Pages

Showing posts with label Food. Show all posts
Showing posts with label Food. Show all posts

June 11, 2015

Rambutan

From Nature

From Nature

လမ်းလျှောက်သွားရင်တွေ့ တဲ့ ကြက်မောက်သီး စိမ်းစိမ်းလေး တွေ။ အသီးသီးနေတဲ့ ကြက်မောက်သီးပင်ကို ပထမဆုံး အပြင်မှာ မြင်ဖူးတာပါပဲ။ လှတယ်။ မှည့်တာလဲ မြင်ဖူးချင်တယ်။ အသီးမှည့်တဲ့ အချိန်ဆို နီရဲပြီး ပိုလှမယ်ထင်တယ်။ နောက်တစ်ခေါက်လာ ပြန်ကြည့်အုံးမယ် စိတ်ကူးမိတယ်။

April 10, 2015

Singapore’s Favourite Dessert: Ice Kachang

ဒီနေ့ ညနေစာ ထမင်းစားပြီး စားဖြစ်ခဲ့တဲ့ အချိုပွဲ။ ညနေစာ ဘာစားရင်ကောင်းမလဲ လိုက်ကြည့်ရင်း သူများတွေ ၀ယ်နေတာတွေ့ ပြီး စားချင်စိတ်ပေါက်သွားတာနဲ့  ၀ယ်စားဖြစ်ခဲ့တာ။

From Singapore Food
Ice Kachang ကို စင်္ကာပူမှာ hawker ဆိုင်းတိုင်းမှာ ရောင်းတာ များတယ်။ တချို့ ဆိုင်တွေက စားမကောင်းဘူး။ ဒီနေ့ ၀ယ်စားတာတော့ စားလို့ ကောင်းတယ်။ ကြိုက်တယ်။ ခုရက်ပိုင်းတော့ ရာသီဥတုက ပူလို့ လားမသိဘူး ထမင်းစားပြီးရင် အေးအေးစိမ့်စိမ့် ရှိတာမျိုးလေး ထပ်စားရတာကို အရသာတွေ့ နေတယ်။

စားလို့ ကောင်းသလို အရောင်စုံလေးဆိုတော့ ကြည့်လို့ လည်းလှတယ်။ အစာပလာတွေ ဘာတွေပါလဲ သေချာမြင်ရအောင် မစားခင်မှာ ဟိုဘက်ဒီဘက် နှစ်ပုံရိုက်ဖြစ်တယ်။  ရေခဲခြစ်ပေါ်မှာ အချိုရည်ဆမ်းပြီး၊ ကျောက်ကျော နဲ့ ပဲ ပါတယ်။ ဒူရင်းသီး ဒါမှမဟုတ် သရက်သီး နှစ်မျိုးမှာ တစ်မျိုးရွေးပါဆိုတာနဲ့  သရက်သီးထည့် စားခဲ့တယ်။ SGD 3.30 ပေးရပါတယ်။
From Singapore Food

March 31, 2015

Shan Noodles

ပုံမှန်ဆို ရှမ်းခေါက်ဆွဲ စားလေ့မရှိဘူး။ မကြိုက်ဘူး။ မဖြစ်မနေ စားရတောင် တစ်ဇွန်း၊ နှစ်ဇွန်းထက်ပို မစားဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေ့ နေ့ က စားခဲ့ရတဲ့ ဒီရှမ်းခေါက်ဆွဲကိုတော့ ကြိုက်တယ်။ စားလို့ ကောင်းလို့  တစ်ပန်းကန်လုံး ကုန်အောင်စားဖြစ်ခဲ့တယ်။ ချက်ပြုတ် ပြင်ဆင်ကျွေးတဲ့သူ စေတနာကောင်းလို့  စားလို့  ပိုကောင်းတာလည်း ဖြစ်မယ်။

From Burmese Food


ပထမဆုံးအကြိမ် ရှမ်းခေါက်ဆွဲကို နှစ်သက်စွာနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားဖြစ်ခဲ့ခြင်း အမှတ်တရ ဒီမှာလာမှတ်ထား လိုက်တယ်။

သေချာနှံ့အောင်နယ်ပြီးမှ စားရတယ်ဆိုလို့  အားပါးတရ (တူ သုံးပြီး) နယ်လိုက်တာ ဒီပုံထွက်သွားတယ်။ အစုံပါအောင်ထည့်ထားပေးတာလို့ ပြောတယ်။ ဆီတို့ ဖူးတော့ လုံးဝ မစားတတ်လို့ ထည့်မပေးဘူး။ ဂျူးမြစ်ချဉ်လည်း ပါတယ်။ ဓာတ်ပုံထဲမှာ မမြင်ရဘူး ဖြစ်နေတယ်။

From Burmese Food

February 08, 2015

Art of Salad

အသုပ်သုပ်စားဖို့  အဆင်သင့် ပြင်ဆင်ထည့်ထားတဲ့ ဗန်းလေးက အရောင်စုံလေးနဲ့ လှနေလို့  ဓာတ်ပုံရိုက်ထားလိုက်မိတယ်။

From Everything

ကျောက်ပွင့်၊ ပဲကြာဇံ၊ မုန်လာဥနီ၊ ဗိုလ်စားပဲ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာသီး၊
ပုဇွန် နဲ့  ကင်မွန် ပါတယ်။

ပြင်ဆင်ထားတုန်းကပုံနဲ့ အကုန်ရောနယ်သုပ်လိုက်တဲ့အခါ ဘာကွာသွားလည်း မှတ်တမ်းတင်တဲ့အနေနဲ့ အားလုံးရောနယ်ပြီးပုံလေးကိုလည်း ဆက်ရိုက်မိပြန်တယ်။

From Everything

ပထမပုံထဲက အစာပလာ အကုန်လုံးဆို စားလို့ မကုန်မှာ စိုးရိမ်ကြတာနဲ့ ကြာဇံနဲ့  ကျောက်ပွင့်နည်းနည်း ဖယ်ထားပြီး ကျန်တာတွေတော့ အကုန်ရောနယ်သုပ်လိုက်တာ ဒီလို တစ်ပန်းကန် ရတယ်။
From Everything

မနေ့ က နေ့လည်စာပါ။
ချဉ်ချဉ်စပ်စပ်လေးနဲ့  စားလို့ ကောင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုတော့ ဆီဆားမပါ သုပ်တယ်လို့  ထင်တာပဲ။
ကိုယ်တင်သုပ်စားတာ မဟုတ်ပါဘူး။ သူများကျွေးတာကို သွားစားတာ။ ပြင်ဆင်ရာမှာတော့ နည်းနည်းပါးပါး တောက်တိုမယ်ရ ကူညီပေးပါတယ်။ ဒီတိုင်းဘာမှ မလုပ်ပဲ သူများချက်ကျွေးတာ စားလို့ မကောင်းဘူးလေ။ :D

ကျွေးတဲ့သူက စေတနာ အလွန်ကောင်းတယ်။ ဒီတစ်မျိုးထဲ ချက်လေ့မရှိဘူး။ ကျောက်ပွင့်သုပ်အပြင် အောက်ပုံထဲက ဟင်းလည်းချက်တယ်။
From Everything

December 31, 2013

The last lunch of 2013

၃၁-၁၂-၂၀၁၃..
ထုံးစံအတိုင်း ဒီနေ့  နေ့ တစ်ဝက် အလုပ်လုပ်ရတယ်။ အလုပ်က အပြန်မှာ အထက်လူကြီးဟောင်းက နေ့ လည်စာ လိုက် ကျွေးမယ်ဆိုခေါ်တယ်။ တကယ်ဆို မသွားချင်ဘူး။ ဒါပေမယ့် လူမှု့ ပေါင်းသင်းဆက်ဆံရေး ဆိုတာကြီးက ရှိသေးတော့လည်း သွားချင်တာ မသွားချင်တာ အသားထား လိုက်သွားစားရတော့တာပေါ့။ အသက်ကြီးလာလေလေ လုပ်ချင်တာ မလုပ်ရ၊ လုပ်သင့်တာ လုပ်နေရတာများလာ လေလေ ဖြစ်မယ်ထင်တယ်။

စားသောက်ဆိုင်ကို နေ့ လည် ၁၂း၃၀ လောက် ရောက်သွားတာ ပြောရင်းစား၊ စားရင်းပြော လုပ်ရတာ ဆိုင်ကထွက်လာတော့ ၃ နာရီ ရှိပြီ။ စားဖို့ ထက်စာရင် စကားပြောဖို့ က အဓိကလို့ ပြောရင် ရမယ် ထင်တယ်။

From Everything


From Everything

အများကြီး မစားနိုင်ဘူး။ ဒါပေမယ့် ပုဇွန်ကြိုက်လို့  ပြန်ခါနီးမှာ နောက်တစ်ခေါက်သွားယူစားရင်း လှတပတလေး ဖြစ်အောင် ထည့်လာတယ်။ ဒီလိုပဲ စိတ်ကူးတည့်ရာလုပ်ပြီး စိတ်ချမ်းသာအောင်နေရတယ်။ ပုဇွန် နှစ်ကောင်ဆို အသည်းပုံ တစ်ခုရတယ်။လေးကောင်ဆိုတော့ အသည်းနှစ်ခု။
From Everything

ကျန်းမာရေးနဲ့  ညီညွတ်အောင် အသီးအနှံလေး စားလိုက်အုံးဆို တိုက်တွန်းတာကြောင့် ဒီလောက်သွား ယူစားလိုက်ရတယ်။ ဗိုက်ပြည့်နေပြီ။ လူကြီးတွေနဲ့  ထမင်းစားရတာ မလွယ်ဘူး။

From Everything
ဒီညနေ အသိတစ်ယောက် အိမ်မှာ ညစာ သွားစားရအုံးမယ် ဆိုတော့ ဗိုက်ထဲ နေရာ ချန်ထားရသေးတယ်။ ညစာကလည်း ကောင်းမယ် ထင်တယ်။ Spaghetti ကို လက်စွမ်းပြပြီး special ချက်ကျွေးမှာတဲ့။

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကြိုတဲ့ အနေနဲ့  ဒီနေ့  တစ်နေကုန် အစားများများပြီး စိတ်ချမ်းသာ လူကျန်းမာအောင်နေရမယ်။

December 30, 2013

The fruit called Star Apple

သစ်သီး တစ်မျိုး။ အရင်က တစ်ခါမှ မသိ၊ မစားခဲ့ဖူးဘူး။ သူငယ်ချင်းတစ်ယောက် ယူလာပေးလို့ မြင်ဖူး စားဖူးသွားကြတယ်။ အားလုံး စားရအောင်ဆို အများကြီး ယူလာပေးတယ်။

တကယ်ဆို စားနေတုန်း မျက်နှာအမူအယာ ဘယ်လိုပြောင်းလဲသွားတယ် သိအောင် လေးရိုက်ထားလိုက်ရမှာ။ ခုတော့ ရိုက်ဖြစ်ခဲ့တဲ့ အသီးဓာတ်ပုံတွေပဲ မှတ်ထားလိုက်တယ်။

အသီးက အနီနဲ့  အစိမ်းမျိုးဆိုပြီး အရောင်နှစ်မျိုးရှိတယ်ပြောတယ်။ ခုစားကြည့်တာကတော့ အစိမ်းရောင် အသီးမျိုး။

From StarApple

ပုံကြည့်ပြီးတော့ အခွံမာ အသီးလို ထင်တာ မဟုတ်ဘူး။ ကိုင်ကြည့်တော့ အခွံက ခပ်ပျော့ပျော့ပဲ။ အထဲက အသားကလည်း ခပ်ပျော့ပျော့ဆိုတော့ အသီးကို သရက်သီးစတဲ့တခြားအသီးတွေစားသလို အခွံနွာပြီး စားလေ့မရှိဘူး ပြောတယ်။ ဘယ်လိုစားလေ့ရှိကြလည်းဆို အသီးကို နှစ်ခြမ်းခွဲပြီး ဇွန်းနဲ့ ခြစ်စားတယ်။ ဒါမှမဟုတ် လေးစိတ်စိတ်ပြီး အထဲက အစားကို ကိုက်စားတယ်။ ရှောက်ချိုသီး စားသလိုမျိုး။ အခွံ မစားရဘူး။

နှစ်မျိုးလုံး စားကြည့်ဖြစ်တယ်။ နှစ်ခြမ်းခြမ်းပြီး ဇွန်းနဲ့  ခပ်စားရတာကို ပိုကြိုက်တယ်။ စားလည်းပြီးတော့ အခွံက ခွက်လေးပုံစံ ကျန်ခဲ့တယ်။

From StarApple

အရသာက ချိုတယ်။ ကျွန်မ အတွက်တော့ အဲ့ဒီအသီးအရသာက သြဇာသီး အရသာနဲ့  ဆင်တယ် ခံစား ရတယ်။ အဖြူရောင် အစေးနေရာစားမိရင် နည်းနည်း ဖန်တယ်။ တခြား သူတွေ ကတော့ ကြိုက်ကြတယ်။ စားကောင်းတယ်လို့  ပြောတယ်။

အစေ့ယူပြီး အပင်စိုက်ကြည့်ရင်ကောင်းမလား စိတ်ကူးမိကြတယ်။ ဒီနိုင်ငံမှာ အဲဒီစိတ်ကူး အကောင်အထည်ဖော်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာဆိုရင်တော့ အစေ့ကို ပျိုးထားဖြစ်မှာ သေချာတယ်။

From StarApple
Google ကနေ လိုက်ရှာဖတ်ကြည့်တော့ ဒီအသီးက Central America ကလို့ သိရတယ်။ ဖတ်မိသလောက် အာရှမှာ ဗီယက်နမ် (Vietnam) နဲ့  ဖိလစ်ပိုင် (Philippines) ထင်ရှားတယ်လို့  စားလေ့ရှိတယ် သိရတယ်။ တခြားနိုင်ငံတွေမှ ရှိမရှိ မသိဘူး။

Reference:
YouTube မှာတွေ့ တဲ့ Star Apple ဘယ်လို စားရလဲဆိုတာ How to Eat A Star Apple by Big Island Farm Fresh Foods
ဗီယက်နမ်တွေ ပြောလေ့ရှိတဲ့ Vú Sữa အကြောင်း Vú Sữa-Milky fruit-a thoughtful story
Wiki: မှာတွေ့ ရတဲ့ အချက်အလက်တွေ Chrysophyllum cainito
Scientific Name:Chrysophyllum cainito
Common Names: Star Apple, Vú Sữa (Vietnam), Swarnapathry(Malayalam), Golden-leaf tree (English), Caimito, Estrella, Caimo morado, Caimito maduraverde, (Spanish), Cainito, Ajara (Portuguese), Caimite, Caimitier (French)
Family: Sapotaceae
Relatives of Caimito: mamey sapote, green sapote, abiu, and canistel.
Origin: West Indies and Central America.
Distribution: Caimito is found throughout the Caribbean Region, Central America, northern South America, Australia, and some countries of Southeast Asia and Africa. History: Caimito was observed growing by Spanish explorers in Peru during the 1500s. Seeds were introduced into Hawaii in 1901 and into Florida around 1887. During the 20th century it was distributed to parts of Asia and Africa.

November 15, 2013

Fruits Party

လက်ရှိအလုပ်မှာ တစ်နှစ်မှာ တစ်ပတ်ကို Healthy Lifestyle Week လို့ သတ်မှတ်ပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးလေ့ ရှိတယ်။ အဲ့ဒီ ရက်သတ္တပတ်မှာ တနင်္လာနေ့ ကနေပြီး ကြာသပတေးအထိက တစ်နေ့ ကို အသီးတစ်မျိုးဝေပေးလေ့ရှိတယ်။ နောက်ဆုံး အလုပ်လုပ်ရက်ဖြစ်တဲ့ သောကြာနေ့ မှာတော့ Fruits Party ဆိုပြီး သစ်သီးစုံကို ခင်းကျင်း ကျွေးမွေးလေ့ရှိပါတယ်။

ဒီနှစ် Fruits Party မှာ ကျွေးမွေးဖို့ ခင်းကျင်းထားတဲ့ သစ်သီးဗန်းတွေကို ဓာတ်ပုံရိုက်ဖြစ်တာ။ ကျွေးတဲ့နေရာက ကိုယ်တွေရဲ့အလုပ်ခန်းနဲ့ ဆို နည်းနည်းလေးဆိုတော့ တခြားသူတွေ မရောက်ခင် စောရောက်သွားတာနဲ့  ဗန်းတွေကို ကူပြီးဖွင့်ပေးရင် ဓာတ်ပုံတွေ ရိုက်ဖြစ်တာ။ ကျွေးတဲ့ သစ်သီးတွေက အစုံပါပဲ။
From Everything


စတော်ဘယ်ရီ (Strawberry)၊ မင်းဂွတ်သီး (Mangosteen)၊ နှင်းသီး (Rose Apple)၊ စပျစ်သီး (Grapes)
သရက်သီး (Mango)၊ နာနတ်သီး (Pineapple) ၊ တည်သီး (Persimmon)၊ လုံငန်းသီး (Longan)
နဂါးမောက်သီး (Dragon Fruit)၊ ငှက်ပျောသီး (Banana)၊ ဗလူးဘယ်ရီ (Blueberry)၊ ဆီးသီး (Plum)

Longan Fuirt ကို မြန်မာလို ဘယ်လိုခေါ်မှန်းမသိဘူး။ မြန်မာပြည်မှာတော့ အဲဒီသစ်သီးကို မစားဖူးဘူး။ အသီးကရှိမှာပါ၊ ကိုယ်က မသိတာ ဖြစ်မှာဆိုပြီး လိုက်ရှာကြည့်တော့ Longan = လုံငန်းသီး (နဂါးမျက်စေ့သီး) လို့ တွေ့ မိတယ်။

နောက်တစ်မျိုး မသိတာက Blueberry။ ဗလူးဘယ်ရီ ကလည်း မြန်မာနာမည် သီးသန့် မရှိဘူး ထင်တယ်။ စတော်ဘယ်ရီလိုပဲ သူ့ အသံအတိုင်း မြန်မာမှု့ပြုခေါ်လိုက်ကြတယ်ထင်ပါတယ်။

From Everything

From Everything

From Everything


P.S : ဒီနေ့  အလုပ်မသွားဘူး။ နေလို့ သိပ်မကောင်းတာနဲ့  ခွင့်ယူပြီး အိမ်မှာနေတယ်။

September 12, 2013

20130912

From Everything

ဒီနေ့ နေ့ လည်စာ ထမင်းဘူး ယူဖြစ်တယ်။ ထုံးစံအတိုင်း ခပ်လွယ်လွယ်ပဲ။ စားတာများသွားလား မသိဘူး၊ နေ့ လည်စာစားပြီး အိပ်ချင်နေတယ်။

September 02, 2013

Avocado Juice

From Everything
ဒီနေ့  နေ့ လည် သိပ်မဆာတာနဲ့ ထောပတ်သီး ဖျော်ရည်တစ်ခွက်နဲ့  မာလကာသီး နည်းနည်းစား ဖြစ်တယ်။ ထောပတ်သီး ဖျော်ရည်ဆိုတာ အမေနဲ့  ညီမလေးက အကြိုက်ပဲ။

ရန်ကုန်မှာ ထောပတ်သီး ပေါ်ချိန်ဆို ထောပတ်သီး စိမ်းတွေ ၀ယ်ပြီး နို့ ဆီနဲ့ ခေါက်ပြီး စားကြ၊ ဖျော်ရည် ဖျော်သောက်ကြတယ်။ သူတို့ ဘယ်လို တိုက်တိုက် အီလို့ ဆိုပြီး သောက်လေ့ မရှိခဲ့ဘူး။ အမြဲ ငြင်းခဲ့တယ်။ ခုတော့လည်း တခါတလေ ထမင်မစားချင်စိတ်မရှိရင် သောက်ဖြစ်တယ်။

NUS PGP Canteen က ထောပတ်သီး ဖျော်ရည်သောက်လို့  ကောင်းတယ်။ တခြား တွေ၊ တခြား ကင်တင်းတွေက ထောပတ်သီးဖျော်ရည်တွေလို ထောပတ်သီး အနံ့  ပါတယ်ဆိုယုံ ထည့်ထားတာမျိုး မဟုတ်ဘူး။ ထောပတ်သီး အရသာပေါ်တယ်။ တစ်ခွက်ကို SG$2.80။ ချောကလက် မပါနဲ့  မပါတာဆို နှစ်မျိုး ရှိတယ်။ ဈေးတူတူပဲ။ ချိုတာ မကြိုက်လို့ ချောကလက်မပါတာပဲ သောက်လေ့ ရှိတယ်။

ပုံက ဒီနေ့  ရိုက်တာ မဟုတ်ဘူး၊ ရိုက်ထားတာ အတော်ကြာပြီု။ ဘာမှ မပါတာထက်စာရင် ချောကလက်ပါတဲ့ ခွက်က ပိုလှတယ်ထင်လို့  သူများတွေ သောက်တုန်း ရိုက်ယူထားဖြစ်ခဲ့တယ်။

June 18, 2013

My Lunch Box - 18 June 2013

From Everything

နေ့ လည်အပြင်မထွက်ချင်လို့  ဒီနေ့  ထမင်းဘူးထည့်လာတယ်။ ငါးမုတ်ကြော်တယ်။ ကြက်ဥကို ကြက်သွန် နဲ့  ချယ်ရီ ခရမ်းချဉ်သီးလေးတွေနဲ့ ရောမွှေကြော်ပြီး ချခါနီးတော့ ငရုတ်သီးစိမ်းညှပ်ထည့်လိုက်တယ်။ ထမင်းကို ငါးကြော်ဆီဆမ်းလာတယ်။ ၇း၅၀ အိပ်ရာထ အားလုံးချက်ပြုတ်ပြီး ရေမိုးချိုးလို့  အိမ်က ထွက်တဲ့အချိန် ၈း၃၀။

February 11, 2013

Burmese Salad (အသုတ်စုံ)

Chinese New Year Long Holiday ရဲ့ ပထမဆုံးနေ့  (စနေနေ့ )က အိမ်မှာ အသုတ်စုံလုပ်စားကြတယ်။ မိုးလေး တစိမ့်စိမ့်မှာ အသုတ်စုံစပ်စပ်ကို ဟင်းခါးပူပူလေးနဲ့  တွဲဖက်စားရတာ အတော်လေး လိုက်ဖက်တယ်။
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad
From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

From BurmeseSalad

ပုံတွေက ဟိုတခါ သုတ်စားတုန်းက ပုံတွေပါ။ စနေနေ့ တုန်းကတော့ အစားအသောက်ကို စားဖို့ ပဲ စိတ်ဝင်စားနေတာနဲ့  ဓာတ်ပုံ မရိုက်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံရိုက်ဖြစ်တုန်းက အသုတ်မှာ တို့ ဖူး ပါတယ်။ မနေ့ က အသုန်မှာတော့ ကျောက်ပွင့်ပါတယ်။ ဒီနှစ်ခုကွာတာကလွဲရင် ကျန်တာ အကုန် အတူတူပဲ။  အသုတ်ဆို ကြက်သွန်စိမ်းနဲ့  နံနံပင် မပါဘူးဆို ဘယ်လို သုတ်သုတ် ကြိုက်တာများတယ်။ ချဉ်ချဉ်စပ်စပ်လေး ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အသုတ်စားရင် ဟင်းခါးပါမှ။ အသုတ်က ခပ်အေးအေး အစားအသောက်ဆိုတော့ ဟင်းခါးပူပူလေးပါမှသာ စားလို့ ကောင်းတယ်။ ဟင်းခါးမှာလည်း ခုလို ပုဇွန်ခြောက်၊ ကြွက်နားရွက်မှိ၊ ပဲပင်ပေါက် နဲ့  ဗူးသီးကို ငရုတ်ကောင်း မွှေးမွှေးလေး ခပ်ထားတဲ့ ဟင်းခါးမျိုးဆို အကြိုက်ဆုံးပဲ။

တစ်ပန်ကန်းခြင်း သုတ်စားရတာ အားမရလို့ ခုလို ၃-၄ ပန်ကန်စာ တခါးတည်း သုတ်စားကြတယ်။
From BurmeseSalad

January 16, 2013

16 January 2013

မနေ့ ညနေပိုင်း ထုံးစံအတိုင်း မိုးကမှိုင်းမှိုင်း၊ ရာသီဥတု မသာယာ၊ နေလို့ မကောင်း၊ အိမ်ပြန်ရောက်၊ ညစာစားပြီးတန်းအိပ်၊ အစာမကြေဖြစ်၊ အိပ်ရေးမ၀၊ အိပ်ယာထ နောက်ကျ၊ မနက်စာ မစားဖြစ်၊ ရေတောင်မသောက်၊ တမနက်လုံး အလုပ်ရှုပ်၊ ခုမှ နေ့ လည်စာ သွားစားဖြစ်တယ်။



Spaghetti မှာ Spaghetti Aglio E Olio တစ်ခုပဲစားလို့ ရတယ်။ တခြားဟာ တွေ မကြိုက်။ အထူးသဖြင့် ခရမ်းချဉ်သီးဆော့ နဲ့  ဆို ပိုစား မ၀င်ဘူး။ Coke သောက်တာ ကျန်းမာရေးရှု့ ဒေါင့်ကကြည့်ရင် မကောင်းဘူး၊ လျှော့သောက်မယ် စိတ်ကူးပေမယ့် တစ်နေ့  နှစ်နပ်အပြင်မှာ စားဖြစ်တယ်ဆို တစ်ခါလောက်မှာတော့  သောက်ဖြစ်နေတုန်းပဲ။

နေ့ လည်စာ စားချိန်ကုန်လို့  အလုပ်ပြန်စဖို့  အချိန်ရောက်ပြန်ပြီ။ နောက် ၄-၅ နာရီလောက် အလုပ်လုပ်ရအုံးမယ်။ ဒီနေ့ ညနေ ၇ နာရီမခွဲမှီ အိမ်ပြန်ဖို့ စိတ်ကူးတယ်။ ၆ နာရီ ပြန်လို့ ရရင်တော့ အကောင်းဆုံးပေါ့။

November 03, 2011

Fruits (mandarine)

မနေ့  နေ့ လည်က ၀ယ်ဖြစ်တာ ၁၀လုံးပါတဲ့ တစ်ထုတ်ကို S$ 1.50 ပေးရတယ်။
From Everything

ပုံမှန်ဆို ဒါမျိုးတွေ စားရတာ စိတ်မရှည်ဘူး။ အမေ့ကို သတိရတာနဲ့  ၀ယ်ဖြစ်သွားတယ်။ ပြီးခဲ့တဲ့ အခေါက် မြန်မာပြည်ပြန်ဖြစ်တုန်းက အမေက အရသာရှိတယ် သမီးကြိုက်တတ်တဲ့ ချိုချိုချဉ်ချဉ်လေး၊ စားကြည့်ပါ ပြောလို့  ခုလို အလုံးသေးသေးလေးတွေ တော်တော်များများစားဖြစ် ခဲ့တယ်။ ခုလည်း အမေသာ ကျွန်မ ဘေးမှာရှိရင် စားကြည့်ဖို့ ဆို တိုက်တွန်း၊ ၀ယ်မှာပဲ စဉ်းစားမိပြီး ၀ယ်ဖြစ်သွားခဲ့တယ်။
From Everything

အစေ့ မပါဘူး။ အရည်ရွှမ်းပြီး အခွံနဲ့ အသားကပ်နေလို့  ခွာရတာ နည်းနည်းခက်တာကလွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်။ စားလို့ ကောင်းတယ်။ တော်တော်လေး ချိုတယ်၊ နည်းနည်းချဉ်တဲ့ အရသာလေးလည်းပါတော့ စားရတာ အရသာရှိတယ်။ ဒါပေမယ့် အိမ်မှာစားခဲ့ရတုန်းကလောက်တော့ စားမကောင်းဘူးလို့  ခံစားရတယ်။

မနေ့ က အကုန် မစားဖြစ်ဘူး။ စားပွဲပေါ်မှာ ၂ လုံး ကျန်သေးတယ်။ ခဏနေ ပျင်းငြောင်းအိပ်ချင် ဖြစ်လာမှ စားလိုက်မယ် စိတ်ကူးတယ်။

ဒီမှာတော့ ကိုယ့်ဘာသာ အခွံခွါစားရပါတယ်။ အိမ်မှာလိုမျိုး အသီးလေးတွေကို အခွံပြီး၊ စားဖို့ အစဉ်သင့် အမွှာလေးတွေကို ပါးစပ်ထဲထိ လာခွန့် ပေးမယ့် အမေက ဘေးနားမှာ ရှိမနေဘူးလေ။
From Everything


Other Related Post :
Citrus Fruits
Lady Fingers

October 20, 2011

20111020 - My Lunch

ဒီနေ့  မနက် ဒီမှာ "What to eat" ရေးထားတာလေး ဖတ်မိသွားတဲ့ အတွက် ကျွန်မရဲ့ နေလည်စာဟာ အောက်က ဓာတ်ပုံထဲက အတိုင်းဖြစ်သွားရပါတယ်။ စာဖတ်သူတွေအပေါ် စာရေးသူတွေရဲ့ စာရေးကောင်းသူတွေရဲ့ စာတွေ ဘယ်လောက်တောင် လွှမ်းမိုးနိုင်သလဲ။ ကြည့်ပါ။

Yong Tau Foo for Lunch (S$3.0) - 20th October 2011
From Everything

ကျန်းမာရေး၊ အစားအသောက် သိပ်ဂရုစိုက်တယ်။ July 23, 2009 ကလည်း ဒီလို နေ့ လည်စာမျိုး တစ်ခါစားဖြစ်ခဲ့တယ်။ အခု နောက်တစ်ကြိမ်ထပ်စားတယ်။ မကောင်းဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ပိုစားရမယ်။ နောက်ပိုင်း ဒီလိုနေ့ လည်စာမျိုး တစ်နှစ်ကို ၁-၂ ခါတော့ အနည်းဆုံး စားဖြစ်အောင် ကြိုးစားမယ်။

Other Link: Yong Tau Foo

September 23, 2011

20110923 - သောကြာနေ့  နေ့ လည်စာ

ဒီနေ့  သောကြာနေ့  နေ့ လည်စာ အနေနဲ့  ထမင်းကြော်စားဖြစ်တယ်။

From Everything


ဒီတစ်ခုထဲနဲ့ တော့ ကျန်နေသေးတဲ့ သောကြာနေ့ တစ်ဝက်မှာ အလုပ်ဆက်လုပ်ဖို့  အတွက် လုံလောက်တဲ့ အင်အားကို ဘယ်လိုမှ မရနိုင်ဘူး။ ဒီတော့ ဟင်းရံအနေနဲ့  တချို ဟင်းတွေ ထပ်မှာ စားကြပါတယ်။

ပဲပြားနဲ့  မှို
From Everything

ကြက်တောင်ပံကြော်
From Everything

ကန်စွန်းရွက်အစပ်ကြော်.
From Everything

ကုန်လားဆို တစ်ယောက်တည်းတော့ အဲလောက်ကြီး ဘယ်ကုန်နိုင်မလဲ။ သောကြာနေဆိုတော့ ထုံးစံအတိုင်း အဖွဲ့ လိုက်နေ့ လည်စာသွားစား ကြရတာ။ အပေါ်မှာပါတဲ့ ပဲပြားမှို၊ ကြက်တောင်ပံကြော် နဲ့  ကန်စွန်းရွက် တစ်မျိုးကို ၃ ပွဲစီမှာပြီး လူ ၁၂ ယောက်မျှစားကြပါတယ်။ အပေါ်က တစ်ဆက်က လူ ၄ယောက်စာ အရံဟင်းတွေပေါ့။

မစားလို့ မဖြစ်ဘူး။ အစာများများ စားပေးရတယ်၊ စားမှ အားရှိမယ်၊ အားအင်အပြည့်ရှိမှ အလုပ်လုပ်နိုင်ကြမယ်။

August 30, 2011

Food From Home

From Everything

- လက်ဖက် (ချဉ်စပ် ၂ထုတ်၊ ရိုးရိုး ၁ ထုတ်)၊ နှစ်ပြန်ကြော်၊ ပုဇွန်ခြောက်ကြော်၊ ငါးရံခြောက်ဖုတ်
- ရွှေပုဇွန်ခြောက်၊ ငါးသလောက်ဥကြော်၊ ပုဇွန်ထုတ်၊ ငါးခူကြော်
- ငါးပုဏ္ဏားကြော်၊ ငါးသလဲထိုးကြော်၊ ငါးကျီးကြော်


သမီးစားဖို့ ဆိုပြီး အမေနဲ့  အဖေက အစားအသောက်တွေ ထည့်ပေးလိုက်တယ်။ ဒီကို ပြန်လာတဲ့ သူငယ်ချင်းနဲ့ ထည့်ပေး လိုက်တာပါ။ အစားအသောက်တွေ သည်လာပေးတဲ့ သူငယ်ချင်းကြီးကို အားလည်းနာတယ်၊ အထူးကျေးဇူးတင်ပါတယ်။

ရန်ကုန်ကပြန်လာတယ်ဆို လူတိုင်းက ကိုယ့်ပစ်စည်းတွေနဲ့ ကို ပေါင်ချိန်မပိုအောင် ဂရိုစိုက်နေရတဲ့ လူကများတယ်။ ဒီတော့ အိမ်က လူကြုံပေးမယ်ဆို အိမ်က ထည့်ပေးတာတွေကို သည်ပေးနိုင်တာ သေချာတဲ့၊ ကိုယ်ပိုင်ပစ်စည်း သိပ်မသည်ကြတဲ့၊ အားနာစရာလည်း မလိုတဲ့ သူတွေနဲ့ ပဲ ထည့်ပေးလေ့ရှိတယ်။ ဘယ်သူတွေလည်းဆို အကိုမောင်တွေ နဲ့  ၀မ်းကွဲမောင်နှမတွေ။ တခါတလေ ဖေဖေ့သူငယ်ချင်း အန်ကယ်ကြီးတွေ။

ဒီလထဲ ရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက် ရန်ကုန်ကို ခဏ ပြန်ကြတယ်။ တစ်ယောက်က ပြန်တာမှ ၃-၄ရက်၊ ဟိုမှာနေတဲ့ရက်လည်း သူအလုပ်တွေနဲ့ သူရှုပ်နေမှာဆိုတော့ အိမ်ကို ဘာမှမပြောဖြစ်ဘူး။ သူငယ်ချင်းက ရန်ကုန်ရောက်ပြီး မအားတဲ့ကြားကနေ၊ သူမပြန်ခင်တစ်ရက်မှာ ကျွန်မအိမ်ကို၊ ဖုန်းဆက်ပြီး ကျွန်မလိုချင်တာတွေ၊ ပေးချင်တာပေးလိုက်ပါ သူသည်သွားပေးမယ် သွားပြောတော့ အိမ်က စိတ်ဆိုးတယ်။ သူငယ်ချင်းကို မဟုတ်ဘူး၊ သူ့ သမီးဖြစ်တဲ့ ကျွန်မကို ကြိုမပြောလို့ စိတ်ဆိုးတာ။ နီးတဲ့သူပဲ အဆူခံရတတ်တာ သဘာဝဆိုတော့ ဖုန်းဆက်တဲ့သူ ခံလိုက်ရတာပေါ့။ :-D (အဖေအော်တာလေးကို ကျွန်မကိုယ်စား ခံယူပေးတာ ကျေးဇူးပါ သူငယ်ချင်း၊ အမှတ်တရပေါ့ ;))။

ကျွန်မလည်း ကိုယ့်အလှည့်အဆူမခံရအောင်၊ နည်းနည်း လူလည်ကျပြီး နောက်တစ်ယောက်နဲ့  လည်းထည့်ပေးချင် ထည့်ပေးလို့ ရတာကြောင့် ဒီတစ်ယောက် ဖုန်းခေါ်မယ်ဆိုတာ သိပေမယ့် မပြောလိုက်တာဖြစ်ကြောင်း ပြောရတော့တာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ရန်ကုန်မှာ ရှိနေသေးတဲ့ သူငယ်ချင်းကလည်း အွန်လိုင်းလာတာတွေ့ တာ နဲ့  ဖုန်းနံပါတ်တောင်းပြီး အိမ်ကိုပေးလိုက်တယ်။ ပစ်စည်းမများဘူး သည်နိုင်တယ်ဆိုရင် ထည့်ပေးလိုက်ပါ၊ အရေးတကြီးလိုတာမရှိ၊ ခုတလော စားချင်စိတ်ပေါ်တာ ငါးကြော်ပဲရှိတယ် ပြောလိုက်တယ်။

ဒီနေ့  သူငယ်ချင်းပြန်လာတော့ အပေါ်ပုံထဲက အစားအသောက်တွေပါလာ ပါတယ်။ ထည့်ပေးလိုက်သမျှ အကုန်သည်လာပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။

June 09, 2011

Uncle Penyet

Uncle Penyet ကိုရောက်ခဲ့တုန်းကပါ။ ပုံမှန်ဆို Ayam Penyet စားနေကြ။ အဲဒီနေ့ ကတော့ Pomfret Penyetစားဖြစ်ခဲ့တယ်။ ငါးက အစာကြေလွယ်တယ်။ ငါးတစ်ကောင်တည်းနဲ့  အာသာမပြေဖြစ်မှာစိုးလို့  ကြက်တောင်ပံပါ ထပ်မှာဖြစ်တယ်။ ပိုနေရင်သာ မသိသာတာ၊ လိုနေတာ မကောင်းဘူး။ အဲဒီက ငရုတ်သီး စပ်ပြီး စားလို့ ကောင်းတယ်။

တစ်ကောင်တည်း ငါး... (Pomfret Penyet - S$ 4.50)
From Singapore

တောင်ပံတွေသာပါမယ်ဆိုရင်....(Chicken Wing Penyet - S$2.80)
From Singapore


တိုက်ဆိုင်မှု့ တွေ သိပ်များသွားတယ်။
From Singapore



Ayam Penyet with Rice (S$4.00)
Pomfret Penyet with Rice (S$4.50)
Udang Penyet with Rice (S$4.00)
Dory Penyet with Rice (S$3.50)
Chicken Wing Penyet with Rice (S$2.80)

Uncle Penyet @ NUS Science Canteen,
21 Lower Kent Ridge Road
Singapore, 119077