Pages

October 10, 2007

Bad Day

ဘ၀မှာ အမြဲ အဆင်ပြေတာတွေကြီးပဲ ကြုံတွေ့ နေရမယ်လို့  မထင်ထားပေမယ့် ဒီနေ့ ကတော့ အတော်လေးကို အဆင်မပြေတာတွေ ကြုံတွေ့ ရတဲ့ နေ့ တစ်နေ့ ပါပဲ။ ဘယ်သူနဲ့ မှ စကားမပြောချင်၊ ကိုယ်တစ်ယောက်တည်း နေလိုက်ချင်ပါတယ်ဆိုမှ ပျက်ကွက်လို့ မရတဲ့ မီတင်တစ်ခုတက်ပြီး လူအများရှေ့ မှာ ဟန်ဆောင် အပြုံးတု တစ်ခုနဲ့  မတည်ငြိမ်တဲ့ စိတ်တွေကို ထိန်းချုပ်ပြီး ၂ နာရီကျော် နေခဲ့ရသေးတယ်။ မှတ်မှတ်ယယ ဟန်ဆောင်တယ် ဆိုတာ အတော်ခက်မှန်း သိလိုက်ရတယ့် နေ့ တစ်နေ့ ပဲ။ ဒီနေ့  မိဘနှစ်ပါးကို အကြိမ်အနည်းငယ် နှောက်ယှက် လိုက်မိသေးတယ်။ အဖေက ဒီနေ့ မနက်ကမှ အိမ်ပြန်ရောက်တာတဲ့။ ကိုယ့်အသံကြားရုံနဲ့  ကိုယ့်ရဲ့ စိတ်ကို ခန့် မှန်းနိုင်ကြတဲ့ မိဘတွေရဲ့ ဘ၀မှာ ဘာတွေပဲ ကြုံနေပါစေ အားမလျှော့ နဲ့  အားလုံးအဆင်ပြေမှာပါ၊ အကုန်ရင်ဆိုင်နိုင်မယ်လို့  ယုံကြည်ပါတယ် ဆိုတဲ့ စကားသံတွေကို အားအင်အဖြစ်ယူလို့  ကျနေတဲ့စိတ်တွေကို ပြန်ကောက်လို့  ကိုယ်ကိုကိုယ် ပြန်တည်ဆောင်ယူရဦးမယ်။

လူတစ်ယောက် စိတ်ညစ်တယ်၊ ပျော်တယ် .. ဘာဘာ ညာညာဆိုတာတွေဟာ ကိုယ့်ရဲ့ စိတ်နဲ့ ပဲ အဓိက သက်ဆိုင်တာတဲ့။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ရမယ်။ ခုရက်ပိုင်းမှာ လုပ်စရာတွေက အများကြီးရှိနေတယ်။ အခုအချိန်မှာ ဘာတွေဘယ်လောက် အဆင်မပြေပါစေ... တသက်လုံး ဒီလိုကြီးပဲ အဆင်မပြေမှု့တွေနဲ့  စိတ်ညစ်နေရအောင် ကိုယ့်ရဲ့ ကံကြမ္မာက ဆိုးရွားလှမယ် မထင်ပါဘူး။ သိပ်မဝေးတဲ့ အချိန်တစ်ခုမှာ ပြန်လည် တည်ငြိမ်လာမယ်၊ အရာရာ အဆင်ပြေလာမယ် ဆိုတာ ယုံကြည်ထားပါတယ်... ဒီနေ့ ပဲလား.. မနက်ဖြန်မှလား.. အင်း.... တစ်နေ့ နေ့ မှာပေါ့..

3 comments:

TKLinn said...

Aja Aja Fighting !!

Soe Moe said...

Your post won't be perfect without Daniel Powter - Bad Day.http://www.youtube.com/watch?v=oIcFgl6zf3A
Hope you are having a good day at home. . .

Nay Nay Naing said...

မထက်>> ကျေးဇူးပါ. :)

ကိုစိုးမိုး>> စိတ်ညစ်စရာကောင်းတဲ့ နေ့ တစ်နေ့ မို့  စိတ်ထဲရှိတာ ချရေးတာတောင် မပြည့်စုံသေးဘူးဆိုပြီး အပြောခံနေရပါလားနော်. အကောင်းဘက်ကလှည့်တွေးမယ်ဆိုရင် ရေးထားတာလေးမှာ ပြည့်ပြည့်စုံစုံလေးဖြစ်သွားစေချင်လို့  စေတနာနဲ့  အကြံပေးတာလို့  တွေးလို့ ရမယ်ထင်တယ်... နောက်ဆို တစ်ခုခုရေးမယ်ဆို ပိုပြည့်စုံအောင် လိုက်ဖက်တဲ့ သီချင်းလေးတွေပါ ထည့်ပေးရမလို ဖြစ်နေပြီ...