Pages

November 18, 2013

Happy Birthday Mother!

ဒီနေ့  မေမေ့ မွေးနေ့ ။

2013-11-18
အိမ်ကို ဖုန်းခေါ်ပြီး မေမေ့ကို ကန်တော့ဖြစ်တယ်။ ဒီလအတွက် ဘာကုသိုလ်ကောင်းမှု့ တွေပြုလုပ်ပြီးပြီ၊ ဘာတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတာတွေကို ပြောပြတာကို နားထောင်ရင်း သာဓုခေါ်ဖြစ်တယ်။

မေ့မွေးနေ့ မှာ မေမေ့ သားငယ်လေး စာမေးပွဲအောင်တယ် ဆိုတာ သိရတယ်တဲ့။ မောင်လေးတို့  အောင်စာရင်းတွေ ဒီနေ့ ထွက်တယ်။ အောင်စာရင်း သွားကြည့်တဲ့ မောင်လေးက အိမ်ပြန်မရောက်သေးဘူး။ ဒါပေမယ့် သူစာမေးပွဲ အောင်တယ်၊ ခုအိမ်ပြန်လာနေပြီ ဆိုတာကို ခုနကလေးတင် ဖုန်းဆက်ပြောသွားတယ်တဲ့။ မေမေ စိတ်ချမ်းသာနေတာ ကြားရတာ ၀မ်းသာမိတယ်။

November 15, 2013

Fruits Party

လက်ရှိအလုပ်မှာ တစ်နှစ်မှာ တစ်ပတ်ကို Healthy Lifestyle Week လို့ သတ်မှတ်ပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးလေ့ ရှိတယ်။ အဲ့ဒီ ရက်သတ္တပတ်မှာ တနင်္လာနေ့ ကနေပြီး ကြာသပတေးအထိက တစ်နေ့ ကို အသီးတစ်မျိုးဝေပေးလေ့ရှိတယ်။ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်တဲ့ သောကြာနေ့ မှာတော့ Fruits Party ဆိုပြီး သစ်သီးစုံကို ခင်းကျင်း ကျွေးမွေးလေ့ရှိပါတယ်။

ဒီနှစ် Fruits Party မှာ ကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ သစ်သီးဗန်းတွေကို ဓာတ်ပုံရိုက်ဖြစ်တာ။ ကျွေးတဲ့နေရာက ကိုယ်တွေရဲ့အလုပ်ခန်းနဲ့ ဆို နည်းနည်းလေးဆိုတော့ တခြားသူတွေ မရောက်ခင် စောရောက်သွားတာနဲ့  ဗန်းတွေကို ကူပြီးဖွင့်ပေးရင် ဓာတ်ပုံတွေ ရိုက်ဖြစ်တာ။ ကျွေးတဲ့ သစ်သီးတွေက အစုံပါပဲ။
From Everything


စတော်ဘယ်ရီ (Strawberry)၊ မင်းဂွတ်သီး (Mangosteen)၊ နှင်းသီး (Rose Apple)၊ စပျစ်သီး (Grapes)
သရက်သီး (Mango)၊ နာနတ်သီး (Pineapple) ၊ တည်သီး (Persimmon)၊ လုံငန်းသီး (Longan)
နဂါးမောက်သီး (Dragon Fruit)၊ ငှက်ပျောသီး (Banana)၊ ဗလူးဘယ်ရီ (Blueberry)၊ ဆီးသီး (Plum)

Longan Fuirt ကို မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတော့ အဲဒီသစ်သီးကို မစားဖူးဘူး။ အသီးကရှိမှာပါ၊ ကိုယ်က မသိတာ ဖြစ်မှာဆိုပြီး လိုက်ရှာကြည့်တော့ Longan = လုံငန်းသီး (နဂါးမျက်စေ့သီး) လို့ တွေ့ မိတယ်။

နောက်တစ်မျိုး မသိတာက Blueberry။ ဗလူးဘယ်ရီ ကလည်း မြန်မာနာမည် သီးသန့် မရှိဘူး ထင်တယ်။ စတော်ဘယ်ရီလိုပဲ သူ့ အသံအတိုင်း မြန်မာမှု့ပြုခေါ်လိုက်ကြတယ်ထင်ပါတယ်။

From Everything

From Everything

From Everything


P.S : ဒီနေ့  အလုပ်မသွားဘူး။ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူပြီး အိမ်မှာနေတယ်။

November 04, 2013

Chair Yoga and Lucky Draw

အလုပ်မှာ ဒီတစ်ပတ်လုံးက "Healthy Lifestyle Week [4 to 8 Nov 2013]"။ တစ်ပတ်လုံး ညနေ ၅ နာရီဆို အလုပ်က Gym မှာ သွားပြီး အားကစား လုပ်ခွင့်ပြုတယ်။ နေ့လည် ထမင်းစားချိန်မှာ Aerobics, Zumha, Chair Yoga စတဲ့ ၁ နာရီကြာ သင်တန်းတွေစီစဉ်ထားကြောင်း၊ ပါဝင်ချင်တယ်ဆိုရင် register လုပ်လို့ ရကြောင်းကို HR က အီးမေးတွေပို့ အကြောင်းကြားတယ်။ ကိုယ့်ဘာသာ အလုပ်တွေရှုပ်နေတာနဲ့  ဘာသင်တန်းမှ register မလုပ်ဖြစ်ဘူး။ ဒီနေ့ လည် ထမင်းစား ထွက်လာရင်း Seminar Room ရှေ့ ကအဖြတ် HR က အမျိုးသမီးတစ်ယောက်က လှမ်းခေါ်ပြီး ဒီနေ့  session က Chair Yoga၊ လာ join ပါ၊ နေရာတွေ လွတ်နေတာရှိတယ် ဆိုတာနဲ့ join ဖြစ်သွားတယ်။ Chair Yoga ဆိုတာ ဘာလဲ၊ အတော်များများသိကြမှာပါ။ ကိုယ်တွေ ကတော့ ဒီနေ့ မှ စမ်းဖူးတာ။ Beginner တွေဆိုတော့ ပုံစံ ၇-၈ မျိုးလောက်ကို instructor ကပြပေးတယ်။ လုပ်ရတာ လွယ်ပါတယ်။ အချိန်လည်း သိပ်မကုန်ဘူး၊ ဘာမှလည်း ထွေထွေထူးထူး မလိုဘူးဆိုတော့ လုပ်ဖြစ်ဖို့ ကြိုးစားရမှာပေါ့။ :-)

အားလုံးပြီးတော့ HR ကနေ ဒီနေ့ အတွက် ကံစမ်းမဲဖောက်မယ် တဲ့။ ဖောက်ပေါ့၊ ကိုယ်တွေက Register လုပ်ထားတာ မဟုတ်တော့ အဲဒီကံစမ်းမဲ ဖေါက်တဲ့ထဲ ပါမှာ မဟုတ်ဘူး ဆိုပြီး ဘေးနားကလူကိုတောင် ပြောဖြစ်သေးတယ်။ နံပါတ်တွေရွေးပြီး ဆုရတဲ့သူတွေကို ပြောတယ်။ အိန္ဒိယလူမျိုး အမျိုးသားတစ်ယောက်နာမည်။ ပြီးတော့ တစ်ဆုတည်း မဟုတ်ဘူး၊ ဒီနေ့ အတွက်က နှစ်ဆု ဖောက်ပေးမှာဆို နောက်ထပ်ကြော်ငြာတာက "နေ" တဲ့။ ပထမတော့ ကိုယ့်နာမည် လို့ မထင်မိဘူး။ register မှ မလုပ်ထားတာ။ နောက် ၂ ခါ-၃ခါ လောက် ခေါ်မှ ကိုယ့်နာမည်ခေါ်မှန်း သိတော့တယ်။ ဒါတောင် တစ်လုံးတည်းခေါ်တာ၊ full name သာခေါ်ရင် သိမှာကို မဟုတ်ဘူး :)).. နောက်မှ သိရတာက HR က အမျိုးသမီးက နာမည်တွေ ရေးထည့်လိုက်တာလို့ ပြောတယ်။ သူ့ ကိုလည်း ဆုခွဲပေးနော်တဲ့ :D
 
ဘာရခဲ့လည်းဆိုတော့ Healthy Lifestyle Week ဆိုတော့ ကျန်းမာရေးနဲ့  ညီညွတ်အောင် သစ်သီးများများ စားပေးရမယ်ဆိုတဲ့ သဘောနဲ့  ပေးတဲ့ သစ်သီးခြင်း...

From Everything

အထဲမှာ သရက်သီး၊ သစ်တော်သီး နှစ်မျိုး၊ လိမော်သီး၊ ကီဝီ၊ ပန်းသီး၊ မက်မွန်သီးတွေ တမျိုးကို ၂ လုံးစီ ပါတယ်ထင်တယ်။ အပြင်က မြင်ရတာကို ပြောပြတာ။ သစ်သီးခြင်းကို ဖွင့်မကြည့်ရသေးဘူး။ နောက်နေ့ မှ ဘုရားဆွမ်းတော်တင်ဖို့  အရင်ဖယ်မယ်။ ပြီးမှ မျှသင့်တာ မျှဝေပေးရမယ်။ ဒါတွေအကုန် တစ်ယောက်တည်း စားလို့  ကုန်မှာ မဟုတ်ဘူး။

သူငယ်ချင်း၊ မိတ်ဆွေများအားလုံး...  ကံကောင်းခြင်းများ နဲ့ ပြည့်စုံတဲ့ ပျော်ရွှင်ဖွယ်ကောင်းသော နိုဝင်ဘာ ၊ မင်္ဂလာရှိသော ဒီဇင်ဘာလ တွေကို ဖြတ်သန်းရင်း နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ။