Pages

October 31, 2007

31 October 2007

၂၀၀၇ အောက်တိုဘာလရဲ့  နောက်ဆုံးနေ့ ...

October 30, 2007

Introduction to Ruby Video Series

Ruby အကြောင်း လေ့လာနေသူတွေ အတွက် အသုံးဝယ်မယ့် Video Chips တွေပါ။ အားလုံးအပိုင်း ၄ ခုရှိပါတယ်။

- ပထမပိုင်းမှာ Ruby ဘာလဲဆိုတာနဲ့  Ruby မှာ Object Oriented Programming Concepts တွေကို ဘယ်လို Handle လုပ်သလဲ.
- ဒုတိယပိုင်းမှာ Ruby’s Installation လုပ်ပုံလုပ်နည်းတွေ
- တတိယပိုင်းမှာ Ruby Installation လုပ်တဲ့အခါ ပါဝင်နေတဲ့ Tools တွေ၊ Programs တွေအကြောင်း နဲ့ 
- နောက်ဆုံးအပိုင်းဖြစ်တဲ့ စတုတ္ထပိုင်းမှာတော့ Ruby Coding ရေးသားပုံ တချို့ နဲ့  Data Type တွေအကြောင်းကို ရှင်းပြထားပါတယ်။

Ruby အကြောင်း ပြောလက်စတဲ့  တဆက်ထဲ ဒီမှာကတော့ Ruby Association ကနေပြီး ဦးဆောင်ပြုလုပ်တဲ့ Ruby Logo Contest မှာ အနိုင်ရရှိသွားတဲ့ Ruby Logo ( by Tom Schaub) ပါ။ နောက်ပိုင်းမှာ Ruby Association က အခု Logo ကိုသာ သုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။

Source: RubyInside

October 29, 2007

The most Important hour of the day

ရှေ့ ၃ ရက်ကလည်းအိမ်မှာ နားနေလိုက်ပြီး၊ ဒီနေ့ တနင်္ဂလာနေ့  မှာ အလုပ်ပြန်စတဲ့အခါ အလုပ်လုပ်ဖို့ ရာ စိတ်မပါဘူး ဖြစ်နေတယ်။ ဒါနဲ့  အရေးတကြီး ပြန်ပို့ စရာရှိတဲ့ အီးမေးလေးတွေပြန်လိုက်ပြီး အင်တာနက်ပေါ် လျှောက်သွားကြည့်ရင်း နာရီလေး တစ်လုံးတွေ မိတယ်။ The Most Important hour of the day ကိုပဲ ပြထားတဲ့ နာရီလေး။ မလိုတဲ့ တခြားအချိန်တွေ မပါတော့ ရှင်းလင်းနေတာပဲ။ အဲဒီအမျိုးအစား လက်ပတ်နာရီတော့ မလိုချင်ပါဘူး၊ အတော်ကြည့်ရခက်မှာ။ နံရံကတ် ဒါမှမဟုတ် စားပွဲတင်နာရီလေး တစ်လုံးလောက်တော့ လိုချင်တယ်။ အခုတော့ မဟုတ်ဘူးပေါ့။ နောင်ပိုင်း အဲ့ဒီအချိန် အတိအကျ အလုပ်ဆင်းနိုင်တဲ့ အလုပ်မျိုးမှာ လုပ်ရတဲ့အခါမှ.... အဲဒီလို နာရီလေးတစ်လုံး ၀ယ်ပြီး၊ အလုပ်က မြင်သာထင်သာတဲ့ နေရာမှာ ချိတ်ထားလိုက်ဦးမယ်...

စင်္ကာပူက လူအများစု အတွက်တော့ The Important hour of the day က ၆ နာရီဖြစ်မယ် ထင်ပါတယ်။ ဒီတော့ ၁၂ နဲ့  ၆ ပါတဲ့ နာရီမျိုး ၀ယ်ရင်ရပြီ။ ၁၂ နာရီကလည်း ထမင်းစားချိန် ဖြစ်လို့  တမျိုးအရေးကြီးတယ်။ ၆ နာရီကတော့ အရေးအကြီးဆုံး အချိန်ဖြစ်တဲ့  အိမ်ပြန်ချိန်ပေါ့။

October 28, 2007

Hack Attack : Install Leopard on your PC

26 ရက်နေ့ မှာ Apple က New OSX Leopard ထွက်လာတယ်။ တစ်ရက်ပဲ ကြာတယ် 27 နေ့  မှာတင် Hacker တွေက Leopard Patched DVD Image ကို ထုတ်လိုက်ကြတယ်တဲ့။ အဲ့ဒီ DVD Image ကို သုံးပြီး သာမန် PC တွေမှာ Leopard ကို သွင်းယူနိုင်တယ်လို့  ပြောထားတယ်။ Leopard ကို သုံးကြည့်ချင်ယုံနဲ့ တော့ Mac ကို ၀ယ်စရာမလို တော့ဘူးပေါ့။
Hack Attack : Install Leopard on your PC in 3 easy steps!
ဘယ်လို သွင်းယူရသလဲ ဆိုတာတွေနဲ့  အသေးစိတ် သတင်း အချက်အလက်တွေကို ဖတ်ကြည့်နိုင်ပါတယ်။
Credit to THKZ

October 27, 2007

Thank You - 27 Oct 2007

Thank you for brightening my world with your thoughtfulness.
It really meant a lot.

အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

ဘုရားရှင်အား ရည်စူး ဆီမီးထွန်းကာ ကြည်ညို ပူဇော်ပါ၏။
Link:
သီတင်းကျွတ် လပြည့်နေ့ အကြောင်း

They're shooting monks in Burma

William F. DeVault ရေးထားတဲ့ "A Poem in Memory of the Monks of Myanmar" ကဗျာကိုဖတ်ပြီး တခြား ကဗျာတွေကို လိုက်ရှာဖတ်ကြည့်ရင်း William F. DeVault နဲ့  သူ့ ရဲ့ ဂီတအဖွဲ့ " The Gods of Love" သီဆိုထားတဲ့ သီချင်းတစ်ပုဒ် နဲ့  အဲ့ဒီသီချင်းအကြောင်းကို ရှင်းပြထားတဲ့ audio file တစ်ခုကို ရှာတွေ့ ပါတယ်။

ဒါနဲ့  ဒီနေ့ ဟာ သတင်းကျွတ်လပြည့်နေ့ ပါ။ ပြီးခဲ့တဲ့ တော်သလင်းလပြည့်နေ့ မှာ စစ်အစိုးရလက်ချက်နဲ့  ပတ္တနိက္ကုဇ္ဇန ကံဆောင်၊ ငြိမ်းချမ်းစွာ လမ်းလျှောက်၊ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတဲ့ သံဃာတော်တွေရဲ့ သွေး မြေကျခဲ့ရတာ ဆိုတော့ ဒီနေ့ ဆိုရင် တစ်လတင်းတင်းပြည့်ခဲ့ပြီပေါ့။ ခုလက်ရှိ စစ်အစိုးရဟာ သူတို့  အာဏာတည်မြဲဖို့ ဆို မလုပ်ရဲဘူးဆိုတာ ဘာမှမရှိ၊ မလုပ်သေးဘူး ဆိုတာသာ ရှိတယ်ဆိုတဲ့ အကြောင်း နဲ့  ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ သူတို့ ရဲ့ ဘာသာတရားမရှိ၊ ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းမှု့တွေကို မြန်မာပြည်သူတွေသာ မက၊ ကမ္ဘာကပါ သိလိုက်ရတာ တစ်လပြည့်တဲ့ နေ့ ပါပဲ။

အခု ကျွန်မ ရှာတွေ့ တဲ့ သီချင်းနာမည်က "They're shooting monks in Burma" တဲ့။ ကျွန်မရင်ထဲမှာရှိနေတဲ့ စကားတွေကို ရေးသားပြဖို့ လည်း စကားတွေရှာမရတာနဲ့  နားထောင်ဖြစ်တဲ့ သီချင်းလေးအကြောင်းကိုပဲ ဒီနေ့ အတွက် ရေးတင် လိုက်တော့တယ်။ ဒီသီချင်းကို သာမက အဲဒီသီချင်း ရေးသားသီဆိုသူရဲ့ ရင်ထဲက စကားသံတွေကိုလည်း နားဆင်ကြည့် နိုင်ပါတယ်။ ကျွန်မ သီချင်းစာသားကိုပါ လိုက်ရှာ မှတ်ထားလိုက်ပါတယ်။


Source : City of Legands

October 26, 2007

How to stay Young

အသက်ကြီး လာလေလေ၊ ပိုပြီး အရွယ်တင် ငယ်ချင်လေလေ ဆိုတာ သိပ်မှန်တာပဲ။ ဆုံးရှံးသွားတဲ့၊ နောက် တဖန် ပြန်လည်မရနိုင်တော့တဲ့ အရာတွေကိုမှ ပြန်ပြီးလိုချင်နေတတ်တာ လူ့ သဘာဝလား မသိဘူး။ ကျွန်မ ပြောတာ မယုံရင် လူအတော် များများကို ပြောကြည့်ပါလား။ သူတို့  ရှိရင်းစွဲအသက်ထက် ငယ်တယ်၊ အရွယ်တင်တယ်၊ နုပျိုနေတယ်ပြောလိုက်ရင် အားလုံးက အနည်းနဲ့  အများတော့ နှစ်သက် သဘောကျကြ သွားကြတာကို တွေ့ ရမှာပဲ။ အဲ... ရှိရင်းစွဲအသက်ထက် ပိုပြီး အိုစာနေတယ်လို့ တော့ သွားမပြော မိလိုက်ပါနဲ့ ။ အများစုက ယဉ်ကျေးမှု့ အရ ဘာမှမပြောပဲ ပြုံးနေတောင် စိတ်ထဲတော့ သိပ်ကြည်ကြမယ် မထင်ဘူး။
အမှန်ပြောရင် ကျွန်မကတော့ လူကဲခက်တာတို့ ၊ သူတပါးရဲ့ အသက်အရွယ်မှန်းတာတို့ ဆို မကျွမ်းကျင်တဲ့ ဘယ်သူ့  အသက်ကို လာမှန်းခိုင်းမှန်းခိုင်း ဖြေလေ့မရှိဘူး။ တမင်ရှောင်တာတော့ မဟုတ်ပါဘူး။ တကယ်မသိလို့  မဖြေတာ ပိုကောင်းတယ်ထင်ပြီး ဖြေလေ့မရှိတာပါ။ ဒါပေမယ့် သူတို့ အသက်တွေ ပြောပြလို့  အရွယ်တင်တယ် ထင်ရင်တော့ အရွယ်တင်တယ်၊ ရှိရင်းစွဲအသက်ထက် ကြီးနေတယ် ထင်ရတယ်၊ ဘယ်လိုမှ မထင်ဘူးဆိုတဲ့ အခါတွေတော့ ဘာမှ မပြောပဲ တိတ်တိတ်လေး နေတတ်ပါတယ်။ :D

ဒါနဲ့  ခုနောက်ပိုင်း အလုပ်ရှုပ်၊ စိတ်ရှုပ်၊ ကိုယ်က မနေတတ်လို့ လားမသိဘူး သူများပြောစရာမလို၊ ကိုယ့်ဟာကို မှန်ထဲပြန်ကြည့်ယုံနဲ့ တောင် ကိုယ်ဟာ အဘွားကြီးအိုလေးနဲ့ တူနေကြောင်း သိနေတယ်။ ဒီရက်ပိုင်း တွေ့ တဲ့ သူငယ်ချင်းတိုင်းကလည်းပြောတယ်။ ပိန်လိုက်တာတဲ့။ အိုစာနေပြီလို့ တော့ စိတ်ဆိုးမှာစိုးလို့  ထင်တယ် မပြောကြပါဘူး။ အင်း.. အသက်ကလည်း တစ်နှစ်ထက်တစ်နှစ် တိုးပြီး ကြီးလာဖို့ သာရှိလေတော့ ဟိုး ငယ်ငယ်ကလို နုပျိုမှု့ မျိုးတွေဆိုတာလည်း ဘယ်ရှိတော့မလဲ။ လောဘ၊ မောဟ၊ ဒေါသတွေကလည်း များဆိုတော့ ပိုဆိုးတာပေါ့။ နောက်ပြီး Stress ဆိုတာမျိုးတွေကလည်း အတော်ကြောက်ဖို့ ကောင်းသား။

အရွယ်ငယ်တယ် မထင်ရတောင် ရှိရင်းစွဲအသက်ထက် အများကြီး ပိုကြီးနေတာမျိုးဖြစ်နေတာကိုတော့ မကြိုက်ပါဘူး။ အရွယ်တင် နုပျိုအောင် အလှအပပြင်ဖို့ တွေးမိပေမယ့် စိတ်မ၀င်စားယုံမက၊ လုပ်လည်း မလုပ်တတ်ဘူး။ ဒီလို ဒီလို အမှန်တရားတွေကို သိမြင်၊ နုပျိုအောင် နေဖို့ ရာ နည်းလမ်းတွေကို ရှာဖွေနေချိန်မှာ သူငယ်ချင်း တစ်ယောက် ပို့ ပေးတဲ့ "How to Stay Young" ဆိုတဲ့ အီးမေးလေးကို ကြည့်ပြီး သဘောကျ သွားတယ်။ ခုနောက်ပိုင်းတော့ အဲဒီထဲမှာ ပြောထားသလို နေနိုင်အောင် ကြိုးစားမှ ဖြစ်တော့မယ်....

HOW TO STAY YOUNG
1. Throw out nonessential numbers. This includes age, weight and height.
Let the doctors worry about them. That is why you pay them.

2. Keep only cheerful friends.
The grouches pull you down. (keep this In mind if you are one of those grouches;)

3. Keep learning:
Learn more about the computer, crafts, gardening, whatever. Never let the brain get idle. "An idle mind is the devil's workshop." And the devil's name is Alzheimer's!

4. Enjoy the simple things.

5. Laugh often, long and loud. Laugh until you gasp for breath.
And if you have a friend who makes you laugh, spend lots and Lots of time with HIM/HER.

6. The tears happen:
Endure, grieve, and move on. The only person who is with us our entire life, is ourselves. LIVE while you are alive.

7. Surround yourself with what you love:
Whether it's family, pets, keepsakes, music, plants, hobbies, whatever. Your home is your refuge.

8. Cherish your health:
If it is good, preserve it.
I if it is unstable, improve it.
If it is beyond what you can improve, get help.

9. Don't take guilt trips.
Take a trip to the mall, even to the next county, to a foreign country, but NOT to where the guilt is.

10. Tell the people you love that you love them, at every opportunity.

Credit to Mr.Programmer

October 25, 2007

Only Reminds Me Of You


ဒီနေ့  တစ်နေ့ လုံး ရှုပ်နေတာနဲ့  တခြားဘာစာမှ မဖတ်ဖြစ်ပဲ အလုပ်လုပ်ရင်းနဲ့  သီချင်းတွေပဲ နားထောင်ဖြစ်နေတယ်။ ဒီနေ့  နားထောင်ဖြစ်တဲ့ သီချင်းတွေထဲက ရှားရှားပါးပါးပါဝင်တဲ့ သီချင်းအေးလေးတစ်ပုဒ်ကို နားထဲစွဲသွားတယ်။ ဖိလစ်ပိုင်က M.Y.M.P (Make Your Momma Proud) သီဆိုထားတဲ့ "Only Remind Me of You" ဆိုတဲ့ သီချင်းလေးပါ။ ဆူဆူညံညံ သီချင်းတွေကိုပဲ အမြဲ နားထောင်ဖြစ်နေရာကနေ ဒီလို သီချင်း အေးလေးတွေကို နားထောင်ရတော့ အပြောင်းအလဲဖြစ်ပြီး တစ်မျိုးလေးနဲ့  နားထောင်လို့  ကောင်းနေသား။ ဒါပေမယ့် ဒီသီချင်း နားထောင်ရင်း နားထောင်ရင်း အိပ်ငိုက်လာတယ်။ အင်း .... ဒီသီချင်းမျိုးဟာ အလုပ်မှာ နားမထောင်သင့်ပဲ ညပိုင်း အိပ်ရာဝင်ခါနီး အချိန်တွေကြမှသာ ခပ်တိုးတိုးလေး ဖွင့်ထားသင့်တဲ့ သီချင်း အမျိုးအစားထဲမှာ ပါမယ် ထင်ပါတယ်။

October 24, 2007

မျက်မှန် - ၀င်းဖေ

မနေ့ ညက ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ ၀တ္ထုတိုတွေထဲက ကျွန်မ ကြိုက်တဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ကူးရေးဖြစ် လိုက်ပါတယ်။ ကျေးဇူးတရားနဲ့  ပတ်သက်တဲ့အကြောင်းကို ရေးထားတဲ့ ၀တ္ထုတိုလေးပါ။


မျက်မှန် - ၀င်းဖေ ( ၀တ္ထုတို ) - Click here to read short story

ဒီ "မျက်မှန်" လို့ အမည်ရတဲ့ ဒီဝတ္ထုတိုဟာ ၁၉၈၉ သြဂုတ်၊ ရွှေအမြုတေ မှာ ပထမဆုံးပါဝင်ခဲ့တာ ဖြစ်တယ်သိရပါတယ်။ ကျွန်မကတော့ ၂၀၀၆ ခုနှစ်က ခေတ်ပြိုင်စာပေတိုက်က ထုတ်ဝေတဲ့ "ဒိုင်ယာလော့နှင့် တခြား ၀တ္ထုတိုများ - ၀င်းဖေ" စာအုပ်မှာ ဒီဝတ္ထုတိုကို တွေ့ ရှိ ကြိုက်နှစ်သက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်မှာ ဆရာဦးဝင်ဖေရဲ့ ၀တ္ထုတို ၃၉ ပုဒ် ကို စုစည်းဖော်ပြထားပါတယ်။ ဒီစာအုပ်ကို စင်္ကာပူက လမ်းပြကြယ် စာကြည့်တိုက်မှ ငှါးယူဖတ်ရှု့နိုင်သလို ကိုယ်ပိုင် ၀ယ်ယူသိမ်းထားချင်တယ်ဆို ခေတ်ပြိုင်စာပေတိုက်ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။


စာအုပ်အမည် - ဒိုင်ယာလော့နှင့် အခြားဝတ္ထုတိုများ
စာရေးသူ - ၀င်းဖေ
စာအုပ်တန်ဖိုး - (၄၀၀) ဘတ်၊ အမေရိကန်ဒေါ်လာ (၁၅)
ဆက်သွယ်ရန် - ခေတ်ပြိုင်စာပေတိုက်
ခေတ်ပြိုင်စာပေတိုက်မှ ထုတ်ဝေပြီးစာအုပ်များ



ဒီဝတ္ထုကို ရေးသားသူကတော့ ပန်းချီ၊ ဂီတ၊ စာပေ နဲ့  ရုပ်ရှင် စွယ်စုံရ အနုပညာရှင်တစ်ဦးလို့  ခေါ်ဆိုရမယ့် ပန်းချီဝင်းဖေ (ဦးဇော်ဝိတ်) ပါ။ ရွှေပြည်ဦးတင်ရဲ့သားဖြစ်ပြီး ကျွန်မတို့  အားလုံးသိကြတဲ့ အဆိုတော် မီမီဝင်းဖေရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

Other Links: Win Pe - Art Gallery - မိုးမခ

October 23, 2007

A Poem in Memory of the Monks of Myanmar


A Poem in Memory of the Monks of Myanmar
September 2007
by
William F. Gilreath
Monks of Myanmar walked peacefully to take a stand,
against the brutality and oppression in their land.

Then Spoke the voice of tyranny, the words not said.
it being the actions of firing bullets and bloodshed.

From the utterance of the last whispering breath,
is born the horrifying legacy of carnage and death.

Simply walking in protest, a dictatorship to defy,
the monks were cut down viciously and made to die.

The monks by their courage and nobility against strife,
consecrate a love of peace and freedom with their life.

Each monk spoke for freedom by their walk and deed,
so that those in chains of dictators can be set free.

I mourn for the monks of Myanmar and shed a sad tear,
for they are heroes against a state of terror and fear.


Credit to THKZ
Source: Photo from Foxnews, Poem from Scribd

ကုန်ဈေးနှုန်း နဲ့  အလုပ်

ကုန်ဈေးနှုန်းတွေ တတ်တယ်ဆိုတာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာတဲ့ ကျွန်မတို့ အတွက် ငယ်ငယ်ထဲက ကြားဖူးနေ၊ အမြဲတမ် ကြုံတွေနေရလို့  ရင်းနှီးနေတဲ့ အရာတစ်ခုပါ။ ကျွန်မတို့  မြန်မာနိုင်ငံလောက် မဆိုးရွားပေမယ့် ဒီနိုင်ငံမှာလည်း ဈေးနှုန်း တတ်လို့ ရသမျှ အရာအားလုံး မသိမသာလေးနဲ့  အကုန်တတ်နေပါတယ်။ တခြားဈေးနှုန်းတွေ တက်တာ အရမ်း မသိသာပေမယ့်၊ အိမ်ခန်းငှါးခတွေ တက်တာကတော့ အရမ်းများ၊ အရမ်းသိသာပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်ကဆို အိမ်ငှါးရင် အိပ်ခန်း ၃ ခန်းပါတဲ့ အခန်းတစ်ခန်း ဒီကအခေါ် (3+1) ကိုဆို တစ်လ ၁၂၀၀-၁၃၀၀ လောက်ပေးရင် ကိုယ်နဲ့ အဆင်ပြေမယ့် နေရာမျိုးမှာ နေလို့  ရတယ်။ တစ်ချို့ နေရာတွေဆို ဒီထက်တောင် သက်သာသေးတယ်။ အခု နောက်ပိုင်းမှာ တော့ တစ်လ ၁၈၀၀-၂၀၀၀ ပေးမှ အဲ့လို အိမ်ခန်းမျိုး ရနိုင်တော့တယ်။ အရင်နှုန်းနဲ့ ဆို တစ်ယောက်တည်း အိပ်ခန်းတစ်ခန်းယူမယ်ဆို ၄၀၀ လောက်ပေးရင် ရတာကနေ အခုဆို ၆၀၀ လောက်ပေးမှ ရနိုင်တော့တယ်။ ဒီတော့ တစ်လ ကုန်ကျစရိတ်မှာ အိမ်လခမှာတင် ၂၀၀ ကျော် ပိုကုန်နေပြီ။ တခြား ရထားခ၊ Bus ကားခ၊ စားသောက်စရိတ် တွေကလည်း တတ်သေးတယ်။

ကုန်ဈေးနှုန်းတွေက သာတတ်တာ၊ အလုပ်မှာ ရတဲ့ လခ အဲ့ဒီလောက် တိုးဖို့ ဆိုတာ သိပ်မလွယ်ပါဘူး။ အလုပ် တစ်ခုတည်းမှာ နေမယ်ဆို တစ်နှစ် တစ်နှစ် လခ ၅% - ၁၀% တယ်ဆိုတာ အလွန်ဆုံးတိုးတာပါ။ အလုပ်ပြောင်းမှသာ ဒီထက်ပိုပြီး လခရဖို့  လမ်းရှိတာ ဆိုတော့ သူများတွေ နည်းတူ ကျွန်မလည်း အလုပ်ပြောင်းရင် ကောင်းမလား၊ စဉ်းစားရတော့တာပေါ့။ တကယ်တန်း အလုပ်ပြောင်းမယ် တွေးကြည့်တော့ ချင့်ချိန်စရာတွေကများ၊ ခေါင်းတွေရှုပ် စိတ်တွေရှုပ်ဖြစ်နေခဲ့တယ်။ ကျွန်မ လက်ရှိလုပ်နေတဲ့ အလုပ်က လခတိုးနှုန်း အရမ်း မများတာ၊ အလုပ်ကနေပြီး ဘယ် messenger ကိုမှ သုံးလို့ မရတာ၊ Website အတော်များများကို ကြည့်လို့ မရတာတွေကလွဲရင် ကျန်တာအားလုံး အဆင်ပြေနေတယ် ဆိုရမယ်။ အလုပ်က ပေးတဲ့ pressureလည်း အရမ်းမများဘူး။ ဒီအလုပ်မှာ အရမ်းပျော်ရွှင်နေတယ် မဟုတ်ပေမယ့် ၊ အရမ်းစိတ်ညစ် စိတ်ရှုပ်စရာ မရှိခဲ့ဘူး။

နှစ်ပတ်လောက် အသေအချာစဉ်းစားပြီး ခုချက်ချင်းတော့ အလုပ်မပြောင်းသေးဘူးလို့  ဆုံးဖြတ်လိုက်တယ်။ အလုပ်ပြောင်းမယ် ဆိုရင်တောင် နောက်နှစ်လယ်လောက်မှ ပြောင်းဖို့  ကြိုးစားတော့မယ်။ တကယ်ဆို အလုပ်တွေ ခနခန ပြောင်းတာကလည်း မကောင်းဘူး မဟုတ်လား။ ( မပြောင်းတော့ဘူး ဆုံးဖြတ်လို့  ဒီစကားပြောတာ၊ ပြောင်းမယ်လို့  ဆုံးဖြတ်ခဲ့တယ်ဆို အဲ့လိုစကား မပြောဘူး :D) ။

October 21, 2007

Serenity

Godsmack - Serenity
I need serenity
In a place where I can hide
I need serenity
Nothing changes, days go by

Where do we go when we just don't know
And how do we relight the flame when it's cold
Why do we dream when our thoughts mean nothing
And when will we learn to control

I need serenity
I need serenity
...
Other Related Link : [Serenity - Lyrics]
Serenity is a single by the hard rock band Godsmack from the album Faceless (2003). The song is known for the drum work and stunning live performances.

October 20, 2007

See no Evil, Hear no Evil, Speak no Evil



ဒီလို အကောင်လေး သုံးကောင် သူတို့ ရဲ့ နား၊မျက်လုံး နဲ့  ပါစပ်ကို ကိုယ့်လက်နဲ့ ကိုယ်ပိတ်ထားတဲ့ ပုံစံ အရုပ်တွေကို မြင်ဖူးနေတာတော့ ကြာပါပြီ။ ဒီရက်ပိုင်းမှပဲ ဒီပုံလေးတွေက ဘာကိုပြောတာလဲဆိုတာ ဖတ်ကြည့် ဖြစ်တော့တယ်။ ဒီလိုပုံစံမျိုးကို "See no evil, hear no evil, speak no evil " လို ခေါ်ကြောင်း ပထမဆုံး သိလိုက်ရတယ်။ များစုက တစုံတစ်ခုသော အကြောင်းအရာကို မမြင်ချင်၊ မကြားချင်၊ မပြောချင်၊ သူတို့  မပါဝင်ချင်၊ မပတ်သက်ချင်ပါဘူးလို့  ပြောလိုတဲ့ အခါတွေမှာ ဒီပုံစံလေးကို သုံးလေ့ရှိကြတယ်တဲ့။

ကျွန်မလိုက်ရှာ ဖတ်ကြည့်သလောက်တော့ မူလ ပထမပုံစံကတော့ မျောက်ကလေး ၃ ကောင် နဲ့  ပုံလို့ သိရတယ်။ "Three Wise Monkeys" ပညာရှိ မျောက်သုံးကောင်လို လည်းခေါ်တယ်၊ တစ်ခါတလေ "Do no evil" ဆိုတဲ့ နောက်ထပ် မျောက်တစ်ကောင် ပါတယ်ဆိုရင်တော့ "Four Wise Monkeys" လို့ ခေါ်ကြောင်းသိရတယ်။ အင်း .. သူဟာသူတော့ ဟုတ်နေတာပဲ။


အင်တာနက်ပေါ် လိုက်ရှာကြည့်ရင် မျောက်သုံးကောင်ပုံ သာမက တခြားအကောင်တွေနဲ့ ပုံတွေလည်းရှိတယ်။ လူတွေ ဒီလိုပုံစံ ဓာတ်ပုံရိုက်ထားတာတွေ တောင်တွေ့ ရသေးတယ်။ ဘယ်ကစတယ် အတိအကျ မသိရဘူးဆိုထားပေမယ့် ဂျပန်နိုင်ငံမှာ ရှိတဲ့ ၁၇ ရာစုလက်ရာ ဘုရားကျောင်းတစ်ခု (Toshogu Shrine in Nikko, Japan) ရဲ့ တံခါးတစ်ခုအပေါ်မှာ ထွင်းထု ထားတဲ့ မျောက်သုံးကောင်ရုပ်ဟာ အစောဆုံးဖြစ်တယ်လို့  လူအများက ယုံကြည်ကြပါတယ်။ တချို့ ကလည်း ဒီထက် ပိုပြီး ရှေးကျကြောင်း၊ ၈ ရာစုလောက်မှာ အိန္ဒိယ ဒါမှမဟုတ် တရုတ်ကနေ စတင်တယ်ထင်ကြောင်း ပြောဆိုထားတာတွေကို လည်း ဖတ်ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် ဂျပန်ကို ဒီစကားရောက် လာတယ်ပေါ့။ တရုတ်မှာလည်း စကားနဲ့  ခပ်ဆင်ဆင် ဆိုရိုးမျိုးရှိတယ် သိရတယ်။

“Analects of Confucius”;
"Look not at what is contrary to propriety; listen not to what is contrary to propriety; speak not what is contrary to propriety; make no movement which is contrary to propriety".

ဒါနဲ့  ဒီအရုပ်သုံးရုပ်ကို ဂျပန်လို " Mizaru, Kikazaru, and Iwazaru" လို့ ခေါ်တယ်။ ၄ ရုပ်ရှိတော့ "Mizaru, Kikazaru, Iwazaru, and Shizaru" လို့ ခေါ်ကြတယ်။
Mizaru - covering his eyes, who sees no evil
Kikazaru - covering his ears, who hears no evil
Iwazaru - covering his mouth, who speaks no evil.
Shizaru - covering his abdomen or crotch, or merely crossing his arms, who does no evil.

ဒီပုံတွေကို မကောင်းမှု့ တွေကို မပြုလုပ်ဖို့ သတိပေးတဲ့စကားလို့  ယူဆကြသလို ၊ မကောင်းမှု့ပြုလုပ်သူ တွေနဲ့  မပတ်သက် မဆက်ဆံဖို့  သတိပေးစကားလို့ လည်း ယူဆကြပါတယ်။ လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်သလို အဓိပ္ပါယ် ယူနိုင်ပါတယ်။ ဘာပဲပြောပြော ကျွန်မကတော့ အဲဒီ ပုံလေးတွေကို သဘောကျမိတယ်။

Statue in Orchid Gardens at Botanic Gardens
Singapore
၃ ယောက်မဟုတ်ပဲ တစ်ယောက်တည်းဖြစ်နေလဲ ဒီလိုပုံစံမျိုးလေးလုပ်ပြီး နား၊မျက်စိ၊ ပါးစပ်တွေကို ပိတ်ထားလို့ ရပါတယ်။ carved by the nineteenth century artist Kaigyokusai in ivory

ဒါကတော့ သဘောအကျဆုံး ပုံလေးပါပဲ။

October 19, 2007

19 October 2007


ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း နေလည်း မရပါလားနော်။ ကိုယ်နဲ့ လည်း မဆိုင်၊ ကိုယ့်အလုပ်လဲ မဟုတ်၊ ကိုယ်လည်း ဘာမှ သေချာမသိပဲနဲ့  သူတပါးကိစ္စတွေမှာ မနေနိုင်မထိုင်နိုင် နေရာတကာလိုက်ပါပြီး.. တစ်စိတ်ကို တစ်အိတ်လုပ်ပြော.. ဟိုသတင်းဒီပို့  ဒီသတင်းဟိုပို့  လုပ်တတ်သူတွေကို စိတ်ကုန်၊ စိတ်ပျက်နေတယ်။

October 18, 2007

18 Oct 2007 - Another Silence Birthday

တရားမျှတမှု့ အတွက် မတရားတဲ့အစိုးရကို မကြောက်မရွံ့  တိုက်ပွဲဝင်နေသူတစ်ဦးရဲ့ မွေးနေ့ 
အများလေးစားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ...

၁၈ အောက်တိုဘာ ၂၀၀၇ ..
မင်္ဂလာရှိသော မွေးနေ့ ရက်မြတ်ဖြစ်ပါစေ...

သစ္စာတရားကို ယုံကြည်တဲ့ တို့ ရဲ့ခေါင်းဆောင်..
အမြန်ဆုံး လွတ်မြောက်ပါစေ.. လွတ်လပ်ပါစေ..
ကိုယ်စိတ်နှစ်ပါး.. ကျန်းမာပါစေ.. ချမ်းသာပါစေ..
မိသားစုနဲ့  မခွဲမခွါ သာယာငြိမ်းချမ်းတဲ့ ဘ၀ကို ရရှိပါစေ...

တိုက်ပွဲကဒါဏ်ရာတွေ ပြသနိုင်တဲ့ အောင်ပွဲနေ့  အမြန်ဆုံး ရရှိအောင် ဦးဆောင်နိုင်ပါစေ..



၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ စစ်အစိုးရ၏ အကျဉ်းထောင်အတွင်း ၁၆ နှစ်နီးပါးဖမ်းဆီး အကျဉ်းချထား ခံခဲ့ရပြီးနောက် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည်လွတ်မြောက်လာကာ ၂၀၀၆ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ထို့ နောက် ၁၁ ဇန်န၀ါရီ ၂၀၀၇ မှာ တဖန်ပြန်လည် လွတ်မြောက်လာပေမယ့် ကုန်ဈေးနှုန်း ကျဆင်းရေးကို ငြိမ်ချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အတွက် ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသား ခေါင်းဆောင်တွေကို စစ်အစိုးရရဲ့ ၈ လပိုင်းမှာ ၂၂ ရက်နေ့ မှာ ပြန်လည် ဖမ်းဆီးအကျဉ်းချထား ခဲ့ပြန်ပါတယ်။ ခုအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပါဘူး။ စစ်အစိုးရရဲ့ အကြမ်းဖက်နှိပ်စက်မှု့တွေကြောင့် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်တချို့  ထောင်အတွင်း ဆေးရုံမှာ ဆေးကုသမှု့ ခံယူနေရတယ်ဆိုတဲ့ သတင်းတွေ ကြားခဲ့ရပါတယ်။ သူတို့ တွေရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ ဆိုတာ အတိအကျ မသိရပါဘူး။

ဒီနေ့  မနက်ပိုင်း ဖတ်ရတဲ့ သတင်းတချို့ အရ မနေ့ ညနေပိုင်းက ဇာဂနာ၊ ကျော်သူ နဲ့  ဇနီးဖြစ်သူေ၇ွှဇီးကွက်တို့ နဲ့ အတူ ကိုမင်းကိုနိုင်နဲ့  တခြား ကျောင်းသားခေါင်းဆောင်တချို့ လည်း ပြန်လည်လွတ်မြောက်လာပြီလို့  ကြားရပြန်တယ်။ အဲ့ဒီသတင်းကို သတင်းမှန် ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ခုချိန်အထိတော့ ပြန်လည် လွတ်မြောက်လာသူတွေထဲမှာ ကိုမင်းကိုနိုင်တို့ လည်း ပါတယ်ဆိုတဲ့ သတင်းမှန်ကန်ကြောင်းကို confirm ဖြစ်စေမယ့် သတင်းမျိုး မတွေ့  ရသေးပါဘူး။

ကိုမင်းကိုနိုင်အပါအ၀င် အများအကျိုးအတွက် စွန့် လွှတ်၊ အနစ်နာခံ၊ ကြိုးပမ်းနေသူများအားလုံးကို လေးစားမိပါတယ်.. စစ်အစိုးရရဲ့ မတရားဖမ်းဆီးခြင်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ကြပါစေ...

Other Related Links:
သစ္စာ - မင်းကိုနိုင်
မျှော်လင့်ခြင်း - မင်းကိုနိုင်
မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား
မင်းကိုနိုင်နှင့် စကားပြောခြင်း (ဧရာဝတီ - မေ ၂၄၊ ၂၀၀၇)

Don't Worry, Be Happy

ဒီနေ့ တစ်နေ့ တည်း Don't worry, Be Happy ဆိုတဲ့စကား အကြိမ်ပေါင်းများစွာ ကြားလိုက်ရတာလို့  စိတ်ထဲကိုးလို့  ကန့် လန့်  ဖြစ်တာနဲ့  ဒီစာသားလေးကို Google လုပ်လိုက်တာ ဒီ အရုပ်လေးတွေ နဲ့  Flash Card လေး တွေ့ လိုက်ရတယ်။ ဒါလေးတွေကြည့်ပြီး မစိုးရိမ်ပါနဲ့  ထပ်ခါထပ်ခါ အပြောခံလိုက်ရလို့  စိတ်အစာမကြေ ဖြစ်နေတာတောင် ပျောက်သွားတယ်။

Hey... Don't Worry, Be Happy !!! flash file, mp3 and my feeling ;) - 17 October 2007

October 15, 2007

Watch free movies Online

ရုပ်ရှင်ကြည့်လို့ ရတဲ့ Website တစ်ခုကို ဒီစနေ နဲ့ တနင်္ဂနွေမှာ စမ်းသပ်ကြည့် ဖြစ်ပါတယ်။ အရင်ကဆို အားလပ်ရက်မှာ အင်တာနက် ပေါ်ကတိုက်ရိုက်ပဲ ဖြစ်ဖြစ်၊ ကြားရက်တွေမှာ ဒေါင်းလုတ်လုပ်ယူထားတဲ့ ရုပ်ရှင်တွေကိုပဲဖြစ်ဖြစ် အပျင်းပြေ အမြဲ ဖွင့်ထားဖြစ်ပါတယ်။ ဒီလပိုင်းတွေမှာတော့ ပြည်တွင်းသတင်းတွေ လိုက်ဖတ်နေရတာရယ်၊ ကိုယ့်ဟာကိုယ် ဘာမှန်း မသိတာတွေနဲ့  ရှုပ်ရှက်ခပ် နေတာတွေရယ်ကြောင့် အဲဒီဘက်ကို ခြေဦးမလှည့်နိုင်ဘူး ဖြစ်နေခဲ့တယ်။ SSUpload ကို ဟိုးအရင်ကတည်းက စိုးမိုးရဲ့ဘလော့ က Online Movies ဆိုတဲ့ ခေါင်းစဉ်အောင်မှာ တင်ထားတာတွေ့ နေခဲ့တာပါ။ ဒါပေမယ့် တစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂလာနေ့ ကတော့ နိုင်နိုင်းစနေက သူ့ ဘလော့မှာ ဒီဆိုဒ်လေး ကောင်းတယ် ဆိုပြီး ညွှန်းထားတာ တွေ့ တာလိုက်လို့  စမ်းကြည့်ချင်စိတ် ပေါက်သွားတယ်။ ပထမဆုံးအကြိမ် ကြည့်ဖို့ ကြိုးစားတုန်းက Loading ဆိုတာပဲ ပေါ်ပြီး ရှေ့ ဆက်မသွားဘူးး။ ဒါနဲ့  တစ်ခုခုများ ထပ်ပြီး install လုပ်ဖို့ လိုနေလား၊ ဘာများမှားနေလဲ ဆိုပြီး ဆက်ပြီး မကြည့်ဖြစ်တော့ဘူး။ အခု အားလပ်ရက်မှာ စမ်းကြည့်မှာပဲ အရင်က ဘာကြောင့် ကြည့်လို့ မရတာလဲဆိုတာ သိရတော့တယ်။

SSUpload က တချို့  ရုပ်ရှင်တွေက Firefox နဲ့  ကြည့်လို့  လုံးဝ မရပါဘူး။ Internet Explorer (IE) ကြည့်မှ အဆင်ပြေ ပါတယ်။ Movie တိုင်းတော့ မဟုတ်ပါဘူး။ SSUpload မှာရှိနေတဲ့ Movies တွေက နေရာအစုံမှာ host လုပ်ထားတာဆိုတော့ Movie တစ်ခုနဲ့  တစ်ခုတော့ ဖွင့်ပေးတဲ့ Player က မတူပါဘူး။ Firefox နဲ့ ကြည့်လို့ မရဖြစ်နေရင် IE နဲ့ သာ ပြောင်းဖွင့်လိုက်ပါ။ Movie ကြည့်လို့ ရပါလိမ့်မယ်။ တခြား Software ထပ်သွင်းစရာ မလိုပါဘူး။ User Account လုပ်စရာ မလိုပဲ အခမဲ့ ကြည့်နိုင်တယ်။ ကျွန်မ ကြည့်မိသလောက်တော့ အဲ့ဒီက Movies တွေရဲ့ Quality က မဆိုးပါဘူး။ Movie အသစ်တွေ အတော်များများ ရှိသလို အမြဲလည်း update လုပ်နေတာ တွေ့ ရပါတယ်။ ရုပ်ရှင်ကြည့်ရတာကို နှစ်သက်သူများ သဘောကျမယ့် Website တစ်ခုပါ။

(SSUpload : This is a great site for people who want to kill some time and have some good entertainment by watching movies.)

14 October 2007

တနင်္ဂနွေ မနက်စောစော ထပြီး ဘုန်းကြီးကျောင်းသွားဖြစ်တယ်။ စနေညက မနက် ၄ နာရီ ကျော်လောက်မှ အိပ်ဖြစ်ပေမယ့် တနင်္ဂနွေမနက် ၇ နာရီလောက် နိုးလာတယ်။ ပုံမှန်ဆို ဘယ် အဲ့ဒီအချိန်နိုးနိုင်ပါ့မလဲ။ မတွေ့ တာ အတော်ကြာပြီး ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်က ဒီနေ့ မှာ ဘုန်းကြီးကျောင်း သွားရအောင်လို့ ကြိုမှာထားပြီး၊ ဘယ်အချိန်သွားမယ် သေချာ မပြောရသေးတာကြောင့် စိတ်စောပြီး စောစောနိုးလာတာပါ။ ဒါနဲ့  သူငယ်ချင်းကို ဖုန်းဆက် ပြီး တွေ့ မယ့်နေရာ၊ အချိန် ပြောလိုက်တယ်။ ၈း၃၀ ဘုန်းကြီးကျောင်းအရောက်သွားမယ် မှန်းထားပေမယ့် ကျွန်မ နောက်ကျနေတာနဲ့  တကယ်တန်း ဘုန်းကြီးကျောင်း ကို ရောက်တဲ့အချိန်မှာ ၉ နာရီ ထိုးခါနီးနေပါပြီ။

At Toa Payoh Monastery - 14 October 2007

လူသားအားလုံး အချင်းချင်း လှည့်ပတ်ခြင်း၊ ဖိနှိပ်ခြင်း ၊နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမှ ကင်းရှင်းကြလို့  ဘေးဥပါဒ် ရန်အပေါင်းမှ ဝေးကွာကာ ကိုယ်စိတ်နှလုံး ငြိမ်းချမ်းမှု့ရကြပါစေ။

October 14, 2007

A Day at the Singapore Zoo

ဒီနေ့  Zoo ကိုသွားဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေနဲ့  နောက်နေ့ ကြအတိုင်း ပြောရမယ်ဆိုရင်တော့ ဒီနေ့  အမျိုးတွေ သွားကြည့်ဖြစ်ခဲ့တယ်ပေါ့လေ။ ဒီနေ့ နဲ့ ဆို အဲဒီကို ရောက်တာ ၂ ခေါက်ရှိပြီပေါ့။ လွန်ခဲ့တဲ့ ၃ ကျော်က ပထမ တစ်ခေါက် ရောက်ခဲ့ဖူးတယ်။ ဒီနိုင်ငံက ကျဉ်းရတဲ့ အထဲ သွားစရာ နေရာကလည် များများ စားစားမရှိဘူး။ ဟိုလတွေထဲက တစ်နေရာရာ သွားဦးမယ် စိတ်ကူးနေတာကနေ zoo သွားဖို့  admission tickets အလုပ်ကနေ လျှောက်လို့ ရသွားတယ်လေ။

ဇွဲကြီးတယ်ဆိုရမလား မိုးတွေရွာနေတဲ့ အကြားက ထီးဆောင်းပြီး အနှံ့ လျှောက်ကြည့်ခဲ့ပါတယ်။ ဆိုးလိုက်တဲ့မိုး ၊ မနက်တည်းကစပြီး တနေ့ လုံး တဖွဲဖွဲ ရွာနေလိုက်တာ ညနေပိုင်း အိမ်ပြန်ခါနီးမှပဲ မိုးစဲသွားတော့တယ်။ ဓာတ်ပုံတွေလည်း အတော်များများ ရိုက်ဖြစ်တယ်။ မိုးရွာထဲဆိုတော့ သိပ်တော့ အဆင်မပြေဘူးပေါ့။ မိုးရွာနေလို့  လူရှင်းနေတယ် မထင်ပါနဲ့ ၊ သွားစရာမရှိ၊ ရတဲ့ အားလပ်ရက်လေး အချိန်လုပြီး လာကြရတယ် ထင်ပါတယ်၊ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာပါပဲ။

အချိန်ရတယ်ဆိုရင်တော့ ကျွန်မသူငယ်ချင်း ရိုက်ထားတဲ့ ဓာတ်ပုံတချို့ နဲ့  ကျွန်မ မြင်သမျှလေးတွေ မှတ်မိသလောက် ချရေးထားတာကို ဖတ်ကြည့်နိုင်ပါတယ်။

A Day at the Singapore Zoo - 13 October 2007

ဓာတ်ပုံတွေ အားလုံးကို ကျွန်မရဲ့ သူငယ်ချင်းကြီး SMA ရိုက်ထားတာပါ။ သူ ရိုက်ထားတဲ့ ပုံအများကြီးထဲက ကျွန်မ စိတ်ကူးပေါက်ရာ ပုံတွေကို ယူသုံးထားခြင်းဖြစ်ပါတယ်။ ပုံအကြီးတွေ တခြားပုံတွေ ကြည့်ချင်တယ်၊ လိုချင်တယ်ဆို သူစီမှာ တောင်းယူကြည့်ရှု့ နိုင်ပါတယ်။

All Photos Credit to Soe Moe Aung

Related Link: Singapore Zoo, Singapore Zoo (Wiki)

October 12, 2007

Simple Ways to Enjoy Life Every Day

ဒီနေ့ တော့ အလုပ်ရောက်တာနဲ့  အလုပ်လုပ်လေးလုပ်လိုက် ထုံးစံအတိုင်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်နေရင်း "8 Simple Ways to Enjoy Life Every Day" ဆိုတာလေးကို တွေ့ မိတယ်။ အဲ့ဒီထဲက ပြောထားတဲ့ အချက်တွေနဲ့  တစ်ခုခြင်း ရှင်းပြထားတာတွေကို နှစ်သက်မိတယ်။ ရေးထားတာလေးတွေက ဖတ်ရတာ လွယ်ကူလို့  မြန်မာလို ပြန်ရေးဖို့ မကြိုးစားတော့ ပါဘူး။ အမှန်အတိုင်းပြောရရင် ကောင်းကောင်းမွန်မွန် အဆင်ပြေအောင် ဘာသာ မပြန်တတ်တာကြောင့်လဲ ပါတယ်။ အားလုံး ဖတ်ကြည့်သင့်တဲ့ ရေးသားချက် တစ်ခုပါ။

8 Simple Ways to Enjoy Life Every Day - Pick The Brain
1. Appreciate Beauty
2. Connect With Nature
3. Laugh
4. Have Simple Pleasures
5. Connect With People
6. Learn
7. Rethink Your Mornings and Evenings
8. Celebrate Your Successes

E. E. Cummings once said “the most wasted of all days is one without laughter.” How very true. Never be too busy to laugh, or too serious to smile. Instead, surround yourself with fun people and don’t get caught up in your own sense of importance.

Daniel Powter - Bad Day

အဆင်မပြေသောနေ့ တစ်နေ့ မှ မပြည့်စုံသော ပိုစ့်တစ်ခုအတွက်...

Daniel Powter - Bad Day
Daniel Powter - Bad Day (You Tube)

You had a bad day
You're taking one down
You sing a sad song just to turn it around
You say you don't know
You tell me don't lie
You work at a smile and you go for a ride
You had a bad day
The camera don't lie
You're coming back down and you really don't mind
You had a bad day

October 10, 2007

Bad Day

ဘ၀မှာ အမြဲ အဆင်ပြေတာတွေကြီးပဲ ကြုံတွေ့ နေရမယ်လို့  မထင်ထားပေမယ့် ဒီနေ့ ကတော့ အတော်လေးကို အဆင်မပြေတာတွေ ကြုံတွေ့ ရတဲ့ နေ့ တစ်နေ့ ပါပဲ။ ဘယ်သူနဲ့ မှ စကားမပြောချင်၊ ကိုယ်တစ်ယောက်တည်း နေလိုက်ချင်ပါတယ်ဆိုမှ ပျက်ကွက်လို့ မရတဲ့ မီတင်တစ်ခုတက်ပြီး လူအများရှေ့ မှာ ဟန်ဆောင် အပြုံးတု တစ်ခုနဲ့  မတည်ငြိမ်တဲ့ စိတ်တွေကို ထိန်းချုပ်ပြီး ၂ နာရီကျော် နေခဲ့ရသေးတယ်။ မှတ်မှတ်ယယ ဟန်ဆောင်တယ် ဆိုတာ အတော်ခက်မှန်း သိလိုက်ရတယ့် နေ့ တစ်နေ့ ပဲ။ ဒီနေ့  မိဘနှစ်ပါးကို အကြိမ်အနည်းငယ် နှောက်ယှက် လိုက်မိသေးတယ်။ အဖေက ဒီနေ့ မနက်ကမှ အိမ်ပြန်ရောက်တာတဲ့။ ကိုယ့်အသံကြားရုံနဲ့  ကိုယ့်ရဲ့ စိတ်ကို ခန့် မှန်းနိုင်ကြတဲ့ မိဘတွေရဲ့ ဘ၀မှာ ဘာတွေပဲ ကြုံနေပါစေ အားမလျှော့ နဲ့  အားလုံးအဆင်ပြေမှာပါ၊ အကုန်ရင်ဆိုင်နိုင်မယ်လို့  ယုံကြည်ပါတယ် ဆိုတဲ့ စကားသံတွေကို အားအင်အဖြစ်ယူလို့  ကျနေတဲ့စိတ်တွေကို ပြန်ကောက်လို့  ကိုယ်ကိုကိုယ် ပြန်တည်ဆောင်ယူရဦးမယ်။

လူတစ်ယောက် စိတ်ညစ်တယ်၊ ပျော်တယ် .. ဘာဘာ ညာညာဆိုတာတွေဟာ ကိုယ့်ရဲ့ စိတ်နဲ့ ပဲ အဓိက သက်ဆိုင်တာတဲ့။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရမယ်။ ခုရက်ပိုင်းမှာ လုပ်စရာတွေက အများကြီးရှိနေတယ်။ အခုအချိန်မှာ ဘာတွေဘယ်လောက် အဆင်မပြေပါစေ... တသက်လုံး ဒီလိုကြီးပဲ အဆင်မပြေမှု့တွေနဲ့  စိတ်ညစ်နေရအောင် ကိုယ့်ရဲ့ ကံကြမ္မာက ဆိုးရွားလှမယ် မထင်ပါဘူး။ သိပ်မဝေးတဲ့ အချိန်တစ်ခုမှာ ပြန်လည် တည်ငြိမ်လာမယ်၊ အရာရာ အဆင်ပြေလာမယ် ဆိုတာ ယုံကြည်ထားပါတယ်... ဒီနေ့ ပဲလား.. မနက်ဖြန်မှလား.. အင်း.... တစ်နေ့ နေ့ မှာပေါ့..

October 09, 2007

Minister for Relations - Myanmar

စစ်အစိုးရနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြား ဆက်သွယ်မှု့ တွေ ပြုလုပ်ပေးမယ် သူ တစ်ယောက်ခန့့်လိုက်တယ် ဆိုတဲ့ သတင်းကြားလိုက်ရထဲက ကျွန်မ စိတ်ထဲမှာ သိချင်တာတစ်ခုက မြန်မာပြည်က သတင်းစာတွေမှာ အဲ့ဒီ ရာထူးအသစ်ခန့်  လိုက်တယ် ဆိုတဲ့ သတင်းကို ဘယ်လို ထည့်မယ် ဆိုတာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့်သူက လက်ရှိ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  အကြားမှာ ဆက်သွယ်ပြီး ပိုကောင်းမွန်တဲ့ တိုးတက်မှု့ တွေ လုပ်ပေးနိုင်မယ်လို့  ကျွန်မ မမျှော်လင့်သလို ၊ လုပ်နိုင်မယ်လို့ လည်း မထင်ပါဘူး။ စစ်အစိုးရဘက်က ခန့် တဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ ရပ်တည်မှု့မျိုးနဲ့  ဆက်ဆံရေးတိုးတက်အောင် လုပ်ပေးနိုင်မှာလဲ။

ဒီနေ့  မနက်စောစော အလုပ်ရောက်တာနဲ့  မြန်မာ့အလင်းနဲ့  ကြေးမှုံသတင်းစာကို ဖတ်မယ်ဆိုပြီး MRTV-3 Program ကိုသွားကြည့်ဖြစ်တယ်။ အဲ့ဒီဆိုဒ်က ကြည့်မရဘူးဖြစ်နေတယ်။ ကျွန်မ သတင်းစာ ဖတ်ချင်ဇောတွေ များပြီး မြန်မာပြည်တွင်းက တင်တဲ့ wesite တွေ ကို နေ့ လယ်ပိုင်းတွေမှာ ကြည့်လို့ မရဘူးဆိုတာ မေ့သွားတယ်။ ညဘက် အိမ်ပြန်ရောက်လို့  မြန်မာပြည်က carfew အချိန်ရောက်မှပဲ သတင်းစာတွေ သွားဖတ်ဖြစ်အောင် ဖတ်ဦးမယ်လို့ ပဲ စိတ်လျှော့ခဲ့ရတယ်။ နေ့ လယ်ပိုင်း ကြတော့ မြန်မာပြည်အင်တာနက်ရတဲ့ သတင်းကြားတာနဲ့  ၀မ်းသာအားရ ကျွန်မ ပထမဆုံး လုပ်တဲ့ အလုပ်က မြန်မာသတင်းစာ သွားဖတ်တာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့် သူရဲ့ ရာထူးက ၀န်ကြီးအဆင့်တဲ့။ မြန်မာပြည်မှ ၀န်ကြီးတွေ ဘယ်နှစ်ယောက်တောင် ရှိနေလည်း ကျွန်မ သိလား ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်။ မသိဘူးရှင့်။ အင်း ... ကျွန်မပဲ ညံ့တာလား၊ မြန်မာပြည်မှာ ၀န်ကြီးတွေပဲ အရမ်းများနေတာလားတော့ မသိဘူး။ ထားပါ။ အဲ့ဒီဝန်ကြီးကို နာမည်ပေးထားတာက "ဆက်ဆံရေးဝန်ကြီး" တဲ့။ သူ့  လက်အောက်မှာ လုပ်ကိုင်နေသူ တခြားရာထူး ဘယ်သူမှရှိမယ် မထင်တော့၊ တစ်ယောက်တည်း ဒါပေမယ့် ၀န်ကြီးလုပ်နေတာလို့  ပြောလို့ ရမယ် ထင်ပါတယ်။ ဒီအစိုးရလက်ထက်မှာ ရာထူးအသစ်တွေ ဖော်ထုတ်ခဲ့တာ အတော်များနေပြီ။ မြန်မာပြည်မှမပြောနဲ့  ကမ္ဘာမှာတောင် တစ်ခါမှ မရှိဘူးတဲ့ " ဗိုလ်ချုပ်မှူးကြီး " ဆိုတဲ့ ရာထူးကို ယူထားပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ မဟုတ်လား။ လက်ရှိအခြေအနေမှာ ကျွန်မတို့ မြန်မာပြည်ဟာ ကမ္ဘာနဲ့  ယှဉ်လိုက်ရင် တခြားနေရာတွေမှာသာ အောင်ဆုံးအဆင့်မှာ ရှိချင်ရှိနေမယ်၊ ရာထူးအသစ်တွေ ရှာဖွေဖော်ထုတ် ခန့်အပ်တဲ့နေရာမှာ ဆိုရင်တော့ ထိပ်ဆုံးက မဟုတ်တောင် Top 10 ထဲမှာတော့ ပါနေမယ်ဆိုတာကို ယုံကြည်မိပါတယ်။

ဒီမှာ သတင်းစာတွေမှာပါတဲ့ ရာထူးအသစ် "ဆက်ဆံရေးဝန်ကြီး တာဝန်ပေးအပ်ကြောင်း" ကြေညာချက်ပါ...
Photo Credit to Ko osprey

Related Sources:
Myanmar democracy leader's party resists preconditions for talks with junta
Myanmar appoints Suu Kyi 'liaison'

Re-Open Internet Connection in Burma

ခုနက ရန်ကုန်က သူတချို့ အွန်လိုင်းတတ်လာပြီးပြောတာကြောင့် သူတို့  မြန်မာပြည်မှာ အင်တာနက်ကို ဒီနေ့  (2007/10/09) နေ့ လယ် ကစလို့  ပြန်သုံးလို့ ရနေပြီလို့ သိလိုက်ရပါတယ်။

မြန်မာပြည်မှာ အင်တာနက်ကွန်နက်ရှင်းကို လုံးဝ သုံးလို့ မရအောင် ဖြတ်တောက်ထားရကနေ ပြီးခဲ့တဲ့ သောကြာနေ့  ညပိုင်းလောက်ကစလို့  Carfew time အချိန်တွေမှာ (ည ၁၀ နာရီ - မနက် ၅ နာရီ) အထိ သုံးရနေကြောင်း သိခဲ့ရတယ်။ အဲ့ဒီလို ညပိုင်းအချိန်မှာတောင် မြန်မာတယ်လီပို့  (ယခင် ပုဂံဆိုက်ဘာတက်) ကပဲ အင်တာနက်ကို ဖွင့် ပေးတာဖြစ်ပြီး၊ MPT ကတော့ လုံးဝ သုံးလို့  မရအောင် ဖြတ်တောက်ထားတုန်းပဲလို့  သိခဲ့ရတယ်။

အင်တာနက်ကို လူတွေအပြင်မထွက်နိုင်တဲ့ ညပိုင်း Carfew အချိန်မှပဲ ဖွင့်ပေးတော့ အိမ်မှာ အင်တာနက်ရှိသူ (Home User) တွေလောက်ပဲ သုံးလို့ ရတော့တာပေါ့။ ဘယ်သူတွေ ဘာတွေသုံးပြီး ဘယ်ဆိုဒ်တွေဝင်လဲဆိုတာကို အလွယ်တကူ စောင့်ကြည့်နိုင်သွားမယ်။ ဒီတော့ အင်တာနက်ကို ညပိုင်းလေးမှာ အိမ်ကနေ သုံးသူတွေကလည်း လွတ်လွတ်လပ်လပ် မသုံးမပြုရဲကြတောပဲ၊ ဂရုတစိုက်သုံးစွဲနေကြရတယ်လို့ သိရတယ်။ ဒါပေမယ့် နောက်ပိုင်း ကြားရတာကတော့ တချို့  Internet Cafe က ရင်းနှီးသူတွေ သုံးလို့ ရအောင် ညဘက်တွေမှာ ဆိုင်ဖွင့်ပေးပြီး၊ အင်တာနက်သုံးချင်သူတွေက ဧည့်စာရင်းတိုင်လို့  ညလုံးပေါက် အင်တာနက် အသုံးပြုကြတယ်တဲ့လေ။ အင်း .. ဒါမျိုး တို့ တိုင်းပြည်တစ်ခုမှာပဲ ရှိမယ်ထင်တယ်။

ဒီနေ့ နေ့ လယ်မှာ အင်တာနက်သုံးလို့ ရတာတော့ အားလုံးကိုဖွင့်ပေးတာလား၊ ဘယ်လို ပြန်ဖွင့်တာလည်းတော့ သေချာမသိပါဘူး။ တနည်းနည်းနဲ့  သုံးလို့ ရနေတာဟာ လုံးဝ သုံးလို့  မရအောင် ပိတ်ထားခြင်းခံရတာ ထက်စာရင် တော်ပါသေးတယ်လို့  ဖြေတွေလေး တွေးမိတယ်။ တဘက်ကလည်း ဒီလို အင်တာနက် ကွန်နက်ရှင်ပြန်ဖွင့်တာကလည်း ဘယ်လောက်ခံမလဲ၊ ဘယ်အချိန်မှာ ပြန်ပိတ်သွားဦးမှာလဲလို့ စိုးရိမ်နေမိတယ်။


Other Related Links:
အင်တာနက် ဖြတ်ခဲ့သဖြင့် လုပ်ငန်းအခက်အခဲများကြုံကြရ - ခေတ်ပြိုင်

Sometimes

October 08, 2007

ထလော့ မြန်မာ၊ မြန်မာ ထလော့

ခုရက်ပိုင်း ဆရာဇော်ဂျီရေးသားတဲ့ တို့ တိုင်း တို့ ပြည် ကဗျာထဲက စာသားတချို့ ကို သတိရနေတယ်။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ..
ဆောင်ကြလေလော့ ...

တို့ တိုင်း တို့ ပြည် - ဇော်ဂျီ