Pages

October 15, 2007

Watch free movies Online

ရုပ်ရှင်ကြည့်လို့ ရတဲ့ Website တစ်ခုကို ဒီစနေ နဲ့ တနင်္ဂနွေမှာ စမ်းသပ်ကြည့် ဖြစ်ပါတယ်။ အရင်ကဆို အားလပ်ရက်မှာ အင်တာနက် ပေါ်ကတိုက်ရိုက်ပဲ ဖြစ်ဖြစ်၊ ကြားရက်တွေမှာ ဒေါင်းလုတ်လုပ်ယူထားတဲ့ ရုပ်ရှင်တွေကိုပဲဖြစ်ဖြစ် အပျင်းပြေ အမြဲ ဖွင့်ထားဖြစ်ပါတယ်။ ဒီလပိုင်းတွေမှာတော့ ပြည်တွင်းသတင်းတွေ လိုက်ဖတ်နေရတာရယ်၊ ကိုယ့်ဟာကိုယ် ဘာမှန်း မသိတာတွေနဲ့  ရှုပ်ရှက်ခပ် နေတာတွေရယ်ကြောင့် အဲဒီဘက်ကို ခြေဦးမလှည့်နိုင်ဘူး ဖြစ်နေခဲ့တယ်။ SSUpload ကို ဟိုးအရင်ကတည်းက စိုးမိုးရဲ့ဘလော့ က Online Movies ဆိုတဲ့ ခေါင်းစဉ်အောင်မှာ တင်ထားတာတွေ့ နေခဲ့တာပါ။ ဒါပေမယ့် တစ်ခါမှ မကြည့်ဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ တနင်္ဂလာနေ့ ကတော့ နိုင်နိုင်းစနေက သူ့ ဘလော့မှာ ဒီဆိုဒ်လေး ကောင်းတယ် ဆိုပြီး ညွှန်းထားတာ တွေ့ တာလိုက်လို့  စမ်းကြည့်ချင်စိတ် ပေါက်သွားတယ်။ ပထမဆုံးအကြိမ် ကြည့်ဖို့ ကြိုးစားတုန်းက Loading ဆိုတာပဲ ပေါ်ပြီး ရှေ့ ဆက်မသွားဘူးး။ ဒါနဲ့  တစ်ခုခုများ ထပ်ပြီး install လုပ်ဖို့ လိုနေလား၊ ဘာများမှားနေလဲ ဆိုပြီး ဆက်ပြီး မကြည့်ဖြစ်တော့ဘူး။ အခု အားလပ်ရက်မှာ စမ်းကြည့်မှာပဲ အရင်က ဘာကြောင့် ကြည့်လို့ မရတာလဲဆိုတာ သိရတော့တယ်။

SSUpload က တချို့  ရုပ်ရှင်တွေက Firefox နဲ့  ကြည့်လို့  လုံးဝ မရပါဘူး။ Internet Explorer (IE) ကြည့်မှ အဆင်ပြေ ပါတယ်။ Movie တိုင်းတော့ မဟုတ်ပါဘူး။ SSUpload မှာရှိနေတဲ့ Movies တွေက နေရာအစုံမှာ host လုပ်ထားတာဆိုတော့ Movie တစ်ခုနဲ့  တစ်ခုတော့ ဖွင့်ပေးတဲ့ Player က မတူပါဘူး။ Firefox နဲ့ ကြည့်လို့ မရဖြစ်နေရင် IE နဲ့ သာ ပြောင်းဖွင့်လိုက်ပါ။ Movie ကြည့်လို့ ရပါလိမ့်မယ်။ တခြား Software ထပ်သွင်းစရာ မလိုပါဘူး။ User Account လုပ်စရာ မလိုပဲ အခမဲ့ ကြည့်နိုင်တယ်။ ကျွန်မ ကြည့်မိသလောက်တော့ အဲ့ဒီက Movies တွေရဲ့ Quality က မဆိုးပါဘူး။ Movie အသစ်တွေ အတော်များများ ရှိသလို အမြဲလည်း update လုပ်နေတာ တွေ့ ရပါတယ်။ ရုပ်ရှင်ကြည့်ရတာကို နှစ်သက်သူများ သဘောကျမယ့် Website တစ်ခုပါ။

(SSUpload : This is a great site for people who want to kill some time and have some good entertainment by watching movies.)

No comments: