Pages

October 28, 2011

Good-Bye + Dinner

ပြီးခဲ့တဲ့ အင်္ဂါနေ့ က ညနေပိုင်းမှာ ချန်ဂီလေဆိပ်ကို ရောက်အောင် သွားဖြစ်ခဲ့တယ်။ လေဆိပ်ရောက်တော့ Terminal 1 မှာဆိုလို့  SkyTrain စီးပြီး ဆက်သွားတယ်။


Counter 1 မှာ ဆိုလို ဆက်လျှောက်ရတယ်။ Check-In လုပ်တုန်းဆိုလို့  ခဏ စောင့်ကြတယ်။ ကြိုရောက်နေတဲ့ တခြားသူငယ်ချင်းတွေနဲ့ စကားပြောတယ်၊ ပြီးတော့ နီးနီးနားနား PizzaHut မှာပဲ ညစာ စားကြတယ်။ နောက်ဆုံး နှုတ်ဆက် စကားပြောကြရင်း စားဖြစ်ကြတဲ့ နှုတ်ဆက် ညစာ။

Good Luck and All The Best, SMA!.


အစားအသောက်ကတော့ လက်လှမ်းမှီသလောက်၊ ကိုယ်စားတာပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ လူတွေကိုလည်း ဓာတ်ပုံ ရိုက်ပေးဖြစ်တယ်။ ဓာတ်ပုံဆိုတာ ဘာပဲပြောပြော အမှတ်တရ ရှိတယ်။ နောက်တချိန် ကြုံကြိုက်လို့ ပဲဖြစ်ဖြစ်၊ အမှတ်မထင်ပဲဖြစ်ဖြစ် ပြန်ကြည့်မိတဲ့အခါ သတိရစေနိုင်သလို၊ သတိရတဲ့အခါလည်း ပြန်ကြည့်လို့ ရပါတယ်။

2011-10-25 Dinner @ PizzaHut
(Changi Airport - Terminal 1)
with SMA, AWM+NWEC, TRT + SNW, AKS
From Singapore

၃ လအတွင်း လေဆိပ်ကို ၃ကြိမ်ရောက်ဖြစ်တယ်။ ရောက်တဲ့ အကြိမ်တိုင်းက စုံစည်ပျော်ရွှင်ဖို့ မဟုတ်ဘူး။ ၂ ကြိမ်က ခွဲခွါရခြင်းအတွက် နှုတ်ဆက်ဖို့ ။ August တုန်းက တစ်ယောက်၊ ခု October မှာ တစ်ယောက်။


October 20, 2011

20111020 - My Lunch

ဒီနေ့  မနက် ဒီမှာ "What to eat" ရေးထားတာလေး ဖတ်မိသွားတဲ့ အတွက် ကျွန်မရဲ့ နေလည်စာဟာ အောက်က ဓာတ်ပုံထဲက အတိုင်းဖြစ်သွားရပါတယ်။ စာဖတ်သူတွေအပေါ် စာရေးသူတွေရဲ့ စာရေးကောင်းသူတွေရဲ့ စာတွေ ဘယ်လောက်တောင် လွှမ်းမိုးနိုင်သလဲ။ ကြည့်ပါ။

Yong Tau Foo for Lunch (S$3.0) - 20th October 2011
From Everything

ကျန်းမာရေး၊ အစားအသောက် သိပ်ဂရုစိုက်တယ်။ July 23, 2009 ကလည်း ဒီလို နေ့ လည်စာမျိုး တစ်ခါစားဖြစ်ခဲ့တယ်။ အခု နောက်တစ်ကြိမ်ထပ်စားတယ်။ မကောင်းဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပိုစားရမယ်။ နောက်ပိုင်း ဒီလိုနေ့ လည်စာမျိုး တစ်နှစ်ကို ၁-၂ ခါတော့ အနည်းဆုံး စားဖြစ်အောင် ကြိုးစားမယ်။

Other Link: Yong Tau Foo

October 12, 2011

Full moon day of Thadingyut

သီတင်းကျွတ်လပြည့်နေ့ ..

ပျော်ရွှင်ဖွယ်ကောင်းသော သီတင်းကျွတ်အချိန်အခါ ဖြစ်ပါစေ။


အိမ်ကို ဖုန်းမဆက်ဖြစ်တာ အတော်ကြာပြီ။ ဒီနေ့  မနက်စောစောမှာတော့ အိမ်ကို ဖုန်းခေါ်ဖြစ်ခဲ့တယ်။ ဖေဖေ မရှိဘူး အပြင်သွားနေလို့ မေမေ နဲ့ ပဲ စကားပြောဖြစ်တယ်။ အခါကြီးရက်ကြီးတွေဆို ခုလိုပဲ ဖုန်းဆက်လေ့ရှိတာကြောင့် ဒီနေ့ လည်း ဖုန်းဆက်လာမှာပဲဆို ထင်နေတယ်လို့ ပြောတယ်။ ခုလိုပဲ အဝေးကနေ ဖုန်းထဲက တစ်ဆင့်ပဲ စိတ်ထဲကမှန်းပြီး ကန့် တော့ဖြစ်တဲ့ နှစ်တွေက နည်းမှ မနည်းတော့တာ။

ဒီနှစ်တော့ ဦးကြီးလည်း အိမ်မှာ ရောက်နေတာနဲ့  နှုတ်ဆက်စကားပြော ကန်တော့ဖြစ်တယ်။ ဖေဖေ နဲ့ စကားပြောဖို့  ညနေပိုင်း ဖုန်းထပ်ဆက်ရအုံးမယ်။ အခုလို လူကြီးမိဘတွေကနေ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အစစ အရာရာ အဆင်ပြေစေဖို့  ဆုမွန်ကောင်းတောင်းပေးတာ နားထောင်ရတာ စိတ်ချမ်းမြေ့ဖို့ ကောင်းပါတယ်။

ငယ်ငယ်ကကြုံခဲ့ရတဲ့ သီတင်းကျွတ် အချိန်တွေကို သတိရမိပါသေးတယ်။ အစမ်းစားမေးပွဲပြီးလို့  သီတင်းကျွတ် ကျောင်းပိတ်ရက်တွေမှာ မိုးပျံအောင် အားပါးတရ ကစားခဲ့ရတာကို သတိရတယ်။ ဆီမီးတွေထွန်း၊ ပွဲဈေးတွေလျှောက် စားချင်တာတွေဝယ်စား ခဲ့ရတာကို သတိရတယ်။ အမျိုးထဲက သက်ကြီးဝါကြီးတဲ့သူတွေကို လိုက်ကန်တော့ပြီး မုန့် ဖိုးတွေတာကိုလည်း သတိရမိပါတယ်။

ခုတော့ အလုပ်များနေပါ၏။ ။

October 11, 2011

Rainy Day

From Singapore

ဒီနေ့  မိုးတွေ ရွာတယ်။ ဒီနေ့ မှ မဟုတ်ပါဘူး။ ခုတလော အလုပ်သွားချိန်ဆို မိုးရွာတာများတယ်။ ဒီနေ့ မနက်စောပိုင်း ၇ နာရီလောက်က နေပူမလိုနဲ့  ၈ နာရီကျော်တော့ မိုးစရွာလာတာပဲ။ အလုပ်သွားချိန် ကွတ်တိရွာတဲ့မိုးပဲ။ လေပါ ပါတယ်။ အမိုးအကာအောက်မှာ ထီးဆောင်းပြီး လျှောက်လာတာတောင် မိုးစိုသွားသေးတယ်။ အလုပ်ရောက်တော့ ၉ နာရီ၊ အခန်းထဲမှာ ၁ ယောက်ပဲ ရောက်သေးတယ်။ ၉း၃၀ လောက်မှ တခြားသူတွေ ရောက်လာတယ်။ ဒီနိုင်ငံမှာက ထုံးစံပါပဲ။ မိုးရွာရင် ကားပိတ်၊ ရထားနှေးနဲ့  ဆိုပြီး လူတွေ ပုံမှန်ထက် နောက်ကျမှ အလုပ်ရောက်တာများကြတယ်။

မနေ့ (တနင်္လာနေ့ )ကလည်း မနက်စောစော အိပ်လို့ ကောင်းနေတုန်း မိုးကြိုးတွေ ဆက်တိုက်ထစ်တာ အတော်ကြီးကို ကြာတယ်။ မိုးကြိုးပစ်သံကိုက သီးခံနိုင်သေးတယ်၊ အခုလို မိုးကြိုးဆက်တိုက်ထစ်သံကိုတော့ ဘယ်လိုမှ သည်းငြီးခံလို့ မရဘူး။ ဒါနဲ့  စောစော အိပ်ယာ ထလိုက်ရတယ်။ အသံက ကောင်းကင်ပေါ်ကနေ မိုးနတ်သား အငြိမ်မနေပဲ ဒလိမ့်တုံးကို ဆက်တိုက် လှိမ့်ဆော့နေသလား အောင်မေ့ရတယ်။ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်နေသလို၊ ဒလိမ်းဒလိမ်းနဲ့  ဆူညံနေတာပဲ။

ဟိုတလောကလည်း ညနက် ၁၂ နာရီကျော်ကြီး လေတိုက်တဲ့အသံကြောင့် နိုးခဲ့သေးတယ်။ ပြူတင်းပေါက် နည်းနည်းလေးပဲ ဟပြီးဖွင့်ထားတာ။ ဒါကိုတောင် တရွှီးရွှီးနဲ့  အသံတွေ ဆူညံနေလို့  နိုးသွားရတာ။ ဘာသံလည်း သိချင်လို့  ဧည့်ခန်းထဲထွက် ကြည့်တော့မှ အပြင်ကလေတိုက်လို့ မြည်နေတဲ့အသံတွေမှန်း သိခဲ့ရတာ။ သန်းခေါင်းယံကြီးမှာ အဲလိုအသံတွေကြားရတာ၊ ကြောက်တတ်ရင်တော့ ချောက်ခြားစရာပဲ။ အဲဒီလောက် တရွှီးရွှီးအသံတွေမြည်အောင် လေတိုက်တာမျိုး ဒီနိုင်ငံမှာ တခါမှ မကြုံဖူးဘူး။ ရာသီဥတုတွေက အတော်ကြီးကို ဆိုးလာတာပဲ။ ထိုင်း၊ဗီယက်နမ် တွေမှာ ရေတွေကြီးနေတာ အတော်အခြေအနေဆိုးတယ်လို့  သတင်းတွေမှာ တွေ့ မိတယ်။ အားလုံးအဆင်ပြေပါစေလို့  ဆန်ဒပြုမိတယ်။

ဘာရယ် မဟုတ်ပါဘူး၊ နေ့ လည် ထမင်းသွားစားရမှာ စိတ်မပါတာနဲ့  မသွားပဲ အချိန်အားနေလို့ ၊ မနက်က ရိုက်ထားတဲ့ပုံ ဒီမှာလာမှတ်တာ။ ပုံကို ရက်စွဲထိုးမှ သတိထားမိတယ်။ ဒီနေ့  နေ့ စွဲက လှသား၊ ၁ လေးလုံး၊ ၁၁-၁၀-၁၁ ပဲ။

October 09, 2011

သဘောပေါက်မှာပါလေ

ညီစေမင်း
တေးဆို - ခင်မောင်တိုး

ပွင့်အံထွက်တဲ့စကားဖြစ်မယ်..
ပုံမှန်လေသံကွဲ နေလားကွယ်..
နာကျင်စေချင်သူ ထင်ရင်မှားမယ်..
ဆိုလိုချင်တာက ဖွင့်ပြောဖြစ်အောင်..
အချိန်တွေယူကာပင် ပြင်ဆင်ခဲ့တယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

ကာရံရှာဖွေစဉ် ညီမျှခြင်းကို
ပုံသေယူမယ်ဆို မှန်ဖို့ ခက်တယ်.
ပြေလည်ရာကိုသာ ကိုယ်တိုင်းရွေးချယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..

အို... သဘောပေါက်မှာပါလေ..
ချစ်သူချင်းမို့  ငြင်းမိလည်း..
အို...ဖွင့်ဟ၀န်ခံရင်း ..
ချစ်ကြသူချင်းမို့  ညီစေမင်း
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

အချစ်ရယ်.. အချစ်ရယ်..
အချစ်ရယ်.. အချစ်ရယ်..

October 06, 2011

RIP, Steve Job


The world has lost an amazing human being!

From ThePhoto

October 03, 2011

[Game] SushiChop



SushiChop အလကားပေးနေလို့  ဒေါင်းလုတ်လုပ်ပြီး ဆော့ကြည့်တယ်။ ဆော့ရတာ မဆိုးပါဘူး။ Fruit Ninja မကြိုက်တဲ့သူတွေတော့ ကြိုက်မှာ မဟုတ်ဘူး။ SushiChop က Fruit Ninja ဂိမ်းပုံစံ အတိုင်းပဲ။ ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်။
*** iTune Store - SushiChop ***

Available for iPhone and iPod Touch!

** "This is the best Fruit Ninja clones on the App Store I’ve seen yet, because it not only has two different game modes but its also really addictive!" -- PocketFullOfApps.com

** "SushiChop is a great game with above average graphics and audio. . . Don’t be too quick to think that this is just another Fruit Ninja clone" -- iGamesCentral.com