Pages

October 02, 2007

Security : Dalai Lama Message is Malicious Virus

မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသူတွေအတွက် တိဘက် ဒလိုင်းလာမားရဲ့ message ဆိုပြီး ဖြန့် ဝေလာတဲ့ အီးမေးတစ်ခု မှာ virus ပါဝင်နေတဲ့ အကြောင်း သတင်းတစ်ခု ဖတ်ရပါတယ်။ အခုအချိန်မှာ မြန်မာ့အရေးကို အားလုံးက စိတ်ဝင်စားနေကြချိန်၊ မြန်မာနိုင်ငံအတွင်းက အင်တာနက်စတဲ့ ဆက်သွယ်ရေးတွေ အားလုံးကို ဖြတ်တောက် ခံထားရတော့ ဘယ်နေရက သတင်းတွေများ ရမလည်းဆိုပြီး မျှော်နေရတဲ့ အခ်ျိန် ဆိုတော့ အဲ့ဒီလို ခေါင်းစဉ်၊ အကြောင်းအရာ နဲ့  အီးမေးမျိုးရရင် ရရှိသူတွေဟာ ဖွင့်ကြည့်ဖို့  ၀င်လေးကြမယ် မထင်ဘူး။ အခု ပြောတဲ့ အီးမေးမှာ hhdl burma_001.doc ဆိုတဲ့ Attachment file တစ်ခု ပါဝင်နေပြီး၊ အဲ့ဒီ file ကို download လုပ် ဖွင့်ကြည့်လိုက်တာနဲ့  ကိုယ့်ရဲ့ ကွန်ပြူတာထဲကို Trojan တစ်ခုသွင်းပြီးသွား ဖြစ်သွားမှာပါ။ ဒလိုင်းလာမားစီက ဆိုပြီး ပို့ နေတဲ့ အီးမေး ပုံစံနဲ့  အသေးစိတ် အချက်အလက်တွေကို သိချင်တယ်ဆို ဒီမှာ [Burmese demonstrations social engineering] ဖတ်ကြည့်လို့ ရပါတယ်။

စိတ်ချယုံကြည်ရသူစီက မဟုတ်ရင် ကိုယ်ရတဲ့ အီးမေးတွေရဲ့ attachetment files တွေကို အလွယ်တကူ ဖွင့်မကြည့်လိုက် ကြပါနဲ့ ။ သတိထားကြပါ။

No comments: