Pages

November 26, 2009

It's that time of year...

4th Thursday of November
There is no time more appropriate to say....
THANK YOU!




P.S. I am so glad I was born.

November 21, 2009

Just perspectives..

From ThePhotoITook

မြင်ကွင်းလေး သဘောကျသွားတာကြောင့် ဖုန်းနဲ့  ဓာတ်ပုံရိုက်ယုံ အားမရလို့  camera ထုတ်ပြီး ရိုက်ယူဖြစ်ခဲ့တယ်။ အရမ်း သဘောကျတယ်။

ပုံအကြီး ကြည့်ချင်တယ်ဆို ဓာတ်ပုံပေါ်မှာ ကလစ်နှိပ်ပြီး ကြည့်လို့ ရပါတယ်။

November 20, 2009

Cape Gooseberry

မစားဖူးလို့  စားကြည့်ဖို့  ၀ယ်လာဖြစ်တဲ့ အသီး။
From Cape Gooseberry

စားကောင်းလားဆို အသီးရဲ့ အရသာထက် အနံ့ ကို ပိုကြိုက်တယ်။ အပင်တွေ အသီးတွေ အပွင့်တွေက ထွက်တဲ့ စိမ်းဖန့် ဖန့်  မွှေးတေးတေး အနံ့ တွေနဲ့  ဝေးနေတာကြာလို့ လားမသိဘူး အခု အသီးက ထွက်တဲ့ အနံ့ လေးရနေတာကို သဘောတွေ ကျနေမိတယ်။ အသီးရဲ့ အရသာက မချိုဘူး။ ချဉ်ပြုံး ချဉ်ပြုံးလေ။
From Cape Gooseberry

မနေ့ က မိုးတွေရွာတယ်။ နေ့ လယ်စာစားအပြီး မိုးရွာနေတာကြောင့် အလုပ်ပြန်ဖို့  အဆင်မပြေတာကြောင့် အချိန်းဖြုန်းတဲ့ အနေနဲ့  သစ်သီးရောင်းတဲ့ ဆိုင်ထဲ ၀င်ကြည်ရင်း ထူးဆန်းလို့  ၀ယ်ဖြစ်သွားခဲ့တာပါ။ ဆိုင်မှာ အဲဒီအသီးကို Goosebarries လို့  label တတ်ထားတာ ကိုယ်အရင်သိတဲ့ Goosebarries တွေနဲ့ လည်း မတူဘူးလေ။ ထည့်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။
From Cape Gooseberry

အသီးက အခွံနဲ့ မို့  ထူးဆန်းနေတာ အခွံချွတ်ထားပုံစံက သိပ်မထူးဆန်းဘူး။ အရောင်သာကွဲတာ ပုံစံက ချယ်ရီသီး၊ ခရမ်းချဉ်သီး သေးသေးလေးတွေနဲ့ တူတယ်။
From Cape Gooseberry
Google ကြည့်တော့ အဲဒီအသီးနာမည်က Cape Gooseberry (Goldenberry) လို့  ခေါ်ကြောင်း သိလိုက်ရတယ်။ ခရမ်းချဉ်သီးပင်နဲ့  မျိုးနွယ်တူပြီး သူ့  အပင်ပုံစံ နဲ့  ပန်းပွင့်ပုံစံက ခရမ်းချဉ်သီးလိုပဲ။ သူရဲ့ အရသာက ချဉ်တယ်၊ Gooseberry နဲ့  Cherry ကြားမှာရှိတဲ့ အရသာမျိုးလို့  ဆိုထားတယ်။ ဒီတိုင်းလည်း စားလေ့ရှိသလို၊ ဆလတ် ထဲ ထည့်စားတာမျိုးလည်း ရှိတယ်။ ယိုထိုး စားတယ်။ ဂျယ်လီ လုပ်စားတယ်။ နောက်ပြီး ကိတ်မုန့် တွေပေါ်မှာ အလှဆင်တာမျိုးလည်း သုံးတယ်တဲ့။ ဒီအသီးကို စားဖို့  အကောင်းဆုံးနည်းကတော့ ချောကလက် အရည်မှာ နှစ်ပြီး စားတာလို့  သိရတယ်။

ဝယ်လာတာ အကုန်မစားရသေးဘူး။ ကျန်သေးတယ်။ နောက်နေ့ မှ ချောကလက် သွားဝယ်ပြီး အရည်ပျော်အောင်လုပ်ပြီးရင် အသီးနဲ့  အတူ စားကြည့်အုံးမယ် စိတ်ကူးထားတယ်။

Cheese Cake ကို Goosebarries အလှဆင်ထားတဲ့ပုံ။

အပေါ်က Cake ပုံနဲ့  အောက်ကပုံက အင်တာနက်ပေါ်မှာ အသီးအကြောင်းလိုက်ရှာရင်း တွေ့ တဲ့ပုံတွေထဲက ကြိုက်လို့ ယူထားတာပါ။

အိမ်က အစ်မကို မေးကြည့်တော့ အဲဒီ အသီးကို ဘောက်သီး လို ခေါ်တယ်။ သူတို့ ငယ်ငယ်က ကျောင်းဈေးတွေမှာ ရောင်းလို့  အမြဲဝယ်စားဖြစ်တယ်လို့  ပြောတယ်။ ဈေးပေါတယ်တဲ့။ ပြောလို့ သာသိရတာ ကိုယ်တို့ ကျောင်းမှာတော့ အဲဒီအသီး မရောင်းဘူး၊ ငယ်ငယ်တုန်းကဆို စားဖို့ မပြောနဲ့  မြင်တောင် မမြင်ဖူးဘူး။
From Cape Gooseberry
ဒီနိုင်ငံမှာတော့ ဈေးမပေါဘူး။ ဒါပေမယ့် ချယ်ရီသီး လောက်တော့ ဈေးမကြီးဘူး။ မနေ့ က ၀ယ်လာတာ S$3.90 ပေးရတယ်။

Other Related Posts:
Cherry
Lady Fingers
Citrus Fruits
Click here to know more about Cape Gooseberry

November 17, 2009

Facebook: Magic Circles (Konami Code)

Facebook မှာ သူငယ်ချင်းတစ်ယောက်က Facebook Trick ဆိုပြီး သတင်းပေးထားတာနဲ့  စမ်းကြည့်ဖြစ်တယ်။ စက်ဝိုင်းလေးတွေ ပေါ်လာတာ လှတယ်။

Press up,up, down, down, left, right, left, right, B, A, Enter key,
then press up and down and magic circles will appear.
The only way to get rid of them are to log off or refresh the page.


ဟိုတစ်ခါလည်း အဲလိုကုတ်နဲ့ ပဲ Easter Egg လေးတွေ ပေါ်လာသေးတယ်။ ဒီနေ့ တော့ Code ကို ဘယ်လို ဘယ်သူ စတင်ဖန်တီးတာလဲ၊ ဘာကြောင့် အဲ့လို ဖြစ်တာလဲ သိချင်စိတ်နဲ့  Google ကြည့်လိုက်တော့ ...

အဲဒီ Code ကို Konami Code (Konami Command) လို့  ခေါ်ပြီး Konami ဗီဒီယိုဂိမ်း တွေအများစုမှာ သုံးလေ့ရှိတဲ့ Cheat Code တစ်မျိုး ဖြစ်တယ်ဆိုတာ သိရတယ်။ အဲဒီကုတ်ကို ၁၉၈၀ ကျော်က Nintendo အတွက်ထုတ်တဲ့ Gradius မှာ ပထမဆုံးသုံးခဲ့တယ်။ နောက်ပိုင်းတခြား ဂိမ်းတွေမှာ ပါသုံးတယ်ပေါ့။ Most Famous Cheat Code တဲ့။ ဘာလို့ ဟိုး အရင် ဂိမ်းဆော့တုန်းက ဒီလို Cheat Code တွေ မသိတာလဲ မသိဘူး။ ငယ်ငယ်တုန်းက အခုထက် ပိုရိုးသားခဲ့တာပဲ။

ဟိုကြည့်ဒီကြည့်နဲ့ လိုက်ဖတ်ရင်း အဲဒီ Konami Code က Facebook တစ်ခုထဲမှာ မဟုတ်ပဲ တခြား ဆိုဒ်တချို့ မှာပါ အလုပ်လုပ်ကြောင်း သိရတယ်။

Konami Code (Konami Command)

PHP.net ဆိုဒ်မှာ Logo ပြောင်းသွားတယ်။
Qiwi.be မှာ Enter တစ်ချက်နှိပ်တိုင်း ငမန်းတစ်ကောင် ပေါ်လာတယ်။
BBC Glow မှာ ဓာတ်ပုံ တစ်ပုံ (K-9)ပုံ ပေါ်လာတယ်။
University of Massachusetts Transit Services မှာ စမ်းကြည့်တော့ Rick Astley video Page ကို ရောက်သွားတာတွေ့ ရတယ်။
Google Reader မှာဆို နောက်ခံ ပြောင်းသွားတယ်။

တခြား ဘယ်ဆိုဒ်တွေရလဲနဲ့  ဘာတွေ ဖြစ်သလဲသိချင်တယ်ဆို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကိုယ်ရဲ့ Website မှာ အဲဒီလို Code လေး ထည့်ရေးထားချင်တယ် ဆို ရေးချင်တယ်ဆို ရေးလို့ လည်းရတယ်။ ကျွန်မ ကိုယ်တိုင်တော့ မစမ်းကြည့်ရ သေးဘူး။ စမ်းဖြစ်မယ်လဲ မထင်ဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့သူတွေ အတွက်...

The Konami Code - How To Implement it On Your Site @ abhinavsingh.com
Konami Code: Tweetable Konami code @ unwrongest.com

Credit to YeMinHtut

November 13, 2009

Thank YOU for being KIND!



ဘ၀တစ်လျှောက်မှာ ကြုံတွေခဲ့ရ၊ ချစ်ခင်ကြင်နာမှု့ များပေးခဲ့ကြတဲ့
မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများ အားလုံး ...
နှင့်
အကြင်နာတရား၊ ကိုယ်ချင်းစာတရားရှိသူ လူသားများ အားလုံး အတွက်။

World Kindness Day
(
13th November)
လူသားတိုင်းဟာ သူနဲ့  သက်ဆိုင်တဲ့ သူ့ ရဲ့ မိသားစု ၀င်တွေ၊ ချစ်ခင်သူ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ နဲ့  ပတ်ဝန်းကျင်မှာ တွေ့ ကြုံ ဆက်ဆံပတ်သက်နေတဲ့ လူတွေအပေါ်မှာ ကြင်နာတဲ့စိတ်ကိုပြတဲ့ အပြုအမူမျိုး အကြိမ်များစွာ လုပ်ဖူးကြမှာပဲလို့  ယုံကြည်မိတယ်။ ဒီတော့ လူသားတိုင်း ဒီနေ့ (13th Nov 2009) မှာ ဒေစီပန်း တစ်ပွင့် ရ သင့်တယ်။

Singapore Kindness Movement - www.kindness.sg
ဒီနေ့  နေရာအတော် များများ အ၀ါရောင် ဒေစီပန်းလေးတွေ ဝေပေးနေတာ တွေ့ ရပါလိမ့်မယ်။ ကိုယ့်ကို ကြင်နာစွာကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပန်းလေးတွေ ပေးလို့  ရဖို့ ပါ။ အပြင်မှာ ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့  ဒေစီ ပန်းပွင့်လေးတွေ ပေးဖို ခက်ခဲမယ်ဆို ဒီနေရာကို သွားပြီး အီးမေးက တစ်ဆင့် ပေးပို့ နိုင်ပါတယ်။

ကိုယ်တိုင်ကလည်း သူတပါးအပေါ် ကြင်နာစိတ်ထားပါ၊
ကိုယ့်ကို ကြင်နာမှု့ ပေးသူတွေကိုလည်း ကျေးဇူးတင်ပါ။

November 11, 2009

ကံကြမ္မာကိုစိန်ခေါ်နိုင်ဖို့  တို့ လှုပ်ရှားကြမယ်



ပထမခြေလှမ်း

ကြိုကြိုတင်တင်ပူပန်နေလည်း တွေ့ ရမယ့်အဖြစ်တွေ... မပြောင်းလဲနိုင်
ဘာကိုမဆိုရင်ဆိုင်ဖို့ ဘဲ စဉ်းစားထားလိုက်တာ... တို့ စိတ်ချမ်းသာမယ်
တွေဝေနေရင် အချိန်ကုန်ရုံပဲ ဘာမှမထူးဘူးကွယ်...
ဘ၀ရပ်တည်ဖို့ နည်းတွေ မရှိ
ကံကြမ္မာကိုစိန်ခေါ်နိုင်ဖို့  တို့ လှုပ်ရှားကြမယ်
ယုံကြည်... ခြေတလှမ်း ခြေတလှမ်း
ရည်ရွယ်တဲ့လမ်းဟာ ဘယ်လောက်ဝေးဝေးကွယ်
ဒီခြေတလှမ်းနဲ့  စတင်ဖို့ သာလိုတယ်
ပထမဆုံးခြေလှမ်းဟာ...
အို နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ်

ကိုယ်ရှင်သန်နေထိုင်ခွင့် ဘယ်လောက်ထိရရှိမယ်
မသိရပါ ပိုင်ဆိုင်နိုင်တာ မသေခင်လေး လူ့ ဘ၀တဲ့လေ
ဘယ်လိုနည်းနဲ့  အသုံးချမလဲ
ရည်ရွယ်ရာ ဒီနယ်မြေသို့ ရောက်ရှိသွားဖို့ ရာ .. ရပ်ဖို့ မဖြစ်နိုင်
ပီပီပြင်ပြင်ဒီအချိန်မှာပဲ ခရီးသစ်စတော့မှာ
ယုံကြည်... ခြေတလှမ်း ခြေတလှမ်း

ရည်ရွယ်တဲ့လမ်းဟာ ဘယ်လောက်ဝေးဝေးကွယ်
ဒီခြေတစ်လှမ်းနဲ့  စတင်ဖို့ သာလိုတယ်
ပထမဆုံး ဒီခြေလှမ်းဟာ...
အို နောက်ဆုံးတော့ ပန်းတိုင်ရောက်နိုင်မယ်

November 03, 2009

Happy November & Sweet December!

ပျော်ရွှင်ချမ်းမြေ့ပါစေ။



တစ်နှစ် ၁၂ လမှာ အကြိုက်ဆုံးလက နိုဝင်ဘာ။ ပြီးရင် သြဂတ်စ် နဲ့  ဒီဇင်ဘာ။
အေးချမ်းတယ်၊ မိသားစုတွေ ပြန်လည် တွေ့ စုံကြတယ်။

အခု ၂၀၀၉ နိုဝင်ဘာ၊ ဒီဇင်ဘာက စလို့  အလုပ် များမယ်။
တလ တလ လခမှန်မှန် ရနေတဲ့ အလုပ်မှာလည်း လုပ်စရာတွေ များတယ်။
ကိုယ့်ဘာသာ စဉ်းစားထားတဲ့ အစီအစဉ်တွေ အရလည်း လုပ်ရမှာတွေ အများကြီးရှိနေတယ်။

အလုပ်က ကိစ္စတွေကတော့ ဒီလိုပဲ လုပ်ရင်း လုပ်ရင်း အချိန်တန်တော့ ပြီးသွားမှာပဲ။ မပြီးလို့ လည်း မဖြစ်၊ မလုပ်ဘဲ ရေသာခို၊ ပင်ပန်းတယ်ဆို ဆင်ခြေတတ် နေလို့ မှ မဖြစ်တာ။

တခြား လုပ်မယ် စဉ်းစားထားတဲ့ အရာတွေကိုရော ပြီးအောင် လုပ်နိုင် မလား။ ကိုယ်ရဲ့ စိတ်ဓာတ် နဲ့  ကြိုးစားအားထုတ်မှု့ အပေါ် မူတည်နေတယ်။ စိန်ခေါ်မှု့  တစ်ခုလိုပဲ။
* * *
စိတ်ကြည်လင်ပျော်ရွှင် ကျန်းမာစွာနဲ့ 
လုပ်စရာရှိသော အလုပ်များ အားလုံး
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ဖို့ ..
* * *