Pages

April 16, 2007

သင်္ကြန်မိုး - MyanmarMp3.net

မနေ့ က သင်္ကြန်အကြတ် နေ့ မှာ သင်္ကြန်မိုး ရုပ်ရှင် ကြည့်လိုက်ရတယ်။ မြန်မာပြည်မှ သင်္ကြန်တွင်း သင်္ကြန်မိုးရုပ်ရှင် ကြည့်ရတယ်ဆိုတာ မဆန်းပေမယ့် ကျွန်မတို့ လိုမြန်မာပြည်နဲ့ ဝေးနေသူတွေအဖို့ တော့ ထူးဆန်း နေပါတယ်။ နိုင်ငံရပ်ခြားရောက်ထဲက မကြည့်ရတဲ့ ရုပ်ရှင်ကို ဒီနှစ်မှပဲ MyanmarMp3.net ကျေးဇူးနဲ့  ပြန်ကြည့်ဖြစ်ရတော့တယ်။

အားလုံးသိတဲ့ အတိုင်း သင်္ကြန်မိုးရုပ်ရှင်ဆိုတာ နှစ်စဉ်နှစ်တိုင်း၊ သင်္ကြန်ရောက်တိုင်း မြန်မာ့ရုပ်သံတွေက ထုတ်လွှင့်နေကြပါ။ နှစ်စဉ် လာနေကြဖြစ်လို့  ကျွန်မတို့ တွေ အခေါက်ပေါင်းများစွာ ကြည့်ဖူးခဲ့ကြပါတယ်။ ဒီဇာတ်ကားကို ၁၉၈၄ က ခွင့်ပြုချက်ရပြီး ရိုက်ကူးထားတာဆိုတော့ အတော်ကြာနေပါပြီ။ ဒါပေမယ့် ခုချိန်ထိ နှစ်စဉ်ပြသဆဲ၊ အကောင်းဆုံး မြန်မာသင်္ကြန်ရုပ်ရှင်အနေနဲ့  ရပ်တည်နေဆဲပါပဲ။ ဒီထက်ကောင်းဖို့ မပြောနဲ့  ဒီလောက်ကောင်းတဲ့ သင်္ကြန်ရုပ်ရှင်မျိုးလည်း နောက်ပိုင်းမှ ဘယ်သူကမှ ထပ်ပြီးမရိုက်နိုင်သေးပါဘူး။ သင်္ကြန်မိုးရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းတွေကိုလည်း သင်္ကြန်တိုင်းမှာ မဆိုမဖြစ် သီဆိုနေကြဆဲပါပဲ။


ဒီပုံက MyanmarMp3 ကပဲ ယူထားတာပါ။
သင်္ကြန်မိုး ရုပ်ရှင်
mms://streamserv.myanmarmp3.net/Thingyan2007-ThingyanMoe
သင်္ကြန်မိုး ရုပ်ရှင်သီချင်းများ
http://www.myanmarmp3.net/album.aspx?AlbumID=219

ခုလို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကို အွန်လိုင်းကနေ ကြည့်နိုင်အောင် စီစဉ်ပေးတဲ့ MyanmarMp3 မှ အဖွဲ့ သားတွေ အားလုံးကို ကျေှးဇူးတင်ပါတယ်။

Source: MyanmarMp3.net

2 comments:

maker said...

Hey haven't seen the movie yet. Since a Myanmar born Chinese I'm, while I was in Myanmar I can't tell who am I. I mean what race I'm. But now I understand race doesn't matter the only thing that matter is to love the place where you were born and to love the people who love you, take care of you.
So I try to make a little thing for us for Myanmar Unicode font display I just improve ZawGyi font and rip WinKalaw to ZawGyi Too, so now ZawGyi have a second style.
vistit my blog to download it amorphousk.blogspot.com
give it a try, I'll try to watch the movie too during ThinGyan

Nay Nay Naing said...

Thanks. I will check it out..