Pages

March 30, 2008

လာမယ်ဆိုစောင့်မယ် - ဇော်ဝင်းထွဋ်

လာမယ်ဆိုစောင့်မယ် - ဇော်ဝင်းထွဋ်
တေးရေး - သုခမိန်လှိုင်

ဆူးခင်းလမ်းများ ပန်းခင်းလမ်းလို့ ထင်ကာရယ်
အချစ်ရေ အရောက်လှမ်းခဲ့မယ်
အချစ်သာကြိုလို့ စောင့်တော့ ....

မိုးကြိုးပစ် လျှပ်ထစ် တားဆီးလို့ နေစေကွယ်
အရောက်လှမ်းခဲ့ပါမယ်
အချစ်သာကြိုလို့ စောင့်မျှော်တော့ ....

လာမယ်ဆို စောင့်မယ့် ... ကြင်နာသူပြောတယ်
လာသူကို အားပေးစကားရယ်... အချိန်မှန်ကြား...
လာမယ် ဆိုစောင့်မယ်တဲ့ ... အကြင်နာဆုံးစကားကြောင့်
ဘယ်လိုလမ်းများဆိုးပါစေ နောက်မဆုတ်တမ်း

အချစ်က အချစ်နဲ့ ထွေးလို့  စောင့်လို့ ကြိုမယ် ဆိုတယ်
ပြည့်စုံပြီပေါ့ အချစ်ရယ်
လူတကိုယ်လုံး အားတွေ ပြည့်လို့ 
ပင်လယ်ခြားလဲ လက်ပစ်ကူးလို့ လာနိုင်တယ်...
တိမ်ပေါ်ပျံသန်းခဲ့ပါမယ်
ချစ်သူစကားက အားဆေး


အိုး.... လာမယ်ဆို စောင့်မယ်... ကြင်နာသူပြောတယ်
လာသူကို အားပေးစကားရယ်... အချိန်မှန်ကြား...
လာမယ် ဆိုစောင့်မယ်တဲ့ ... အကြင်နာဆုံးစကားကြောင့်
ဘယ်လိုလမ်းများဆိုးပါစေ နောက်မဆုတ်တမ်း


Mp3 credit to Ma May11

Myanmar Food (Burmese Recipes)

မြန်မာအစားအစာ ချက်ပုံချက်နည်းကို ပုံတွေနဲ့ တကွ ဖော်ပြထားတဲ့ နေရာတွေပါ။

မေတ္တာရပ်ဝန်းမီးဖိုဆောင်
ကျွန်မ အကြိုက်ဆုံး နေရာတစ်ခုက မမလုရဲ့ မေတ္တာရပ်ဝန်းမီးဖိုဆောင် ပါ။ ဟင်းချက်နည်းတွေကို အသေးစိတ် ရေးပြထားရုံမကဘူး၊ မမလု တင်ထားပေးတဲ အစားအသောက်ပုံတွေက ကြည်ကြည်လင်လင် ကြီးကြီးမားမားတွေများတော့ သွားကြည့်တဲ့အခါတိုင်း အဲ့ဒီမှာ တင်ထားသမျှ အကုန်လုံးကို စားချင်စိတ်ပေါ်လာတာ များပါတယ်။
HsaBa.com
နောက်တစ်ခုကတော့ မမလု စီကနေ တစ်ဆင့်သိခဲ့ရတဲ့ မြန်မာဟင်းချက်နည်းတွေကို အင်္ဂလိပ်လို ရေးသားဖော်ပြထားတဲ့ "စားပါ" လို့ အမည်ရသော နေရာတစ်ခုပါ။ ချက်နည်းတွေ အများကြီး တင်ထားတာ မတွေ့ ပေမယ့် တချို့ သိချင်တာလေးတွေ သိရတဲ့အတွက် သွားဖတ်ဖြစ်တယ်။ ရေးသားသူက မြန်မာပြည်မှာ မွေးဖွါးပြီး ၈ နှစ်အရွယ်ထဲက အင်္ဂလန်မှာ နေထိုင်၊ ကြီးပြင်းလာသူ မ တင်ချိုချော ဖြစ်ပြ်ီး၊ စာအုပ်ထုတ်ဖို့ ရည်ရွယ်ထားတယ်လို့  ဖတ်ရတယ်။ (ဒါကြောင့် အများကြီး ရေးမထားတာဖြစ်မယ်။ စာအုပ်ထွက်မှ စိတ်ဝင်စားတယ်ဆို ၀ယ်ဖတ်လိုက်ကြတာပေါ့)။ ဒါပေမယ့် ဘယ်တော့ စာအုပ်ထွက်မှာလည်း ဆိုတာတော့ မရေးထားဘူး။
Somke and Spice
နောက်ထပ်နေရာ တစ်ခုကတော့ ရှင်မင်းရဲ့ Somke and Spice ပါ။ နိုင်ငံရပ်ခြားမှာ နေထိုင်သူ တစ်ယောက်ဖြစ်ပြီး၊ သူကိုယ်တိုင် ချက်စားဖြစ်တဲ့ ဟင်းချက်နည်းတွေကို တင်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်းစားတယ်ဆို အဲ့ဒီမှာ ဖော်ပြထားတဲ့ ဟင်းတွေကို လိုက်ချက်ကြည့်လို့  ရနိုင်မယ် ထင်ပါတယ်။

ဒီနေရာတွေအပြင် ဖိုရမ်တွေမှာ ဟင်းချက်နည်းအကြောင်းတွေ ရေးထားတဲ့ တော့ပစ်တွေလည်း ဖတ်ဖြစ်တယ်။ မြန်မာ ဖိုရမ်ဆို တခြားရေးတာတွေ မဖတ်ဖြစ်တောင်မှ သတင်း၊ သီချင်းနဲ့ အစားအသောက် နဲ့  ပတ်သက်တာတွေကိုတော့ ဖတ်ဖြစ်ပါတယ်။

ဟိုနေ့ တုန်းက အလုပ်က တရုတ်တွေက မြန်မာအစားတွေ အကြောင်းမေးလာတာ နဲ့  သူတို့ ကို ရှင်းပြရင်း ကိုယ်အမြဲ သွားဖတ်လေ့ရှိတဲ့ နေရာတွေကို ပြန်စုထားလိုက်တာပါ။ တခါတလေ အစားစားချင်စိတ် မရှိရင် အဲဒီနေရာတွေက ပုံတွေ သွားကြည့်လိုက်ရင် အစားစားချင်စိတ် ပေါ်လာတာများတယ်။ ကြည့်လိုက်တုန်းတော့ သူတို့  ဖော်ပြထားတဲ့ နည်းတွေအတိုင်း ချက်ကြည့်ချင်စိတ်တွေလည်း ပေါ်တတ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တစ်ခါမှ စိတ်ရှည်လက်ရှည် လိုက်ချက် မကြည့်ဖြစ်ပါဘူး။ တွန်းအားရှိတဲ့ တစ်နေ့ တော့ ချက်ချင်စိတ်ပေါ်ရင် ချက်ကြည့်ဖြစ်မယ် ထင်ပါတယ်။

March 29, 2008

The Body Shop Warehouse Sale

ဒီနေ့  သောကြာနေ့ ။ နေ့ တစ်ဝက်ပဲ အလုပ် လုပ်ရတယ်။ နေ့ လယ် ၁၂ နာရီ မှာ ပြန်လို့ ရပြီ။ အိမ်စောပြန်လည်း ဘာမှ လုပ်စရာမရှိတာနဲ့  စစ်တီးဟောမှာ ထမင်းသွားစားပြီး Suntec မှာ လုပ်နေတဲ့ BodyShop's Warehouse sales ကို သွားဖြစ်တယ်။ အရင် စဉ်းစားတာတော့ စနေ နေ့ မှ သူငယ်ချင်းတွေနဲ့  အတူ သွားရင် ကောင်းမလားလို့ ပါ။ ဒါပေမယ့် အလုပ်က ဖိလစ်ပိနို တစ်ယောက်က ကြာသာပတေးနေ့ ညနေက သွားတာ လူတွေ အများကြီးပဲ၊ ပိုက်ဆံရှင်းဖို့  တန်းတဲ့လူတန်းကလည်း အရှည်ကြီးပဲလို့  သတင်းပေးလာတာနဲ့  Week End ဆို ဒီထက် လူပိုများမယ်ထင်တာကြောင့် ဒီနေ့  နေ့ လယ် လူရှင်းချိန်မှာပဲ သွားဖို့  ဆုံးဖြတ်ပြီး သွားဖြစ် သွားတယ်။ ကျွန်မတို့  အဲ့ဒီကို စရောက်သွားတဲ့ အချိန်မှာ လူသိပ် မရှုပ်ပေမယ့် ညနေ ၅ ကျော်လောက်မှာတော့ လူတော်တော်များလာတာ သတိထားမိလိုက်တယ်။
The Body Shop Warehouse Sale
27 to 30 March 2008
Suntec Singapore Convention Centre Gallery East

Our annual warehouse sale is here again!
Enjoy great savings of up to 70% and many more special buys! Free gift* worth $19.90 with $50 or more spent, exclusively for UOB Credit Card.
Happy shopping!

ဟိုနည်းနည်း ဒီနည်းနည်းနဲ့  ၀ယ်လိုက်တာ ပိုက်ဆံတော့ အတော်လေးကုန်သွားတယ်။ Body Lotion နဲ့  Shower Gel တွေ ၀ယ်လာဖြစ်တယ်။ အေးအေးလေး ဖြစ်သွားတာကို သဘောကျတာနဲ့  Cooling Leg Gel လည်း ၀ယ်ဖြစ်သွားတယ်။ အဲ့ဒီမှာ ဈေးလျှော့ရောင်းတဲ့ ပစ္စည်းတွေက သေးသေးလေးတွေ များတယ်၊ အကြီးဆုံးဘူးတွေမှ 250 ml လောက်ပဲ ရှိတယ်။ ပစ္စည်းတွေ မ၀ယ်ခင် အနံတွေကို စမ်းကြည့်လိုက်တာ ဈေးဝယ်ပြီး ထွက်လာတဲ့အချိန်မှာ လူတကိုယ်လုံး မွှေးကြိုင်နေပြီ။ အဲ့ဒီမှာ တိုက်တိုက်ဆိုင်ဆိုင် Weekend ရှောင်ဖို့ အတွက် သောကြာနေ့ နေ့ လယ်အရောက် ဈေးလာဝယ်ကြတဲ့ သူငယ်ချင်းတချို့ နဲ့ တွေ့ လိုက်ရပြီး Happy Shopping လေးတစ်ခု ဖြစ်သွားခဲ့ပါတယ်။

Special Thank to ToMMyGirl
Credit to Juno and w4r10ck

March 26, 2008

နောင်အခါလာ နောင်အခါဈေး လုပ်လို့မရ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်
( ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
နိုင်ငံရေးဖြေရှင်းမှု ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ချုပ်ဆို ကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာ ပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည် မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီးဘူး။ တဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေး ဆိုရင် တဖက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မယ်လို့ သူက ပြောထားတယ်။ အဲဒီတော့ နောင်တချိန် ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေကလည်း အသက်နဲ့ လဲပြီးတော့ ပြင်ကြ ဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။
(---- ဘီဘီစီ၏ " မြန်မာ့အရေး ကမ္ဘာ့အရေး" အစီအစဉ်တွင် ဖြေကြားချက်)

Credit to THKZ
Source : DrLunSwe's Blog

March 25, 2008

General Interview Questions and Answers

အလုပ်အသစ်ပြောင်းဖို့ ကြိုးစားနေသူ သူငယ်ချင်းတစ်ယောက်က သူသွားခဲ့တဲ့ အင်တာဗျူးတွေမှာ မေးတဲ့ မေးခွန်းတွေကို ပြောပြပြီး ကျွန်မဆို ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ ဆိုပြီး လာမေးတယ်။ ထုံးစံအတိုင်း Technical နဲ့ မဆိုင်တဲ့ တခြား မေးခွန်းတွေပေါ့။ ဒါနဲ့ ကျွန်မ မှတ်ထားတဲ့ Links တွေကို ပြန်ရှာပြီး ပေးဖြစ်သွားတယ်။

ဒီနိုင်ငံမှာ ကျွန်မ သွားဖူးတဲ့ အင်တာဗျူးတွေမှာ အဲဒီလိုမေးခွန်းတွေ မေးတာ သိပ်မကြုံရပါဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေမှာတော့ ဒါမျိုးတွေ အတော်လေး မေးတယ် ပြောတယ်။ နောက်ပိုင်း အလွယ်တကူ ရှာလို့ ရအောင်၊ မသိသေးတဲ့ သူတွေလည်း သိသွားအောင် ဒီမှာ မှတ်ထားလိုက်ပါတယ်။

Credit to PWK and THKZ

March 24, 2008

Easter eggs from various software applications

ဒီနေ့ LifeHacker မှာ Software Applications တွေမှာ ဖွက်ထားတဲ့ Fun Features တွေကို List လုပ်ပြီး ဖော်ပြထားတာတွေ့  တယ်။ အားလုံးပေါင်း ၁၀ ခု။ အဲ့ဒီထဲက တချို့ ဟာတွေကိုတော့ စမ်းကြည့်ဖြစ်ပြီး သဘောကျသွားတယ်။ နောက်ပိုင်း ကိုယ်ရေးတဲ့ Applications တွေမှာလည်း အဲဒီလို Hidden Fun Features လေးတွေ ထည့်ရေးရင် ကောင်းမလားလို့  တွေးမိတယ်။ :-P

1. Picasa Teddy Bears
ဘယ်လို ရှာမလဲ ------- Picasa ကို ဖွင့်ပြီး Ctrl+Shift+Y ကို နှိပ်ကြည့်ပါ
ဘာတွေ့ ရမလဲ ------- Picasa ရဲ့ ဖွက်ထားတဲ့ ၀က်ဝံအညိုလေးတွေ ပေါ်လာတာ တွေ့ ရပါတယ်။ Ctrl+Shift+Y တစ်ခါနှိပ်ရင် ၀က်ဝံလေးတစ်ကောင် ထွက်လာပါတယ်။ ၀က်ဝံလေးတွေရဲ့ အရွယ်အစားက တစ်ဆိုဒ်ထဲ မဟုတ်ပါဘူး။ အကြီးအသေး အစုံပါပဲ။ အများဆုံး ဘယ်လောက်အထိ ထွက်လာနိုင်သလဲတော့ မစမ်းကြည့်ဖြစ်ဘူး။ [More Details..]

2. Google Earth 4.2 Flight Simulator
ဘယ်လို ရှာမလဲ ------- နောက်ဆုံး Version ဖြစ်တဲ့ Google Earth 4.2ကိုဖွင့်ပြီး Ctrl+Alt+A ကို နှိပ်လိုက်ပါ။ (Mac OS ကို အသုံးပြုသူတွေကတော့ Cmd+Opt+A ကိုနှိပ်ရပါတယ်။)
ဘာတွေ့ ရမလဲ ------- Full Flight Simulator တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ လေယာဉ်ကွင်း၊ လေယာဉ်အမျိုးအစား F16 ဒါမှမဟုတ် SR22 ကြိုက်တာ ရွေးချယ်ပြီး Google Earth ပေါ်မှာ ပျံသန်းကြည့်လို့  ရပါတယ်။ ကျွန်မ စမ်းကြည့်တာတော့ အဲဒီမှာ ပြောထားသလိုပဲ ထိန်းချုပ် မောင်းနှင်ရတာ မလွယ်ပါဘူး။ [More Details...]

Flight Simulator ကို Tools ကနေ သွားရင်လည်း ရရဲ့သားနဲ့  ဘာကြောင့်မို့ လို့  Easter Egg မှာ ထည့်ပြီး ဖော်ပြထားတာလဲ မသိဘူး။

3.OpenOffice.org Calc Tic-Tac-Toe and Space Invaders Games
ဘယ်လို ရှာမလဲ ------- OpenOffice's Calc(spreadsheet) ရဲ့ ကြိုက်တဲ့ အကွက်(cell)မှာ =GAME(A2:C4;"TicTacToe") ဆိုတာကို ထည့်ပြီး Enter နှိပ်ကြည့်ပါ။
ဘာတွေ့ ရမလဲ ------- Tic-Tac-Toe Game ပေါ်လာပါလိမ့်မယ်။ Space Invaders ကို စမ်းကြည့်ချင်တယ် ဆိုရင်တော့ =GAME(A2:C4;"TicTacToe") အစား =GAME("StarWars") ဆိုပြီး ရိုက်ထည့်ကြည့်ပါ။[More Easter eggs from OpenOffice.org]

4. Internet Explorer 7 credits
ဘယ်လို ရှာမလဲ ------- IE 7 မှာ Address bar မှာ javascript:window.name="TheWCEE";location.href="res://shdoclc.dll/wcee.htm" ကို ကူးထည့်ပြီး Enter နှိပ်ကြည့်ပါ။
ဘာတွေ့ ရမလဲ -------IE 7 ရေးသားရာမှာ ပါဝင်သူတွေရဲ့ နာမည်တွေကို တွေ့ မြင်ရပါ လိမ့်မယ်။ ကျွန်မ စမ်းကြည့်တာ ဒီ Feature က IE 7 တစ်ခုထည်းမှာသာ အလုပ်လုပ်ပါတယ်။ IE 6 နဲ့  IE 8 beta မှာတော့ အလုပ် မလုပ်ပါဘူး။ မဖြစ်သင့်ဘူး။ Developers တွေ အနေနဲ့  IE versions တိုင်းမှာ ဒါမျိုးလေးတွေ ပါအောင် ထည့်ရေးပေးသင့်တယ်။ :D

5. Firefox Book of Mozilla Easter Egg
ဘယ်လို ရှာမလဲ ------- Firefox browser ရဲ့ Address Bar မှာ about:mozilla လို့  ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။
ဘာတွေ့ ရမလဲ ------- FireFox နဲ့ ပတ်သက်တဲ့ "Book of Mozilla" က quote တစ်ခုကို တွေ့ ရပါလိမ့်မယ်။ ဒါကို Netscape Browser မှာလည်း ရတယ်လို့ ဖတ်ရပါတယ်။ ဒါနဲ့  " Book of Mozilla" ဆိုတာ တကယ့် အပြင်မှာ ရှိနေတဲ့ စာအုပ်ကို ပြောတာ မဟုတ်ပါဘူး။ ဘာလဲ သိချင်တယ်ဆိုရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

6: about Kitchen Sink
ဘယ်လို ရှာမလဲ ------- Firefox browser ရဲ့ Address bar မှာ about kitchensink ဆိုတာကို ရိုက်ထည့်ပြီး စမ်းကြည့်ပါ။ (ကျွန်မ Firefox 2.0.0.12 ကို အသုံးပြုပြီး စမ်းကြည့်ပါတယ်။)
ဘာတွေ့ ရမလဲ ------- ဒီ နေရာ ကို ပို့ ပေး ပါလိမ့်မယ်။

ဒါဟာ Easter Egg မဟုတ်ဘူး၊ Google ရဲ့ "I'm Feeling Lucky" Search action တစ်ခုသာ ဖြစ်တယ်လို့  ပြန်ပြင် ပြောထားပါတယ်။ Google Search မှာ about kitchensink ဆိုပြီး ရိုက်ထည့်ပြီး I'm Feeling Lucky ကို နှိပ်လိုက်ရင်လည်း အပေါ်ကပြောထားတဲ့ နေရာ ကိုပဲ ရောက်သွား ပါတယ်။ ဒီ Feature ကို အိမ် နဲ့  အလုပ်ကွန်ပြူတာ နှစ်ခုလုံးမှာ Firefox ver. 2.0.0.12 ကို သုံးပြီး စမ်းကြည့်တာခြင်းအတူတူ ပြတဲ့ပုံက နည်းနည်းလေးကွဲနေမယ်။ ဘာ Setting တွေ ကွာနေသလဲ မသိဘူး။ IE 6 ကိုသုံးပြီး စမ်းကြည့်တာတော့ မရဘူး။

ဒီအောက်က Features တွေကိုတော့ မစမ်းရသေးဘူး။ အဲ့ဒီ Fun Features တွေက ဘယ်လို ဟာမျိုးတွေလည်း ဆိုတာကို သိချင်တယ်ဆိုရင် LifeHacker မှာ သွားဖတ်ကြည့်နိုင်ပါတယ်။
- uTorrent Tetris
- Excel 97 Flight Simulator
- Minesweeper Reveal Mines Cheat

ဒါကတော့ Easter Egg ရဲ့ အဓိပ္ပါယ်ပါ။
A virtual Easter egg is an intentional hidden message or feature in an object such as a movie, book, CD, DVD, computer program, or video game. The term draws a parallel with the custom of the Easter egg hunt observed in many western nations. [more..]

Source: Top 10 Software Easter Eggs - LifeHacker

March 22, 2008

Donation for Hlaing Tayar Fire

အင်္ဂါနေ့  (၁၈-၀၃-၂၀၀၈) က မီးလောင်ပြင်စခန်းဖွင့်ခဲ့တဲ့ ရေဥက္ကံဈေးနေရာမှာ မီးဘေးဒုက္ခသည်တွေကို ပစ္စည်းများ ဝေငှ လှူဒါန်းမှု့  ပြုလုပ်နိုင်ခဲ့ ပါတယ်။ သွားရောက်လှူဒါန်ရာမှာ Raven အဖွဲ့ သားများ ၊ ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်များ နဲ့ အတူ ရန်ကုန်မှ ဘလော့ကာတွေကလည်း ကူညီ လုပ်အားပေးခဲ့တယ် သိရတယ်။ မနက်ပိုင်းမှာ တိုကင်ပြားတွေ ဝေငှပြီး ညနေပိုင်းမှာ ငွေသား၊ အ၀တ်အထည်၊ ဗလာစာအုပ်၊ ကြက်ဥများကို အိမ်ဘေးသင့် အိမ်ထောင်စု ပေါင်း ၁၂၀ရ စု ကို အချိုးညီညီ ဝေငှနိုင်ခဲ့တယ်လို့  သိရတယ်။

ဒါကတော့ မီးဘေးဒုက္ခသည် မိသားစုတွေကို ဘာတွေဘယ်လို လှူဒါန်းခဲ့တယ် ဆိုတဲ့ စာရင်းပါ။
အ၀တ်အထည်များ ဝေငှ လှူဒါန်းမှု့ စာရင်း
























































လူဦးရေ အိမ်ထောင်စု အထည်စုစုပေါင်း(အထည်)
၁ ဦးရှိ ၁၀၂ ၁၀၂
၂ ဦးရှိ ၅၅၅၅
၃ ဦးရှိ ၂၂၂၄၄၄
၎ ဦးရှိ ၃၃၀၆၆၀
၅ ဦးရှိ ၂၀၀၆၀၀
၆ ဦးရှိ ၁၄၈၄၄၄
၇ ဦးရှိ ၁၅၀၆၀၀
- အိမ်ထောင်စု ၁၂၀၇စု အတွက် စုစုပေါင်း အ၀တ်အထည် ၂၉၀၅ ထည်
- ၁ အိမ်ထောင်လျှင် ငွေကျပ် ၅၀၀ နှုန်း နဲ့  စုစုပေါင်း ငွေကျပ် ခြောက်သိန်းသုံးထောင့်ငါးရာ (၆၀၃၅၀၀)
- ၁ အိမ်ထောင်လျှင် ကြက်ဥ ၂ လုံးနှုန်း နဲ့  ကြက်ဥ ၂၀၀၀ ကျော် ၊ တန်းဖိုးအားဖြင့် ငွေကျပ် နှစ်သိန်း (၂၀၀၀၀၀)ဖိုး လှူဒါန်းခဲ့ ကြပါတယ်။
ဒါ့အပြင် ရန်ကုန်စည်ပင် လက်ထောက်ညွန်ကြားရေးမှူးက ပေးပို့ လိုက်တဲ့ ဗလာစာအုပ် ဒါဇင် ၆၀၀ ကိုလည်း အဲ့ဒီ နေ့ မှာပဲ လှူဒါန်း ဝေငှပေးနိုင် ခဲ့တယ်လို့  သိရတယ်။

လှူဒါန်းမှု့ များအတွက် ကြည်နူးမှု့ နဲ့  သာဓု ခေါ်ဆိုနိုင်ရန် ဓာတ်ပုံများကိုလည်း ဖော်ပြလိုက်ပါတယ်။






ဘာကြောင့် ဒီပစ္စည်းများကို လှူဒါန်းရကြောင်း သိချင်စိတ်နဲ့  မေးမြန်းကြည့်ရမှာ ....
မီးဘေးဒုက္ခသည်များမှာ အ၀တ်အစားများ လိုအပ်နေသည့် အတွက် လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ တခြားအဖွဲ့ တွေက ပုဆိုး ထမီ များကို တာဝန်ယူ လှူဒါန်းကြကြောင်း၊ ငွေသားပဲ လှူမယ်ဆိုရင် ၁ အိမ်ထောင်ကို ၃၀၀၀ သာ ပေးနိုင်မည် ဖြစ်သည့် အတွက် လိုအပ်နေသော အ၀တ်အထည်များကို ၀ယ်ယူလှူဒါန်းရခြင်း ဖြစ်ကြောင်း Raven အဖွဲ့ ဝင်တစ်ဦးက ရှင်းလင်းပြောပြ ပါတယ်။ မေးမြန်းလိုသည်များ ရှိပါက raven.org@gmail.com ကို ဆက်သွယ် မေးမြန်းနိုင် ပါတယ်။

လှူဒါန်းမှု့များ နဲ့ ပတ်သက်တဲ့ သတင်း များကို နေးတစ်ဖိုရမ် RAVEN Blood Donor Club Topic တွင် ဖတ်ရှု့  နိုင်ပါတယ်။

Related Links:
နွေရာသီ ၏ စိန်ခေါ်မှု အား အံတု၍ - အိမ်ဝေးသူ
Hlaing Tayar Fire - JulyDream

March 21, 2008

Alanis Morissette - Hand In My Pocket

From Jagged Little Pill Acoustic Album - 2005 (4:32 sec)
Alanis Morissette - Hand In My Pocket (acoustic)

From Jagged Little Pill Album -1995 (3:41 sec)
Alanis Morissette - Hand In My Pocket

MTV - Youtube

I'm broke but I'm happy
I'm poor but I'm kind
I'm short but I'm healthy, yeah
I'm high but I'm grounded
I'm sane but I'm overwhelmed
I'm lost but I'm hopeful baby

What it all comes down to
Is that everything's gonna be fine fine fine
I've got one hand in my pocket
And the other one is giving a high five
[.....]
Credit to Anatta
Other Related Link : Hand In My Pocket

March 19, 2008

Myanmar Food Photos

ဒီတစ်ခါ တင်မယ့် ဓာတ်ပုံတွေဟာ ကျွန်မ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ မဟုတ်ပါဘူး။ forward email ကနေ ရတဲ့ ဓာတ်ပုံတွေပါ။ အီးမေးထဲမှာ ဘယ်သူ စုစည်းထားတဲ့ ပုံတွေဆိုတာ ဖော်ပြထားတာ မတွေ့ ရဘူး။ ဒီပုံတွေ အင်တာနက်ပေါ်မှာ တွေ့ ဘူး သလိုပဲ။ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အစားအသောက်ပုံတွေ ဆိုတော့ သဘောကျတာနဲ့  သိမ်းထားလိုက်တယ်။
မြန်မာအစားအသောက် ဓာတ်ပုံများ

ပဲပလာတာ

ပဲပြုတ်နံပြား

အုန်းနို့ ခေါက်ဆွဲ နဲ့  ဘဲသွေး

မုန့် ဟင်းခါး နဲ့  အကြော်စုံ

ဆီချက်ခေါက်ဆွဲ

ကြေးအိုး

ဖါလူဒါ

မြန်မာ ထမင်းဝိုင်း
ပုဇွန်ထုတ်ဟင်း

ချဉ်ပေါင်ကျော်

မြင်းခွါရွက်သုတ်


တရုတ်အစားအစားများ
တရုတ်အစားအစားများ
ဘဲကင်

အသုတ်စုံ

အကြော်စုံ

ကျောက်ကျော

ကောက်ညှင်းရွှေကျီ

ရေခဲမုန့် 

ရွှေရင်အေး



ပုံတွေကြည့်ပြီး ပဲပလာတာ၊ ပဲပြုတ် နံပြားနဲ့  မုန့် ဟင်းခါးစားကို ခုချက်ချင်း စားချင်သွားတယ်။ အကြော်စုံနဲ့  အသုတ်စုံလည်း စားချင်တယ်။ ဆီချက်ခေါက်ဆွဲနဲ့  ကြေးအိုးလည်း စားချင်ပြန်ရော။ ထမင်းပွဲကြည့်ပြီး ထမင်းစားချင်စိတ်လည်း ပေါ်လာတယ်။ ကြေးအိုးနဲ့ ဆီချက်ခေါက်ဆွဲလည်း စားချင်တာပဲ။ ဘဲကင်လည်း စားချင်တာပဲ။ ဒီက ဘဲကင်တွေက ရန်ကုန်က ဘဲကင်နဲ့  မတူဘူး။ နောက်ဆုံတစ်ခေါက် ရန်ကုန်ပြန်တုန်းက ကြက်ငှက်တုတ်ကွေးကြောက်နေရလို့  ဘဲကင်မစားခဲ့ရဘူး။ အကုန်လုံးကို စားချင်စိတ်ပေါက်နေတယ်။

အိမ်မှာ လက်ဖက်တွေ နဲ့ အကြော်စုံရှိတော့ လက်ဖက်သုတ် စားလို့ ရတယ်။ ပုစွန်ခြောက်လည်း ရှိတယ်။ ဂေါ်ဖီ၊ ခရမ်းချဉ်သီး နဲ့  ငရုတ်သီး ၀ယ်ထားတာလည်း ရှိတယ်။ အဖိုးကြီးသုတ်၊ အဖွားကြီးသုတ်၊ အားလုံးရောပြီး သုတ်တာ အကုန် လုပ်စားမယ်။ ပဲပြုတ် ၀ယ်ထားတာတွေ ရှိတယ်။ ဒီ အားလပ်ရက်မှာ ပဲပလာတာလည်း လုပ်စားအုံးမယ်။ အိမ်က ထည့်ပေးလိုက်တဲ့ ပုဇွန်ထုတ် နဲ့  ၀က်နံရိုးကျော်ကတော့ ကုန်သွားပြီ။ ငါးခူ အစပ်ကျော်တော့ ရှိသေးတယ်။ ဟင်းမချက်စား ဖြစ်တာ ကြာနေပြီ။ ပုဇွန်ဝယ်ပြီး ပုဇွန်ဟင်းချက် စားရင်ကောင်းမယ်။ ကြက်ဥကျော်ပြီး ပြန်ချက်တဲ့ဟင်းလည်း ချက်စားမယ်။ စိတ်ကူးတာတွေ။ မုန့် ဟင်းခါးကတော့ ပြီးခဲ့တဲ့ အပတ်က အစ်ကို ချက်ပေးလို့  စားလိုက်ရတယ်။ အကြော်တော့ မပါဘူးပေါ့။ စားလို့ ကောင်းပါတယ်။ ဒါပေမယ့် မုန့် ဟင်းခါးကို အကြော်စုံနဲ့ မှ ပိုကြိုက်တယ်။ အုန်းနို့ ခေါက်ဆွဲ စားချင်ရင်တော့ အိမ်က ထည့်ပေးလိုက်တဲ့ အထုတ်တွေရှိတယ်။ ဒီမှာ ဘဲသွေး ၀ယ်လို့ ရမယ် မထင်ဘူး။ ခုရက်ပိုင်း ဒံပေါက်လည်း စားချင်စိတ် ပေါ်နေတယ်။ တနင်္ဂနွေနေ့ မှ သွားဝယ်စားဦးမယ်။ အသုတ်စုံတို့  ဘာတို့ တော့ စားချင်စိတ် ရှိပေမယ့် လုပ်စားဖို့  စိတ်မရှည်ဘူး။ ဒီက မြန်မာဆိုင်တွေမှာ ရောင်းတဲ့ဟာတွေလည်း မစားချင်ဘူး။ အသုပ်စုံ လုပ်ကျွေးမယ့်သူ ရှိရင်ကောင်းမယ်။ :-)

March 18, 2008

18 March 2008

ဒီရက်ပိုင်း နေမကောင်းဘူး။ ရာသီဥတု အဲဒီလောက်အေးတာမဟုတ်ပဲနဲ့  ချောင်းပြန်ဆိုးလာတယ်။ စိတ်ပင်ပန်း နေလို့  လူပါ ပင်ပန်းသွားပြီး ခံနိုင်ရည် မရှိတော့တာလား မသိဘူး။ စောစောအိပ်ရာဝင်ဖြစ်အောင် ကြိုးစားပေမယ့် နိုးလာတဲ့ခါ အိပ်ရေး၀၀ အိပ်လိုက်ရတယ်လို့  မခံစားရဘူး။ ခုတလော စိတ်အနှောက်မယှက် ဖြစ်စရာတွေ ကလည်း များနေတယ်။ လူတွေ လူတွေ.. အတော် မလွယ်တာပဲ။ သူတို့ တွေကို သွားပြောင်းလဲလို့  မရတော့ ကိုယ်တိုင်သာ သူတို့ လို မလုပ်မိ၊ မပြောမိအောင်၊ သူတို့  စိတ်ထားမျိုးတွေ မထားမိအောင် နေရမှာပဲ။ ဒီရက်ပိုင်း အလုပ်မှာ ခွင့်ယူထားတဲ့သူရှိလို့  သူအလုပ်တွေပါ လုပ်ပေးနေရတော့ နည်းနည်း အလုပ်များတယ်။ အိမ်ပြန်ရောက်ရင် ဖတ်မိတဲ့ သတင်းတွေ၊ သတိထားမိတဲ့ အကြောင်းအရာလေးတွေ ရေးမယ် စိတ်ကူးပေမယ့် တကယ်တန်း မရေးဖြစ်ဘူး။ သီချင်းတွေတော့ နားထောင်ဖြစ်တယ်။ အချိန်ရရင် သီချင်းတွေနဲ့ စာသားတွေ ဒီမှာ လာရေးအုံးမယ်။ အလုပ်လုပ်တာ ၂ ရက်ပဲ ရှိသေးတယ်။ ပင်ပန်းနေပြီ။ ဒီတစ်ပတ် ၄ ရက်ပဲ အလုပ် လုပ်ရမှာ ဖြစ်လို့  တော်ပါသေးတယ်။ သောကြာနေ့ က Good Firday ဆိုတော့ အလုပ်ပိတ်တယ်။ အားလပ်ရက် ၃ ရက်ရောက်မှပဲ လုပ်ချင်တာတွေ လုပ်၊ ရေးချင်တာတွေ ရေး၊ စားချင်တာတွေ ၀ယ်စားပြီး၊ ကောင်းကောင်း အနားယူတော့မယ်။

March 16, 2008

Einstein's Intelligence Quiz

ဒီနေ့  တနင်္ဂနွေနေ့ ...
တစ်နေကုန် စားလိုက် အိပ်လိုက်နဲ့ ပေါ့။ ညနေရောက်တော့ ပျင်းလာတာနဲ့  သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ IQ Question ကို ဖြေကြည့်ု ဖြစ်တယ်။ ဒီမေးခွန်းကို ထုတ်တဲ့သူ အိုင်စတိုင်းက ပြောတာတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ အားလုံးရဲ့ ၉၈ ရာခိုင်နှုန်းက ဒီမေးခွန်းကို မှန်အောင် မဖြေနိုင်ဘူး ဆိုပဲ။

စိတ်ဝင်စားတယ်၊ အချိန်လည်းရတယ်၊ ကိုယ့် IQ ဘယ်လောက်ရှိလည်းသိချင်တယ် (ကိုယ်က 2% ထဲမှာပါလား၊ 98% ထဲမှာပါလား သိချင်တယ်) ဆိုရင်တော့ ဖြေကြည့်ကြပါ။ ဖြေကြည့်မယ် စိတ်ကူးရင်တော့ အင်တာနက်ပေါ်မှာ အဖြေမရှာပဲ အဖြေတစ်ခု ရအောင် အရင်ဆုံး ကြိုးစားကြည့်ပါ။ အဖြေတစ်ခုရတဲ့ အချိန်၊ နောက်ဆုံး အဖြေမှန်ကို လုံးဝ စဉ်းစားမရနိုင်တော့ဘူးလို့  ထင်တဲ့ အချိန်ကြမှသာ ဒီ Quiz ရဲ့ အဖြေကို ကြည့်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် အပျင်းပြေပေါ့။

There are 5 houses in 5 different colors
- In each house lives a person with a different nationality
- These 5 owners drink a certain type of beverage, smoke a certain brand of cigar, and keep a certain pet
- No owners have the same pet, smoke the same brand of cigar or drink the same drink.

Here's the question: Who owns the fish?

1. The Brit lives in a red house
2. The Swede keeps dogs as pets
3. The Dane drinks tea
4. The green house is on the left of the white house
5. The green house owner drinks coffee
6. The person who smokes Pall Mall rears birds
7. The owner of the yellow house smokes Dunhill
8. The man living in the house right in the middle drinks milk
9. The Norwegian lives in the first house
10. The man who smokes Blend lives next door to the one who keeps cats.
11. The man who keeps horses lives next door to the man who smokes Dunhill
12. The owner who smokes Blue Master drinks beer
13. The German smokes Prince
14. The Norwegian lives next to the blue house
15. The man who smokes Blend has a neighbor who drinks water

With these 15 clues the problem is solvable.

*** Einstein wrote this quiz last century. He said that 98% of the World could not figure it out. ***


နောက်ဆုံး အဖြေရပြီး မှန်မမှန်သိချင်ရင်ပဲဖြစ်ဖြစ်၊ အဖြေကိုလုံးဝ မရှာနိုင်တော့ဘူးလို့  ထင်တဲ့အခါကြရင်ပဲ ဖြစ်ဖြစ်၊ ခေါင်းရှုပ်ခံ၊ အချိန်ကုန်ခံပြီး စဉ်းစားမနေပဲ တခါထဲ အဖြေမှန်ကို သိချင်ရင်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ သွားကြည့် လို့  ရပါတယ်။ အဲ့ဒီနေရာမှာ အဖြေမှန်ကို မြန်မြန်ရအောင် ဘယ်ပုံဘယ်နည်းနဲ့  စဉ်းစားလို့  ရတယ်ဆိုတဲ့ နည်းလမ်းကိုလည်း ရှင်းပြထားတယ်။

တစ်ယောက်တည်း - ဇော်ဝင်းထွဋ်

ဘယ်သူမှအနားနားမှာ မရှိသောဘဝ
ငါတစ်ယောက်ထဲနေ့ညတွေ ပျံသန်းသွား
ရည်ရွယ်ရာမရှိတော့သူ ငါ့အလွမ်းများ
တွယ်ရာမဲ့ခရီးဝေး ငါနှင်ခဲ့တာ
အဆုံးသတ်ကိုသိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်
ပျော်ရွှင်စွာ အစပြုခဲ့မိသူ
ပြိုလာတဲ့ မိုးကောင်းကင်ကြီးအောက်
တစ်ယောက်တည်း

ဒါအချစ်ပဲ ဦးနှောက်တွေ မလိုဘူးလေ
ဒါအချစ်ပဲ ရိုသားစွာ ယုံသမျှတွေ
ဒီရင်ထဲရှိသမျှ နင် အကုန်လုံးယူ
အဆင်မပြေလို့  ပစ်ချလို့ ထွက်ပြေးသူ
မင်းအကြောင်း အကောင်းပဲ ထာဝရအတွက်
နင်ဘာမှ မမှားဘူး… ချစ်သူလေး..
အရာရာရဲ့ အစ ပြဿနာများလည်း ငါပါပဲ……

(ခွဲလို့ သွားနိုင်တယ်... နှလုံးသားတစ်ခု မင်းလက်ထဲ..
ညာချင်လည်း သဘောပါပဲ.. အကုန်ဖျက်ဆီးသွားနိုင်တယ်
စေလိုရာစေလိုကွာ.. ဒီရင်မှာ အချစ်များစွာ မင်းအတွက်)

အချိန်ရာသီတွေ အလီလီပါပဲ လွမ်းနေမှာ
နင်ဘယ်ရင်ခွင်မှာ ရှိမလဲး တွေးရင်း အသက်ရှင်နေမှာ
အသက်တာဝေးကွာ အသိမှာ မခံနိုင်ဘူး

ဇော်ဝင်းထွဋ် သီဆိုထားတဲ့ တစ်ယောက်တည်းဆို တဲ့ဒီသီချင်းမှာ featuring သီဆိုထားတဲ့သူက သူရဲ့သမီးဖြစ်သူ ချမ်းချမ်းပါ။ မျှော်လင့်ခြင်း ကမ်းခြေ အခွေ ထဲမှာ ပါတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်း သံစဉ်နဲ့ စာသား ရေးသားသူက ဆောင်ဦးလှိုင်လို့  သိရတယ်။ တစ်စုံတစ်ယောက်သော သူက ဒီသီချင်းမှာပါတဲ့ ဗုံတီးသံတွေကို သဘောကျတယ်လို့  ပြောဖူးလို့ မှတ်မှတ်ရရ ဖြစ်နေတယ် :-)

ဒီနေ့  သူငယ်ချင်းတစ်ယောက်က ဒီသီချင်းရဲ့ စာသား ရှိရင် လိုချင်တယ် ပြောလာတာနဲ့  အင်တာနက်ပေါ်မှာ လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ ဒါနဲ့ ပဲ ဒီသီချင်းကို နားထောင်ကြည့်ရင်း စာသားတွေကို လိုက်ရေးဖြစ်သွားတယ်။ သီချင်းကို နားထောင်ပြီး ရေးတာ ဖြစ်လို့  စာသားမှာ အမှားတွေလည်း ပါနိုင်ပါတယ်။
Mp3 - credit to Myamanmarmp3.net

March 13, 2008

The Change - Brooks Garth

ဒီနေ့  မနက်စောစော ဒီသီချင်းထဲက စာသားတချို့ ကို ကို LetItRock ရေးထားတာ ဖတ်လိုက်မိတာနဲ့  သဘောကျသွားပြီး mp3 မရမက လိုက်ရှာ၊ နားထောင်ဖြစ်သွားတဲ့ သီချင်းတစ်ပုဒ်ပါ။

The Change -- Garth Brooks
Fresh Horses 1995
One hand reaches out and Pulls a lost soul from harm
While a thousand more go unspoken for
They say what good have you done, by saving just this one
It's like whispering a prayer in the fury of a storm

And I hear them saying you'll never change things
And no matter what you do it's still the same thing
But it is not the world that I am changing...
I do this so this world will know
THAT IT WILL NOT CHANGE ME

This heart still believes that love and mercy still exist
While all the hatreds rage and so many say that love is
All but pointless in madness such as this
It's like trying to stop a fire with the moisture from a kiss

And I hear them saying you'll never change things
And no matter you do it's still the same thing
But it is not the world that I am changing...
I do this so this world will know
THAT IT WILL NOT CHANGE ME

As long as one heart still still holds on
Then hope is never really gone...

I hear them saying you'll never change things
And no matter what you do it's still the same thing
But is is not the world that I am changing...
I do this so this world we know
NEVER CHANGES ME

What I do is so
This world will know
That it will not change ME

ဒီသီချင်းကို အတော်လေး ရှာလိုက်ရတယ်။ Mp3 Search Engine တွေနဲ့  လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ Google မှာ လိုက်ရှာတာ Album တစ်ခုလုံးကို ရှာတွေပေမယ့် Rapidshare မှာ တင်ထားတာမို့  ဒေါင်းလုတ်လုပ်ရတာ အဆင်မပြေဘူး။ ကူညီနေကြ သူကလည်း အလုပ်ရှုပ်နေတယ်ဆိုတော့ မနှောက်ယှက် ချင်တာနဲ့  ဒီသီချင်းတစ်ပုဒ်ရအောင် နည်းမျိုးစုံနဲ့  အတော်လေးရှာယူ လိုက်ရတယ်။ ဒေါင်းလုတ်လုပ်တဲ့ ဆော့ဝဲလ်တွေသုံးပြီး ရှာရင်တော့ ဒီလောက် ခက်မယ် မထင်ဘူး။ ဘာပဲဖြစ်ဖြစ် အချိန်ယူပြီး လိုက်ရှာရတာ တန်ပါတယ်။ ဒီသီချင်းနားထောင်ပြီး နှစ်သက်မိတာနဲ့  ထပ်ခါထပ်ခါ နားထောင်ဖြစ်တယ်။

March 11, 2008

Mp3gle.net - Another Audio Search Engine!

ဒီနေ့  ဟိုအရင်က ကျွန်မ ရေးခဲ့ဖူးတဲ့ SkreemR နဲ့  SeekMp3 တို့ လို MP3 Files တွေ ရှာပေးတဲ့ Search Engine တစ်ခု ထပ်တွေ့ ပါတယ်။ အဲ့ဒီ Search Engine ရဲ့ နာမည်က Mp3Gle ပါ။ Audio File တွေကို Google လိုပဲ လျှင်လျှင်မြန်မြန် ရှာဖွေပေးနိုင်တဲ့ နေရာတစ်ခု ဆိုပြီး Google for Mp3 (Mp3Gle) လို့  နာမည် ပေးထားတာ ထင်ပါတယ်။ ဒါပေမယ့် ဒီဆိုဒ်ဟာ Google Inc နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့  ပထမဆုံး စာမျက်နှာပါ ရေးထားတာ တွေ့ ရပါတယ်။ သူတို့ ပေးထားတဲ့ နာမည်ကလည်း လူတွေ အထင်မှားနိုင်လောက်တဲ့ အမည်မျိုး ဖြစ်နေလို့ ကြိုပြီး ရှင်းပြထားတာ ဖြစ်မယ်။

တခြားဆိုဒ်တွေလိုပဲ Mp3Gle ဟာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ audio files တွေကို လိုက်ရှာပေးတဲ့ အလုပ်ပဲ လုပ်ပါတယ်။ သူတို့ ရဲ့ server မှာ ဘာ file မှ သိမ်းမထားပါဘူးလို့  သေသေချာချာရေး ထားပါတယ်။ ရှာလို့ တွေ့ တဲ့ သီချင်းတွေကို Download မလုပ်ခင် နားထောင်ကြည့်နိုင်တဲ့ Feature လည်း Mp3Gle မှာ ပါတယ်။ သီချင်းတွေ စမ်းရှာကြည့်တာတော့ အဆင်ပြေပါတယ်။
အရင်ကျွန်မ သုံးလေ့ရှိတဲ့ Search Engine နှစ်ခုနဲ့  ဒီနေ့ တွေတဲ့ Search Engine နဲ့ ဘယ်ဟာက ပိုပြီး ကောင်းသလဲ ဆိုတာ ကျွန်မလည်း အသေအချာ စမ်းမကြည့်ရ သေးပါဘူး။ ကျွန်မ အနေနဲ့ ကတော့ ဒီ Search Engine ၃ ခုကို အဆင်ပြေသလို သုံးဖြစ်မယ် ထင်တယ်။ ဘာနဲ့ ပဲရှာရှာ ကျွန်မ လိုချင်တဲ့ သီချင်း ရဖို့ က အဓိက မဟုတ်လား။ ဒါပေမယ့် သုံးတဲ့ အချိန် ကြာလာတဲ့ အခါမှာ Search Engine က ဘာတွေ ပိုကောင်းတယ် ဆိုတာ သိလာမယ် ထင်ပါတယ်။

Others Related Links:
SkreemR.com
SeekMp3.net

March 10, 2008

Sad News : Sai Htee Saing Passed Away

နေ့ လယ်စာ စားပြီးချိန်.. သတင်းတွေ ဖတ်နေရင်း နေးတစ်မှာ စိုင်းထီးဆိုင် ကွယ်လွန်ကြောင်း သတင်းတွေ ထွက်နေတယ်။ ဟုတ်သလားဆိုပြီး မေးထားတာတွေ့ လိုက်ရတယ်။ အဲဒီ သတင်းမမှန်ပါစေနဲ့ လို့ ဆုတောင်းရင်း သတင်းတွေ လိုက်ရှာဖတ်ကြည့်ဖြစ်သွားတယ်။ MizzimaBurmese မှာ အဲ့ဒီ သတင်း တင်ထားတယ်။ အဲ့ဒီမှာ ဘာမှ အသေးစိတ် ရေးမထားတော့ သတင်းမှန်တယ်ဆိုတာကို မယုံချင်သေးဘူး။ ကိုဘွိုင်း သတင်းပေးတာနဲ့  Shanland.org က သတင်းကို ဖတ်လိုက်ရမှပဲ အဆိုတော် စိုင်းထီဆိုင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်း မှန်နေကြောင်း သိလိုက်ရပါတယ်။

Breaking News: Singer Htee Hseng passes away ( Shanland.org)

Popular Shan singer Sai Htee Hseng, 58, who exploded into prominence by singing songs composed by Sai Kham Lek, in the early 1970’s, passed way at 07:50 at his home in Kyaukmyaung, Rangoon. He had been reportedly suffering from weak lungs.

He made his last overseas performance in London on Shan New Year’s Day, which fell on 5 December 2007.


ကျွန်မ အကြိုက်ဆုံးအဆိုတော်တွေထဲမှာ စိုင်းထီးဆိုင်လည်း တစ်ယောက် လည်းပါတယ်။ မှတ်မှတ်ရရ ဒီနေ့  နေ့ လယ်စာ စားပြီး ဖုန်းပြောနေတဲ့ အချိန်ကတောင် စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့ပါတယ်။ တကယ့်ကို စိတ်မကောင်း ဖြစ်မိတယ်။ သူ့ ဂီတကို နှစ်သက်သူတွေ အားလုံး အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု့ တစ်ခု ပါပဲ။

Donation for Fire Victims

လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးဘေးအတွက် အလှူငွေကောက်ခံနေတဲ့ အကြောင်း ကျွန်မ သတင်းပေး ရေးသားခဲ့ဖူး ပါတယ်။ ဒီနေ့  မှာ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ရန်ကုန်ကို ပို့ ပေးရန် စာရင်းချုပ်တဲ့ အခါမှာ စုစုပေါင်း S$ 3200 ကောက်ခံရရှိ ခဲ့တယ်လို့  သိရှိရပါတယ်။ ဒီနေ့ ပင်နီဆူလားမှာ ငွေလွှဲဈေးက S$1 ကို ၇၈၀ ကျပ်ပါ။ ဒါပေမယ့် သပြေနုကို ဒီအလှူအကြောင်း ပြောပြတဲ့အခါမှာ ၇၈၈ ကျပ်ဈေးကို တိုးပေးတဲ့ အတွက်၊ စုစုပေါင်း ၂,၅၂၁,၆၀၀ ကျပ် လွှဲနိုင်ခဲ့တယ်လို့  သိရပါတယ်။

အခု အလှူမှာ လှူဒါန်းပေးတဲ့ အလှူရှင်တွေ၊ ထပ်ဆင့် သတင်းပေး အလှူငွေ ကောက်ခံ စုဆောင်းပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကျွန်မတို့  တတ်နိုင်သမျှ ပမာဏကို လှူဒါန်းဖြစ်အောင် အလှူငွေ ကောက်ခံရေးမှာ ဦးဆောင်မှု့ ပြုပေးခဲ့တဲ့ စင်္ကာပူက Raven အဖွဲ့ သားများ၊ အလင်းလှိုင်းအဖွဲ့ သားများ၊ နေးတစ်မန်ဘာများ အားလုံးနဲ့  အလှူရှင်များ အားလုံးကိုယ်စား လေလွင့်မှု့ မရှိပဲ မီးဘေးသင့် ဒုက္ခသည်တွေ လက်ထဲအရောက် သွားရောက် လှူဒါန်းပေးကြမယ့် ရန်ကုန်မှ တာဝန်ယူထားသူများ အားလုံးကို အထူးကျေးဇူးတင်မိတယ်။

Photo Credit: Weekly Eleven News Journal
လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်ပြင်ဒုက္ခသည်ဦးရေ စာရင်း...
အိမ်အလုံးရေ ၂၀၁ အိမ်၊ အိမ်ထောင်စု ၁၃၇၇ စု
၁၂ နှစ်အထက် ကျား - ၁၇၄၃ ဦး
၁၂ နှစ်အထက် မ - ၂၀၄၅ ဦး
၁၂ နှစ်အောက် ကျား - ၂၀၉ ဦး
၁၂ နှစ်အောက် မ - ၂၁၅ ဦး

စုစုပေါင်း မီးဘေးဒုက္ခသည် - ၄၂၀၃ ဦး

( So upset for them )

အခုလက်ရှိ ဒီစင်္ကာပူမှာ ကောက်ခံရရှိငွေ၊ အလှူရှင်များစာရင်းနဲ့  ဒီလှူဒါန်းမှု့ နဲ့  ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နေးတစ်ဖိုရမ် RAVEN Blood Donor Club Topic မှာ အမြဲ Update လုပ် ရေးသား ပေးနေပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖတ်ရှု့ နိုင်ပါတယ်။ ဘာတွေ၊ ဘယ်လို လှူဒါန်းဖြစ်တယ် ဆိုတဲ့ သတင်းကို သိရတဲ့ အခါမှာလည်း အလှူရှင်တွေ ကိုယ့်လှူဒါန်းမှု့တွေ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်စေဖို့  ကျွန်မရဲ့ ဘလော့မှာ ပြန်လည်ရေးသားပေးပါမယ်။

ကျွန်မ့ လှိုင်သာယာမီးဘေးဒုက္ခသည်တွေကို ကူညီရန် အလှူငွေများ စုစည်းကောက်ခံပေးနေကြောင်း သတင်းပေးလိုက်တဲ့ အခါမှာ စိတ်တူကိုယ်တူ အလှူငွေများ ထည့်ဝင်ကြ၊ ထပ်ဆင့်အလှူငွေ ကောက်ခံပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်... :)

March 09, 2008

Singapore Airshow 2008

23 Feb 2008 ( Saturday) မှာ သူငယ်ချင်းတွေနဲ့  Airshow သွားတုန်းက သူငယ်ချင်းရဲ့ Camera ကိုယူပြီး ရိုက်ဖြစ်လိုက်တဲ့ ဓာတ်ပုံတွေ။Related Link:
Singapore Airshow 2008 - Changi Exhibition Centre by SMA

It's time to Let It Out!

S o m e t i m e s w e a l l j u s t n e e d t o l e t i t o u t.

Starrfadu - Let It Out

It's time to let it out " You in or you out?"
It's time to LAUGH.. until you CRY,...
SCREAM... until you spit. Show your HEART...
and show some tears. SING... at the top of
your lungs. Jump for JOY.... And when tons of
STUFF... stuffs up your nose, BLOW it
loud and blow it proud.

It's time to let it out...

Other Related Link:
Starrfadu / Kleenex Ad (UK Version)
Starrfadu / Kleenex Ad (US Version)

March 07, 2008

Sonic - Online Flash Game

ဒီနေ့  ... သောကြာနေ့ ...
ပြီးခဲ့တဲ့ရက်တွေက မိုးမိထားတော့ နေလို့ သိပ်မကောင်းဖူး ဖြစ်နေတယ်။ ဒီညနေမှာ ဟိုးအရင် အပတ်တွေကလို သူငယ်ချင်းတွေ နဲ့  မတွေ့  ဖြစ်တော့ပဲ၊ အလုပ်ပြီးတာ နဲ့  အိမ်စောစော ပြန်လာပြီး ရန်ကုန်က ထည့်ပေးလိုက်တဲ့ အစားသောက်တွေ စားရင်း game ကစားဖြစ်သွားတယ်။TheSonicGames.Com

ဒီနေ့  ကျွန်မ ကစားဖြစ်တာ Ultimate Flash Sonic ဆိုတဲ့ Game ပါ။ Sonic Games တွေ ကစားရတာ ကြိုက်နှစ်သက်တယ်၊ အချိန်ရတယ်ဆို TheSonicGames.Com ကို သွားကြည့်လိုက်ပါ။ အဲဒီနေရာမှာ တခြား Sonic Games တွေ အများကြီး ရှိနေပါတယ်။

March 06, 2008

Cartoons -Jan and March 2008 issue of Yati Magazines

ဒီမနက် ကာတွန်းလေးတစ်ခု ဖတ်မိရာကနေ၊ ရတီမဂ္ဂဇင်း Website သွားပြီး အဲ့ဒီမှာ တင်ထားပေးတဲ့ ကာတွန်းတွေ အားလုံးကို ဖတ်ကြည့်ဖြစ်တယ်။ ဒီနေ့  အလုပ်သိပ်မများပဲ အချိန်အားလေးရတာနဲ့  မတ်လနဲ့  ဇန်န၀ါရီလထုတ် မဂ္ဂဇင်းမှာပါတဲ့ ကာတွန်းတွေ အားလုံးကို စုစည်းပြီး PDF တွေလုပ်ဖြစ်သွားတယ်။
ကာတွန်းကြိုက်သူတွေ အားလုံးအတွက် ....

၂၀၀၈ - မတ်လထုတ် ရတီမဂ္ဂဇင်းတွေ ပါဝင်သော ကာတွန်းများ
Read this doc on Scribd: Cartoon-2008-03-YatiMagazine

Credit to j3w3l from NativeMyanmar and Yati Magazine

IE 8 Beta 1 for Developers Now Available


Microsoft - Internet Explorer 8 Beta 1
(For Web Developers and Designers)
Internet Explorer 8 Beta 1 is a developer preview for web designers and developers to help prepare their websites for the launch of Internet Explorer 8. Some of the new features designed for developers include a developer toolbar and improved interoperability and compatibility. This new version of the popular Web browser is a major step forward in security and privacy protection, end-user experiences, and platform advances, for both Web developers and application developers.
Source : IE blog

March 05, 2008

Myanmar Medicinal Plant Database

မှတ်သားထားသင့်တယ် ထင်မိတဲ့ Website တစ်ခုပါ။

မြန်မာဆေး (တိုင်းရင်းဆေး) ဖော်စပ်ရာမှာ အသုံးပြုရှိကြတဲ့ ဆေးဖက်ဝင်ပင်တွေအကြောင်းကို ရုက္ခဗေဒ အခေါ်အဝေါ် ၊ အင်္ဂလိပ် အခေါ်အဝေါ်တွေ၊ ပုံတွေနဲ့  တကွ စနစ်တကျ စုစည်းဖော်ပြထားပါတယ်။ တိုင်းရင်းဆေးကို စိတ်ဝင်စားသူတွေ အတွက် အလွန်ပဲ အသုံးဝင်မယ်လို့  ထင်ပါတယ်။

MYANMAR MEDICINAL PLANTS DATABASE index
• A compilation by U Kyaw Tun, U Pe Than, and staff of TIL. (A CD containing a library, intended for researchers, is available in Myanmar. The CD is not for sale, and is available at cost.)
• Over 200 species of plants are listed in this DB.
• The aim of this collection is to present the medicinal plants according to the Burmese-Myanmar names, and an Akshara index is given. However, because of unreliability of the Burmese-Myanmar names, a Family name index is given, and a short description of the plant is entered into the Akshara index.
• The compilation is based on publications, both in Burmese-Myanmar and English, which are not readily available outside Myanmar. The Burmese-Myanmar names have been standardized in accordance with the names listed in official dictionaries published by the MLC (Myanmar Language Commission).
• The family names have been updated to those given in A Checklist of the Trees, Shrubs, Herbs, and Climbers of Myanmar (Chklist) -- by W. J. Kress, R. A. DeFillipps, Ellen Farr, and Daw Yin Yin Kyi, (Revised from the original works by J.H. Lace, R. Rodgers, H.G. Hundley, and U Chit Ko Ko, on the "List of Trees, Shrubs, Herbs and Principal Climbers, etc. Recorded from Burma"), Department of Systematic Biology - Botany, National Museum of Natural History, Washington, DC, 2003, pp 590. Online: http://persoon.si.edu/myanmar/index.cfm
• Some of the Myanmar sources:
- Botanical Names of Myanmar Plants of Importance, an Index in order of Burmese-Myanmar akshara, by Agricultural Department (Planning), Government of Union of Myanmar, 2000, pp 65.
- Medicinal Plants of Burma (LSR) (in Burmese) {lèý-seik-rhing:}, (former name: Agricultural Department, Government of Burma) 1978, pp 513
- Pictorial Herbal Dictionary (in Burmese) by Shin Nagathein, vols. 1 to 4, 1976.
- Burmese Indigenous Medicinal Plants (in English) by Daw Mya Bwin and U Sein Gwan, Pharmacology Research Division, Department of Medical Research, Ministry of Health, Rangoon, 1973.


Credit to THKZ

TP Myanmar Thingyan 2008

TP သင်္ကြန် ၁၀ နှစ်ပြည်ပွဲကို ၂၂ ရက်မတ်လ မှာ Republic polytechnic တွင် ကျင်းပမှာ ဖြစ်တယ်လို့  သူငယ်ချင်း တစ်ယောက်က သတင်းပေးပါတယ်။ မတ်လ ၁ ရက်နေ့ က စပြီး လက်မှတ်တွေ ရောင်းနေပါပြီ။ မနှစ်ကလို လက်မှတ် ၀ယ်လိုအားနဲ့  ရောင်းနိုင်တဲ့ အရေအတွက် မမျှတာမျိုး မဖြစ်အောင် ဒီနှစ်မှာ ပိုပြီးကျယ်ဝန်းတဲ့ နေရာမှာ စီစဉ်ပြီး လက်မှတ်တွေများများ လုပ်ထားတယ် သိရပါတယ်။ TP သင်္ကြန်ကို သွားဖြစ်အောင် သွားမယ် စိတ်ကူးရှိရင်တော့ လတ်မှတ် စောစောကြိုဝယ်ထားတာ ပိုစိတ်ချရမယ် ထင်ပါတယ်။
TP သင်္ကြန်ကို ဒီရောက်စနှစ် တစ်နှစ်ပဲသွားဖြစ်တယ်။ နောက်ပိုင်းနှစ်တွေတော့ ရန်ကုန်ပြန်နေတာရယ် ၊ အဲ့ဒီ ရက်တွေမှာ အလုပ်ရှုပ်နေတာတွေကြောင့် မရောက်ဖြစ်ခဲ့ဘူး။ ဟိုရက်ကမှ TPmyanmar Thingyan Collection (1999-2007) အခွေ ၀ယ်ပြီးကြည့်ဖြစ်တယ်။ သူငယ်ချင်းတွေထဲက အဲ့ဒီ သင်္ကြန်ခွေတွေ ကြည့်ချင်တဲ့ သူတွေရှိရင် ပြောပါ။ S$25 ပေးဝယ်လိုက်ရတယ်ဆိုတော့ တစ်ယောက်တည်း ကြည့်တယ်ဆို မတန်ဘူး ထင်တယ်လေ။

ဒီနှစ် TP သင်္ကြန် ၂၀၀၈ ကိုသွားမှာလား။ ၁၀ နှစ်ပြည့်ဆိုတော့ အထူးအစီအစဉ်တွေ စီစဉ်ထားတယ် ပြောတယ်။ TP သင်္ကြန် ပျက်လုံးတွေက အစထဲက နာမည်ကြီးပဲလေ။ အစစအရာရာ အဆင်ပြေတယ်ဆို သွားဖြစ်မယ်ထင်ပါတယ်။