Pages

January 21, 2008

အိပ်မက်တွေ ရှင်သန်နေပါစေ

ဒေါက်တာလွဏ်းဆွေ ဘလော့မှာ တင်ထားတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးသဘောကျမိတယ်။ အဲ့ဒီ ကဗျာကို လူထုစိန်ဝင်းက ဘာသာပြန် ရေးသားထားလို့  သိရပါတယ်။ အဲ့ဒီကဗျာကို အင်္ဂလိပ်လို ဖတ်မိကတည်းက နှစ်သက်နေတာပါ။ အရင် ကျွန်မ ဖတ်ဖူးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ကဗျာမှာ အပိုဒ် ၅ ပိုဒ် ပါဝင်ပေမယ့် ဒေါက်တာလွဏ်းဆွေ ဘလော့မှာ တင်ထားတဲ့ မြန်မာလို ဘာသာပြန်ထားတဲ့ ကဗျာမှာတော့ ၃ ပိုဒ်ပဲပါရှိတာ တွေ့ မိတယ်။ စာပိုဒ် ၂ နဲ့  ၃ မပါဘူး ဖြစ်နေတယ်။ မလိုအပ်လို့ ပဲ သာသာပြန်သူက ချန်လှပ်ထားတာလား၊ ပြန်လည်မျှဝေသူက ချန်လှပ်ထားခဲ့တာလား ဘာကြောင့်မှန်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူထုစိန်ဝင် မြန်မာလို ဘာသာပြန်ရေးထားတဲ့ "အိပ်မက်တွေ ရှင်သန်နေပါစေ" ဆိုတဲ့ ကဗျာလေးကိုရော၊ မူရင်းကဗျာဖြစ်တဲ့ Lisa Marie Yost ရဲ့ "There Is Only One Key To Success: Never Quit!" ကိုရော ကြိုက်နှစ်သက်တာကြောင့် ဒီနေရာမှာ မှတ်ထားလိုက်ပါတယ်။ ဒီကဗျာတွေက ကျွန်မရဲ့ အိမ်မက်တွေကို အမြဲရှင်သန်ဖို့  နှိုးဆော်နိုင်ပြီး ၊ အဲ့ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့  တွန်းအားတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
အိပ်မက်တွေ ရှင်သန်နေပါစေ
(လူထုစိန်ဝင်း ဘာသာပြန်သည်)

သင့်ကိုယ်သင် ယုံပါ၊
ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊
သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး
သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ့ ၀န်းရံထားလိုက်ပါ၊
ခရီးလမ်းတလျှောက်မှာ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက
အိပ်မက်တွေကို ရှင်သန်နေပါစေ …။

အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် ပြောင်းလဲခြင်းနဲ့သာ တိုးတက်မှုကို ကြုံတွေ့ရနိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ့သာ၊
သင်ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ
သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊
အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ့သာ
ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ …။

အောင်မြင်ရေးအတွက် သော့တချောင်းသာ ရှိတယ်၊
အောင်ပွဲမခံရသရွေ့ လက်မလျှော့ပါနဲ့၊
သင်စွမ်းဆောင်နိုင်ပါတယ်၊
ကြီးမြတ်ခြင်းမျိုးစေ့
သင့်ကိုယ်တွင်းမှာ ရှိတယ်၊
ဒါကို ပြုစုပျိုးထောင်ပါ၊
လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ …။

There Is Only One Key To Success: Never Quit!
(by LISA MARIE YOST)
Believe in yourself
and your vision of the future.
Surround yourself with
those who believe in you and will
help you achieve your goals.
Keep your dream alive despite
the challenges along the way.

Change can be frightening,
but only by changing
can you experience growth.
Only by challenging yourself
to do what seems impossible
can you ever know how much
you can achieve.

There is only one key to success:
NEVER QUIT UNTIL YOU WIN.
It may require a lot of changing,
but you can do it.
The seed of greatness
lies within you.
Nurture it, and there
will be nothing you can't do.
Credit to DrLunSwe

1 comment:

Anonymous said...

thank you so much