Pages

January 07, 2008

Linux Related Free E-books

ခုတလော အင်တာနက်ကို အရင်ကလောက် မသုံးဖြစ်တာနဲ့  ဒီမှာလည်း ဘာမှ သိပ်မရေးဖြစ်ဘူး။ စာဖတ်ဖို့  ပျင်းနေသလို၊ စာရေးဖို့ လည်း စိတ်မပါဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ဖတ်ဖို့ ညွှန်းထားတဲ့ ၊ မှတ်ထားဖို့ ပေးတဲ့  Links တွေ လောက်ကလွဲရင် တခြားဘာမှ မဖတ်ဖြစ်သလောက်ပါပဲ။ ဒီနေ့ တစ်ခုခုရေးမယ် စိတ်ကူးမိရင်း ဒီရက်ပိုင်း မှတ်ထားဖြစ်တဲ့ Linux စာအုပ်တွေ Download လုပ်လို့ ရတဲ့ လင့်တွေစုထားတဲ့ နေရာကိုပဲ ပြန်ပြီး ရှယ်ယာလုပ်လိုက်ပါတယ်။ ဒီလိုလင့်တွေကို ခုချက်ချင်း မဖတ်အားတောင် နောက်အားတဲ့ အချိန်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်၊ ဖတ်ဖို့  လိုအပ်လာမယ့် အချိန်တွေမှာ လွယ်လွယ်ကူကူရှာလို့ ရအောင် မှတ်ထားသင့် တယ်လို့  ထင်ပါတယ်။

Linux စိတ်ဝင်စားသူ တချို့ လည်း သိပြီးသားဖြစ်မယ် ထင်တယ်။ အင်တာနက်ပေါ်မှာ အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်စားလို့  သိချင်တယ်ဆို၊ အချိန်ပေးနိုင်မယ်၊ Google ကိုလည်း ကောင်းကောင်း သုံးတတ်မယ်ဆို ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာနဲ့  ပတ်သက်တာတွေကို လွယ်လင့်တကူ ရှာဖွေနိုင်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မလို လူတွေအတွက်တော့ အသုံးဝင်မယ် ထင်ပါတယ်။

Credit to linuxhaxor.net and THKZ

No comments: