Pages

November 28, 2006

28 November 2006

မနေ့ က အကိုဝမ်းကွဲ တစ်ယောက် ဒီကိုလာလို့  အမေက စားစရာတွေ အများကြီးထည့်ပေးလိုက်တယ်။ ပေးလိုက်တဲ့ အထုတ်က သယ်လာတဲ့ တော့ ဘယ်လို နေမလဲ မသိဘူး၊ သွားယူရတဲ့ ကျွန်မ အတွက်ကတော့ တော်တော်လေးတယ်။ ဘာလိုလိုနဲ့  ဒီနိုင်ငံမှာ အမျိုးတွေ တော်တော်များနေပြီ။ မနေ့ က လာတဲ့ အစ်ကိုဆို ငယ်ငယ်ကသာ မြင်ဘူးတာ၊ ကြီးလာမှ ကောင်းကောင်း မတွေ့  ဖူးဘူး။ များလိုက်တဲ့ ၀မ်းကွဲ အကိုတွေ မောင်တွေ။ ဘယ်တော့မှ အမ ၀မ်းကွဲ၊ ညီမ ၀မ်းကွဲ အကြောင်းပြောသံ သိပ်မကြားရဘူး။ ကိုယ့်အမျိုးက မိန်းကလေးရှားပြီး၊ ယောက်ျားလေးတွေ များတယ်ဆိုတာကို ခုမှ သိတော့တယ်။ တစ်ခုရှိတာက ခုဒီမှာ ရောက်နေတဲ့ အမျိုးတွေက ကျွန်မကို ကောင်းကောင်း သိနေတယ်၊ ကျွန်မကတော့ သူတို့ ကို မျက်နှာချင်းဆိုင် တွေ့ ရင် တောင် ကိုယ့်အမျိုးမှန်း ချက်ချင်း မှတ်မိမယ် မထင်ဘူး။ ဒုက္ခပါပဲ ကျွန်မကသာ အိမ်ကို မှန်မှန် ဖုန်းဆက်လေ့ မရှိတာ၊ အဲ့ဒီ အကိုတွေ မောင်ဝမ်းကွဲတွေက သူတို့  ရဲ့လေးလေး၊ ကျွန်မရဲ့ မေမေစီကို ပုံမှန် ဖုန်းဆက်ကြတယ်။ နောက်ဆို City Hall သွားရင်တောင် ဒီလူတွေ ဘယ်လို ရှောင်ရမလဲ မသိတော့ဘူး။ ကိစ္စတော့ မရှိပါဘူး။ ကိုယ်ကလည်း ဘယ်တော့မဆို သူတို့ သိလောက်တဲ့ အကြောင်းအရာ လုပ်ထားတယ်ဆို သူတို့ အရင် အိမ်ကို ဖုန်းဆက်ပြော ထားတတ်တဲ့ အကျင့်က ရှိပြီးသားပဲ။

မနေ့ က အဲ့ဒီ အကိုနဲ့  MRT မှာ တွေ့ ပြီး ပစ္စည်းတွေသာ ယူလိုက်တာ၊ သူ့ ရုပ်ကိုတော့ ကောင်းကောင်းမကြည့် မလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ ကို ကျေးဇူးတင်ပါတယ်။ မေမေက ဟိုနေ့ က အိမ်ကို ဖုန်းဆက်တုန်းက ဘာစားချင်လဲ မေးတာနဲ့  စိတ်ထဲရှိတာ၊ စားချင်တာတွေ လျှောက်ပြောလိုက်တာကို အကုန်ပါအောင် ထည့်ပေးလိုက်တယ်။ အင်း ဒီရက်ပိုင်းတော့ ညစာကို အပြင်မှာ စားဖြစ်တော့မယ် မထင်ဘူး။ အကုန်အကျ သက်သာတာပေါ့။ မဟုတ်ရင် ညဖက် ဟင်းချက်ရမှာ ပျင်းတာနဲ့  အပြင်မှာပဲ ၀ယ်စားဖြစ်နေတာ ကြာပြီ။ ဘာပဲ ပြောပြော ဒီရက်ပိုင်းတော့ အမေ ထည့်ပေးလိုက်တဲ့ ၀က်သားထောင်ကျော်လေးရယ်၊ ပုဇွန်ခြောက် ထောင်းကျော်လေးရယ်၊ ငါးပိကျော် စပ်စပ်လေးရယ်၊ ပုဇွန်ထုတ်ဆီပြန် ချက်ထားတာလေးရယ်၊ ငါးပိထောင်းလေးရယ်၊ ငါးသလဲထိုးကျော်လေးရယ်၊ လက်ဖက်တွေ နဲ့  ထမင်းစားလို့ ကောင်း နေတယ်။ ငသလောက်ဥကျော် နဲ့  ၀က်နံရိုးကျော် မှာလိုက်ဖို့ ဟာ မေ့သွားတယ်။ ငသလောက်ဥက အရင် စားစရာပို့  တိုင်းပို့ နေကြ ဆိုတော့ ဒီတစ်ခါ ၀ယ်မရလို့ ပဲ ထည်းမပေးလိုက်တာလား၊ မမှာလို့ ဆိုပြီး ထည့်မပေး လိုက်တာလား မသိဘူး။ မပါလာလို့ လားမသိဘူး စားချင်လိုက်တာ။ အင်း… နောက်တစ်ခေါက်တော့ မှာဖြစ်အောင်မှာလိုက်ဦးမယ်။

ဒီနိုင်ငံမှာနေရတာ တခြားဟာတွေ မကြိုက်ပေမယ့် ဒီလို လူကြုံပေါပြီး၊ စားချင်တာ အိမ်ကမှာ စားလို့ ရတာ ကိုတော့ သဘောကျမိသားပဲ။

5 comments:

sttw2201 said...

Oh, just nice, huh... ;)I was thinking to visit your new home this weekend! *drooling* :P

မေ said...

တူနေပြန်ပြီ နေနေရယ် ...
ဟင်းတွေလဲစားရအောင်လေ ဟိဟိ
ဒီရက်ပိုင်း အိမ်က ဟင်းတွေနဲ့ အစာအသောက်တွေ ကောင်းနေလိုက်တာ။

Anonymous said...

ကောင်းပါလေ့…ဒီမတော့ အိမ်က မှာလဲ ရချင်မှ ရတယ်။ အစားအသောက် ပို့ရ မလွယ်ဘူး။

Nay Nay Naing said...

sttw2201 - ဒီနှစ်ရက်မှာ ကုန်အောင်စားထားမယ်.. စိတ်မပူနဲ့ ။ :P

မမေ .. လဲ စားမယ်။ မမေ ဆီမှာ မုန့် တွေပါ ပါတယ် ဟုတ်လား။ :D

p_spirit ဒီကိုလာခဲ့လေ။ ခေါ်သာခေါ်တာ ဒီကို ဘယ်သူမှ မလာချင်ကြပါဘူး။

TZA said...

ငသလောက်ဥ ကို သေလောက်ဥ လို့မှားဖတ်ပြီး ဒုက္ခရောက်နေသူ...