Pages

October 16, 2009

Happy Deepavali!

Wish Happy Deepavali to All Hindu Friends!!



မနက်ဖြန် Deepavali။ အားလပ်ရက်။

အားလပ်ရက်က စနေနေ ကျတယ် ဆိုတော့ တချို့ အလုပ်တွေက ဒီနေ့  (သောကြာနေ့ ) ပိတ်တယ်။ တချို့ အလုပ်တွေက တနင်္လာနေ့  ပိတ်မယ်တဲ့။ တချို့ အလုပ်တွေက Annual Leave မှာ တစ်ရက်ပေါင်း ပေးတယ်။ တချို့ အလုပ်တွေကတော့ ဘာမှ မပေး၊ မပိတ် ဘူး။

ကျွန်မတို့ အလုပ်ကတော့ Annual Leave မှာ ၁ ရက် ပေါင်း ပေးတယ်။ ဒီနှစ် ၂၀၀၉ ထဲမှာ Public Holiday စနေ နေ့  ကျတာ နှစ်ရက် ( အခု Deppavali နဲ့  Vesak Day ) ရှိတဲ့အတွက် Annual Leave မှာ ၂ ရက်တိုး ရထားတယ်။

ဟိုးအရင်က ၂၀၀၉ Deepavali ဟာ နိုဝင်ဘာ ၁၅ တနင်္ဂနွေနေ့ ။ ကပ်ရက် တနင်္လာနေ့ က အလုပ်အားလုံးပိတ်ရမယ် ဆိုပြီး ပြောထားတာ။ နောက်မှ ဘာကြောင့်ဆိုလား ပြောင်းသွားတာလေ။ အခုလို ရွှေ့ သွားတာ စနေ အားလပ်ရက်ကျရင် အစား ပြန်ပိတ်ပေးလေ့မရှိတဲ့ နေရာမှာ လုပ်ရသူတွေအဖို့  အားလပ်ရက် ၁ ရက် နစ်နာသွားတယ်။ ကျွန်မတို့  အတွက်ကတော့ မထူးပါဘူး။ ပိုကောင်းတယ် တောင်ပြောရမလား။ Annual Leave တစ်ရက်တိုးတော့ ခွင့်ယူရတာ ပိုကောင်းသွားတယ်။ ကုပ္မဏီဘက်က ကြည့်လည်း ကောင်းမယ် ထင်တယ်။ အားလုံးကို တစ်ရက် ပိတ်ပေးစရာ မလိုတော့ဘူး။

ဒီနေ့  သောကြာနေ့ ...
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင်တွေက နေ့ တစ်ဝက်ပဲ လုပ်ဖို့ လိုတယ်။
ဒီနေ့  အလုပ်မှာ ဟိန္ဒူဘာသာဝင် ကုလားမလေးတွေ ဆာရီတွေနဲ့  ကိုယ်ရောင်ကိုယ်ဝါ တောက်တောက်ပပ၊ ပြောင်ပြောင်လက်လက်၊ ထိန်ထိန်လင်းလင်း၊ ပန်းတွေနဲ့ ပါဝေပြီး သိပ်လှနေကြတယ်။ (တကယ်ဆို ပုံနဲ့  သက်သေပြချင်တာ၊ ဓာတ်ပုံရိုက်ချင်ပါတယ် သွားပြောဖို့  မရဲလို့ ..)
...
ဒီနေ့  နေ့ လည်စာကို တစ်ယောက်တည်း ဒန်ပေါက်သွား စားလိုက်တယ်။

ကြက်သားကြော်ပူပူလေး နဲ့  စားကောင်းတယ်။ အဆီအနှစ်တွေ ထည့် မစားဘူး။
From Lunch

7 comments:

သိင်္ဂါကျော် said...

မြန်မာနိုင်ငံမှာလည်း အဲလို ပိတ်ရက် အစားရရင် ကောင်းမှာပဲ...။ စနေ၊ တနင်္ဂနွေနဲ့ ထပ်သွားရင် ပိတ်ရက် နာတာပဲ ရှိတော့လေ...။

Anonymous said...

အောင်မလေး။ မြန်မာနိုင်ငံလောက် ပိတ်ရက်ပေါတဲ့ နိုင်ငံရှိဦးမလား။ အစားသာ ရကြေးဆို တချို့နှစ်တွေ ၃၊ ၄ လလောက် ပိတ်ရက်ရနေမှာပေါ့ ။ ပျင်းချရာဂျီး :D ။ နောက်ဆို ခုထက်တောင် ပိတ်ရက်ပေါဦးမှာ။ ဖြစ်လာစရာ အထိမ်းအမှတ်နေ့တွေ တပုံကြီး။ ဥပမာ-ဒုတိယလွတ်လပ်ရေးနေ့တို့ ဘာတို့ပေါ့။ :D
PEACE :D

khin oo may said...

စားတာကုန်သွားလား။

Vista said...

အနော်တို့ လည်းခွင့်တရက်ပေါင်းပေးဒယ်

ကြည် said...

များတို့က ပိတ်ရက်မရှိ..။ကြက်သားကြော်လေးကတော့ တော်တော်ကောင်းမယ်နဲ့တူတယ်..ကြည့်တာနဲ့တင် သွားရေကျချင်လာပြီ။တော်ပါသေးရဲ့ ထမင်းစားပြီးမှလာဖတ်မိလို့.။

Rita said...

ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြနဲ့ တော်တော်စားတာပဲ။
:D :D :D

မုန်းစရာ said...

ဒေဝါလီနေ့ရောက်တိုင်း ပျော်နေကျ..
ဒီနှစ်တော့ မပျော်ဘူး..
ခါတိုင်းရနေကျ ဘော်နပ်စ် မရလို့..
ကုလားစာကတော့ မုန်းအောင်ကို စားရတယ်... :P