Pages

Showing posts with label Birthday. Show all posts
Showing posts with label Birthday. Show all posts

November 18, 2013

Happy Birthday Mother!

ဒီနေ့  မေမေ့ မွေးနေ့ ။

2013-11-18
အိမ်ကို ဖုန်းခေါ်ပြီး မေမေ့ကို ကန်တော့ဖြစ်တယ်။ ဒီလအတွက် ဘာကုသိုလ်ကောင်းမှု့ တွေပြုလုပ်ပြီးပြီ၊ ဘာတွေ လုပ်ဖို့ ပြင်ဆင်ထားတယ်ဆိုတာတွေကို ပြောပြတာကို နားထောင်ရင်း သာဓုခေါ်ဖြစ်တယ်။

မေ့မွေးနေ့ မှာ မေမေ့ သားငယ်လေး စာမေးပွဲအောင်တယ် ဆိုတာ သိရတယ်တဲ့။ မောင်လေးတို့  အောင်စာရင်းတွေ ဒီနေ့ ထွက်တယ်။ အောင်စာရင်း သွားကြည့်တဲ့ မောင်လေးက အိမ်ပြန်မရောက်သေးဘူး။ ဒါပေမယ့် သူစာမေးပွဲ အောင်တယ်၊ ခုအိမ်ပြန်လာနေပြီ ဆိုတာကို ခုနကလေးတင် ဖုန်းဆက်ပြောသွားတယ်တဲ့။ မေမေ စိတ်ချမ်းသာနေတာ ကြားရတာ ၀မ်းသာမိတယ်။

August 08, 2011

Happy Birthday!

မင်္ဂလာရှိသောမွေးနေ့ ဖြစ်ပါစေ.. ချစ်သူ

ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်....
ချမ်းမြေ့သောစိတ်၊ ကျန်းမာသောကိုယ်နှင့် အောင်မြင်ပျော်ရွှင်သောဘ၀ကို အမြဲပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။

ချစ်ခြင်းများစွာဖြင့်..
နေနေ

August 08, 2010

Happy Birthday My Love

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
အောင်မြင်ပျော်ရွှင်ချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်...
နေနေ

July 11, 2010

Happy Birthday, Dad!!

Every Little girls LOVE their daddies...
even after they're all grown up..
Happy Birthday, Dad!!
11-July-2010

June 13, 2010

Happy Birthday Brother..

Wishing you the best of everything a whole year in advance.
Happy 23rd Birthday My Little Brother!


အစစအရာရာ အဆင်ပြေ၊ ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။

August 08, 2008

Happy Birthday My Love

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ကိုယ်ကျန်းမာ စိတ်ချမ်းမြေ့စွာနဲ့  နေ့ ရက်တိုင်းကို ဖြတ်သန်းနိုင်ပါစေ…
ဆန္ဒ နဲ့  ဘ၀ ထပ်တူထပ်မျှကျအောင် ဖန်တီးနိုင်သူ တစ်ဦးဖြစ်ပါစေ..
စိတ်ကူးထဲကလို စိုပြေငြိမ်းချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်သူ တစ်ဦးဖြစ်ပါစေ..

ချစ်ခြင်းများစွာဖြင့်
နေနေ

June 19, 2008

ဆုတောင်း - ဇွန်လ ၁၉ ရက်နေ့ 

န္တရယ်လေပြင်းက
ပန်းသီချင်းတွေ ဖြစ်ပါစေ....။

တီတာတာ ဒုက္ခမိုးတို့ 
လိုရာမတိုး ဖြစ်ပါစေ....။

စုပေါင်းကျတဲ့ မျက်ရည်တွေ
မွှေးမြစမ်းရေ ဖြစ်ပါစေ....။

ကျန်းမာသော လောကမှာ
ပါဝင်ရသူ ဖြစ်ပါစေ....။

မာကျောတဲ့နွေအဝေးမှာ
စေလိုရာစေ ဖြစ်ပါစေ....။

ပါပဂြိုလ်ဆိုးတို့ ရဲ့
ခင်တွယ်မဲ့သူ ဖြစ်ပါစေ....။

စေတနာမိုးများကြောင့်
ဗျာပါကင်းသူ ဖြစ်ပါစေ...။

မင်းအိုချမ်းသာ
(၁၉-၀၆-၂၀၀၇)

June 13, 2008

Happy Birthday My Little Brother!

ဖေဖေ မေမေရဲ့ အသည်းနှလုံး၊ မောင်နှမတွေထဲမှာ အလိမ္မာဆုံး၊ ဘာသာတရား အကိုင်းရှိုင်းဆုံး၊ မိဘတွေအပေါ် အသိတတ်ဆုံး သားငယ်လေး.... အစစအရာရာ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်လို့  အခုလိုပဲ မိဘကို ကောင်မွန်စွာ လုပ်ကျွေးနိုင်တဲ့ သားကောင်း သားမြတ်၊ သားလိမ္မာတစ်ဦး အမြဲဖြစ်ပါစေ။

ဒီနေ့  ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေး မွေးနေ့ ။ ဇွန်လ ၁ ရက်နေ့ က မောင်လေး မွေးနေ့  ရောက်တော့မယ်လို့  တွေးလိုက်မိပေမယ့် မွေးနေ့ ရက်မှာတော့ သတိမထား မိလိုက်ဘူး။ မေမေနဲ့  ညီမလေး ပို့ တဲ့ အီးမေးဝင်လာမှ ဒီနေ့  မောင်လေး မွေးနေ့ ဆိုတာ သတိရလိုက်တယ်။မောင်လေးစီ အီးမေးပို့ ပြီး ဘာလိုချင်လဲ၊ မွေးနေ့ လက်ဆောင်အနေနဲ့  ၀ယ်ပေးရမလဲ မေးလိုက်အုံးမယ်။ အဲ့လိုမေးရင် သား ဘာမှ မလိုဘူး၊ အစ်မတွေသာ ဘာလိုချင်လဲ၊ သူ ဘာဝယ်ထည့် ပေးလိုက်မယ်လို့  ပြန်ပြောမှာ သိနေတယ်။

May 25, 2008

Happy Birthday YTNW

You're always close at heart even though our lives are busier than they used to be... even though our phone calls usually catch one of us on our way out the door... and it's just not as easy to get together anymore...

On your birthday and always,
you're in my thoughts,
my heart,
and so many
of my favorite memories.

Happy Birthday, YTNW!!!

January 22, 2008

November 21, 2007

Happy Birthday, Mom


Wishing you have a wonderful birthday and Many More!!
I love You, Mom!!
ဒီနေ့  တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ ...
ကျွန်မ့ မေမေ ရဲ့ မွေးနေ့ ...

October 18, 2007

18 Oct 2007 - Another Silence Birthday

တရားမျှတမှု့ အတွက် မတရားတဲ့အစိုးရကို မကြောက်မရွံ့  တိုက်ပွဲဝင်နေသူတစ်ဦးရဲ့ မွေးနေ့ 
အများလေးစားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ...

၁၈ အောက်တိုဘာ ၂၀၀၇ ..
မင်္ဂလာရှိသော မွေးနေ့ ရက်မြတ်ဖြစ်ပါစေ...

သစ္စာတရားကို ယုံကြည်တဲ့ တို့ ရဲ့ခေါင်းဆောင်..
အမြန်ဆုံး လွတ်မြောက်ပါစေ.. လွတ်လပ်ပါစေ..
ကိုယ်စိတ်နှစ်ပါး.. ကျန်းမာပါစေ.. ချမ်းသာပါစေ..
မိသားစုနဲ့  မခွဲမခွါ သာယာငြိမ်းချမ်းတဲ့ ဘ၀ကို ရရှိပါစေ...

တိုက်ပွဲကဒါဏ်ရာတွေ ပြသနိုင်တဲ့ အောင်ပွဲနေ့  အမြန်ဆုံး ရရှိအောင် ဦးဆောင်နိုင်ပါစေ..



၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ စစ်အစိုးရ၏ အကျဉ်းထောင်အတွင်း ၁၆ နှစ်နီးပါးဖမ်းဆီး အကျဉ်းချထား ခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည်လွတ်မြောက်လာကာ ၂၀၀၆ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထို့ နောက် ၁၁ ဇန်န၀ါရီ ၂၀၀၇ မှာ တဖန်ပြန်လည် လွတ်မြောက်လာပေမယ့် ကုန်ဈေးနှုန်း ကျဆင်းရေးကို ငြိမ်ချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အတွက် ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသား ခေါင်းဆောင်တွေကို စစ်အစိုးရရဲ့ ၈ လပိုင်းမှာ ၂၂ ရက်နေ့ မှာ ပြန်လည် ဖမ်းဆီးအကျဉ်းချထား ခဲ့ပြန်ပါတယ်။ ခုအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်နှိပ်စက်မှု့တွေကြောင့် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်တချို့  ထောင်အတွင်း ဆေးရုံမှာ ဆေးကုသမှု့ ခံယူနေရတယ်ဆိုတဲ့ သတင်းတွေ ကြားခဲ့ရပါတယ်။ သူတို့ တွေရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ ဆိုတာ အတိအကျ မသိရပါဘူး။

ဒီနေ့  မနက်ပိုင်း ဖတ်ရတဲ့ သတင်းတချို့ အရ မနေ့ ညနေပိုင်းက ဇာဂနာ၊ ကျော်သူ နဲ့  ဇနီးဖြစ်သူေ၇ွှဇီးကွက်တို့ နဲ့ အတူ ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသားခေါင်းဆောင်တချို့ လည်း ပြန်လည်လွတ်မြောက်လာပြီလို့  ကြားရပြန်တယ်။ အဲ့ဒီသတင်းကို သတင်းမှန် ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ကိုမင်းကိုနိုင်တို့ လည်း ပါတယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်းကို confirm ဖြစ်စေမယ့် သတင်းမျိုး မတွေ့  ရသေးပါဘူး။

ကိုမင်းကိုနိုင်အပါအ၀င် အများအကျိုးအတွက် စွန့် လွှတ်၊ အနစ်နာခံ၊ ကြိုးပမ်းနေသူများအားလုံးကို လေးစားမိပါတယ်.. စစ်အစိုးရရဲ့ မတရားဖမ်းဆီးခြင်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေ...

Other Related Links:
သစ္စာ - မင်းကိုနိုင်
မျှော်လင့်ခြင်း - မင်းကိုနိုင်
မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား
မင်းကိုနိုင်နှင့် စကားပြောခြင်း (ဧရာဝတီ - မေ ၂၄၊ ၂၀၀၇)

August 08, 2007

Happy Birthday Thiha Kyaw Zaw


ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ယနေ့  မွေးနေ့ မှသည် ဘ၀ တသက်တာ တလျှောက်လုံး........
မေတ္တာတရားများ တည်တံ့ပါစေ
သစ္စာတရားများ ခိုင်မြဲပါစေ
ငြိမ်ချမ်းမှုများ အတူရှိပါစေ
ပျော်ရွှင်မှုများ ဝေမျှနိုင်ပါစေ
အောင်မြင်မှုများ အစဉ်တည်ဆောက်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
နေနေ

July 23, 2007

Happy Birthday to All, LEO!!

အလုပ်အားနေတာနဲ့  သတင်းတွေလိုက်ဖတ်နေရင်း Yahoo Home Page ကို ရောက်မှ ဒီနေ့ ဟာ Cancer ကနေ Leo zodiac ကို စပြောင်းတဲ့ နေ့ ဖြစ်ကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။ ပုံမှန်ဆို ကျွန်မ့ အဲ့ဒီ zodiac တွေကို စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် သူငယ်ချင်းချို့ ဟာ သူတို့ က Leo zodiac မှာ မွေးသူတွေဖြစ်ကြောင်း ပြောကြလို့  အဲ့ဒီ ရာသီခွင်ကို သိခဲ့ရတယ်။ နောက်ပိုင်းကြတော့ ကျွန်မ ဘ၀မှာ အရေးပါဆုံးသူတစ်ယောက် ဟာလည်း Leo ရာသီခွင်မှာ မွေးဖွါးခဲ့သူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်လို့  (အဲ့ဒီတစ်ယောက်ကတော့ သူ့ ကိုသူ LEO (The Lion) လား၊ ဘာလားဆိုတာ သိပ်စိတ်ဝင်စားမှ မဟုတ်ပါဘူး) LEO ဆိုတာကို မှတ်မှတ်သားသား ရှိနေတာပါ။
တကယ်တော့ Leo zodiac ဆိုတာ ခြင်္သေ့ရုပ်နဲ့  Pluto ဂြိုလ်ကို ကိုယ်စားပြုတယ်ဆိုတာရယ်၊ "Rules by Sun" လို့  ပြောကြတာကို ဖတ်ဖူးလို့  ကျွန်မ မှတ်မိနေတယ်။ တခြား Leo မှာ မွေးဖွားသူတွေဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာတွေကိုတော့ သိပ်ပြီး သတိမထားမိသလို၊ ဂရုလည်း မစိုက်မိဘူး။ ဒီနေ့  Yahoo မှာ ကြည့်လိုက်မိတော့မှ Leo zodiac ဆိုတာ "July 23 to August 22" အတွင်းမှာကို ခေါ်မှန်းသိလိုက်ရတယ်။
ကျွန်မ သိတဲ့ July 23 to August 22 အတွင်းမှာ မွေးဖွား သူတွေပါ...
- တချိန်မှာ ကျွန်မ၏ အရင်းနှီးဆုံး သူစိမ်းတစ်ယောက် ဖြစ်မယ့် THKZ
- အစ်ကိုတစ်ယောက်လို ချစ်ခင်ရသော အမြဲရန်ဖြစ်ဖက် MPT (Py Py)
- အမြဲ အလုပ်ရှုပ်နေတတ်သော သူငယ်ချင်း AWM
- အစ်မတစ်ယောက်လို ခင်မင်ရသော ZCKK
- Nick Name "Leo" ကို သုံးလေ့ရှိသော MyanmarMp3 ရဲ့ Founder တစ်ယောက်ဖြစ်သူ KKLMT.
- အစ်မတစ်ယောက်လို ချစ်ခင်ရသော Innocent Soul
ကျွန်မ မွေးနေ့ မသိတဲ့ တခြား Leo ရာသီခွင်ဖွား သူငယ်ချင်းတွေလည်း ရှိနိုင်ပါတယ်။ အားလုံးကို ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ တွေကို ပိုင်ဆိုင်ကြပါစေလို့  ဆုတောင်းပေးချင်ပါတယ်။
တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့ လို့  အမြဲပြောနိုင်ကြပါစေ....
Happy Birthday To You All , LEO!!

June 19, 2007

၆၂ နှစ်ပြည့် မွေးနေ့ 

ပြည်သူချစ်သော အကျဉ်းစံ မိခင်
၆၂ နှစ်ပြည့် မွေးနေ့ 
၁၉ - ဇွန် -၂၀၀ရ

သက်ရှည်ကျန်းမာ လွတ်လပ်စွာဖြင့်
ပြည့်သူ့ အကျိုး ဆထက်တိုးက
ဆောင်ရွက်နိုင်ပါစေကြောင်း
ဆုကောင်းမွန်ချွေ တောင်းဆုဝေသည်..