Pages

October 01, 2007

Infront of Myanmar Embassy (Singapore - 30 Sept 2007)

မနေ့ ညနေက စင်္ကာပူသံရုံးရှေ့ မှာ ပြုလုပ်တဲ့ပွဲ ..
  • ၃၀ စက်တင်ဘာ ညနေက စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးရှေ့ မှာ ပြုလုပ်သော petition ကို ခေါင်းဆောင်တာ မြန်မာတွေမဟုတ်ပဲ.. စင်္ကာပူက အတိုက်အခံပါတီ (Singapore Democratic Party) မှ Dr Chee Soon Juan က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်
  • မြန်မာပြည်တွင်းမှာ မတရား သတ်ဖြတ်ခံရသူတွေကို ရည်စူးပြီး ဖယောင်းတိုင်တွေထွန် ဆုတောင်းတဲ့ ပွဲကိုလည်း ပြုလုပ်ခဲ့ကြတယ်
  • သံရုံးအရှေ့  ကိုက်တရာ လောက်အထိ ဖယောင်းတိုင်မီးတွေ ထွန်းညှိခဲ့ကြတယ်...
  • စင်္ကာပူလူမျိုးတစ်ချို့ နဲ့  မြန်မာတစ်ချို့  သံရုံးရေ မနက် ၄ နာရီအထိ တစ်ညလုံး နေကာ မီးထွန်းခဲ့ကြတယ်
  • မနေ့ ညက လက်မှတ် ၄၀၀ ကျော်စုဆောင်းရရှိခဲ့ပြီး မြန်မာနိုင်ငံသားတွေသာမက တခြားနိုင်ငံသားတွေပါ လက်မှတ်ထိုးခဲ့ ကြတယ်
  • Petition မှာ လက်မှတ်ထိုးချင်တယ်ဆို မြန်မာသံရုံးရှေ့ မှာ 03 Oct 2007 အထိ ရက်တိုးမြှုင့်ပြီး လက်မှတ်တွေ စုဆောင်းနေပါတယ်
  • မီးထွန်းညှိ ဆုတောင်းပွဲကိုလည်း ဆက်လက်ပြုလုပ်သွားပါဦးမယ်
  • ဒါပေမယ့် အခုလို လုပ်ဆောင်တာတွေအတွက် စင်္ကာပူအစိုးရစီက တရားဝင်ခွင့်ပြုချက် ရယူထားနိုင်ခြင်း မရှိဘူး ....
စတဲ့  အချက်တွေကို သိရတယ်၊ ကြားရပါတယ်..

ဒီစင်္ကာပူအစိုးရအကြောင်းလည်း သိကြတယ်.. ခွင့်ပြုချက်ရတယ်ဆိုတာ မဖြစ်နိုင်မှန်းသိကြပေမယ့် မြန်မာသံရုံးရှေ့ သွားပြီး လက်မှတ်ထိုးကြသူတွေ၊ မီးထွန်းညှိဆုတောင်းပွဲမှာ ပါဝင်ခဲ့ကြသူတွေ အားလုံးကို လေးစားပါတယ်။

When a permit is required for compassion - disgusting
Video - Petition-signing at Burmese embassy in Singapore (YouTube)
News - Over 400 visit Burmese Embassy To Sign Petition (The Online Citizen)
Photo - 30 September at Myanmar Embassy (Singapore)
Shameful LEEgime mata obstructing Peaceful Vigil (uncleyap-news.blogspot.com)
Sign letter of protest outside Burmese embassy
Singapore police warns Dr Chee at Myanmar Embassy
Singapore government adds to Myanmar oppression


ဒီမှာ ပါဝင်တဲ့ သတင်းတွေ၊ ဆိုဒ်လင့်တွေ၊ ဓာတ်ပုံလင့်တွေကို စုစည်း ဝေမျှပေးကြတဲ့ ညီအစ်ကို မောင်နှမများ အာလုံးကို ကျေးဇူးတင်ပါတယ်။

No comments: