အလုပ်လုပ်ရင်း စာအုပ်တစ်အုပ် ပြန်ဖတ်ကြည့်ချင် စိတ်ပေါ်လာတယ်။ အဲဒီစာအုပ် PDF အနေနဲ့  ကျွန်မ မှာရှိတာ သေချာတယ်။ ဘယ်နေရာမှ သိမ်းထားလဲ မသိဘူး။ အလုပ့် ကွန်ပြူတာက e-Book Folder မှာ ကြည့်တယ် မရှိဘူး။ အဲဒီစာအုပ်ကို အလုပ်လုပ်ရင်း ခုချက်ချင်းဖတ်မရပေမယ့် အိမ်ရောက်တာနဲ့ ဖတ်ချင်လို့  ရှိတယ်ဆိုတာ သေချာချင်တယ်။ မရှိရင် Google လုပ် ရှာထားရမယ်။ ရှိခဲ့တာ သေချာတယ်။ ဒီဘလော့မှာများ မှတ်ထား၊ မျှဝေ ဖူးသလား။ Label - Book ကို ကြည့်ဖြစ်သွားတယ်။
တချို့ စာအုပ်တွေက ကိုယ်ကြိုက်လို့ မှတ်ထားတာဆိုတော့ ဘယ်နှစ်ခါ ဖတ်ဖတ် မရိုးနိုင်ဘူး။ လွယ်လွယ်ကူကူဖတ်လို့ ရတဲ့ ၀တ္ထုတိုတွေ၊ ကာတွန်းတွေကို တစ်ခုချင်း တစ်ခုချင်း ပြန်ဖတ်ရင်း... ၂၀၀၇ - ဂျူလိုင် က မှတ်ထားတဲ့ ဂျူးရဲ့ ရွက်လှေများ ထဲက စာပိုဒ်တစ်ချို့ ကို ပြန်ဖတ် ဖြစ်ခဲ့တယ်။
ဝတ္ထုတို တစ်ပုဒ်လုံး အပြည့်အစုံ မဟုတ်ဘူး။ ကိုယ်ကြိုက်တာတွေပဲ မှတ်ထားဖြစ်ခဲ့တာကို။ ကြိုက်တာပဲ ရွေးမှတ်တာ ကောင်းပါတယ် ဒါပေမယ့် တစ်ပုဒ်လုံး ပြည့်စုံတာ ပိုသင့်တော်မယ် ထင်မိသည့် အတွက်...
Pages
Showing posts with label Book. Show all posts

July 08, 2010
January 09, 2009
Sun Java Certification eB00k
မနေ့ ညက စာဖတ်ရင်း ကွန်ပြူတာထဲမှာ ရှိနေတဲ့ eB00k တွေကို လျှောက်ကြည့် ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ စာကြည့်မယ်ဆို ဖတ်မယ် စိတ်ကူးတဲ့ စာအုပ်ကလွဲရင် ကျန်တဲ့ အရာအားလုံးဟာ စိတ်ဝင်စားနေခဲ့တယ်။ ဒီစာအုပ်တွေ ဒေါင်းလုတ်လုပ် စုထားတာ မနှစ်က နှစ်ဆန်းပိုင်းလောက်က တည်းက။ အတော်ကြာနေပြီ။ အလုပ်က သူငယ်ချင်း တချို့  စာမေးပွဲဖြေ ကြလို့  သူတို့ အတွက် စာအုပ်တချို့ လိုက်ရှာပေးဖြစ်ခဲ့တာ။ကျွန်မကတော့ အီးဘုတ်တွေ ဖတ်ရတာ ထက်စာရင် စာအုပ်ဖတ်ရတာ ပိုအားသန်တယ်။
ဒါကတော့ Java 6 အတွက် စာအုပ်။ သိသမျှ သူငယ်ချင်း အသိုင်းအ၀ိုင်းထဲမှာ အခုအချိန်အထိ Java 6 ဖြေတဲ့သူ တစ်ယောက်မှမရှိသေးဘူး။
ခုနောက်ပိုင်းတော့ Java နဲ့  ပတ်သက်တာ နည်းနည်း ပြန်ဖတ်မလား စိတ်ကူးနေတယ်။ အလုပ်လည်း အသစ်ထပ်ရှာဖို့ လည်း စိတ်ကူးရှိတယ် ဆိုတော့ အင်တာဗျူးတွေအတွက် ပြင်ဆင်ရင်း တစ်ခါတည်း Java Ceftificate တွေအတွက်ပါ ဖတ်ရင်ကောင်းမယ်။ တစ်ချက်ခုတ်ယုံနဲ့  နှစ်ချက်များ ပြတ်မလား။
J2ME ကို မသိတော့ SCMAD ကိုလည်း ဖြေဖို့  စိတ်ကူးကို မရှိဘူး။ J2SE (SCJD) ကိုတော့ မဖြေတော့ဘူး စိတ်ကူးတယ်။ အခုလက်ရှိ လုပ်နေတာက J2EE နဲ့  ဆိုင်တော့ အလုပ်နဲ ဆိုင်တဲ့ SCWCD နဲ့  SCBCD ဘာဖြေရင် ကောင်းမလဲ။ တကယ်ဆို အဲလို စဉ်းစားတာ ၂-၃ နှစ်ရှိပြီ။ ကောင်အထည်သာ မဖော်ဖြစ်တာ။ ချစ်သူကတော့ အားပေးတယ်။ အားနေတာပဲ နှစ်ခုလုံး ဖြေလိုက်တဲ့။ ကျွန်မ သိပ်အားနေတာ သူ မကြည့်ရက်ဖူးထင်ပါတယ်။ မအားဘူးပြီး ဆင်ခြေတတ်လို့ လည်းမရ။ ကျွန်မ ဘာမှ မလုပ်ပဲ၊ အချိန်ယူတတ်ရင် လုပ်လို့ ရနိုင်တာ သူသိနေတာပဲ။ ခုတော့ စားမေးပွဲဖြေဖို့ ဆိုတဲ့ စကာသံကြားရင် နည်းနည်း ဝေးဝေးပုန်းချင်နေတယ်။ ဘယ်တော့ ဖြေမှာလဲ ဘာတွေ ဖြေမှာလဲ မမေးနဲ့  ဖြေဖြစ်မှာ တကယ်ဖြစ်မယ်။ အားတင်း နေပါတယ်။
eBooks source from Internet and all credit goes to original uploader!!
အရှေ့ က စာမေးပွဲတစ်ခါ ဖြေခဲ့တုန်းက အစစအရာရာ အဆင်ပြေပြေ လေ့လာနိုင်အောင် စာအုပ်ဝယ် လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းတစ်ယောက် နဲ့  သူစီမှာရှိသမျှ သူပြင်ဆင်ထားသမျှ မချွင်းမချန် အကုန် ပေးခဲ့တဲ့ သူငယ်ချင်းယောက်ကို ကျေးဇူးတင်တယ်။ :-)

ဒီအောက်က စာအုပ်ကတော့ SCWCD (CX-310-081) အတွက် စာအုပ်။

December 12, 2008
The Economist Magazine (Myanmar)
သူငယ်ချင်းတစ်ယောက် ပို့ ပေးတာ။ မြန်မာပြည်မှာ နေထိုင်သူများ အတွက် "The Economist" မဂ္ဂဇင်း အလွယ်တကူ မှာ ယူနိုင်တဲ့ နေရာ နဲ့  ဈေးနှုန်း။ မြန်မာပြည်မှာ The Economist အမြဲ ၀ယ်ယူဖတ်ရှု့ တဲ့ သူတွေရှိတယ် ဆိုရင် သတင်းပေး နိုင်အောင်၊ ဒါမှမဟုတ် ကိုယ်တိုင် တစ်နှစ်စာလောက်ဝယ်ပြီး လက်ဆောင်ပေးနိုင်အောင် ပြန်လည် မျှဝေလိုက်ပါတယ်။ ကြော်ငြာစာရွက်မှာ ပါတဲ့အတိုင်းဆို ဈေနှုန်းက တစ်ဝက် ကျော်ကျော်တောင် သက်သာတယ် မဟုတ်လား။ အိမ်မှာသာ Economist Magazine အမြဲဖတ်တဲ့ သူ ရှိနေမယ်ဆို မှာဖြစ်မှာ သေချာတယ်။ ဒါနဲ့  မြန်မာပြည်မှာ The Economist Magazine ဖြန့် ဝေသူတွေနဲ့  ကျွန်မ နဲ့  ဘာမှ တိုက်ရိုက် ပတ်သက်ခြင်း မရှိပါဘူး။ အင်း.. ဒါလေး အီးမေးပို့ ပေးတဲ့ သူကတော့ မုန့် လိုက်ကျွေးမယ် လာပြောနေတယ်။ ခင်လို့  မင်လို့  ကျွေးမွေးပြုစုချင်တာ ဖြစ်မယ် ထင်ပါတယ်။.
December 03, 2008
Myanmar Ebooks (Free Download)
ကျွန်မရဲ့ Bookmarks မှာ မှတ်ထားတဲ့ မြန်မာစာအုပ် (eBooks) တွေ ရရှိနိုင်တဲ့ နေရာတွေပါ။ အခု စုထားတဲ့ စာရင်းမှာပါတဲ့ ဆိုဒ်တွေအားလုံးဟာ Free Download လုပ်လို့ ရတဲ့ နေရာတွေကြီးပါပဲ။
ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။
- ၀ိညာဉ်သစ်ရဲ့ နေရာလေး
- Myanmar EBooks (mmblogs.net)
- Myanmar Network News (Free EBooks for All Myanmar) My Post
- Shwesagar(ရွှေစကား) EBooks (Myanmar Novels)
- Free Myanmar Ebooks Sharing (myanmarebooks.net.tc)
- Serene Ebook Corner - မျှဝေလိုသောစာအုပ်များ (Parramie)
- Myanmar Books - ရှာဖွေလို့ ရသမျှစာအုပ်များ (Phaung Phaung)
- Weenyinthit Book Shelf (weenyinthit)
ကျွန်မအနေနဲ့  မြန်မာစာအုပ်တွေ ဖတ်ချင်တယ်ဆို အပေါ်ကလို File Sharing Websites တွေတင်မကဘူး မြန်မာဖိုရမ်တွေမှာပါ လိုက်ရှာ ဖတ်လေ့ရှိတယ်။ တချို့ ဖိုရမ်တွေမှာဆို မန်ဘာတွေက မြန်မာစာအုပ်တွေကို ကိုယ်တိုင်စာရိုက်ပြီး၊ ဒါမှမဟုတ် scan လုပ်ပြီး တင်ပေးလေ့ ရှိတယ်။ စာအုပ်တစ်အုပ်လုံးပြီးသွားရင်လည်း eBook တွေ လုပ်ပေးကြတယ်။ စာဖတ်ဖို့ သွားလေ့ရှိတဲ့ မြန်မာဖိုရမ်တွေ စာရင်းကိုတော့ နောက်မှပဲ ထပ်ညွှန်းပါတော့မယ်။
December 01, 2008
တင်အောင်နီ - ပြာဂလောင် ပြာလချောင် - ကံကောင်းလို့
ခေါင်းရှုပ်တယ်။ အလုပ် မလုပ်ချင်ဘူး။ ကာတွန်းပဲ ဖတ်နေချင်တော့တယ်။ ငယ်ငယ်က ဆို ပြာဂလောင် ပြာလချောင် မကြိုက်ဘူး။ ကိုယ့်ဘာသာ ကာတွန်းငှါးတယ်ဆို မငှါးဘူး။ သူများငှါးလာရင်တော့ ဖတ်တယ်။ ကာတွန်းဇာတ်ဆောင် အမွှာခြင်းတူတူ လေးမွန် ထွေးမွန် ပိုကြိုက်တယ်။ အခုတော့ မရရတာ ဖတ်ရတဲ့ အနေအထားဆိုတော့ တွေ့ သမျှ အကုန်ဖတ်တယ်။
ဒီကာတွန်းစာအုပ်ကို ၀ိညာဉ်သစ်ရဲ့ နေရာလေး မှာ တွေ့ တာပါ။ သွားနေကျ နေရာတစ်ခုပါပဲ။ အဲဒီမှာ တခြား မြန်မာစာအုပ် (eBooks) တွေ အများကြီးရှိတယ်။ eBooks တွေဖတ်ရတာ သိပ်မကြိုက်ပေမယ့် အပြင်မှာ စာအုပ်လုံးဝ ရှာလို့ မရတာဆိုရင်တော့ မရွေးနိုင်တော့ဘူး၊ eBooks လဲ ဖတ်ရတော့တာပဲ။

November 04, 2008
စာရေးဆရာအောင်သင်း နှင့် ရေကြည်ရာ မြက်နုရာ

မေးမြန်းသူ - မောင်အေးအောင်
လျှပ်တစ်ပြက် ဂျာနယ်.. အတွဲ ၅- အမှတ် ၂
မေးမြန်းသူ - မောင်အေးအောင်
လျှပ်တစ်ပြက် ဂျာနယ်.. အတွဲ ၅- အမှတ် ၂
Get your own at Scribd or explore others:
ီDownload (Mediafire)
Credit to solidsnake from MMCP Forum
Source:
SnapShot Journal - Page 22
SnapShot Journal - Page 23
SnapShot Journal - Page 25
April 17, 2008
သံလွင်အိပ်မက် အတွဲ ၂၊ အမှတ် ၁
မက်ခွင့်မရတာကြာပြီဖြစ်တဲ့ အိပ်မက်တစ်ခု....
မြန်မာနှစ်သစ်နဲ့ အတူ
အိပ်မက် မက်ခွင့်ရလိုက်ပြီ....
သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁)
မြန်မာနှစ်သစ်နဲ့ အတူ
အိပ်မက် မက်ခွင့်ရလိုက်ပြီ....
သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁)

April 04, 2008
ဂျူး - ကံကြမ္မာကို မယုံကြည်ကြသူများ
"ဂျူး - ကံကြမ္မာကို မယုံကြည်ကြသူများ " စာအုပ်ကို ဖတ်ချင်နေပါတယ် ဆိုသော သူငယ်ချင်းတစ်ယောက် နှင့် ဂျူး ကို နှစ်သက်ကြသူများ အားလုံး အတွက် ...

Special Thanks
to
NYILINNGE
to
NYILINNGE
April 03, 2008
MyanmarNetworkNews (Free eBooks for all Myanmar)
မင်းသီလ မှာ ရုပ်ရှင်တွေ ဒေါင်းလုပ်ယူဖို့ ကြည့်ရင်း ကနေ မြန်မာ မဂ္ဂဇင်း၊ ဂျာနယ် ၊ ကာတွန်း နဲ့  ၀တ္ထုစာအုပ်တွေကို အခမဲ့ (Free) ဖတ်ရှူ့ နိုင်တဲ့ မြန်မာဆိုဒ် တစ်ခုကို တွေ့ တယ်။

ကျွန်မ အကြိုက်ဆုံးကတော့ ကာတွန်း စာမျက်နှာ ပါပဲ။ အင်တာနက်ပေါ်မှာ မြန်မာကာတွန်းစာအုပ်တွေ ဖတ်လို့  ရတဲ့ နေရာမျိုးဟာ မရှိသလောက် ရှားပါတယ်။ Myanmar Network News ရဲ့ ကာတွန်းစာမျက်နှာမှာ ကာတွန်း မောင်ဝဏ္ဏ ရဲ့ သမိန်ပေါသွပ်၊ ဆွေမင်း (ဓနုဖြူ) ရဲ့  မြိုင်ရာဇာ တွတ်ပီ၊ ကာတွန်း အောင်ရှိန်ရဲ့  ထီထွင်ပါရဂူ ဖိုးဆိတ်ဖြူ၊ ကာတွန်း တင်အောင်နီရဲ့ ပြာကလောင် ပြာလချောင် ၊ ကာတွန်း ပိုဇာရဲ့  လေးမွန် ထွေးမွန်၊ ကာတွန်း မြေဇာရဲ့  စိန်မျောက်မျောက်၊ ကာတွန်း သစ်ထွဏ်းရဲ့  မောင်တီထွင်၊ ကာတွန်း သန့် စင်ရဲ့  ဘဲဥ၊ ကာတွန်း မောင်စိန်ရဲ့  ကာတွန်းတွေ၊ ကာတွန်း ငွေကြည်ရဲ့  ဟာသတွေ၊ ကာတွန်း အော်ပီကျယ်ရဲ့ ကာတွန်းတွေ၊ ပန်ချီ စောတင်မောင်ရဲ့ ပျံလွှာ၊ ကာတွန်း ၀ဇ္ဖာရဲ့ ကာတွန်းတွေ နဲ့  တခြား ကာတွန်း ဆရာတွေရဲ့ စာအုပ်တွေ တော်တော်များများကို တွေ့  လိုက်ရတဲ့ အတွက် အရမ်း ၀မ်းသာသွားတယ်။ ကာတွန်း စာအုပ်တွေ မဖတ်ရတာ အတော်လေးကြာနေပြီ။

အဲ့ဒီမှာ တင်ထားတဲ့ ကာတွန်းတွေမှာ တစ်ချို့ ကို ဖတ်လို့ ရပေမယ့် တချို့ လင့်တွေက အလုပ် မလုပ်ဘူး ဖြစ်နေတယ်။ တင်ပေးထားတဲ့ စာအုပ်တွေ အကုန်လုံးကို လွယ်လွယ်ကူကူ ဖတ်လို့ ရရင် ပိုပြီး ကောင်းမယ်။

ခုလို စာအုပ်တွေကို အင်တာနက်ပေါ်မှာ ကူးယူဖော်ပြတာ စာအုပ်တွေ ရေးသားတဲ့သူ၊ ထုတ်ဝေသူတွေဘက်က ကြည့်ရင် နစ်နာပေမယ့် ကျွန်မတို့ လို အဝေးရောက်နေသူတွေ ကတော့ ဒီလိုဆိုဒ်တွေရှိမှာသာ စာအုပ်တွေ ပြန် ဖတ်ခွင့်ရမှာပါ။ ဒီအတွက် ခုလိုမျိုး စာအုပ်တွေကို စုစည်း ဖော်ပြပေးတဲ့ Myanmar Network News အဖွဲ့ သားတွေကို အထူးကျေးဇူးတင် ပါတယ်။ အစစအရာရာ အဆင်ပြေ အောင်မြင်ကြပြီး၊ နောင်ပိုင်းမှာလည်း စာအုပ်အသစ်တွေကို အထူးသဖြင့် ကာတွန်းစာအုပ်တွေနဲ့  တခြား ရှားရှားပါးပါး မြန်မာစာအုပ်တွေကို စုစည်း မျှဝေပေးနိုင်ခွင့် ရကြပါစေ။

March 06, 2008
Cartoons -Jan and March 2008 issue of Yati Magazines
ဒီမနက် ကာတွန်းလေးတစ်ခု ဖတ်မိရာကနေ၊ ရတီမဂ္ဂဇင်း Website သွားပြီး အဲ့ဒီမှာ တင်ထားပေးတဲ့ ကာတွန်းတွေ အားလုံးကို ဖတ်ကြည့်ဖြစ်တယ်။ ဒီနေ့  အလုပ်သိပ်မများပဲ အချိန်အားလေးရတာနဲ့  မတ်လနဲ့  ဇန်န၀ါရီလထုတ် မဂ္ဂဇင်းမှာပါတဲ့ ကာတွန်းတွေ အားလုံးကို စုစည်းပြီး PDF တွေလုပ်ဖြစ်သွားတယ်။
Credit to j3w3l from NativeMyanmar and Yati Magazine
ကာတွန်းကြိုက်သူတွေ အားလုံးအတွက် ....
Full Screen - Cartoons from January 2008 issue of Yati Magazine (10 Pages)
Full Screen - Cartoons from March 2008 issue of Yati Magazine (8 Pages)

၂၀၀၈ - မတ်လထုတ် ရတီမဂ္ဂဇင်းတွေ ပါဝင်သော ကာတွန်းများ
Read this doc on Scribd: Cartoon-2008-03-YatiMagazine
Credit to j3w3l from NativeMyanmar and Yati Magazine
February 18, 2008
အော်ပီကျယ် - မဆို မမိန့်  နဲ့  ကျကျမ်း
ဒီကာတွန်းကိုတော့ အတော်များများ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ပြန်တင်ထားလိုက်တယ်။ နောက်တစ်ချိန် ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်ချင်စိတ်ပေါ်တဲ့ အခါမှာလည်း ပြန်ရှာရလွယ်သွားတာပေါ့။
မဆို မမိန့် 
ပညာရှိ အဆိုအမိန့်များနဲ့ သွေဖည်တတ်တဲ့ လူ့စရိုက်ကို ကာတွန်းရေးပါတယ်။
တိုးတက်ရာတိုးတက်ကြောင်းကို ညွှန်ပြတာက 'တက်ကျမ်း'
အဲဒါနဲ့ ပြောင်းပြန်က 'ကျကျမ်း'
(အော်ပီကျယ်)
Download - Mediafire
Credit to May11 and KhungMoung
Read in Full Screen

January 07, 2008
Linux Related Free E-books
ခုတလော အင်တာနက်ကို အရင်ကလောက် မသုံးဖြစ်တာနဲ့  ဒီမှာလည်း ဘာမှ သိပ်မရေးဖြစ်ဘူး။ စာဖတ်ဖို့  ပျင်းနေသလို၊ စာရေးဖို့ လည်း စိတ်မပါဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ဖတ်ဖို့ ညွှန်းထားတဲ့ ၊ မှတ်ထားဖို့ ပေးတဲ့  Links တွေ လောက်ကလွဲရင် တခြားဘာမှ မဖတ်ဖြစ်သလောက်ပါပဲ။ ဒီနေ့ တစ်ခုခုရေးမယ် စိတ်ကူးမိရင်း ဒီရက်ပိုင်း မှတ်ထားဖြစ်တဲ့ Linux စာအုပ်တွေ Download လုပ်လို့ ရတဲ့ လင့်တွေစုထားတဲ့ နေရာကိုပဲ ပြန်ပြီး ရှယ်ယာလုပ်လိုက်ပါတယ်။ ဒီလိုလင့်တွေကို ခုချက်ချင်း မဖတ်အားတောင် နောက်အားတဲ့ အချိန်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်၊ ဖတ်ဖို့  လိုအပ်လာမယ့် အချိန်တွေမှာ လွယ်လွယ်ကူကူရှာလို့ ရအောင် မှတ်ထားသင့် တယ်လို့  ထင်ပါတယ်။
Linux စိတ်ဝင်စားသူ တချို့ လည်း သိပြီးသားဖြစ်မယ် ထင်တယ်။ အင်တာနက်ပေါ်မှာ အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်စားလို့  သိချင်တယ်ဆို၊ အချိန်ပေးနိုင်မယ်၊ Google ကိုလည်း ကောင်းကောင်း သုံးတတ်မယ်ဆို ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာနဲ့  ပတ်သက်တာတွေကို လွယ်လင့်တကူ ရှာဖွေနိုင်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မလို လူတွေအတွက်တော့ အသုံးဝင်မယ် ထင်ပါတယ်။
Credit to linuxhaxor.net and THKZ

December 18, 2007
Linux Journal ( January 2008 )
linuxjournal.com က ထုတ်တဲ့ Linux Journal ပါ။ လစဉ်တင်ပေမယ် စိတ်ကူးခဲ့ပေမယ့် ပို့ မယ့် သူကလည်း မေ့၊ တောင်းရမယ့် သူကလည်း သတိမရ ဖြစ်နေတာ 2007 August ထုတ် တင်ပြီးကတည်းကနေ အခုအချိန် အထိဆို လအတော်ကြာနေပါပြီ။ ဒီတစ်ခါတော့ ပို့ ပေးသူက သတိတရပို့ ပေးတာကြောင့် Year 2008 အတွက် ပထမဆုံး ထုတ်ဝေတဲ့ ဂျာနယ်၊ January လထုတ်ကို Lunix နှစ်သက်သူတွေ၊ စိတ်ဝင်စားသူတွေ ဖတ်နိုင်အောင် မျှဝေလိုက်ပါတယ်။
Credit to : THKZ
Related Link:
Linuxjournal.com
Old-Linux Journals
Credit to : THKZ
Related Link:
Linuxjournal.com
Old-Linux Journals
October 24, 2007
မျက်မှန် - ၀င်းဖေ
မနေ့ ညက ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ ၀တ္ထုတိုတွေထဲက ကျွန်မ ကြိုက်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ကူးရေးဖြစ် လိုက်ပါတယ်။ ကျေးဇူးတရားနဲ့  ပတ်သက်တဲ့အကြောင်းကို ရေးထားတဲ့ ၀တ္ထုတိုလေးပါ။

မျက်မှန် - ၀င်းဖေ ( ၀တ္ထုတို ) - Click here to read short story
ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ
ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
Other Links: Win Pe - Art Gallery - မိုးမခ

“ ဟော… အတော်ပဲ။ မောင်ချူး လာ။ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်းပါနဲ့ ၊ နေပါဦး၊ အင်း… အားလုံးခြောက်ယောက်။ ပေးလိုက်ပိုက်ဆံ၊ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ၀ယ်ခဲ့ပြီ”
ဝမ်းသာလိုက်တာ။ ကျုပ်မျက်စိ အဝေးမှုန်နေတာကြာပြီ။ ဒီတုန်းက မိုးညှင်းမှာ မျက်မှန်ဝယ်မရလို့  မန္တလေးက ၀ယ်ခဲ့ဖို့  ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ် ဘကြီးသိန်းဆီက မျက်မှန်ကိုယူပြီး ကပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့ ။ အိမ်ပြင်ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အလျင်က ၀ါးဝါးနေတဲ့ အမြင်ဟာ တခါတည်းကို ကြည်လင်သွားတာပဲ။
“ဘကြီးသိန်း ကျွန်တော်ပေးလိုက်တဲ့ ငွေတရာနဲ့  လောက်ရဲ့လား၊ စိုက်ခဲ့ရသေးလား၊ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ၊ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ”
“ သိတယ်၊ သိတယ်၊ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့  မလွဲရအောင် ငါသေသေချာချာ ဂရုစိုက်ပါတယ်ကွာ၊ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ၊ ရှစ်ဆယ်ပဲ ကျပါတယ်၊ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့၊ ငါ သုံးပစ်လိုက်ပြီ”
“ ရပါတယ် ဘကြီးသိန်းရာ၊ ဟေ့ မောင်သန်း၊ ရော့ပိုက်ဆံ၊ လက်ဖက်ရည် သွားဝယ်ကွာ”
ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့  ကျွန်တော့် မျက်လုံးနဲ့ က တကယ့်ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဘကြီးသိန်းကတော့ တဖွဲ့ လုံးကို ဒီမျက်မှန်ရအောင် သူဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့၊ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ်ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း၊ အလွန်လည်း အားနာပါကြောင်း ပြောပြပါတယ်ဗျာ။
အဲဒါက ဘကြီးသိန်း ရောက်တဲ့နေ့ က အဖြစ်။ နောက်နေ့ ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့  ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့  စတိုင်ကို ကျလို့ ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေ ကလည်း အတော်ကို စည်သဗျ။ ဘကြီးသိန်းက ကျုပ်ကိုလည်းမြင်ရော ၀မ်းသာအားရ လှမ်းခေါ်ပြီး မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ ဘေးမှာ ၀ိုင်းနေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစားဖြစ်ကြောင်း ပြောကြတယ်၊ ဘကြီးသိန်းကလည်း ကျုပ်အတွက်မို့  သူဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ၀ယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းတွေ အထပ်ထပ် ပြောရပြန်တာပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူလုပ်ခဲ့ ကိုင်ခဲ့တာက သေသေသပ်သပ် နဲ့  ကွက်တိ၊ စိတ်တိုင်းကျ ဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကို ဘကြီးသိန်းကလည်း ဂုဏ်ယူလို့  မဆုံးဘဲ ခင်ဗျ။
အဲဒီညနေက မန္တလေးက ဧည့်သည်နှစ်ယောက်နဲ့  အတူ ဘကြီးသိန်း ကျုပ်အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား၊ ရတယ်။ သိပ်ရတာပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေမှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမယ့် အချိန်ကိုက်ကလေးလို ဖြစ်နေလို့  “ရမ်” တပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့  ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအ၀ယ်ခိုင်း လိုက်ပါတယ်။ အမြည်း တောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမယ့် သောက်ခါနီးကျ ကျုပ်စိတ်ထဲမှာ တခု အောင့်သွားတယ်။
“ ကဲ… ကိုယ့်လူတို့  ချကြ။ ဘာမှ အားမနားနဲ့ ။ မောင်ချူးဆိုတာက ကျုပ်နဲ့  သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတခေါက် သူ့  အတွက် ကျုပ်က မျက်မှန်တလက် ၀ယ်ခဲ့ရတယ်ဗျ။ ဒီမျက်မှန်မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး။ တနေ့ တနေ့  ကားတိုက်ခံရမလား၊ စက်ဘီးတိုက်ခံရမလားနဲ့  တထိတ်ထိတ် နေခဲ့ရတာ။ ဟုတ်တယ် မဟုတ်လား မောင်ချူး”
ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ် သူ့ ကို ထမင်းကျွေးတယ်ဆိုတာက ကျုပ်တို့  မိုးညှင်းသားတွေရဲ့ စေတနာ စရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ ပဲ ကျွေးရ သလိုလို၊ မှန်တာပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။
အဲဒီနောက်မှာ အရက်သောက်ရင်း ဒီမျက်မှန်ကို သူ ဘယ်လို ဘယ်လို ခက်ခက်ခဲခဲ ၀ယ်ခဲ့ရကြောင်း ပြောပြန်ရောဗျာ၊ ဧည့်သည်နှစ်ယောက်ကလည်း မန္တလေးသားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာကို ခုတလော မျက်မှန်ရှားကြောင်း၊ ၀ယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့  အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိမ့်ညိမ့်နဲ့  မပြုံးချင်လည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်းတွေလည်း ထပ်ပြောရနဲ့  စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ်ဒုက္ခကို ခင်ဗျားတို့  စဉ်းစားကြည့်ရင် သိပါတယ်။
နောက်နေ့  အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့ ။ ကျုပ်က လက်စွပ်ကလေး တကွင်း ရောင်းဖို့  ပွဲစားနဲ့  ထည့်လိုက်တာ။ ပေးတဲ့သူက ခုနှစ်ထောင် ပေးတယ်ဗျ။ အဲဒါကို ဘကြီးသိန်းက သူ ကြိုက်တယ်ဆိုပြီး ခြောက်ထောင်နဲ့  ဖြတ်ယူလိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ် ပြောတော့၊ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချုးကို ပိုင်ပါတယ်တဲ့။ ဒီတခေါက် မောင်ချူး အတွက် မျက်မှန်ဝယ်ခဲ့လို့ ၊ မောင်ချူးက သူ့ ကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ…။
ထားတော့။ ကျုပ်က အဲဒီလက်စွပ်ကို လေးထောင်နဲ့  ၀ယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူကြိုက်တယ်ဆိုရင်၊ သူ့  အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေးရောက်အောင်တောင် မစောင့်ဘူး၊ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့  ပြန်ရောင်းလိုက်သတဲ့ဗျာ။ ကဲ… ကောင်းကြရော။
အဖိတ်နေ့ ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့  ကျောက်ပွဲစားတစ်သိုက် ထိုင်နေကြတာမြင်လို့  ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ် မဟုတ်လား၊ ဘယ်လွယ်လိမ့်မလဲ၊ မျက်မှန်အကြောင်းပြောဦးမယ်၊ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ သူ့ ကိုမပြောနဲ့  ကျုပ်ကိုကျုပ်တောင် နားကြားပြင်း ကပ်တယ်ဗျာ။
ကျုပ် ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့  မတွေ့ အောင် အလွန်သတိထားပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့  လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ်ပြေး နေရတာပဲ။
ဒါပေမယ့် သတင်းတွေက ကြားနေရတယ်ဗျာ။ ရောက်လေရာရာမှာ သူ ကျုပ်အတွက် မျက်မှန်ဝယ်လာလို့  ကျုပ်က သူ့ ကို အလွန်ကျေးဇူးဆပ်နေတဲ့ အကြောင်း၊ ဘယ်လို ကျေးဇူးဆပ်ရမလဲ စဉ်းစားနေတဲ့ အကြောင်း။ တကယ်တန်း တွေးကြည့်မယ်ဆို ကျုပ်အသက်ကို ကယ်ထားတယ်လို့ တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန်ဝယ် မလာရင် ကျုပ် တစ်နေ့ မဟုတ် တစ်နေ့  ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ ပါပဲဗျာ။
ကျုပ် မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမယ့် သူ့ ကိုယ်သူ သိကြားမင်းလောက် ဖြစ်အောင် ပြောပြောနေတာတော့ လွန်လာပြီဗျာ။
နောက် ခံပြင်းတဲ့ ကိစ္စက ကျုပ်စောစောက ပြောခဲ့တယ် မဟုတ်လား၊ သူပြောတဲ့ စကားလေ။ သူ့ ကို ကျုပ်က ဘယ်လို ကျေးဇူးဆပ်ရမလဲလို့  စဉ်းစားနေတယ် ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန်ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇူးဆပ်ရဦးမတဲ့လား။ ကျုပ် သူပြောလို့  ကျွေးလည်း ကျွေးပြီးပါပြီ။ တိုက်လည်း တိုက်ပြီးပါပြီ။ ကျေးဇူးတင်ကြောင်းလည်း အထပ်ထပ် ပြောပြီးပါပြီ။ ဒီမျက်မှန်အတွက်နဲ့  သူ့ ကိုပဲ ကျုပ်က တသက်လုံး ကျေးဇူးဆပ်နေရတော့မလိုလို၊ သူအလကား ၀ယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူသုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတပါးကို ကျေးဇူးတင်ရမှာ မနှမျောပါဘူး။ မတွန့် တိုပါဘူး။ ဒါပေမယ့် ဒီကိစ္စမှာတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန်အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြောပြောပြသတဲ့ဗျာ။ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။
ကုန်ကုန်ပြောမယ်၊ ကျုပ် အိပ်မက်ထဲမှာတောင် အများရှေ့မှာ ကျုပ်မျက်မှန်ကို ချွတ်ခိုင်းပြီး သူဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ၊ ကျုပ်အိပ်မက်က လန့် နိုးတယ်၊ ဇောချွေးတွေတောင် ပြန်တယ်။
အဲ… အဲဒီနေ့ ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ မောင်သောင်းရွှေက ကျုပ်ကို တကူးတက ၀င်ပြောတယ်။
“ လေးချူး၊ ဒီနေ့ ရထားနဲ့  ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက်ပါလာတယ်။ တလမ်းလုံး သောက်လာကြတယ်နဲ့  တူတယ်၊ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ၊ အဲဒါ ဘကြီးသိန်းက ပြောနေတယ်၊ တည်းခိုစရာ အခက်အခဲရှိနေရင်ပြောတဲ့၊ သူ့ အဖွဲ့  မောင်ချူးဆိုတာ ရှိတယ်တဲ့၊ အဲဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့၊ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ်ဆိုပဲ၊ ဟိုလူတွေက အင်တင်တင်လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မဟုတ်ဘူးတဲ့၊ မောင်ချူးဆိုတာ သူ့ ကျေးဇူး အများကြီး ရှိပါတယ်တဲ့”
“ အေး… ကိစ္စ မရှိဘူး၊ လာကြပါစေကွာ”
ကျုပ်အတွက် အန္တရယ်ရှိလို့  လာပြောရှာတဲ့ သောင်းရွှေတောင် အတော်အံ့သြသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ရထားဆိုက်ပြီးလို နှစ်နာရီလောက်ကြာတယ်၊ ဘကြီးသိန်းတို့  ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ၊ အရက်ဆိုင်မှာ ၀င်သောက်နေကြတာတဲ့။ ဘယ်လောက် ကြည်ညိုစရာကောင်းတဲ့ လူတွေလဲ။
ညနေ လေးနာရီလောက်ကျမှ ဘကြီးသိန်းနဲ့  ဧည်သည့် ခြောက်ယောက် ကျုပ်အိမ်ရှေ့ကို ရောက်လာကြတယ်၊ အတော်မူးနေကြပြီ၊ ကျုပ်ကတော့ အိမ်ရှေ့က ထွက်ပြီး စောင့်နေတာပါ။
ကျုပ်နဲ့  ဘကြီးသိန်း မျက်နှာချင်းလဲ ဆိုင်မိရော ကျုပ် သူဝယ်လာတဲ့ မျက်မှန်ကို တပ်ထားရာက ချွတ်ပြီး မြေကြီးပေါ်ချပြီး ဖနောင့်နဲ့  လေးချက်လောက် ပေါက်ပစ်လိုက်တယ်။
ဘကြီးသိန်းတို့ အဖွဲ့  ကျက်သေ သေနေကြတယ်။
“ ကဲ ဘကြီးသိန်း တွေ့ ပြီ မဟုတ်လား၊ ခင်ဗျားကို မျက်မှန် ၀ယ်ခိုင်းမိတဲ့ အတွက် ကျုပ်တောင်းပန်ပါတယ်၊ နောက်လည်း ဘယ်တော့မှ ဘာမှ အ၀ယ်မခိုင်းဝံ့တော့ပါဘူး၊ ကျုပ် အိမ်လည်း ဘယ်တော့မှ မလာပါနဲ့ တော့၊ ဒါပါပဲ”
ကျုပ် စိတ်ကို ချုပ်ပြီး ဒါလောက်ပဲ ပြောပါတယ်။ စကားလည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါး ပိတ်ထားလိုက် ပါတယ်။
ဘကြီးသိန်းတို့  တယောက်တပေါက် ဘာတွေပြောကြမှန်း မသိဘူး၊ ပြောကြပြီး ကျုပ် အိမ်ရှေ့ က ထွက်သွားကြတယ်။
အဲဒါ ကျုပ်နဲ့  ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေးပြန်ရောက်တော့ ပြောနေသေးသတဲ့။
“ ဗျာ…. မိုးညှင်းက မောင်ချုးဆိုတဲ့သူ အတော်ဆိုးတယ်၊ သူ့ အတွက် စေတနာနဲ့  ၀ယ်ပေးတဲ့ မျက်မှန်ကို သူနဲ့  လည်း ကိုက်လျက်နဲ့  ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး၊ ရိုက်ခွဲပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီး ထင်တယ်… “ တဲ့။
တကယ်တရားရဖို့  ကောင်းတယ် ဗျာ။

ဝင်းဖေ
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
၁၉၈၉ သြဂုတ်၊ ရွှေအမြူတေ။
ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ
ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
Other Links: Win Pe - Art Gallery - မိုးမခ
September 06, 2007
Java - အမေး၊ အဖြေများနှင့် ရှင်းလင်းချက်များ
ကျွန်မကလည်း ဘာအကျင့်မှန်းမသိဘူး စာဖတ်တော့မယ်ဆို စာအုပ်၊ စာရွက်တွေ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်း ဖြစ်နေမှ စာဖတ်တတ်တယ်။ တွန့် ကြေနေရင် လုံးဝ မကြိုက်ပါဘူး။ ခေါင်းစဉ်ဆိုရင် ခေါင်းစဉ်မှန်းသိအောင် ထင်ရှားနေမှ။ ဖတ်မယ့် စာအုပ်တစ်ခုလုံးကလည်း ရှင်းရှင်းလင်းလင်းနဲ့  တသတ်မတ်ထဲ ပုံစံတကျရှိနေမှ ကြိုက်တယ်။ စာကို ဦးနှောက်နဲ့ တွေးပြီး မှတ်ရုံမက၊ မျက်စိ အမြင်နဲ့ လည်း မှတ်တတ်တာ ပဲလား၊ အမြင်မရှင်းရင် စိတ်ပါရှုပ်လာပြီး စဉ်းစားနိုင်စွမ်းနဲ့  မှတ်ဥာဏ် အားနည်းသွားတာ ကြောင့်ပဲလားတော့ မသိပါဘူး။ စာမဖတ်ခင် စာရွက်စာတမ်းတွေကို ရှင်းလင်းအောင် ပြင်ဆင်နေတာက အတော်လေး ကြာတတ်ပါတယ်။
ဒီရက်ပိုင်းတော့ အလုပ်သိပ်မရှုပ်ပဲ အားလပ်ချိန်လေးတွေ နေတာကြောင့် စာပြန်ဖတ်မယ် စိတ်ကူးပြီး ကျွန်မစုထားတဲ့ JAVA နဲ့  ပတ်သက်တာတွေထဲက ဖတ်ချင်တာတွေကို ပြန်ရွေးထုတ်ရင်း၊ ဖတ်ရင်းနဲ့  စနစ်တကျဖြစ်အောင် ပြင်ဆင် ဖြစ်သွားပါတယ်။ JAVA, EJB, J2EE နဲ့  ပတ်သက်တဲ့ အမေးနဲ့  အဖြေတွေသာမက ဘာကြောင့် အဲ့လို ဖြေရပါသလဲဆိုတဲ့ ရှင်းလင်းချက်တွေပါ ပါဝင်တဲ့အတွက် ဖတ်ရတာ အရမ်းအဆင်ပြေပါတယ်။

EJB - Download (Mediafire)
Download (Zshare)

J2EE - Download (Mediafire)
Download (Zshare)

JAVA - Download (Mediafire)
Download (Zshare)
ဒီ Q&A တွေကို အင်တာနက်ပေါ်မှာ ရှာကြည့်မယ်ဆို ရှာလို့ ရနိုင်မယ် ထင်ပါတယ်။ ကျွန်မ ဖတ်ရင်း ပြင်ဆင်ထားတဲ့ ရဲ့ PDF Files ကိုလည်း အားလုံးဖတ်နိုင်အောင် ဒီမှာ မျှဝေလိုက်ပါတယ်။ Print လုပ်ပြီး ဖတ်မယ်ဆိုရင် Page Layout ကို Two Pages per Sheet နဲ့  Print Style မှာ 2-sided Printing လုပ်ပြီး ဖတ်နိုင်အောင် လုပ်ထားတာပါ။ PDF 3 Files ပေါင်းဆို စာမျက်နှာ ၃၅၀ ကျော်ရှိမှာဆိုတော့ အဲဒီလို Print လုပ်ဖတ်မှ အဆင်ပြေမယ် ထင်လို့ ပါ။ အသုံးဝင်မယ်လို့  ထင်ပါတယ်။

Labels:
Book,
Interviews,
Job,
Technology
September 05, 2007
နာခံမှုကို စမ်းစစ်ခြင်း - မိုးသီးဇွန်
ဒီစာအုပ်ထွက်ပြီးဆိုတဲ့ အကြောင်း မဇ္ဈိမအင်တာနက် စာမျက်နှာမှာတွေ့ လိုက်ရထဲက စိတ်ဝင်တစားနဲ့  ဖတ်ချင်နေခဲ့တာပါ။ ဒီမနက်တော့ အဲ့ဒီစာအုပ်ကို ရေးသားသူ ကိုမိုးသီးဇွန်ရဲ့ ခွင့်ပြုချက်နဲ့  ရွက်မွန်စာမျက်နှာမှာ တင်ထားပေးတာ တွေ့ လိုက်ရတဲ့ အတွက် အရမ်းကို ၀မ်းသာသွားမိတယ်။ ကျွန်မလိုပဲ အဲ့ဒီ စာအုပ်ကို ဖတ်ချင်နေသူတွေ သိရှိပြီး ဒေါင်းလုတ်လုပ်ယူ၊ ဖတ်ရှုနိုင်အောင်လို့  သတင်းပေးလိုက်ပါတယ်။

၈၈ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမိုးသီးဇွန်ရဲ့ လောကနီတိကို ဝေဖန်ထားတဲ့ စာအုပ်။ လောကနီတိမှာ ပါတဲ့ အာဏာရှင်စနစ်ကို အားပေးတဲ့ အယူအဆတွေ၊ အကြောက်တရား၊ လက်စားချေမှုနဲ့ ရန်လိုမှုတွေ သွပ်သွင်းထားတဲ့ ရှေးဟောင်း ဟိန္ဒီ နိုင်ငံရေးနဲ့ လူမှုရေး အယူအဆတွေကြောင့် ဝေဖန်ရတယ် ဆိုတဲ့ စာရေးသူရဲ့ အယူအဆ။ နှစ်ပေါင်း တထောင်နီးပါးမှာ လောကနီတိကို ပထမဆုံး စိန်ခေါ်လိုက်တဲ့ စာအုပ်။
ဒီစာအုပ်ကို ၀ယ်ယူချင်တယ်ဆို ဒီလိပ်စာကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Credit to THKZ
Releated Link:
Mizzimaburmese - Moe Thee Zon's Book

နာခံမှုကို စမ်းစစ်ခြင်း
တန်ဖိုး - ၁၀ ဒေါ်လာ
မှာယူလိုပါက
The Irrawaddy Brother
P.O Box – 51
Maesot, Tak – 63110
Thailand
Email: iwd@csloxinfo.com
စာအုပ်ရေးသားသူ ကိုမိုးသီးဇွန် နဲ့  ရွက်မွန်စာမျက်နှာကို အထူးကျေးဇူးတင်ပါတယ်။တန်ဖိုး - ၁၀ ဒေါ်လာ
မှာယူလိုပါက
The Irrawaddy Brother
P.O Box – 51
Maesot, Tak – 63110
Thailand
Email: iwd@csloxinfo.com
Credit to THKZ
Releated Link:
Mizzimaburmese - Moe Thee Zon's Book
August 14, 2007
August 13, 2007
ဦးသန့် အရေးအခင်း၏ သမိုင်းတပိုင်းတစ
ဟိုရက်ပိုင်းက ဦးသန့် အကြောင်းရေးထားတဲ့ စာအုပ်တစ်အုပ်ကို ငှါးဖတ်ဖြစ်တယ်။ မြန်မာပြည်မှာ ထုတ်ဝေတဲ့ စာအုပ်ဆိုတော့ ဦးသန့် အရေးအခင်းကြောင်းတော့ မပါဝင်ဘူးပေါ့။ ဒါပေမယ့် အဲဒီစာအုပ်ကို ဖတ်ပြီး အရင်တုန်းက ကျွန်မ မသိသေးတဲ့ ဦးသန့် အကြာင်းတွေ ပိုသိပြီး၊ ပိုပြီး လေးစားမိတယ်။ ဒီနေ့  ဦးသန့် အရေးအခင်းနဲ့  ပတ်သတ်တဲ့ စာတစ်ပုဒ်ကို အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်မိပါတယ်။
Credit to THKZ
Credit to THKZ
July 30, 2007
July 29, 2007
ဂျူး - ရေမျောသီး + မြရဲ့လ
ဂျူး ရဲ့ ၀တ္ထုတိုနှစ်ပုဒ် (ရေမျောသီး နဲ့  မြရဲ့လ ) ကို ဟေမာနေ၀င်း နဲ့  ထူးအိမ်သင်က ပြန်ဖတ်ပေးထားတာပါ။
လွန်ခဲ့တဲ့ ၃ နှစ်လာက်က အွန်လိုင်းမှာ ( မိုးမခ - စာဖတ်ခန်းမှာ ဖြစ်မယ်ထင်တယ်) နားထောင်ဖူးခဲ့တယ်။ တစ်နှစ်ကျော်လောက်က အဲ့ဒီ အော်ဒီယိုဖိုင်တွေ ပြန်နားထောင်ချင်လို့ လိုက်ရှာတာ ဘယ်နေရာမှ ရှာမရဘူး ဖြစ်နေခဲ့ဖူးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က နေးတစ်မြန်မာဖိုရမ်မှာ နေးတစ်ဒီဂျေတစ်ဦးဖြစ်တဲ့ ရှင်းမင်းက အဲ့ဒီအော်ဒီယို ဖိုင်တွေကို တင်ပေးထားတာတွေ့ လိုက်ရတယ်။ အရမ်း ၀မ်းသာသွားပြီး File နှစ်ခုလုံးကို Download အမြန်လုပ်ပြီး သိမ်းထားလိုက်တယ်။ ခုအားလပ်ရက်မှာ အသေအချာပြန်ပြီး နားထောင်ဖြစ်တယ်။ အရင်တုန်းကလို ကြိုက်နှစ်သက်မိတုန်းပါပဲ။
ရေမျောသီး - ဟေမာနေ၀င်း
မြရဲ့လ - ထူးအိမ်သင်
ဂျူးကို ကြိုက်နှစ်သက်သူ အတော်များများ ဒီ ဂျူးရဲ့ ၀တ္တုတို နှစ်ပုဒ် ရေမျောသီးနဲ့  မြရဲ့လ ကို ဖတ်ဖူးကြမှာပါ။ အဲ့ဒီ ၀တ္ထုတွေကို ပြန်ဖတ်ချင်တယ်ဆို အပြင်မှာ ရှာရလွယ်နိုင်ပေမယ့် ဒီလို Audio File တွေကတော့ အတော်ရှာရ ခက်ပါတယ်။ ကျွန်မတောင်မှ ဒီဖိုင်တွေကို ရှင်းမင်း ပြန်တင်ပေးလို့ သာ ပြန်ပြီးနားထောင်ခွင့်ရတာပါ။ ကျွန်မလိုပဲ ပြန်နားထောင်ချင်တဲ့သူတွေ၊ သိမ်းထားချင်တဲ့ သူတွေရှိမှာပဲ တွေးမိလို့  ထပ်ဆင့်မျှဝေ လိုက်ပါတယ်။ တခါမှ နားမထောင်ဖူးသူတွေလည်း ဂျူးကိုကြိုက်တယ်၊ ဟေမာနေ၀င်းကိုကြိုက်တယ်၊ ထူးအိမ်သင်ကို ကြိုက်တယ်ဆို နားထောင်ကြည့်နိုင်ကြတာပေါ့။
Credit to ShinMin (NativeMyanmar)

Subscribe to:
Posts (Atom)