Pages

November 30, 2006

Love and Hate

အချစ်နဲ့  အမုန်း
ချစ်တယ် ကြိုက်တယ်
ဆိုပေတယ်လို့ 
သေအောင်ပင် ဆုတောင်း
ကြောင်းဆုံမှပေါင်း။

မုန်းတယ် မုန်းတယ်
ဆိုပေတယ်လို့ 
သေအောင်ပင် ကျိန်ဆဲ
ကြောင်းဆုံမှ ကွဲ။

Love and Hate
I love you, I care for you,
However we say
And pray till we die,
Only when we are destined to be so
Shall we be united in wedlock.

I hate you, I do hate you,
However we say
And curse till we die,
Only when we are fated so
Shall we be separated.

Translated By Maung Thar Noe

WANTED

Wanted ဆိုလို့ ဘာဖြစ်တာလဲ လို့  လန့် မသွားပါနဲ့ ။ Forword ပို့ တဲ့ အီးမေးတွေ ရောက်လာလို့  စိတ်ဝင်စားသူတွေ လျှောက်လို့  ရအောင် ဒီမှာပိုစ့် ပေးလိုက်တာ.. သူငယ်ချင်းတွေထဲက စိတ်ဝင်စားသူတွေ သွားလျှောက်ကြပေါ့...

Role of Burmese Male in Rambo 4 - In The Serpent's Eye

Film - RAMBO 4: IN THE SERPENT'S EYE (Role of Burmese Male)
Thailand/California , Feature Film
Producer: Sylvester Stallone, Kevin King, John Thompson

Writer / Director: Sylvester Stallone
Casting Director: Sheila Jaffe
Assoc. Casting Director: Susan Paley Abramson
Start Date: January 2007, Thailand

SUBMIT ELECTRONICALLY (FREE registration for electronic submissions at:
http://www.actorsaccess.com - Actors Access)
ATT: SUSAN PALEY ABRAMSON
RAMBO: CAST (SYLVESTER STALLONE)

We are looking for real Burmese or of Burmese descent. Please note if you are familiar and/or can speak the language. You do not have to be union for this part.
BURMESE MALE - 32-40. Military Man. Character Face. Unlikeable...
Do not submit other asian ethnicities!!! We are strictly looking for burmese people. (not Thai, not Korean, not Vietnamese, not Chinese)

STORY LINE:
While working as a snake hunter in Thailand, Rambo is hired by a group of pacifist Christian missionaries to deliver medical and religious supplies to the persecuted Karen people of Burma. After the missionaries are killed or captured, Rambo gets a second impossible job: to deliver a team of mercenaries to the same place and retrieve the surviving missionaries...

November 29, 2006

Open Java changes Everything

စိတ်ဝင်စား စရာပါပဲ။ Enterprise level web application development ပိုင်းမှာ ဘာတွေ ပြောင်းလဲ မှု တွေ့  ဖြစ်မလဲ။ OpenSource တွေကလည်းများလာတော့ ဘာဟာက ပိုအားကောင်းလားမလဲ မသိဘူး ဖြစ်နေတယ်။ နောက်ပိုင်းဆို Ruby က Web Application မှာနေရာယူလာပြီး၊ Enterprise level မှာတော့ Java ကဆက်ရှိနေမယ့် အလားအလာတွေ မြင်နေရတယ်။

Java က OpenSource လုပ်လိုက်တော့ Enterprise level ပိုင်းမှာ ပိုနေရာရ ပိုကောင်းလာမယ့် ပုံစံရှိနေပါတယ်။ ခုချိန်မှာ Web development ပိုင်းမှာ PHP က အဓိက အသုံးများနေပေမယ့်.. နောင်ဆို Ruby က PHP ကိုကောင်းကောင်း ယှဉ်နိုင်လာပြီး၊ တစ်ချိန်ချိန်ကြရင်တော့ ကျော်တက်သွားမှာမယ့် အလားအလာတွေ ရှိနေတယ်။ ကျွန်မ မြင်သလောက်ကတော့ အားလုံးခြုံကြည့်ရင် OpenSource လောကမှာ Java နဲ့  Ruby က Mainstream languages တွေဖြစ်နေမယ် ထင်တယ်။ SUN က JRuby ဆိုပြီး Ruby ကို JVM ပေါ်မှာ run လို့  ရအောင်လုပ်နေတယ် လို့ သိရတယ်။ နောက်တချိန်မှာ Ruby ကနေ Java Library Files တွေ အားလုံးကို ခေါ်သုံးနိုင်အောင် SUN က ကြိုးစားတဲ့ အနေနဲ့  JRuby ကို လုပ်နေတာပါ။ ဘယ်တော့ ဖြစ်လာမလဲ တော့ မသိရသေးဘူး။ အဲ့ဒီ JRuby က Ruby နဲ့  100% compatable ဖြစ်မယ်ပြောတယ်။ တလောကတင် Microsoft ကလည်း Canada က .net developer တစ်ယောက်ကိုငှါးပြီး Ruby ကို CLR ပေါ်မှာ run လို့  ရအောင် လုပ်မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုလည်း ဖတ်လိုက် ရသေးတယ်။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘယ်သူ အရင်ပြီးမလဲ ၊ ဘာက ပိုကောင်းမလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် Ruby က HOT နေတာတော့ အမှန်ပဲ။

နောက်ဆို Linux , Java နဲ့  Ruby က တစ်ဖက်၊ Windows, .net(C#,VB.net,ASP.net)က တစ်ဖက် ဖြစ်လာမှာပဲ။ ဘာပဲ ဖြစ်နေနေ ကိုယ်လုပ်နေတဲ့ Java ကိုတော့ ခုချိန်မှာ စွန့် လွတ်လို့ လုံးဝ မဖြစ်နိုင်သေးဘူး။ စောင့်ကြည့်ရမှာပဲ။ ဒီမှာတော့ ဒီနေ့  ဖတ်မိတယ့် သတင်းလေးပါ..

According to "Open Java changes Everything," on O'Reilly:
  • In the medium term (between 6 and 24 months) expect some interesting packagings of Java to emerge, similar to the way the various Linux Distros work today.
  • Java will become more like .Net with multiple languages running in the standard JVM. We have JRuby and Groovy. It wouldn’t be too hard to add C# to this list.
  • Oracle, IBM, SAP and others already committed to the Java market will become focussed on Java as an even bigger part of the core strategy. Just like the app server market, each will seek to differentiate themselves, perhaps by Service (IBM), by a core database (Oracle) or by leading a niche (SAP). Expect tension between the desire to differentiate (and fragment) and the GPL which seeks to 'bind them all.'
  • Microsoft .Net will end up in a 'death march' with Java trying to gain a lead in a feature set. Open source is very good a mimicking existing products (as it makes an easy spec for dispersed developers to write on - just look at Open Office), so (unless software patents get thrown into the mix), it's hard to see .Net getting a fundamental and lasting edge over the Java Ecosystem.
Source : TheServerSide , OreillyNet

November 28, 2006

28 November 2006

မနေ့ က အကိုဝမ်းကွဲ တစ်ယောက် ဒီကိုလာလို့  အမေက စားစရာတွေ အများကြီးထည့်ပေးလိုက်တယ်။ ပေးလိုက်တဲ့ အထုတ်က သယ်လာတဲ့ တော့ ဘယ်လို နေမလဲ မသိဘူး၊ သွားယူရတဲ့ ကျွန်မ အတွက်ကတော့ တော်တော်လေးတယ်။ ဘာလိုလိုနဲ့  ဒီနိုင်ငံမှာ အမျိုးတွေ တော်တော်များနေပြီ။ မနေ့ က လာတဲ့ အစ်ကိုဆို ငယ်ငယ်ကသာ မြင်ဘူးတာ၊ ကြီးလာမှ ကောင်းကောင်း မတွေ့  ဖူးဘူး။ များလိုက်တဲ့ ၀မ်းကွဲ အကိုတွေ မောင်တွေ။ ဘယ်တော့မှ အမ ၀မ်းကွဲ၊ ညီမ ၀မ်းကွဲ အကြောင်းပြောသံ သိပ်မကြားရဘူး။ ကိုယ့်အမျိုးက မိန်းကလေးရှားပြီး၊ ယောက်ျားလေးတွေ များတယ်ဆိုတာကို ခုမှ သိတော့တယ်။ တစ်ခုရှိတာက ခုဒီမှာ ရောက်နေတဲ့ အမျိုးတွေက ကျွန်မကို ကောင်းကောင်း သိနေတယ်၊ ကျွန်မကတော့ သူတို့ ကို မျက်နှာချင်းဆိုင် တွေ့ ရင် တောင် ကိုယ့်အမျိုးမှန်း ချက်ချင်း မှတ်မိမယ် မထင်ဘူး။ ဒုက္ခပါပဲ ကျွန်မကသာ အိမ်ကို မှန်မှန် ဖုန်းဆက်လေ့ မရှိတာ၊ အဲ့ဒီ အကိုတွေ မောင်ဝမ်းကွဲတွေက သူတို့  ရဲ့လေးလေး၊ ကျွန်မရဲ့ မေမေစီကို ပုံမှန် ဖုန်းဆက်ကြတယ်။ နောက်ဆို City Hall သွားရင်တောင် ဒီလူတွေ ဘယ်လို ရှောင်ရမလဲ မသိတော့ဘူး။ ကိစ္စတော့ မရှိပါဘူး။ ကိုယ်ကလည်း ဘယ်တော့မဆို သူတို့ သိလောက်တဲ့ အကြောင်းအရာ လုပ်ထားတယ်ဆို သူတို့ အရင် အိမ်ကို ဖုန်းဆက်ပြော ထားတတ်တဲ့ အကျင့်က ရှိပြီးသားပဲ။

မနေ့ က အဲ့ဒီ အကိုနဲ့  MRT မှာ တွေ့ ပြီး ပစ္စည်းတွေသာ ယူလိုက်တာ၊ သူ့ ရုပ်ကိုတော့ ကောင်းကောင်းမကြည့် မလိုက်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ ကို ကျေးဇူးတင်ပါတယ်။ မေမေက ဟိုနေ့ က အိမ်ကို ဖုန်းဆက်တုန်းက ဘာစားချင်လဲ မေးတာနဲ့  စိတ်ထဲရှိတာ၊ စားချင်တာတွေ လျှောက်ပြောလိုက်တာကို အကုန်ပါအောင် ထည့်ပေးလိုက်တယ်။ အင်း ဒီရက်ပိုင်းတော့ ညစာကို အပြင်မှာ စားဖြစ်တော့မယ် မထင်ဘူး။ အကုန်အကျ သက်သာတာပေါ့။ မဟုတ်ရင် ညဖက် ဟင်းချက်ရမှာ ပျင်းတာနဲ့  အပြင်မှာပဲ ၀ယ်စားဖြစ်နေတာ ကြာပြီ။ ဘာပဲ ပြောပြော ဒီရက်ပိုင်းတော့ အမေ ထည့်ပေးလိုက်တဲ့ ၀က်သားထောင်ကျော်လေးရယ်၊ ပုဇွန်ခြောက် ထောင်းကျော်လေးရယ်၊ ငါးပိကျော် စပ်စပ်လေးရယ်၊ ပုဇွန်ထုတ်ဆီပြန် ချက်ထားတာလေးရယ်၊ ငါးပိထောင်းလေးရယ်၊ ငါးသလဲထိုးကျော်လေးရယ်၊ လက်ဖက်တွေ နဲ့  ထမင်းစားလို့ ကောင်း နေတယ်။ ငသလောက်ဥကျော် နဲ့  ၀က်နံရိုးကျော် မှာလိုက်ဖို့ ဟာ မေ့သွားတယ်။ ငသလောက်ဥက အရင် စားစရာပို့  တိုင်းပို့ နေကြ ဆိုတော့ ဒီတစ်ခါ ၀ယ်မရလို့ ပဲ ထည်းမပေးလိုက်တာလား၊ မမှာလို့ ဆိုပြီး ထည့်မပေး လိုက်တာလား မသိဘူး။ မပါလာလို့ လားမသိဘူး စားချင်လိုက်တာ။ အင်း… နောက်တစ်ခေါက်တော့ မှာဖြစ်အောင်မှာလိုက်ဦးမယ်။

ဒီနိုင်ငံမှာနေရတာ တခြားဟာတွေ မကြိုက်ပေမယ့် ဒီလို လူကြုံပေါပြီး၊ စားချင်တာ အိမ်ကမှာ စားလို့ ရတာ ကိုတော့ သဘောကျမိသားပဲ။

ဆုတောင်း

စပါးရွှေဝါ ၀င်းပါစေ
ပန်းတွေသင်းပါစေ။
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကျစေသား။
နေရောင်ချည်လည်း ဖွေးပါစေ
လေပြည်အေးပါစေ။
ချစ်မိတ်ဆွေ ပေါင်းဖေါ်များ
ကျန်းမာကြစေသား။

ကျွန်မတို့  သူငယ်တန်းမှာ သင်ရတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ ကျွန်မ ကလေးကဗျားလေးတွေကို စိတ်ဝင်စားပြီး၊ ငယ်ငယ်က သင်ခဲ့ ကြားခဲ့ရတဲ့ ကဗျာတော်တော်များများကို မှတ်မိနေသေးတယ်။ ဒီနေ့ လည်း နေးတစ်ဖိုရမ်မှာ ငယ်ငယ်က သင်ကြားခဲ့ရတဲ့ မှတ်မိသလောက် ကဗျာလေးတွေထဲကို ပြန်ရေးနေရင်း ဒါလေးရဲ့ အဓိပါယ်လေးကို သဘောကျသွားမိတယ်။ အားလုံး ကျန်မာ ပျော်ရွှင် ကြပါစေ။

November 26, 2006

အလှဆင်လိုက်ပါ ဒီကမ္ဘာ - လေးဖြူ

လွန်ခဲ့တဲ့ တစ်နှစ်ကျော် နားထောင်ကြည့်ဆိုပြီး ကိုဇာနည်ပို့ ပေးခဲ့တဲ့ အချိန်က စပြီး၊ ခုချိန်ထိ အမြဲ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ပါ။

ဒီသီချင်းက ကော်ပီသီချင်းတစ်ပုဒ်ပါ။ မူရင်း Title က Treasure the World ပါ။ ဒီသီချင်းဟာ ASIAN-JAPAN EXCHANGE 2003 / J-ASEAN POPs အတွက် သီချင်းဖြစ်ပြီး၊ English နဲ့  Japan Version ကို Chika Yuri ကသီဆိုခဲ့တာပါ။ ဒီသီချင်းရဲ့ Melody ကို Kazufumi Miyazawa ကဖန်းတီးခဲ့ကာ English Lyrics ကို Dick Lee ကရေးစပ်ပြီး၊ Japan Lyrics ကိုတော့ Taeko Onuk ကရေးခဲ့တာပါ။ ကျွန်မတို့  Myanmar လိုကိုတော့ ကိုမြင့်မိုးအောင်က ရေးပြီး Iron Cross က တီးခပ်ကာ လေးဖြူက သီဆိုပေးခဲ့ပါတယ်။

ဒီသီချင်းကို တစ်ခြား Asia နိုင်ငံဖြစ်တဲ့ (Brunei, Cambodia, Indonesia, Laos, Malaysia, Philippines, Singapore, Thailand, Viet Nam) တွေကလည်း သူတို့ ဘာသာစကားတွေနဲ့  ပြန်ဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တခြား Versions တွေ နားထောင်ဘူးတဲ့ ZNMT နဲ့  THKZ ကတော့ အားလုံးထဲမှာ မြန်မာ Version က အကောင်းဆုံးလို့  ပြောပါတယ်။ ဒါပေ့မယ် တစ်ခြားနိုင်ငံတွေရဲ့ သီချင်းတွေမှာ သူတို့ နိုင်ငံဂီတရဲ့ ရိုးရာ music style တွေပါတယ်လို့ ပြောပါသေးတယ်။ ဒီမြန်မာ သီချင်းကတော့ အနောက်တိုင်းဟန် ဆန်ပြီး၊ ကော်ပီကူးတဲ့ အတွေ့ အကြုံများပြားတဲ့ အတွက်ကြောင့် တခြား Versions တွေထက်သာလွန် ပိုကောင်းနေတာဖြစ်တယ်လို့  ယူဆကြပါတယ်။

Treasure The World - Lay Phyu
Song By: Lay Phyu & Iron Cross
Song Title : အလှဆင်လိုက်ပါ ဒီကမ္ဘာ
Myanmar Lyrics: Myint Moe Aung

အိမ်အပြင်ဘက် လှမ်းထွက်ချိန်၊ နေရောင်အလင်း ရောက်ရှိလာ
နေ့ ကောင်းကင် ဒီလက်ဆောင်၊ ပျော်စရာ ကမ္ဘာ တို့ အတွက်လား
အတူတူ တစ်မိုးထဲ အောက်မှာ၊ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်၊ တို့ အချစ်များ

သန်းကောင်ယံထဲ လမ်းပျောက်ချိန်၊ ကြယ်ရောင်အလင်း ရောက်ရှိလာ
ညကောင်းကင် ဒီလက်ဆောင်၊ အမှောင်တွေပယ် ခွင်းဖို့ လား
အတူတူ တမိုးထဲ အောက်မှာ၊ ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်၊ တို့ အချစ်များ

cho : ဒီလယ်ကွင်းနဲ့  တောအုပ်တို့ ဖြတ်ကျော် ချစ်မေတ္တာရဲ့သီချင်း
မြစ်ရိုးများ တလျှောက် လေဆန်ကျော်လွန်ရင်း
မာန်ပြင် ပင်လယ်ရေပြေလှိုင်းများနဲ့  မိုးစက်တွေဖြတ်လို့ 
ကမ္ဘာဆုံးတိုင် ဟစ်ကြွေးရင်း

ပျော်ရွှင်ခြင်း သီချင်းများစွာ၊ လေပြည်ထဲ ပျံ့လွင့်လာ
အိပ်မက်တွေ အတူမက်ကာ၊ ရင်ခုန်သံ နားစွင့်ထား
ရှင်သန်ခြင်း နေ့ သစ်ကမ္ဘာ၊ အတူလက်တွဲ ခရီးဆက်မှာ
ကမ္ဘာကြီးကို အတူအလှဆင၊် တို့ အချစ်များ

cho : ..

ပျော်ရွှင်ခြင်း သီချင်းများစွာ၊ လေပြည်ထဲ ပျံ့လွင့်လာ
အိပ်မက်တွေ အတူမက်ကာ၊ ရင်ခုန်သံ နားစွင့်ထား
ရှင်သန်ခြင်း နေ့ သစ်ကမ္ဘာ၊ အတူရင်ဆိုင် ခရီးဆက်ပါ..
ဒီ ကမ္ဘာကြီး အလှဆင်ပါ… တို့ အချစ်များ…
ဒီ ကမ္ဘာမြေ လှပဖို့ ... တို့  အချစ်များ…

Thanks to ZNMT and THKZ

November 24, 2006

24 November 2006 - Friday Late Night Shopping Day

ဒီနေ့  သောကြာနေ့ ဆိုတော့ နောက်ရက်တွေ အားပြီး အလုပ်လည်းသွားစရာမလို တော့ဘူးဆိုတော့ အရင်းနှီးဆုံး သူငယ်ချင်း ၂ ယောက် နဲ့  dinner သွားစားဖြစ်တယ်။ မြို့ ထဲကို မရောက်တာ ကြာပြီဖြစ်လို့  လူတွေအများကြီကို တွေ့ ရတာ၊ X’mas အတွက် ပြင်ဆင်ထားတာတွေ တွေ့ ရတာတွေ မျက်စိထဲမှာ အထူးအဆန်းဖြစ်နေသလိုပဲ။ သူငယ်ချင်းတစ်ယောက် နောက်ကျနေတာနဲ့  ရောက်နေတဲ့ တစ်ရောက်နဲ့ ဈေးဆိုင်တွေ ခဏ လျှောက်ကြည့် ဖြစ်လိုက်သေးတယ်။ နောက် တစ်ယောက်ရောက်လာမှ ပဲ dinner သွားစားဖြစ်တယ်။ သုံးယောက်သား ဗိုက်ဆာဆာ နဲ့ အ၀ စားပြီး (သူတို့ နှစ်ယောက် ၀ မ၀တော့ မသိဘူး၊ ကိုယ့်ဟာကိုတော့ ၀အောင်စားလိုက်တယ်) စကားခဏပြော ပြီးတော့ ပြန်မယ်ဆိုပြီး လမ်းလျှောက်လာကြတာ လမ်းမှာ လက်ကမ်းကြော်ငြာတစ်ခုရလို့  ကြည့်လိုက်မှ ဒီနေ့  ညဟာ Late Night Shopping ညမှန်း သိလိုက်ရတာနဲ့  သုံးယောက်သား အိမ်ပြန်ဖို့  စိတ်မ၀င်စားကြတော့ ပဲ Shopping လျှောက်ကြည့်မယ်ဆိုပြီး သွားလိုက်တာ အိမ်ပြန်ရောက်တဲ့ အချိန်ကြတော့ ည ၁၂ ခွဲခါနီးရှိနေပြီ။ မှတ်မှတ်ရရ ပေါ့။ ဒီရောက်တာသာကြာနေပြီ ဒီနိုင်ငံမှာ တချို့  အချိန်တွေမှာ Late Night Shopping ဆိုပြီး ရှိတယ်ဆိုတာ သိပေမယ့် တစ်ခါမှ ညဖက် shopping မသွားဖြစ်ဖူးဘူး။

Late Night Shopping ဆိုတာလာလဲ။ ပုံမှန်ဆို ဒီမှာ ဆိုင်တွေက ၉ နာရီလောက်ဆို ပိတ်လေ့ရှိပေမယ့် အဲ့ဒီညဆို ၁၂ နာရီအထိ တချို့ ဆိုင်တွေဖွင့်ကြတယ်။ ည ၉ နာရီနဲ့  ၁၂ နာရီကြားမှာ ၀ယ်ရင် အဲ့ဒီ ဆိုင်တွေမှာ Special Discount တွေ ရှိတယ် လို့  ရေးထားတာကို ဖတ်လိုက်ရတာပဲ။ မနေ့ က ရတဲ့ ကြော်ငြာထဲမှာ ရေးထားတာတော့ Late Night Shopping က့ Last Friday Of Every Month မှာ ရှိတယ်လို့  ပြောတာပဲ။ Internet မှာရှာကြည့်လိုက်တော့ ဒီဟာက လွန်ခဲတဲ့ July က နေပြီး ၄ လ အတွင်း EveryMonth of Last Firday Night မှာ လုပ်ရှိမယ်ပြောထားတာတွေ့ ရတာ့ ဒီညက နောက်ဆုံးညပေါ့။ ဒါပေမယ့် မနေ့ ကတော့ တွေ့ ရတာ December လမှာလည်း Late Night Shopping Days တွေရှိသေးတယ်။ Shopping သွားချင်သူတွေ သွာလို့ ရအောင် Information လေးပေးလိုက်ဦးမယ်..

Come December, Late Night Shopping will be extended to come shopping malls in the Orchard Road and Marina Bay Areas:
Malls at Marina Bay on 8,9, and 16 December
Malls at Orchard on 15,16,22 and 23 December

Friday Late Night Shpooing - 24th Nov 2006ဒီနေ့ မွေးနေ့ လက်ဆောင် ၀ယ်ပေးတဲ့ သူငယ်ချင်းကြီးကို ကျေးဇူးတင်ပါတယ်။ နောင်နှစ်တွေလည်း ဒီလရောက်တိုင်း လခတိုးပြီး လက်ဆောင်တွေ များများ ၀ယ်ပေးနိုင်ပါစေ။

Happy Thanksgiving!

ThanksgivingThanksgiving ဆိုတာ နိုဝင်လာလရဲ့ နောက်ဆုံး ကြာသာပတေးနေ့ ။

အဲ့ဒီနေ့ က ဘာနေ့ လည်း၊ ဘာကြောင့်ဖြစ်လာလည်း သေချာမသိပါဘူး။ သိချင်တဲ့သူများ Wiki - Thanksgiving မှာဖတ်လို့ ရတယ်။ Google လုပ်လိုက်လဲရတယ်လေ။ ထားပါ... ခုကျွန်မသိတာ တစ်ခုကို ရေးချင်လို့ ။ ဘာလည်းဆိုတော့ တစ်ချို့  နိုင်ငံတွေမှာ အဲ့ဒီနေ့ က အလုပ်ပိတ်ရက်တဲ့။ ဒါနဲ Thanksgiving ဆိုတဲ့နေ့ ကို ကျွန်မသဘောကျသွားတယ်။ တစ်ခြားအကြောင်းလည်း ရှိတာပေါ့။ Thanks giving ဆိုတဲ့ နာမည်ကလေးကိုလည်း နှစ်သက်မိတယ်။ ခုကျွန်မရှိနေတဲ့ နိုင်ငံမှာတော့ အဲ့ဒီရက်က အလုပ်ပိတ်ရက်မဟုတ် ပါဘူး။ ဒီနိုင်ငံမှတင် မဟုတ်ပါဘူး ကျွန်မနေဘူးတဲ့ နိုင်ငံတွေ အားလုံးမှာ အဲ့ဒီနေ့ က အလုပ်ပိတ်ရက် မဟုတ်ခဲ့ဘူး။ အင်း.. အဲ့ဒီနေ့  အလုပ်ပိတ်တဲ့ ဖြစ်တဲ့ နိုင်ငံမှာ နေချင်မိတယ်။ နောက်နှစ်တော့ အဲ့ဒီနေ့  အလုပ်ပိတ်ရက်ဖြစ်တဲ့ နိုင်ငံကို အဲ့ဒီအချိန်မှာ ရောက်အောင်သွားဖို့  ကြိုးစား ကြည့်လိုက်ဦးမယ်။

November 23, 2006

22 November 2006

ကျွန်မ ရန်ကုန်က ထွက်လာတဲ့ နှစ်ကလွဲရင် မွေးနေ့ ဆို မနက်စောစော ဘုရားရှစ်ခိုး၊ အိမ်ကိုဖုန်းခေါ်၊ ပြီးရင် ကျောင်းသွား၊အလုပ်သွား၊ ညနေ အချိန်ရမယ်ဆို အရင်းနှီးဆုံး သူငယ်ချင်း ၂ ယောက်၊ ၃ ယောက်နဲ့  မုန့်  သွားစားတာကလွဲရင် တခြား ဘာမှ လုပ်လေ့မရှိခဲ့ဘူး။ မုန့် သွားစားတာကလည်း အားလုံးက အလုပ် လုပ်နေကြတာဆိုတော့ မွေးနေ့ ရက်မှာ သပ်သပ်သွား မစားဖြစ်ပဲ အားတဲ့ နေ့ မှသာ သွားစားဖြစ်တာများပါတယ်။ ဒီနေ့ တော့ ကျွန်မရဲ့ ဘလောခ့်တွေနဲ့ နေးတစ်ဖိုရမ် ကတဆင့်ရင်းနှီးတဲ့ သူငယ်ချင်းတွေရယ်၊ ကျွန်မ အရင်ထဲက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေ နဲ့  ညစာ သွားစားဖြစ်ခဲ့တယ်။ တကယ်ကို ပျော်စရာကောင်းတဲ့ အမှတ်တရ ပွဲလေးတစ်ခုပါပဲ။

ဒီမှာတော့ အမှတ်တရ ရိုက်ထားတဲ့ ပုံတစ်ချို့ .. ဓာတ်ပုံရိုက်ထားတာတွေက အများကြီးပါ။ ဒါပေမယ့် အစားအစာပုံပဲ တင်လိုက်တော့မယ်။ သတိတရ camera ယူလာပြီး စောစော ၀အောင်စားပြီး သူများတွေ မစားခင်၊ စားနေချိန်မှာ နဲ့  စားပြီးချိန်တွေမှာပါ ဓာတ်ပုံတွေလိုက်ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ဒါက သူတို့ ပေးတဲ့ မွေးနေ့ လက်ဆောင်..
ဒါကမွေးနေ့ cake. မီးဖိုနားထားမိလို့  အဲ့လို ဖြစ်သွားတာ၊ ဒါပေမယ့် စားလို့ ကတော့ ကောင်မှကောင်း.. မီး မမှုတ်ခင်က ဓာတ်ပုံရိုက်ဖို့ သတိမရကြဘူး၊ cake လှီးတော့မယ်ဆိုမှ ကို TZA က သတိတရနဲ့  သူများတွေကို ပြချင်ရင် ပြနိုင်အောင်ဆိုပြီး ဓာတ်ပုံလေး ရိုက်ပေးခဲ့တာပါ။ cake ၀ယ်ပြီး၊ သယ်လာပေးတဲ့ မမေနဲ့  ဓာတ်ပုံရိုက်ပေးတဲ့ ကို TZA ကျေးဇူးတင်ပါတယ်..
တကယ့် original cake ပုံစံက ဒီလိုလေးပါ ရှင့်... cake ကြီးကလည်း မလှဘူး ထင်မှာဆိုးလို့  နဂိုပုံလေးပါ ပြထားလိုက်တာပါ
ဒီမှာကတော့ မစားခင် ရိုက်ထားတဲ့ ပုံလေးတွေ..

နောက်ပြီး နောက် ကမ္ဘာကျော်ဖြစ်လာမယ့် လူသား ၁၀ ယောက် ရဲ့ အမှတ်တရ လက်မှတ်ထိုးထားတဲ့ ဆုတောင်း ကတ်ကလေး.. လက်မှတ်တွေနဲ့  သူတို့ ဆုတောင်းတွေ scan လုပ်ထားတာတော့ရှိပါတယ်။ ဒါပေမယ့် ဒီလက်မှတ်တွေကို သူများတွေ ရကုန်မှာဆိုးလို့  Blog မှာတော့ ပိုစ့်မလုပ်တော့ပါဘူး။Thanks to All
ဒီမှာက ကောင်မလေး ကိုယ်တိုင်လုပ်ထားတဲ့ ချစ်ဖို့ ကောင်းတဲ့ မွေးနေ့  ကတ်ကလေး
Thanks Kaung Ma Lay
ကျွန်မရဲ့ မွေးနေ့ ကို အမှတ်တရ ဖြစ်စေ၊ ပျော်ရွှင်စေခဲ့တဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။

November 22, 2006

Happy Birthday To Me!

Birthday Blessings

Happy BirthdayInstead of counting candles,
Or tallying the years,
Contemplate your blessings,
As your birthday nears.

Consider special people
Who love you, and who care,
And others who’ve enriched your life
Just by being there.

Think about the memories
Passing years can never mar,
Experiences great and small
That have made you who you are.

Another year is a happy gift,
So cut your cake, and say,
"Instead of counting birthdays,
I count blessings every day!"

By Joanna Fuchs

ဒီကဗျာလေးကို မွေးနေ့ ဆုတောင်းအနေနဲ့ ရတာပါ။ ကြိုက်လို့ အမှတ်တရ ဒီမှာမှတ်ထားလိုက်တာ။ မွေးနေ့ မှာ ဖုန်းဆက်ပြီး ဆုတောင်းပေးတဲ့ အပြင် ဒီကဗျာလေးပါ ပို့ ပေးတဲ့ မ TDO ကို ကျေးဇူးတင်ပါတယ်။

မွေးနေ့ ကို အမှတ်ရပြီး ဖုန်းဆက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ၊ sms ပို့ ပြီး ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ၊ အီးမေးပို့ ပြီး ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ၊ မွေးနေ့  ဆုတောင်းကတ်ပို့ ပြီး ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ နဲ့  နေးတစ် ဖိုရမ်က သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
Thanks You So Much

November 21, 2006

Mistake

အချိန်မှီသာပြင်ဆင်ခွင့်မရှိခဲ့ရင် - မျိုးကြီး
ဒီသီချုင်းလေးက တော့ အချစ် အကြောင်းရေးထားတဲ့ သီချင်းလေးပါ။ တကယ်တော့ ချစ်သူတွေ ဖြစ်ကြတဲ့ ရည်ရွယ်ချက်က တချိန်ချိန်မှာ အရင်းနှီးဆုံး လူသားနှစ်ယောက် ဖြစ်ကြဖို့ ပါ။ ခုတော့ ချစ်သူနှစ်ယောက် ကြားဆက်ဆံရေးမှာ တစ်စုံတစ်ခု မှားနေတယ်၊ ဒီ အမှားလေးကို သိပြီး၊ အချိန်မှီသာပြင်ဆင်ခွင့်မရခဲ့လိုက်ရင် သူတို့  နှစ်ယောက်ဟာ အရင်းနှီးဆုံးတွေဖြစ်မလားပဲ၊ အဝေးဆုံးကို ရောက်သွားကြမယ်ဆို တဲ့ အကြောင်းလေး ရေးထားတာပါ။
ဒီသီချင်းလေး နားထောင်ပြီး ကျွန်မ လူတွေ လုပ်လေ့ရှိတဲ့ အမှားဆိုတာတွေ အကြောင်းတွေးမိတယ်။ ကျွန်မကို လူတစ်ယောက်က ငါက ဘယ်တော့မှ မမှားခဲ့ဖူးဘူး၊နောင်လည်း ဘယ်တော့မှ မှားမှာ မဟုတ်ဘူး လို့  လာပြောမယ်ဆို ၊ ကျွန်မကတော့ ဒီလူဟာ တစ်စုံတစ်ခု မှားယွင်းနေတယ်လို့  ထင်မိမှာပဲရှင့်။ တခါတလေ ကိုယ်ကမှားလို့  မှားနေမှန်းမသိ ဖြစ်နေတာ သာရှိချင် ရှိမယ်၊ အမှားကြီးကြီးမားမားတွေ မလုပ်ခဲ့သေးတာသာ ရှိချင် ရှိမယ်၊ လောကမှာ အမှား လုံးဝ မလုပ်ဘူးခဲ့ဘူးတဲ့ လူဆိုတာ မရှိနိုင်ဘူးလို့  ကျွန်မထင်တယ်။ နောင် အမှား လုံးဝ မလုပ်ပါဘူးဆိုတာလည်း မဖြစ်နိုင်ဘူးလို့  ထင်တယ်။ လူမှန်ရင် အမှားနဲ့  မကင်းနိုင်ကြပါဘူး။ အမှား မလုပ်မိအောင်ဆိုတာ ဘာမှ မလုပ်ပဲ နေရင်တောင် မရနိုင်ဘူးထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ လူဖြစ်ပါရဲ့ ဘာမှ မလုပ်ပဲ နေတယ်ဆိုကတည်းက ဒီလူဟာ တစ်စုံတစ်ခုတော့ မှားနေတာပဲပေါ့။


တစ်စုံတစ်ယောက်က အမှားတစ်ခု လုပ်မိတယ်ဆိုတာကို ကျွန်မတို့  သိခဲ့ရင် အဲ့ဒီလူကို ချက်ချင်း အပြစ်တင်၊ ရှုံ့ချ ဖို့ မကြိုးစားပဲ ဒီလူ ဘာကြောင့်၊ ဘာလို့  ဒီအမှားကို လုပ်မိတယ် ဆိုတာမျိုးကို အရင်လေ့လာသင့်တယ် ထင်မိတယ်။ တကယ်ဆို တချို့ လူတွေက မသိလို့  အဲ့ဒီ အမှားဆိုတာကို လုပ်မိကြတာပါ။ တခိျု့  လူတွေ ကြတော့လည်း မှားမှန်း သိသိကြီးနဲ့  မှားပစေဆိုပြီး တမင်လုပ်ကြတယ်ပေါ့လေ။ သိသိကြီးနဲ့  အမှားကို ထပ်ခါထပ်ခါ လုပ်သူများကိုတော့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် တစ်ကြိမ်တစ်ခါ မသိလို့  မှားမိသူတွေကို့  အတတ်နိုင်ဆုံး ကြိုးစားခွင့်လွတ် သင့်တယ်လို့ ထင်မိတယ်။ တကယ်ဆို ကိုယ်လည်း သူ့ လို မသိပဲ မှားခဲ့တဲ့ အမှားတွေက နည်းတာမှ မဟုတ်တာ။

ကျွန်မတို့ တွေ ကလေးဘ၀ကနေ ခုချိန် အထိ အကြိမ်ပေါင်းများစွာ မှားခဲ့ကြတယ်။ မှားနေကြတယ်။ နောင်လည်း မှားကြဦးမှာပဲ။ အဲဒီ အမှားဆိုတာကို ကျွန်မတို့  လုံဝ မလုပ်မိအောင် ရှောင်ဖို့ ဆိုတာ မဖြစ်နိုင်ပေဘူး။ ဒါပေမယ့် ကိုယ်တိုင် ကြုံခဲ့ကြတဲ့ အမှားတစ်ခုကိုတော့ နောက်အကြိမ် ထပ်ခါထပ်ခါ မလုပ်မိအောင်တော့ ရှောင်လို့  ရနိုင်တယ်။ ဒါက ကိုယ့်လုပ်ဖူးတဲ့ အမှားကနေ သင်ခန်းစာ ပြန်ယူတဲ့ သဘောပေါ့။

တချို့  ကတော့ ပြောကြတယ်၊ ငါမမှားမခြင်း လုပ်ချင်တာလုပ်နေဦးမှာပဲတဲ့။ ကိုယ်တိုင် တစ်ခါလောက် မှားပြီးမှ နောင်တရ၊ အမှားပြင်၊ နောက်ထပ်မလုပ်တော့ဘူးဆိုတဲ့ သဘောလား။ ဒါလည်း အဖြစ်သင့်ပါဘူး။ အမှားဆိုတာ ကိုယ်တိုင်မဟုတ်ပေမယ့် တခြားသူတွေ ကြုံတွေကြ၊ လုပ်မိကြတဲ့ အမှားတွေကို ကြည့်ူပြီး ကိုယ်လည်းသူတို့ လို အမှားမျိုးတွေ မလုပ်မိအောင် ကြိုးစားလို့  ရနိုင်ပါတယ်။ ကိုယ့်အမှားကတင်မဟုတ် သူ့ များအမှားကပါ ကိုယ်ယူတတ်ရင် သင်ခန်းစာ ယူလို့ ရနိုင်တယ်ဆိုတဲ့ သဘောပါ။ အရာရာတိုင်းကို ကိုယ်တိုင်လုပ်ကြည့် ပြီးမှ မှားခဲ့ရင် သင်ခန်းစာယူ နောင်မမှားအောင်လုပ်ကြမယ်ဆို ကျွန်မတို့  ဘ၀တွေက နဂိုက အမှားများရတဲ့ အထဲ မှားပြီးရင်း ဆက်မှားနေတော့မှာပဲပေါ့။

ကျွန်မလုပ်ခဲ့ဘူးတဲ့ အမှားပေါင်းများစွာ၊ ကျွန်မမြင်တွေ့  နေရတဲ့ အမှားလုပ်သူတွေ.. သိလျှက်နဲ့ မှားသူတွေ.... မသိပဲမှားသူတွေ.... လူသားတွေရဲ့ အမှားတွေ.. အမှားပေါင်းများစွာ…

အို.. ဒါတွေရေးရင်း စဉ်းစားမိတယ်။ သီချင်းလေးတစ်ပုဒ်နားထောင်ရာကနေ အတွေးများသွားတဲ့ ကျွန်မကရော တစုံတရာများ မှားယွင်းနေတာလား…

November 19, 2006

Happy Birthday My Dear Mother

ဒီနေ့  ကျွန်မ မေမေရဲ့ မွေးနေ့ ...

မေမေ့မွေးနေ့ မှာ မနားမှာရှိမနေနိုင်ပေမယ့် မေ့သမီး အဝေးကနေ ဆုတောင်းပေးချင်ပါတယ်...

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ .. မေမေ..
မိဘကျေးဇူးသိတတ်ပြီး၊ မိဘကို စိတ်ချမ်းသာအောင် ထားနိုင်သော သားသမီးများကိုသာ မေမေ ပိုင်ဆိုင်ပြီး
ဖေဖေနဲ့  တူတူ သက်ဆုံးတိုင် ပျော်ရွှင်ဖွယ် နိုင်ပါစေ။

Happy Birthday My Dear Mother

November 15, 2006

Free International Call From U.S.A - Futurephone

ယူအက်စ်ကနေ တခြားနိုင်ငံတွေ (နိုင်ငံပေါင်း 50 ကျော်ကို ၊ မြန်မာနိုင်ငံတော့ မပါပါဘူး) ကို free ခေါ်လို့ ရတဲ့ Site ပါ။ User အကောင့်တွေဘာတွေ ဘာမှ create လုပ်စရာမလို သလို ၊ Internet ကိုလည်း သုံးနေစရာမလို ပါဘူး။ ကြိုက်တဲ့ နေရာက နေ ဖုန်းခေါ်လို့ ရပါတယ်။ ကိုယ့်မှာ ဖုန်းလေး တစ်လုံးတော့ ရှိနေဖို့  လိုတာပေါ့နော်။



ကိုယ့်ရဲ့ ဖုန်းကနေ အဲ့ဒီ Site မှာ ပေးထားတဲ့ Ph no. ကို ဖုန်းခေါ်လိုက်ရင် အဲ့ဒီကနေပြီး ပြန်ခေါ်ပေးတယ်လို့  သိရပါတယ်။ ပြီးမှ ကိုယ်ခေါ်ချင်တဲ့ Ph no. ကို dial ပြီး ခေါ်လို့ ရတယ် ပြောထားတယ်။ သိသလောက်တော့ U.S က HandPhone ကိုင်တဲ့သူ တော်တော်များများ ယူထားတဲ့ Service Plan တွေက Incoming Call တွေ အတွက်ကိုပါ ပိုက်ဆံပေးရတယ်ဆိုတော Daytime( Peak Time) ဆို သူတို့ တွေ သုံးရတာ အဆင်ပြေမယ် မထင်ဘူး။ ဒီနိုင်ငံလို Incoming Call ဆို တစ်ပြားမှ မပေးရတဲ့ တိုင်းပြည်မှာသာ ဒီလို အလကား ဖုန်းခေါ်လို့  ရတဲ့  Service မျိုး သာရလို့ ကတော့ ဘယ်ပြောကောင်းလိုက်မလဲ။ ဒါပေမယ့်လည်း သူတို့ စီမှာ ဖုန်းအများစုက ဒီမှာလို မဟုတ်ပဲ Off-Peak Time တွေမှာ Incoming Call ရော၊ Outgoing Call ရော free ဆိုတော့ ညနေနဲ့  ညဖက်တွေမှာ ဒီ Site က Ph no. ကိုသုံးပြီး Oversea Call ခေါ်ရင်တော့ အဆင်ပြေလောက်တယ်။ ဘာပဲ ပြောပြော အလကားခေါ်လို့  ရတယ်ဆိုတော့ ကောင်းတာပေါ့။

ကျွန်မတို့  ဒီနိုင်ငံမှာ သုံးလို့  မရပေမယ့် သုံးလို့ ရတယ်သူများ သုံးနိုင်အောင် မျှဝေလိုက်တာပါ။ ယူအက်စ်က သူငယ်ချင်းတစ်ယောက်ကတော့ ဒီ Site ကို သူတို့ ဆီက သတင်းစာတွေမှာလည်း ကြော်ငြာထားတာ တွေ့ တယ်လို့ ပြောပါတယ်။

Source : FuturePhone.com

Developer's Top 10 replies when code doesn't work

သူငယ်ချင်းတစ်ယောက် ပို့ ပေးခဲ့တာပါ။ဒီ အီးမေးရတာ ကြာတော့ကြာပါပြီ၊အောက်တိုဘာ၂၀၀၅ က ပို့  ထားတာ။ ဒီနေ့ မှ အီးမေးဟောင်းတွေ ရှင်းရင်း နဲ့  ပြန်ဖတ်မိတာပါ။ ပို့ ပေးခဲ့တဲ့ သူငယ်ချင်း STA ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မ ပတ်ဝန်းကျင်မှာ အမြဲ ကြုံတွေ့  နေရတာတွေ ဖြစ်ပြီး ၊ ပြောထားတဲ့ အချက်တွေ ကလည်း မှန်နေတာမို့ လို့ ၊ ဒါလေးကို ဖတ်မိတိုင်း အနည်းဆုံးတော့ ပြုံးလိုက်မိတယ်။

Top 10 replies by developers when their programs don't work:

10. 'That's weird...'
9. 'It's never done that before.'
8. 'It worked yesterday.'
7. 'You must have the wrong version.'
6. 'It works, but it hasn't been tested.'
5. 'Somebody must have changed my code.'
4. 'Did you check for a virus?'
3. 'Where were you when the program blew up?'
2. 'Why do you want to do it that way?'

and finally ...

1. 'I thought I fixed that.'


ကျွန်မလည်း ဒီထဲက အချက်တွေကို တော်တော်များများကို ပြောလေ့ရှိတယ်။ အဲ.. ဘာကြောင့် ဆိုတဲ့ reason မပေးခင် ကိုယ့်ဘက်ကသေချာအောင် ပြန်စဉ်းစားဖို့ လိုတယ်၊ reason ပေးပြီးရင်လည်း အဲ့ဒီ ပေးလိုက်တဲ့ reason က မှန်ကန် ကြောင်းကိုတော့ သက်သေပြနိုင်ဖို့  လိုပြန်ရော။ မဟုတ်ရင် နောက်ပိုင်း ကိုယ်ပြောတဲ့စကား သူတို့  မယုံဘူးဖြစ်သွားနိုင်ပါတယ်။

Source : Email , C.E.O

November 14, 2006

Cherry

ဘာရယ်မဟုတ်ပါဘူး၊ ဒီနေ့  ဈေးဆိုင်သွားရင်း တွေ့ လိုက်တဲ့ ချယ်ရီသီးလေးတွေ စားချင်စိတ်ပေါက်လာလို့  ဒီပိုစ့်ကို တင်လိုက်တာပါ။ ကျွန်မ ရန်ကုန်မှာတုန်းက ချယ်ရီသီး တစ်ခါမှ မစားဘူးခဲ့ပါဘူး။ ကျောင်းသွားတက်တော့ အသီးလေးတွေ လှတာနဲ့  ၀ယ်စားဖြစ်ရာကနေ ကြိုက်သွားတာပါ။ ကျွန်မ သူငယ်ချင်းတွေကတော့ ချယ်ရီသီးရဲ့ အရသာက ဘာမှလည်း မထူးခြားဘူးဆိုပြီး ထူးထူးခြားခြား မကြိုက်ကြဘူး။ ဒါပေမယ့် ကျွန်မ ၀ယ်လာရင်တော့ လာစားပေးကြ ပါတယ်။ ကျွန်မကတော့ အမြဲနီးပါး ၀ယ်စားဖြစ်ခဲ့တယ်။ ခုတော့ ဒီမှာ 100 g ကို 4 S$ နီးပါးပေးရတယ်လေ။ ၀ယ်စားဖို့  ဘယ်လိုမှ မတန်ဘူးရှင့်။ မတန်ဘူးသာပြောတာပါ တခါတလေ စိတ်ကူးပေါက်ရင်တော့လည်း ၀ယ်စားမိလိုက်သေးတယ်။ ဈေးကြီးလို့  အမြဲတော့ မစားနိုင်တော့ဘူး။

နောက်ပြီး ဟိုမှာ အိမ်ရှေ့ တွေမှာ ချယ်ရီသီးပင်တွေ စိုက်ထားတာတွေ့ ရတယ်။ ကျွန်မက သစ်ပင်တွေကို စိတ်ဝင်စားတော့ သတိတော့ ထားမိလိုက်တယ်။ ဒါပေမယ့် အစကတော့ ဘာပင်တွေမှန်းမသိဘူးပေါ့။ တခါမှ မမြင်ဘူးတာ။ နောက်ပိုင်း အသီးတွေ ပင်လုံးပြွတ်အောင် သီးနေတာတွေ့ ရတော့ အရမ်း သဘောကျမိတယ်။ စိတ်ကူးမိတယ် တနေ့ နေ့ ကိုယ်ပိုင်အိမ်လေးရှိရင် အိမ်ရှေ့ မှာဖြစ်ဖြစ်၊ အိမ်နောက်မှာဖြစ်ဖြစ် ချယ်ရီသီးပင် တစ်ပင်လောက်တော့ အနည်းဆုံး စိုက်ထားဦးမယ်လို့ ။ ခုထိတော့ စိုက်နိုင်ဖို့  လမ်းမမြင်သေးပါဘူး။ အဲ့ဒီ အပင်တွေ စိုက်ဖို့  သူနဲ့  ကိုက်တဲ့ ရာသီဥတု ရှိတဲ့ နေရာမှာ နေဖြစ်ခဲ့ရင့် တစ်ပင်လောက်တော့ အနည်းဆုံး စိုက်ဖြစ်အောင်စိုက်ကြည့်ဦးမယ်။ စိတ်ကူးတွေပေါ့လေ။

ချယ်ရီသီးမှာ အမျိုးအစားအများပြားရှိပါတယ်။ ကျွန်မသိသလောက်တော့ Bing, Lapin, Montmorency, Rainier, Stella, Sweetheart နဲ့  Van တို့ ပါ။ အဲ့ဒီထဲက Bing နဲ့  Stella အမျိုး အစား ချယ်ရီသီးတွေကို ကျွန်မ အကြိုက်ဆုံးပါပဲ။ အဲ့ဒီ အသီးတွေက လှလည်းလှ ချိုလည်းချို ဒီတိုင်းစားလို့ လည်း ကောင်းတယ်လေ။ ချယ်ရီသီးက ချီုတယ်ဆိုပေမယ့် အမျိုးအစားတိုင်းချိုတဲ့ အရသာရှိတာ မဟုတ်ပါဘူး။ တစ်ချို့  ချယ်ရီသီးတွေက ချဉ်တဲ့ အရသာရှိပါတယ်။ Montmorency ဆို ချဉ်တဲ့ အရသာရှိပြီး ဟင်းချက်တာနဲ့  pie လုပ်တဲ့ နေရာတွေမှာ အသုံးများပါတယ်။
ဒီမှာ ကျွန်မ စားချင်တဲ့ ချယ်ရီသီးတွေ….

ဒါက ချယ်ရီပွင့်တွေ ....


ချယ်ရီပင်၊ ချယ်ရီပွင့်နဲ့  ချယ်ရီသီးတွေ အကြောင်း အသေးစိတ်သိချင်ရင်တော့ wiki - cherry မှာ ဖတ်ကြည့်လို့ ရပါတယ်။ ပုံလေးတွေလည်း ပါတယ်။

November 11, 2006

If You are Not The One

Title : If You are Not The One

Artist : Daniel Bedingfield

Song : Listen and Download

Lyrics : www.sing365.com


If you're not the one then why does my soul feel glad today?
If you're not the one then why does my hand fit yours this way?
If you are not mine then why does your heart return my call?
If you are not mine would I have the strength to stand at all?

I never know what the future brings
But I know you are here with me now
We'll make it through
And I hope you are the one I share my life with

I don't wannna run away but I can't take it, I don't understand
If I'm not made for you then why does my heart tell me that I am?
Is there any way that I can stay in your arms?

If I don't need you then why am I crying on my bed?
If I don't need you then why does your name resound in my head?
If you're not for me then why does this distance maim my life?
If you're not for me then why do I dream of you as my wife?

I don't know why you're so far away
But I know that this much is true
We'll make it through
And I hope you are the one I share my life with
And I wish that you could be the one I die with
And I'm praying you're the one I build my home with
I hope I love you all my life

I don't wanna run away but I can't take it, I don't understand
If I'm not made for you then why does my heart tell me that I am
Is there any way that I can stay in your arms?

'Cause I miss you, body and soul so strong that it takes my breath away
And I breathe you into my heart and pray for the strength to stand today
'Cause I love you, whether it's wrong or right
And though I can't be with you tonight
You know my heart is by your side

I don’t wanna run away but I can’t take it, I don’t understand
If I’m not made for you then why does my heart tell me that I am
Is there any way that I can stay in your arms?

November 08, 2006

Free Drawing Online Tools

ကျွန်မ ရဲ့ သူငယ်ချင်းတယောက် ဟိုရက်ပိုင်းက သူ thesis အတွက် visio ကို သုံးပြီး ပုံတွေဆွဲနေရတယ်ဆိုတာ ကြားပြီးထဲက Drawing Tools တွေ အကြာင်း တွေးနေမိခဲ့တာပါ။ ရှေ့ က online file convector ပိုစ့်ကိုရေးရင်နဲ့  online drawing tools တွေ လည်းရှိမှာပဲလို့ တွေးမိလို့ လိုက်ရှာကြည့်တော့
1. CumulateLabs
2. Gliffy
ကို တွေ့ တယ်။ တစ်ခြား ကျွန်မ မတွေ့ သေးတဲ့ Free Drawing Online Tools တွေလည်း ရှိချင်ရှိမှာပါ။ သိသူများ မျှဝေ စေချင်ပါတယ်။ ခုတော့ ကျွန်မတွေ့ လိုက်တာလေးတွေအကြောင်း ဖတ်မိ၊ စမ်းမိသလောက် ရေးထားလိုက်ဦးမယ်။

CumulateLabs - Click here to Watch the CumulateLabs video at YouTube
  • user account တွေဘာတွေနဲ့  login လုပ်စရာမလိုပါဘူး။
  • draw ဆိုတာကို click လုပ်လိုက်ရုံနဲ့  ပုံစဆွဲလို့ ရပါပြီ။
  • သူ့ မှာ two types of diagrams (basic shape နဲ့  flow chart) ဆိုပြီး ပုံစံ နှစ်မျိုး ရွေးလို့ ရပါတယ်။
  • ကိုယ်ဆွဲချင်တဲ့ shape (ပုံမှာ) click လုပ်၊ ပြီးရင် drawing window မှာ သွားပြီး click လုပ် ပြီး၊ ကိုယ်လိုချင်တဲ့ size ရအောင် drag လုပ်လိုက်ရုံပါပဲ။
  • ဆွဲပြီးသား ပုံတွေကို save ဆိုတာကို click လုပ်လိုက်ရင် JPEG, PNG, SVG, PDF (alpha) and MMD/FMD ပုံစံတွေနဲ့  user တွေရဲ့ ကွန်ပြူတာမှာ သိမ်းလို့ ရ နေတယ်။
  • သူရဲ့ site မှာတော့ သိမ်းလို့ မရသေးပါဘူး။
  • ကိုယ့် ကွန်ပြူတာထဲမှာ သိမ်းထားတဲ့ files တွေကို ပြန်ဖွင့်ပြီး edit လုပ်လို့  ရပါတယ်။ ခုလက်ရှိတော့ MMD/FMD format နဲ့  သိမ်းထားတာတွေကိုပဲ ပြန် edit လုပ်လို့ ရပါသေးတယ်။
  • MMD files can only be opened and modified in IE လို့ ရေးထားတာတွေ့ ပေမယ့် ကျွန်မ Firefox သုံးပြီး စမ်းကြည့်တာတော့ အဆင်ပြေနေတယ်။
  • Opensource ဖြစ်လို့  source ကို ဒေါင်းလုတ်လုပ်လို့ ရပါတယ်။ Click here to Download Source Code


အပေါ်က အချက်တွေက ခုလက်ရှိရနေတဲ့ feature တွေပါ။ ကျွန်မ အထင်တော့ CumulateLabs က opensource ဆိုတော့ ခုချိန်မှာ လုပ်နိုင်တာတွေ သိပ်မများသေးပေမယ့် နောက်ပိုင်း ဒီထက်အများကြီး ပိုကောင်းလာဖို့  အလားအလာရှိနေပါတယ်။

Gliffy - Click here to Watch the Gliffy video demo
  • flash ကိုသုံးထားတဲ့ online drawing tools ပါ။
  • သုံးမယ်ဆို user account နဲ့  login လုပ်ပြီးမှ သာ သုံးလို့ ရပါတယ်။
  • free user account create လုပ်လို့ ရပါတယ်။
  • သူ့ မှာ six types of diagrams (Flow Chart, UML, Network , User Interface, Floor Plan နဲ့  Basic Shapes) ဆိုပြီး ပုံစံ ခြောက်မျိုး ရွေးလို့ ရပါတယ်။
  • ဒီမှာက ဆွဲပြီးပုံတွေကို save လုပ်ထားလို ရပါတယ် ။ gliffy မှာက save လုပ်ထားတဲ့ file တွေကို သူရဲ့ server မှာ သိမ်းထားတာပါ။ ကိုယ့် computer မှာ သိမ်ချင်တယ်ဆိုရင် သူ့ စီမှာ Export လုပ်တဲ့ feature ပါပါတယ်။
  • Export as SVG, Export as JPEG နဲ့  Export as PNG ဆိုပြီး type သုံးမျိုးနဲ့  သိမ်းလို့ ရပါတယ်။
  • Edit လုပ်တာကတော့ သူရဲ့ server မှာ သိမ်းထားတဲ့ file တွေကိုပဲ edit ပြန်လုပ်လို့ ရပြီး export လုပ်ထားတာတွေကိုတော့ ပြန် edit လုပ်လို့ မရတော့ပါဘူး။
  • Gliffy မှာ ထူးခြားတဲ့ feature ကတော့ ကိုယ့်ဆွဲထားတဲ့ ပုံတွေကို သူများနဲ့  share လုပ်နိုင်တာပါပဲ။
  • Share မှာ type နှစ်မျိုးနဲ့  share လုပ်နိုင်ပါတယ်။
  • ၁။ Collaborate - ကို share ပေးချင်တဲ့ သူရဲ့ email address ကိုထည့်ပေးလိုက်ရုံနဲ့  တစ်ဖက်လူက ကိုယ့်ပုံကို ကြည့်ရုံမကဘူး edit ပါလုပ်နိုင်သွားပါတယ်။
  • ၂။ Publish to internet - ကိုယ်ဆွဲထားတဲ့ ပုံကို wiki, blog နဲ့  တစ်ခြား website တွေမှာ ပြလို့  ရအောင် အတွက် ပါတယ်။

CumulateLabs နဲ့  ယှဉ်ရင် Gliffy မှာလုပ်လို့ ရတယ် feature တွေပိုများပြီး ပိုကောင်းနေပါတယ်။ Galiffy က ခုချိန်မှာ free ဖြစ်ပေမယ့် နောက်ပိုင်းကြရင်တော့
Free user with limited feature နဲ့ 
Business User with premium features လို့ ခွဲမယ်လို့  ပြောထားတာကို Dliffy pricing plans မှာ ပြောထားတာကို ဖတ်ရပါတယ်။

Source : Digg , Dliffy , CumulateLabs

ZamZar - Free online file conversion

file တွေကို ဘယ် software မှ download လုပ်စရာမလိုပဲ convert လုပ်လို့ ချင်တယ်ဆိုရင် ဒီ ZamZar ဆိုတဲ့ website ကိုသုံးပြီး အဲ့ဒီ site ကနေ convert လုပ်လို့ ရပါတယ်။ ဖတ်ကြည့်ရသလောက်ဆိုရင် file type တော်တော်များများကို ပြောင်းလို့ ရတယ်လို့  အဲ့ဒီ site မှာရေးထားပါတယ်။ အသုံးဝင်မယ်ထင်လို့  ဒီမှာ မှတ်ထားလိုက်တာပါ။
ZamZar - Free online file conversion
ပြောင်းလို့ ရတဲ့ file format list ပါ။ ဒီ လင့်ခ့် ConversionTypes မှာ ကြည့်ရင်လည်း ရပါတယ်။
FileFormatListဒီမှာက ဘယ်လို ပြောင်းရမလည်း ဆိုတာကို ရှင်းပြထားတာပါ။
ZamZarconvert မလုပ်ခင်မှာ အဲ့ဒီ site က Terms of Service for Zamzarဆိုတာလည်းကို အရင် ဖတ်ကြည့်ကြပါ။

Source : YouNeed2See , Zamzar

November 07, 2006

AJAX and I

ဒီရက်ပိုင်း အလုပ်သစ်မှာ အချိန်ပိုတွေ များနေတာကြောင့် internet မှာ Tutorials လေးတွေ လိုက်ဖတ် ဖြစ်ရာကနေ အရမ်း နာမည်ကြီးနေတဲ့ AJAX နဲ့ ပတ်သက်တာ လေးတွေ ဖတ်ဖြစ်သွားတယ်။ AJAX ဆိုတာကို သူများတွေပြော၊ internet မှာလည်း ဟိုနေရာတွေ့  ဒီနေရာတွေ့ နဲ့  တွေ့ ၊ အထူးသဖြင့် Google ရဲ့ websites တွေမှာ AJAX ကို အသုံးပြုထားတယ် ဆိုတာကို သတိထားမိနေတာ ကြာ ပါပြီ။ ဒါပေမယ့် ကျွန်မရဲ့ ထုံးစံအတိုင်း ကိုယ်နဲ့ မဆိုင်လို သတ်မှတ်လိုက်ရင် လုံးဝလေ့လာချင်စိတ် မရှိလေတော့ ဘာမှန်းသိအောင် တခါလေးရယ်မှ မကြိုးစားခဲ့၊ မလေ့လာခဲ့၊ မဖတ်ရှု ခဲ့ပါဘူး။

ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်မနဲ့ ဆိုင်မဆိုင်ကို ကျွန်မ ဘယ်လို သတ်မှတ်လည်းဆိုတာကိုပါ။ သူများတွေက နည်းပညာ အသစ်တစ်ခု ထွက်ရင် လေ့လာချင်တယ်၊ သိချင်ကြတယ်။ အဲ့ဒါကောင်းပါတယ်။ ကျွန်မကတော့ အလိုမဟုတ်ဘူးရှင့်။ အပျင်းထူပါတယ်။ ကျွန်မ အလုပ်နဲ့  ပတ်သက်တာဆို လိုသလောက် လေ့လာတယ်။ ပြီးတော့ ကျွန်မ စိတ်ဝင်စားတာဆိုရင်ကတော့ လိုလို မလိုလို လေ့လာတတ်ပါတယ်။ (ကျွန်မ စိတ်ဝင်စားတဲ့  အကြောင်းအရာကလည်း အလွန်ရှားပါတယ်။) IT လောကမှာ ကျွန်မသိတယ်ဆိုတဲ့ ပမာဏ က သူများတွေ( ကျွန်မ နဲ့  တန်းတူ အလုပ်လုပ်နေသူတွေနဲ့ ယှဉ်ရင် ) အလွန်နည်းတယ်လို့  ထင်ပါတယ်။ ဒါတောင် ခု ကျွန်မလုပ်နေတဲ့ အလုပ်က ကျွန်မ ၀ါသနာပါ ရွေးချယ်ခဲ့တဲ့ အလုပ်မို့ သာ ဒီလောက် သိအောင်လုပ်ဖြစ်တာပါ။ သူများတွေလို ၀ါသနာမပါတာကို လုပ်နေရမယ်ဆို ဘယ်လိုများ နေမလဲ မသိပါဘူး။ ထုံးစံ အတိုင်း ပြောချင်တာ တခြား၊ ပြောနေတာ တခြား ဖြစ်နေပြန်ပြီ ထင်တယ်။ ကဲ ပြောချင်တဲ့ AJAX အကြောင်းလေး ပြန်ဆက်လိုက် ဦးမယ်...

ပထမဆုံးပြောခဲ့သလို AJAX ဆိုတာ ဘာမှန်း ကျွန်မသိခဲ့ပါဘူး။ AJAX အကြောင်း စဖတ်တော့မယ်ဆိုတော့ AJAX ဘာလည်းဆိုတာကို သိဖို့ လို သွားပြီ။

What is AJAX?
AJAX is an acronym from Asynchronous JavaScript And XML.
AJAX is not a new programming language, but simply a new technique for creating better, faster, and more interactive web applications.
AJAX uses JavaScript to send and receive data between a web browser and a web server.
Source : W3School (AJAX tutorial) ,
Developer (AJAX from Scratch)

ဒါလေး ဖတ်ပြီး ကျွန်မ AJAX ကို ပိုစိတ်ဝင်စားသွားတယ်ရှင့်။ ပထမတော့ ပျင်းပျင်းရှိတာနဲ့  AJAX ဆိုတာ လူပြောများ နေတာလေးမို့  လိုက်ဖတ်ကြည့်မိတာပါ။ ကျွန်မ ဘာလို့  ဒါဖတ်ပြီး AJAX ကို ပိုစိတ်ဝင်စားသွားလဲ။ ရှင်းပါတယ်။ သူများတွေလို AJAX က ဘာကောင်းလို့ ၊ ညာကောင်းလို့ ဆိုတာမျိုး ကြောင့်မဟုတ်ပါဘူး။ ကျွန်မ ပျင်းနေတုန်း ဖတ်ပါတယ် ဆိုမှ အသစ်ဆိုတာကြီးကို ပင်ပင်းပန်းပန်း မဖတ်ချင်ဘူးလေ။ AJAX က programming language အသစ်မဟုတ်ဘူး။ interactive web application တွေကို ပိုမြန်ဖို့ ၊ ပိုကောင်းဖို့  လုပ်ထားတဲ့ technology ဆို တော့ ကျွန်မ စိတ်ဝင်စားသွားတာ ဘာဆန်းသလဲ။ ကျွန်မလုပ်နေတာက web application development ပိုင်းကို လုပ်နေတာဆိုတော့ AJAX ဆိုတာ ကျွန်မ အတွက် ခုနေခါ အသုံးမ၀င်တောင်၊ နောင် အသုံးဝင်မှာ သေချာနေတယ်လေ။ ပြီးတော့ web browser နဲ့  web server အကြား data ပို့ တာ၊ လက်ခံတာကို ကျွန်မ နဲ့  အမြဲ ရင်းနှီး နေတဲ့ JavaScript သုံးထားတယ်ဆိုတော့ ဖတ်ရတာ လွယ်မှာပဲဆိုပြီး ပိုစိတ်ဝင်စားသွားတာလည်း ပါ ပါတယ်။

နောက်ပိုင်း ဖတ်ဖြစ်တာတွေ တော့ ကျွန်မ အသေးစိတ် မရေးတော့ပါဘူး။ ကျွန်မ က ခုရက်ပိုင်မှ AJAX အကြောင်း စလေ့လာဖြစ်တာဆိုတော့ detail သိပ်မသိသေးတဲ့ အတွက် အသေးစိတ် မဆွေးနွေးတော့တာပါ။ ဒီမှာ အဓိက ပြောချင်တာက ခုလို စိတ်ဝင်စားသွား၊ ကျွန်မ အတွက် အသုံးဝင်မယ် ထင်သွားလို့  AJAX ကို ကျွန်မ ဆက်ဖတ်ဖြစ်၊ လေ့လာဖြစ်သွား တယ်ဆိုတာကို ပါ။ AJAX is a web browser technology independent of web server software. ဆိုတော့ Web Application Development လုပ်နေသူအားလုံး AJAX ကို အချိန်ရရင် ရသလို လေ့လာထားမယ်ဆို မှားမယ် မထင်ပါဘူး။

ကျွန်မ လိုက်ရှာတွေ့ တဲ့ AJAX နဲ့ ပတ်သက်တဲ့  လင်ခ့် လေးတွေပါ။

ဒါက AJAX ကိုသုံးထားတဲ့  site list ပါ။
Sites Using AJAX
ကျွန်မသိတဲ့  နာမည်ကြီး site တွေ gmail , google calendar, google groups, flickr , meebo, MSN space, yahoo, yahoo photo, yahoo search……… အို…… အများကြီးပါပဲ။
Yahoo ဆိုလို ပြောရဦးမယ်။ အသစ်ဖြစ်တဲ့ yahoo ajax email က Microsoft နဲ့ အဆင်ပြေအောင် လုပ်ထားတာ ဆိုတော့ IE မှာသုံးရင် မြန်ပေမယ့် Firefox နဲ့  သုံးရင် နည်းနည်းနှေးသလို ဖြစ်နေတယ်။

ဒါက google က ထုတ်တဲ့ java အတွက် AJAX application လုပ်ဖို့  framework.
Google Web Toolkit
Google Web Toolkit (GWT) is a Java software development framework that makes writing AJAX applications like Google Maps and Gmail easy for developers who don't speak browser quirks as a second language.

Java Developer တွေ တော်တော်များများကတော့ အဓိက သုံးတဲ့ free IED ဖြစ်တဲ့ Eclipse မှာ GWT ကိုအလွယ်တကူသုံးနိုင်အောင် ကူညီပေးမယ့် Plug-in ရှိပါတယ်။ ဒီမှာ ဒေါင်းလုတ်လုပ် လို့ ရပါတယ်။
Googlipse - Eclipse plugin for Google Web Toolkit(GWT)

ဒီမှာက AJAX Tutorials လင့်ခ့်တွေပါ။
10 AJAX Tutorials for Beginners ဒီ YouNeed2See site မှာ တစ်ခြား CSS ကူတိုရီရယ်တွေလည်း ရှိပါတယ်။
AJAX-Tutorials Top List
30 AJAX Tutorials – Max Kiesler (March 15, 2006)
60 AJAX Tutorials – Max Kiesler (May 08, 2006)
42 Recent AJAX Tutorials – Max Kiesler (July 04, 2006)

ဒီ လင်ခ့် တွေမှာ AJAX ကျူတိုရီရယ် sites တော်တော်များများကို စုပေးထားတယ်။ MaxKiesler.com မှာ AJAX နဲ့  ပတ်သက်တဲ့ သတင်းတွေ ၊ ကျူတိုရီရယ် site တွေကို ကြည့်ရှု့ လို့ ရပါတယ်။

ဒီပိုစ့်ကို လာဖတ်မိသူများ ထဲမှာ AJAX အကြောင်း လေ့လာဘူးလို့  ကျွန်မ ( AJAX ကို ခုမှ စတင်လေ့လာသူများ) ဖတ်သင့်တယ် ထင်တဲ့ sites လေးတွေများရှိရင် comments မှာ ချန်ထားပေးခဲ့ နိုင်မယ်ဆိုရင် ကျေးဇူး အထူး တင်နေမှာပါ။

November 03, 2006

What am I doing in these days?

တနေ့ တနေ့ 
မနက်ဆို အိပ်ရာထ၊
ရေလေးချိုးပြီး အလုပ်သွား၊
အလုပ်ရောက်ပြီဆို အိတ်ကလေး ဘေးချ၊
ကွန်ပြူတာလေးဖွင့် အွန်လိုင်းလေးဝင်၊
သတင်းတွေဖတ်၊ ဘလောခ့်တွေဖတ်၊ ဖိုရမ်တွေဖတ်၊
ဟိုရေး ဒီရေး၊ ရေးချင်တာတွေ လျှောက်ရေး၊
နည်းနည်း စိတ်ကြည်လင်ရင် အွန်လိုင်းက ကျူတိုရီရယ် လေးတွေ လိုက်ကြည့်၊
နေ့ လည်စာ စားချိန်ရောက်ပြီဆို တစ်ယောက်တည်း နေ့ လည်စာလေး သွားစား၊
စားပြီး ပြန်လာတော့ အပေါ်မှာပြောထားတာတွေ ပြန်လုပ်ရင်း ညနေအလုပ်ဆင်းမယ့် အချိန်ကို စောင့်၊
ညနေ ၆နာရီလည်း ထိုးရော အိတ်ကလေး ကောက်လွယ်ပြီး အိမ်ပြန်၊
အိမ်ရောက်ပြီဆို ထမင်းလေးချက် ညစာလေးစား၊
သီချင်းလေးနားထောင် ဟိုကြည့်ဒီကြည့်လေးလုပ်၊
ပြီးတော့ ရေလေးချိုးပြီး အိပ်ရာဝင်။

ဒါပါပဲ။
အလုပ်သစ်မှာ ဘယ်လိုလဲ၊ အဆင်ပြေလား၊ ဂရုတစိုက် မေးဖေါ်ရသော သူငယ်ချင်များ၊ ဒီပိုစ့်လေးဖတ်ပြီးရင် အလုပ်သစ်က ဘယ်လိုလည်း ဆိုတာ သိလောက်ရောပေါ့။ ဘ၀ကြီးက အေးချမ်းနေလိုက်တာလို့  ခုချိန်မှာ ပြောနိုင်ပေမယ့် ဒီအတိုင်းသာ ဆက်နေသွားရင် အပျင်းကြီးလာပြီး အသက်တို လောက်တယ်။ နောက်ပြီး သိပ်လည်း မငြီးရဲဘူး။ ဒီလောက်အားနေတာ တမျိုးကြီးပဲ။ ခုချိန်မှာ ဘာမှ လုပ်စရာမရှိ၊ အားနေသလောက် နောင်များမှာ အလုပ်တွေ သေလောက်အောင်ရှုပ်လာမှာ စိုးရိမ်နေရပါတယ်။

Best Of Luck

To THKZ

November 02, 2006

How to choose your site's name (domain name)?

အောက်မှာ ရေးထားတဲ့ သတင်းကို အသေးစိတ်ဖတ်ပြီးနောက် တစ်ခု ထပ်ပြီး စဉ်းစားနေမိပြန်တယ်။ (အားနေတာနဲ့  လုပ်စရာမရှိ လျှောက်တွေးနေတာလို့  ထင်လိုကထင်နိုင်၊ မနာလို ဖြစ်လိုက မနာလိုဖြစ်နိုင် ပါတယ်။) website သန်း ၁၀၀ ကျော်မှာ သန်း ၅၀ လောက်ပဲ active ဖြစ်နေတယ်ဆိုတော့၊ ကျန်တဲ့ site တွေက ဘာဖြစ်နေလဲ။ ဒီမှာ ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်။ လူတွေက သူတို့ လို ချင်တဲ့ name တွေပဲ ၀ယ်ထားပြီး site တွေကို build မလုပ်ကြသေးပဲ နေမှာပေါ့။ ဘာလို site တွေကို internet မှာ active ဖြစ်အောင်မလုပ်ချင်သေးပဲနဲ့  name တွေ ကြိုဝယ်ထားတာလဲ။ ရှင်းပါတယ်။ ခုချိန်မှာ website မလုပ်နိုင်၊ မလုပ်ချင်သေးပေမယ့် တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ခေတ်နဲ့  အညီ၊ အမှီလိုက်ပြီး website တွေလုပ်တော့မယ်ဆို ကိုယ်လိုချင်တဲ့ နာမည်မရမှာ စိုးရိမ်လို့ ပေါ့။

ဒါနဲ့ ဆက်စပ်ပြီး ကြုံတုန်းလေး ဆက်စဉ်းစားလိုက်ဦးမယ်။ ကိုယ်ပိုင် web site name (domain name) ကို ၀ယ်တော့မယ်ဆို ဘယ်လို စဉ်းစားပြီး ၀ယ်ကြသလဲ။ company တွေကတော့ ရှင်းပါတယ်။ သူတို့  company ရဲ့ နာမည်နဲ့ ပဲ ၀ယ်ကြမှာပေါ့။ company နာမည်က တစ်ခြား၊ web site နာမည်က တစ်ခြား ဖြစ်နေတာမျိုးက ရှားပါတယ်။ ရှိတော့ရှိတယ်၊ ရှားတယ်ပေါ့။ ဒါရေးရင်မှ သတိထားမိတယ်။ ကျွန်မ လက်ရှိလုပ်နေတဲ့ company နာမည် နဲ့  web site address မတူပါလား။ မတူပေမယ့် ဆက်စပ်မှု့ တော့ရှိပါတယ်။ web site address က ဒီcompany ရဲ့ ဆောင်ပုဒ်ပဲ။ ဒါတွေထားပါ။ ခုနက ဟာကို ဆက်တွေးရမယ်။

Name တွေ ကြိုဝယ်ရာမှာ Company မဟုတ်သေးတဲ့ ဒါပေမယ့် နောင်တစ်ချိန်ချိန်မှာ တစ်ခုခုလုပ်မယ် ရည်ရွယ်သူများက general ကျတဲ့ နာမည်မျိုး၊ လူသိများတဲ့ နာမည်မျိုး ၊ ဒါမှ မဟုတ် ငါ့ company ဖွင့်ရင် ဘာပေးမယ်ဆိုပြီး တွေးထားတဲ့ နာမည် မျိုးတွေကို ၀ယ်ကြမယ် ထင်တယ်။ personal အတွက်ပဲ ရည်ရွယ်သူ တွေကရော။ အင်း ကြုံဘူး၊ တွေ့ ဘူးသလောက် အမြင်အရ ပြောရမယ် ဆိုရင်ကတော့ personal site တွေလုပ်မယ့်သူတွေက နာမည်လှလှလေးတွေ စဉ်းစားပြီး ၀ယ်ကြတယ်၊ ၀ယ်ထားကြတယ်ပေါ့။ ကျွန်မ သူငယ်ချင်း တစ်ချို့  နာမည်လှလှနဲ့  domain name လေးတွေ ၀ယ်ထားတာတွေ့ တယ်။ (ကျွန်မကတော့ သူတို့ တွေလို နာမည်လှလှ လေးတွေ မစဉ်းစားတတ်ပါဘူး။) တစ်ချို့ ကျတော့လည်း personal အတွက်ဆိုတောု့ သူတို့  နာမည်နဲ့ ပဲ website လုပ်မယ်ဆိုပြီး domain name တွေဝယ် ထားကြတယ်။ ဒီလို ကိုယ့်နာမည်နဲ့ ကို domain name ကြိုဝယ်ထားသူများကို အမျှော်အမြင်ကြီးပြီး၊ နောင်တခေတ်မှာ ထင်ရှားလာနိုင်တဲ့ သူတွေလို့  ပြောလို့ ရမယ် ထင်တယ်။ ကျွန်မ အထင်ပေါ့လေ။ ကျွန်မ ဘာလို့  အဲ့လို ထင်လဲ။ ရှင်းပါတယ်။ မသိဘူးဆို ရှင်းပြချင်ပါတယ်။

ဘယ်လို လူတွေက သူတို့ နာမည်တွေနဲ့  site တွေလို ရှိဖို့ လို မလဲ။ ကျွန်မတို့ုလို သာမန်လူတွေက website တစ်ခုရှိဖို့  လိုတောင်မှ ကြိုက်တဲ့ နာမည်ပေး အရေးမကြီးလောက်ပေမယ့် ထင်ရှား၊ ကျော်ကြား လူသိများတဲ့ သူတွေ မှာတော့ သူတို့  ကိုယ်ပိုင် နာမည်တွေနဲ့  web siteတွေ ရှိကိုရှိဖို့ လိုမှာ သေချာပါတယ်။ ဘာလို့  လည်း ဆိုတော့ သူတို့ ကို လူတိုင်းက စိတ်ဝင်စားကြပြီး၊ သူတို့  အကြောင်ကို သိချင်သူတွေ သူတို့  အကြောင်းတွေကို internet မှာ ရှာဖွေရာမှာ လွယ်လွယ်ကူကူ ရှာဖွေနိုင်အောင်က သူတို့ နာမည်တွေကို သုံးပြီး site တွေ လုပ်ထားမှ အဆင်ပြေမှာပါ။ (မလို ဘူးမပြောပါနဲ့ ။ ဒီခေတ်က ဟိုခေတ်တွေကလို စာကြည့်တိုက်သွား၊ သိ,သူတွေစီသွားပြီး အကြောင်းအရာတွေ စုနေဖို မလိုပဲ၊ internet မှာ enter တစ်ချက်ခေါက်လိုက်ယုံနဲ့  သိချင်တာတွေ အကုန်သိနိုင်၊ လိုချင်တာတွေ အကုန်ရနိုင်တဲ့ ခေတ်ရောက်နေပြီဆိုတော့ လိုတယ်လေ။) လိုက်ရှာကြည့်ပါ။ ခုခေတ် နာမည်ကြီးနေတဲ့ သူတွေတိုင်းမှာ သူတို နာမည်တွေနဲ့  ကိုယ်ပိုင် web site တွေရှိပါတယ်။

ကျွန်မ မှာတော့ ကိုယ့်နာမည်နဲ့  website မရှိ၊ domain ၀ယ်ထားတာလဲ မရှိပါဘူး။ ကျွန်မကို အမျှော်အမြင် မရှိတဲ့ လူလို့ ယူဆလိုက ယူဆနိုင်ပါတယ်။ ကျွန်မ စိတ်မဆိုးပါဘူး။ :D တကယ်တော့ ကျွန်မကိုယ် ကျွန်မ ထူခြား လူသိများ လာမယ့် သူလို့  မထင်တဲ့ အတွက် မလိုအပ်ဘူးထင်လို ကိုယ့်နာမည်နဲ့ ကိုယ် မ၀ယ်ဖြစ်တာပါ။ ဒါပေမယ့် ကျွန်မရဲ့ သူငယ်ချင်းတွေ ထဲမှာတော့ နောင်တခေတ်မှာ နာမည်ကြီးလာမယ့် အမျှော်အမြင်ကြီးသူတွေ တော်တော်မျာများ ရှိ ကြောင်း ကြုံတုန်းလေး ပြောလိုက်ပါဦးမယ်။ ဘယ်သူတွေလည်း သိချင်ရင် တော့…… ပြောပြမယ်။ ခုတော့ မဟုတ်သေးပါဘူး။ အိမ်ပြန်ချိန်ရောက်နေလို့ ပါ။ ပြန်ပါတော့မယ်။ ကောင်းသော ညနေခင်းပါ။

How many total web sites in the Internet?

ဒီမေးခွန်းရဲ့ အဖြေကို သိကြပါသလား။ ခုချိန်မှာ internet မှာ web site တွေ ဘယ်လောက်များရှိနေပြီလဲ။

ကျွန်မ သိသလောက်၊ ကျွန်မ internet ဆိုတာကို စသုံးဘူးတဲ့ ၂၀၀၀ က နဲ့ နှိုင်းယှဉ် ကြည့်ရင်တောင်မှ တစ်နေ့  တစ်နေ့ တိုးလာလိုက်တဲ့ မြန်မာလို ရေးတဲ့ web site တွေက တင် မနည်းပါဘူး။ ကျွန်မတို့ နိုင်ငံလို IT သိပ်မဖွံ့  ဖြိုးသေးတဲ့ နိုင်ငံ က ဘာသာစကားဖြစ်တဲ့ မြန်မာလို ရေးတဲ့ site၊ English လို မြန်မာ နိုင်ငံ အကြောင်းရေးတဲ့ site တွေတောင် ဒီလောက်များလာတယ်ဆို ၊ တစ်ခြားနိုင်ငံတွေက English လိုရေးတဲ့၊ ကျွန်မ ကြားဘူးရုံ ကြားဘူးပြီး နားမလည်တဲ့ တစ်ခြား ဘာသာ စကားတွေ၊ ကျွန်မ လုံးဝ ကို မကြားဘူးတဲ့ ဘာသာစကားတွေနဲ့  ရေးတဲ့ website တွေ က အရမ်း တိုးပွါး များပြားလာမယ်ဆိုတာ သေချာပါတယ်။ ကဲ တိုးလာတာတော့ သေချာပြီ၊ ဒါဆို ခုဆို အင်တာနက်မှာ တင်ထားတဲ့ website ပေါင်း ဘယ်လောက်ရှိနေပြီလဲ။ ၁ သိန်းလား၊ ၁ သန်းလား၊ သန်း ၆၀ လား။

ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းအရဆို အင်တာနက်မှာ ရှိတဲ့ site ပေါင်း က သန်း ၁၀၀ ကျော်သွားပါပြီတဲ့။ ဒီအရေအတွက်ဟာ netscraft ရဲ့ survey အရသိရတာပါလို့ ဆိုထားပါတယ်။ အဲ့ဒီ သတင်ထဲမှာပဲ ဒီနေ့ ရှိနေတဲ့ web site အရေအတွက်ဟာ ၂၀၀၄ ကရှိနေတဲ့ web site အရေအတွက် သန်း ၅၀ ရဲ့ ၂ ဆ ဖြစ်ပါတယ်လို့  ပြောထား ပြန်ပါသေးတယ်။ ၂ နှစ် အတွင်း ၂ဆ တက်လာတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။

ဒါပေမယ့် ဒီ site တွေအကုန်လုံး Internet ပေါ်မှာ active ဖြစ်နေသေးတာတော့ မဟုတ်ပါဘူး။ active ဖြစ်နေတဲ့ အရေအတွက်က သန်း ၅၀ လောက်ရှိတယ်လို့  အဲ့ဒီ site ရဲ့ survey အရ သိရပြန်တယ်။ အဲ့ဒီ site တွေ အကုန်လုံးသာ active ဖြစ်သွားမယ်ဆို wow… internet ကြီးမှာ ဘယ်လောက်တောင် website တွေ ပွထပြီး ရှုပ်ရှက်ခက်၊ ဖတ်စရာ မကုန်နိုင်အောင် ဖြစ်နေ လိုက်မလဲ။ ခုလောက်တောင်မှ Internet မှာ ဟိုဖတ်ဒီဖတ် လိုက်လုပ်ဖို့  အချိန်က မလောက်ဖြစ်နေတာ။ ပြီးတော့ နောက်ဆို လူတိုင်း၊ အဖွဲ့  အစည်းတိုင်း၊ လုပ်ငန်းတိုင်း ကိုယ်ပိုင် website ရှိပြီး၊ မရှိရင် ခေတ်မမှီ ဘူးပြောရတော့မယ်။ ဟို ဟာသ ကာတွန်းလေး ထဲကလို ကိုယ်ပိုင် website မရှိသေးလို့  website လုပ်ဖို့ ပါဆိုပြီ့း ပိုက်ဆံလိုက်တောင်းနေရမလို့ ဖြစ်နေတော့မှာပဲ။

Source : NetCraft

November 01, 2006

Happy November - ရောက်ပြန်ပြီးပေါ့ နိုဝင်ဘာ

ဘာလိုလို နဲ့  မျှော်သူတို့  အလိုကျ နိုဝင်လာလ ရောက်ခဲ့ ပြန်ပြီ။ ၁၂ လရှိတဲ့ အထဲက ကျွန်မ အကြိုက်ဆုံး လတွေကို ပြောပါဆို နိုဝင်ဘာ နဲ့  ဒီဇင်ဘာ က ထိပ်ဆုံးမှာ ရှိနေပြီး၊ အောက်တိုဘာ နဲ့  စက်တင်ဘာ က နောက်က လိုက်နေတယ်လို့  ပြောရမယ် ထင်တယ်။ နောက်လ ကုန်ရင် ၂၀၀၆ ကုန်လို့  ၂၀၀၇ ရောက်ပြန်တော့မယ်။ နှစ်ဟောင်းကုန်လို့  နှစ်သစ်စတော့မယ်။ တစ်နှစ် တစ်နှစ် ကုန်တာကလည်း မြန်လိုက်တာလို့  ပြောရမယ်ထင်တယ်။

ဘာပဲ ဖြစ်ဖြစ် ခုချိန်ဆို ဒီနှစ်အတွင်း ပြီးအောင်လုပ်မယ် ကြံထားတာတွေ ပြီးလုပြီးခင် ဖြစ်နေသင့်ပြီ။ မဖြစ်သေးဘူးဆိုရင်လည်း ပြီးအောင်လုပ်ဖို့  ဖြစ်နိုင်မဖြစ်နိုင် ပြန်စဉ်းစားပြီး တစ်ခုခုတော့ လုပ်သင့်နေပြီး ထင်တယ်။ plan ရှိ၊ အကြံ ရှိနေသူများကို သတိပေး စကားလေး ပြောချင်တာပါ။

အားလုံး ဒီ နိုဝင်ဘာလမှာ ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကျွန်မလည်း ပျော်ရွှင် နိုင်ပါစေ။ သူငယ်ချင်းများ အားလုံးလည်း ပျော်ရွှင်ကြပါစေ။ သက်ရှိ သတ္တ၀ါများ အားလုံး အစစ အရာရာ အဆင်ပြေ ချမ်းမြေ့ ပျော်ရွှင် နိုင်ကြပါစေ။

Happy November


Song for November : Guns n' Rose - November Rain , Lyrics