မစားဖူးလို့  စားကြည့်ဖို့  ၀ယ်လာဖြစ်တဲ့ အသီး။
From Cape Gooseberry |
စားကောင်းလားဆို အသီးရဲ့ အရသာထက် အနံ့ ကို ပိုကြိုက်တယ်။ အပင်တွေ အသီးတွေ အပွင့်တွေက ထွက်တဲ့ စိမ်းဖန့် ဖန့်  မွှေးတေးတေး အနံ့ တွေနဲ့  ဝေးနေတာကြာလို့ လားမသိဘူး အခု အသီးက ထွက်တဲ့ အနံ့ လေးရနေတာကို သဘောတွေ ကျနေမိတယ်။ အသီးရဲ့ အရသာက မချိုဘူး။ ချဉ်ပြုံး ချဉ်ပြုံးလေ။
From Cape Gooseberry |
မနေ့ က မိုးတွေရွာတယ်။ နေ့ လယ်စာစားအပြီး မိုးရွာနေတာကြောင့် အလုပ်ပြန်ဖို့  အဆင်မပြေတာကြောင့် အချိန်းဖြုန်းတဲ့ အနေနဲ့  သစ်သီးရောင်းတဲ့ ဆိုင်ထဲ ၀င်ကြည်ရင်း ထူးဆန်းလို့  ၀ယ်ဖြစ်သွားခဲ့တာပါ။ ဆိုင်မှာ အဲဒီအသီးကို Goosebarries လို့  label တတ်ထားတာ ကိုယ်အရင်သိတဲ့ Goosebarries တွေနဲ့ လည်း မတူဘူးလေ။ ထည့်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။
From Cape Gooseberry |
အသီးက အခွံနဲ့ မို့  ထူးဆန်းနေတာ အခွံချွတ်ထားပုံစံက သိပ်မထူးဆန်းဘူး။ အရောင်သာကွဲတာ ပုံစံက ချယ်ရီသီး၊ ခရမ်းချဉ်သီး သေးသေးလေးတွေနဲ့ တူတယ်။
From Cape Gooseberry |
ဝယ်လာတာ အကုန်မစားရသေးဘူး။ ကျန်သေးတယ်။ နောက်နေ့ မှ ချောကလက် သွားဝယ်ပြီး အရည်ပျော်အောင်လုပ်ပြီးရင် အသီးနဲ့  အတူ စားကြည့်အုံးမယ် စိတ်ကူးထားတယ်။
Cheese Cake ကို Goosebarries အလှဆင်ထားတဲ့ပုံ။
From Cape Gooseberry |
Other Related Posts:
Cherry
Lady Fingers
Citrus Fruits
Click here to know more about Cape Gooseberry
10 comments:
စားဖူးတယ်နေနေ ..သိပ်မကြိုက်ဘူး။
ဟယ်.ဘောက်သီးကြိုက်တယ်။အဘွားရှိတဲ့ဆီသွားလည်ရင် အများကြီးစားရတယ်။
မွန်ပြည်နယ်ဘက်မှာပေါတယ်။
မမွန်
တောကိုသွားလည်ရင် အဲဒီဘောက်သီးတွေ ခူးစားနေကြ...။ အခွံခြောက်နေတဲ့အသီးက စားလို့ပိုကောင်းတယ်...
My primary school in Mandalay also sold this fruits. They tie 5 together & sold 0.05P (၅ပြား). This was 30 years ago price.
အဲဒါကိုလေ ရွာမှာ ကုလားခရမ်းချဉ်သီးလို့ခေါ်တယ်
ခြံထဲမှာ အလေ့ကျပေါက်ပေါက်နေလို့ ငယ်ငယ်တုန်းက အမြဲခူးစားဖြစ်တယ်။ မမှည့်ခင်တုန်းက အစိမ်းပဲ.. မှည့်လာရင် အခွံရော အထဲက အသီးရော ဝါသွားတယ်။
လန်ဒန်မှာတော့ စူပါမားကက်ပေါ် တင်ရောင်းနေတာ မြင်ခဲ့ဖူးတယ်း)
ကြည့်ပါလား
ကြံကြံဖန်ဖန်တွေ စားတယ်။ =)
အဲဒါလေးတော့ မြန်မာပြည်မှာ စားဖူးတယ်။ ဒီရောက်တော့ ကိတ်မုန့်ပေါ်မှာ တွေ့တာ အဲဒါမှန်း မသိဘူး။ အခွံချွတ်ထားလို့လေ။
Cape ဆိုလို့ Cape Town တို့ Cape of Good Hope တို့အကြောင်းများ ပြောမလားလို့ ....
Ohh, I miss Baut Thi after reading this post, thanks for sharing. It's very cheap in our Yangon market. Yummy......
အဲလို အသီးမျိုး မမြင်ဘူးဖူး။ ချစ်စရာလေးပဲ .. စားချင်လိုက်တာ...
ကျနော် သိပ်ကြိုက်တဲ့အသီး။
ဘာသီး ခေါ်မှန်းတော့ မသိ... ခုတော့ သိဘီ။ ကျေးဇူးပါပဲ ဗျာ။
မစားရတာကြာလို့ အိပ်မက်ထဲတောင် နတ်ပြည်ထိ တက်ပြီး စားရတယ် ထည့်မက်သေးတာ။
ရှာဝယ်တာလဲ မရဘူးဗျာ။
ကိတ်မုန့်တွေပေါ်မှာ တင်ထားတာ တွေ့ပေမဲ့ ဒီမှာ မရောင်းဘူးထင်တာ။ ခုတော့ ရှိမှန်း သိဘီ။
းးး))))
Post a Comment