Pages

March 10, 2008

Donation for Fire Victims

လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးဘေးအတွက် အလှူငွေကောက်ခံနေတဲ့ အကြောင်း ကျွန်မ သတင်းပေး ရေးသားခဲ့ဖူး ပါတယ်။ ဒီနေ့  မှာ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ရန်ကုန်ကို ပို့ ပေးရန် စာရင်းချုပ်တဲ့ အခါမှာ စုစုပေါင်း S$ 3200 ကောက်ခံရရှိ ခဲ့တယ်လို့  သိရှိရပါတယ်။ ဒီနေ့ ပင်နီဆူလားမှာ ငွေလွှဲဈေးက S$1 ကို ၇၈၀ ကျပ်ပါ။ ဒါပေမယ့် သပြေနုကို ဒီအလှူအကြောင်း ပြောပြတဲ့အခါမှာ ၇၈၈ ကျပ်ဈေးကို တိုးပေးတဲ့ အတွက်၊ စုစုပေါင်း ၂,၅၂၁,၆၀၀ ကျပ် လွှဲနိုင်ခဲ့တယ်လို့  သိရပါတယ်။

အခု အလှူမှာ လှူဒါန်းပေးတဲ့ အလှူရှင်တွေ၊ ထပ်ဆင့် သတင်းပေး အလှူငွေ ကောက်ခံ စုဆောင်းပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလှိုင်သာယာ မီးဘေးဒုက္ခသည်တွေကို ကျွန်မတို့  တတ်နိုင်သမျှ ပမာဏကို လှူဒါန်းဖြစ်အောင် အလှူငွေ ကောက်ခံရေးမှာ ဦးဆောင်မှု့ ပြုပေးခဲ့တဲ့ စင်္ကာပူက Raven အဖွဲ့ သားများ၊ အလင်းလှိုင်းအဖွဲ့ သားများ၊ နေးတစ်မန်ဘာများ အားလုံးနဲ့  အလှူရှင်များ အားလုံးကိုယ်စား လေလွင့်မှု့ မရှိပဲ မီးဘေးသင့် ဒုက္ခသည်တွေ လက်ထဲအရောက် သွားရောက် လှူဒါန်းပေးကြမယ့် ရန်ကုန်မှ တာဝန်ယူထားသူများ အားလုံးကို အထူးကျေးဇူးတင်မိတယ်။

Photo Credit: Weekly Eleven News Journal
လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်ပြင်ဒုက္ခသည်ဦးရေ စာရင်း...
အိမ်အလုံးရေ ၂၀၁ အိမ်၊ အိမ်ထောင်စု ၁၃၇၇ စု
၁၂ နှစ်အထက် ကျား - ၁၇၄၃ ဦး
၁၂ နှစ်အထက် မ - ၂၀၄၅ ဦး
၁၂ နှစ်အောက် ကျား - ၂၀၉ ဦး
၁၂ နှစ်အောက် မ - ၂၁၅ ဦး

စုစုပေါင်း မီးဘေးဒုက္ခသည် - ၄၂၀၃ ဦး

( So upset for them )

အခုလက်ရှိ ဒီစင်္ကာပူမှာ ကောက်ခံရရှိငွေ၊ အလှူရှင်များစာရင်းနဲ့  ဒီလှူဒါန်းမှု့ နဲ့  ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နေးတစ်ဖိုရမ် RAVEN Blood Donor Club Topic မှာ အမြဲ Update လုပ် ရေးသား ပေးနေပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဖတ်ရှု့ နိုင်ပါတယ်။ ဘာတွေ၊ ဘယ်လို လှူဒါန်းဖြစ်တယ် ဆိုတဲ့ သတင်းကို သိရတဲ့ အခါမှာလည်း အလှူရှင်တွေ ကိုယ့်လှူဒါန်းမှု့တွေ အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်စေဖို့  ကျွန်မရဲ့ ဘလော့မှာ ပြန်လည်ရေးသားပေးပါမယ်။

ကျွန်မ့ လှိုင်သာယာမီးဘေးဒုက္ခသည်တွေကို ကူညီရန် အလှူငွေများ စုစည်းကောက်ခံပေးနေကြောင်း သတင်းပေးလိုက်တဲ့ အခါမှာ စိတ်တူကိုယ်တူ အလှူငွေများ ထည့်ဝင်ကြ၊ ထပ်ဆင့်အလှူငွေ ကောက်ခံပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်... :)

No comments: