Pages

November 07, 2006

AJAX and I

ဒီရက်ပိုင်း အလုပ်သစ်မှာ အချိန်ပိုတွေ များနေတာကြောင့် internet မှာ Tutorials လေးတွေ လိုက်ဖတ် ဖြစ်ရာကနေ အရမ်း နာမည်ကြီးနေတဲ့ AJAX နဲ့ ပတ်သက်တာ လေးတွေ ဖတ်ဖြစ်သွားတယ်။ AJAX ဆိုတာကို သူများတွေပြော၊ internet မှာလည်း ဟိုနေရာတွေ့  ဒီနေရာတွေ့ နဲ့  တွေ့ ၊ အထူးသဖြင့် Google ရဲ့ websites တွေမှာ AJAX ကို အသုံးပြုထားတယ် ဆိုတာကို သတိထားမိနေတာ ကြာ ပါပြီ။ ဒါပေမယ့် ကျွန်မရဲ့ ထုံးစံအတိုင်း ကိုယ်နဲ့ မဆိုင်လို သတ်မှတ်လိုက်ရင် လုံးဝလေ့လာချင်စိတ် မရှိလေတော့ ဘာမှန်းသိအောင် တခါလေးရယ်မှ မကြိုးစားခဲ့၊ မလေ့လာခဲ့၊ မဖတ်ရှု ခဲ့ပါဘူး။

ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်မနဲ့ ဆိုင်မဆိုင်ကို ကျွန်မ ဘယ်လို သတ်မှတ်လည်းဆိုတာကိုပါ။ သူများတွေက နည်းပညာ အသစ်တစ်ခု ထွက်ရင် လေ့လာချင်တယ်၊ သိချင်ကြတယ်။ အဲ့ဒါကောင်းပါတယ်။ ကျွန်မကတော့ အလိုမဟုတ်ဘူးရှင့်။ အပျင်းထူပါတယ်။ ကျွန်မ အလုပ်နဲ့  ပတ်သက်တာဆို လိုသလောက် လေ့လာတယ်။ ပြီးတော့ ကျွန်မ စိတ်ဝင်စားတာဆိုရင်ကတော့ လိုလို မလိုလို လေ့လာတတ်ပါတယ်။ (ကျွန်မ စိတ်ဝင်စားတဲ့  အကြောင်းအရာကလည်း အလွန်ရှားပါတယ်။) IT လောကမှာ ကျွန်မသိတယ်ဆိုတဲ့ ပမာဏ က သူများတွေ( ကျွန်မ နဲ့  တန်းတူ အလုပ်လုပ်နေသူတွေနဲ့ ယှဉ်ရင် ) အလွန်နည်းတယ်လို့  ထင်ပါတယ်။ ဒါတောင် ခု ကျွန်မလုပ်နေတဲ့ အလုပ်က ကျွန်မ ၀ါသနာပါ ရွေးချယ်ခဲ့တဲ့ အလုပ်မို့ သာ ဒီလောက် သိအောင်လုပ်ဖြစ်တာပါ။ သူများတွေလို ၀ါသနာမပါတာကို လုပ်နေရမယ်ဆို ဘယ်လိုများ နေမလဲ မသိပါဘူး။ ထုံးစံ အတိုင်း ပြောချင်တာ တခြား၊ ပြောနေတာ တခြား ဖြစ်နေပြန်ပြီ ထင်တယ်။ ကဲ ပြောချင်တဲ့ AJAX အကြောင်းလေး ပြန်ဆက်လိုက် ဦးမယ်...

ပထမဆုံးပြောခဲ့သလို AJAX ဆိုတာ ဘာမှန်း ကျွန်မသိခဲ့ပါဘူး။ AJAX အကြောင်း စဖတ်တော့မယ်ဆိုတော့ AJAX ဘာလည်းဆိုတာကို သိဖို့ လို သွားပြီ။

What is AJAX?
AJAX is an acronym from Asynchronous JavaScript And XML.
AJAX is not a new programming language, but simply a new technique for creating better, faster, and more interactive web applications.
AJAX uses JavaScript to send and receive data between a web browser and a web server.
Source : W3School (AJAX tutorial) ,
Developer (AJAX from Scratch)

ဒါလေး ဖတ်ပြီး ကျွန်မ AJAX ကို ပိုစိတ်ဝင်စားသွားတယ်ရှင့်။ ပထမတော့ ပျင်းပျင်းရှိတာနဲ့  AJAX ဆိုတာ လူပြောများ နေတာလေးမို့  လိုက်ဖတ်ကြည့်မိတာပါ။ ကျွန်မ ဘာလို့  ဒါဖတ်ပြီး AJAX ကို ပိုစိတ်ဝင်စားသွားလဲ။ ရှင်းပါတယ်။ သူများတွေလို AJAX က ဘာကောင်းလို့ ၊ ညာကောင်းလို့ ဆိုတာမျိုး ကြောင့်မဟုတ်ပါဘူး။ ကျွန်မ ပျင်းနေတုန်း ဖတ်ပါတယ် ဆိုမှ အသစ်ဆိုတာကြီးကို ပင်ပင်းပန်းပန်း မဖတ်ချင်ဘူးလေ။ AJAX က programming language အသစ်မဟုတ်ဘူး။ interactive web application တွေကို ပိုမြန်ဖို့ ၊ ပိုကောင်းဖို့  လုပ်ထားတဲ့ technology ဆို တော့ ကျွန်မ စိတ်ဝင်စားသွားတာ ဘာဆန်းသလဲ။ ကျွန်မလုပ်နေတာက web application development ပိုင်းကို လုပ်နေတာဆိုတော့ AJAX ဆိုတာ ကျွန်မ အတွက် ခုနေခါ အသုံးမ၀င်တောင်၊ နောင် အသုံးဝင်မှာ သေချာနေတယ်လေ။ ပြီးတော့ web browser နဲ့  web server အကြား data ပို့ တာ၊ လက်ခံတာကို ကျွန်မ နဲ့  အမြဲ ရင်းနှီး နေတဲ့ JavaScript သုံးထားတယ်ဆိုတော့ ဖတ်ရတာ လွယ်မှာပဲဆိုပြီး ပိုစိတ်ဝင်စားသွားတာလည်း ပါ ပါတယ်။

နောက်ပိုင်း ဖတ်ဖြစ်တာတွေ တော့ ကျွန်မ အသေးစိတ် မရေးတော့ပါဘူး။ ကျွန်မ က ခုရက်ပိုင်မှ AJAX အကြောင်း စလေ့လာဖြစ်တာဆိုတော့ detail သိပ်မသိသေးတဲ့ အတွက် အသေးစိတ် မဆွေးနွေးတော့တာပါ။ ဒီမှာ အဓိက ပြောချင်တာက ခုလို စိတ်ဝင်စားသွား၊ ကျွန်မ အတွက် အသုံးဝင်မယ် ထင်သွားလို့  AJAX ကို ကျွန်မ ဆက်ဖတ်ဖြစ်၊ လေ့လာဖြစ်သွား တယ်ဆိုတာကို ပါ။ AJAX is a web browser technology independent of web server software. ဆိုတော့ Web Application Development လုပ်နေသူအားလုံး AJAX ကို အချိန်ရရင် ရသလို လေ့လာထားမယ်ဆို မှားမယ် မထင်ပါဘူး။

ကျွန်မ လိုက်ရှာတွေ့ တဲ့ AJAX နဲ့ ပတ်သက်တဲ့  လင်ခ့် လေးတွေပါ။

ဒါက AJAX ကိုသုံးထားတဲ့  site list ပါ။
Sites Using AJAX
ကျွန်မသိတဲ့  နာမည်ကြီး site တွေ gmail , google calendar, google groups, flickr , meebo, MSN space, yahoo, yahoo photo, yahoo search……… အို…… အများကြီးပါပဲ။
Yahoo ဆိုလို ပြောရဦးမယ်။ အသစ်ဖြစ်တဲ့ yahoo ajax email က Microsoft နဲ့ အဆင်ပြေအောင် လုပ်ထားတာ ဆိုတော့ IE မှာသုံးရင် မြန်ပေမယ့် Firefox နဲ့  သုံးရင် နည်းနည်းနှေးသလို ဖြစ်နေတယ်။

ဒါက google က ထုတ်တဲ့ java အတွက် AJAX application လုပ်ဖို့  framework.
Google Web Toolkit
Google Web Toolkit (GWT) is a Java software development framework that makes writing AJAX applications like Google Maps and Gmail easy for developers who don't speak browser quirks as a second language.

Java Developer တွေ တော်တော်များများကတော့ အဓိက သုံးတဲ့ free IED ဖြစ်တဲ့ Eclipse မှာ GWT ကိုအလွယ်တကူသုံးနိုင်အောင် ကူညီပေးမယ့် Plug-in ရှိပါတယ်။ ဒီမှာ ဒေါင်းလုတ်လုပ် လို့ ရပါတယ်။
Googlipse - Eclipse plugin for Google Web Toolkit(GWT)

ဒီမှာက AJAX Tutorials လင့်ခ့်တွေပါ။
10 AJAX Tutorials for Beginners ဒီ YouNeed2See site မှာ တစ်ခြား CSS ကူတိုရီရယ်တွေလည်း ရှိပါတယ်။
AJAX-Tutorials Top List
30 AJAX Tutorials – Max Kiesler (March 15, 2006)
60 AJAX Tutorials – Max Kiesler (May 08, 2006)
42 Recent AJAX Tutorials – Max Kiesler (July 04, 2006)

ဒီ လင်ခ့် တွေမှာ AJAX ကျူတိုရီရယ် sites တော်တော်များများကို စုပေးထားတယ်။ MaxKiesler.com မှာ AJAX နဲ့  ပတ်သက်တဲ့ သတင်းတွေ ၊ ကျူတိုရီရယ် site တွေကို ကြည့်ရှု့ လို့ ရပါတယ်။

ဒီပိုစ့်ကို လာဖတ်မိသူများ ထဲမှာ AJAX အကြောင်း လေ့လာဘူးလို့  ကျွန်မ ( AJAX ကို ခုမှ စတင်လေ့လာသူများ) ဖတ်သင့်တယ် ထင်တဲ့ sites လေးတွေများရှိရင် comments မှာ ချန်ထားပေးခဲ့ နိုင်မယ်ဆိုရင် ကျေးဇူး အထူး တင်နေမှာပါ။

2 comments:

Thiha Kyaw Zaw said...

Have u already known this one? http://wiki.script.aculo.us/scriptaculous/show/Demos try it..

Nay Nay Naing said...

No, I didn’t.
I will check it out.
Thanks..