Pages

November 03, 2006

What am I doing in these days?

တနေ့ တနေ့ 
မနက်ဆို အိပ်ရာထ၊
ရေလေးချိုးပြီး အလုပ်သွား၊
အလုပ်ရောက်ပြီဆို အိတ်ကလေး ဘေးချ၊
ကွန်ပြူတာလေးဖွင့် အွန်လိုင်းလေးဝင်၊
သတင်းတွေဖတ်၊ ဘလောခ့်တွေဖတ်၊ ဖိုရမ်တွေဖတ်၊
ဟိုရေး ဒီရေး၊ ရေးချင်တာတွေ လျှောက်ရေး၊
နည်းနည်း စိတ်ကြည်လင်ရင် အွန်လိုင်းက ကျူတိုရီရယ် လေးတွေ လိုက်ကြည့်၊
နေ့ လည်စာ စားချိန်ရောက်ပြီဆို တစ်ယောက်တည်း နေ့ လည်စာလေး သွားစား၊
စားပြီး ပြန်လာတော့ အပေါ်မှာပြောထားတာတွေ ပြန်လုပ်ရင်း ညနေအလုပ်ဆင်းမယ့် အချိန်ကို စောင့်၊
ညနေ ၆နာရီလည်း ထိုးရော အိတ်ကလေး ကောက်လွယ်ပြီး အိမ်ပြန်၊
အိမ်ရောက်ပြီဆို ထမင်းလေးချက် ညစာလေးစား၊
သီချင်းလေးနားထောင် ဟိုကြည့်ဒီကြည့်လေးလုပ်၊
ပြီးတော့ ရေလေးချိုးပြီး အိပ်ရာဝင်။

ဒါပါပဲ။
အလုပ်သစ်မှာ ဘယ်လိုလဲ၊ အဆင်ပြေလား၊ ဂရုတစိုက် မေးဖေါ်ရသော သူငယ်ချင်များ၊ ဒီပိုစ့်လေးဖတ်ပြီးရင် အလုပ်သစ်က ဘယ်လိုလည်း ဆိုတာ သိလောက်ရောပေါ့။ ဘ၀ကြီးက အေးချမ်းနေလိုက်တာလို့  ခုချိန်မှာ ပြောနိုင်ပေမယ့် ဒီအတိုင်းသာ ဆက်နေသွားရင် အပျင်းကြီးလာပြီး အသက်တို လောက်တယ်။ နောက်ပြီး သိပ်လည်း မငြီးရဲဘူး။ ဒီလောက်အားနေတာ တမျိုးကြီးပဲ။ ခုချိန်မှာ ဘာမှ လုပ်စရာမရှိ၊ အားနေသလောက် နောင်များမှာ အလုပ်တွေ သေလောက်အောင်ရှုပ်လာမှာ စိုးရိမ်နေရပါတယ်။

5 comments:

ကလိုစေးထူး said...

အားကျပါ့ဗျာ.. အဲဒီလို အလုပ်မျိုး.. ;)

Nay Nay Naing said...

ကို, ကလိုစေးထူး , နာမည်ထင်လို့  အလိုခေါ်လိုက်တာပါ။ မှားနေရင်လည်း ပြင်ပေးပါဦး။ အရမ်းကြီး အားမကျပါနဲ့ ဦးဗျာ။ ဒီအလုပ် ၀င်တာ ၁၀ ရက်လောက်ပဲ ရှိသေးတာ။ အစပိုင်းမို့  အလုပ်မရှုပ်သေးတာလား မသိသေးဘူး။ :D

boedawgyi said...

တယ်ကောင်းတယ့်အလုပ်ပဲ၊ဒီလိုအလုပ်မျိုးစောင့်နေတာ
တစ်ခါမှမရဖူးဘူး။

ကလိုစေးထူး said...

ဟုတ်ပါတယ်.. ကလိုစေးထူးပါ.. ကရင်နာမည်လေ.. ကလိုဆိုတာ ဖားစည်.. စေးဆိုတာ ရွှေ.. ထူးဆိုတာ ငွေ.. ကရင်ပြည်နယ်သားမို့လို့ အဲဒီ နာမည်သုံးပေမယ့် ကရင်တော့ မဟုတ်ဘူး.. ;D အားရင် ကျနော့်ဆီလဲ လာလည်ပါဦးဗျ.. ;)

Nay Nay Naing said...

ဘိုးတော် ဆိုတာ ကျွန်တော်တို့  လုပ်သလို အလုပ်တွေ လုပ်ဖို့ မလိုဘူးလေ။ ဘိုးတော်အလုပ်က တခြား။

မြတ် ပြောတာမှန်ပါတယ်။ ခုလည်း လခ အလကားမရပါဘူး။ ထိုင်နေတာကို အလုပ်လို့ ယူဆရင် နေ့ တိုင်း ၈ နာရီ တော့ သွားထိုင်နေရတာပါပဲ။ :D ... နောက်တစ်ပတ်က စပြီး လုပ်စရာတွေရှိ လာတော့မှာပါ။ ခုရက်ပိုင်း အားနေတာကလည်း သူတို့  ပေးထားတဲ့ ဖတ်စရာ လေ့လာစရာတွေ အကုန်ပြီးသလောက်ရှိသွားလို ကိုယ့်ဟာကို အားနေတာ။ နောက်ပိုင်း အလုပ်ရှုပ်ကြောင်းငြီးချင်းတွေ လာတော့မှာ၊ မကြာခင်လာမည် မျှော် ပေါ့ :)

ကို ကလိုစေးထူး။ အစ်ကို ဘလောခ့်ကို ကျနော့် အကြောင်းဆိုတဲ့ ပိုစ့်ကတည်းက စဖတ်ခဲ့တာ နောက်ပြီး ကျတော် ပေါ်တာအထမ်းသမားဆိုတဲ့ ပိုစ့်က စပြီး သဘောကျသွားလို့  အမြဲလာဖတ်ဖြစ်ပါတယ်။ နေ့ တိုင်းမဟုတ်တောင် ရက်ခြားတော့ ရောက်ဖြစ်ပါတယ်။ :)