Pages

June 29, 2010

Shontelle - Impossible

အခု နားထောင်နေတဲ့ သီချင်း...



အခု ရက်ပိုင်း အလုပ်မှာ YouTube က သီချင်းတွေ နားထောင်လို့ ရနေတယ်။ ဟိုတလောက Server တွေ ရွှေ့ ပြီးနောက်ပိုင်း အင်တာနက် ပိုမြန်လာခြင်းရဲ့ အကျိုးဆက်။ သီချင်းတွေ နားထောင်ရင်း အလုပ်တွေ လုပ်။ ဟုတ်နေတာပဲ။

P.S ဗိုက်ဆာနေတယ် ... ဒီနေ့ ဘာစားရင်ကောင်းမလဲ...

June 28, 2010

တကယ်..


ကျေးဇူးတင်ခြင်းရဲ့အစ......
ပုံလေးက ချစ်စရာ မကောင်းဘူးလား။ အချိန်ရလို့  ကွန်ပြူတာရှင်း၊ ဒီပုံလေးတွေ့ ၊ ပုံလေးကို ကြည့်ရင်း ကျေးဇူးတင်တယ်လို့ ပြောချင်စိတ်တွေ ဖြစ်လာ..... ကျေးဇူးပါပဲ..။
အလယ်.... ဒါမျိုးလေးတွေ ဆွဲတတ်ချင်တယ်။ ပါရမီ မပါဘူး။ စိတ်မရှည်ဘူး။
ကျေးဇူးတင်ခြင်းရဲ့ အဆုံး..
အဆုံးမသတ်သေးဘူး။ ဒီလို 10q ပုံလေးတွေ စုထားတာ အများကြီး ရှိပါသေးတယ်။

Other Pictures: You are MY best friend..

June 23, 2010

Rainy..



မိုးရွာတဲ့ နေ့ တစ်နေ့ က ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံ။ ဒီနေ့ လည်း မိုးအတော်လေး သည်းသည်းမဲမဲ ရွာတယ်။ ဒီနိုင်ငံမှာ မိုးက အစိုး မရဘူး၊ အခု နေပူနေတယ်၊ တော်ကြာ ချက်ချင်းကြီးဆိုသလို မိုးရွာချနိုင်တယ်။ မိုးရွာတဲ့ နေ့ တွေမှာ ရိုက်တဲ့ ပုံတွေက တိမ်ပြာပြာ နေသာတဲ့နေ့  တွေမှာလောက် မလှဘူး။ ဒါပေမယ့် တမျိုးစီပေါ့။ အပြင်မှာ အဆက်မပြတ်ကျနေတဲ့ မိုးစက်တွေနဲ့  ခပ်မှိုင်းမှိုင်းဖြစ်နေတဲ့ အဆောက်အအုံတွေကို လှမ်းကြည့်ရတာ တမျိုးလေး ကြည့်လို့ ကောင်းပါတယ်။ နေရာတာလည်း အေးအေးချမ်းချမ်း ရှိတယ်။

Other Related Post : The City

စောင်းနေတဲ့ အဆစ်..
( ရေနွေးကြမ်းသောက်ရင်း ရိုက်သည်။)

June 21, 2010

Level 1000

ရန်သူ တစ်ထောင်ရှိလည်း ဂရုမစိုက်ဘူး.. လယ်ဗယ် တစ်ထောင် ရှိတယ်။

တိုက်မယ်၊ လုမယ် ၊ လူသတ်သင့်ရင်လည်း သတ်ရမယ်၊ ငွေကိုရတဲ့နည်းနဲ့ ရှာပြီး စီးပွါးရေးတွေ လုပ်မယ်.. ဒီလိုနဲ့  လုပ်.. အတွေ့ အကြုံတွေ အများကြီးရတဲ့အခါ အဆင့်တွေမြင့်မြင့်လာပြီး နောက်ဆုံး လယ်ဗယ် တစ်ထောင် ရသွားပါလိမ့်မယ်။ မိုက်တယ်နော်။ အပြင်မှာ မဟုတ်ပါဘူး၊ ဂိမ်းထဲမှာ။ ဖေ့ဘုတ် မာဖီယား။
မှတ်ထားတာ။ ဒီဂိမ်း အသေအချာဆော့ဖြစ်တာ၂၀၀၉ ရန်ကုန်ကပြန်မှ ဆိုတော့ ခုဆို ၁ နှစ်လောက်တော့ ရှိပြီ။ ဂိမ်းအသေးလေးတွေ အတော်များများ စိတ်ပါရင် စိတ်ပါသလို ဆော့ဖြစ်တယ်။ ဆော့ရင် ပုံမှန်လေးပဲ ဆော့တယ်။ ဂိမ်းကို စိတ်ပင်ပန်းတာ လျှော့အောင် ဆော့တာဖြစ်လို့  ဂိမ်းကြောင့် စိတ်ပင်ပန်းမှု့  ထပ်တိုးတာမျိုး လုံးဝ မရှိစေဘူး။ အားရင် စိတ်ပါရင် ၀င်ဆော့တယ်၊ မအားရင် မဆော့ဘူး။ အဲဒီဂိမ်းတွေက သိပ်မရှုပ်၊ ကလစ်လုပ်ရုံများတော့ အလုပ်ကပြန်ရောက်ရင် နားတဲ့အနေနဲ့  တစ်ခုခုလုပ်ရင်း (ရုပ်ရှင်ကြည့်၊ သီချင်းနားထောင၊ ဟိုရှာဒီရှာလုပ်ရင်း ) ဆော့တာများတယ်။
လူတွေအများကြီး မလိုဘူး၊ နောက်လိုက်နည်းနည်းနဲ့ .. ဘယ်နည်းနဲ့ ဆော့မယ်ဆိုတဲ့ ပုံစံတစ်ခုရဖို့  အချိန်နည်းနည်းပေး ရတယ်။ အဲဒီအချိန်တွေတုန်းက မနက်ပိုင်းတစ်ခါ၊ ညနေပိုင်း ထမင်းစားရင်း တစ်ခါစီဝင်ဆော့ဖြစ်ခဲ့တယ်။ ပုံစံကျသွားပြီးနောက် သိပ်မလိုဘူး၊ လယ်ဗယ်တတ် လွယ်သွားတယ်။ ခုနောက်ပိုင်းဆို တစ်ပတ် ၃-၄ ခါပဲ ဆော့ဖြစ်တယ်။

ဒါနဲ့ .. ဂိမ်းထဲမှာသာ အဲဒီလိုတွေ မိုက်တာပါ၊ အပြင်မှာ မတူပါဘူး။ မယုံဘူးဆို မေးကြည့်နိုင်တယ်။ သိတယ်ဆိုရင်ပေါ့လေ။

June 20, 2010

ရည်းစားဦးဇာတ်လမ်း


သူဘယ်မှာလဲ သတိရနေတယ်….
တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်..

ပြီးဆုံးခဲ့ အဖြစ်ပျက်တို့ အသစ်ဖြစ်ဖို့ မလွယ်ကူတာ မှန်ပေမယ့်
သူဘယ်မှာလဲ သတိရနေတယ် တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ဟောင်းတဲ့အချစ် အသစ်ဖြစ်ဖို့ မတောင့်တလည်း စဉ်းစားတိုင်း နှမျောတမ်းတ လွမ်းဆွတ်လို့ ....
အိုး… သတိရနေတယ်...

အချစ်ရဲ့အစ ဘ၀ကလူရည်မလည် အရွယ်ငယ်ငယ် ရိုးသားတဲ့ အသက်အရွယ်
ဟူး…. စကားပြောတတ်စ အသည်းနုနု အတွေးနုနု အချစ်ကလေးနုနယ်
ဟိုတုန်းကတော့ အသည်းက အဖြူရောင်ပါ ဝေဒနာရယ်.. ဆေးစက်တို့ စွန်းထင်
အိုး..…. စုတ်ချက်ကြမ်းကြမ်းရေးဆွဲခဲ့ ကိုယ့်ရဲ့ ဘ၀ ပန်းချီကား တစ်ချပ်ကွယ်

ခုတော့ဖြင့် တို့  နှစ်ယောက် တစ်နေရာစီ ကိုယ်စီကိုယ်စီ အချစ်သစ်တွေ့  ကြသည့်တိုင်
အိုး…. မမေ့နိုင်သေးတဲ့ အတိတ်ဘ၀က ..
ရည်းစားဦး ဇာတ်လမ်းလေးပါ..

သူဘယ်မှာလဲ သတိရနေတယ်…. တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ပြီးဆုံးခဲ့ အဖြစ်ပျက်တို့ အသစ်ဖြစ်ဖို့ မလွယ်ကူတာ မှန်ပေမယ့်
သူဘယ်မှာလဲ သတိရနေတယ် တစ်ခါတစ်လေတော့လည်း လွမ်းမိပါတယ်...
ဟောင်းတဲ့အချစ် အသစ်ဖြစ်ဖို့ မတောင့်တလည်း စဉ်းစားတိုင်း နှမျောတမ်းတ လွမ်းဆွတ်လို့ 
အိုး… သတိရနေတယ်

ရင့်ကျက်မှုရလို့  တည်ငြိမ်လာ ဒီအရွယ်မှာ... အချစ်နဲ့  ပက်သက်ရင်
ရဲရင့်မှု မရှိတော့ဘူး ဆုံးဖြတ်ချက်ချဖို့ အရေး.. ကိုယ်အမြဲပဲတွေဝေ
ရင်ခုန်နှုန်းများလည်း နှေးကွေးလာသလိုကွယ် ဆင်ခြင်မှု အချစ်.... ထိန်းသိမ်းလို့ ချစ်တာ
ဟိုးတုန်းကလောက် မကောင်းဘူး တက်ကြွတဲ့ လွတ်လပ်အချစ် ပြန်အောင့်မေ့တယ်…

ဇော်ဝင်းထွဋ် သီချင်းပါ။ သတိရစရာ ရှိရင် သတိရ၊ လွမ်းစရာ ရှိရင် .. အတူ လွမ်းကြဖို့ ။ လွမ်းစရာ မရှိဘူး ဆိုတောင်မှ လွမ်းချင်တယ်ဆို .. လွမ်းခွင့်ရှိတယ်ဆို... လွမ်းတတ်တယ်ဆို... လွမ်းဖို့ လည်း အချိန်ရတယ်ဆို.. အတူ လွမ်းလို့ ရပါတယ်။

June 16, 2010

အက်ဖ်အိုင်အက်ဖ်အေ အိပ်ပျက်ညတွေ..

သီချင်းနှစ်ပုဒ်က စတဲ့ ဇာတ်လမ်း...

ဒီရက်ပိုင်း ကောင်းကောင်း မအိပ်နိုင်တော့ပါ။ ",) မအိပ်ဖြစ်တာပါ။
ခုတလော အလုပ်နည်းနည်းများတာကြောင့် အလုပ်က ၈ နာရီလောက်မှ ပြန်ဖြစ်တာ များတယ်။
အိမ်ကို ရောက်တော့ ၈း၃၀။
ည ၁၂ လောက်မှာ အိပ်ရာ ၀င်တယ်။ ဒီထက်လဲစောပြီး အိပ်မရ၊ မအိပ်ဖြစ်၊ မအိပ်နိုင်။
မနက် ၂း၃၀ လောက် တခါထ။
ချက်ချင်းအိပ်မပြောတတ်တော့ ၄း၃၀-၅း၀၀ လောက်မှာ ပြန်အိပ်။
မနက် ၈ နာရီ အလုပ်သွားဖို့  ပြန်ထ။
၉ နာရီကျော် အလုပ်ရောက်တာနဲ့  ပြောလိုက်၊တွေးလိုက်၊ရေးလိုက်၊ဖတ်လိုက်။
ညနေ ၆ နာရီဆိုတာ ဘယ်လိုရောက်သွားမှန်း မသိလိုက်ဘူး။
..
နေ့ စဉ် အချိန်ပြည့် မအားရဘူး။ ဟုတ်တော့ ဟုတ်နေတာပဲ။ ဒီရက်ပိုင်းမှာ လုပ်ကိုင်နေတာတွေ တချက်မှား လို့ မရဘူး။ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့် တိုင်းဟာ သိပ်ပြီးတန်ဖိုး ရှိနေပါတယ်။ :D

ကျွန်မ အခန်းထဲမှာ TV အသေးလေး တလုံး ရှိတယ်။ စင်္ကာပူမှာ Free လွှင့်တဲ့ ဟာတွေ ကြည့်လို့ ရတယ်။ တခြားဟာတွေ ကြည့်ချင် ဧည့်ခန်းထဲ ထွက်ကြည့်။ နောက်ပြီး ခုနေတဲ့ အိမ်ရှင်တွေက အိမ်မှာ တခြားလိုင်းတွေ ယူထားပေမယ့် ဘောလုံးပွဲ ၀ါသနာ မပါတော့ WorldCup ကြည့်ဖို့ ယူမထားဘူး။ ယူထားလဲ ဧည့်ခန်းထဲထွက် ကြည့်ဖြစ်မှာမဟုတ်ပါဘူး။

အခု အွန်လိုင်းက ကြည့်ပါတယ်။ TVU Player နဲ့  CCTV 5 က တရုတ် အသံထွက်နဲ့ကြည့်နေရမယ်ဆို တချို့ အရမ်း ကြည့်ချင်တဲ့ ပွဲလောက်ပဲ ရွေးကြည့်ဖြစ်မယ် ထင်ပါတယ်။ အခုတော့ကား ပွဲစဉ်တိုင်းနီးပါး မလွတ်ရဘူး...

To Watch FIFA World Cup 2010 Online(LIVE)
Special Thanks to Our Big Brother Ko Okkar (Mr Programmer) for the Link

အခုအချိန်အထိ ကျွန်မ အတွက် အဲဒီဆိုဒ်က ကြည့်ရတာ အဆင်အပြေဆုံးပါ။ Online က ကြည့်တယ် ဆိုပေမယ့် ကြည်လင်တယ်။ နှေးမနေဘူး၊ မြန်တယ်။ အင်္ဂလိပ်လို ပြောတော့ နားလည်တယ်။ အတော်ကြီးကို အဆင်ပြေလွန်း နေပါတယ်။ ဘယ်လောက် ကြည့်လို့ ကောင်းနေလဲဆို မနက် ၂း၃၀ ပြန်ထဖို့  နှိုးစက် မလိုပါဘူး။ သူ့ အလိုလို နိုးပါတယ်။

ရှေ့ ရက်တွေက ၈ နာရီပြန်တာ အဆင်ပြေပေမယ့် မနက်ဖြန်( ကြာသပတေး) နဲ့  သောကြာတော့ ၇း၃၀ လောက် အိမ် အရောက်ပြန်ရမယ်။ ပြန်နိုင်မယ် ထင်တယ်။ ဒီရက်ပိုင်း ကြိုးစားပန်းစားအလုပ်တွေ လုပ်နေလိုက်တာ အခုဆို လုပ်စရာ အတော်များများ ပြီးသွားပြီ။ မပြီးလို့ လဲ မရဘူးလေ။ အလုပ်တွေများလည်း မကြောက်ပါဘူး။ နောက် အပတ်တနင်္လာကစပြီး အိမ်ကို ၁၀ နာရီပြန်ရောက်ရင် အဆင်ပြေပါတယ်။
* * * * * * * *
အခြေအနေလား။ အားလုံးကောင်း ပါတယ်။ တကယ်ဆို ကိုယ့်အကြောင်းကိုယ်သိလို့  ခပ်ဝေးဝေး နေနိုင်အောင် ကြိုးစား နေခဲ့တာပါ။ အခုလို အရာရာအားလုံးဟာ တိုက်တွန်းနေတော့လည်း.. ၁ လပါ။ သိပ်မကြာပါဘူး။ ၄ နှစ်နေမှ တခါ။ ဒီလောက်တော့ လုပ်ပေးရမှာပေါ့။ ကိုယ့်ကိုကိုယ် အားပေးပါတယ်။ အားပေးသူကလည်း အားပေးပါတယ်။ ဒီတော့ ဘာဆိုဘာမှ မလိုတော့ ပါဘူး။

June 13, 2010

Happy Birthday Brother..

Wishing you the best of everything a whole year in advance.
Happy 23rd Birthday My Little Brother!


အစစအရာရာ အဆင်ပြေ၊ ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။

June 11, 2010

ဒီအချိန်ဆို....


ကမ္ဘာဖလား ဘောလုံးပွဲတွေကို အုပ်စုပတ်လည်ကနေ နောက်ဆုံး ဖိုင်နယ်ပွဲ အထိ ဘာလာလာ ကြည့်လို့ ရသမျှ အကုန်ကြည့်ခဲ့တာ ပြန်မရနိုင်တော့တဲ့ ဟိုး... အချိန်တွေကပေါ့။ မကြည့်နိုင်တာ အတော်ကြာခဲ့ပြီ။ ဒါပေမယ့် ၂၀၁၀ ကမ္ဘာဖလားအတွက် သီချင်းနှစ်ပုဒ် နားထောင်အပြီးမှာ ဘောလုံးပွဲတွေ ပြန်ကြည့်ချင် စိတ်ပေါ်လာတယ်။ ဆုံးဖြတ်လိုက်ပြီး ဒီနေ့  (June 11, 2010) မှာ စကန်မယ့်ပွဲ နဲ့  ဗိုလ်လုပွဲတော့ ကြည့်ဖြစ်အောင် ကြည့်မယ်။
FIFA - World Cup 2010

Official Theme Song
Shakira's Waka Waka (This Time for Africa)


Its not Official Theme Song but I like it..
K'naan – Wavin' Flag


ဒီသီချင်းတွေ ကို အကျယ်ကြီး ဖွင့်နားထောင်ရတာ အတော်လေး သဘောကျ နေတယ်။ တော်ပါသေးတယ်၊ ဘယ်လောက် ကျယ်ကျယ် ဖွင့်ဖွင့်အခန်းအပြင်ကနေဆို တိုးတိုးလေးပဲကြားရတယ်။ မဟုတ်ရင် အိမ်ရှင် နှင်ချနိုင်တယ်။ တိုက်အောက်ကတော့ ကြားရမယ် ထင်တယ်။
ဟိုးအရင်ကတော့ ဘယ်အသင်းကို အားပေးတယ်၊ ဘယ်အသင်းနိုင်စေချင်တယ် ဆိုတာ ရှိခဲ့တာပေါ့။ အခုလား။ မမေးနဲ့ ။ အားကစား စိတ်ဓာတ်အပြည့်နဲ့  နိုင်တဲ့အသင်း အားပေးမယ် :))။ ဘောလုံးပွဲကြည့်တယ် ဆိုတာ တစ်ဖက် ဖက်ကိုအားပေးမှ ပိုကြည့်ကောင်းတယ်။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်း ရှုံးတယ်ဆို စိတ်ထဲတနုံနုံနဲ့  လုပ်ရကိုင်ရတာတွေ အဆင်မပြေ ဖြစ်လွန်းလို့  စိတ်လျှော့ထားတယ်။ နောက်ပြီး အသက်ကြီးလာတာနဲ့ အမျှ လောကကြီးမှာ ဖြစ်ချင်တာတွေ ဖြစ်ကြတာပဲ.. နိုင်ချင်တဲ့ အသင်းနိုင်တာပဲ.. အနတ္တပါလားဆိုတာ လက်ခံလာတဲ့သဘောပါ :">


Wavin' Flag သီချင်းကို ကြိုက်တယ်။ သီချင်းစာသားတွေကို သဘောကျတယ်။ ကောင်းပါတယ်၊ ဘာလို့  မရွေးတာလဲဆိုတော့ နိုင်ငံရေးနွယ်နေလို့  သိရတယ်။ Google ကြီးရှိပါတယ် ဒါပေမယ့် သေချာလိုက်ဖတ်ဖို့  အချိန်မရဘူး။
When I get older I will be stronger
They'll call me freedom
Just like a wavin' flag
....
Waka Waka သီချင်း က ဆိုရပိုလွယ်လို့  ရွေးတာ မှန်တယ်ဆိုပြီး ကြိုက်တဲ့သူတွေကလည်း ကြိုက်ကြတယ်။ ခပ်ပိန်ပိန်ရုပ်ဆိုးဆိုး ယောက်ျားကြီး တစ်ယောက် သီချင်းဆိုတာကို ကြည့်ရတာထက်စာရင် ကောင်မလေး လှလှလေးဆိုတာ၊ ကတာ ပိုကြိုက်မှာ သဘာဝကျပါတယ်။ ဗီဒီယိုမှာဆို အာဖရိက လူရိုင်းတွေ နဲ့  ဗားရှင်းကိုပိုကြိုက်တယ်။

Waka Waka မှာ ကင်မရွန်း နိုင်ငံ၏ စစ်ချီတေး သီချင်းကို လို့ ပြောထားတဲ့ သံပြိုင်ဆိုတဲ့စာသား သဘောကျတယ်။ အော်ဆိုလို့ ကောင်းမယ်။ အဓိပ္ပါယ်ဘာလဲ လိုက်ရှာကြည့်တော့ ဒီလိုတွေ့ တာပဲ။
  • Zaminamina means come.
  • Waka waka means Do it - as in perform a task. Waka is pidgin language meaning walk while working.
  • Zaminamina zangalewa means who asked you to come?.
  • Wana means it is mine.
  • * Zambo means wait.



Give me freedom, give me fire, give me reason, take me higher
See the champions, take the field now, you define us, make us feel proud
In the streets are, exaliftin , as we lose our inhabition,
Celebration its around us, every nation, all around us

Singin forever young, singin songs underneath that sun
Lets rejoice in the beautiful game.
And together at the end of the day.

WE ALL SAY

When I get older I will be stronger
They'll call me freedom Just like a wavin' flag
And then it goes back
And then it goes back
And then it goes back
.......




You're a good soldier
Choosing your battles
Pick yourself up
And dust yourself off
And back in the saddle

You're on the frontline
Everyone's watching
You know it's serious
We're getting closer
This isnt over

The pressure is on .. You feel it
But you've got it all .. Believe it

When you fall get up.. Oh oh...
And if you fall get up.. Oh oh...

Tsamina mina zangalewa
Anawa aa
This time for Africa
....

June 10, 2010

June 10, 2010

အလုပ်များတယ်။ ဒီရက်ပိုင်း အတွင်း Enhancement နှစ်ခု UAT အရောက် ပေးရမယ်။ နှစ်ခုလုံးကို အပြိုင်ရေးနေရတာ လူလည်း ရူးချင်ချင် ဖြစ်သွားတယ်။ ဒီနေ့ တော့ နှစ်ခုလုံး ကို Flow အပြည့်ရေးပြီး၊ စမ်းလို့ ရသလောက် စမ်းပြီးပြီ ဆိုတော့ ၇၀% လောက်ပြီးသွားပြီလို့  ပြောနိုင်မယ်။ ကျန်တဲ့ ၃၀% က တစ်ခြား System က ပို့ လိုက်တဲ့ Data တွေရမှ မှန်မမှန် စမ်းလို့ ရမယ်။ အခုဟာက တချို့ နေရာတွေ Hardcode လုပ်စမ်းထားရတယ်။ ဒါတွေ ပြန်ဖြုတ်ရတာကလည်း တစ်လုပ် ရှုပ်အုံးမယ်။

ဒီတစ်ခါရေးတဲ့ နှစ်ခုလုံးက Development Enviroement မှာ မှန်မမှန် စမ်းလို့ မရဘူး။ SIT မှာတောင် Full Function စမ်းလို့ မရနိုင်တဲ့အတွက် UAT ရောက်ပြီးမှသာ အကုန်အလုပ်လုပ်တာ မှန်မမှန် ပြောလို့ ရမယ်။ ကိုယ်စီက Data ယူမယ် System က Ready ဖြစ်နေပေမယ့် ကိုယ်စီကို Data ပို့ မယ် System ဘက်က ခုထိ အဆင်သင့် မဖြစ်သေးဘူး။ ကံကောင်းလို့ ။ Plan အရဆို သူတို့ System က အင်္ဂါနေ့  Deploy လုပ်ပြီး ကိုယ်တွေဘက်က ဒီနေ့  နောက်ဆုံးထား လုပ်ပေးရမှာ။ သူတို့  SIT တောင် ဒီမနက်မှ Deploy လုပ်တယ်။ ပြီးလည်းပြီးရော ကိုယ်တွေဘက်မှာ Data လုံးဝ မရတော့ဘူး ဖြစ်သွားတယ်။ :">

ဒီ နှစ်ခု လုပ်ရမယ်ဆိုပေးထားတာ ၁ လ လောက် ရှိပြီ။ ရှေ့  ၂ ပတ်လောက်က လုံးဝ မရေးဖြစ်ဘူး။ သူ့  Flow ကို နားလည်အောင်လုပ်ရင်း ရှိနေတဲ့ Code တွေ လိုက်ဖတ်နေရတာ နဲ့  အချိန်ကုန်တယ်။ ထုံးစံ ပါပဲ။ ကုတ်တွေကလည်း ကြည့်ရင်းကြည့်ရင်း Data တွေ ဟိုကနေ ဒီပို့  ဒီကနေ ဟိုပို့ နဲ့ ... ဒန်...တန်..တန် ဆို ဘယ်ရောက်သွား မှန်းမသိဘူး။ Business Logic တွေက အတော်ရှုပ်တယ်။ BA တွေနဲ့ ငြင်းနေရတာပဲ။ ဒါလည်း ထုံးစံပါပဲ။ ဒီတခါပို ဆိုးတာက User Requirements တွေ က မရှင်းဘူး။ အဲဒီ Department တစ်ခုလုံး လူအသစ်တွေဖြစ်သွားတော့ သူတို့ တချို့  Function တွေ သေချာ နားမလည်ဘူး ထင်တယ်။ တချို့ နေရာတွေမှာ Check Point လေးတွေ ရှိတယ်။ အဲလိုအနေအထားကိုရော ဘယ်လို ပြောင်းမှာလဲ ပြန်မေးမှ Requirement မှာ ပြန်ပြင် ထည့်ပေးတယ်။ တမျိုးတော့ ကောင်းပါတယ်။ သူတို့ ပေးတာ ရေး၊ ဒါပဲဆိုတာမျိုးဆို ပျင်းလို့  သေနိုင်တယ်။ (လွန်လွန်ကျွံကျွံ ပြောကြည့်လိုက်တာ..)

မန်နေဂျာ ဒီအပတ် ခွင့်သွားနေတယ်။ မဟုတ်ရင် ဒီရက်ပိုင်း ဘယ်လောက် % ပြီးပြီလဲ လာလာမေးနေတာကို ပြန်ဖြေနေရတာ စိတ်ပင်ပန်းတယ်။ ကျွန်မအကျင့်ကလည်း ရှိနေတဲ့ Code တွေအကုန်ကြည့်၊ ပြောင်းရမယ့် Flow တစ်ခုလုံးသေချာနားလည်ပြီး ဘယ် File မှာ ဘယ်လို ဟာတွေ ရေးမယ်ဆိုတာမျိုး ဆုံးဖြတ်ပြီးမှ Coding စပြီး ထိတတ်တာမျိုး။ ဒီတော့ ရေးပြီဆို မကြာဘူး၊ မရေးခင် ထိုင်ကြည့်နေတာက အတော်ကြာတယ်။ Enhancement ဆိုတော့ ပိုဂရုစိုက်ရတယ်။ ကိုယ်ထပ်ထည့် ရေးလိုက်တဲ့ Code တွေနဲ့  အရင်ရှိနေတဲ့ပုံစံ နဲ့  အရမ်းကွာနေရင် နောက်ပိုင်း တခြား လူအတွက် ပြင်ဖို့ ပြောင်းဖို လုပ်တဲ့အခါ ပိုခက်သွားနိုင်တယ်ဆိုတာလည်း ထည့်စဉ်းစားရသေးတယ်။ စဉ်းစားနေတုန်း ဘယ်လောက် ပြီးပြီလည်းဆို ပြောရခက်တယ်။

နားလည်အောင်လုပ်နေတဲ့ အချိန်ဆို ၆နာရီကျော်တာနဲ့  အိမ်ပြန်တယ်၊ Code စရေးပြီ ဆိုရင်တော့ ပြန်နောက်ကျတယ်။ ရေးလက်စ အပိုင်း တစ်ပိုင်းပြီးမှ ပြန်လေ့ရှိတော့ ၈ နာရီ ၉ နာရီ လောက်ဖြစ်သွားတာ များတယ်။ ဒီတော့ ခုရက်ပိုင်း အိမ်ပြန် နောက်ကျတယ်ပေါ့လေ။

ဒီနေ့  ကြာသပတေး၊ မနက်ဖြန်ဆို သောကြာ။ ပြီးရင် ၂ ရက် နားရပြီ။ လုပ်ချင်တာ လုပ်လို့ ရပြီ၊ သွားချင်တာတွေလည်း သွားလို့ ရပြီ၊ စားချင်တာတွေ စားလို့ ရပြီ၊ ပြီးတော့ ရုပ်ရှင်လည်း ကြည့်လို့ ရပြီ။

June 09, 2010

Chat in Gmail

အသစ်ဖြစ်နေပါလား။ Video, Voice နဲ့  Group Chat တွေ Icon လေးတွေနဲ့  အပေါ်ရောက်သွားတယ်။
Gmail ထဲက Gtalk။

ခုနောက်ပိုင်း အလုပ်မှာ Gmail ၀င်လို့ ရသလို၊ Gmail ထဲက Gtalk လည်း သုံးလို့ ရနေတယ်။ ဒီတော့ တခါတလေ လိုရင် Proxy ကျော်ပြီး Gtalk ၀င်နေတာမျိုး မလုပ်တော့ပဲ Gmail ကိုပဲ အလွယ်တကူ သွားလိုက်ပြီး message ပို့ ဖြစ်တယ်။ ဒါကြောင့် အခုလို ပြောင်းလဲသွားတာကို ချက်ချင်းလိုလို သတိထားမိသွားပါတယ်။

ခုလိုသုံးလို့ ရနေတာ Internet Proxy Server တွေ ရွေ့ ပြီးထဲက ရနေတာဆိုတော့ Rules တွေ ပြောင်းလိုက်တာလား၊ ပြန်မထည့်ရသေးတာလား မသိဘူး။ Rules တွေ ပြောင်းလိုက်တာ ဖြစ်ဖို့များတယ်။ Gmail နဲ့ Chat in Gmail ကို သုံးလို့ ရပေမယ့် Email ပို့ တဲအခါ Attached File ထည့်ပို့ လို့ မရဘူး။ အရင်က ပိတ်ထားတဲ့ ဆိုဒ်တချို့ လည်း ပြန်သုံးလို့ ရနေတယ်။
ဒါပါပဲ။ Chat in Gmail ပုံစံလေး ပြောင်းတယ်၊ အလုပ်မှာ ပိတ်တာတွေ ဖွင့်တယ်။ သိပ်တော့ မထူးဆန်းလှပါဘူး။ အဓိကကတော့ တွေ့ တာလေးရေးရင်း စဉ်းစားအဖြေရှာရတာတွေများလွန်းလို့  ထုံလာတဲ့ ဦးနှောက်ကို အာရုံလွှဲပြီး ခေတ္တ အနားပေးလိုက်တာပါ။

June 05, 2010

The Spanish Historical Ship (Nao Victoria) @ Vivo

The Spanish Historical Ship: The Nao Victoria (16th century)
@
Vivo City (Singapore)
ဒီမနက် Vivo City ကိစ်စရှိလို့  သွားရင်း ရုပ်ရှင်တွေ၊ ကာတွန်းတွေ ထဲကလို စပိန် ရှေးဟောင်း သင်္ဘောတစ်စီး ကမ်းစပ်မှာ ရပ်ထားတာ တွေ့ ခဲ့ရတယ်။ သင်္ဘောပေါ် တတ်ကြည့်လို့ ရပေမယ့် အချိန်သိပ်မရလို့  ၀င်မကြည့်ဖြစ်ခဲ့ဘူး။ အပြင်က ဓာတ်ပုံနည်းနည်းပဲ ရိုက်ဖြစ်ခဲ့တယ်။ အဲဒီနားမှာ ဓာတ်ပုံရိုက်နေတဲ့သူတွေ အများကြီးပဲ။ အချိန်ရတယ်၊ စိတ်ဝင်စားတယ်ဆို သွားကြည့် သင့်တယ်။
သင်္ဘောပေါ် တတ်ကြည့်ခွင့်ပြုတဲ့ အချိန်...
From The Nao Victoria
လက်လှမ်း မှီရာလေးတွေ ရိုက်ထားတယ်။ နေမရှိ၊ မိုးအုံ့ နေတော့ ဓာတ်ပုံရိုက်လို့ မကောင်းဘူး။ အကောင်းဘက်က လှည့်တွေးမယ်ဆို အဲဒီအချိန်က မိုးရွာ မနေလို့  သာ ဒီဓာတ်ပုံတွေ ရိုက်ဖြစ်သွားခဲ့တယ်။

From The Nao Victoria


ဒီအလံကြောင့် စပိန်သင်္ဘောမှန်းသိခဲ့တယ်..
From The Nao Victoria

ခေါင်းတွေ့ ခေါင်းရိုက် ... အမြှီးတွေ့  အမြှီးရိုက်
From The Nao Victoria


အပေါ်ထပ်က လှမ်းကြည့်တဲ့အချိန်မှည အဲဒီနားမှာ လူသိပ် မရှိသေးဘူး။ အောက်ဘက်ရောက်တဲ့ အချိန်ကြတော့ လူတန်းက နည်းနည်း ရှည်နေပြီ။ ထူးထူးဆန်းဆန်း အဲဒီလူတန်းထဲက လူအများစုက ဒီနိုင်ငံမှာတွေ့ နေကြ တရုတ်ကုလားတွေ မဟုတ်ကြဘူး။
From The Nao Victoria


အဲဒီ စပိန်သင်္ဘောက ဟိုးရှေးဟောင်း သင်္ဘောပုံစံ တင်မကဘူး မူရင်းအရွယ် အစားအတိုင်း ဆောက်ထားတာဖြစ်ပြီး ခရီးသည် ၂၅ ယောက် စီးနှင်းလိုက်ပါနိုင် သိရတယ်။ နှစ်စီးဆောက်ထားတာတဲ့။ အခုတွေ့ တဲ့ Vivo မှာတွေ့ တဲ့ အစီးက ၁၆ ရာစု ပုံစံ၊ နောက်တစ်စီးက ၁၇ ရာစုပုံစံ (Name: The Galeón Andalucía)။ သင်္ဘောအကြောင်း အသေးစိတ်အချက်အလက်တွေ သိချင်တယ်ဆို ဒီဆိုဒ် မှာ ဖတ်ကြည့်လို့  ရပါတယ်။ Google လုပ်ကြည့်ထားတာ။ အင်တာနက်ပေါ်မှာ အဲဒီသင်္ဘောတွေရဲ့ ဓာတ်ပုံတွေလည်း အများကြီးတွေ့ တယ်။

Nao Victoria (16th Century)

June 02, 2010

Am I?

You are the PROBLEM SOLVER.

You are observant and like to figure out how things work. When a problem or challenge arises, you’re the go-to person.





ပြဿနာများကို ကိုယ်ရှင်းပေးပါ့မယ်။ အဲလို ပြောတာပဲ။ မှန်ချင်လည်းမှန် မမှန်ရင်လည်း မှားပေမပေါ့။ ဘာပဲဖြစ်ဖြစ် You are Problem Maker ဆိုပြီး ထွက်မလာတာ တော်ပါသေးရဲ့။

* * * * *
လူတွေ အကြောင်းပိုသိ ။ စိတ်ပင်ပန်းတယ်။ တကယ့်ကိုပဲ နောက်ဆို ဒီလူတွေတော့ ။ ခုတလော အလုပ်လည်း များတယ်။ ဒါတွေ ကလည်းရှိသေး .. ဒါပေမယ့် ။ အိပ်ချိန်နည်းတော့ အစ်မကြီးကိုတော့ သတိရပါတယ် ။ အချိန်သိပ်မရဘူး ။ icons တွေ အများကြီး ကျန်နေသေးတယ်။ နောက်များမှ... ခုတော့