Pages

Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts

November 08, 2015

National Steps Challenge - Singapore

တစ်ရက်ခြေလှမ်း ၁၀၀၀ ပြည့်အောင်လျှောက်ကြစို့ 

ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်လုပ်တဲ့နေရာမှာ Roadshow လုပ်လို့  "National Steps Challenge - Singapore" အကြောင်းသိခဲ့ရတယ်။

ဖုန်းမှာ Healthy 365 app ကို ဒေါင်းလုပ် လုပ်..
365 app မှာ ကိုယ့် အိုင်စီနံပါတ်နဲ့  အကောင့်တစ်ခု Register လုပ်ပြီးနောက်မှာ
Roadshow ဆိုတော့ Steps Tracker လေးတစ်ခု တစ်ခါတည်း ရခဲ့ပါတယ်။

ခုချိန် register လုပ်မယ်ဆို စင်္ကာပူနိုင်ငံသားတွေနဲ့ ပီအာ ဆိုရင် ပိုက်ဆံပေးစရာ မလိုဘူး။ တခြား pass ကိုင်ဆောင်ထားသူတွေကတော့ S$5 ပေးရတယ်။ ၃၀ နိုဝင်ဘာ ၂၀၁၅ အထိပဲ၊ ဒီဇင်ဘာ ၁ ရက်နောက်ပိုင်းမှ register လုပ်ရင်တော့ ပိုက်ဆံပေး ရမယ်။ ဘယ်လို register လုပ်ရမယ်၊ ဘယ်လို rewards တွေ claim လုပ်ရမယ်ဆိုတာတွေ နဲ့  တခြား အချက်အလက်တွေ ကို ဒီအောက်က လင့်တွေမှာ ဖတ်လို့ ရတယ်။

From Singapore

မနေ့ က စပြီး လမ်းလျှောက်တာကို track လုပ်ပါတယ်....
From Singapore

တစ်ရက် ခြေလှမ်းတစ်သောင်းပြည့်အောင်လျှောက်ဖို့ ဆိုတာ မခက်ပါဘူး။ ပုံမှန်လေး လှမ်းလျှောက်ရင်း rewards တွေ ယူရအောင် သတင်းပေးလိုက်ပါတယ်။

June 11, 2015

Rambutan

From Nature

From Nature

လမ်းလျှောက်သွားရင်တွေ့ တဲ့ ကြက်မောက်သီး စိမ်းစိမ်းလေး တွေ။ အသီးသီးနေတဲ့ ကြက်မောက်သီးပင်ကို ပထမဆုံး အပြင်မှာ မြင်ဖူးတာပါပဲ။ လှတယ်။ မှည့်တာလဲ မြင်ဖူးချင်တယ်။ အသီးမှည့်တဲ့ အချိန်ဆို နီရဲပြီး ပိုလှမယ်ထင်တယ်။ နောက်တစ်ခေါက်လာ ပြန်ကြည့်အုံးမယ် စိတ်ကူးမိတယ်။

June 01, 2015

Rose

May your day bloom with happiness ~

From Nature

April 10, 2015

Singapore’s Favourite Dessert: Ice Kachang

ဒီနေ့ ညနေစာ ထမင်းစားပြီး စားဖြစ်ခဲ့တဲ့ အချိုပွဲ။ ညနေစာ ဘာစားရင်ကောင်းမလဲ လိုက်ကြည့်ရင်း သူများတွေ ၀ယ်နေတာတွေ့ ပြီး စားချင်စိတ်ပေါက်သွားတာနဲ့  ၀ယ်စားဖြစ်ခဲ့တာ။

From Singapore Food
Ice Kachang ကို စင်္ကာပူမှာ hawker ဆိုင်းတိုင်းမှာ ရောင်းတာ များတယ်။ တချို့ ဆိုင်တွေက စားမကောင်းဘူး။ ဒီနေ့ ၀ယ်စားတာတော့ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ခုရက်ပိုင်းတော့ ရာသီဥတုက ပူလို့ လားမသိဘူး ထမင်းစားပြီးရင် အေးအေးစိမ့်စိမ့် ရှိတာမျိုးလေး ထပ်စားရတာကို အရသာတွေ့ နေတယ်။

စားလို့ ကောင်းသလို အရောင်စုံလေးဆိုတော့ ကြည့်လို့ လည်းလှတယ်။ အစာပလာတွေ ဘာတွေပါလဲ သေချာမြင်ရအောင် မစားခင်မှာ ဟိုဘက်ဒီဘက် နှစ်ပုံရိုက်ဖြစ်တယ်။  ရေခဲခြစ်ပေါ်မှာ အချိုရည်ဆမ်းပြီး၊ ကျောက်ကျော နဲ့ ပဲ ပါတယ်။ ဒူရင်းသီး ဒါမှမဟုတ် သရက်သီး နှစ်မျိုးမှာ တစ်မျိုးရွေးပါဆိုတာနဲ့  သရက်သီးထည့် စားခဲ့တယ်။ SGD 3.30 ပေးရပါတယ်။
From Singapore Food

March 31, 2015

Shan Noodles

ပုံမှန်ဆို ရှမ်းခေါက်ဆွဲ စားလေ့မရှိဘူး။ မကြိုက်ဘူး။ မဖြစ်မနေ စားရတောင် တစ်ဇွန်း၊ နှစ်ဇွန်းထက်ပို မစားဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေ့ နေ့ က စားခဲ့ရတဲ့ ဒီရှမ်းခေါက်ဆွဲကိုတော့ ကြိုက်တယ်။ စားလို့ ကောင်းလို့  တစ်ပန်းကန်လုံး ကုန်အောင်စားဖြစ်ခဲ့တယ်။ ချက်ပြုတ် ပြင်ဆင်ကျွေးတဲ့သူ စေတနာကောင်းလို့  စားလို့  ပိုကောင်းတာလည်း ဖြစ်မယ်။

From Burmese Food


ပထမဆုံးအကြိမ် ရှမ်းခေါက်ဆွဲကို နှစ်သက်စွာနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားဖြစ်ခဲ့ခြင်း အမှတ်တရ ဒီမှာလာမှတ်ထား လိုက်တယ်။

သေချာနှံ့အောင်နယ်ပြီးမှ စားရတယ်ဆိုလို့  အားပါးတရ (တူ သုံးပြီး) နယ်လိုက်တာ ဒီပုံထွက်သွားတယ်။ အစုံပါအောင်ထည့်ထားပေးတာလို့ ပြောတယ်။ ဆီတို့ ဖူးတော့ လုံးဝ မစားတတ်လို့ ထည့်မပေးဘူး။ ဂျူးမြစ်ချဉ်လည်း ပါတယ်။ ဓာတ်ပုံထဲမှာ မမြင်ရဘူး ဖြစ်နေတယ်။

From Burmese Food

March 29, 2015

Pay last respect to Singapore's founding father Lee Kuan Yew

Lee Kuan Yew (1923-2015)
ဒီနေ့ စင်ကာပူ ဝန်ကြီးချုပ်ဟောင်း ( the founding father of modern Singapore ) လီကွမ်ယု ကိုနောက်ဆုံး အနေနဲ့  နှုတ်ဆက် ဂါရ၀ပြုဖို့  Singapore Poly နားမှာ သွားစောင့်ဖြစ်တယ်။ Dover MRT ကို ရောက်သွားချိန်က နေ့ လည် ၁၂ ကျော်ကျော်လေး။ လူတွေအတော် များနေပြီ။ ဒါပေမယ့် ကံကောင်းတယ်ဆိုရမယ် ကားလမ်းဘေး ဖြတ်သွားရင် သေချာမြင်ရနိုင်တယ့် နေရာမှာ နေရာရတယ်။ ခဏစောင့်ပြီး သိပ်မကြာဘူး မိုးတွေက ရွာလာရော။ ရပ်နေသူအားလုံးပဲ မိုးရွာထဲ ထီးတွေ ဖွင့်ဆောင်းပြီး ဆက်စောင့်ကြတယ်။ စောင့်နေရင်းနဲ့  "Farewell to Lee Kuan Yew" တိုက်ရိုက်ထုတ်လွှင့်နေတာကို ဖုန်းတွေကနေ ကြည့်ကြတယ်။ လူတိုင်း ကိုယ်စီကိုယ့်ဖုန်းကို ထုတ်ကြည့်နေ စရာမလိုဘူး။ ဘေးနားမှာ ကြည့်နေသူတစ်ယောက်က လက်ကို ခပ်မြင့်မြင့်ထားပြီး အနားတစ်ဝိုက်မှာ ရှိတဲ့ လူတွေ မြင်နိုင်အောင် ပြပေးတယ်။ အဲ့လို ပြပေးနေတဲ့သူ လက်ညောင်းသွားတာ၊ ဆက်ပြဖို့  အဆင်မပြေတော့တာကို မြင်ရင် နောက်တစ်ယောက်က သူ့ ဖုန်းကို ထုတ်ပြီး ပြပေးတယ်။ အဲလို့ နဲ့  စောင့်နေတဲ့ ၁ နာရီခွဲကျော်ကျော်အတွင်း YouTube ကနေ တိုက်ရိုက်လွင့်နေတာကို တစ်ချက်မှ လွတ်မသွားပဲ ကြည့်ခွင့်ရခဲ့တယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ထီးတွေ ဘယ်လိုထီးဆောင်း  ထီးတွေက ထပ်နေတော့ ထီးတွေအကြားက ရေတွေကျ မိုးတွေစိုကြတာပဲ။ တစ်ယောက်ယောက်ပေါ် ထီးအစွန်းက ကျတဲ့ရေတွေ တိုက်ရိုက်ကျတာတွေ့ တယ်ဆို အဆင်ပြေအောင် ထီးတွေရွှေ့ပြီး ညှိပေးကြတယ်။ ဒီနေရာမှာ စောင့်နေသူ အားလုံးဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင် လီကွမ်ယူကို နောက်ဆုံး နှုတ်ဆက် ဂါရ၀ပြုကြမယ်ဆိုတဲ့ တစ်ခုတည်းသော တူညီတဲ့ စိတ်နဲ့  ရောက်နေကြသူတွေကြီးပဲဆိုတော့ တစ်ယောက်နဲ့  တစ်ယောက် အငြင်းမပွါး၊ တွန်းတိုက်မှု့  မရှိတာတွေ့ ရတာ စိတ်ချမ်းသာမိတယ်။ တစ်ခြားနေရာတွေမှာတော့ မသိဘူး၊ ကိုယ်တွေ စောင့်တဲ့ နေရာကလူတွေကတော့ လီကွမ်ယုကို သယ်ဆောင်လာတဲ့ ကား ဖြတ်သွားဖို့  နီးကပ်လာချိန်မှာ လေးစားစွာ ဂါရ၀ပြုကြမယ်ဆိုပြီး တညီတညွတ်ထဲ ထီးတွေ အားလုံးပိတ် စောင့်နေခဲ့ကြတယ်။ ခေါင်းကနေ ခြေအဆုံး စိုရွှဲခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ မိုးစိုလို့ ဆို မငြီးငြူခဲ့ကြဘူး။ လီကွမ်ယုကို သည်ဆောင်လာတဲ့ ကားဖြတ်သွားချိန်မှာ သူ့ နာမည်ကို ထပ်ခါထပ်ခါ ကြွေးကျော်ရင်း နောက်ဆုံး နှုတ်ဆက်ကြတယ်။ ကျေးဇူးတင်တယ်ပြောရင်း နှုတ်ဆက်ကြတယ်။ နောက်က ကားတွေဖြတ်သွားချိန်မှာ လက်ခုပ်တီးပြီး အားပေးနှုတ်ဆက်ကြတယ်။

ဒီနေ့  ပြည်သူချစ်တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ဆုံး ခရီးဟာ ဘယ်လိုလဲဆိုတာကို ပထမဆုံး ကိုယ်တိုင် ကြုံတွေ့ ခံစား သိရှိခဲ့ပါတယ်။

ပုံမှန်ဆို ဓာတ်ပုံတွေ ဟိုရိုက်ဒီရိုက်လုပ်တတ်ပေမယ့် ဒီနေ့ တော့ဘာပုံမှ မရိုက်ဖြစ်ပါဘူး။ ဒီနေ့  သွားတဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်က လီကွမ်ယုကို ဂါရ၀ပြုဖို့ ဆိုတဲ့ စိတ်တစ်ခုပဲရှိတယ်။ ဒီတော့ မြင်သမျှကို စိတ်နဲ့ ပဲ ခံစား မှတ်သားရင်း၊ လီကွမ်ယုကို လေးစားစွာဖြင့် နှုတ်ဆက် ဂါဝရပြုဖြစ်ခဲ့ပါတယ်။

February 08, 2015

Art of Salad

အသုပ်သုပ်စားဖို့  အဆင်သင့် ပြင်ဆင်ထည့်ထားတဲ့ ဗန်းလေးက အရောင်စုံလေးနဲ့ လှနေလို့  ဓာတ်ပုံရိုက်ထားလိုက်မိတယ်။

From Everything

ကျောက်ပွင့်၊ ပဲကြာဇံ၊ မုန်လာဥနီ၊ ဗိုလ်စားပဲ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာသီး၊
ပုဇွန် နဲ့  ကင်မွန် ပါတယ်။

ပြင်ဆင်ထားတုန်းကပုံနဲ့ အကုန်ရောနယ်သုပ်လိုက်တဲ့အခါ ဘာကွာသွားလည်း မှတ်တမ်းတင်တဲ့အနေနဲ့ အားလုံးရောနယ်ပြီးပုံလေးကိုလည်း ဆက်ရိုက်မိပြန်တယ်။

From Everything

ပထမပုံထဲက အစာပလာ အကုန်လုံးဆို စားလို့ မကုန်မှာ စိုးရိမ်ကြတာနဲ့ ကြာဇံနဲ့  ကျောက်ပွင့်နည်းနည်း ဖယ်ထားပြီး ကျန်တာတွေတော့ အကုန်ရောနယ်သုပ်လိုက်တာ ဒီလို တစ်ပန်းကန် ရတယ်။
From Everything

မနေ့ က နေ့လည်စာပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  စားလို့ ကောင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုတော့ ဆီဆားမပါ သုပ်တယ်လို့  ထင်တာပဲ။
ကိုယ်တင်သုပ်စားတာ မဟုတ်ပါဘူး။ သူများကျွေးတာကို သွားစားတာ။ ပြင်ဆင်ရာမှာတော့ နည်းနည်းပါးပါး တောက်တိုမယ်ရ ကူညီပေးပါတယ်။ ဒီတိုင်းဘာမှ မလုပ်ပဲ သူများချက်ကျွေးတာ စားလို့ မကောင်းဘူးလေ။ :D

ကျွေးတဲ့သူက စေတနာ အလွန်ကောင်းတယ်။ ဒီတစ်မျိုးထဲ ချက်လေ့မရှိဘူး။ ကျောက်ပွင့်သုပ်အပြင် အောက်ပုံထဲက ဟင်းလည်းချက်တယ်။
From Everything

November 15, 2013

Fruits Party

လက်ရှိအလုပ်မှာ တစ်နှစ်မှာ တစ်ပတ်ကို Healthy Lifestyle Week လို့ သတ်မှတ်ပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးလေ့ ရှိတယ်။ အဲ့ဒီ ရက်သတ္တပတ်မှာ တနင်္လာနေ့ ကနေပြီး ကြာသပတေးအထိက တစ်နေ့ ကို အသီးတစ်မျိုးဝေပေးလေ့ရှိတယ်။ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်တဲ့ သောကြာနေ့ မှာတော့ Fruits Party ဆိုပြီး သစ်သီးစုံကို ခင်းကျင်း ကျွေးမွေးလေ့ရှိပါတယ်။

ဒီနှစ် Fruits Party မှာ ကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ သစ်သီးဗန်းတွေကို ဓာတ်ပုံရိုက်ဖြစ်တာ။ ကျွေးတဲ့နေရာက ကိုယ်တွေရဲ့အလုပ်ခန်းနဲ့ ဆို နည်းနည်းလေးဆိုတော့ တခြားသူတွေ မရောက်ခင် စောရောက်သွားတာနဲ့  ဗန်းတွေကို ကူပြီးဖွင့်ပေးရင် ဓာတ်ပုံတွေ ရိုက်ဖြစ်တာ။ ကျွေးတဲ့ သစ်သီးတွေက အစုံပါပဲ။
From Everything


စတော်ဘယ်ရီ (Strawberry)၊ မင်းဂွတ်သီး (Mangosteen)၊ နှင်းသီး (Rose Apple)၊ စပျစ်သီး (Grapes)
သရက်သီး (Mango)၊ နာနတ်သီး (Pineapple) ၊ တည်သီး (Persimmon)၊ လုံငန်းသီး (Longan)
နဂါးမောက်သီး (Dragon Fruit)၊ ငှက်ပျောသီး (Banana)၊ ဗလူးဘယ်ရီ (Blueberry)၊ ဆီးသီး (Plum)

Longan Fuirt ကို မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတော့ အဲဒီသစ်သီးကို မစားဖူးဘူး။ အသီးကရှိမှာပါ၊ ကိုယ်က မသိတာ ဖြစ်မှာဆိုပြီး လိုက်ရှာကြည့်တော့ Longan = လုံငန်းသီး (နဂါးမျက်စေ့သီး) လို့ တွေ့ မိတယ်။

နောက်တစ်မျိုး မသိတာက Blueberry။ ဗလူးဘယ်ရီ ကလည်း မြန်မာနာမည် သီးသန့် မရှိဘူး ထင်တယ်။ စတော်ဘယ်ရီလိုပဲ သူ့ အသံအတိုင်း မြန်မာမှု့ပြုခေါ်လိုက်ကြတယ်ထင်ပါတယ်။

From Everything

From Everything

From Everything


P.S : ဒီနေ့  အလုပ်မသွားဘူး။ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူပြီး အိမ်မှာနေတယ်။

September 26, 2013

Singapore Daisy

မိုးရွာအပြီးမှာ.. တွေ့ လိုက်ရတဲ့ စင်္ကာပူ ဒေစီ...
From Nature


From Nature


ဒီလို ပန်းလေးတွေမြင်ရင် လက်ထဲမှာရှိနေတဲ့ ဖုန်းကို အသုံးမချပဲ မနေနိုင်ဘူး။

[Wiki] Sphagneticola trilobata, commonly known as the Singapore Daisy, Creeping-oxeye, Trailing Daisy, and Wedelia.

September 05, 2013

Rainy day in Singapore

စင်္ကာပူမှာလည်း ဒါမျိုးတွေ ကြုံရတယ်။
From Singapore
ဒီမနက် အလုပ် အလာလမ်းမှာ ကြုံလိုက်ရတာ။ အောချက်လမ်းမှာ ရေကြီးတယ်ဆိုတဲ့ ဓာတ်ပုံတွေ မြင်ဖူးပေမယ့် ကိုယ်နေတဲ့ နေရာ၊ အလုပ်အသွားလမ်းမှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။

June 19, 2013

Haze In Singapore Hits New High - "hazardous"

အလုပ်ကအပြန် ၈ နာရီကျော်က PSI  190 ရှိရာကနေ ည ၉ နာရီမှာ PSI 290၊ အခု ည ၁၁ နာရီမှာ PSI 321 ရောက်သွားပြီ။

အခန်းထဲမှာ တံခါးတွေ ပြူတင်းပေါက်တွေ အလုံပိတ် အဲယာကွန်းဖွင့်ထားလို့ ရလို ခံသာသေးပေမယ့် အဲယားကွန်း မရှိတဲ့ အိမ်တွေ၊ အခန်းတွေမှာ ဘယ်လိုနေကြမလဲ မသိဘူး။ ခုနက မီဖိုချောင်ထဲ ခဏသွားတာ လည်ချောင်းတွေ ချက်ချင်းယားတတ်လာပြီ မရပ်မနား ချောင်းဆက်တိုက်ဆိုးတာနဲ့  ချက်ချင်း အမြန် အခန်းထဲ ပြန်ဝင်လာရတယ်။ ရင်ကြပ်အခံ နည်းနည်းရှိတော့ မီးခိုးနံ့ရတာနဲ့  ချောင်းဆိုးတော့တာပါပဲ။

ဒီမနက် အလုပ်သွားချိန်တုန်းက အဲ့လောက် မဟုတ်သေးဘူး။ ဒါပေမယ့် နေ့ လည်စာ စားချိန်လောက်ကတည်းက PSI 170 လောက် ရောက်နေပြီ။ ဒီရက်တွေမှာ နေ့လည့် အပြင်မထွက်ရအောင် ထမင်းဘူးယူသွားတော့ အဲ့ဒီ ပူတယ်၊ နေရ အတော်ခက်နေပြီ ဆိုတာကို  သူများအပြောနဲ့ ပဲ သိလိုက်တာ။

အလုပ်မှာ တနေကုန် အဲယာကွန်းတွေနဲ့ မို့  မသိသာဘူး။  ဒီညနေ အလုပ်အပြန် ကားဂိတ်မှာ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတော့မှ အတော် အီစိမ့်သွားတယ်။ ကိုယ်တိုင်ခံစားရမှ အရမ်းဆိုးပါလား သိတော့တယ်။ မီးခိုးတွေတင်မကဘူး ပူကလည်း အရမ်းပူတယ်။ ဆိုးတယ်။ မီးဖိုဘေးက နေရသလို ပူစပ်ပူလောင်ကြီနဲ့  ပူတာ။ ဒါတောင် အဲဒီအချိန်က 190 ပဲရှိသေးတယ်။ ခုလို ၃၀၀ ကျော် ဆို ဘယ်လို ပိုဆိုးမယ်။

ခု ဒီတိုင်း ထိုင်နေရင်းတောင် လည်ချောင်းတွေယားလာတယ်။ အိပ်မှ ဖြစ်မယ်။  အခြေအနေ ဒီထက်ပို ဆိုးမလာပါစေနဲ့ လို့ ပဲ ဆုတောင်းရတော့မှာပါပဲ။

---
ဒီညနေ အပြင်သွားစရာရှိတာ သူငယ်ချင်းတစ်ယောက် အကူအညီပေးလို့  သွားဖို့ မလိုပဲ အိမ်တန်းပြန်လာလို့ ရသွားတယ်။ သူသာ မကူညီရင် မလွယ်ဘူး။ ရာသီဥတု အခြေအနေက ဆိုးရတဲ့အထဲ ညနေအလုပ်ပြန်ချိန်မှာ ရထား MRT (NEL) ခရမ်းရောင်လိုင်းကပျက်တော့ လူတွေအကုန် လမ်းပေါ်ရောက်ပြီး ကားလမ်းတွေ တော်တော် ပိတ်သွားတယ်လို့ ပြောတယ်။ ဒီလို မီးခိုး အခြေအနေနဲ့  အပြင်မှာ ၃-၄ နာရီနေလိုက်ရမယ်ဆို အတော်ခံလိုက်ရမှာ။ သူငယ်ချင်းကြီးကို  ကျေးဇူးအထူးတင်ပါကြောင်း. SINGAPORE'S air is now "hazardous" as the Pollutant Standards Index soared to 321 at 10pm, the worst reading in its history.

Air becomes "hazardous" when the index passes 300. The previous worst reading was 226, in 1997. (StraitsTimes)

February 11, 2013

Burmese Salad (အသုတ်စုံ)

Chinese New Year Long Holiday ရဲ့ ပထမဆုံးနေ့  (စနေနေ့ )က အိမ်မှာ အသုတ်စုံလုပ်စားကြတယ်။ မိုးလေး တစိမ့်စိမ့်မှာ အသုတ်စုံစပ်စပ်ကို ဟင်းခါးပူပူလေးနဲ့  တွဲဖက်စားရတာ အတော်လေး လိုက်ဖက်တယ်။
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

ပုံတွေက ဟိုတခါ သုတ်စားတုန်းက ပုံတွေပါ။ စနေနေ့ တုန်းကတော့ အစားအသောက်ကို စားဖို့ ပဲ စိတ်ဝင်စားနေတာနဲ့  ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံရိုက်ဖြစ်တုန်းက အသုတ်မှာ တို့ ဖူး ပါတယ်။ မနေ့ က အသုန်မှာတော့ ကျောက်ပွင့်ပါတယ်။ ဒီနှစ်ခုကွာတာကလွဲရင် ကျန်တာ အကုန် အတူတူပဲ။  အသုတ်ဆို ကြက်သွန်စိမ်းနဲ့  နံနံပင် မပါဘူးဆို ဘယ်လို သုတ်သုတ် ကြိုက်တာများတယ်။ ချဉ်ချဉ်စပ်စပ်လေး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အသုတ်စားရင် ဟင်းခါးပါမှ။ အသုတ်က ခပ်အေးအေး အစားအသောက်ဆိုတော့ ဟင်းခါးပူပူလေးပါမှသာ စားလို့ ကောင်းတယ်။ ဟင်းခါးမှာလည်း ခုလို ပုဇွန်ခြောက်၊ ကြွက်နားရွက်မှိ၊ ပဲပင်ပေါက် နဲ့  ဗူးသီးကို ငရုတ်ကောင်း မွှေးမွှေးလေး ခပ်ထားတဲ့ ဟင်းခါးမျိုးဆို အကြိုက်ဆုံးပဲ။

တစ်ပန်ကန်းခြင်း သုတ်စားရတာ အားမရလို့ ခုလို ၃-၄ ပန်ကန်စာ တခါးတည်း သုတ်စားကြတယ်။
From BurmeseSalad

May 24, 2011

Eat With Your Family Day 2011 (27-May-2011)

Eat With Your Family Day 2011 (27-May-2011)

- Get off work earlier on Eat With Your Family Day
- Cook a scrumptious meal for your family, or treat them to a meal.

If your company doesn’t know about Eat With Your Family Day, point out the day to your bosses. Who knows, you may just be supportive of the cause, and you’ll get to leave work early and spend more time with your family! ...

♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦
Yes! Our Organisation supports
Eat With Your Family Day 2011.
♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦ ♦


ဒီနေ့ မနက် HR ကနေ "Early Release on 27 May 2011 at 5 pm for Eat with Family Day" ဆိုပြီး အီးမေးပို့ တာတွေ့ တယ်။ subject to exigencies of service ဆိုတာလေးလည်း ပါတာပေါ့။

အလုပ်တိုင်းကတော့ စောပြန်ခွင့်ပြုတယ် မထင်ဘူး။ လိုက်ရှာကြည့်တာ List တွေ့ တယ်။ ကိုယ်တွေလုပ်နေတဲ့ Company အဲ့ဒီ မှာ မတွေ့ မိဘူး။ နာမည်မပါလည်း အကြောင်း မဟုတ်ဘူး။ အဲဒီနေ့ မှာ စောပြန်ခွင့်ရှိဖို့ ၊ စောပြန်ရဖို့  က အဓိက။




ဟိုးအရင်လို သောကြာနေ့ ညနေ အလုပ်ပြီးချိန်မှာ သူငယ်ချင်းတွေနဲ့ တွေ့  အပြင်သွား ထမင်းစား၊ စကားပြောတာမျိုး မလုပ်ဖြစ်တာ အတော်ကြာပြီ။ အလုပ် အရမ်းများတယ်၊ အိမ်ပြန်ချိန် နောက်ကျတယ်။ နေ့ တိုင်း နီးပါးပဲ။ သောကြာနေ့ ဆို ပိုပြီး အလုပ်များတတ်တယ်။

October 06, 2010

Good Food To Eat

Camera ယူမသွား ဖြစ်ဘူး။ အပြင်ထွက်ရင် ကိုယ်နဲ့  အမြဲမကွာပါတတ်တဲ့ ဖုန်းနဲ့ ပဲ ရိုက်လိုက်ရတယ်။ အဲဒီနေရာကို မကြာခဏလို ရောက်ဖြစ်တတ်ပေမယ့် ဓာတ်ပုံ တစ်ခါမှ မရိုက်ဖြစ်ဘူး။ ပြီးခဲ့တဲ့လ အဲဒီနေရာကို ရောက်ဖြစ်ချိန်မှာ တစ်စုံတစ်ယောက်ကိုပြဖို့  ပုံတချို့  ရိုက်ဖြစ်သွားတယ်။

ကြိုက်သလောက်ယူပါ။
From Everything
Durian Pengat!

ဒီလောက်ပဲ (တစ်ဇွန်း) စားနိုင်ခဲ့ပါတယ်။
From Everything


ကြိုက်တဲ့သူတွေအတွက် စားကောင်းပြီး၊ မကြိုက်တဲ့သူတွေအတွက်တော့ စားလို့  ကောင်းမှာ မဟုတ်ပါဘူး။

September 30, 2010

Literary Talk in Singapore - 2010

ပြီးခဲ့တဲ့ တနင်္ဂနွေက စာပေဟောပြောပွဲသွားဖြစ်ခဲ့တယ်။ ပထမအကြိမ်တုန်းက မသွားဖြစ်ဘူး၊ ဒီတစ်ခေါက်တော့ ရောက်ဖြစ်တယ်၊ စာရေးဆရာများရဲ့ ပြောတာချက်တွေ နားထောင်ဖြစ်ခဲ့တယ်။
From Literary Talk in Singapore - 2010
စာရေးဆရာ - လယ်တွင်းသားစောချစ်
From Literary Talk in Singapore - 2010

စာရေးဆရာ/ကဗျာဆရာ - မောင်စိန်ဝင်း(ပုတီးကုန်း)
From Literary Talk in Singapore - 2010
စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ဟောပြောနေစဉ်မှာ ကျွန်မ အသံသွင်းယူဖြစ်ခဲ့တဲ့ ဟောပြောချက် အပိုင်းတွေပါ။
လူငယ်တွေအတွက် ကဗျာ တစ်ပုဒ် ( အာရုံကြို )…

အခြေအနေ မကောင်းရင်၊ မငြိမ်းချမ်းရင်......... ကလေးတွေလည်း မပျော်နိုင်ပါဘူး။ ကလေးများအားလုံး ပျော်နိုင်ကြပါစေ။

ရသစာပေအကြောင်း.... ရှေးဟောင်းကဗျာတစ်ပုဒ် ရွတ်ဆိုရင်း ရှင်းလင်းပြခဲ့တယ်။

နာဂစ်မှာ ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုလည်း အခုလို…..

တော်တဲ့ကြယ်တွေမှာ နာမည်ရှိတယ်တဲ့…
လူသိထင်ရှား သူရဲကောင်းတွေရှိသလို၊ ကျွန်မတို့ ရဲ့ ပတ်ဝန်းကျင်မှာ လူမသိ သူမသိ သူရဲကောင်းများစွာလည်း ရှိကြောင်း ပြောကြားရင်း၊ ၂၀၀၉ ဖိလစ်ပိုင်နိုင်ငံ မုန်တိုင်းတစ်ခုအတွင်းမှာ လူပေါင်း ၃၀ ကျော်ရဲ့ အသက်ကို ကယ်တင်ရင်း အသက်စွန့် သွားတဲ့ ၁၈ အရွယ် လူငယ် Muelmar Magallanes အကြောင်းနဲ့  မြန်မာပြည်တော်လှန်ရေးသမိုင်းမှ လူမသိသူမသိ ကြယ်တစ်ပွင့် မာရီလှတော အကြောင်းကို ခုလို… ပြောပြခဲ့ပါတယ်။

အမှန်တရားကို ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနဲ့  သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုး၊ သူရဲကောင်းဆိုတာ အဲဒါပါပဲဆိုတဲ့ အကြောင်းအရာ ဟောပြောကြားချက်တွေကို အသံမဖမ်းလိုက်မိတာ အတွက် စိတ်မကောင်းပါဘူး။

နောက်ဆုံးပိတ်. အနှစ်ချုပ်စကားတွေနဲ့ အတူ… ပန်းတိုင်ရှိရာ နဲ့  ငှက်တို့ တေး ကဗျာ နှစ်ပုဒ် ကို အခုလို….

တိုက်ဆိုင်တယ်ဆိုရမလား၊ ကျွန်မ အသံသွင်းယူမထားဖြစ်တဲ့ ဟောပြောချက်အပိုင်းတွေကို ညီညီသံလွင်က သူ့ ရဲ့ Facebook က Notes မှာ ခုလိုရေးသားထားပါတယ်။

* * * ဒုတိယအကြိမ် စင်္ကာပူစာပေဟောပြောပွဲ (အပိုင်း ၁)- ညီညီသံလွင်

ကာတွန်းဆရာအော်ပီကျယ်
From Literary Talk in Singapore - 2010

သဘောကျမိတဲ့ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ "ကြွက်ခုတ်တဲ့ နွား" အကြောင်း ဆရာအော်ပီကျယ် ဟောပြောနေပုံပါ။

ဆရာအော်ပီကျယ် ဟောပြောတဲ့အခါမှာ သူ့ ရဲ့ ကာတွန်းတွေကိုပါ Projector နဲ့ ပြသရင်း ရှင်းပြ ဟောပြောသွားတာဖြစ်လို့  သူတပါးကို ပြန်လည်မျှဝေမယ်ဆို အသံသပ်သပ်၊ ရုပ်သပ်သပ် ထက်စာရင် ရုပ်ရောအသံပါ ပါအောင် video ရိုက်ကူးထားပါမှ ပိုပြီးသင့်တော်တယ် ထင်မိခဲ့တယ်။ တချို့ နေရာလေးတွေမှာ ကြိုးစားကြည့် ပါသေးတယ်။ ဒါပေမယ့် မိနစ်ပိုင်းနဲ့ အမျှ လှုပ်ရှားရွေ့လျားနေတဲ့ ဦးခေါင်းနှစ်ခုကို လွတ်အောင်ရှောင်ရိုက်ယူဖို့ ဆိုတာ မလွယ်ကူလို့  လက်လျှော့လိုက်ပါတယ်။ ဓာတ်ပုံတချို့ ပဲ ရိုက်ဖြစ်တယ်။
From Literary Talk in Singapore - 2010

ဆရာအော်ပီကျယ်ရဲ့ ဟောပြောချက်များကိုလည်း ညီညီသံလွင်က အခုလို ရေးသားထားတာ တွေ့ ရပါတယ်။
* * * ဒုတိယအကြိမ် စာပေဟောပြောပွဲ (အပိုင်း ၂) - ညီညီသံလွင်

ခုလို ပြန်လည်မျှဝေခွင့်ပေးတာ ကျေူးဇူးအထူးတင်ပါတယ်။

ထုံးစံအတိုင်း (စာရေးဆရာတွေ ဟောပြောတာမပါ) တခြားမြင်တာ၊ ကြားတာ၊ တွေးမိသွားတာသာ ရေးမယ်ဆို ရေးစရာတွေရှိတယ်။ ဒါပေမယ့် ခုရက်ပိုင်း လူပင်ပန်း၊ စိတ်ပင်ပန်းနဲ့ မို့  သွားဖြစ်ခဲ့တဲ့ ဒီစာပေဟောပြောပွဲအကြောင်း ပြန်ရေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမယ့် "အသံသွင်းထားတာ မျှပါဦးဗျာ" ဆိုတဲ့ Mr.DBA စကားကြောင့် Audio File လေးတွေမျှဝေဖြစ်အောင်လို့သာ နည်းနည်းရေးလိုက်တာပါ။ တခြားကိစ္စတွေတော့ သူများရေးတာတွေပဲ လိုက်ဖတ်တော့မယ်။

September 25, 2010

Lighting

အခုနက လူသံတွေဆူညံ ညှော်နံ့ တွေရလို့  ကြည့်လိုက်တော့ တိုက်အောက်မှာ လူငယ်တွေ ဖယောင်းတိုင်းတွေနဲ့  မီးထွန်းနေပြီး၊ ကလေးတွေ မီးပန်းတွေနဲ့  ဆော့နေတာ တွေ့  မိတယ်။ သူတို့ တွေ မီးထွန်းနေကြတာ ခနပါပဲ၊ သိပ်မကြာဘူး။

From Singapore


From Singapore
ပုဇွန်မျှားတဲ့အကြောင်းအတွက် ဓာတ်ပုံတွေမလုပ်ရသေးဘူး။ သူတို့ တွေ မီးထွန်းနေကြတာတွေ့ ပြီး သီတင်းကျွတ် မှာ ဆော့ရတာ ပြန်အောင့်မေ့သွားမိပါသေးတယ်။

September 22, 2010

Weekend Activities (2010-09-11)

ခုလတွေမှာ ပုံမှန်ဆို ကြားရက်တွေဆို အလုပ်နဲ့  အိမ်၊ ပိတ်ရက်ဆို အိမ်မှာနေ။ ဒါကတော့ အပြင်ထွက်ဖြစ်တဲ့ ပိတ်ရက်တစ်ခု။ အဲဒီအပတ် သောကြာနေ့ က Hari Raya Puasa မို့  ရုံးတွေ ပိတ်တယ်။ Weekend နဲ့ ဆက်သွားတော့ ၃ ရက်ပိတ်ရက်တော့ Long Weekend လို့ ခေါ်မလား၊ တကယ်ဆို ၃ရက်တည်းပိတ်တာ နည်းလွန်းပါတယ်။ စနေ၊တနင်္ဂနွေကို ကြားမှာထား ရှေ့ နှစ်ရက်ပိတ်၊ နောက်နှစ်ရက်ပိတ်တဲ့ Long Weekend မျိုး တစ်လ တစ်ခါလောက်ရမယ် လိုချင်တယ်။

အဲဒီပိတ်ရက် သောကြာနေ့ မှာ အိမ်မှာပဲနေဖြစ်တယ်။ ဒါပေမယ့် စနေနေ့ မှာ တစ်နေကုန် အပြင်ထွက်ဖြစ်ခဲ့တယ်။ ပထမဆုံးသွားတာ တိရစ္ဆာန်ရုံ။ IBM Day @ Zoo ဆိုပြီး အခမဲ့ ၀င်ခွင့်လက်မှတ်ရလို့ သွားဖြစ်တာပါ။ ကျွန်မကတော့ IBM မှာအလုပ်လုပ်တာမဟုတ်ပါဘူး။ ဒါပေမယ့်
IBM မှာ အလုပ်လုပ်တဲ့ အသိတစ်ယောက် လိုက်မယ်ဆို Tickets တွေယူထားမယ်ဆိုတာနဲ့  တခြားသူငယ်ချင်းတွေ နဲ့ အတူ သွားဖြစ်ခဲ့တာ။ ဒါကတော့ သုံးခေါက်ချိုးထားတဲ့ ၀င်ခွင့်လက်မှတ်။ ဒီဓာတ်ပုံကိုက Bus ပေါ်မှာ ရိုက်ထားတာ။ သဘောကောင်းရုပ်ချောအပြောချိုတဲ့ ညီမငယ်တစ်ဦးက လက်မှတ်ကို ဓာတ်ပုံရိုက်ဖို့ အဆင်ပြေအောင် ကိုင်ထားပေးခဲ့တယ်။ (မုန့် ဝယ်ကျွေးသင့်ပြီ)

IBM Day @ The Zoo (Saturday - 2010-09-11)

From IBMDay @ The Zoo
အခုလို လို ကြိုတင်မှာထားတာတွေလည်း ရှိတယ်။ ဒီမှာ No 6. က အချက်ဖတ်ပြီး ကိုယ်တွေက ကျင့်သားရနေပြီလို့ တောင်ပြောမိကြသေးတယ်။ ဒါပေမယ့် အဲလို ကြိုသတိပေးတာမလဲ မမှားပါဘူး။ လာမယ့်သူတွေက လူမျိုးစုံ။ မိသားစုနေ့ ဆိုတော့ ကလေးတွေပါ ပါလာခေါ်လာကြမှာ။ တော်ကြာ ဟိုမှ ခြင်ကိုက်လို့  ဟိုကပြန်လာပြီးနောက် ဖျားကြပြီး ဆေးကုရပါတယ် ဆိုပြီး တရားစွဲနေရင် မလွယ်ဘူး။ တချို့  နိုင်ငံက လူတွေက ဘာဖြစ်ဖြစ် တရားစွဲလိုက်မယ်ဆိုတာကြီးပဲ။ ဒီမှာ ကြည့်။
From IBMDay @ The Zoo
Kranji ထိရထားစီးသွားပြီး အဲဒီကမှာ IBM က စီစဉ်ပေးထားတဲ့ Shuttle Bus စီးသွားတာပါ။ Zoo မရောက်ခင် အတော်ဝေးဝေးကတင် ကားလမ်းမဘေးမှာ ရပ်ထားတဲ့ ကားတွေကြည့်ပြီး အတော်လူများမယ်ဆိုတာ သိသာနေပြီ။ ပိတ်ရက် ၃ ရက်၊ Hari Raya ၊ IBM Day ဆိုတော့ လူအရမ်းများတာ မဆန်းဘူးဆိုရမယ်။

Ticket ၀ယ်တဲ့နေရာမှာ လူတန်းက အတော်ရှည်တယ်။ တော်သေးတယ် IBM Ticket နဲ့ ဆိုတော့ တန်းစရာမလိုဘူး။ ဘေးပေါက်ကနေ ၀င်ရတယ်။ မ၀င်ခင် တစ်ယောက် ရေးဘူးတစ်ဘူးစီလည်းပေးတယ်။ ကားပေါ်မတက်ခင် ၀ယ်လာတဲ့ ရေဗူးဖိုးတောင် နှမျောသွားရတယ်။ ရောက်တဲ့အချိန်က ၁၁ နာရီကျော်ပြီဆိုတော့ တခြား ဘာညာကြည့်ဖို့ ထက်စာရင် နေ့ လည်စာ သွားစားဖို့ ပဲ စိတ်သန်နေကြပြီ။ ဗိုက်ဆာနေပြီ။ ရေခဲမုန့်  Popcorn လည်းရမယ်တဲ့။ Ticket ထဲမှာပါတဲ့ Pavilion by the Lake ဆိုတဲ့နေရာ အမြန်သွားကြတယ်။ ဒါတောင်မှ လမ်းမှာ ဓာတ်ပုံ ၁၄-၅ ပုံ ရိုက်ဖြစ်အောင် ရိုက်ကြသေးတယ်။ လာတဲ့ရည်ရွယ်ချက်က လည်း တရိစ္ဆာန်ကြည့်ဖို့ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ဖို့  တဲ့။ တကယ်လည်း ရည်ရွယ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ကြပါပေတယ်။

အဲဒီနေ့ က တိရစ္ဆာန်ရုံကို ရောက်ခဲ့ကြောင်း သက်သေတစ်ခု။
From IBMDay @ The Zoo
တခြားသူတွေ အသာထား IBM ကလူတွေ ဘယ်လောက်များလဲဆို ဒီအောက်ကပုံမှာကြည့်ရင်သိနိုင်တယ်။ တကယ့်ကို အေးအေးဆေးဆေး အခင်းတွေယူလာပြီ ထိုင်နေကြတာ။ မိသားစုတွေ အများကြီး၊ ကလေးတွေလည်းအများကြီး။ ကလေးတွေအတွက် သီးသန့် အစီအစဉ်တွေလည်း ပါတယ်။ ကျွန်မတို့ တောင် နေ့ လည်စာစားရင် ခဏတဖြုတ်ထိုင် ကြည့်ခဲ့တယ်။ မိဘတွေ၊ကလေးတွေ အသံတွေဆူညံနေပေမယ့် သူတို့ တွေက ကြည့်ရတာ ပျော်စရာကြီးပါ။
From IBMDay @ The Zoo

From IBMDay @ The Zoo
ဘာတွေစားခဲ့လဲဆို.. ပထမဆုံး Ticket ထဲမှာပါတဲ့ လက်မှတ်လေးဖြတ်ပြီး Popcorn ယူ စားတယ်။ ချိုတယ်၊ ပုံမှန်ဆို စားဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပါးစပ်ထဲ ထည့်ရင်းထည့်ရင်း ဘယ်လိုကုန်သွားလဲတောင် မသိလိုက်ဘူး။ နောက်ပြီးတော့ နေ့ လည်စာ သွားယူစားတယ်။ နေ့လည်စာက KFC။ တစ်ယောက် တစ်ဗူး။ ဒါလည်း ဗိုက်ဆာလို့ လားမသိဘူး အကုန် ကုန်သွားတာပဲ။ လျှောက်မကြည့်ခင် အားဖြည့်ရမယ်လေ။ ပြီးတော့ Coke သောက်၊ ရေသောက်။ အားအင်အပြည့်နဲ့  လျှောက်သွားဖို့  အဆင်သင့်ဖြစ်ပြီ။

အဲဒီနေ့ က ရာသီဥတုက သာယာတယ်။ မိုးမရွာဘူး။ နေပူလို့ တောင် အိုက်စပ်စပ်ဖြစ်သေးတယ်။ အိုက်နေမယ် ဆိုပြီး ၀ါသနာရှင် ညီမငယ်တစ်ယောက်က ဆံပင်တွေကို ဖွတ်မြီးခေါ်လား၊ ကြက်ဆံမြီးခေါ်လား အဲဒါလာ ကျစ်ပေးတယ်။ အင်း.. ဆံပင်သွားညှပ်ရ အုံးမယ်။ ကဲ အားလုံးပြီးတော့ သွားကြမယ်ဆို.. မသွားရသေးဘူး၊ ရေခဲမုန့် စားရင် ထိုင်ပြီးအနားအရင် ထပ်ယူကြတယ်။ ရပ်နေရင်း ဘယ်ကစကြည့်မှာလဲ မေးမိတော့ အပေါ်မှာပြောသလို ဘာကောင်မှ ကြည့်ဖို့ စိတ်မ၀င်စားကြဘူးတဲ့။

တိရစ္ဆာန်ရုံလာပြီး တိရစ္ဆာန်တွေ မကြည့်ရဘူးဆိုတော့ စိတ်ဆိုးချင်စရာ။ ဒါပေမယ့်လည်း ကိစ္စတော့ မရှိပါဘူး။ ဒီနေရာကို ဒါပထမ ဆုံးအကြိမ်ရောက်ဖူးတာမှ မဟုတ်တာ။ အခုအကြိမ်နဲ့ ဆို ၃ ကြိမ်မြောက်။ ပထမ နဲ့  ဒုတိယအကြိမ်တွေက အကောင်တွေက သေသေချာချာ ကြည့်ထားတယ်။ Singapore Zoo ဘယ်လောက် အရွယ်အစားရှိတယ်ဆိုတာကို ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ဒီလိုနေရာကို ၃ ခေါက်မြောက်ဆိုတော့ အဲဒီမှာရှိတဲ့ အကောင်တွေဟာ မှတ်ဥာဏ်ကောင်းတဲ့ တိရစ္ဆာန်တွေသာ ဖြစ်မယ်ဆို သူတို့ တွေလည်း ကိုယ့်ကို မှတ်မိနေလောက်တယ်။ စိတ်ဒုံးဒုံးချ လိုက်ပါတယ်။ ဘာကောင်မှ မကြည့်တော့ဘူး၊ ဓာတ်ပုံတွေပဲ လိုက်ရိုက်ပေးတော့မယ်။

ဒီနေရာမှာ ပိုစ့်ပေးကောင်းတဲ့ ညီမငယ်ကို မှတ်တမ်းတင်ပါတယ်။ Camera ချိန်လိုက်တာနဲ့  လာထား၊ ပုံစံမထပ်တဲ့ အိုက်တင်မျိုးစုံ ပေးပြီး သားပဲ။ ရိုက်သမျှပုံတွေမှာ သူငယ်ချင်းတွေ ပုံပါနေတော့ ဒီမှာ မတင်တော့ပါဘူး။ အဲဒီနေ့ က ကျွန်မ camera မှာ အားလုံးရိုက်တာ ၂၅၀ နီးပါ။ ကိုယ့်လူတွေ မပါတာ ၁၀ ပုံလောက်ပဲ ရှိတယ်။ စိတ်လက်ပေါ့ပါး မြူးနေတဲ့ မော်ဒယ်မမလေးတွေကို လိုက်ရိုက်နေရတော့.. ဟိုးအရင်လို လူမပါပဲ တခြားစိတ်ကူးထဲ မျက်စိထဲတည့်တာလေးတွေ လိုက်ရိုက်ဖို့  လက်က ထပ်မလှုပ်ချင်တော့ဘူးလေ။

ဒါကတော့ ဓာတ်ပုံရိုက်နေတဲ့ ကျွန်မတို့ အနားကပ်လာတဲ့ ကလေးလေးပါ။ ရိုက်ကွင်းထဲ ၀င်လာလို့  သူ့ ပုံပါ ရိုက်ယူထားလိုက်တယ်။ ခေါင်းပေါ်က ဦးထုပ်မှာ ရေးထားတယ်။ Holidays!!..
From IBMDay @ The Zoo
ဒါကတော့ လှမ်းမြင်လိုက်တဲ့ အဝေးက အရာတစ်ခု။ Boat Rides @ the Zoo ဆိုတာ ထင်တာပဲ။ သေချာ မသိဘူး။ တခါမှ မစီးဖူးဘူး။
From IBMDay @ The Zoo
တကယ်ပါ။ အဲဒီနေ့ က တိရစ္ဆာန်ရုံမှာ မျောက် ၄-၅ ကောင်၊ ဆင် ၂ ကောင်၊ သားပိုက်ကောင်တွေကို အဝေးကနေ၊ ဘာငှက်မှန်းမသိတာ ၂ ကောင် ဒါလားပဲ သေချာတွေ့ ခဲ့ရပါတယ်။ ခြင်္သေ့ မမြင်ခဲ့ရဘူး။ ကျားကိုတော့ ကျောက်ရုပ်ကျားကြီးနဲ့  ကတ်ထူးပြားကျားဖြူ အရုပ်ကြီး မြင်ခဲ့ပါတယ်။ အကောင်တွေရှေ့ မှာ လူတွေက ကျိတ်ကျိတ်တိုးဆိုတော့ လူတွေကို တိုးခွေ့ ဝင်ကြည့်ဖို့ လည်း စိတ်မ၀င်စားတော့ဘူး။

ဒါတွေက ဒီတစ်ခေါက် တိရစ္ဆာန်ရုံမှာ ကျွန်မ မြင်ခဲ့တဲ့ အကောင်တွေ။
From IBMDay @ The Zoo

From IBMDay @ The Zoo

From IBMDay @ The Zoo

အဲဒီနေ့ က တရိစ္ဆာန်ရုံမှာ အကြာကြီး မနေဖြစ်ဘူး။ လမ်းလျှောက်တာလည်း ၀ါသနာမပါကြ၊ အကောင်တွေကြည့်ဖို့ လည်း စိတ်မ၀င်စား၊ ချိန်းထားတာလေးတွေ ရှိကြတယ်ဆိုတော့ ပြန်ဖို့ စီစဉ်ပေးတဲ့ ပထမဆုံး ထွက်တဲ့ Bus (3:30 PM) နဲ့ ပြန်လိုက်ခဲ့တယ်။ ချိန်းတဲ့သူက ပြန်တာဖို့ စိတ်ကူးတာ၊ ဘာမှမချိန်းထားတဲ့ ကျွန်မတို့ ကတော့ ပြန်ဖို့ စိတ်မကူးသေးပဲ Bugis ဘက်သွားဖြစ်တယ်။ Bugis Street Market လည်း ရောက်တယ်။ Bugis Street အကြောင်းသိချင်ရင် Mr.DBA - Singapore 93 (ဘူးဂစ်လမ်းကြားဈေး) မှာ ဖတ်ပါ။

Bugis Street ကို အရင်က ရောက်ဖူးတယ်။ အဲဒီအနားမှာ အလုပ်လုပ်ခဲ့ ဖူးတယ်။ အဲဒီတုန်းကရောက်တာလဲ ဖြတ်သွားဖြတ်လာ့ ရောက်တာပါ။ အခုတစ်ခေါက်တော့ အသစ်ဖွင့်တယ်ဆိုတဲ့ အပေါ်ကဆိုင်တွေ သွားကြည့်ခဲ့တယ်။ ပထမဆုံးအကြိမ် အဲဒီဈေးတန်းထဲဆိုင်တွေို့ ဟိုကြည့်ဒီကြည့် သေချာ လျှောက်ကြည့်ဖြစ်လို့ လည်းပြောနိုင်တယ်။ တစ်ခုသတိထားမိတာ အဲဒီမှာ ရောင်းတဲ့ ဆိုင်တွေက လူအချို့  အတော်ရိုင်းတယ်။ စကားပြောတဲ့ လေယူလေသိမ်းနားထောင်ရတာ ပြည်ကြီးက တရုတ်တွေ ထင်တာပါပဲ။ ကိုယ်ကပဲ ရိုင်းတဲ့သူတွေနဲ့ တွေ့ ခဲ့တာလားတော့ မသိဘူး။

Bugis Street ဟိုကြည့်ဒီကြည့် နည်းနည်း လုပ်ကြပြီး Golden Miles ကို ညစာစားဖို့  ဆက်သွားကြတယ်။ အစားအသောက်ပုံတွေလည်း ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ပါဘူး။ ဗိုက်ဆာနေတော့ စားဖို့ ပဲ စိတ်ထဲရှိတယ်။ စားတာတွေကလည်း အထူးအဆန်းတွေမှ မဟုတ်တာ။ စားလေ့ရှိတာတွေပဲ စားဖြစ်ခဲ့တာပါ။ ပြီးတော့ မစားဖြစ်တာကြာပြီဖြစ်တဲ့ သရက်သီး ၀ယ်စားတယ်။ အားလုံးလည်းပြီးရော ဗိုက်လည်းပြည့်၊ မိုးလဲချုပ်နေတာမို့  ရထားကြီးစီးပြီး အိမ်ပြန်လာခဲ့ပါတယ်။

Weekdays ဆိုအလုပ်သွား၊ Weekend ဆို အခန်းတွင်းအောင်းနေတာ အတော်ကြာပြီ။ အခုနောက်ပိုင်းတော့ အိမ်မှာပဲ မနေပါနဲ့  အပြင်လေးဘာလေး ထွက်ပါအုံးဆိုတဲ့ စကား နားထောင်ဖို့  ကြိုးစားရပါအုံးမယ်။