Pages

December 20, 2009

Burmese fried noodle

ဗမာပြည်မှ ခေါက်ဆွဲကြော်
From Burmese Food

ဘယ်ရယ်တော့ မဟုတ်ပါဘူး။ အခု ဗိုက်ဆာနေတယ်။ ရန်ကုန်က ခေါက်ဆွဲကြော် စားချင်စိတ် ပေါ်နေပါတယ်။ ဒီ့အတွက် ရှိတဲ့ ဓာတ်ပုံလေး တင်လိုက်တယ်။ ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ အစားအသောက်တွေထဲက ပုံတွေပါ။ ပုံထဲက ခေါက်ဆွဲကြော်က သံတော်ဆင့် ဆိုတဲ့ စားသောက်ဆိုင်က ၀ယ်လာတာပါ။ အဲဒီနေ့ က ညနေပိုင်း အပြင်လည်း မထွက်ချင်၊ ထမင်းလည်း မစားချင်ဘူးဆိုလို့  အမေက မောင်လေးကို သွားဝယ် ခိုင်းခဲ့တာ။ စားလို့ ကောင်းတယ်။ ကြက်သားနဲ့  လား ၀က်သားနဲ့ လား မမှတ်မိတော့ဘူး။ ကြက်သားဖြစ်မယ် ထင်တယ်။ ဆိုင်မှာ ၀ယ်စားတဲ့ ၀က်သားနဲ့  ခေါက်ဆွဲကြော်တွေက အဆီတွေပါတော့ မစားဖြစ်ဘူး။

December 17, 2009

♥ In Love with....

Mirroring....

Dual Monitor...

Yes..
It's a Present From My Love!!

December 16, 2009

အတွေးများနဲ့ ရူး... ရူး..

တခါတလေ ခေါင်းထဲမှာ ဖျက်ကနဲ ပေါ်လာတတ်တဲ့ သီချင်း စားသားတချို့ ။ ငယ်ငယ်က အဲဒီသီချင်းက ကိုယ်နဲ့  အရမ်း မရင်းနှီးခဲ့ဘူး။ ဒါပေမယ့် စာသားတချို့ ကို စိတ်ထဲမှာ မှတ်မိနေတယ်။ သီချင်းနာမည်လည်း သိတယ်။ သီဆိုသူကို မှတ်မိတယ်။

သီချင်းနာမည်က ♪ အတ္တ ♪ သီဆိုသူက ♪ မေဆွိ။

အတ္တ

ငယ်စဉ်ကတည်းက ရိုးသားဖြူစင်ခဲ့.. ရေလိုကြည်လင်အေးမြလို့  သာယာနေတဲ့ ကိုယ့်ဘ၀ကို
ဘယ်သူဝင်ကာ ဆေးဆိုးလိုက်ပြီလဲ.. အိုး..... စဉ်းစားမရတော့ဘူး ကိုယ့်စိတ်တွေ
လေထဲမှာလွင့်မျောကာ ထိန်းမရနိုင်ဘူး. ကိုယ့်မျက်လုံးတွေထဲ..
အမြင်တွေ မှုန်ရီဝါး မသဲကွဲတော့ဘူး…

ဆန္ဒများနဲ့  စိတ်ဓါတ်ကိုဖိစီး .. ခန္ဒာကိုယ်က သွေးဆဲလ်နဲ့ … တည်ငြိမ်နေတဲ့ နှလုံသားထဲ
ဘယ်သူဝင်ကာ အဆိပ်ခတ်လိုက်ပြီလဲ… အိုး… အိပ်လို့ မရတော့ဘူး.. ကိုယ့်ညတွေ…
ရင်မောကာ နေရတာ စိတ္တဇလိုပဲ… ကူညီကြပါအုံး…
ဒီမှာကယောင်ချောက်ခြား အတွေးများနဲ့ ရူး... ရူး..

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ… ကိုယ့်အရိပ်ကိုယ် ရန်သူထင်တယ်…
ဦးဏှောက်ထဲမှာ လိုချင်တာပဲသိ… ဘယ်အရာတွေ ဘယ်လို…
အို ကောင်းသလား ဆိုးမှာလား.. ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး.
အတ္တများနဲ့  အဆိပ်တက်လို့  အခန်းကျဉ်းထဲမှာ ကိုယ်တစ်ယောက်တည်း ရူး.


ပြန်နားထောင်ချင်လို့  အင်တာနက်ပေါ်မှာ လိုက်ရှာနေတာ ကြာခဲ့ပြီ။ ချောစုခင် (အတ္တ) ဆိုထားတာကိုတော့ တွေ့ တယ်။ နားထောင်ကြည့်တယ် ခံစားလို့ မရဘူး။ မေဆွိ ဆိုတဲ့ အသံက နားထဲ စိတ်ထဲမှာ စွဲနေတယ်။ မေဆွိဆိုတာကိုပဲ နားထောင်ချင်တယ်။ လိုက်ရှာနေတာ အခုအချိန်ထိ လုံးဝ မတွေ့ ဘူး။ ဦးစမ်းအောင် ဆိုတဲ့သူ ရဲ့ Youtube မှာ TV ကလာတဲ့ သီချင်းအဟောင်းတွေ တင်ထားတာ စတွေ့ တဲ့အချိန်ကလည်း ဒီသီချင်းများ ရှိမလားဆို ရှာကြည့်မိခဲ့ပါသေးတယ်။ ဒီသီချင်း ရှိမနေဘူး။

MTV လေး ပြန်ကြည့်ချင်တယ်။ ဒီသီချင်း TV မှာ လာလို့  သာ သိနေခဲ့တာ။ ကိုယ့်စိတ်ထဲ မှတ်မိ နေသလောက်ဆို သစ်ရွက်ကြွေရှုခင်း နောက်ခံနဲ့ ။ အိမ်တစ်လုံး နောက်ခံလည်း ပါတယ်။ နောက်ခံတွေက သီခြား ပန်းချီကား၊ ဓာတ်ပုံလို ဟာတွေလို့  ထင်တယ်။ ဒီတော့ မေဆွိက ထိုင်ခုံ ပုလေးမှာ ထိုင်လိုက်၊ မတ်တပ်ရပ်လိုက် နီးလာလိုက် ဝေးသွားလိုက် ပုံစံ အမျိုးမျိုးပဲ။

အတ္တဆိုတဲ့ အရာနဲ့  သာမန်လူသားတိုင်းက ကင်းနိုင်ကြမယ် မထင်ဘူး။ အတ္တစိတ်လေး အလွန်အကျွံ မများအောင်တော့ အသိတရားလေး နဲ့  ထိမ်းချုပ်ဖို့ လိုပါလိမ့်မယ်။

December 15, 2009

♦ Cartoons : IT Security Awareness - Be Careful

ဝေးဝေးလည်း မနေနိုင်ပါဘူး။ မသုံးပဲလည်း မနေနိုင်ဘူး။


တကယ်တကယ်ဆို ကိုယ့်အတွက် ရတာတွေက ဒီ့ထက်မကပါ။


ကိုယ့်အတွက် အကျိုးရှိတာတွေ အများအပြားရနိုင်သလို အပေါ်က ပုံထဲကလို မလိုအပ်တဲ့ အရာတွေ ကိုယ့်ကွန်ပြူတာထဲ ရောက်လာနိုင် ပါတယ်။ စိုးရိမ်တဲ့အတွက် ဂရုစိုက်ရပါတယ်။

အမြဲ သတိ ပေးတယ်။ အင်တာနက်ပေါ်ကနေ လွယ်လွယ်ရတယ်ဆိုပြီး ဒေါင်းလုတ်တွေ အလွယ်တကူ မလုပ်နဲ့တဲ့။ ဟုတ်ကဲ့။ မလိုတာတွေကို ဒေါင်းလုပ် မလုပ် မိအောင်နေပါတယ်။ စိတ်မချရတဲ့ အီးမေးတွေကို လုံးဝ မဖွင့်ပါဘူး။ exe ဖိုင်ဆို တော်ယုံနဲ့  ဒေါင်းလုပ် မလုပ်ပါဘူး။ စိတ်မချရတဲ့ Website တွေကို မသွားပါဘူး။ Security Update လည်း အမြဲလုပ်ပါတယ်။ AntiVirus Software ကိုလည်း အမြဲ update လုပ်ဖို့ မမေ့ ရပါဘူး။

ကိုယ့်အိမ်က အင်တာနက်ကိုလည်း လုံခြုံရေး ဂရုစိုက်ပါတယ်။ Password တွေကိုလည်း ရှည်ရှည်လျားလျား ရှုပ်ရှုပ်ရှက်ရှက်ထား ပါတယ်။ တခါတလေ ကိုယ့်ဘာသာကိုယ်တောင် မမှတ်မိရလောက်အောင် ဖြစ်ရပါတယ်။ တခြားသူတွေကို ကိုယ့် Password ပေးသိတာမျိုး မလုပ်ပါဘူး။ Messenger တွေ ၊ အီးမေးတွေက နေ လင့်တွေ ဖိုင်တွေ ရတယ်ဆိုလည်း ပို့ တဲ့သူကို တကယ်ပို့ တာလား ဆိုတာ သေချာအောင် confirm လုပ်ပြီးမှာ လိုအပ်တာတွေ ဆက်လုပ်ပါတယ်။ Thumbdrives တွေသုံးရင်လည်း အဲဒီထဲက ဖိုင်တွေမကူးခင် Scan လုပ်တဲ့အကျင့်လေး အမြဲလုပ်ရပါမယ်။ ကွန်ပြူတာမှာ folders တွေ မလိုအပ်ရင် share မလုပ်ပါဘူး။ လုပ်ဖို့ လိုမယ်ဆိုရင်လည်း Password လေး ထည့်ထားပါတယ်။

ကျန်သေးလား။ ကျန်နိုင်သေးတယ်။ ဒါပေမယ့် အခုတော့ ဒီလောက်ပဲ စဉ်းစားရပါတယ်။ သတိရတာရှိမှ ထပ်ဖြည့်ပါမယ်။

Source : the Infocomm Development Authority of Singapore (IDA).

Other Related Post:
♦ Cartoons : IT Security Awareness - Ghost Writer!!
♦ Cartoons : IT Security Awareness - Backup your files!!
♦ Cartoons : IT Security Awareness - Power Down!
♦ Cartoons : IT Security Awareness

December 13, 2009

Week End...

အလုပ်ပိတ်ရက်တွေမှာ အပြင် မထွက်ဖြစ်ဘူး။ အိမ်မှာ လုပ်စရာရှိတာလေးတွေ လုပ်ပြီးလို့  ဂိမ်းလည်း မဆော့ချင်၊ ရုပ်ရှင်လည်း မကြည့်ချင်တဲ့ အချိန်တွေမှာ....


အခု အပတ် မဟုတ်ဘူး။ နိုဝင်ဘာ ပထမ အပတ်ကပါ။ အိမ်မှာနေရင်း ပျင်းလာတာနဲ့  Window 2003 Server သွင်းထားတဲ့ ကွန်ပြူတာကို Window 7 Enterprise Edition ပြောင်းသွင်း ဖြစ်ခဲ့တယ်။ OS အသစ် ဆိုတော့ စမ်းကြည့်ချင်တာလည်း ပါတယ်။ အခုလို OS အသစ်အသစ်တွေ ထွက်တိုင်း လိုသလို စမ်းနိုင်ဖို့  တစ်စုံတစ်ယောက်ကလည်း အမြဲ တွန်းအားပေး လိုအပ်တဲ့ Software တွေ အကုန် စီစဉ်ပေးတယ်။ ကျန်တာတော့ ကိုယ့်ဘာသာလုပ်ပေါ့လေ။ ကိုယ်မလုပ်နိုင်တာ ရှိမယ်ဆိုရင်တော့ သူကူပါတယ်။

ဒီကွန်ပြူတာကို ဒီရောက်ခါစ အချိန်က ၀ယ်တာဆိုတော့ အတော်လေး ကြာနေပြီ။ စသုံးတုန်းက Window XP သွင်းထားတယ်။ Window Vista ထွက်ခါစက တစ်ခါ ပြောင်းပြီး သုံးကြည့်သေးတယ်။ သိပ်မကြိုက်တာ နဲ့  တခြား OS တွေပြောင်းသုံးတယ်။ နောက်ဆုံးကတော့ Window 2003 Sever Standard Edition သုံးနေခဲ့တာ။ အခု Window 7 သွင်းတယ် ကျန်တာ အကုန် အဆင်ပြေ တယ်။ ပြသနာလို့ ပြောနိုင်တာဆိုလို့  Network Cards တွေကို ချက်ချင်း တန်း မသိဘူး။ အဲဒီ ကွန်ပြူတာမှာ Network ကတ် သုံး ခုတတ်ထားတယ်။ တစ်ခုမှ မသိဘူး။ ဒါပေမယ့် USB Wireless Adapter တစ်ခုရှိနေတာနဲ့  သုံးကြည့်တော့ အဆင်ပြေပြီး အင်တာနက်ရသွားတယ်။ အင်တာနက်ရတော့ Windows Auto Update လုပ်လိုက်တဲ့ အခါ စက်မှာ တတ်ထားတဲ့ ကတ်တွေကို အလိုလို သိသွားတယ်။ Graphic Card လည်း သူ့ အလိုလို သိတယ်။ မဆိုးပါဘူး။ Window Activate မလုပ်သေးပဲ ဒီတိုင်း စမ်းသုံးကြည့်တယ်။ သွင်းချင်တာတွေ သွင်းကြည့် ကလိဖြစ်တယ်ပေါ့။ အဲဒီ အပတ် စနေ တနင်္ဂနွေ နှစ်ရက်လုံး အချိန်ကုန် သွားတာပါပဲ။

4-5 ရက်လောက် စမ်းကြည့်ပြီး ဆက်သုံးမယ် စိတ်ကူးတာနဲ့  OS တစ်ခါပြန် တင်ပြီး Window Activate လုပ်လိုက်တယ်။ တကယ်မသုံးပဲ Key ကို မဖြုန်း လိုက်ချင်ဘူး။ အခုအချိန်အထိတော့ အဲဒီ ကွန်ပြူတာမှာ Window 7 ဆက်သွင်းထားတုန်းပဲ။





ဒါက OS အသစ် Install လုပ်နေတဲ့ တခဏ အချိန်မှာ...
ဟိုဖြုတ်ဒီဖြုတ်

Other Related Posts :
Window Vista in My Computer
Microsoft Windows Update
Ubuntu

ဒီတစ်ပတ် နောက် တမျိုး။ ... နောက်များမှ ရေးပါအုံးမယ်..

December 07, 2009

X'mas at PS

အလင်း နဲ့  အမှောင်



ပန်းခြံထဲမှာ...



စားမယ်ဝါးမယ်





Another Room with 2008 X'mas Items

The educated fool..

I'm an educated fool
So I don't know what it is I'm supposed to do
About this awkward situation
That's been forced down right upon me

As I'm walking down into
on my own into the valley of life
Got a lifetime of experience
yeah I've got so much to give

Open the page at chapter one
could this just be that life's just begun
Forever within your darker thoughts
Reflecting on everything you've been taught

Never felt this way before
Seems that somebody's just opened the door
To the book of life .... or is it death!
there's ever anyway out

Someone's looking down on me
to the very inner core of my soul
They won't tell me what they see
But I really want to know

I want to live my life on my own
I want to lift the unturned stone
I want to walk right into the fire
I want to live out all my desires

I want to go and see the fire burn
I want to see and feel my world turn
I want to know what more there's to learn
I want to pass the point of no return

Do you really wanna be
Just another one statistic or feel

That you really should aspire
That you really do deserve more

Do you ever really feal
That you have so much potential inside
What you really have to give
Could be realized so much more

I want to live my life on my own
I want to lift the unturned stone
I want to walk right into the fire
I want to live out all my desires

I want to go and see the fire burn
I want to see and feel my world turn
I want to know what more there's to learn
I want to pass the point of no return

Time will flow
And I will follow
Time will go
But I will follow

Time will flow
And I will follow
Time will go
But I will follow

I want to feel what life's like respond
I want to meet my father beyond
I want to walk right into the light
I want to feel no fear but delight

I want to live my life on my own
I want to lift the unturned stone
I want to walk right into the fire
I want to live out all my desires

Time will flow
And I will follow
Time will go
But I will follow

.....

The educated foo


November 26, 2009

It's that time of year...

4th Thursday of November
There is no time more appropriate to say....
THANK YOU!




P.S. I am so glad I was born.

November 21, 2009

Just perspectives..

From ThePhotoITook

မြင်ကွင်းလေး သဘောကျသွားတာကြောင့် ဖုန်းနဲ့  ဓာတ်ပုံရိုက်ယုံ အားမရလို့  camera ထုတ်ပြီး ရိုက်ယူဖြစ်ခဲ့တယ်။ အရမ်း သဘောကျတယ်။

ပုံအကြီး ကြည့်ချင်တယ်ဆို ဓာတ်ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်လို့ ရပါတယ်။

November 20, 2009

Cape Gooseberry

မစားဖူးလို့  စားကြည့်ဖို့  ၀ယ်လာဖြစ်တဲ့ အသီး။
From Cape Gooseberry

စားကောင်းလားဆို အသီးရဲ့ အရသာထက် အနံ့ ကို ပိုကြိုက်တယ်။ အပင်တွေ အသီးတွေ အပွင့်တွေက ထွက်တဲ့ စိမ်းဖန့် ဖန့်  မွှေးတေးတေး အနံ့ တွေနဲ့  ဝေးနေတာကြာလို့ လားမသိဘူး အခု အသီးက ထွက်တဲ့ အနံ့ လေးရနေတာကို သဘောတွေ ကျနေမိတယ်။ အသီးရဲ့ အရသာက မချိုဘူး။ ချဉ်ပြုံး ချဉ်ပြုံးလေ။
From Cape Gooseberry

မနေ့ က မိုးတွေရွာတယ်။ နေ့ လယ်စာစားအပြီး မိုးရွာနေတာကြောင့် အလုပ်ပြန်ဖို့  အဆင်မပြေတာကြောင့် အချိန်းဖြုန်းတဲ့ အနေနဲ့  သစ်သီးရောင်းတဲ့ ဆိုင်ထဲ ၀င်ကြည်ရင်း ထူးဆန်းလို့  ၀ယ်ဖြစ်သွားခဲ့တာပါ။ ဆိုင်မှာ အဲဒီအသီးကို Goosebarries လို့  label တတ်ထားတာ ကိုယ်အရင်သိတဲ့ Goosebarries တွေနဲ့ လည်း မတူဘူးလေ။ ထည့်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။
From Cape Gooseberry

အသီးက အခွံနဲ့ မို့  ထူးဆန်းနေတာ အခွံချွတ်ထားပုံစံက သိပ်မထူးဆန်းဘူး။ အရောင်သာကွဲတာ ပုံစံက ချယ်ရီသီး၊ ခရမ်းချဉ်သီး သေးသေးလေးတွေနဲ့ တူတယ်။
From Cape Gooseberry
Google ကြည့်တော့ အဲဒီအသီးနာမည်က Cape Gooseberry (Goldenberry) လို့  ခေါ်ကြောင်း သိလိုက်ရတယ်။ ခရမ်းချဉ်သီးပင်နဲ့  မျိုးနွယ်တူပြီး သူ့  အပင်ပုံစံ နဲ့  ပန်းပွင့်ပုံစံက ခရမ်းချဉ်သီးလိုပဲ။ သူရဲ့ အရသာက ချဉ်တယ်၊ Gooseberry နဲ့  Cherry ကြားမှာရှိတဲ့ အရသာမျိုးလို့  ဆိုထားတယ်။ ဒီတိုင်းလည်း စားလေ့ရှိသလို၊ ဆလတ် ထဲ ထည့်စားတာမျိုးလည်း ရှိတယ်။ ယိုထိုး စားတယ်။ ဂျယ်လီ လုပ်စားတယ်။ နောက်ပြီး ကိတ်မုန့် တွေပေါ်မှာ အလှဆင်တာမျိုးလည်း သုံးတယ်တဲ့။ ဒီအသီးကို စားဖို့  အကောင်းဆုံးနည်းကတော့ ချောကလက် အရည်မှာ နှစ်ပြီး စားတာလို့  သိရတယ်။

ဝယ်လာတာ အကုန်မစားရသေးဘူး။ ကျန်သေးတယ်။ နောက်နေ့ မှ ချောကလက် သွားဝယ်ပြီး အရည်ပျော်အောင်လုပ်ပြီးရင် အသီးနဲ့  အတူ စားကြည့်အုံးမယ် စိတ်ကူးထားတယ်။

Cheese Cake ကို Goosebarries အလှဆင်ထားတဲ့ပုံ။

အပေါ်က Cake ပုံနဲ့  အောက်ကပုံက အင်တာနက်ပေါ်မှာ အသီးအကြောင်းလိုက်ရှာရင်း တွေ့ တဲ့ပုံတွေထဲက ကြိုက်လို့ ယူထားတာပါ။

အိမ်က အစ်မကို မေးကြည့်တော့ အဲဒီ အသီးကို ဘောက်သီး လို ခေါ်တယ်။ သူတို့ ငယ်ငယ်က ကျောင်းဈေးတွေမှာ ရောင်းလို့  အမြဲဝယ်စားဖြစ်တယ်လို့  ပြောတယ်။ ဈေးပေါတယ်တဲ့။ ပြောလို့ သာသိရတာ ကိုယ်တို့ ကျောင်းမှာတော့ အဲဒီအသီး မရောင်းဘူး၊ ငယ်ငယ်တုန်းကဆို စားဖို့ မပြောနဲ့  မြင်တောင် မမြင်ဖူးဘူး။
From Cape Gooseberry
ဒီနိုင်ငံမှာတော့ ဈေးမပေါဘူး။ ဒါပေမယ့် ချယ်ရီသီး လောက်တော့ ဈေးမကြီးဘူး။ မနေ့ က ၀ယ်လာတာ S$3.90 ပေးရတယ်။

Other Related Posts:
Cherry
Lady Fingers
Citrus Fruits
Click here to know more about Cape Gooseberry

November 17, 2009

Facebook: Magic Circles (Konami Code)

Facebook မှာ သူငယ်ချင်းတစ်ယောက်က Facebook Trick ဆိုပြီး သတင်းပေးထားတာနဲ့  စမ်းကြည့်ဖြစ်တယ်။ စက်ဝိုင်းလေးတွေ ပေါ်လာတာ လှတယ်။

Press up,up, down, down, left, right, left, right, B, A, Enter key,
then press up and down and magic circles will appear.
The only way to get rid of them are to log off or refresh the page.


ဟိုတစ်ခါလည်း အဲလိုကုတ်နဲ့ ပဲ Easter Egg လေးတွေ ပေါ်လာသေးတယ်။ ဒီနေ့ တော့ Code ကို ဘယ်လို ဘယ်သူ စတင်ဖန်တီးတာလဲ၊ ဘာကြောင့် အဲ့လို ဖြစ်တာလဲ သိချင်စိတ်နဲ့  Google ကြည့်လိုက်တော့ ...

အဲဒီ Code ကို Konami Code (Konami Command) လို့  ခေါ်ပြီး Konami ဗီဒီယိုဂိမ်း တွေအများစုမှာ သုံးလေ့ရှိတဲ့ Cheat Code တစ်မျိုး ဖြစ်တယ်ဆိုတာ သိရတယ်။ အဲဒီကုတ်ကို ၁၉၈၀ ကျော်က Nintendo အတွက်ထုတ်တဲ့ Gradius မှာ ပထမဆုံးသုံးခဲ့တယ်။ နောက်ပိုင်းတခြား ဂိမ်းတွေမှာ ပါသုံးတယ်ပေါ့။ Most Famous Cheat Code တဲ့။ ဘာလို့ ဟိုး အရင် ဂိမ်းဆော့တုန်းက ဒီလို Cheat Code တွေ မသိတာလဲ မသိဘူး။ ငယ်ငယ်တုန်းက အခုထက် ပိုရိုးသားခဲ့တာပဲ။

ဟိုကြည့်ဒီကြည့်နဲ့ လိုက်ဖတ်ရင်း အဲဒီ Konami Code က Facebook တစ်ခုထဲမှာ မဟုတ်ပဲ တခြား ဆိုဒ်တချို့ မှာပါ အလုပ်လုပ်ကြောင်း သိရတယ်။

Konami Code (Konami Command)

PHP.net ဆိုဒ်မှာ Logo ပြောင်းသွားတယ်။
Qiwi.be မှာ Enter တစ်ချက်နှိပ်တိုင်း ငမန်းတစ်ကောင် ပေါ်လာတယ်။
BBC Glow မှာ ဓာတ်ပုံ တစ်ပုံ (K-9)ပုံ ပေါ်လာတယ်။
University of Massachusetts Transit Services မှာ စမ်းကြည့်တော့ Rick Astley video Page ကို ရောက်သွားတာတွေ့ ရတယ်။
Google Reader မှာဆို နောက်ခံ ပြောင်းသွားတယ်။

တခြား ဘယ်ဆိုဒ်တွေရလဲနဲ့  ဘာတွေ ဖြစ်သလဲသိချင်တယ်ဆို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကိုယ်ရဲ့ Website မှာ အဲဒီလို Code လေး ထည့်ရေးထားချင်တယ် ဆို ရေးချင်တယ်ဆို ရေးလို့ လည်းရတယ်။ ကျွန်မ ကိုယ်တိုင်တော့ မစမ်းကြည့်ရ သေးဘူး။ စမ်းဖြစ်မယ်လဲ မထင်ဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့သူတွေ အတွက်...

The Konami Code - How To Implement it On Your Site @ abhinavsingh.com
Konami Code: Tweetable Konami code @ unwrongest.com

Credit to YeMinHtut

November 13, 2009

Thank YOU for being KIND!



ဘ၀တစ်လျှောက်မှာ ကြုံတွေခဲ့ရ၊ ချစ်ခင်ကြင်နာမှု့ များပေးခဲ့ကြတဲ့
မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများ အားလုံး ...
နှင့်
အကြင်နာတရား၊ ကိုယ်ချင်းစာတရားရှိသူ လူသားများ အားလုံး အတွက်။

World Kindness Day
(
13th November)
လူသားတိုင်းဟာ သူနဲ့  သက်ဆိုင်တဲ့ သူ့ ရဲ့ မိသားစု ၀င်တွေ၊ ချစ်ခင်သူ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ နဲ့  ပတ်ဝန်းကျင်မှာ တွေ့ ကြုံ ဆက်ဆံပတ်သက်နေတဲ့ လူတွေအပေါ်မှာ ကြင်နာတဲ့စိတ်ကိုပြတဲ့ အပြုအမူမျိုး အကြိမ်များစွာ လုပ်ဖူးကြမှာပဲလို့  ယုံကြည်မိတယ်။ ဒီတော့ လူသားတိုင်း ဒီနေ့ (13th Nov 2009) မှာ ဒေစီပန်း တစ်ပွင့် ရ သင့်တယ်။

Singapore Kindness Movement - www.kindness.sg
ဒီနေ့  နေရာအတော် များများ အ၀ါရောင် ဒေစီပန်းလေးတွေ ဝေပေးနေတာ တွေ့ ရပါလိမ့်မယ်။ ကိုယ့်ကို ကြင်နာစွာကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပန်းလေးတွေ ပေးလို့  ရဖို့ ပါ။ အပြင်မှာ ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့  ဒေစီ ပန်းပွင့်လေးတွေ ပေးဖို ခက်ခဲမယ်ဆို ဒီနေရာကို သွားပြီး အီးမေးက တစ်ဆင့် ပေးပို့ နိုင်ပါတယ်။

ကိုယ်တိုင်ကလည်း သူတပါးအပေါ် ကြင်နာစိတ်ထားပါ၊
ကိုယ့်ကို ကြင်နာမှု့ ပေးသူတွေကိုလည်း ကျေးဇူးတင်ပါ။