Pages

March 10, 2008

Sad News : Sai Htee Saing Passed Away

နေ့ လယ်စာ စားပြီးချိန်.. သတင်းတွေ ဖတ်နေရင်း နေးတစ်မှာ စိုင်းထီးဆိုင် ကွယ်လွန်ကြောင်း သတင်းတွေ ထွက်နေတယ်။ ဟုတ်သလားဆိုပြီး မေးထားတာတွေ့ လိုက်ရတယ်။ အဲဒီ သတင်းမမှန်ပါစေနဲ့ လို့ ဆုတောင်းရင်း သတင်းတွေ လိုက်ရှာဖတ်ကြည့်ဖြစ်သွားတယ်။ MizzimaBurmese မှာ အဲ့ဒီ သတင်း တင်ထားတယ်။ အဲ့ဒီမှာ ဘာမှ အသေးစိတ် ရေးမထားတော့ သတင်းမှန်တယ်ဆိုတာကို မယုံချင်သေးဘူး။ ကိုဘွိုင်း သတင်းပေးတာနဲ့  Shanland.org က သတင်းကို ဖတ်လိုက်ရမှပဲ အဆိုတော် စိုင်းထီဆိုင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်း မှန်နေကြောင်း သိလိုက်ရပါတယ်။

Breaking News: Singer Htee Hseng passes away ( Shanland.org)

Popular Shan singer Sai Htee Hseng, 58, who exploded into prominence by singing songs composed by Sai Kham Lek, in the early 1970’s, passed way at 07:50 at his home in Kyaukmyaung, Rangoon. He had been reportedly suffering from weak lungs.

He made his last overseas performance in London on Shan New Year’s Day, which fell on 5 December 2007.


ကျွန်မ အကြိုက်ဆုံးအဆိုတော်တွေထဲမှာ စိုင်းထီးဆိုင်လည်း တစ်ယောက် လည်းပါတယ်။ မှတ်မှတ်ရရ ဒီနေ့  နေ့ လယ်စာ စားပြီး ဖုန်းပြောနေတဲ့ အချိန်ကတောင် စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့ပါတယ်။ တကယ့်ကို စိတ်မကောင်း ဖြစ်မိတယ်။ သူ့ ဂီတကို နှစ်သက်သူတွေ အားလုံး အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု့ တစ်ခု ပါပဲ။

4 comments:

စိုးထက် - Soe Htet ! said...

တစ်ကယ့်ကို စိတ်မကောင်းပါဘူး ...
ကျွန်တော် ရည်းစား ဘ၀ က သူ့ကို ညတိုင်း စိုင်းထီးဆိုင် သီချင်းကို ဂစ်တာတီးပြီး ဆိုပြ ခဲ့ တာ ...
နှစ်ယောက်လုံး အရမ်း ကြိုက်တာဗျ :(

Myo Kyaw Htun said...

စိတ်မကောင်းပါဘူး။ တစ်ရက်ကတောင် သူ့သီချင်းတွေ ထိုင်တီးနေသေးတယ်။ သေမင်းကလဲ ... လူကောင်တွေချည်းပဲ ရွေးခေါ်နေတယ် :(

AwLanMg said...

ကိုထီး သတင်း ညီမလေး ပို့စ်ဖတ်ရမှ သိတာ.
ချက်ခြင်း မျက်ရည်တွေ ၀ဲလာမိအောင် ခံစားရတယ်။
ကိုထီး ကောင်းရာသုဂတိလားပါစေ

Nay Nay Naing said...

၁၂ ရက်နေ့ က စိုင်းထီးဆိုင် ဈာပန ကျင်းပတယ်လို့ သိရတယ်။ စိုင်းထီးဆိုင် ကောင်းရာသုဂတိလားပါစေ။