Wishing you the best of everything a whole year in advance.
Happy 23rd Birthday My Little Brother! အိမ်မှာ အငယ်ဆုံး။ အခုဆို ၂၃ နှစ်တောင် ရှိသွားပါရောလား။ ဖုန်းခေါ်လို့ မရတော့ မွေးနေ့ ဆုတောင်း အီးမေးပဲပို့ ဖြစ်တယ်။ အဖေကတော့ မောင်လေးစီ ဖုန်းခေါ်နိုင်တယ်။ မောင်လေးက အိမ်မှာရှိနေတဲ့ အမေစီ ဖုန်းခေါ်မယ် ထင်တယ်။ အိမ်ကို ဖုန်းမဆက်ကြည့် ရသေးဘူး။ အမေက သားသမီးတွေ မွေးနေ့ မှာ ထုံးစံအတိုင်း ကုသိုလ်ကောင်းမှု့ တွေပြုပြီး မေတ္တာပို့  အမျှဝေ ပေးနေမှာ သေချာတယ်။ အဖေကလည်း အဲလိုပဲ လုပ်ပေးနေမှာပါပဲ။ သူတို့ ရဲ့ သားငယ်လေးကို အထူးသတိရ လွမ်းနေမှာ သေချာတယ်။
ညက ဘောလုံးပွဲတွေကြည့်ရင်း မောင်လေးကို သတိရနေပါတယ်။ ပြီးခဲ့တဲ့ အပတ် မောင်လေး လာတုန်းက မွေးနေ့  အတွက်လက်ဆောင် ဘာလိုချင်လဲ၊ တစ်ပတ်လိုသေးပေမယ့် ကြိုပြီး ၀ယ်ပေးလိုက်မယ် မေးလိုက်ပါတယ်။ ဘာမှမလိုဘူးတဲ့။ ဒီတော့ ဘာမှ မ၀ယ်ပေးလိုက်ဘူး။ ကိုယ်စားချင်တာတချို့ ကို မောင်လေးနဲ့  လျှောက်စား လိုက်တယ်။
အစစအရာရာ အဆင်ပြေ၊ ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။
3 comments:
Happy Birthday TLN :)
ကျန်းမာချမ်းသာပါစေသော်ဝ်
Thanks for the wishes.. Bro AK and Ma KMO :)
Post a Comment