Pages

March 11, 2008

Mp3gle.net - Another Audio Search Engine!

ဒီနေ့  ဟိုအရင်က ကျွန်မ ရေးခဲ့ဖူးတဲ့ SkreemR နဲ့  SeekMp3 တို့ လို MP3 Files တွေ ရှာပေးတဲ့ Search Engine တစ်ခု ထပ်တွေ့ ပါတယ်။ အဲ့ဒီ Search Engine ရဲ့ နာမည်က Mp3Gle ပါ။ Audio File တွေကို Google လိုပဲ လျှင်လျှင်မြန်မြန် ရှာဖွေပေးနိုင်တဲ့ နေရာတစ်ခု ဆိုပြီး Google for Mp3 (Mp3Gle) လို့  နာမည် ပေးထားတာ ထင်ပါတယ်။ ဒါပေမယ့် ဒီဆိုဒ်ဟာ Google Inc နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့  ပထမဆုံး စာမျက်နှာပါ ရေးထားတာ တွေ့ ရပါတယ်။ သူတို့ ပေးထားတဲ့ နာမည်ကလည်း လူတွေ အထင်မှားနိုင်လောက်တဲ့ အမည်မျိုး ဖြစ်နေလို့ ကြိုပြီး ရှင်းပြထားတာ ဖြစ်မယ်။

တခြားဆိုဒ်တွေလိုပဲ Mp3Gle ဟာ အင်တာနက်ပေါ်မှာ ရှိနေတဲ့ audio files တွေကို လိုက်ရှာပေးတဲ့ အလုပ်ပဲ လုပ်ပါတယ်။ သူတို့ ရဲ့ server မှာ ဘာ file မှ သိမ်းမထားပါဘူးလို့  သေသေချာချာရေး ထားပါတယ်။ ရှာလို့ တွေ့ တဲ့ သီချင်းတွေကို Download မလုပ်ခင် နားထောင်ကြည့်နိုင်တဲ့ Feature လည်း Mp3Gle မှာ ပါတယ်။ သီချင်းတွေ စမ်းရှာကြည့်တာတော့ အဆင်ပြေပါတယ်။
အရင်ကျွန်မ သုံးလေ့ရှိတဲ့ Search Engine နှစ်ခုနဲ့  ဒီနေ့ တွေတဲ့ Search Engine နဲ့ ဘယ်ဟာက ပိုပြီး ကောင်းသလဲ ဆိုတာ ကျွန်မလည်း အသေအချာ စမ်းမကြည့်ရ သေးပါဘူး။ ကျွန်မ အနေနဲ့ ကတော့ ဒီ Search Engine ၃ ခုကို အဆင်ပြေသလို သုံးဖြစ်မယ် ထင်တယ်။ ဘာနဲ့ ပဲရှာရှာ ကျွန်မ လိုချင်တဲ့ သီချင်း ရဖို့ က အဓိက မဟုတ်လား။ ဒါပေမယ့် သုံးတဲ့ အချိန် ကြာလာတဲ့ အခါမှာ Search Engine က ဘာတွေ ပိုကောင်းတယ် ဆိုတာ သိလာမယ် ထင်ပါတယ်။

Others Related Links:
SkreemR.com
SeekMp3.net

2 comments:

မေ said...

ဒီ mp3 search engine က SeekMp3 နဲ့တော့ ဆင်ဆင်ပဲနော်။

Nay Nay Naing said...

ဟုတ်တယ် မမေ။ Mp3Gle က SeekMp3 နဲ့တော့ ဆင်တယ်။ ဒါနှစ်ခုထက်စာရင် SkreemR က Information ပိုပြီး များများပြပေးတယ်။