Pages

November 02, 2006

How many total web sites in the Internet?

ဒီမေးခွန်းရဲ့ အဖြေကို သိကြပါသလား။ ခုချိန်မှာ internet မှာ web site တွေ ဘယ်လောက်များရှိနေပြီလဲ။

ကျွန်မ သိသလောက်၊ ကျွန်မ internet ဆိုတာကို စသုံးဘူးတဲ့ ၂၀၀၀ က နဲ့ နှိုင်းယှဉ် ကြည့်ရင်တောင်မှ တစ်နေ့  တစ်နေ့ တိုးလာလိုက်တဲ့ မြန်မာလို ရေးတဲ့ web site တွေက တင် မနည်းပါဘူး။ ကျွန်မတို့ နိုင်ငံလို IT သိပ်မဖွံ့  ဖြိုးသေးတဲ့ နိုင်ငံ က ဘာသာစကားဖြစ်တဲ့ မြန်မာလို ရေးတဲ့ site၊ English လို မြန်မာ နိုင်ငံ အကြောင်းရေးတဲ့ site တွေတောင် ဒီလောက်များလာတယ်ဆို ၊ တစ်ခြားနိုင်ငံတွေက English လိုရေးတဲ့၊ ကျွန်မ ကြားဘူးရုံ ကြားဘူးပြီး နားမလည်တဲ့ တစ်ခြား ဘာသာ စကားတွေ၊ ကျွန်မ လုံးဝ ကို မကြားဘူးတဲ့ ဘာသာစကားတွေနဲ့  ရေးတဲ့ website တွေ က အရမ်း တိုးပွါး များပြားလာမယ်ဆိုတာ သေချာပါတယ်။ ကဲ တိုးလာတာတော့ သေချာပြီ၊ ဒါဆို ခုဆို အင်တာနက်မှာ တင်ထားတဲ့ website ပေါင်း ဘယ်လောက်ရှိနေပြီလဲ။ ၁ သိန်းလား၊ ၁ သန်းလား၊ သန်း ၆၀ လား။

ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းအရဆို အင်တာနက်မှာ ရှိတဲ့ site ပေါင်း က သန်း ၁၀၀ ကျော်သွားပါပြီတဲ့။ ဒီအရေအတွက်ဟာ netscraft ရဲ့ survey အရသိရတာပါလို့ ဆိုထားပါတယ်။ အဲ့ဒီ သတင်ထဲမှာပဲ ဒီနေ့ ရှိနေတဲ့ web site အရေအတွက်ဟာ ၂၀၀၄ ကရှိနေတဲ့ web site အရေအတွက် သန်း ၅၀ ရဲ့ ၂ ဆ ဖြစ်ပါတယ်လို့  ပြောထား ပြန်ပါသေးတယ်။ ၂ နှစ် အတွင်း ၂ဆ တက်လာတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ဒါပေမယ့် ဒီ site တွေအကုန်လုံး Internet ပေါ်မှာ active ဖြစ်နေသေးတာတော့ မဟုတ်ပါဘူး။ active ဖြစ်နေတဲ့ အရေအတွက်က သန်း ၅၀ လောက်ရှိတယ်လို့  အဲ့ဒီ site ရဲ့ survey အရ သိရပြန်တယ်။ အဲ့ဒီ site တွေ အကုန်လုံးသာ active ဖြစ်သွားမယ်ဆို wow… internet ကြီးမှာ ဘယ်လောက်တောင် website တွေ ပွထပြီး ရှုပ်ရှက်ခက်၊ ဖတ်စရာ မကုန်နိုင်အောင် ဖြစ်နေ လိုက်မလဲ။ ခုလောက်တောင်မှ Internet မှာ ဟိုဖတ်ဒီဖတ် လိုက်လုပ်ဖို့  အချိန်က မလောက်ဖြစ်နေတာ။ ပြီးတော့ နောက်ဆို လူတိုင်း၊ အဖွဲ့  အစည်းတိုင်း၊ လုပ်ငန်းတိုင်း ကိုယ်ပိုင် website ရှိပြီး၊ မရှိရင် ခေတ်မမှီ ဘူးပြောရတော့မယ်။ ဟို ဟာသ ကာတွန်းလေး ထဲကလို ကိုယ်ပိုင် website မရှိသေးလို့  website လုပ်ဖို့ ပါဆိုပြီ့း ပိုက်ဆံလိုက်တောင်းနေရမလို့ ဖြစ်နေတော့မှာပဲ။

Source : NetCraft

No comments: