Pages

November 14, 2006

Cherry

ဘာရယ်မဟုတ်ပါဘူး၊ ဒီနေ့  ဈေးဆိုင်သွားရင်း တွေ့ လိုက်တဲ့ ချယ်ရီသီးလေးတွေ စားချင်စိတ်ပေါက်လာလို့  ဒီပိုစ့်ကို တင်လိုက်တာပါ။ ကျွန်မ ရန်ကုန်မှာတုန်းက ချယ်ရီသီး တစ်ခါမှ မစားဘူးခဲ့ပါဘူး။ ကျောင်းသွားတက်တော့ အသီးလေးတွေ လှတာနဲ့  ၀ယ်စားဖြစ်ရာကနေ ကြိုက်သွားတာပါ။ ကျွန်မ သူငယ်ချင်းတွေကတော့ ချယ်ရီသီးရဲ့ အရသာက ဘာမှလည်း မထူးခြားဘူးဆိုပြီး ထူးထူးခြားခြား မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်မ ၀ယ်လာရင်တော့ လာစားပေးကြ ပါတယ်။ ကျွန်မကတော့ အမြဲနီးပါး ၀ယ်စားဖြစ်ခဲ့တယ်။ ခုတော့ ဒီမှာ 100 g ကို 4 S$ နီးပါးပေးရတယ်လေ။ ၀ယ်စားဖို့  ဘယ်လိုမှ မတန်ဘူးရှင့်။ မတန်ဘူးသာပြောတာပါ တခါတလေ စိတ်ကူးပေါက်ရင်တော့လည်း ၀ယ်စားမိလိုက်သေးတယ်။ ဈေးကြီးလို့  အမြဲတော့ မစားနိုင်တော့ဘူး။

နောက်ပြီး ဟိုမှာ အိမ်ရှေ့ တွေမှာ ချယ်ရီသီးပင်တွေ စိုက်ထားတာတွေ့ ရတယ်။ ကျွန်မက သစ်ပင်တွေကို စိတ်ဝင်စားတော့ သတိတော့ ထားမိလိုက်တယ်။ ဒါပေမယ့် အစကတော့ ဘာပင်တွေမှန်းမသိဘူးပေါ့။ တခါမှ မမြင်ဘူးတာ။ နောက်ပိုင်း အသီးတွေ ပင်လုံးပြွတ်အောင် သီးနေတာတွေ့ ရတော့ အရမ်း သဘောကျမိတယ်။ စိတ်ကူးမိတယ် တနေ့ နေ့ ကိုယ်ပိုင်အိမ်လေးရှိရင် အိမ်ရှေ့ မှာဖြစ်ဖြစ်၊ အိမ်နောက်မှာဖြစ်ဖြစ် ချယ်ရီသီးပင် တစ်ပင်လောက်တော့ အနည်းဆုံး စိုက်ထားဦးမယ်လို့ ။ ခုထိတော့ စိုက်နိုင်ဖို့  လမ်းမမြင်သေးပါဘူး။ အဲ့ဒီ အပင်တွေ စိုက်ဖို့  သူနဲ့  ကိုက်တဲ့ ရာသီဥတု ရှိတဲ့ နေရာမှာ နေဖြစ်ခဲ့ရင့် တစ်ပင်လောက်တော့ အနည်းဆုံး စိုက်ဖြစ်အောင်စိုက်ကြည့်ဦးမယ်။ စိတ်ကူးတွေပေါ့လေ။

ချယ်ရီသီးမှာ အမျိုးအစားအများပြားရှိပါတယ်။ ကျွန်မသိသလောက်တော့ Bing, Lapin, Montmorency, Rainier, Stella, Sweetheart နဲ့  Van တို့ ပါ။ အဲ့ဒီထဲက Bing နဲ့  Stella အမျိုး အစား ချယ်ရီသီးတွေကို ကျွန်မ အကြိုက်ဆုံးပါပဲ။ အဲ့ဒီ အသီးတွေက လှလည်းလှ ချိုလည်းချို ဒီတိုင်းစားလို့ လည်း ကောင်းတယ်လေ။ ချယ်ရီသီးက ချီုတယ်ဆိုပေမယ့် အမျိုးအစားတိုင်းချိုတဲ့ အရသာရှိတာ မဟုတ်ပါဘူး။ တစ်ချို့  ချယ်ရီသီးတွေက ချဉ်တဲ့ အရသာရှိပါတယ်။ Montmorency ဆို ချဉ်တဲ့ အရသာရှိပြီး ဟင်းချက်တာနဲ့  pie လုပ်တဲ့ နေရာတွေမှာ အသုံးများပါတယ်။
ဒီမှာ ကျွန်မ စားချင်တဲ့ ချယ်ရီသီးတွေ….

ဒါက ချယ်ရီပွင့်တွေ ....


ချယ်ရီပင်၊ ချယ်ရီပွင့်နဲ့  ချယ်ရီသီးတွေ အကြောင်း အသေးစိတ်သိချင်ရင်တော့ wiki - cherry မှာ ဖတ်ကြည့်လို့ ရပါတယ်။ ပုံလေးတွေလည်း ပါတယ်။

4 comments:

sisain said...

ချိုတာတော့နဲနဲမြည်းဖူးတယ်ဗျ။ ကောင်းတယ်။ ကျနော်က သူ့ရဲ့ အနံ့လေးကိုသဘောကျတာ။ အဲဒီအသီးကို ခေါ်ရတဲ့နာမည်လေးကိုက ချစ်စရာလေးဗျ။
(စကားမစပ်- မနေ စပ်စုတယ်နော် ဟိဟိ)

dinga said...

အသီးပုံလေးက စားချင်စရာပဲ။ ကြိုက်လဲ ကြိုက်တယ်။ ဒါမဲ့ ဒီတိုင်း စားရတာပဲ ကြိုက်တယ်။ အမျိုးအစားတွေတော့ မသိ။ နီရဲရဲထက် နီညိုညို အလုံးကြီးကြီးတွေ ကြိုက်တယ်။ ချယ်ရီတွေက အေးတဲ့ နေရာမှာပဲ ပေါက်တာ ဟုတ်ဖူးလား။ ကိုယ်တိုင်စိုက်ချင်တယ် ဆိုရင်တော့.. အင်း...ဟုတ်တော့ ဟုတ်နေပါပြီ..ဟိ။

Anonymous said...

နောက်တခါ ၀ယ်၇င်ပြောနော်..လာကပ်စားပေးမယ်

Nay Nay Naing said...

ကိုစစ်အိမ်… ကျွန်တော်က မေးခွန်းလေး တစ်ခုပဲမေးမိတာကို ဘယ်နဲ့ စပ်စုတယ်ဖြစ်ရတာတုန်း။ စပ်စုတယ်ပြောရင် ထပ်မေးမှာနော်… :P ( စကားမစပ် ဟို မြန်မာပြည်ရဲ့ ဆန်အိုးကြီးလို့ ပြောနိုင်တဲ့ ဒေသသူလေးနာမည်က ဘာများဖြစ်မလဲလို့  စဉ်းစားနေမိတယ်ဗျာ.. )

Pthet .. ကျွန်တော်လည်း ဒီတိုင်းစားရတဲ့ အသီးမျိုးပိုကြိုက်တယ်…အပင်စိုက်ဖို့ ကြိုးစားလိုက်ဦးမယ်.. :D

မမွန်.. နောက်တစ်ခါဝယ်စားရင် (တိုးတိုးလေး) အကြောင်းကြားလိုက်မယ်… ကြားရင်လာခဲ့နော်….