Pages

August 30, 2010

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးစဉ်

ကြိုးကြာသံ - ခင်မောင်တိုး

Download
မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း
မြောက်ဖက်ကို ဦးတည်လှည့်ကာ
သားဖောက်ရာ အရပ်ဆီ
မိုင်ထောင်ချီ ပြန်(ပျံ)လေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန် ရွေးချယ်ခြင်း.
အများနည်းတူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း
ကြိုးကြာငှက်တချို့ လေ ချီလာစဉ် ကျန်ရစ်ပြီ

ဆုံးဖြတ်ချက် တခုကျမယ့် ..
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.... ဟန်နိုင်မှ


ရိုးမပေါ် ဖြတ်ကျော်လွှားချိန်
စီးလမ်းလေကြောင်းလွှာထဲ
ချဉ်းနင်း ၀င်ရောက်လာ ပြီးရင်
အားစိုက် မျှောလိုက်နဲ့
မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

August 29, 2010

နေ့ လည်စာ ထမင်းဝိုင်း

Sunday Lunch (2010-08-29)
ငါးဖယ်ဆီပြန်၊ ချဉ်ပေါင်နဲ့  ပုဇွန်ကြော်၊ ဆိတ်သားဟင်း၊ ပဲကြီးဟင်း၊ ငါးပိကြော်၊ သခွားသီးတို့ စရာ၊ ငုံးဥကြော်၊ ကြက်သွန်ကြော် နဲ့  အချဉ်။
From Everything

သောကြာနေ့ ညနေ ပင်နီဆူလားမှာ သွားဝယ်လာတဲ့ ငါးဖယ်ကို ကြော်ပြီး ခရမ်းချဉ်သီးနဲ့  ဆီပြန်ချက်ထားတာ
From Everything

ဒါက ချဉ်ပေါင်ကို ပုဇွန်နဲ့ ကြော်..

From Everything

ငုံးဥကိုပြုတ်ပြီး မုန့် နှစ်နဲ့ ကြော် ... ကြက်သွန်ကြော်..

From Everything

အကြော်စုံနဲ့  အတူ စားဖို့ အချဉ်
မန်ကျီးသီးနှစ်၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ ငရုတ်သီးစိမ်း

From Everything

ရန်ကုန်က ပို့ လိုက်တဲ့ ပုစွန်ခြောက်ငါးပိကြာ်.. စနေ နေ့ ကမှ သွားယူထားတာ
From Everything

တို့ စရာ အနေနဲ့  သခွားသီး
From Everything


From Everything


From Everything

August 24, 2010

ရိုးမရဲ့ညနေ....

ရိုးမရဲ့ ညနေခင်းလေးကိုတောင် ...
အလှကြည့်ဖို့  မအားပါ ခင်ဗျာ...
...

Download
.....
..
တောင်ပေါ်မှာနေ.. တောင်ပေါ်မှာဝေ.. တောင်ပေါ်မှာကြွေ..
သစ်ရွက်တွေလို ..တို့ ဘ၀ဟာလည်း
ရိုးမရဲ့ ညနေခင်းလေးကိုတောင်... အလှကြည့်ဖို့ မအားပါခင်ဗျာ..
...
.......
....
ရွှေပင်တွေအလယ်.. ရတနာတွေအလယ်
လူတွေလူတွေ အသက်စွန့် ကာလေ ကြိုးပမ်းနေဆဲ..
ရိုးမရဲ့ ညနေခင်းလေးကိုတောင်... အလှကြည့်ဖို့ မအားပါခင်ဗျာ..
...
.......
....
ရိုးမရဲ့ ညနေခင်းလေးကိုတောင်...
အလှကြည့်ဖို့ မအားပါခင်ဗျာ..


August 19, 2010

On your wedding day..

Congratulations to a wonderful couple!!!
"Two hearts that beat as one" on "August 19, 2010"

May the promise you two make today
Change your world in a wonderful way.

Wishing You All the Joy of a Long and Happy Marriage Life!!!!

Best Wishes,

August 15, 2010

ဆေးရောင်စုံမြင်ကွင်းကျယ်

ဆေးရောင်စုံမြင်ကွင်းကျယ်..
Download

နေရောင်ခြည်ဟာပေတရာလမ်းပေါ်ခုန်ကာပေါက်ကာရောက်လာ

မြန်မာစံတော်ချိန်နံနက်ခင်းဟာ ရေဒီယိုထဲကထွက်လာ..
အတောင်ပံမပါတဲ့ ဘိုင်စကယ်သတင်းစာ အိမ်ပေါ်အရောက်ပျံသန်းလာ
ငိုမလိုရီမလိုအိမ်သူမျက်နှာရှာဖွေလမ်းထွက်ဖို့နှိုးဆော်လာ..

လာမယ်ကြာမယ်.. ယာဉ်ရထားတွေ မနိုင်ဝန်ထမ်းကာထွက်ခွါ..
နေပြည်တော်ကို လွယ်အိတ်တစ်လုံးနဲ့  ခြေလျှင်တိုင်းခန်းလှည့်လာ
ရန်ကုန်ရင်ပြင်ပေတရာဈေးမှာ သမင်လိုက်ပွဲနဲ့ တိုးကာ..
ကော်ဖီဆိုင်မှာ လူတချို့ ဟာ လေသေနတ်နဲ့  စစ်တိုက်နေတာ..

နိုင်ငံတကာက မော်တော်ကားတွေ ခြေစုံရပ်ကြည့်မောကာ
ကိုယ်ပိုင်ဆိုရင် တာယာဖိနပ်ဟာ ဖင်နောက်မြှီးတစ်ပိုင်း ပြတ်ကာ
အဆီပြန်နေလောင် ဆံပင်တွေမွဲကာ ၀င်ငွေအလုပ်မှန်လိုက်ရှာ
အကြိမ်ကြိမ်အဖန်ဖန် လီဘာလဲကာ ကြံရာမရတဲ့ နောက်ဘိတ်ဆုံးမှာ..

ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
အိတ်ကပ်ထဲက အကြွေတွေ အပြင်ကိုမျက်စပစ်လို့ နေ..

လောလောလတ်လတ် ထောင်ကိုမြင်ရင် ရာကိုစွန့် ကာ...
ထီတစ်စောင် တစ်ကျပ်နဲ့  ထိုးကာ..
မည်သူမဆို နေပူထဲမှာ မျှော်လင့်ခြင်းရဲ့ မျက်နှာ..

ကြော်သံလှော်သံညှော်သံကြားမှာ အစာအိမ်ဟွန်းသံပေးလာ
အကြံတူကံမကူ ဥာဏ်အုတ်ခေါင်းက
ဆံပင်ဖြူတစ်ချောင်းနှစ်ချောင်း ထိုးထွက်ခါလာ

...
ကားလမ်းဘေးက ဗေဒင်ဆရာရေ အားကိုးစမ်းပါရစေ..
ကြီးပွါးကိန်းတော့မြင်နေပြီလေ ဟောကိန်းထုတ်လို့ နေ
...

Updated the Links. Thank, Ma KOM and SDL..

August 08, 2010

Happy Birthday My Love

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ ချစ်သူ။

ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်
အောင်မြင်ပျော်ရွှင်ချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်...
နေနေ

August 07, 2010

It's my Lunch..

အရွက်ကြော်နဲ့ စတယ်..
From Everything

ကိုယ်ကြိုက်တာ ကိုယ်စားတာပဲ..
ပုဇွန်လုံးလေးတွေ ခေါ်မလား သေးသေးလေးတွေ ကြော်ထားတာ စားကောင်းတယ်

From Everything

အကြော်ဆို တစ်ပန်းကန် နဲ့  အာသာမပြေ..
From Everything
လည်ချောင်းခြောက်လို့  အရည်သောက်..
ငရုတ်ကောင်းလေးပါတော့ သောက်လို့ ကောင်းတယ်

From Everything

ထမင်းလေးတော့ နည်းနည်း စားအုံးမှ
From Everything


ခံတွင်းရှင်းတဲ့ အနေနဲ့ .. မာလကာသီး၊ နှင်းသီးနဲ့  ရှောက်ချိုသီး
From Everything
ကြက်သားကင် နည်းနည်းထပ်စား..

From Everything

တကယ်ဆို စူရှီး လုံးဝ စားလေ့မရှိ... အခု နည်းနည်း ယူစားလိုက်တယ်..
From Everything

အရွက်ဆိုတာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပဲ
From Everything

ပြီးတော့ အသီးနည်းနည်း ယူစားလိုက်တယ်..
From Everything

တကယ်ထပ်စားချင်တာ ပုဇွန်လုံးလေးတွေကြော်..
ဒါပေမယ့် ဆီကြော်အရမ်းစားတာမကောင်းဘူးဆိုပြီး ဒါလေးပဲ ထပ်စားလိုက်ပါတယ်..
ဒါနဲ့  အတူ Soup တစ်ခွက် အအေးတစ်ခွက်ထပ်သောက်...

From Everything

Paul... ငါ.. နင့်ကို မမေ့ပါဘူး...
From Everything

အိပ်ပျက်တာများလို့ ထင်တယ်။ ခေါင်း နည်းနည်း ကိုက်နေတယ်။ ဒီနေ့ လည်စာတော့ ဒီလောက်ပဲ စားနိုင်တယ်။ မစုံဖူးပေါ့။ ဒါပေမယ့် မကြာခင် ပြန်ဆုံ ကြအုံးမှာပဲဟာ။ အဲဒီအခါမှာ အကုန် စုံအောင် ပြနိုင်အောင် ကြိုးစားပါ့မယ်။

Bon Jovi - It's My Life

It's my life
And it's now or never
I ain't gonna live forever
I just wanna live while I'm alive

It's my life
My heart is like an open highway
Like Frankie said, "I did it my way"
I just wanna live while I'm alive
'Cause it's my life!

August 06, 2010

YES.. I am Busy

ခုရက်ပိုင်း အလုပ်လုပ်တဲ့ အချိန်...

တနင်္ဂနွေ.. နေ့ လည် ၁၂း၀၀ - ည ၂၃း ၄၅ နာရီ
တနင်္လာ.. နေ့ လည် ၁၂း၀၀ - အင်္ဂါ မနက် ၀၀း၃၀
အင်္ဂါ .. မနက် ၇း၄၅ - ည ၂၃း၄၅
ဗုဒ္စုဟူး.. မနက် ၇း၄၅ - ည ၂၂း၃၀
ကြာသာပတေး .. မနက် ၈း၃၀ - ညနေ ၆း၃၀

ဒီအချိန်တွေအကုန် ကိုယ့်အလုပ်စာပွဲ ကွန်ပြူတာရှေ့ မှာ ထိုင် အေးအေးဆေးဆေး အလုပ်လုပ်နေရတာ မဟုတ်ပါဘူး။ လူ ၁၂ ယောက်ထိုင်နေတဲ့ စားပွဲ ၁၂ လုံး နဲ့  ရှေ့ မှာ ထိုင်ခုံ အများပြား ချထားတဲ့ အခန်း တစ်ခုမှာ ဘယ်သူတွေများ ဘာအကူအညီလိုမလဲ မျက်ခြေမပြတ်လိုက်ကြည့်၊ အကူအညီလိုတယ် အချက်ပြလိုက်တဲ့ စားပွဲတွေအကြား ပြေးလွှားသွားလာ၊ ပြောဆိုညွန်ကြားကူညီရင်း အချိန်တွေ ကုန်သွားခဲ့ရတာ။ ပြဿနာပေါင်းများစွာ၊ ထိုင်ချိန် မရှိဘူး။ တောက်လျှောက် လမ်းလျှောက်နေရတာ။ လူပင်ပန်း၊ ဦးနှောက်ချောက်ရသလို၊ စကားပြော ရှင်းပြရတာတွေလည်း ရှိသေးတယ်။ တခါတလေ အရစ်လည်း ခံရတယ်။

တနင်္လာနေ့ ကဆို နေ့ လည် အလုပ်ရောက်ကတည်းက ပြန်တဲ့အထိ တစ်ချက်မှ အနား မရခဲ့ဘူး။ အဲဒီ ကိုယ်တာဝန်ယူထားတဲ့ အခန်းထဲက ထွက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ Tea Break ဆိုတာ မေ့လိုက်၊ ညစာ ထမင်းကိုတောင် အဲဒီ အခန်းထဲမှာပဲ စားလိုက်ပါဆို့ လာပို့ တယ်။ ဒီလောက် လူတွေအများကြီးရှေ့ မှာ မျက်နှာချင်းဆိုင်ထိုင်ပြီး မစားတတ်တာနဲ့  ညစာ မစားဖြစ်တော့ဘူး။ လူတွေအားလုံးရှင်းတဲ့အချိန်က ၁၂ ကျော်မှာဆိုတော့ လူလည်းမောနေပြီး၊ စားလို့ လည်းမ၀င်တော့ဘူး။ အိမ်ပြန်ရောက်တော့ သန်းခေါင်းကျော် ၊ ၁၂ နာရီနီးပါး မတ်တပ်ရပ် (ပြေးလွှား)နေရတဲ့ ခြေထောက်က ကောင်းကောင်းတောင် လမ်းလျှောက် မရတော့ဘူး။ အဲဒီနေ့ က စီးထားတဲ့ ဖိနပ်ကလည်း ဒေါက်နဲ့။ အဲဒီနေ့ က အိမ်ရောက်တာနဲ့  ရေချိုး ခြေထောက်ဆေးလိမ်းပြီး လှဲလိုက်တာ ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ နောက်နေ့ တွေမှာ တော့ ဖိနပ်အပါးပဲ စီးမှဖြစ်မယ် ပြောပြီး အပါးပဲစီး ဖြစ်တော့တယ်။

တနင်္လာအတွေ့ အကြုံအရ တစ်ခန်း တစ်ယောက် မနက်၊ည ခွဲ တာဝန်မယ်ဆို နိုင်လည်းမနိုင် နားချိန်လည်း မရှိဆိုတော့၊ တစ်ခန်း ၂ ယောက် တာဝန်ယူရဖို့  အင်္ဂါ၊ ဗုဒ္ဓ္ဓဟူးတွေမှ မနက် ၇း၄၅ - ည ၁၁း၀၀ အလုပ်လုပ်ရတယ်။ ၁၁ ဆိုပေမယ့် ပြန်ရတဲ့အချိန်က အားလုံးပြီးမှဆိုတော့ သန်းခေါင်ကျော်မှ အိမ်ရောက်တာပါပဲ။ တစ်ယောက် တစ်လှည့် ထမင်းသွား စားလို့ ရတယ်။ အချိန်စာရင်းထဲကဆို တခါနား မိနစ် ၃၀ နဲ့  ၃ ခါ နား ဆိုတာတော့ မရဘူး။

အလုပ်က စီစဉ်ပေးတာတွေ စားမရဘူး။ တနင်္လာနေ့ မှာ သူတို့ စီစဉ်တာတွေ မစားတတ်လို့  ဘာမှ မစားဘူးဆိုတာ သိသွားတဲ့ အစားအသောက် စီစဉ်တဲ့သူက အင်္ဂါနေ့  မှာ နေ့ လည်စာကို သီးသန့် သွားဝယ်ပေးပါတယ်။

ကိုယ့်ထမင်းစားတဲ့အချိန်က သူများတွေ Tea Break သွားတဲ့ အချိန်ဖြစ်နေတာလဲ ပါတယ်။ သီးသန့် ကြီး ၀ယ်ပေးရတာ အားနာတာနဲ့  နောက်ပိုင်း စားသောက်ချိန်တွေမှာတော့ သူများတွေ အတွက် စီစဉ်တာပဲ စားမယ်ပဲ ပြောလိုက်တော့တယ်။ စားဖြစ်လားဆို ဒီလိုပါပဲ။ Lunch/Dinner ဟာတွေ လုံးဝ မစားနိုင်ဘူးဆိုတော့ Tea Break က မုန့် လောက်ပဲ စားဖြစ်တယ်။ မနက်ပိုင်းမှာ အောက်ထပ်ဆင်းပြီး Breakfast ကိုယ့်ဘာသာ ၀ယ်စားလိုက်တယ်။ ခုရက်ပိုင်း ပိန်သွားတယ်နော် ပြောကြရင်တော့ ၀ မှာစိုးလို့  ၀ိတ်ချနေတာလို့  ပြန်ဖြေလိုက်မယ် :))

ဒီရက်ပိုင်း မျက်နှာချင်းဆိုင် တွေ့ ရတဲ့သူတွေက ကျွန်မတို့  အလုပ်လုပ်ရတဲ့အချိန်တွေကို သိနေတော့ မေးကြတယ်။ သူတို့ တွေ့ ရာ.. လုပ်တာကိုင်တာတွေ အပြုံးမပျက်၊ ပင်ပန်းတဲ့ပုံ မပေါက်ဘူးတဲ့။ တကယ်ဆို ဦးနှောက်လည်း ပင်ပန်းသလို၊ လူလည်း ပင်ပန်းတယ်။ ဒါပေမယ့် မပြုံးနေလို့ မဖြစ်တာ၊ အလုပ်တစ်ခုကို အလုပ်လိုပဲ ဒီလိုပဲ လုပ်ရမှာပေါ့။
“Work is either fun or drudgery. It depends on your attitude. I like fun.”
မလုပ်မဖြစ် လုပ်ရမယ်ဆိုတဲ့ အနေအထားမှာ ကိုယ့်စိတ်လေး ထားတတ်အောင် အလုပ်လုပ်မှ။ သည်းမခံနိုင်ဘူးဆို နောက်မှ ကိုယ်နဲ့ အဆင်ပြေမှာကို အချိန်ယူ အသေအချာ စဉ်းစား ဆုံးဖြတ်ပြီး လုပ်စရာရှိတာတွေ လုပ်ရမယ်လို့  ထင်တာပဲ။

အလုပ်လုပ်တာမှ အလုပ်ချိန်များ အလုပ်ပင်ပန်းတာကြောင့် မဟုတ်ပဲ အလုပ်က လူတချို့ ရဲ့ အပြုအမူတွေကြောင့် စိတ်တိုရတာတွေတော့ ရှိတယ်။ အဲဒါတွေ ခေါင်းထဲ သိပ်မထည့်တာကောင်း ပါတယ်။ စိတ်တို ဒေါသထွက်စရာ ဆိုတာမျိုးက ချရေးတိုင်း မကောင်းဘူး၊ တခါတလေ ချရေးလိုက်ရင် စိတ်ထဲမှာ ပိုဖျောက်မရ မှတ်မိနေပြီး ကိုယ့်ဒုက္ခကိုယ် ပိုရှာသလို ဖြစ်နေတတ်တယ်။

ဆက်တိုက် ပင်ပန်းထားတဲ့အတွက် ဒီနေ့  ခွင့်ယူချင် ယူလို့ ရတယ်။ လုပ်စရာလေးတွေလည်း ရှိ၊ အီးမေးတွေလည်း ပြန်စရာရှိမယ်ထင်လို့  ဒီနေ့  Off မယူပဲ အလုပ်လာဖြစ်တယ်။ ဒီနေ့ က သာမန် အလုပ်ချိန်ပဲ ( မနက် ၉ နာရီ- ညနေ ၆ နာရီ) ။ ကိုယ်ကပဲ ပေတာလား မသိဘူး။ ဒီလောက် ပင်ပန်းတာ (တစ်ပတ်လောက်) အရမ်းပင်ပန်းတယ် မခံစားရဘူး၊ အိုကေ သေးတယ်။ ဆက်တိုက်ဆိုရင်တော့ ဘယ်လောက် ခံနိုင်ရည်ရှိရှိ ရေရှည်ကျန်းမာရေးအတွက် မကောင်းဘူး။

ဒါနဲ့  ဒီရက်ပိုင်း လူအများကြီးနဲ့  ဆက်ဆံပြောဆိုရလို့ လားမသိဘူး လူတွေအကြောင်း အရင်ထက် နည်းနည်းပိုသိလာ သလိုလိုပဲ။ ဒါပေမယ့် သေချာတွေးကြည့်ရင် လူဆိုတာ လူပါပဲ။ :))

August 01, 2010

20100801


August လရဲ့အစ ပထမဆုံးရက်မှာ ကုသိုလ်ကောင်းမှု့ တွေလုပ်ဖြစ်တယ်။