Pages

June 25, 2013

[Game] My Own Kingdom (epic)

Yes, it is time to build up my own kingdoms within the game ;)

အသိတစ်ယောက် ဆော့တာတွေ့ ပြီး ဒီဂိမ်းကို ဆော့ဖြစ်တယ်။ ဒီဂိမ်းကို လူတိုင်းတော့ ကြိုက်မယ် မထင်ဘူး။ မကြိုက်တဲ့ သူတွေအတွက်တော့ အတော် ပျင်းဖို့ ကောင်းမယ် ထင်တယ်။ EPIC ကာတွန်းကြိုက်တဲ့ သူတွေတော့ သဘော ကျလောက်ပါတယ်။ အဲ့ဒီ ကာတွန်းကြည့်ပြီး ကြိုက်လို့  ဒီဂိမ်းကို တွေ့ တွေ့ ခြင်း ဒေါင်းလုတ်လုပ် စမ်းကြည့်ဖြစ်ခဲ့တာ။

ခုလက်ရှိ ကိုယ့် စိတ်အခြေအနေနဲ့  အံဝင်ခွင်ကျဖြစ်လို့  ဆက် ဆော့ဖြစ်နေတယ်။ ခေါင်းရှုပ်လို့  ဘာမှ မစဉ်းစား ချင်ဘူး။ ဒီဂိမ်းကလည်း ဘာဆို ဘာမှ စဉ်းစားနေစရာ မလိုဘူး။ ဂိမ်းထဲက Task တွေကို တစ်ခုပြီးတစ်ခု လိုက်လုပ်သွားရုံတယ်။ ပုံတွေကြည့်ရတာ ကာတွန်းထဲကလိုပဲ လှတယ်။ စိမ်းစိမ်းစိုစို ရှိတယ်။ ဆော့နေတာ ၂ ရက် ရှိပြီ။ လယ်ဗယ် ၁၄ ရောက်ပြီ။


ကာတွန်းထဲမှာ Grub & Mub ကို သဘောအကျဆုံးပဲ။ ကောင်မလေး က Talking snails ဆိုပြီးပြောတဲ့အချိန်မှာ Mub ပြန်ပြောတဲ့အခန်းကို သဘောကျတယ်။
Mub: What's going on, baby girl?
Mary Katherine: Talking snails.
Mub: Actually, he's a snail. I'm a sluuuug. No shell over here, baby. It just slows me down.

The official game inspired by the 3D animated action-adventure movie (EPIC).
GooglePlay for Android
iTunes Store for iPhone and iPad


No comments: