ပြီးခဲ့တဲ့ သောကြာနေ့ ညနေက အလုပ်မှာရှင်းစရာလေးတွေရှင်းနေတာနဲ့  ၈ နာရီလောက်မှာ အလုပ်ကပြန်ဖြစ်တယ်.. သူငယ်ချင်းတွေနဲ အပြင်မသွားပဲ အိမ်ပဲတန်းပြန်ပြီး အိမ်မှာပဲ ထမင်းစားမယ်ဆိုလို့  အစ်ကိုကတောင် တအံ့တသြဖြစ်နေလေရဲ့။ သူအတွက် ထူးဆန်းနေတယ် ထင်ပါတယ်။ ထမင်းစား၊ ခနလောက်စကားပြောပြီး စောစော အိပ်ရာ ၀င်ဖြစ်ခဲ့တယ်...
12-Jan-2008 and 13-Jan-2008
စနေနေ့  ဘာမဟုတ်တဲ့ အကြောင်းတစ်ခုက အစပြုလို့  စိတ်တွေရှုပ်၊ ခေါင်းတွေရှုပ် ဖြစ်လာပြီး နေလယ်ပိုင်းမှာ ခေါင်းကိုက်သွားတယ်။ ဘာမှ မဖြစ်လောက်ပါဘူး၊ အိပ်လိုက်ရင် သက်သာမှာတွေးပြီး ပေကပ်အိပ်တာ မသက်သာပဲ ပိုဆိုးလာတာနဲ့  ည ၇ နာရီလောက်မှာ ဆေးထသောက်လိုက် ရတယ်။ ဆေးစွမ်းမပြမချင်း ခေါင်းကိုက်တဲ့ ဝေဒနာကို အတော်လေးခံစားလိုက်ရတယ်။ ခေါင်းကိုက်တာနဲ့  သွားကိုက်တာဟာ အတော်လေးခံရခက်တဲ့ ဝေဒနာတွေပဲ။ ဝေဒနာခံစားနေရမှပဲ "ကျန်းမာခြင်းသည် လာဘ်တစ်ပါး" လို့  ဘာလို့ ပြောကြလည်းဆိုတာကို တော်တော်လေး နားလည်သွားတယ်။
တနင်္ဂနွေနေ့ မနက် နိုးလာချိန်မှာ ခေါင်းကိုက်တဲ့ ဝေဒနာ သက်သာသွားပြီ။ အိပ်နေတဲ့သူကို နှိးလို့  စကားတွေ လျှောက်ပြော ဖြစ်တယ်။ ဒီနိုင်ငံကို ငမိုးရိပ်စီးပြီးလာလယ်သူ တစ်ယောက်ကို ထမင်းလိုက်ကျွေးမယ်ဆိုတဲ့ အစ်ကိုတစ်ယောက်စကားကို အမှတ်ရတာနဲ့  သွားဖြစ်လားလို့  မေးဖြစ်တယ်။ တွေ့ မယ့်နေရာနဲ့  အချိန်ကို ပြောလာတာနဲ့  သွားဖြစ်သွားတယ်။ ခနဆိုပြီး ထွက်သွားသူတစ်ယောက် အိမ်ပြန်ရောက်ချိန်က ည ၇ နာရီထိုးတော့မယ်။ ဒါတောင် ရုပ်ရှင်ဆက်ကြည့်မယ့်လူတွေ နောက်ကို မလိုက်ဖြစ်၊ ညနေဖက်တွေ့ ဖို့  ချိန်းထားတဲ့ သူငယ်ချင်းတချို့ နဲ့  သွားမတွေ့ ဖြစ်တော့လို့ ပါ။ သူငယ်ချင်းတွေနဲ့ သွားတွေ့ တာနဲ့  ရုပ်ရှင် ကြည့်တာ တစ်ခုခု လုပ်ဖြစ်မယ်ဆိုရင် အိမ်ပြန်ရောက်ချိန်က သန်းခေါင်းနား ကပ်နေမှာ သေချာသလောက်ပါပဲ။ စနေနေ့ က နေမကောင်းပဲ တနင်္ဂနွေမှာ ညနက်သန်းခေါင်းအထိ အပြင်ထွက်မယ်ဆို အုပ်ထိန်းသူတွေက ဘယ်ကြိုက်ပါ့မလဲ။ အဲဒါကြောင့် သိတတ်၊ နားလည်၊ လိမ်မာစွာနဲ့  မိုးအရမ်း မချုပ်ခင် အိမ်အရောက်ပြန်လိုက်ပါတယ်။
တနင်္ဂနွေနေ့ က Golden Mile Complex မှာ နေ့ လယ်စာ စားဖြစ်တယ်။ Golden Mile မှာ နေ့ လယ်စာ စားတယ် ဆိုတော့ ထိုင်းအစားအစာတွေ ပဲပေါ့။ လာမယ်ထင်ထားပြီး တွေ့ ချင်နေတဲ့ သူတစ်ယောက်က နေမကောင်းလို့  မလားဖြစ်ဘူးဆိုတာနဲ့  အတွေ့ လိုက်ရ၊ စကားမပြောလိုက်ရတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ အတူ ထမင်းစားတဲ့သူတွေက စကားနည်းကျတာကြောင့် ကိုယ်ဟာကို စကားနည်းနည်းပြောပြီး အစားအသောက်ကို များများ စားဖြစ်တယ်။ စားလို့  သောက်လို့ လည်း ကောင်းတယ်။ ဒီရက်ပိုင်းအတွင်း အဲ့ဒီနေရာမှာ ၃ ကြိမ်မြောက် သွားစားဖြစ်တာပါ။ ဒီနိုင်ငံရောက်ပြီးမှဆို ၄ ကြိမ်မြောက်ပေါ့။ ပထမဆုံး သွားစားဖြစ်တာ ဒီရောက်ခါစက ဆိုတော့ အတော်လေး ကြာနေပြီ။ အခုရက်ပိုင်းမှ ဆက်တိုက်နီးပါး သွားစားဖြစ်တဲ့ ၃ ကြိမ်လုံးက သူများ ကျွေးတာကြီးပဲ ဆိုတော့ စားရတာ အားတောင်နာလာတယ်။ အားနာလို့  မစားဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ အားနာနာနဲ့  ဒါနရှင်ကြီး ကြံတိုင်းအောင်လို့  ဆောင်တိုင်းမြောက်ပါစေ၊ လိုရာခရီးမြန်မြန် ရောက်ပါစေ၊ နောက်ကားတွေ ကျော်တတ်နိုင်အောင် လမ်းဘေးဆင်းရပ်ရတဲ့ ကားမျိုးမဟုတ်ပဲ၊ ရှေ့ က အင်ဂျင်အား ကောင်းကောင်းနဲ့  မြန်မြန်မောင်းနေတဲ့ ကားတစ်စင်းဖြစ်ပါစေ ဆုတောင်းရင်း ကျွေးသမျှတွေ ကုန်အောင် စားလိုက်ပါတယ်။ ဒါကတော့ စားဖြစ်တဲ့ အစားအစာတွေပေါ့။ ငါးပေါင်းက နောက်မှ ရောက်လာလို့  ဓာတ်ပုံ မရိုက်ဖြစ်လိုက်ဘူး။ ဟိုအရင်ကဆို ထိုင်းအစားအသောက်တွေကို မကြိုက်လို့  လုံးဝမစားဖြစ်သလောက် ပါပဲ။ ခုတော့ နည်းနည်း ကြိုက်တတ်လာပြီ။ ထိုင်း သင်္ဘောသီးထောင်းကိုလည်း စားတတ်လာပြီ။ ဒါပေမယ့် ငါးပေါင်းကိုတော့ လုံးဝ မစားနိုင်သေးဘူး။ ဒါလည်း တဖြည်းဖြည်းချင်းနဲ့  စားတတ်အောင် အကျင့်လုပ်ပြီး စားဖို့ စိတ်ကူးရှိနေပါတယ်။ ဘယ်အရာမဆို ကျင့်ယူရင် ရတယ် မဟုတ်လား။
ပြီးခဲ့တဲ့ တနင်္ဂနွေက Golden Mile မှာ စားဖြစ်တဲ့ ထိုင်းအစားအသောက်ပုံ တချို့ ပါ။
ပင်လယ်စာ အသုပ် (မစားတတ်လို့ နည်းနည်း မြည်းကြည်ရုံလောက်ပဲ စားဖြစ်ခဲ့တယ်။)
ဖားသားကြော် (အရိုးများတာကလွဲရင် စားလို့ ကောင်းပါတယ်။)
သင်္ဘောသီးထောင်း(စပ်စပ်လေးနဲ့ စားလို့ ကောင်းတယ်။)
ကြက်အရေခွံကြော် (ကောင်းမကောင်းတော့ မပြောတတ်ဘူး၊ လူ ၄ ယောက် စားတာ ၃ ပွဲတောင် ကုန်သွားပါတယ်)
တုံယန့် ချဉ်စပ်ဟင်းနဲ့ တခြားဟင်ပွဲတွေ( ငါးပေါင်းက လွဲရင် စားသမျှ ဟင်းပွဲ အားလုံးပါအောင် ဓာတ်ပုံရိုက်ထားပါတယ်)
5 comments:
they look yummy.that made me want to go and eat next time again :D
ဂလု ဂလု :D
လူက နေသိပ်မကောင်ပဲ အရမ်း weak ဖြစ်နေလို့ အိမ်မှာသာ အိပ်နေတာ။ စိတ်က ကြက်အရေခွံကြော်၊ တုန့်ယန်းဟင်းရည်နဲ့ သင်္ဘောသီးထောင်းဆီ ရောက်နေတာပါ နေနေရေ ... ဟိုအကိုကြီးက သဘောအရမ်းကောင်းတာ နောက်ခါ လိုက်ကျွေးဦးမှာတဲ့ :D
may i know which restaurant in golden mile?
actually i'm drooling :P
စားချင်လိုက်တာနော် .. :( .. ကိုစိုးမိုးအောင်ကြီးကို ဒကာခံခိုင်းရင်ကောင်းမယ်ထင်တယ် .. ဟိဟိ
SZA >> အချိန်ရရင် အားလုံးစုပြီး နောက်တစ်ခါ ထပ်သွားစားကြသေးတာပေါ့။ :D
မမေ >> မမေက အချိန်ကောင်းမှမှ နေမကောင်းဖြစ်သွားတာ။ ဒါပေမယ့် ဘာမှ ၀မ်းနည်းမနေနဲ့ ။ နေကောင်းအောင်သာ ဂရုစိုက်ပြီးနေပါ။ နေကောင်းပြီဆိုတဲ့ ဟိုအစ်ကိုကြီးကို ထပ်ဝယ်ကျွေးခိုင်မယ်။
Anonymous >> ဆိုင်နာမည် မသိဘူး။ သွားပဲ သွားတတ်တယ်။ ၀ယ်ကျွေးမယ်ဆို လိုက်ပို့ မယ်လေ။ (လိုက်ဝယ်ကျွေးတဲ့ အစ်ကိုကြီးကို တွေ့ မှ ဆိုင်နာမည် မေးထားလိုက်မယ်)
SuN >> SuN ... စိုးမိုးဒကာခံမှ စားရမယ်ဆို ၄-၅ လ အတွင်းတော့ စားရဖို့  လမ်းမမြင်ဘူး။ ခုတလော သူကိုယ်သူ လက်ဆောင်ပြန်ပေးတာအတွေ အရမ်းများနေတယ်ဆိုလားပဲ ကြားမိတယ်။
Post a Comment