Pages

October 09, 2007

Minister for Relations - Myanmar

စစ်အစိုးရနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြား ဆက်သွယ်မှု့ တွေ ပြုလုပ်ပေးမယ် သူ တစ်ယောက်ခန့့်လိုက်တယ် ဆိုတဲ့ သတင်းကြားလိုက်ရထဲက ကျွန်မ စိတ်ထဲမှာ သိချင်တာတစ်ခုက မြန်မာပြည်က သတင်းစာတွေမှာ အဲ့ဒီ ရာထူးအသစ်ခန့်  လိုက်တယ် ဆိုတဲ့ သတင်းကို ဘယ်လို ထည့်မယ် ဆိုတာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့်သူက လက်ရှိ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့  အကြားမှာ ဆက်သွယ်ပြီး ပိုကောင်းမွန်တဲ့ တိုးတက်မှု့ တွေ လုပ်ပေးနိုင်မယ်လို့  ကျွန်မ မမျှော်လင့်သလို ၊ လုပ်နိုင်မယ်လို့ လည်း မထင်ပါဘူး။ စစ်အစိုးရဘက်က ခန့် တဲ့ သူတစ်ယောက်က ဘယ်လိုလုပ်ပြီး မှန်ကန်တဲ့ ရပ်တည်မှု့မျိုးနဲ့  ဆက်ဆံရေးတိုးတက်အောင် လုပ်ပေးနိုင်မှာလဲ။

ဒီနေ့  မနက်စောစော အလုပ်ရောက်တာနဲ့  မြန်မာ့အလင်းနဲ့  ကြေးမှုံသတင်းစာကို ဖတ်မယ်ဆိုပြီး MRTV-3 Program ကိုသွားကြည့်ဖြစ်တယ်။ အဲ့ဒီဆိုဒ်က ကြည့်မရဘူးဖြစ်နေတယ်။ ကျွန်မ သတင်းစာ ဖတ်ချင်ဇောတွေ များပြီး မြန်မာပြည်တွင်းက တင်တဲ့ wesite တွေ ကို နေ့ လယ်ပိုင်းတွေမှာ ကြည့်လို့ မရဘူးဆိုတာ မေ့သွားတယ်။ ညဘက် အိမ်ပြန်ရောက်လို့  မြန်မာပြည်က carfew အချိန်ရောက်မှပဲ သတင်းစာတွေ သွားဖတ်ဖြစ်အောင် ဖတ်ဦးမယ်လို့ ပဲ စိတ်လျှော့ခဲ့ရတယ်။ နေ့ လယ်ပိုင်း ကြတော့ မြန်မာပြည်အင်တာနက်ရတဲ့ သတင်းကြားတာနဲ့  ၀မ်းသာအားရ ကျွန်မ ပထမဆုံး လုပ်တဲ့ အလုပ်က မြန်မာသတင်းစာ သွားဖတ်တာပါပဲ။ အဲ့ဒီနေရာမှာ တာဝန်ထမ်းဆောင်မယ့် သူရဲ့ ရာထူးက ၀န်ကြီးအဆင့်တဲ့။ မြန်မာပြည်မှ ၀န်ကြီးတွေ ဘယ်နှစ်ယောက်တောင် ရှိနေလည်း ကျွန်မ သိလား ကိုယ့်ကိုယ်ကို ပြန်မေးကြည့်တယ်။ မသိဘူးရှင့်။ အင်း ... ကျွန်မပဲ ညံ့တာလား၊ မြန်မာပြည်မှာ ၀န်ကြီးတွေပဲ အရမ်းများနေတာလားတော့ မသိဘူး။ ထားပါ။ အဲ့ဒီဝန်ကြီးကို နာမည်ပေးထားတာက "ဆက်ဆံရေးဝန်ကြီး" တဲ့။ သူ့  လက်အောက်မှာ လုပ်ကိုင်နေသူ တခြားရာထူး ဘယ်သူမှရှိမယ် မထင်တော့၊ တစ်ယောက်တည်း ဒါပေမယ့် ၀န်ကြီးလုပ်နေတာလို့  ပြောလို့ ရမယ် ထင်ပါတယ်။ ဒီအစိုးရလက်ထက်မှာ ရာထူးအသစ်တွေ ဖော်ထုတ်ခဲ့တာ အတော်များနေပြီ။ မြန်မာပြည်မှမပြောနဲ့  ကမ္ဘာမှာတောင် တစ်ခါမှ မရှိဘူးတဲ့ " ဗိုလ်ချုပ်မှူးကြီး " ဆိုတဲ့ ရာထူးကို ယူထားပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ မဟုတ်လား။ လက်ရှိအခြေအနေမှာ ကျွန်မတို့ မြန်မာပြည်ဟာ ကမ္ဘာနဲ့  ယှဉ်လိုက်ရင် တခြားနေရာတွေမှာသာ အောင်ဆုံးအဆင့်မှာ ရှိချင်ရှိနေမယ်၊ ရာထူးအသစ်တွေ ရှာဖွေဖော်ထုတ် ခန့်အပ်တဲ့နေရာမှာ ဆိုရင်တော့ ထိပ်ဆုံးက မဟုတ်တောင် Top 10 ထဲမှာတော့ ပါနေမယ်ဆိုတာကို ယုံကြည်မိပါတယ်။

ဒီမှာ သတင်းစာတွေမှာပါတဲ့ ရာထူးအသစ် "ဆက်ဆံရေးဝန်ကြီး တာဝန်ပေးအပ်ကြောင်း" ကြေညာချက်ပါ...
Photo Credit to Ko osprey

Related Sources:
Myanmar democracy leader's party resists preconditions for talks with junta
Myanmar appoints Suu Kyi 'liaison'

3 comments:

Anonymous said...

Hi Ma N3,

I usually visit your blog.
I like it for it gives me some knowledge, info and news.
Keep it up!
I'm leaving a comment since cbox is not available.

Tycoon @ Natvie Myanmar

Anonymous said...

Myanmar Newspaper alternate website:
http://www.myanmar.com/newspaper/myanmarahlin/index.html

Nay Nay Naing said...

တိုင်ကွန်းရေ.. နှစ်သက်တယ်ဆိုတာ သိရလို့  ၀မ်းသာပါတယ်.. :)

anonymous>> link အတွက် ကျေးဇူးပါ...