Pages

November 26, 2006

အလှဆင်လိုက်ပါ ဒီကမ္ဘာ - လေးဖြူ

လွန်ခဲ့တဲ့ တစ်နှစ်ကျော် နားထောင်ကြည့်ဆိုပြီး ကိုဇာနည်ပို့ ပေးခဲ့တဲ့ အချိန်က စပြီး၊ ခုချိန်ထိ အမြဲ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ပါ။

ဒီသီချင်းက ကော်ပီသီချင်းတစ်ပုဒ်ပါ။ မူရင်း Title က Treasure the World ပါ။ ဒီသီချင်းဟာ ASIAN-JAPAN EXCHANGE 2003 / J-ASEAN POPs အတွက် သီချင်းဖြစ်ပြီး၊ English နဲ့  Japan Version ကို Chika Yuri ကသီဆိုခဲ့တာပါ။ ဒီသီချင်းရဲ့ Melody ကို Kazufumi Miyazawa ကဖန်းတီးခဲ့ကာ English Lyrics ကို Dick Lee ကရေးစပ်ပြီး၊ Japan Lyrics ကိုတော့ Taeko Onuk ကရေးခဲ့တာပါ။ ကျွန်မတို့  Myanmar လိုကိုတော့ ကိုမြင့်မိုးအောင်က ရေးပြီး Iron Cross က တီးခပ်ကာ လေးဖြူက သီဆိုပေးခဲ့ပါတယ်။

ဒီသီချင်းကို တစ်ခြား Asia နိုင်ငံဖြစ်တဲ့ (Brunei, Cambodia, Indonesia, Laos, Malaysia, Philippines, Singapore, Thailand, Viet Nam) တွေကလည်း သူတို့ ဘာသာစကားတွေနဲ့  ပြန်ဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တခြား Versions တွေ နားထောင်ဘူးတဲ့ ZNMT နဲ့  THKZ ကတော့ အားလုံးထဲမှာ မြန်မာ Version က အကောင်းဆုံးလို့  ပြောပါတယ်။ ဒါပေ့မယ် တစ်ခြားနိုင်ငံတွေရဲ့ သီချင်းတွေမှာ သူတို့ နိုင်ငံဂီတရဲ့ ရိုးရာ music style တွေပါတယ်လို့ ပြောပါသေးတယ်။ ဒီမြန်မာ သီချင်းကတော့ အနောက်တိုင်းဟန် ဆန်ပြီး၊ ကော်ပီကူးတဲ့ အတွေ့ အကြုံများပြားတဲ့ အတွက်ကြောင့် တခြား Versions တွေထက်သာလွန် ပိုကောင်းနေတာဖြစ်တယ်လို့  ယူဆကြပါတယ်။

Treasure The World - Lay Phyu
Song By: Lay Phyu & Iron Cross
Song Title : အလှဆင်လိုက်ပါ ဒီကမ္ဘာ
Myanmar Lyrics: Myint Moe Aung

အိမ်အပြင်ဘက် လှမ်းထွက်ချိန်၊ နေရောင်အလင်း ရောက်ရှိလာ
နေ့ ကောင်းကင် ဒီလက်ဆောင်၊ ပျော်စရာ ကမ္ဘာ တို့ အတွက်လား
အတူတူ တစ်မိုးထဲ အောက်မှာ၊ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်၊ တို့ အချစ်များ

သန်းကောင်ယံထဲ လမ်းပျောက်ချိန်၊ ကြယ်ရောင်အလင်း ရောက်ရှိလာ
ညကောင်းကင် ဒီလက်ဆောင်၊ အမှောင်တွေပယ် ခွင်းဖို့ လား
အတူတူ တမိုးထဲ အောက်မှာ၊ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်၊ တို့ အချစ်များ

cho : ဒီလယ်ကွင်းနဲ့  တောအုပ်တို့ ဖြတ်ကျော် ချစ်မေတ္တာရဲ့သီချင်း
မြစ်ရိုးများ တလျှောက် လေဆန်ကျော်လွန်ရင်း
မာန်ပြင် ပင်လယ်ရေပြေလှိုင်းများနဲ့  မိုးစက်တွေဖြတ်လို့ 
ကမ္ဘာဆုံးတိုင် ဟစ်ကြွေးရင်း

ပျော်ရွှင်ခြင်း သီချင်းများစွာ၊ လေပြည်ထဲ ပျံ့လွင့်လာ
အိပ်မက်တွေ အတူမက်ကာ၊ ရင်ခုန်သံ နားစွင့်ထား
ရှင်သန်ခြင်း နေ့ သစ်ကမ္ဘာ၊ အတူလက်တွဲ ခရီးဆက်မှာ
ကမ္ဘာကြီးကို အတူအလှဆင၊် တို့ အချစ်များ

cho : ..

ပျော်ရွှင်ခြင်း သီချင်းများစွာ၊ လေပြည်ထဲ ပျံ့လွင့်လာ
အိပ်မက်တွေ အတူမက်ကာ၊ ရင်ခုန်သံ နားစွင့်ထား
ရှင်သန်ခြင်း နေ့ သစ်ကမ္ဘာ၊ အတူရင်ဆိုင် ခရီးဆက်ပါ..
ဒီ ကမ္ဘာကြီး အလှဆင်ပါ… တို့ အချစ်များ…
ဒီ ကမ္ဘာမြေ လှပဖို့ ... တို့  အချစ်များ…

Thanks to ZNMT and THKZ

3 comments:

AwLanMg said...

ညီမလေး နေနေ ရေ
ဒီသီချင်းကလေးအတွက် တကယ် ကျေးဇူးတင်ပါတယ်။
နောက်ခံအကြောင်းလေးသိရတော့ နားထောင်လို့ ပိုကောင်းလာတယ်။
ပြီတော့ နောက်ကျနေတဲ့မွေးနေ့ဆုတောင်းအတွက် ခွင့်လွှတ်ပါ။
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေဗျာ။

Nay Nay Naing said...

အကိုကြီး ကိုအော်လံမောင် ရေ..
ဒီကွန့် မန့် ကို ဖတ်လိုက်ရတာ ပျော်သွားတာပဲ။ ဒီသီချင်းလေး ဘယ်သူမှ မကြိုက်ဘူးလားလို့  စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေတာ။ ညီမလည်း ဒီသီချင်းကို ကြိုက်လို့ အမြဲသာ နားထောင်ဖြစ်နေခဲ့တာ အစကတော့ ဘယ်သီချင်းခွေကမှန်း၊ ဘာမှန်း သေချာမသိခဲ့ဘူး။ ဟိုနေ့ က သေချာမေးကြည့်တော့မှ ဒီသီချင်း History ကို သိလိုက်ရတာ။ ဒါနဲ့  ပိုသေချာသွားအောင် Internet မှာ လိုက်ရှာ ဖတ်ကြည့်ပြီှး ဒီပိုစ့်လေးကို တင်ဖြစ်သွားတာပါ။ အကိုကြီးပြောသလိုပဲ နောက်ခံအကြောင်းလေးသိရတာ ပိုနားထောင်လို့ ကောင်းလာတယ်။

မွေးနေ့ ဆုတောင်းအတွက်လည်း ကျေးဇူးတင်ပါတယ် အကိုကြီး။ :)

NewsProvider said...

အရမ်းကြိုက်ရတဲ့ ကိုလေးဖြူရဲ့ သီချင်းလေးပါ။ လိုက်ရှာနေတာကြာပါပြီ။ အခုမှဘဲ ဒီဘလော့ဂ်မှာ ရတော့တယ်။ ဒီသီချင်းကို တင်ပေးထားတဲ့ သူကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ Download လုပ်သွားပါတယ်