ဒီနေ့ တစ်နေ့ တည်း Don't worry, Be Happy ဆိုတဲ့စကား အကြိမ်ပေါင်းများစွာ ကြားလိုက်ရတာလို့  စိတ်ထဲကိုးလို့  ကန့် လန့်  ဖြစ်တာနဲ့  ဒီစာသားလေးကို Google လုပ်လိုက်တာ ဒီ အရုပ်လေးတွေ နဲ့  Flash Card လေး တွေ့ လိုက်ရတယ်။ ဒါလေးတွေကြည့်ပြီး မစိုးရိမ်ပါနဲ့  ထပ်ခါထပ်ခါ အပြောခံလိုက်ရလို့  စိတ်အစာမကြေ ဖြစ်နေတာတောင် ပျောက်သွားတယ်။
Hey... Don't Worry, Be Happy !!! flash file, mp3 and my feeling ;) - 17 October 2007 1989 Grammy Awards မှာ 'Best Song of the Year' ဆုရခဲ့တယ် ဆိုတဲ့ Bobby McFerrin ရဲ့ Don't Worry, Be Happy ဆိုတဲ့ သီချင်းလေးလည်း မဆိုးဘူး။ နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းဟာ Cocktails[1988] ရုပ်ရှင် ထဲမှာ ဇာတ်ဝင်တေးအဖြစ်ပါခဲ့ပြီး စက်တင်ဘာလမှာ ၂ ပတ်ကြာတောင် Billboard Hot 100 မှာ ပထမနေရာယူတာဖြစ်ကြောင်း ဖတ်ရတယ်။ [
Song Info] [
Lyrics] [
Flash Card]
Here's a little song I wrote
.....
In every life we have some trouble
But when you worry you make it double
Don't worry, be happy.
Don't worry, be happy now.
...
Look at me -- I'm happy. Don't worry, be happy.
Here I give you my phone number. When you worry, call me,
I make you happy. Don't worry, be happy
....
Don't worry, don't worry, don't do it.
Be happy. Put a smile on your face.
Don't bring everybody down.
Don't worry. It will soon pass, whatever it is.
Don't worry, be happy.
I'm not worried, I'm happy...ကိုယ်က မဟုတ်ပါဘူးဆိုတာကို ရှင်းပြလို့ မရ၊ အတင်းကြီး လိုက်ပြောနေရင် အတော်စိတ်တိုဖို့ ကောင်းတာပဲ။ ခုလည်း ဘာမှ မစိုးရိမ်နေပါဘူး ဆိုတာ ပြောလို့ ၊ ရှင်းလို့ လည်းမရ။ ဘာမှ မစိုးရိမ်ပါနဲ့ ၊ ဘာမှ မစိုးရိမ်ပါနဲ့  အကြိမ်ကြိမ်ထပ် ပြောနေတယ်။ ပြောတာများလွန်းလို့  ကိုယ့်ဟာကိုယ်တောင် သံသယ ရှိလာပြီး သေချာပြန်မေးလိုက်ရသေးတယ်။ ငါဘာတွေများ စိုးရိမ်လို့  ၊ မပျော်ရွှင်နိုင်အောင် ဖြစ်နေသလဲလို့ ။ အရမ်းပျော်ရွှင်နေတယ် မဟုတ်ပေမယ့် စိုးရိမ်စရာလည်း ရှိမနေတာသေချာပါတယ်။ ဟိုရက်ပိုင်းကမှ စိတ်ညစ်စရာတချို့ ရှိလို့  နည်းနည်း ခေါင်းရှုပ်နေသေးတယ်၊ ဒီရက်ပိုင်းတော့ ပုံမှန်ပါပဲ။ တစ်နေ့ တစ်နေ့  မနက်စောစောထ၊ အလုပ်သွား၊ ညနေအိမ်ပြန်ရောက်တော့ ထမင်းစား၊ အွန်လိုင်းခန၀င်၊ သတင်းတွေလိုက်ဖတ်၊ ခဏနားပြီး ရေမိုးချိုး၊ စာနည်းနည်းဖတ် ပြီးတော့ စောစောအိပ်ရာဝင်၊ အရင်ကထက်တောင် ပိုလိမ္မာနေသေးသလိုပဲ။ :D တကယ်ဆို ရွတ်ပြီး စိုးရိမ်သင့်ရင် စိုးရိမ်လို့ ရအောင် ဘာတွေများ စိုးရိမ်စရာ၊ မပျော်ရွှင်နိုင်စရာတွေ ရှိနေမယ်ထင်နေလို့  ဒီလို လာပြောနေရတာလဲလို့  ပြန်ပြီးမေးလိုက်ရမှာ။
No comments:
Post a Comment