဲ။ ကျွန်မလည်း ကောင်းတယ် သွားလို့ ပဲ ပြောလိုက်တယ်။ သူဟာသူ သွားတာ မသွားတာ ကျွန်မစိတ်မ၀င်စားတော့ဘူးလေ။ မြန်မာဆိုတာ သီးခြားဘာသာစကား၊ သီးခြားလူမျိုးတွေရှိပြီး၊ တရုတ်နဲ့  မဆိုင်ကြောင်း သူသိသွားရင်ပဲ ကျွန်မ ကျေနပ်သွားပြီလေ။

နောက်မှ ဒီမှာ ကြုံရတာတွေ ထပ်ရေးတော့မယ်။ ခုနက ပုံက အစစ်ဟုတ်တာမဟုတ်တာ အသာထား ပုံလေးကတော့ လှသား၊ အမျိုးသမီးတစ်ယောက်ရယ် လက်အုပ်ချီနေတဲ့ ကလေးလေး တစ်ယောက်ရယ်။ အဲ့ဒီပုံကို ကျွန်မစီ forward လုပ်တာ ကျွန်မရဲ့ မြန်မာသူငယ်ချင်းတွေ မဟုတ်ပါဘူး။ သူတို့ က အစစ်ထင်လို့  forward လုပ်တာလားမသိဘူး။ ကျွန်မကတော့ အဲ့ဒီပုံကို အစစ်လို့  မထင်ပါဘူး။ ဒါပေမယ့် တကယ်လို့  အစစ်သာဖြစ်များ ဖြစ်နေမယ်ဆို ဘယ်နေရာကလည်း သိချင်မိပြန်တယ်။ အတုဆိုလည်း အတုဖြစ်ကြောင်း၊ အစစ်ဆိုလည်း ဘယ်နေရာမှာ ဖြစ်နိုင်တယ်ဆိုတာလေး သိကြရင် သတင်းပေးကြပါအုံး။

April 07, 2007

Easter Holiday

ံHoliday မှာ ဘာတွေ လုပ်နေလဲဆိုတော့ ရန်ကုန်က ၀ယ်လာတဲ့ စာအုပ်တွေဖတ်လိုက်၊ အင်တာနက်က ရုပ်ရှင်တွေ ကြည့်လိုက် လုပ်နေပါတယ်။ စာအုပ်တွေ အကြောင်းတော့ နောက်မှ ပြောတော့မယ်။ ကျွန်မ ဒီရက်ပိုင်း မြန်မာကားတော်တော်များများ ကြည့်ဖြစ်သွားပါတယ်။ မြန်မာ ရုပ်ရှင်တွေ၊ movies တွေတင်ပေးတဲ့ site တွေကိုတော့ တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါ ကျွန်မ ကြည့်တာ အဲ့ဒီ Site တွေက မဟုတ်ပဲ YouTube မှာ jojudi ဆိုတဲ့ သူတစ်ယောက် တင်ပေးထားတာတွေကို ကြည့်ဖြစ်တာပါ။ ခုလက်ရှိကြည့်နေတာကတော့ ထွန်းထွန်း သရုပ်ဆောင်တဲ့ အသည်းကွဲလူရွှင်တော် ဆိုတဲ့ ကားပါ။

Holiday မှာ ကျွန်မလိုပဲ သွားစရာမရှိ ကွန်ပြူတာရှေ့ မှာ ထိုင်ပြီး အချိန်ကုန်မယ့်သူများ ကြည့်လို့ ရအောင် သတင်းပေးတာပါ။ ဒီအောက်က Link မှာ သွားကြည့်လို့ ရပါတယ်။ အဲ့ဒီမှာ မြန်မာ ဇာတ်ကားတွေ၊ သီချင်းတွေ အများကြီးရှိပါတယ်။


ဒီမှာကတော့ စိုင်းစိုင်း သရုပ်ဆောင်တဲ့ သကြားမင်းဒေါ့ကွန်း ဆိုတဲ့ ကားပါ။ ကျွန်မ ကြည့်ပြီးသွားပြီ .. ကြိုက်သလားဆို မကြိုက်ပါဘူးလို့  ဖြေရပါလိမ့်မယ်.။ သကြားမင်းဒေါ့ကွန်ဆိုလို့  ဘာများလည်းဆိုပြီး သိချင်စိတ်နဲ့  ကြည့်လိုက်တာ၊ တကယ့်ကို ပေါတောတောနိုင်တဲ့ သာမန် ရုပ်ရှင် ကားတစ်ကား ပါပဲ။ ဇာတ်ကား နာမည်နဲ့  တကယ် သက်ဆိုင်တာလည်း ဘာမှ မပါ ပါဘူး။ လူစိတ်ဝင်စားအောင် တမင် ဒီနာမည် ပေးထားတယ် ထင်ပါတယ်။ တကယ့်ကို အဖြစ်သဘောရိုက်ထားတဲ့ ကားပါလို့  ထင်ပါတယ်။ အဲ့ဒီကား ကြည့်ဖူးချင်သူများ ဒီ သကြားမင်းဒေါ့ကွန်း မှာ သွားကြည့်ကြပါ။

Enjoy Your Holiday!!

April 04, 2007

စိတ်ချချင်တယ် - အီတိုး

ကျွန်မမှာရှိနေတဲ့ တစ်ပုဒ်တည်းသော အီတိုးရဲ့ သီချင်းပါ။ ဟိုနေ့ က စတိတ်ရှိုးမှာ အီတိုး သီချင်းဆိုရင် ဒီသီချင်း ပါလိမ့်မယ်လို့  ကြိုထင်နေခဲ့တယ်။ ဘာလို့ လည်းဆိုတော့ အီတိုးဆိုတဲ့ သီချင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုပဲ လူတော်တော်များများ သိကြလို့ ပါပဲ။

ဒီသီချင်းကို ပထမဆုံး နားထောင်ဖြစ်တုန်းက သဘောကျသွားတာနဲ့  MyanmarMP3.net ကနေ mp3 file ကို Download လုပ်ပြီး သိမ်းထား ဖြစ်ခဲ့တာပါ။ "ရေပျော်ငှက်တို့  ရင်ခုန်သံ (၂)" အခွေထဲကပါ။ ဒီသီချင်း ကျွန်မကွန်ပြူတာထဲမှာ ရှိနေတာကြာပြီဆိုတော့ မကြာမကြာ နားထောင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီသီချင်းကို စာသားလိုက်ရေးမယ်ဆိုပြီး သေချာနားထောင်ကြည့်တော့မှ တချို့ နေရာတွေမှာ ဘာတွေဆိုသွားမှန်း မသိဘူး ဖြစ်နေတယ်။ အထူးသဖြင့် နောက်ဆုံးလေးတွေမှာ ... "မှာ".. "ပါ"... "ကွာ".... ဘာဆိုသွားမှန်း သေချာ မကြားရပါဘူး။ ကျွန်မ့ ကြားမိသလောက်တော့ လိုက်ရေး ထားလိုက်တယ်။ အီတိုးက သူ့ သီချင်းတွေကို သူကိုယ်တိုင်ရေးလေ့ရှိတယ်ဆိုတော့ ဒီသီချင်းက သူရေးထားတာလား မသိဘူး။ ကျားပေါက်ကလည်း အီတိုးဆိုဖို့  သီချင်းတချို့ ရေးပေးဖူးတယ် သိရတယ်။

စိတ်ချချင်တယ် - အီတိုး
တစ်ယောက်တည်းနေတဲ့ အခါ သတိရလိုက်တာ
အိပ်မက်တွေထဲမှာ မင်းပျော်နေမှာပါ

ငါ ဝေးနေခိုက်မှာ မင်းစိတ်ချပါ
ဘယ်သူမှ ငါ ချစ်သလို .. မချစ်နိုင်ပါ

ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါ
ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါကွာ..
အရင်အတိုင်းပဲ ချစ်နေပါကွာ

ငါ့သတင်းတွေကြားရင် မင်းစိတ်မရှုပ်နဲ့ 
ဘယ်သူမှ ငါ မချစ်နိုင် .. မင်းလိုပါပဲ

ငါ့အတွေးတွေထဲမှာ မင်းပဲရှိတယ်..
နင်စကားသံမဟုတ်ရင် မကြားနိုင်ပါကွာ

ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါ
ငါ မရှိတဲ့ အခိုက်မှာ သတိရနေပါကွာ..
အရင်အတိုင်းပဲ ချစ်နေပါကွာ

ဒိုးလုံး ရဲ့ ကြင်နာလို့  ချစ်ပါရစေ ဆိုတဲ့ သီချင်းကို အီတိုး ပြန်ဆိုထားတာကိုလည်း နားထောင်ဘူးပါ သေးတယ်။ မဆိုးပါဘူး။ ဒါပေမယ့် အီတိုး ဆိုတာက ဒိုးလုံးကိုတော့ ဘယ်မှီနိုင်ပါ့မလဲ။
အီတိုး - ကြင်နာလို့ ချစ်ပါရစေ

Online FLV Converter

Computer ထဲမှာ Application တွေ အများကြီး မသွင်းချင်၊ Setting တွေ၊ Plugin တွေနဲ့  အလုပ် မရှုပ်ချင်တဲ့ ကျွန်မ့ အတွက် အသုံးဝင်တဲ့ OpenSource Online Application တစ်ခု ထပ်တွေ့ ပါတယ်...

ပုံမှန်ဆို ကျွန်မ့ အင်တာနက်က Movie Chips တွေ Download လုပ်ဖို့  စိတ်သိပ်မရှည်တတ်၊ ဟို File Format ဒီ File Format ပြောင်းဖို့ ကိစ္စတွေကို အပိုအရှုပ်တွေထင်ပြီး လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်မမှာ ကျွန်မနဲ့  ဆန့် ကျင်ဘက်၊ အဲ့ဒါတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတချို့ ရှိနေပါတယ်။ အဲ့ဒီ သူငယ်ချင်းတွေက သူတို့  တစ်ခုခု Download လုပ်ချင်၊ File Format တစ်ခုခုပြောင်းချင်ပြီး လုပ်မရ ဖြစ်နေတိုင်း စိတ်ရှည်လက်ရှည်နဲ့  ပြောင်းနည်းတွေကို လိုက်ရှာဖို့ စိတ်မ၀င်စားပဲ (အချိန်ကုန်မခံချင်ပဲ) တစ်စုံတစ်ယောက်ကိုသာ ဒါလိုချင်တယ် ဒါရအောင်နည်းရှာပြီး လုပ်ပေးဆိုပြီး လေပြေလေးနဲ့  အကူအညီတောင်းတတ် (စကားလှအောင် သုံးရတာပါ) ကြပါတယ်။ အရင်ကဆို သူတို့  အကူအညီ တောင်းသူဟာ ကျွန်မသာ ဖြစ်နေခဲ့တယ်ဆို ဟိုရှာဒီရှာလုပ်ရ၊ ရှာတွေ့ တဲ့ Software တွေ၊ Plugin တွေ Install လုပ်ကြည့် စမ်းကြည့်နဲ့ အလုပ်ရှုပ်ရ ပါတယ်။ :D

ဒါပေမယ့် ခုနောက်ပိုင်းပေါ်လာတဲ့ Online Application တွေကြောင့် အဲ့ဒီလို အလုပ်ရှုပ်စရတွေ တော်တော်လေး လျှော့နည်းလာပြီး ပြောရမယ်။ ခုထပ်တွေ့ တဲ့ Online Application သုံးပြီးဆို Flash Vedio File တွေ FLV File တွေကို AVI , MOV , MP4 , 3GP , MP3 တွေ လွယ်လွယ်ကူကူ ပြောင်းလို့ ရပါတယ်။

AVI for Windows (Divx + Mp3)
MOV for Mac (MPEG4 + Mp3)
MP4 for iPod/PSP (MPEG4+AAC)
3GP for Mobile (MPEG4+AAC)
MP3 (audio only)

သုံးရတာ အရမ်းလွယ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ File ရှိတဲ့ လင့် (URL)ကို ထည့်ပေးလိုက်ရုံပါပဲ။ Convert လုပ်နေတုန်းမှာ ဘယ်လောက် % ပြောင်းပြီးပြီဆိုတာကို Bar နဲ့  ပြပေးသလို၊ ပြောင်းပြီးတာနဲ့  Converted File ကို Download လုပ်ဖို့  Link လေးပေးပါတယ်။ ကျွန်မ YouCube က File တွေကို AVI နဲ့  Mp3 စမ်းပြောင်းကြည့်တာတော့ တော်တော် မြန်တာတွေ့ ရတယ်။

ဒါကလည်း Japanese တစ်ယောက်ဦးဆောင်တဲ့ OpenSource Project ဖြစ်လို့  စိတ်ဝင်စားသူတွေ ပါဝင်လို့ ရတယ်။ C Language ကိုသုံးပြီး ရေးထားတယ်လို့  သိရတယ်။

Related Source : vixy.net

April 02, 2007

အင်ပါယာ ဂီတညချမ်း

ဒီနေ့ တော့ အဖော်သူငယ်ချင်းတွေ ကောင်းတာရယ်၊ တစုံတယောက်သော သူက တိုက်တွန်း အားပေးတာတွေရယ်ကြောင့် ပထမဆုံး အတွေ့ အကြုံ အနေနဲ့ စတိတ်ရှိုး သွားကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်မ သီချင်းတွေကို နှစ်သက်ပေမယ့် လူရှုပ်တဲ့ ပွဲတွေဆို သွားလေ့မရှိ၊ မနှစ်သက်တာကြောင့် ဘယ်စတိတ်ရှိုးမှ သွားမကြည့်ဖြစ်ခဲ့ဘူး။

ဒီနေ့  သွားကြည့်ဖြစ်တာက Emperor ရဲ့ သင်္ကြန်အကြို ဖျော်ဖြေပွဲပါ။ SP poly ထဲမှာလုပ်တာပါ။ အင်ပါယာ တီးဝိုင်းနဲ့  အတူ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗိုလ်၊ L ဆိုင်းဇီ၊ ရေဗက္ကာဝင်းတို့ က သီချင်းတွေ သီဆို သွားပါတယ်။ Examplez အဖွဲ့ ကတော့ အင်ပါယာနဲ့ တွဲပြီး သီဆိုတာ မဟုတ်ဘဲ Karaoke ဆိုသလိုမျိုး နောက်ခံဂီတနဲ့ ပဲ သူတို့  သီချင်းတွေကို ဆိုသွားပါတယ်။ သူတို့ ရဲ့ သီချင်းတွေကလည်း အင်ပါရာက တီးပေးလို့ လည်း အဆင်ပြေမယ် မထင်ပါဘူး။ Examplez အဖွဲ့ တွေက ဒါဟာ သူတို့ အတွက် ပထမဆုံးသီဆိုရတဲ့ နိုင်ငံခြား ဖျော်ဖြေမှု ဖြစ်တယ်လို့ ပြောသွားတယ်။

ပွဲစချိန် ညနေ ၆ နာရီမှာ ပထမဆုံး ဇော်ဝင်းထွဋ်က သီချင်း ၃ ပုဒ် သီဆိုသွားတယ်လို့  သူငယ်ချင်းတွေက ပြောတယ်။ ကျွန်မ ရောက်တဲ့ အချိန်ကြတော့ L ဆိုင်းဇီ သီဆိုနေပါပြီ။ L ဆိုင်းဇီ က သူရဲ့ လူကြိုက်များ ထင်ရှားတဲ့ သီချင်းတွေပဲ သီဆိုသွားပါတယ်။ သူ့ သီချင်းတွေကိုတော့ အရင်ထဲက ရင်းနှီးပြီးသား၊ ကြိုက်ပြီးသားမို့  ဘာမှပြောစရာမရှိပါဘူး။ အရင် ဓာတ်ပုံတွေမှာ မြင်ဖူးထားတာ နည်းနည်းဝနေသလို ရှိပေမယ့် ဒီနေ့  မြင်ရတာကတော့ အဆင်ပြေပြေလေးပါပဲ။ ၀တ်ထားတာကတော့ အမိုက်စားပါပဲ။ အရင်တုန်းကထက်စာရင် ပြင်တတ်လာတယ် ဆိုရမယ်။
ရေဗက္ကာဝင်းရဲ့ သီချင်းတွေတော့ ကျွန်မသိပ်မသိပါဘူး။ လူကိုလည်း ဒီနေ့ မှပဲ ဘယ်လို ပုံစံရှိလည်း သေချာသိတော့တာပါ။ တချိန်လုံး လှုပ်ခါနေပြီး အိုက်တင်ထုတ်တာ နည်းနည်းလွန်နေသလို ရှိပေမယ့် ချစ်စရာလေးနဲ့  အဆိုးဘူးလို့  ဆိုရမယ်။ ကာလသားတွေ အကြိုက်ပေါ့။ သူငယ်ချင်းတစ်ယောက်က သတင်းပေးတယ်။ ရေဗက္ကာဝင်းကို မြန်မာပြည်ရဲ့ Britney Spears လို့  ပြောတာကြားဖူးတယ် ဆိုပဲ။ သူ့ ကိုယ်သူ ပြောတာလား၊ တခြားသူတွေက မြှောက်ပြောတာလား၊ အချွန်နဲ့ မပြီး ပြောတာလားတော့ အသိပါဘူး။ အရမ်းကို အိုင်တင်အပြည့် လှုပ်ရမ်းပြီး ဆိုသွားတာကတော့ နိုင်ငံခြား အဆိုတော်တွေ စတိုင်ပါပဲ။ သူ့ ရဲ့ သီချင်း မဟုတ်တဲ့ သီချင်းဟောင်းတွေကိုလည်း ဆိုသွား ပါသေးတယ်။
နောက်ထပ်သီဆိုတာကတော့ မခိုင်ပါ။ ဟိုနေ့ က အပြင်မှာတွေ့ ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က အတော်အိုနေပြီဆိုပေမယ့် စင်ပေါ်မှာတော့ သူအလှဆုံးပါပဲ။ ပထမဆုံး ထွက်လာတော့ ၀တ်ထားတာက အစိမ်းရောင် ဂါဝန်နဲ့ ပါ။ သူ့ ထုံးစံအတိုင်း ၀တ်ထားတယ် ပြောရမယ်။ အဝေးကနေတောင် လှမ်းပြီး သတိထားမိစေတာကတော့ သူ့ နားဆွဲကြီးတွေနဲ့  ဘယက်ကြီးပါပဲ။ မြူးမြူးကြွကြွနဲ့  သီချင်းတွေ သီဆို သွားပါတယ်။ ပွဲထိန်း အတော်ကောင်းပါတယ်။ တကိုယ်တော် ဖျော်ဖြေရုံမက ဇော်ဝင်းထွဋ်နဲ့ တွဲပြီး၊ မျိုးကျော့မြိုင်နဲ့ ရောတွဲပြီးပါ စုံတွဲ သီဆိုသွားပါတယ်။
နောက်တစ်ခေါက် သီဆိုသူကတော့ မျိုးကျော့မြိုင်ပါ။ မျိုးကျော့မြိုင်က တကိုယ်တော် အနေနဲ့  စုစုပေါင်း လေးပုဒ်ပဲ ဆိုသွားတဲ့ အတွက် သူသီချင်းတွေ နားထောင်ရတာ အားမရလိုက်ပါဘူး။ သူကတော့ ရိုးရိုးပဲ ၀တ်ထားပါတယ်။ သူ့ ကြည့်ရတာ တမျိုးကြီးပဲ။ နေမကောင်းလို့ များလား။ အရင်က မကြည့်ဖူးတာ ဒါ normal ပုံပဲလား မသိပါဘူး။ ပထမဆုံး သူ့ ကိုယ်သူ မိတ်ဆက်တဲ့ အနေနဲ့  ကျွန်တော့် နာမည် မျိုးကျော့မြိုင်၊ နောက်တော့ သူရဲ့မကောင်းတဲ့ အကျင့်အကြောင်း သီချင်းဆိုမယ်ဆိုတာနဲ့  အားလုံးက သိလိုက်ကြတဲ့ သူအမြဲ နောက်ကျတတ်တဲ့ ဆိုတဲ့ သီချင်းရယ်၊ သူအသက် ၃၅ ကျော် ၃၆ နား ကပ်နေပေမယ် သူအသက် ၃၃ နှစ်အရွယ်တုန်းက သူ့  ရဲ့ မကောင်းတဲ့ အကျင့်တွေ အကြောင်းကို စပ်ဆိုထားတာပါဆိုတဲ့ ( ခုလည်း ဒီတိုင်းပဲ မပြောင်းလဲ ပါဘူးလို့  ပြောသွားတယ်) သီချင်းတစ်ပုဒ်ရယ်။ နောက် နေရာတိုင်းမှာဆိုတဲ့ သီချင်းရယ်ကို သီဆိုသွားပါတယ်။ မျိုးကျော့မြိုင်ဆိုတဲ့ နေရာတိုင်းမှာ သီချင်းကို ကြိုက်တယ်။
မျိုးကျော့မြိုင်နောက်မှာ စင်ပေါ်တက်လာသူတွေက Examplez အဖွဲ့ ပါပဲ။ စိန်နားကပ်တွေ တ၀င်းဝင်းနဲ့  သူတို့ ရဲ့ သီချင်းတွေကို သီဆိုသွားပါတယ်။ ၄ ယောက်မှာ သုံးယောက်က နားကပ်တွေနဲ့ ပါ။ ထွန်းထွန်း နားကပ်ကတော့ အကြီးဆုံးပါပဲ။ သူတို့  ၄ ယောက်ထဲမှာ ကျွန်မ သတိထား အထားမိဆုံးကတော့ ထွန်းထွန်း ပါပဲ။ သရုပ်ဆောင်ပါလုပ်နေလို့ လားမသိဘူး အရမ်းကို အိုက်တင်အပြည့်နဲ့  သီချင်းဆိုသွားပါတယ်။ တချို့ သီချင်းတွေမှာဆို စင်ရှေ့ လေးမှာ (ဘာလို့ မှန်းတော့ မသိဘူး) ဒူးလေးထောက်ပြီး သီဆိုသွားတာ သနားစရာလေး ပါပဲ။ (တကယ် စိတ်လေတယ်) သူငယ်ချင်းတွေ ကတော့ အဲ့ဒီပုံကို အမိအရ ဓာတ်ပုံ ရိုက်ယူထားပါသေးတယ်။ ကျန်တဲ့ သူတွေကတော့ ပုံမှန်ပါပဲ။ Examplez က ကျွန်မ ကြားဖူးနေတဲ့ သူတို့ ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေပဲ ဆိုသွားပါတယ်။ နောက်ထပ်ထွက်မယ့် အခွေက သီချင်းသစ် တပုဒ်ကိုလည်း သီဆိုသွားပါသေးတယ်။ အဲ့ဒီသီချင်းက မြူးတော့ အတော်မြူးပေမယ့် ရှေ့ ကကြည့်တော့ ဘာဖြစ်တယ်၊ နောက်က ကြည့်တော့ ဘာဖြစ်တယ် ဆိုလား ဆိုတဲ့ ( တိကျနေလိုက်တာ) စာသားကလွဲရင် ဘာကိုဆိုသွားမှန်း မသိပါဘူး။

Examplez သီချင်းဆိုနေချိန်မှာ တော်ပါတော့ဆိုပြီး နောက်က အော်နေသူများကို ထွန်းထွန်းက သူတို့ တွေဟာ အဆိုတော်တွေမို့ သီချင်း သီဆိုချင်လွန်းလို့  သီဆိုပါရစေ။ နောက်ထပ်ဆိုဖို့  နှစ်ပုဒ်ထဲ ကျန်ပါတော့တယ်။ အဲ့ဒါဆိုပြီးရင် ဆင်းမှာပါလို့ ပြောပြီး သီဆိုသွားပါတယ်။ သူတို့ ကိုကြည့်ပြီး အဆိုတော်လုပ်ရတာ အတော် မလွယ်ပါလားလို့ တွေးမိလိုက်တယ်။ နောက် အထဲပြန်ဝင်တော့မယ် လုပ်ပြီးမှာ မခိုင်နဲ့  အတူ သီချင်း တစ်ပုဒ်တွဲပြီး သီဆိုပါရစေဆိုပြီး နောက်ဆုံးသီချင်းတစ်ပုဒ်ကို ထွန်းအိန္ဒြာဗိုလ်နဲ့ တွဲပြီး သီဆိုသွားပါတယ်။ သူတို့ တွေ သီချင်း အားလုံးပေါင်း ဘယ်နှစ်ပုဒ်တွေ ဆိုသွားကြလည်းဆိုတာတော့ ကျွန်မ မမှတ်မိပါဘူး။

ဒုတိယအကြီမ် ထပ်ပြီး စင်ပေါ်တက်လာတဲ့ မခိုင်ကတော့ ဒီတခါ အနက်ရောင်ဘောင်ဘီရှည်နဲ့  လှလှပပ လေးပါ။ ဟန်မူယာ အပြည့် နဲ့  ပရိတ်သတ်တွေ ကျေနပ်အောင် သီချင်းအများအပြား ဆိုသွားပါတယ်။ သီချင်းဆိုနေတုန်း ခနခန ရေသောက်တာတော့ တွေ့ ရတယ်။ ဇော်ဝင်းထွဋ်ကတော့ နောက်ပိုင်းကျမှ နည်းနည်း ရေသောက်တာ တွေ့ ရတယ်။ မခိုင်က အားရပါးရ သီချင်းတွေ သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ကို ခေါ်လိုက်ပြီး နောက်ဆုံး နှတ်ဆက်တဲ့ အနေနဲ့  စုံတွဲသီချင်းတစ်ပုဒ် သီဆိုသွားပါတယ်။

စုံတွဲသီချင်း မဆိုခင်မှာ ဇော်ဝင်းထွဋ်က ပရိတ်သတ်ကြီးကို အိမ်ပြန်ချိန်အထိ သူတာဝန်ယူလိုက်ပါမယ်လို့  ပြောလိုက်တော့ မျိုးကျော့မြိုင်များ ထပ်သီဆိုဦးမလား မျှော်နေမိတဲ့ ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားခဲ့ ရတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ဇော်ဝင်းထွဋ်ရဲ့ တကိုယ်တော် Rock သီချင်းတွေ အများကြီး သီဆိုတာကို ကြည့်လိုက်ရတာတော့ သဘောကျ ကျေနပ်သွားပါတယ်။ ပထမဆုံး သီဆိုတဲ့ ဆေးပေါင်းခတဲ့ည ကနေ နောက်ဆုံး သီဆိုတဲ့ သီချင်းအထိ အကုန်ကြိုက်တယ်။ ဆေးပေါင်းခတဲ့ ည သီချင်းနှစ်ပုဒ်လုံးကို ဒီပွဲမှာ သီဆိုသွားပါတယ်။ ဗုံတီးပြီး ဆိုသွားတာ အရမ်းမိုက်တယ်။ အဲ့ဒီပုံတွေ သူငယ်ချင်းတွေ ဓာတ်ပုံရိုက်တာ တွေ့ လိုက်တယ်။

ဇော်ဝင်းထွဋ်က သီချင်းတချို့ သီဆို အပြီးမှာ သူ့ သား အီတိုး နဲ့  သားအဖတွေ စင်ပေါ်မှာ ရန်ဖြစ်မယ်ဆိုပြီး သီချင်း တစ်ပုဒ် ကို သားနဲ့  အတူ တွဲဆိုပါတယ်။ သူ့ သားကို အတော်ဖြစ်စေချင်၊ အတော်ပန့် ပိုးပေးတဲ့ သူတစ်ယောက်ပါပဲ။ နောက်တော့ အီတိုးက တကိုယ်တော် သီချင်း ၃ ပုဒ် သီဆိုသွားရာမှာ နောက်ဆုံး ဆိုတဲ့ သူ ရဲ့ နာမည်ကြီးသီချင်း ဖြစ်တဲ့ စိတ်ချချင်တယ် ဆိုတဲ့ သီချင်းကိုပဲ ကျွန်မတော့ သေချာကြားလိုက် ပါတယ်။ ရှေ့ က သီချင်းနှစ်ပုဒ်ကိုတော့ ဘာတွေဆိုသွားမှန်း မသိလိုက်ပါဘူး။ အဲ့ဒီသီချင်းတွေဟာ သူရဲ့ ပထမဆုံးအခွေထဲက သီချင်းတွေ လို့ ပြောသွားပါတယ်။ သီချင်းခွေ အသစ်ထွက်ရင် နားမထောင်ဖြစ်တောင်မှ သိတာများပေမယ် အီတိုး သီချင်းခွေ ထွက်ပြီးပြီ ဆိုတာကိုတော့ ဒီနေ့ မှပဲ သိလိုက်ရတော့တယ်။ အီတိုးက လူကောင်ကြီးကတော့ သူအဖေထက် ကြီးနေပေမယ့် အသံကတော့ ကလေးသံ မပျောက်သေးပါဘူး။ သီချင်းဆိုနေရင် တစ်ချက် တစ်ချက် အသံပျောက်သွား သလိုပဲ။ အီတိုး သီချင်းဆိုနေချိန်မှာ ယောက်ဖခေါ်ပြီး၊ မင်းအဖေကို မမှီသေးဘူး၊ ထပ်ကြိုးစားလိုက်ဦးလို့  အားပေးသူ အတော်များများရဲ့ အသံတွေကိုလည်း ကြားလိုက်ရပါတယ်။

အိတိုး သီဆိုပြီးနောက် ဇော်ဝင်းထွဋ်ပြန်ထွက်လားပြီး ဆက်လက် သီဆိုပါတယ်။ဇော်ဝင်းထွဋ်ကိုလည်း ယောက်ခမကြီးလို့  အော်ခေါ်နေသံတွေ ကြားရတယ်။ သြော် သမီးရှင်ဖြစ်ရတာ မလွယ်ပါလားနော်။ ဇော်ဝင်းထွဋ် သီဆိုသွားတဲ့ Rock သီချင်းတွေကိုတော့ အကုန်ကြိုက်ပြီးသားမို့  ဘာမှ ပြောစရာမရှိပါဘူး။ အင်ပါယာ ဖျော်ဖြေပွဲဆိုတော့ ဇော်ဝင်းထွဋ်ကပဲ အဓိကဖြစ်ပြီး၊ သီချင်းတွေ အများကြီး သီဆိုသွားပါတယ်။ Rock သီချင်းတွေ အပြင် ထူးထူးခြားခြား သီဆိုသွားတဲ့ ၂၀၀၁ လက်ဆောင် သီချင်းကိုလည်းကြားရော အင်္ဂလန်မှာ ရှိနေတဲ့ သူငယ်ချင်း စုံတွဲကို အထူး သတိရသွားတယ်။ သူတို့ အတွက် အမှတ်တရ သီချင်းတပုဒ် ဖြစ်မယ် ထင်တယ်။ :D

နောက်ဆုံး အနေနဲ့  ဇော်ဝင်းထွဋ်က မြန်မာတွေရဲ့ နှစ်သစ်ကူးရောက်တော့မှာဖြစ်တယ်၊ နှစ်သစ်ကူးချိန်မှာဆို သူက ဒီမှာ ရှိမှာ မဟုတ်လို့  ပရိတ်သတ်တွေကို ကြိုတင်ပြီး နှုတ်ဆက်ပါရစေလို့ အစပျိုးကာ ရှေ့ ဆုံးတန်းမှာ ထိုင်နေသူတွေကို ရေနဲ့  လှမ်းပတ်ပြီး အဖြူကတမျိုး အနီကတမျိုးဆိုပြီး စဆိုလိုက်ရော.. ပရိတ်သတ် အားလုံး သင်္ကြန်ပိုးဝင်သွားပြီး မြူးမြူးကြွကြွနဲ့  လိုက်ဆိုကြ၊ အင်း... ရှေ့ ထွက်ကသူ တချို့ ကိုလည်း တွေ့ လိုက်ရ ပါသေးတယ်။ အရင် သီချင်းတွေတုန်းက နောက်ဖတ်မှာ ကနေသူ တချို့ ရှိပေမယ့် ဒီသီချင်းရောက်မှပဲ အရှေ့ မှာ အသေသွားက ကြတော့တာပါပဲ။ နောက်ထပ် သင်္ကြန်သီချင်းတစ်ပုဒ်ကို သီဆိုပြီး အင်ပါယာက အားလုံးကို နှတ်ဆက်၊ ပွဲသိမ်းချိန်မှာ ည ၁၀ ကျော်ရှိနေပါပြီ။

ဒီပွဲမှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဓာတ်ပုံအများအပြားကို ကျွန်မ ရဲ့ သူငယ်ချင်းတွေက သူတို့ ရဲ့ အုန်းသီးကြီးတွေ သုံးပြီး တစ်ယောက်ကို ပုံ ၂၀၀ နီးပါးလောက် ရိုက်ထား ပါတယ်။ ဒါပေမယ့် ခုတော့ သူတို့ တွေဟာ ဓာတ်ပုံတွေ မပို့ အား၊ အင်တာနက်ပေါ် မတင်အားလောက်အောင် အလုပ်တွေ အရမ်းရှုပ်နေပါတယ်ဆိုလို့  နောက်ပိုင်း သူတို့ အားတော့မှပဲ အဲ့ဒီပုံတွေကို ကြည့်လို့ ရပါတော့မယ်။ မအားတဲ့ ကြားက ခု ဒီပိုစ့်မှာ တင်ထားတဲ့ ပုံလေးတွေ ပို့ ဖြစ်အောင်ပို့ ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင် ပါတယ်။ ဓာတ်ပုံတွေ ကြည့်ချင်နေတဲ့ ကျွန်မ... သူတို့ တွေကို ရှုပ်နေစေသော အလုပ်များ မြန်မြန်ရှင်းသွားပါစေလို့  ဆုတောင်းနေရုံပဲ တတ်နိုင်ပါတော့တယ်..

1 April 2007

ဒီနေ့  ဧပြီ ၁ ရက်နေ့ ..
တချို့ ကတော့ April Fool နေ့ ဆိုပြီး တစ်ယောက်နဲ့  တစ်ယောက် စနောက်ကြတယ်။
ကျွန်မကတော့ သူများကို နောက်ဖို့ လည်း ၀ါသနာ မပါသလို .. ကိုယ့်ကို လာနောက်ရင်လည်း သိပ်ကြိုက်လေ့ မရှိသူဖြစ်လို့  အဲ့ဒီ April Fool ( 1st April ) ဆိုတာကြီးကို အရင်ထဲက ထူးပြီး စိတ်ဝင်စားလေ့ မရှိပါဘူး။

ကျွန်မသိတဲ့ ဧပြီ ၁ ရက်နေ့ က ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ ။ အဲ့ဒီ သူငယ်ချင်း ဒီမှာ ရှိနေရင် ဒီနေ့ ဆို တနင်္ဂနွေနေ့ လည်း ဖြစ်ပြန်၊ သူ့ မွေးနေ့ လည်း ဖြစ်ပြန်ဆိုတော့ မုန့် လိုက်ကျွေးခိုင်းလို့  ရမှာတွေးမိပြီး ရန်ကုန်ပြန်ပြီး ပျော်နေသူ သူငယ်ချင်းကို အထူးသတိရ နေပါတယ်။ သူငယ်ချင်းကတော့ ခုချိန်ဆို ချောင်းသာမှာ အတော် ပျော်နေရှာမယ် ထင်တယ်။ သူ့ ရဲ့ မွေးနေ့ မှာ မွေးနေ့ ရှင်ဟာ ဆက်သွယ်မှု ဧရိယာ ပြင်ပကို ရောက်နေမှာဖြစ်ကြောင်း သိနေခဲ့တာကြောင့် ကြိုတင်ပြီး မွေးနေ့ ဆုတောင်း လုပ်ပြီးသား ဖြစ်လို့  ဒီနေ့ မှာ ထပ်ပြီး ဆုတောင်းပေးဖို့  လိုမယ် မထင်တော့ဘူး။ မွေးနေ့ ရှင် ကလည်း ခုချိန်မှာ " ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ရက်မြတ် ဖြစ်ပါစေ" ဆိုတဲ့ ဆုတောင်းကို ထပ်ပြီး ဆုတောင်းပေးစရာမလို ပဲနဲ့ ကို ပြည့် နေလောက်ပြီ။

အင်း.. ဒီအချိန်ဆို သူငယ်ချင်းက သူပြောထားတဲ့ ချောင်းသာရောက်ရင် Sea Food တွေ၊ အထူးသဖြင့် ဂဏန်းဟင်းကို အားပါးတရ စားလိုက်မယ်ဆိုတဲ့ စကားအတိုင်း အစားတွေ အနင့်တပိုးစားပြီး ဟိုကြည့်ဒီကြည့်နဲ့  သူရဲ့ ညောင်းညာနေတဲ့ မျက်လုံးတွေကိုလည်း အစာကျွေးနေလေမလား....

April 01, 2007

နေရာတိုင်းမှာ - စိုင်းထီးဆိုင်

တစ်ယောက်တစ်နေရာစီ ဝေးကွာနေကြသော ချစ်သူများသို့  ...

နေရာတိုင်းမှာ - စိုင်းထီးဆိုင်

ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ .. အချစ်ဆုံးရဲ့ အနံ့ အသက်ကို ယူခဲ့ပြီ..
နေ၀င်ချိန် အိပ်တန်းတက်ငှက်လေးတွေ .. အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီး

နေခြည်တွေ ခြုံလွှမ်းတဲ့ နံနက်ခင်းမှာ .. အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ.. အချစ်ဆုံးရဲ့ အထိအတွေ့ ကိုပြန်ရပြီ

ဘယ်စီကို ရောက်လို့ နေ .. ဘယ်လောက်ပဲ ဝေးရတယ် .. ဘယ်တော့မှ အထီကျန်း မဆန်ခဲ့ ..
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့  ..ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ်..

လူတွေက ကိုယ်တို့ နှစ်ယောက်ခွဲရလို့  .. အကုန်ဝိုင်းပြီး သနားကြသတဲ့ အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့ လောက်နီးကပ်တာ .. ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ်..