Pages

October 30, 2009

Lessons from Life

နေးတစ်မှာ မသက်ထား ရေးတင်ပေးထားတဲ့ စာကြောင်းလေးတွေ ဖတ်ကြည့်ရင်း မစန္ဒာရဲ့ အရိပ် ၀တ္ထုထဲက "လူကြီးတွေဟာ ကလေးဘ၀ရဲ့ အရိပ်" ဆိုတဲ့ စာသားတွေကို သတိရသွားတယ်။

(၁) ပြစ်တင်ရှုတ်ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးနဲ့ စိတ်ဓါတ်တွေရလာစေတယ်။
(၂) ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓါတ်တွေ ရလာစေတယ်။
(၃) ယုံကြည်စိတ်ချမှုကင်းမဲ့စွာ နဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၄) ချစ်ခင်နှစ်သက်မှုတွေ နဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့စိတ်ဓါတ်တွေရလာစေတယ်။
(၅) အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၆) မှန်ကန်ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓါတ်ကို ရလာစေတယ်။
(၇) ချီးကျူးထောပနာပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ဓါတ်ကို ရလာစေတယ်။
(၈) မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ်သက်ညှာတတ်တဲ့ စိတ်ဓါတ်ကိုရလာစေတယ်။
(၉) အသိဥာဏ်ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကို ရလာစေတယ်။
(၁၀) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကိုရလာစေတယ်။
(၁၁) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

Ronald Russell - Lesson from Life ကို လူထုဦးစိန်ဝင်း ဘာသာပြန်ထားတာလို့ သိရတယ်။ မြန်မာလို ဘာသာပြန်ထားတာကိုဖတ်ရင်း English Version ကိုပါ လိုက်ရှာဖတ်ဖြစ်တယ်။

Lessons From Life (1971)
BY Ronald Russell

A CHILD that lives with ridicule learns to be timid
A CHILD that lives with criticism learns to condemn
A CHILD that lives with distrust learns to be deceitful
A CHILD that lives with antagonism learns to be hostile
A CHILD that lives with affection learns to love
A CHILD that lives with encouragement learns confidence
A CHILD that lives with truth learns justice
A CHILD that lives with praise learns to appreciate
A CHILD that lives with sharing learns to be considerate
A CHILD that lives with knowledge learns wisdom
A CHILD that lives with patience learns to be tolerant
A CHILD that lives with happiness will find love and beauty

October 26, 2009

ရင်တွင်းရိုးသားပါ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

စိတ်ကောင်းကောင်းထားပါ - ကိုင်ဇာ

မေးမေးမေး.. မမေး..မေး.....မေး. မကွယ်ဝှက်ပဲ အသိပေးလိုက်ပါ။
ဖုံးဖုံးဖုံး.... မဖုံး..ဖုံး.....ဖုံး.. အချိန်တန်တော့ အကုန်လုံးသိကြမှာ။
ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်စမ်းပါ။
တွေးတွေးစစ ဖေးဖေးမမ ရှိစမ်းပါ။
ရမ်းသန်းပန်းသမ်း မှန်းဆချက်နဲ့  ခုန်ပျံမသွား.. ပုံမှန်သာသွားပါ။

သိသိသိ.. မသိ..သိ....သိ.. လိုတာရှိတိုင်း ဒီဇိုင်းမပြောင်းနဲ့ ကွာ။
ပြောပြောပြော.. မပြော..ပြော..ပြော.. ဆင်ခြင်တဲ့သဘော အလိုက်သိလိုက်ပါ။
မားမားမတ်မတ်.. ပြတ်ပြတ်သားသား လုပ်စမ်းပါ။
ရှင်းရှင်းဘွင်းဘွင်း.. ပွင့်ပွင့်လင်းလင်း ရှိစမ်းပါ။
ဆန်းဆန်းပြားပြား ကွေ့ ကောက်သွားလို့  တရံတစ်ခေါက် အမှန်မပျောက်ရာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

ဟုတ်ဟုတ်ဟုတ်.. မဟုတ်..ဟုတ်.....ဟုတ်... အကြံထုတ်ပြီး ဟန်လုပ်မပြနဲ့ ကွာ။
ခက်ခက်ခက်.. မခက်..ခက်....ခက်.. ရည်ရွယ်ချက်လည်းမဖျက်နဲ့ ပေါ့ကွာ။
သွက်သွက်လက်လက် ထက်ထက်မြက်မြက် လုပ်စမ်းပါ။
ထိထိရောက်ရောက် ပေါက်ပေါက်မြောက်မြောက် ဖြစ်စမ်းပါ။
ခန်းခန်းနားနား လမ်းမမှားပဲ သေချာတဲ့လမ်း ရေရှည်ဖြတ်သန်းပါ။

ဝေးဝေးဝေး.. မဝေး..ဝေး....ဝေး.. လာချင်ရင်တော့ အနီးလေးပဲကွာ။
နီးနီးနီး.. မနီ..းနီး....နီး.. မလာချင်ရင်တော့ အဝေးကြီးဖြစ်မှာ။
အေးအေးဆေးဆေး နွေးနွေးထွေးထွေး ရှိစမ်းပါ။
တည့်တည့်မတ်မတ် ပြတ်ပြတ်သားသား လုပ်စမ်းပါ။
အပေါင်းအသင်းများကြား.. ကောင်းသတင်းထားလို့  လူကြည်ညိုမှ လူရာပိုရောက်တာ။

သူငယ်ချင်းရေ.. စိတ်ကောင်းကောင်းထားပါ။
သူငယ်ချင်းရေ.. ရင်တွင်းရိုးသားပါ။
မင်းရင်ထဲမှာ မင်းဆင်နွှဲကာ မင်းပဲသိတဲ့ မင်းရဲ့ အောင်ပွဲပါ။

Photo Credit to tippinthescales

October 23, 2009

Oracle Digital Magazine

Digital Version of Oracle Magazine.
Oracle Magazine - November/December 2009



Oracle Magazine contains technology strategy articles, sample code, tips, Oracle and partner news, how to articles for developers and DBAs.
Published bimonthly and distributed to more than 550,000 of the top IT managers, database administrators, and developers.

* * * * * * * *
Oracle Digital Magazine ကို ဒီနေရာမှာ ဖတ်နိုင်သလို၊ Oracle Magazine ကို Free Subscription လုပ်ချင်တယ်ဆို ဒီအောက်က လင့်ကတစ်ဆင့် လုပ်ထားလို့ ရပါတယ်။

ကျွန်မ အခုအချိန်ထိတော့ Subscription မလုပ်ဖူး သေးပါဘူး။ လွယ်လွယ်ကူကူ Website မှာ ရှိတဲ့ Digital Version ကိုပဲ Download လုပ်ပြီး ဖတ်ပါတယ်။ အဲဒီ Website ရဲ့ Download ဆိုတဲ့ နေရာမှာ PDF နဲ့ လိုချင်လား၊ Windows OS အတွက်ဆို .exe / .zip လို ချင်လား၊ ကိုယ်ကြိုက်တဲ့ ပုံစံမျိုးဒေါင်းလုတ် လုပ်လို့ ရအောင် ပေးထားတယ်။ Mac အတွက် ဆိုပြီးလည်း ရှိပါတယ်။

Source : www.oraclemagazine-digital.com

October 21, 2009

Thing to do When you have Nothing to do

ရုပ်ရှင်တွေ၊ ကိုရီယား ဒရမ်မာတွေ မကြည့်တာ အတော်ကြာပြီ။ အလုပ်များနေတာရယ်၊ အားတဲ့ အချိန်တွေကြတော့ အဲဒီဘက် မလှည့်နိုင်ဘူး။ ဒီအတောအတွင်း ကြည့်ဖြစ်တာဆို The Proposal တစ်ခုပဲ ရှိမယ်။ ရုပ်ရှင်ရုံမှ သွားကြည့်တာ မဟုတ်ဘူး။ ညွန်းတဲ့သူက ညွန်းလို့ ရယ်၊ အဆင်သင့်ဆိုသလို လွယ်လွယ်ကူကူ ကြည့်လို့ ရအောင် လုပ်ဆောင်ပေးလို့ သာ ကြည့်ဖြစ်ခဲ့တာ။ ဒါတောင်၂ ရက်လောက် ခွဲကြည့်ရတယ်။

ံပြီးခဲ့တဲ့ ဒီတနင်္ဂနွေ နေ့ လယ်ပိုင်းကတော့ KDrama တစ်ခု ကြည့်ဖြစ်တယ်။ စနေ့ ညနေ သူငယ်ချင်းတွေနဲ့ တွေ့ တုန်း တော်မီက သူ အဲဒီ Drama ကြည့်နေတယ် ပြောလို့  လိုက်ရှာကြည့် ဖြစ်သွားခဲ့တာ။ ဘယ်လိုလဲ ကြည့်လို့ ကောင်းလားဆို Boys Before Flowers တို့  Coffee Prince တို့ ကြိုက်တဲ့သူတွေတော့ နှစ်သက်မယ် ထင်တယ်။ သတိထားမိတာက မင်းသမီးက ချစ်စရာလေး၊ ခေါင်းဆောင်မင်းသားက အတော် ပိန်တယ်။ အဲဒီ Drama က အခုမှပြနေတာ အပိုင်း ၄ ပဲရောက် သေးတယ်။ ၁၆ ပိုင်းရှိမယ်ဆိုတော့ နောက်လကုန်ပိုင်းမှ အကုန်ပြလို့ ပြီးမှာ။ စိတ်တော့ မရှည်ချင်စရာပဲ။

စိတ်ဝင်စားတယ်ဆို... ကြည့်ဖို့ ...

You are beautiful
MySoJu.com
Wikii.net


Thanks to ToMMy..

October 20, 2009

Maximize Holiday 2010 - Singapore

ဒါကြည့်ဖို့  စောနေသေးလား။ မစောတော့ ပါဘူး။
အောက်တိုဘာ ကုန်လို့  နိုဝင်ဘာ၊ ဒီဇင်ဘာပြီးရင် ၂၀၁၀ ရောက်တော့မှာပဲ။

၂၀၁၀ မှာ အားလပ်ရက် ၁၁ ရက် ရှိတယ် ဆိုပေမယ့်...

စနေကျတာ နှစ်ရက်ဆိုတော့ စနေ အလုပ်လုပ်ရတဲ့သူတွေ အတွက် ၂ ရက် နစ်နာတယ်။ ကိုယ်တွေအတွက်တော့ (နောက်နှစ်လည်း ဒီအလုပ်မှာ ဆက်လုပ်ဖြစ်နေမယ်ဆို) Annual Leave မှာ ၂ ရက်တိုး သွားမယ်။

Labour DaySaturday 1-May-2010
Christmas Day Monday 25-Dec-2010

ထူးထူးခြားခြားပြောရမလား။ ၂၀၁၀ မှာ သောကြာ နဲ့  တနင်္လာနေ့  ပိတ်ရက်ကျတာ (၃ ရက်ဆက်ပိတ်တာ) အားလုံး ၆ ရက်တောင် ရှိနေတယ်။
New Year's Day Friday 1-Jan-2010
Good Friday Friday 2-Apr-2010
Vesak Day Friday 28-May-2010
National Day Monday 9-Aug-2010
Hari Raya Puasa Friday 10-Sep-2010
Deepavali Friday 5-Nov-2010

Deepavali က မသေချာသေးဘူး။ ပြောင်းချင်ပြောင်းသွားနိုင်သေးတယ်။ ဒီနှစ်လို ပြောင်းတဲ့နေစနေ ကျမယ်ဆို တချို့ တွေအတွက် ဟောလီးဒေး ၁ ရက်လျှော့သွားပြန်မယ်။ အဲဒီရက်ပိုင်းတွေ အနီးအနား ခရီတိုသွားချင်သူတွေ ခွင့်ယူလို့ ကောင်းမယ်။ ၂ ရက်လောက်ခွင့်ယူပြီး ၅ ရက်ခရီးထွက်တာမျိုးလုပ်လို့ ရတာပေါ့။

တရုတ်နှစ်ကူးက ၄ ရက် ဆက် ပိတ်မယ်။
အဲဒီ အချိန်ဆို တရုတ်တွေ အိမ်ပြန်ကျလေသည်။
Chinese New YearSunday* 14-Feb-2010
Monday 15-Feb-2010

၂၀၁၀ ခုနှစ်ထဲမှာ စနေ၊တနင်္ဂနွေနဲ့ ကပ်ရက်မဟုတ်ပဲ အားလပ်ရက် ကြားရက်ကျတာဆိုလို့ Hari Raya Haji တစ်ရက်ပဲရှိတယ်။
Hari Raya Haji Wednesday 17-Nov-2010

Hari Raya Haji က နိုဝင်ဘာ ၁၇။
ဗုဒ္ဓဟူးကျတယ် ဆိုတော့ ကြာသာပတေး၊ သောကြာ ဆက်ယူမယ်ဆို အားလုံး ၅ ရက်ရမှာ။ နိုဝင်ဘာဆိုတော့ ရာသီဥတုကလည်း သာယာ၊ ခရီးထွက်လို့ ကောင်းတာပေါ့။ အဲဒီအချိန် မြန်မာပြည်ပြန်လည်း ခရီးထွက်ရ အဆင်ပြေတဲ့ ရာသီမျိုး။

Singapore Public Holidays For The Year 2010



အားလပ်ရက်တွေအကြောင်းတွေးရင်း ၂၀၀၉ တုန်းက StraitsTimes သတင်းစာက Maximise Your Leave 2009 ဆိုတဲ့ Cut-And-Keep Guide ကိုပြန်သတိရပြီး ၂၀၁၀ အတွက် အားလပ်ရက်တွေကို ကိုယ့်ဘာသာ သေချာလေ့လာကြည့် လိုက်တာ။
၂၀၀၉ အတွက်ဆို နိုဝင်ဘာမှာ အလုပ် အားရက် တစ်ရက်နဲ့  ဒီဇင်ဘာမှာ တစ်ရက် နှစ်ရက် ကျန်သေးတယ်။ အခုနှစ်ဆန်းပိုင်းလောက်က ရန်ကုန်ပြန်ဖြစ်သွားတဲ့ အတွက် ဒီနှစ်ကုန်ပိုင်းမှာ ထပ်ပြန်ဖြစ်မယ် မထင်ဘူး။

Source : Public Holidays 2010 - MOM

October 19, 2009

Life Is ....

Life is About Choices and the Decisions We Make
By
Kim and Charels Petty

Source : PopularArticles.com



Thanks for this artical

October 16, 2009

Happy Deepavali!

Wish Happy Deepavali to All Hindu Friends!!



မနက်ဖြန် Deepavali။ အားလပ်ရက်။

အားလပ်ရက်က စနေနေ ကျတယ် ဆိုတော့ တချို့ အလုပ်တွေက ဒီနေ့  (သောကြာနေ့ ) ပိတ်တယ်။ တချို့ အလုပ်တွေက တနင်္လာနေ့  ပိတ်မယ်တဲ့။ တချို့ အလုပ်တွေက Annual Leave မှာ တစ်ရက်ပေါင်း ပေးတယ်။ တချို့ အလုပ်တွေကတော့ ဘာမှ မပေး၊ မပိတ် ဘူး။

ကျွန်မတို့ အလုပ်ကတော့ Annual Leave မှာ ၁ ရက် ပေါင်း ပေးတယ်။ ဒီနှစ် ၂၀၀၉ ထဲမှာ Public Holiday စနေ နေ့  ကျတာ နှစ်ရက် ( အခု Deppavali နဲ့  Vesak Day ) ရှိတဲ့အတွက် Annual Leave မှာ ၂ ရက်တိုး ရထားတယ်။

ဟိုးအရင်က ၂၀၀၉ Deepavali ဟာ နိုဝင်ဘာ ၁၅ တနင်္ဂနွေနေ့ ။ ကပ်ရက် တနင်္လာနေ့ က အလုပ်အားလုံးပိတ်ရမယ် ဆိုပြီး ပြောထားတာ။ နောက်မှ ဘာကြောင့်ဆိုလား ပြောင်းသွားတာလေ။ အခုလို ရွှေ့ သွားတာ စနေ အားလပ်ရက်ကျရင် အစား ပြန်ပိတ်ပေးလေ့မရှိတဲ့ နေရာမှာ လုပ်ရသူတွေအဖို့  အားလပ်ရက် ၁ ရက် နစ်နာသွားတယ်။ ကျွန်မတို့  အတွက်ကတော့ မထူးပါဘူး။ ပိုကောင်းတယ် တောင်ပြောရမလား။ Annual Leave တစ်ရက်တိုးတော့ ခွင့်ယူရတာ ပိုကောင်းသွားတယ်။ ကုပ္မဏီဘက်က ကြည့်လည်း ကောင်းမယ် ထင်တယ်။ အားလုံးကို တစ်ရက် ပိတ်ပေးစရာ မလိုတော့ဘူး။

ဒီနေ့  သောကြာနေ့ ...
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင်တွေက နေ့ တစ်ဝက်ပဲ လုပ်ဖို့ လိုတယ်။
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင် ကုလားမလေးတွေ ဆာရီတွေနဲ့  ကိုယ်ရောင်ကိုယ်ဝါ တောက်တောက်ပပ၊ ပြောင်ပြောင်လက်လက်၊ ထိန်ထိန်လင်းလင်း၊ ပန်းတွေနဲ့ ပါဝေပြီး သိပ်လှနေကြတယ်။ (တကယ်ဆို ပုံနဲ့  သက်သေပြချင်တာ၊ ဓာတ်ပုံရိုက်ချင်ပါတယ် သွားပြောဖို့  မရဲလို့ ..)
...
ဒီနေ့  နေ့ လည်စာကို တစ်ယောက်တည်း ဒန်ပေါက်သွား စားလိုက်တယ်။

ကြက်သားကြော်ပူပူလေး နဲ့  စားကောင်းတယ်။ အဆီအနှစ်တွေ ထည့် မစားဘူး။
From Lunch

October 09, 2009

"န" for နေ

ဒီတစ်ခါ မြန်မာလို .... ပျော်နေကြတာ...

1. What is your name : နေ
2. A four Letter Word : နေရာတကာ
3. A boy's Name : နဒီ
4. A girl's Name : နေခြည်
5. An occupation : နောက်ပိုး (ဒါမှမဟုတ်) နတ်ဆရာ ( နတ်ကတော် လည်းရှိသေးတယ် :D )
6. A color : နီ
7. Something you'll wear : နားကပ်
8. A food : နံပြား
9. Something found in the bathroom : နံရံ
10. A place : နတ်မောက်
11. A reason for being late : နေမကောင်းလို့ 
12. Something you'd shout : နိုးပြီ!!!!
13. A movie title : နွေဦးကံ့ကော်
14. Something you drink : နို့ 
15. A musical group : နိုး
16. An animal : နဂါး
17. A street name : နနတ်တောလမ်း
18. A type of car : နွားလှည်း (မြန်မာလိုဆိုတော့...)
19. The title of a song : နားနားပြီးပြော
20. A verb : နှိပ်

October 07, 2009

"N" for NAY

အလုပ်မှာ။ အိမ်မပြန်ရသေးဘူး။ ၆ နာရီ ကနေ ၇ နာရီ အထိ ... အချိန် ၁ နာရီ အားတယ်။ ညစာလည်း သွားစားချင်စိတ်မရှိတာ နဲ့  Facebook's Notes မှာ မပူး ရေးထားတာလေး ဖြေကြည့်ဖြစ်တယ်။

"N" for NAY


1. What is your name : Nay
2. A four Letter Word : None
3. A boy's Name : Nathan
4. A girl's Name : Nicole
5. An occupation : Novelist
6. A color : Navy Blue
7. Something you'll wear : Necklace
8. A food : Noodles
9. Something found in the bathroom :Natural water
10. A place : Ngapali
11. A reason for being late : Not wake up early!
12. Something you'd shout : No !!!!!
13. A movie title : Notting Hill
14. Something you drink : Nestle
15. A musical group : Nickelback
16. An animal : Nightingales
17. A street name : Northfield
18. A type of car : Nissan
19. The title of a song : No Matter What
20. A verb : Negotiate

October 06, 2009

သီချင်းများအကြောင်း....

ဒီနေ့  သီချင်းတွေပြန် နားထောင်ကြည့်တယ်။ သီချင်းတစ်ပုဒ်နားထောင်မရတာနဲ့  နည်းနည်း လိုက်ကြည့်တော့ တချို့ သီချင်းတွေပါ နားထောင်လို့  မရတော့ကြောင်း တွေ့ လိုက် ရတယ်။ ဘာကြောင့်လည်းဆို သီချင်းတင်ထားတဲ့ လင့်တွေအလုပ် မလုပ်တော့ဘူး။ အကုန်လုံးတော့ မဟုတ်ပါဘူး။

ဒီနေရာမှာ အမ်ပီသရီဖိုင်တွေ တိုက်ရိုက် နားထောင်လို့ ရအောင် အင်တာနက်ပေါ် တင်တဲ့အခါ ဖိုင်ဒမ်း ကို သုံးလေ့ရှိတယ်။ အဲဒီမှာက တိုက်ရိုက်လင့် (Hotlinking) ပေးတဲ့ အတွက် သီချင်းတွေကို နားထောင်လို့ ရသလို လိုချင်တယ်ဆို လွယ်လွယ်ကူကူ ဒေါင်းလုပ်လုပ်လို့ လည်း ရတယ်ဆိုတော့ အသုံးဝင်တယ်လေ။ ဒါပေမယ့် အကောင့်တစ်ကောင့်ကို 1G ပဲ သိမ်းလို့ ရပြီး တစ်လကို 5G Bandwidth ပဲ အသုံးပြုလို့ ရတဲ့ အတွက် သီချင်းတွေကို အကောင့်တစ်ခုထဲမှာ စုမတင်ပဲ အကောင့်တွေ ခွဲတင်လေ့ရှိ ခဲ့တဲ့အတွက် ကျွန်မမှာ အကောင့် တော်တော်များ ရှိနေတယ်။ အဲဒါက ပြဿနာ။

အဲဒီက အကောင့်တွေကို မ၀င်တာကြာရင် ပိတ်သွားတတ်တဲ့အတွက် Login လုပ်လုပ် ပေး ရတယ်။ အခုလတွေမှာ အလုပ်များနေတာနဲ့  တချို့  အကောင့်တွေကို မ၀င်ဖြစ်ဘူး။ မေ့သွားတယ်ပေါ့။ စသုံးကတည်းက ၂ နှစ်ကျော်အတွင်း ပထမအကြိမ် မေ့ခြင်းပဲ။ ခုနောက်ပိုင်းက အဓိက သုံးတဲ့ အကောင့်တွေလောက်ပဲ ၀င်ဖြစ်ခဲ့တယ်။ ဒီနေ့  ပြန်ဝင်တော့မှ တချို့ အကောင့်တွေ ပိတ်ကုန်တာ သိလိုက်ရတာ။ အဲဒီမှာတွေ တင်ထားတဲ့ file တွေ အကုန်မရှိတော့ဘူး။ ထပ်စစ်ကြည့်တော့ တစ်ကောင့်တစ်ခုက suspend လုပ်ခံရတာတွေ့ ရတယ်။ အဲဒီအကောင့်မှာ တင်တဲ့သီချင်းတွေမှာ အင်္ဂလိပ်သီချင်းတွေ များသွားလို့ လားမသိဘူး။ ပုံမှန်ဆို အကောင့်တစ်ခုမှာ အင်္ဂလိပ် သီချင်းတွေကြီးပဲ တင်ထားတာမျိုး မဖြစ်အောင် မြန်မာသီချင်းတွေများများနဲ့  မျှတင်လေ့ ရှိတာ၊ အခု နောက်ပိုင်းတော့ အလုပ်ရှုပ်တာနဲ့  တစ်ခုခုဆို Total Space ဘယ်လောက် သုံးပြီးပြီလဲ ဆိုတာလောက်ကိုပဲကြည့်ပြီး အဆင်ပြေတဲ့ အကောင့်မှာ တင်ဖြစ်ခဲ့တယ်လေ။

ပျက်သွားတဲ့ သီချင်းတွေတော့ အားလုံးတော့ ပြန်တင်အားမယ် မထင်ဘူး။ တချို့  သီချင်းတွေ လိုချင်တယ် တောင်းဆိုလာတာ ရှိတဲ့အခါမှာ ပြန်တင်ပေးနိုင်အောင် ကြိုးစားကြည့်မယ်။ သီချင်းတွေကို Hotlink နဲ့ တင်ရတာကို ကြိုက်ပေမယ့် နောက်ပိုင်း တခြားနည်း ပြောင်းတင်ရင်ကောင်း မလား၊ စဉ်းစား ကြည့်အုံးမယ်။ အဆင်ပြေသလိုပေါ့။

October 05, 2009

ဝက်ခြေထောက်အစပ်

စားချင်လို့ ပါ။ ဒါမျို ချက်တာ တစ်ခါမှ မစားဖူးဘူး။ အခုအောက်ကပုံက မကြည်လို့  သေချာကြည့်ချင်တယ်ဆို ဒီနေရာမှာ ကြည့်။ ကြိုက်တတ်တယ်ဆို စားချင်စရာ။ ၀က်ခြေထောက်လို့ သာ ရေးလိုက်တာ အသားသိပ်မပါသလို ဆိုတော့ ၀က်လက် ဖြစ်မလား မသိဘူး။ ဘာပဲဖြစ်ဖြစ် စားချင်တယ်။
From Food

ပုံမှန် ၀က်ခြေထောက်ဆို စွပ်ပြုတ်ပဲ စားဖူးတယ်။ စားတဲ့အခါတိုင်း အဆီအခေါက် နည်းနည်း၊ အသားများများ ပါတဲ့ အတုံးရွေးစားတယ်။ အိမ်မှာ စားရင် လုနေစရာတော့ မလိုဘူး၊ တခြားမောင်နှမတွေက အဆီအခေါက် ပိုကြိုက်ကြတယ်။ နောက်ဆိုလည်း လုစရာ လိုမှာ မဟုတ်ပါဘူး။

ဝက်ခြေထောက်စွပ်ပြုတ် အပြင်ဆိုင်မှာ တစ်ခါမှတော့ မစားဖူးဘူး။ ရန်ကုန်မှာဆို အိမ်မှာက ၀က်ခြေထောက် စွပ်ပြုတ် မကြာခန ချက်ပေးတယ်။ ဒီတော့ မကြာခန စားရတယ်။ အခုတော့ မစားရတော့ဘူး။ အိမ်မှာတုန်းက စားရတာ ဆိတ်စွပ်၊ ၀က်ခြေထောက်စွပ်။ ဆိတ်စွပ်ထက်စာရင် ၀က်ခြေထောက် ပိုကြိုက်တယ်။ ဟိုတလော ပြန်တုန်းကလည်း စားရသေးတယ်။ ပြန်တိုင်း အမြဲစား ရပါတယ်။ ဒီတစ်ခေါက် ပြန်တဲ့ အချိန်မှာတော့ အိမ်မှာ ချက်ပေးမယ့်သူ မရှိလို့  ကြီးမေတို့ အိမ်က ချက်ပြီး လာပို့ ပေးခဲ့တယ်။ စားလို့ ကောင်းတယ်။ မှတ်မှတ်ရရ ဆို အဲဒီနေ့ က တနေကုန် အိမ်မှာ၊ အပြင်မှာ စားသမျှ ၀က်သားတွေကြီးပဲ။

ရန်ကုန်က ၀က်ခြေထောက်စွပ်ပြုတ်

မှတ်ချက် ။ အဲ့ဒီလို ဟင်းတွေ အမြဲ စားမယ်ဆို ၀ လာလိမ့်မယ်။

October 01, 2009

1st October 2009

ဒီနေ့ မနက်စာ။ ပုံမှန် မနက်စာဆို မုန့် တစ်ခုလောက်၊ ဒါမှမဟုတ် ဖျော်ရည် တစ်ခုခုလောက် ခပ်လွယ်လွယ် စားသောက်ဖြစ်တာ မနေ့ က တစ်နေကုန် ပင်ပန်းတာရယ် ညက အိပ်ရေးပျက်တာရယ်ကြောင့် စားမှ အားရှိမှာဆို မနက်စာ သွားစားလိုက်တယ်။



လ တစ်လနဲ့  တစ်လ အကူးအပြောင်းမှာ မအိပ်ပဲ အလုပ်လုပ်ရင်း ကြိုဆိုနေတာ။ ညက ၁း၃၀ လောက်မှ အိမ်ပြန် ရောက်တယ်။ အိပ်တဲ့ အချိန်က မနက် ၃ နာရီ။ ညဦးပိုင်း Deployment အပြီး Production မှာ Testing လုပ်တဲ့အချိန် error တစ်ခုတွေ့ ကြောင်း အကြောင်းကြားလာတယ်။ Mobile (offline) မှာ အဲဒီပြဿနာ မရှိဘူး၊ Online မှာပဲတွေ့ တယ် ဆိုတာကြောင့် UAT နဲ့  SIT ကို ပြန်စစ်ဖို့ ပြောရတယ်။ အဲဒီ Environments တွေမှာလဲ error ရှိနေတာတွေ့ ကြ ရတယ်။ ဒါဆို Developement/Deployment Team ရဲ့ အမှား မဟုတ်။ ဒါနဲ့  သူတို့ တွေအချင်းချင်း ဘာကြောင့် SIT/UAT Testing တုန်းက မတွေ့ တာလဲ ဆိုပြီး ကကျိကကျိ တွေဖြစ်ကုန်ရော။ ပြဿနာက ထင်ထင်ရှားရှားကြီး၊ လုံးဝ မစမ်းသပ်ခဲ့လို့ သာ ဒါကို မမြင်ကြတာပဲ ရှိမယ်။ နောက်နေ့  မီတင်မှာ သက်ဆိုင်သူတွေ ရှင်းကြရတော့မယ်...

ကိုယ်တွေအတွက် အရေးအကြီးဆုံးက ညတွင်းချင်း အဲဒီပြဿနာ အပြီးရှင်းဖို့ ။ ဒီတိုင်း Release လုပ်လိုက် နောက်ရက်မှာ Ad-hoc Deployemnt ထပ်လုပ်မယ်ဆိုပြီးထားလို့ ရတဲ့ ခပ်သေးသေး မထင်မရှား error မျိုးလည်း မဟုတ်။ သက်ဆိုင်တဲ့ Developer ရော၊ တခြား သူတွေရော ဘယ်လိုရှင်းလို့ ရမယ်ဆိုတာ အဖြေရှာရင်း SIT မှာ စမ်းကြ၊ နောက်ဆုံး ၁၁ နာရီကျော် လောက်မှာ SIT မှာ အဆင်ပြေသွားတယ်။ UAT ကိုကျော်ပြီး Production တန်း Deployment ပြန်လုပ် ပြန်စမ်းနဲ့  အားလုံးပြန်လို့ ရပြီဆိုတဲ့အချိန်က ည ၁ နာရီကျော်။ ညက တခြား ပြဿနာသေးသေးမွှားမွှားလေးတွေ အများကြီးကြုံရသေးတယ်။ အရမ်း Tight Schedule ဖြစ်နေတော့ လူတွေလည်း ပင်ပန်းပြီး လစ်ဟသွားတာလေးတွေ ရှိကုန်ကြတာပေါ့။ အခု အောက်တိုဘာလ အတွင်း ၇ ရက်နေ့  ည မှာ တစ်ခါ၊ ၁၄ ရက်နေ့  ည မှာ တစ်ခါ Production Deployment တွေရှိ သေးတယ်။ လက်ရှိအနေအထားအရတော့ အဲဒီ နှစ်ရက်လုံး အချိန်ပိုနေပေးရမယ့် အနေအထားရှိနေတယ်။

ဒီနေ့  နေ့ လယ် ၂ နာရီကနေ ၄ နာရီ အထိ Training၊ ၄:၃၀ ကနေ ၆း၀၀ နာရီ အထိက မီတင်ရှိတယ်။ အိပ်ရေးမ၀တာနဲ့ တော့ ပြဿနာပဲ။