Pages

June 19, 2013

Haze In Singapore Hits New High - "hazardous"

အလုပ်ကအပြန် ၈ နာရီကျော်က PSI  190 ရှိရာကနေ ည ၉ နာရီမှာ PSI 290၊ အခု ည ၁၁ နာရီမှာ PSI 321 ရောက်သွားပြီ။

အခန်းထဲမှာ တံခါးတွေ ပြူတင်းပေါက်တွေ အလုံပိတ် အဲယာကွန်းဖွင့်ထားလို့ ရလို ခံသာသေးပေမယ့် အဲယားကွန်း မရှိတဲ့ အိမ်တွေ၊ အခန်းတွေမှာ ဘယ်လိုနေကြမလဲ မသိဘူး။ ခုနက မီဖိုချောင်ထဲ ခဏသွားတာ လည်ချောင်းတွေ ချက်ချင်းယားတတ်လာပြီ မရပ်မနား ချောင်းဆက်တိုက်ဆိုးတာနဲ့  ချက်ချင်း အမြန် အခန်းထဲ ပြန်ဝင်လာရတယ်။ ရင်ကြပ်အခံ နည်းနည်းရှိတော့ မီးခိုးနံ့ရတာနဲ့  ချောင်းဆိုးတော့တာပါပဲ။

ဒီမနက် အလုပ်သွားချိန်တုန်းက အဲ့လောက် မဟုတ်သေးဘူး။ ဒါပေမယ့် နေ့ လည်စာ စားချိန်လောက်ကတည်းက PSI 170 လောက် ရောက်နေပြီ။ ဒီရက်တွေမှာ နေ့လည့် အပြင်မထွက်ရအောင် ထမင်းဘူးယူသွားတော့ အဲ့ဒီ ပူတယ်၊ နေရ အတော်ခက်နေပြီ ဆိုတာကို  သူများအပြောနဲ့ ပဲ သိလိုက်တာ။

အလုပ်မှာ တနေကုန် အဲယာကွန်းတွေနဲ့ မို့  မသိသာဘူး။  ဒီညနေ အလုပ်အပြန် ကားဂိတ်မှာ ၁၅ မိနစ်လောက် ကားစောင့်လိုက်ရတော့မှ အတော် အီစိမ့်သွားတယ်။ ကိုယ်တိုင်ခံစားရမှ အရမ်းဆိုးပါလား သိတော့တယ်။ မီးခိုးတွေတင်မကဘူး ပူကလည်း အရမ်းပူတယ်။ ဆိုးတယ်။ မီးဖိုဘေးက နေရသလို ပူစပ်ပူလောင်ကြီနဲ့  ပူတာ။ ဒါတောင် အဲဒီအချိန်က 190 ပဲရှိသေးတယ်။ ခုလို ၃၀၀ ကျော် ဆို ဘယ်လို ပိုဆိုးမယ်။

ခု ဒီတိုင်း ထိုင်နေရင်းတောင် လည်ချောင်းတွေယားလာတယ်။ အိပ်မှ ဖြစ်မယ်။  အခြေအနေ ဒီထက်ပို ဆိုးမလာပါစေနဲ့ လို့ ပဲ ဆုတောင်းရတော့မှာပါပဲ။

---
ဒီညနေ အပြင်သွားစရာရှိတာ သူငယ်ချင်းတစ်ယောက် အကူအညီပေးလို့  သွားဖို့ မလိုပဲ အိမ်တန်းပြန်လာလို့ ရသွားတယ်။ သူသာ မကူညီရင် မလွယ်ဘူး။ ရာသီဥတု အခြေအနေက ဆိုးရတဲ့အထဲ ညနေအလုပ်ပြန်ချိန်မှာ ရထား MRT (NEL) ခရမ်းရောင်လိုင်းကပျက်တော့ လူတွေအကုန် လမ်းပေါ်ရောက်ပြီး ကားလမ်းတွေ တော်တော် ပိတ်သွားတယ်လို့ ပြောတယ်။ ဒီလို မီးခိုး အခြေအနေနဲ့  အပြင်မှာ ၃-၄ နာရီနေလိုက်ရမယ်ဆို အတော်ခံလိုက်ရမှာ။ သူငယ်ချင်းကြီးကို  ကျေးဇူးအထူးတင်ပါကြောင်း. SINGAPORE'S air is now "hazardous" as the Pollutant Standards Index soared to 321 at 10pm, the worst reading in its history.

Air becomes "hazardous" when the index passes 300. The previous worst reading was 226, in 1997. (StraitsTimes)

No comments: