Pages

November 24, 2006

24 November 2006 - Friday Late Night Shopping Day

ဒီနေ့  သောကြာနေ့ ဆိုတော့ နောက်ရက်တွေ အားပြီး အလုပ်လည်းသွားစရာမလို တော့ဘူးဆိုတော့ အရင်းနှီးဆုံး သူငယ်ချင်း ၂ ယောက် နဲ့  dinner သွားစားဖြစ်တယ်။ မြို့ ထဲကို မရောက်တာ ကြာပြီဖြစ်လို့  လူတွေအများကြီကို တွေ့ ရတာ၊ X’mas အတွက် ပြင်ဆင်ထားတာတွေ တွေ့ ရတာတွေ မျက်စိထဲမှာ အထူးအဆန်းဖြစ်နေသလိုပဲ။ သူငယ်ချင်းတစ်ယောက် နောက်ကျနေတာနဲ့  ရောက်နေတဲ့ တစ်ရောက်နဲ့ ဈေးဆိုင်တွေ ခဏ လျှောက်ကြည့် ဖြစ်လိုက်သေးတယ်။ နောက် တစ်ယောက်ရောက်လာမှ ပဲ dinner သွားစားဖြစ်တယ်။ သုံးယောက်သား ဗိုက်ဆာဆာ နဲ့ အ၀ စားပြီး (သူတို့ နှစ်ယောက် ၀ မ၀တော့ မသိဘူး၊ ကိုယ့်ဟာကိုတော့ ၀အောင်စားလိုက်တယ်) စကားခဏပြော ပြီးတော့ ပြန်မယ်ဆိုပြီး လမ်းလျှောက်လာကြတာ လမ်းမှာ လက်ကမ်းကြော်ငြာတစ်ခုရလို့  ကြည့်လိုက်မှ ဒီနေ့  ညဟာ Late Night Shopping ညမှန်း သိလိုက်ရတာနဲ့  သုံးယောက်သား အိမ်ပြန်ဖို့  စိတ်မ၀င်စားကြတော့ ပဲ Shopping လျှောက်ကြည့်မယ်ဆိုပြီး သွားလိုက်တာ အိမ်ပြန်ရောက်တဲ့ အချိန်ကြတော့ ည ၁၂ ခွဲခါနီးရှိနေပြီ။ မှတ်မှတ်ရရ ပေါ့။ ဒီရောက်တာသာကြာနေပြီ ဒီနိုင်ငံမှာ တချို့  အချိန်တွေမှာ Late Night Shopping ဆိုပြီး ရှိတယ်ဆိုတာ သိပေမယ့် တစ်ခါမှ ညဖက် shopping မသွားဖြစ်ဖူးဘူး။

Late Night Shopping ဆိုတာလာလဲ။ ပုံမှန်ဆို ဒီမှာ ဆိုင်တွေက ၉ နာရီလောက်ဆို ပိတ်လေ့ရှိပေမယ့် အဲ့ဒီညဆို ၁၂ နာရီအထိ တချို့ ဆိုင်တွေဖွင့်ကြတယ်။ ည ၉ နာရီနဲ့  ၁၂ နာရီကြားမှာ ၀ယ်ရင် အဲ့ဒီ ဆိုင်တွေမှာ Special Discount တွေ ရှိတယ် လို့  ရေးထားတာကို ဖတ်လိုက်ရတာပဲ။ မနေ့ က ရတဲ့ ကြော်ငြာထဲမှာ ရေးထားတာတော့ Late Night Shopping က့ Last Friday Of Every Month မှာ ရှိတယ်လို့  ပြောတာပဲ။ Internet မှာရှာကြည့်လိုက်တော့ ဒီဟာက လွန်ခဲတဲ့ July က နေပြီး ၄ လ အတွင်း EveryMonth of Last Firday Night မှာ လုပ်ရှိမယ်ပြောထားတာတွေ့ ရတာ့ ဒီညက နောက်ဆုံးညပေါ့။ ဒါပေမယ့် မနေ့ ကတော့ တွေ့ ရတာ December လမှာလည်း Late Night Shopping Days တွေရှိသေးတယ်။ Shopping သွားချင်သူတွေ သွာလို့ ရအောင် Information လေးပေးလိုက်ဦးမယ်..

Come December, Late Night Shopping will be extended to come shopping malls in the Orchard Road and Marina Bay Areas:
Malls at Marina Bay on 8,9, and 16 December
Malls at Orchard on 15,16,22 and 23 December

Friday Late Night Shpooing - 24th Nov 2006ဒီနေ့ မွေးနေ့ လက်ဆောင် ၀ယ်ပေးတဲ့ သူငယ်ချင်းကြီးကို ကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေလည်း ဒီလရောက်တိုင်း လခတိုးပြီး လက်ဆောင်တွေ များများ ၀ယ်ပေးနိုင်ပါစေ။

1 comment:

ThuHninSee said...

i think u r putting on weight at least 2 kg now