Pages

July 30, 2010

ဖား........

ဖားအော်လို့  မိုးရွာတာလား.... မိုးရွာလို့  ဖားတွေအော်တာလား..
...
ကိုရွှေဖား
From Garden Festival - Frog

ဖား စုံတွဲ..
From Garden Festival - Frog

ဖား တို့ စုံညီ..
From Garden Festival - Frog

July 29, 2010

A Colleague's Farewell Lunch

ခုရက်ပိုင်း ဘာမှ မစားဘူးလားတဲ့။ စားပါတယ်။ စားတာတွေကတော့ ပုံမှန် စားနေကြပုံစံပါပဲ။ ဓာတ်ပုံ မရိုက်ဖြစ်ဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်တွေက အလုပ်ကလူတွေနဲ့ သွားစားတဲ့  Team Lunch တွေ ရှိတယ်။ အခု အစားအသောက်ပုံတွေ အားလုံးကို အလုပ်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ဖုန်းနဲ့ ရိုက်ယူထားတာတွေပါ။ အလုပ်လုပ်ရင်းပျင်းလာလို့  ဓာတ်ပုံတွေ တောင်း၊ ဒီမှာ မှတ်လိုက်တယ်။ ဒီဆိုင်မရောက်တာ အတော်ကြာပြီ။ မှာတာကတော့ စားနေကြ ဟင်းတွေပါပဲ။ တိုးတတ်လာတယ်ဆိုရမယ် ဆိုင်မှာ Menu ကို အင်္ဂလိပ်လို ရေးထားပြီ။ အရင်က တရုတ်လိုပဲ ရေးထားတော့ မှာရတာ အဆင်မပြေဘူး။ ခုတော့ ကိုယ့်ဘာသာ သွားစားလို့ ရပြီ။ ခေါက်ဆွဲအကြည်တွေက အပြား ပိုကြီးသွားတယ်။ အရင် ခပ်ပါးပါး အမျိုးအစာကို ပိုကြိုက်တယ်။

အားလုံးအကြိုက်
From Farewell Lunch


ကျွေးတဲ့သူ အကြိုက်
From Farewell Lunch


ဘာသာလူမျိုးမရွေး
From Farewell Lunch


စိမ်းစိမ်းစိုစို
From Farewell Lunch

အသီးအရွက် လေးပွဲ
From Farewell Lunch

အသားမှာဝက်
From Farewell Lunch

အားလုံးစုံပါပြီ။
From Farewell Lunch

ဒီလကုန် အလုပ်မှာ ကျွန်မတို့  အဖွဲ့ ထဲက တစ်ယောက် အလုပ်ထွက်မယ်။ အဲဒီတစ်ယောက်က အစားအသောက် ကောင်းအရမ်း ကြိုက်တယ်။ အလုပ်ထွက်မယ့်သူကို နှုတ်ဆက်တဲ့အနေနဲ့  အုပ်စုလိုက်ပထမ သွားစားတာက Bumbu ဆိုတဲ့ ဆိုင်မှာ။ Indonesian/Thai Restaurant။ အဲဒီဆိုင်မှာတော့ အုပ်စုလိုက်ပုံကလွဲရင် အစားအသောက်ပုံတွေ မရိုက်ဖြစ်ဘူး။ ခုပုံတွေက ထွက်တော့မယ့် တစ်ယောက်က ရင်းနှီးတဲ့ သူတွေကို ပြန်ကျွေးတာ။ အားလုံး ၅ ယောက်။ ကျွေးတဲ့သူက သူကြိုက်တဲ့ အစားအသောက်ဆိုင်တွေမှာ ကျွေးတယ်၊ ကျွေးခိုင်းတယ်။ Bumbu ဆိုင်မှာစားတဲ့နေ့ ကတော့ တဖွဲ့ လုံးဆိုတော့ လူများတယ်။

၃နှစ်နီးပါး တဖွဲ့ တည်းမှာ အလုပ်အတူ လုပ်ခဲ့ကြတယ်။ တိုးတက်ရာတိုးတက်ကြောင်း ပြောင်းကြတယ်။ ကောင်းပါတယ်။ ကိုယ်တွေလည်း ပြောင်းရင် ကောင်းမလား စဉ်းစားနေပြီပဲ။ ၃ နှစ်ဆိုတဲ့ အချိန်ဟာ အလုပ်အသစ် တစ်ခုထပ်ပြောင်းဖို့  လုံလောက်တယ် ထင်တာပဲ။ နောက်အလုပ်အသစ်က လခအတော်များတယ် ပြောတယ်။ အဆင်ပြေပါစေ။

Other Related Post: Northern Chinese Cuisine

July 27, 2010

သံယောဇဉ်အမျှင်တန်း....

ပထမဆုံး အစအဆုံးပြီးအောင် ဆော့ဖြစ်ခဲ့တဲ့ PC ဂိမ်း။ ဒီဂိမ်း အရမ်းနာမည်ကြီးတဲ့အချိန် ၂၀၀၈-၂၀၀၉ ၁၉၉၈-၁၉၉၉ (မှားဖြစ်အောင်မှားရေး လိုက်သေးတယ် - ကျေးဇူး PMZ) လောက်က ရန်ကုန်မှာ သင်တန်းတွေပြီးလို့  အိမ်ပြန်ရောက်တာနဲ့  ဂိမ်းဆော့ခဲ့တယ်။ နောက်ပိုင်း ကျောင်းတတ်ဖို့ ထွက်လာတော့လည်း ဆက်ဆော့ ဖြစ်တယ်။ တစ်ယောက်တည်း ဆော့သလို သူငယ်ချင်းတွေနဲ့  အွန်လိုင်းချိန်းပြီးလည်း ဆော့တယ်။ အလုပ်ခွင်စ အချိန်ကဆို အတော်ကြီးပြန်ဆော့ ဖြစ်သေးတယ်။ သောကြာ၊ စနေညတွေဆို မအိပ်သလောက်နီးနီး ဂိမ်းကို ကြိုးစားပန်းစားဆော့ခဲ့တာ။ လွန်ခဲ့တဲ့ ၄ နှစ်လောက် အထိ ဒီဂိမ်း ဆော့ဖြစ်နေသေးတယ်။ နောက်ပိုင်းတော့ PC ဂိမ်တွေ မဆော့တော့ဘူး စိတ်ကူးပြီး ကွန်ပြူတာမှာ install လုပ်မထား ဖြစ်တော့ဘူး။

II ထွက်မယ် သတင်းကြားတော့ ဒါလေးဆော့ချင်လိုက်တာဆို ပြောမိတယ်။ Mac အတွက်လည်း ထွက်မှာ၊ ဒီဂိမ်းကို ဘယ်လိုဆော့ခဲ့တာ၊ ဘာညာစတာတွေကို ဒီနှစ်တွေအတွင်း ဘယ်နှစ်ကြိမ်တောင် ပြောမိခဲ့လည်း မသိဘူး။ ဂိမ်းလုံးဝ ဆော့လေ့ မရှိသူ၊ ဂိမ်ဆော့တာ မနှစ်သက်သူကတောင်မှ ဒီဂိမ်း လိုချင်တယ်၊ ဆော့ချင်တယ်ဆို သူ ၀ယ်ပေးမယ်လို့  နောက်ဆုံးမှာ ပြောလာတယ်။ မှတ်မှတ်ယယ လွန်ခဲ့တဲ့ ၃-၄ လကတောင် သူက သတိတရနဲ့  ၂၀၁၀ ထဲမှာ ဆော့ချင်တယ် ဆိုတဲ့ ဂိမ်းထွက်မယ် ပြောထားတာ ထွက်ပြီလား ၀ယ်ပေးမယ်လေဆို မေးလာသေးတယ်။ သူလုံးဝ မနှစ်သက်ပေမယ့် ကိုယ်ကြိုက်တာလေး သတိတရ မေးလာတယ်တယ်ဆိုတော့ကား စိတ်ချမ်းသာပါတယ်။

အဲလိုဝယ်ပေးမယ် ဆိုတိုင်းလည်း ဆော့လို့ သင့်ပါ့မလား တွေးရသေးတယ်။ အခုလို ဘာဂိမ်းမှ မဆော့ပဲနေရင် ဘာမှ မဖြစ်ဘူး။ (Web က ဂိမ်းသေးလေးတွေတော့ ဆော့တုန်းပေါ့ :">) နေလို့ ရတယ်။ အဲ.. ၀ယ်ပေးလို့  ဆော့ဖြစ်မယ်ဆို ဂိမ်းဆော့တာနဲ့  အတော်ကြီး အချိန်ကုန်မယ်။ ကိုယ့်အကြောင်းကို ကိုယ်သိနေတယ်။ ဂိမ်းလည်းဆော့၊ ဆော့တာနဲ့  အမျှ တခြားလုပ်စရာတွေမှာ လစ်ဟင်းမှု့ မရှိအောင်ဆို ပိုလုပ်ရ အုံးမယ်။ ဒီတိုင်း ပုံမှန် အလုပ်နဲ့  ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်နေတာနဲ့ တောင်မှ တချို့ ရက်တွေ ၃-၄ နာရီလောက် အိပ်ဖြစ်တာ။ မဖြစ်ပါဘူး။ အရေးကြီးတာ ဘာလဲသေချာစဉ်းစားပြီး ဂိမ်း မဆော့တာ ကောင်းပါတယ်။ မ၀ယ်ဘူး/ မယူဘူးဆိုတဲ့ ဆုံးဖြတ်လိုက်တယ်။ ခုချိန်ထိတော့ အဲဒီအချက် ထိန်းထားနိုင်ပါတယ်။
ဒါပေမယ့် ဘယ်နေ့ ထွက်မလဲ၊ ထွက်လာတဲ့အခါ ဘယ်လို အခြေအနေရှိမလဲ၊ သတင်းတွေကိုတော့ မဖတ်ပဲ နေနိုင်ဘူး။ ဒီနေ့  အဲဒီ ဂိမ်းအကြောင်းပဲ စိတ်ထဲရောက်နေတယ် ဘာလိုလဲဆို ဒီနေ့  StarCraft II: Wings of Liberty တရာဝင် ထွက်တယ်လေ။ ဟိုတလောထဲက (Digital Purchase) ဒေါင်းလုတ်လုပ် စပြီး ဆော့လို့ ရတယ်လို့  FB မှာ သူငယ်ချင်းတစ်ယောက်တင်ထာ တွေ့ ပေမယ့် မစမ်းခဲ့ဘူး။ ဘာဖြစ်လို့ လဲဆို စဖြစ်ခဲ့ရင် ဒီနေ့  ရအောင် ၀ယ်(activate လုပ်) ဆော့ဖြစ်မှာ သေချာသလောက်ရှိနေလို့ ပါ။

StarCraft II is split into three installments: the base game with the subtitle Wings of Liberty, and two expansion packs, Heart of the Swarm and Legacy of the Void.

သံယောဇဉ်.. သံယောဇဉ်.. ခုတောင် ထမင်းသွား မစားပဲ ထိုင်ရေးနေတာ။ လုံးဝ မစားလို့ မဖြစ်ဘူး။ အလုပ်များတဲ့ အချိန် အစာလေးတော့ မှန်မှန်စားအုံးမှ။ နေ့ လည်စာ သွားစားလိုက်ပါအုံးမယ်။ မနေ့ က ည ၁၁ နာရီထိုးမှ အိမ်ပြန်ရောက်တယ်။ ပင်ပန်း၏။

July 26, 2010

အချစ်ရဲ့အားမာန်

ဒီနေ့  နားထောင်ဖြစ်တဲ့ ဖိုးချို - အချစ်ရဲ့အားမာန်... ဒီသီချင်းကို ကြိုက်တယ်။ မှတ်မှတ်သားသား ရှိတယ်... ဘာကြောင့်လဲဆို...

အိုဗာတင်းတွေ ချောကလက်တွေ

နင်ဝယ်ကျွေးတော့ ၀မ်းနည်းတယ်
မလိုပါကွယ် ဒါတွေမကျွေးလည်း ချစ်မှာပါ
ပြန်လည်ပြီးတော့ တလှည့် ...မင်းငါ့ကို အမှတ်တရရှိစေဖို့ 
ဘာဝယ်ရမှန်း.. ငါ့မှာ တကယ်ကို မတွေးတတ်ပြီ..

ချဉ်ရည်ဟင်း နဲ့ ငပိတစ်ခွက်နဲ့  မိန်အောင်စားတဲ့ ငါ့မနက်စာ
........
ယုံကြည်ကိုးစားသွားခဲ့မိပြီ အချစ်ရဲ့အားမာန်ကို
ဘ၀င်တွေမြင့်သွားလောက်အောင် စိတ်ချလိုက်ပြီကွယ်
စေတနာရှင်မလေးအတွက်.. စေတနာရှင်မလေးအတွက်..
တကယ်ချစ်တယ်ဆိုရင်..

လေလည်းမလုံ မိုးလည်းယို.. အိမ်အိုကြီးရဲ့ အပွေ့ အဖက်ကို
အတူခေါ်ကာ ရင်ဆိုင်ခိုင်းဖို့ သင့်ပါ့မလား
ဘယ်လိုပဲ တို့ နှစ်ယောက် မီးတောက်အောင်ချစ်ခဲ့ကြပါစေ..
ထမင်းရည်သောက်ပြီး ဘ၀ဖန်တီးဖို့ မပြောရက်ဘူး..


* * * * *
ဖိုးချို - အချစ်ရဲ့အားမာန်(Download)


ဇော်ဝင်းထွဋ် - အချစ်ရဲ့အားမာန် (Download)


ကျွန်မ အနေနဲ့  ဒီသီချင်းကို ပထမဆုံး နားဆင်ခဲ့ဖူးတာ ဇော်ဝင်းထွဋ် ဆိုထားတဲ့ ဗားရှင်းပါ။ ဒါပေမယ့် ဇော်ဝင်းထွဋ် အရင် ဖိုးချို သီဆိုထားတာရှိတယ်လို့ တော့ သူများတွေ ပြောလို့  သိခဲ့ရတယ်။ တကယ် ဖိုးချိုဆိုထားတဲ့ ဗားရှင်းကို ဒီနေ့ မှ နားထောင်ဖူးတော့တယ်။ ဖိုချိုဆိုတာလည်း ကောင်းတယ်။ ဖိုးချိုနဲ့  ဇော်ဝင်းထွဋ် အပြင် ဒီသီချင်း ဘယ်သူတွေ ဆိုဘူးသေးလဲ မသိဘူး။ ဇော်ဝင်းထွဋ် က ဒီသီချင်းကို စောဘွဲ့ မှူး အမှတ်တရ-၂ ထဲမှာ ပြန်ဆိုထားခဲ့တာဆိုတော့ စောဘွဲ့ မှူး ရေးခဲ့တဲ့ သီချင်းလား၊ ပထမဆုံး သီဆိုခဲ့တာ စောဘွဲ့ မှူးလားတော့ သေချာ မသိဘူး။

ဒီသီချင်းကို ပထမဆုံးနားထောင်ခဲ့ဖူးတာ ၂၀၀၀-၂၀၀၁ လောက်က ထင်တယ်။ ဒီသီချင်းကို ပထမဆုံး တကြိမ်နားထောင်ယုံနဲ့  ကျွန်မ စိတ်ထဲမှာ မှတ်မိခဲ့ပါတယ်။ သီချင်းစာသားထဲက အိုဗာတင်းတွေ၊ ချောကလက်တွေ၊ ချဉ်ရည်ဟင်းတွေ၊ ငပိရည်တွေ၊ ထမင်းရည်တွေ ရဲ့ စွဲဆောင်နိုင်စွမ်းကြောင့်လို့  ထင်တယ်။ ဒါတွေကြိုက်လို့ လားဆို မကြိုက်ပါဘူး၊ အိုဗာတင်းကို မဖြစ်မနေဆို အရသာမခံပဲ အမြန် ဒါမှမဟုတ် နှာခေါင်းပိတ်သောက်ရင် သောက်နိုင်သေးတယ်။ ချောကလက်စားလေ့ မရှိသလို၊ ချဉ်ဟင်းလည်း မကြိုက်ဘူး။ ငါးပိရည်ဆို စားလေ့တောင် မစားဘူး။ ဒါပေမယ့် အခုလို သီချင်းစာသားထဲမှာ အစားအသောက် နာမည်တွေပါခြင်းဟာ ကျွန်မအတွက် သီချင်းတွေကို မှတ်မိလွယ်ဖို့  အများကြီး အထောက်အကူ ပြုနေပါတယ်။ နောက်ပြီး ဒီသီချင်းလိုပဲ မှတ်မိနေတဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ အဲဒါကတော့ ဒိုးလုံးရဲ့ နံပြားနဲ့  စတဲ့ သီချင်း... ပဲပြုတ်နံပြား စားချင်တဲ့အခါ ဒီသီချင်း သတိရတတ်ပါသေးတယ်။ ဒါနဲ့  အချစ်ရဲ့အားမာန်မှာ ဖိုးချိုဆိုတာနဲ့  ဇော်ဝင်းထွဋ် ဆိုတာမှာ သီချင်းစာသား တချို့ ကွဲနေတာ သတိထားမိတယ်။ သိသာတာက ပေးနဲ့  ကျွေး။

Mp3 Credit to Ma Mon

July 25, 2010

Oh My Lunch

ဒီနေ့  ချက်မစားတာကြာပြီဖြစ်တဲ့ ပုဇွန်ဟင်း ချက်စားလိုက်တယ်။
From Everything
ကိုယ့်ဘာသာ ပုဇွန်ဟင်း ချက်မစားတာ အတော်ကြာပြီလိုပဲ။ ပုဇွန်မစားဖြစ်တာ ကြာတာတော့ မဟုတ်ပါဘူး။ ရန်ကုန်မှာ ပုဇွန်ဝယ်လို့ ရတဲ့အချိန်ဆိုတော့ အမေက လူကြုံရှိတိုင်း ပုဇွန်ထည့်ပေးလေ့တဲ့အတွက် အဲဒီပုဇွန်တွေပဲ ဆီလေးနဲ့  ပြန်လှိမ့် ကြော်စား ဖြစ်တယ်။ အမေ ထည့်ပေးတဲ့ ပုဇွန်က ပိုစားကောင်းတယ်လေ။ အခုဟာလည်း အမေ့အိမ်က ပုဇွန်ကို မမှီပေမယ့် စားလို့ ကောင်းပါတယ်။ ပုဇွန် ၁၀ ကောင်။
From Everything

တမျိုးထဲ မစားတတ်ဘူး။ တခြား ဘာအသီးအရွက်မှ ၀ယ်ထားတာ လည်းမရှိတော့ ခရမ်းချဉ်သီး၊ ဂေါ်ဖီလေးနဲ့  ဂျင်းလေး၊ နှစ်ပြန်ကြော်လေးထည့်၊ ပုဇွန်ခြောက် နဲ့ အတူ ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးလှီးထည့်ထားတာလေးလည်း လုပ်စားလိုက်တယ်။ မနေ့ က လုပ်စရာရှိတာတွေ လုပ်ထားပြီးတဲ့အတွက် ဒီနေ့  နေ့ လည်စာ ထမင်းစားပြီး တရေးအိပ်ချင် အိပ်လို့ ရပြီ။ နောက်လာမယ့် ရက်တွေကို ကျော်ဖြတ်ဖို့  အားအင်ပြည့်နေဖို့ လိုတယ်။

July 23, 2010

တွေ့ ကြုံလေသမျှ.....

တခါတခေါက်ရောက်ခဲ့လို့ ...
မြင်ရကြားရတာလေးတွေ.. တွေ့ ရကြုံရတာလေးတွေ ရေးရပြန်အုံးတော့မယ်....

အိတ်ထဲထည့်သည်လာရတဲ့ ပိုက်ဆံတွေ ထွက်သွားလို့  ရှိသမျှကုန်ပြီ... အိတ်ပေါ့ပါးပြားချပ် ကျန်ခဲ့တဲ့အကြောင်း..
ဒီလိုအတွေ့ အကြုံမျိုးကို နိုင်ငံရပ်ခြားမှာနေထိုင်တဲ့ ပုံမှန်လူတန်းစား မြန်မာနိုင်ငံသားတိုင်း ကြုံဖူးကြမှာပါ...

အခုနေတဲ့နိုင်ငံမှာ လွယ်လွယ်ကူကူ Cards တွေ သုံးနေတာ မဟုတ်လားလို့  မမေးလိုက်ပါနဲ့ ..
မြန်မာ သံရုံးမှာ မြန်မာပုံစံပဲ ကျင့်သုံးပါတယ်။
ငွေကြေးကို ဘာကတ်ညာကတ် NETS / CARDS တွေနဲ့  ပေးတာ လုံးဝ လက်မခံပါဘူး။
ခပ်ရှင်းရှင်း.. ရှေ့ ရှင်း နောက်ရှင်း အကုန်ရှင်း.. ခုရှင်းမှ နောင်လည်းရှင်း.. အားလုံးရှင်းအောင်… CASH (ငွေသား) ပဲ လက်ခံပါတယ်။
အဲဒီတော့ မြန်မာသံရုံးကိုပေးရဖို့ ဆိုတာနဲ့  ဘဏ်ကို အရင်ပြေး.. ပိုက်ဆံ ထုတ်ရပါတယ်။
အသွားမှာတော့ ပိုက်ဆံတွေနဲ့ အိတ်ကလေးတယ်.. အပြန်ကျတော့ ရှိသမျှ အကုန်ပေးလိုက်ရလို့  အိတ်ပေါ့သွားခဲ့ ပါပြီ။
ခပ်ရိုးရိုးလေးပါပဲ...

တကယ်ပါ။ အမှန်ပါ။ နောက်ဆုံး အချိန်အထိ စောင့်ခဲ့တယ်။ လုံးဝ မဖြစ်နိုင်တော့လို့ သာ ...
မြန်မာနိုင်ငံကူး လက်မှတ် သက်တန်း ကုန်ပါပြီ။ အသစ်လဲဖို့  လိုပါတယ်။ ဒါတွေလုပ်ဖို့ ဘာလိုလဲ။
အားလုံးသိတဲ့ ပုံစံအတိုင်း မြန်မာသံရုံးကို ပိုက်ဆံသွားပေးဖို့ လိုပါတယ်။

ဒီတော့ ဘယ်လို ပေးရမလဲ ဆိုတာ နည်းနည်း ကြိုပြီး စုံစမ်းရပါတယ်။ မြန်မာသံရုံးကို ဘယ်အချိန်တွေ သွားရမယ် ဆိုတာ စုံစမ်းရတာပါ။ ဘာလို့ လဲဆို မြန်မာသံရုံး လုပ်ပုံလုပ်နည်းတွေဟာ အချိန်နဲ့ အမျှ အမျိုးမျိုး ပြောင်းလဲနေတယ်ဆိုတာ ကျွန်မ သိပြီးသားမို့ ပါ။ တခြားနိုင်ငံတကာ သံရုံးတွေလို အစဉ်အမြဲ မပြောင်းလဲတဲ့ သံရုံးဖွင့်ချိန် အတိုင်းသွားယုံနဲ့  အားလုံးအဆင်ပြေနိုင်တာ မဟုတ်ဘူးလေ။ ဟိုးတနှစ်လောက်ကဆို မြန်မာသံရုံးမှာ လုပ်ဆောင်စရာရှိရင် ည ၁၁ နာရီလောက် သွား၊ မနက် ၃ နာရီလောက်သွားပြီး နာမည်ကြိုရေးထားရတာတို့  ရှိခဲ့ဖူးတယ်လေ။ တို့ နိုင်ငံရဲ့ သံရုံးမှာ ဒါမျိုးတွေ လုပ်ရတယ်လို့  တခြားနိုင်ငံသားပြောပြ ဘယ်သူမှ ယုံကြမယ် မထင်ဘူး။

ကျွန်မ စတင် စုံစမ်းချိန်မှာ သက်တန်း တိုးတာတွေ၊ အသစ်ထုတ်တာတွေကို နိုင်ငံကူးလက်မှတ် အသစ် (ဘားကုတ်စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် - New Machine Readable Passports (MRP)) တွေပြောင်းထုတ်ပေးမှာ ဧပြီ ၁ လ ရပ်ထားမယ်လို့  သိရတယ်။ အချိန်ကောင်းပဲ။ ကိုယ်ပြောင်းတဲ့ အချိန် passport အသစ် ဆိုတာတွေ အဆင်သင့်ဖြစ်ပါစေ တွေးရတော့တာပေါ့။ မဟုတ်ရင် ၂ ခါသွား၊ ၂ ခါပေး၊ ၂ ခါ အလုပ်ပို ဖြစ်သွားမယ်။ မြန်မာသံရုံး အလုပ်လုပ်ပုံ သတင်းကို အဲဒီလောက် အချိန်ယူပြီး မျက်ခြေမပြတ်အောင် လိုက်ကြည့်/ဖတ် မနေခဲ့ဖူးဘူး။

ပြောင်းရမယ့် အချိန်နီးလို့  ထပ်စုံစမ်းတဲ့အခါမှာ ကြားရတာက ( လွန်ခဲ့တဲ့ ၁လ ကကျော်)
မနက်အစောကြီးသွား နာမည်ကြိုရေးထားတာမျိုး လုပ်ဖို့ မလိုဘူး၊ လက်မခံတော့ဘူး။ ပုံမှန်အချိန်ပဲ လာရမယ်.. ဒါပေမယ့်
- ၁ ရက် ပိုက်ဆံပေး (အခွန်ဆောင်) ၊ ပြီးရင် နောက်တစ်ရက် လာဖို့  ရက်ချိန်းပေးမယ်
- ချိန်းတဲ့ရက် ထပ်သွား.. အဲဒီနေ့ မှာမှ စာအုပ်အသစ်အတွက် လက်မှတ်ထိုး၊ လက်ဗွေနှိပ် တာလုပ် ။ ပြီးရင် နောက်ရက် တစ်ရက်ချိန်းမယ်
- အဲဒီ ချိန်းတဲ့ရက်မှာ စာအုပ်အသစ်သွားထုတ်ယူရတယ်

အချိန်ပေးရမလဲဆို ၃ ရက်။ အဲဒီရက်ပိုင်းတင် အသိတွေထဲ သံရုံးသွားတာ ၃-၄ ယောက်ရှိနေတော့ သူတို့ အတွေ့ အကြုံအရလည်း အနည်းဆုံး ၂ ရက်ခွဲ ခွင့်ယူမှရမယ် သိရတယ်။ ကိုယ်က ပေးရမှာတောင် လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ပေးခွင့် မရဘူး။

ခွင့် ၃ ရက်ယူ သင့်လား။ ဘာလုပ်သင့် သလဲ။ စဉ်းစားရပါတော့တယ်။ အရင်အခါတွေတုန်းက သံရုံးမှာ လုပ်ဆောင်စရာရှိတိုင်း ကိုယ့်ဘာသာသွားလေ့ပဲ ရှိခဲ့တာပါ။ ဒီတခါတော့ ကိုယ့်အားကိုယ်ကိုး ကိုယ်လုပ်နိုင်တာ ကိုယ့်ဘာသာ လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ခနတဖြုတ် ထုတ်သိမ်းပြီး သူတပါး လုပ်ခိုင်းတာ အကောင်းဆုံးလို့ ပဲ ဆုံးဖြတ်လိုက်တယ်။ ဘယ်တတ်နိုင်မလဲ။ အလုပ်က ၃ ရက် ခွင့်ယူဖို့ ဆိုတာ မလွယ်ဘူးလေ။ တစ်နှစ် တစ်နှစ် ရတဲ့ ခွင့်ရက်လေးက နည်းနည်းလေး။ အဲဒီခွင့်ရက်တွေ သုံးပြီး အိမ်ပြန်ရအုံးမယ်။ ရှားရှားပါးပါးရတဲ့ ခွင့်ရက်တွေမှာမှ မိသားစုနဲ့  တွေ့ ရတာ၊ အဲဒီရက်တွေ အလျှော့ခံလို့ မဖြစ်ဘူး။ နောက်ပြီး သံရုံးထဲသွားထိုင်နေပြီ ကိုယ်နာမည်ခေါ်တဲ့ အထိ စောင့်နေရတဲ့အချိန်မှာ ကြုံတွေရတဲ့ စိတ်ဒုက္ခကလည်း အတော်ကြီးမားပါတယ်။ နောက်ပြီး လူလူခြင်း လေးစားမှု့ နဲ ပြောဆို ဆက်ဆံတာမျိုး မဟုတ်တာတွေနဲ့  ကြုံများကြုံခဲ့ရရင် စိတ်တိုစိတ်ဒုက္ခ ပိုရောက်ရတာမျိုး ရှိလာနိုင်သေးတယ်။

သူတပါးဆိုတာ အခြားလူ မဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်စားသံရုံးကိုသွားပြီး အခွန်ဆောင်ပေးမယ့် ၀န်ဆောင်မှု့ ပေးတဲ့ သူတွေပါ။ ပင်နီဆူလားက မြန်မာဆိုင်တချို့  အဲ့ဒီလို ၀န်ဆောင်မှု့ တွေ လုပ်ပေးတာ (မြန်မာသံရုံးက တရားဝင်ခွင့်ပေးထာတာ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလူတွေ စီကတဆင့် လုပ်ဆောင်လို့ ရတယ်။) ရှိတယ် ကြားဖူး နေတာကြာပါပြီး။ တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်စုံစမ်း ရပါတယ်။ ၀န်ဆောင်မှု့ ဆိုတာ ကိုယ်ဆောင်ရမယ့် အခွန်ကို လျှော့ပေါ့ဆောင်ဖို့ လုပ်ဆောင်ပေးတာမျိုး မဟုတ်ပါဘူး။ ကိုယ်ပေးရမယ့် အခွန်နှုန်း အတိအကျ ပဲပေးဆောင် ရပါမယ်။ သူတို့ က ကိုယ့်ကိုယ်စား သံရုံးသွားပြီး လုပ်စရာရှိတာတွေ လုပ်ပေးတဲ့ သဘောပါ။ ဒါမျိုး လုပ်ပေးတာကိုပဲ တဆိုင်နဲ့ တဆိုင် တောင်းတဲ့ ဈေနှုန်းတွေက မျိုးမျိုးရှိနေတာ တွေ့ ရပါတယ်။

အများဆုံး တောင်းတဲ့ ဆိုင်က ၈၀ တောင်းပါတယ်။ ( နောက်ပိုင်းကြားရတာ အဲဒီဆိုင်မှာ ကျွန်မ အသိတစ်ယောက် သွားပြီး လုပ်တာ service အတော်ညံ့တယ်၊ သံရုံးမှာ အဲဒီကလူတွေက စကားပြောနေပြီး အခွန်ဆောင်မယ့်သူကိုပဲ တန်းစီ အကုန်လုပ်ခိုင်းတယ်တဲ့။ ဒါဆို ဘာလို့ သူတို့ ကို service ကြေးပေးပြီး လုပ်နေရတော့ မလဲ။ ဒါက သူများစီက ကြားတာပါ။ ကျွန်မ ကိုယ်တိုင်ကြုံတွေ့ ရတာတော့ အခွန်ဆောင်ပေးပါသလား စုံစမ်းတာကို ပြန်ဖြေတဲ့ ပုံစံက အတော်လေး အချိုးမပြေပါဘူး။ ဆက်ဆံရေးညံ့တယ်။ သူတို့ ဆိုင်က ၁-၅ ထပ်မှာ အဟုတ်ဘူး။ ဒီထက်မြင့်တဲ့ အထပ်မှာ ရှိတယ်။ ဆိုင်နာမည်က တန်ဖိုးကြီးကြီး။ ရုံးခန်းပုံစံ သားသားနားနား မှန်ကာထားတဲ့ အဲယားကွန်းနဲ့ အခန်း။ ၀င်သွားတော့ အထဲမှာ ကောင်မလေး ၃ ယောက် ထိုင်နေတယ်။ တစ်ယောက်က ရုပ်ရှင်ကြည့်နေတယ်။ တစ်ယောက်က ဖုန်းပြောနေတယ်၊ နောက်တစ်ယောက်က မေးတာတွေကို ပြောချင်သလိုလို မပြောချင်သလိုလို ပုံစံနဲ့ ဖြေပါတယ်။ တော်တော်ကြီးကို စိတ်ပျက်ရပါတယ်။ သူများထက် များတဲ့ ၈၀ ဆိုတဲ့ ဈေးကြောင့် အဲဒီမှာ မလုပ်တာ မဟုတ်ဘူး။ တခြားဆိုင်တွေနဲ့  ဈေးခြင်းတူနေတောင်မှာ ဒီပုံစံတွေနဲ့ လူတွေကို အလုပ်အပ်ဖို့  စိတ်ကူး မရှိပါဘူး။)

ဈေးတွေ လိုက်စုံစမ်းတဲ့နေရာမှာ ကျွန်မ စေ့စပ်သေချာမှု လိုသွားတာနဲ့  ၁၀ ပိုပေး လိုက်ရတယ်။ ၄-၅ ဆိုင်လောက် ဈေးတွေ ၀င်မေးပြီး မောသွားလို့ အဆင်ပြေမယ ထင်တဲ့ဆိုင်မှာပဲ လုပ်လိုက်မိတယ်။ နောက်ပိုင်း စုံစမ်းသိရသလောက် အဲလိုလုပ်ပေးတဲ့ ၀န်ဆောင်ခ ပေါက်ဈေးမှန် ပြောရမလား၊ ဈေးနှုန်းက စင်္ကာပူ ၅၀ ပါ။ ဒီထက် နည်းတာ သိရင်လည်း သတင်းပေးခဲ့ပါ။ နောက်လူတွေ သက်သာတာပေါ့။ စင်္ကာပူ ဒေါ်လာ ၅၀ ဆိုတဲ့ ပိုက်ဆံ နည်းသလားဆို မနည်းပါဘူး။ အိပ်ရေးပျက်ခံ၊ ခွင့်ယူသွားရပါစေအုံး ၁ ရက်နဲ့  အားလုံးပြီးမယ်ဆို ကျွန်မ ကိုယ်တိုင်ပဲ သွားလုပ် ဖြစ်မှာပဲ။ ၃ ရက်လောက် ခွင့်ယူဖို့ ကတော့ အပေါ်မှာ ပြောခဲ့လိုပဲ မဖြုန်းတီးနိုင်ဘူးလေ။ ၃ နှစ် တခါ .. ဘယ်တတ်နိုင်မလဲ လို့ ပဲ ဖြေတွေးလေးတွေး လိုက်ရတယ်။

ဒါပေမယ့် နေ့ တစ်ဝက် (ညနေပိုင်း) ခွင့်ယူပြီး သံရုံးသွားဖို့  လိုပါတယ်။ လက်မှတ်ထိုး၊ လက်ဗွေနှိပ်တာ လုပ်ဖို့ ပါ။ ကိုယ့်လက်ကို ဖြတ်ပေးလို့ မှ မရတာ။ တခြားနိုင်ငံတွေမှာလို လက်ဗွေကို မှင်နဲ့  နှိပ်၊ စာရွက်မှာ လက်မှတ်ထိုးပေးတာကို စင်္ကာပူလို တစ်နိုင်ငံလုံးကားနဲ့ ပတ် နေ့ တစ်ဝက် မကုန်တဲ့ နိုင်ငံမှာရှိတဲ့ ဒီသံရုံးမျိုးက လက်မခံပါဘူး။ ကိုယ်သွားနိုင်မယ့် နေ့  နည်းနည်း ညှိလို့ ရတယ်။ ကိုယ်ကို ကူညီလုပ်ပေးမယ့် သူတွေက အရင်ကြိုပြီး ကိုယ်ဆောင်ရမယ့် အခွန်ငွေကို ကိုယ့်ကိုယ်စား သံရုံးကိုပေးပြီး အခွန်ဆောင်ထားတဲ့ ပြေစာ စာရွက်ယူပေးထားပါတယ်။ ကိုယ်သံရုံးသွားတဲ့နေ့ မှာ အဲဒီပြေစားကိုပေးပါတယ်။ သူတို့ ပေးတဲ့ အခွန်ပြေစာ စာရွက်ကို သေချာကြည့်ပြီး အခွန်ဆောင်တဲ့ ပမာဏ၊ အချိန်ကာလ၊ နာမည် တွေ မှန်လား သေချာကြည့်၊ စစ်ဖို့ လိုအပ် ပါတယ်။ မှားနေရင် သံရုံးထဲမှာ ရှိနေတုန်း တခါတည်း ပြင်ပေးဖို့ ပြောလို့ ရပါတယ်။ လူတွေများလို့  ထင်တယ်၊ ရေးတာတွေ မှားလို့  ၊ တချို့ လူတွေ ပြန်ပြင်ပေးပါဆို ပြောနေတာ တွေ့ မိတယ်။ ချက်ချင်းဆိုသလို ပြန်ပြင်ပေးတာ တွေ့ ရပါတယ်။

ကျွန်မ ၀န်ဆောင်ခ ပေးထားတဲ့စီက လူတွေ သူတို့ ဘာသာ တန်းစီတယ်။ ထိုင်စောင့်နေယုံပဲ။ ကိုယ့်အလှည့်ရောက်ခါနီးမှ လာဖို့ ခေါ်တယ်။ ခေါ်တဲ့အခါ သွားပြီး လက်မှတ်ထိုး၊ လက်ဗွေနှိပ်။ ကျွန်မ သွားတဲ့အချိန်မှာ တွေ့ ခဲ့တာတော့ ငွေလက်ခံတာ တစ်ဘက်ခြမ်း၊ စာအုပ်အသစ်အတွက် နေရာမှာတော့ စာရွက်တွေ စစ်တာ တစ်ယောက်၊ စာရွက်ထဲက အချက်အလက်တွေကို ကွန်ပြူတာထဲ ထည့်တာ တစ်ယောက်၊ ၂ ယောက်လုပ်နေ ပါတယ်။ အဲဒီအတွက် ကွန်ပြူတာတစ်လုံး၊ လက်ဗွေယူတဲ့ စက်တစ်လုံးပဲ ရှိတယ်။ လက်ဗွေယူတဲ့စက်က မကောင်းဘူး။ တချို့ လက်တွေကို လက်ဗွေ မဖတ်နိုင်ဘူး။ လက်ဖြူဖြူနုနု၊ လက်ဗွေမှိန်ပြီး လက်ချောင်းသေးတဲ့ သူတွေ၊ အသက်ကြီးတဲ့သူတွေ။ ကျွန်မ က (အသက်လည်း အရမ်းမကြီးသေးသလို :D) လက်ကတော့ သေးသေးသွယ်သွယ် နုနုနယ်နယ် လေးမဟုတ်တော့ စက်နဲ့ ကျွန်မ တစ်ကြိမ်နဲ့ အဆင်ပြေခဲ့ ပါတယ်။ မြန်မာသံရုံးအနေနဲ့  ဒီလောက် ပိုက်ဆံတွေရနေတာ လက်ဗွေယူဖို့  စက်ကောင်းကောင်းတော့ ၀ယ်ထားသင့်တယ်။ ကျွန်မသွားတုန်းက စက်စသုံးနေတာ ၁ လ လောက်ပဲ ရှိအုံးမယ်။ အခုဆို အသစ်မဟုတ်ပဲ အဲဒီစက်ကိုပဲ သုံးနေတယ်ဆို ဒီထက်ပိုပြီး အခြေအနေဆိုး နေလောက်ပြီ။

အရှိ အရှိ အတိုင်း၊ မြင်တာမြင်တဲ့အတိုင်း ပြောဖို့ လိုမယ် ထင်တယ်။ :D ဘာတွေမြင်လည်းဆို ဟိုး နှစ်တွေ ရောက်ခဲ့စဉ် ကလိုပါပဲ။ မရောက်တာကြာလို့  မမှတ်မိစရာမရှိဘူး။ ဘာမှ သိပ်ပြီး မပြောင်းလဲဘူး။ ဒါနဲ့  နံရံ အပေါ်နားမှာ စပီကာတစ်လုံး ကပ်ထားတာ တွေ့ ခဲ့တယ်။ စပီကာက အသံတော့ မကြားခဲ့ရဘူး။ မီးမလာလို့ ထင်တယ်။ ဒီအတိုင်း နာမည်အော်ခေါ်သံတွေပဲ ကြားရတယ်။ အဆောက်အအုံ ကလည်း အရင် အတိုင်း ပူမြဲပူစဲ ပါပဲ။

နံရံမှာ ကတ်ထားတဲ့ စာရွက်ကလေးတွေ နည်းနည်း များလာတာ သတိထားမိတယ်။ တစ်ခုတိုး တက်လာတာတယ်ဆိုနိုင်တာက ဖြည့်စရာ Form အလွတ်တွေ အလွယ်တကူ ယူနိုင်အောင် စာပွဲ တစ်ခုပေါ်မှာ ချပေးထားတယ်။ နောက်ပြီး စာအုပ်သစ်အတွက် စာရွက်စစ်တာနဲ့  ကွန်ပြူတာဒေတာဖြည့်တဲ့နေရာက သံရုံးဝန်ထမ်းတွေ ပြုံးတာ ကြုံခဲ့ရတယ်။ ရှားရှားပါးပါးပဲ။ အတော်ကြီး ထူးဆန်းတယ်။ ဒါလည်း သူတို့ တွေ အားလုံးနဲ့  ရင်းနှီးနေတဲ့ ကျွန်မ ၀န်ဆောင်မှု့ ပေး အပ်ထားတဲ့လူတွေ မျက်နှာကြောင့်လားတော့ မသိဘူး။ သူတို့ နှစ်ယောက်ပဲ တခြားသူတွေကတော့ ထုံးစံအတိုင်း မျက်နှာသေကြီးတွေနဲ့ …..

လက်ဗွေယူပြီး လက်မှတ်ထိုးတဲ့အခါ ကွန်ပြူတာမှာ Image file အနေနဲ့  သိမ်းတယ်။ ဒါကိုပြန်ပြပြီး ဟုတ်လားမှန်လား ပြောသေးတယ်။ ကိုယ့်ထိုးတဲ့လက်မှတ် ဟိုမှာပေါ်တာ ကိုယ်ထိုးနေကျနဲ့ မတူဘူးဆို ထပ်ပြန်ထိုးပေါ့။ ပြီးရင် စာအုပ်ပြန်လာထုတ်ဖို့ ရက်ကို ပြောပါလိမ့်မယ်။ အဆင်ပြေလား မေးပါတယ်။ ကြုံခဲ့ရတာတော့ အများစုကို တစ်လ လောက် ခွါပြီး ရက်ပေးပါတယ်။ အဲဒီ အချိန်မှာ မြန်မြန်လိုချင်ရင် ပြောပါ။ ပြောရင်ရပါတယ်။ ဘယ်သူမှ ၀င်ပြော မပေးပါဘူး။ ကိုယ့်ကိစ္စ ကိုယ့်ဘာသာရှင်း၊ ကိုယ့်ဘာသာ ကိုယ်ပြောပါ။ တကယ် အရေးတကြီး လိုတယ် ဆိုတဲ့ သူတွေကို နောက်တစ်ရက် နဲ့  အသစ်ထုတ်ပေးတာမျိုးတွေ့ ရပါတယ်။ ဒါမျိုးလေးလည်း ရှိအုံးမှ။ ဒါကြောင့် ခရီးသွားဖို့ ဘာညာရှိရင် အထောက်အထား၊ ရုံးက စာရွက်ဘာညာ ယူသွားပေါ့။ မလိုဘူး စောင့်နိုင်တယ် ဆိုရင်တော့ စောင့်ပေးလိုက်ပါ။ ကိုယ်စောင့်ပေးလိုက်လို့  တခြား အရင်လိုတဲ့သူတွေ မြန်မြန်ရဖို့ အခွင့်အရေး ပိုရှိတာလို့ ပဲ သဘောထားပါတယ်။ ရက် အဆင်ပြေအောင် ညှိပြီးပြီဆို Passport အသစ်လာထုတ်ရမယ့် ရက်စွဲရေးထား Slip လေး ပေးပါတယ်။ Passport အဟောင်းကိုလည်း ပြန်ပေးလိုက်ပါတယ်။

ပြီးရင်တော့ ၀န်ဆောင်မှု့ ပေး ထားတဲ့သူတွေကို Slip လေးပေး၊ Passport ကတော့ ကိုယ်ယူချင်လည်း ယူထား၊ နောက် ထုတ်ရမယ့်ရက်နီးမှ သွားပေးချင်လည်းပေးပေါ့။ နောက်အသစ်ထုတ်တဲ့ နေ့ မှာ အဲဒီကလူတွေပဲ သွားထုတ်ပေးထားပြီး ကျွန်မက အဆင်ပြေတဲ့အချိန် သွားယူလိုက်ပါတယ်။ ကိုယ့်ဘာသာလုပ်တာဆိုရင်တော့ ထုတ်ရမယ့်နေ့  ကိုယ်တိုင်သွားထုတ် ရမှာပါ။ Passport အသစ်ထုတ်ပြီးပြီးချင်း အဟောင်းကို ပြန်မအပ်ရသေးပါဘူး။ အသစ်ရော အဟောင်းရော နှစ်ခု လုံးရပါတယ်။ အဟောင်းကို တစ်လ ယူထားလို့ ရပါတယ်။ ပြီးရင် ပြန်အပ်ရပါမယ်လို့ ပြောတယ်။ တစ်လ အတွင်း ဒီမှာ ပြောင်းစရာရှိတာတွေ လိုက်ပြောင်းလုပ်ဖို့ လိုပါတယ်။

Passport အသစ် ယူတဲ့အခါ နာမည်။ အသစ်မှာ ထည့်ရေးထားတဲ့ အရင် Passport အဟောင်းနံပါတ် မှန်လား၊ ဓာတ်ပုံက ကိုယ်ပုံရော ဟုတ်ရဲ့လား၊ လက်မှတ်က ကိုယ်လက်မှတ်ရော ဟုတ်ရဲ့လား။ အကုန် အသေးစိတ် စစ်ပါ။ တချို့ တွေမှာ လွဲနေတာတွေ ရှိလို့ ၊တွေ့ လို့  ပြန်ပြင်ခိုင်းရတယ်လို့  သိရတယ်။ ကျွန်မ သံရုံးထဲမှာရှိနေတဲ့အချိန် တစ်ယောက်က သူ့ ရဲ့ Passport အသစ်ထဲက လက်မှတ်ဟာ သူ့ လက်မှတ် မဟုတ် လွဲနေလို့  ပြောတဲ့အခါ.. နောက်တခါ လက်မှတ်ထိုးရင် အသစ်ထဲကနဲ့  တူအောင် ထိုးလိုက်လို့  ဟိုဘက်က ပြန်ပြောတာ ကြားခဲ့ရတယ်။ (ပြန်ပြင်ပေးမယ် ထင်ပါတယ်။ ဘာဆက်ဖြစ်တယ်ဆိုတာ သိဖို့ စောင့်ကြည့်ရအောင် အချိန်မရခဲ့ဘူး။ )

နောက်ဆက်တွဲ လူကတော့ မပြောင်းဘူး၊ ဒါပေမယ့် Passport ကအသစ်မှာ နံပတ်အသစ် ဖြစ်သွားတဲ့ အတွက်… လိုအပ်တာတွေ လိုက်ပြောင်းရပါတယ်။ Passport အသစ်မှာ Re-Entry Permit တုံးပြန်ယူရတယ်။ PR/Student ဆို ICA သွား ပြောင်း။ EP/WP ဆို MOM သွားပြောင်း ခဏပဲ ကြာတယ်။ PR တွေ အတွက် ICA လူကိုယ်တိုင် မသွားချင်ရင် Website မှာ တင်ပြောင်းလို့ ရတယ်။

Electronic Re-Entry Permit (e-REP)

ဘဏ်မှာလည်း ဘဏ့်အကောင့်ကို Passport နဲ့ ဖွင့်ထားတာဆို နံပါတ်အသစ် ပြောင်းသွားကြောင်း သွားအကြောင်းကြား ပြောင်းရပါသေးတယ်။

ကျွန်မ အခွန်ဆောင်၊ သက်တန်းတိုး၊ Passport အသစ်လုပ်တုန်းက လိုတာတွေ...
ကိုယ်ရေးရာဇ၀င် ထပ် ဖြည့်ရတယ်.
ဓာတ်ပုံ နှစ်ပုံ
အခွန်ဆောင်ဖူးတယ်ဆို နောက်ဆုံးဆောင်ထားတဲ့ ပြေစာ မူရင်းနှင့် မိတ္တူ
Passport မူရင်း၊ မိတ္တူ
အရေးကြီးဆုံးလိုအပ်တာကတော့ အခွန်ဆောင်ဖို့ ရန်အတွက် လုံလောက်သော ငွေကြေး..
နောက်ပြီး သက်တန်းတိုး၊ စာအုပ်အသစ် အတွက် စင်္ကာပူဒေါ်လာ ၁၅၀ တိတိ ထပ်ပေး ရပါတယ်။

ကျွန်မ အခွန်ဆောင်တဲ့ချိန်မှာ စုံစမ်း သိရတာက လက်ရှိ အချိန်အထိ အခွန်အကုန် မပေးဆောင်လည်း သက်တန်းတိုးပေးတယ်။
၂၀၁၀ မတ်လမှာ ကြားရတာက ဒီဇင်ဘာ ၂၀၀၉ အကုန်အထိ အခွန်ဆာင်တယ်ဆိုရင် Passport သက်တန်း ၃ နှစ် တိုးပေးတယ်၊
၂၀၁၀ ဇွန်ရောက်တော့ ဇန်န၀ါရီ ၂၀၁၀ အထိ အခွန်ပေးဆောင်မှ ရမယ် လို့ သိရတယ်။
ကြည့်ရတာ မြန်မာနိုင်ငံသူနိုင်ငံသာတွေ ပိုက်ဆံမရှိသေးလို့  အခွန်မဆောင်နိုင်သေးဘူးဆို ၅ လ စာကို ချန်ဆောင်ခွင့် ပြုတဲ့သဘောပေါ့။

ဆောင်စရာမလို၊ အခွန်ဆောင်ခကို လျှော့ပေးမျိုး လုံးဝ မဟုတ်ပါဘူး။ အခုတခါ မဆောင်ပဲ ကျန်တဲ့လတွေကို နောက်တခါ အခွန်ဆောင်တဲ့အခါ ပြန်ထည့်ဆောင်ရပါမယ်။ ဘယ်လိုပဲ ရှောင်ရှောင် ၃ နှစ်တခါတော့ အခွန်လာမဆောင်လို့  မရဘူး မဟုတ်လား။

သံရုံးကို မသွားခင်မှာ ကျွန်မမှာ ဘဏ်အကောင့် တစ်ခုပဲရှိပြီး ATM က တစ်ရက် ထုတ်ခွင့်ရှိတဲ့ ငွေပမာဏကလည်း ကန့် သတ်ချက်ရှိနေလို့  အခွန်ဆောင်ရမယ့် ငွေကြေးပြည့်အောင် ၄-၅ ရက် ခွဲငွေထုတ် စုဆောင်းခဲ့ရသေးတယ်။ လိုတဲ့ငွေပမဏကို ဘဏ်မှာ သွားထုတ်ရင်တော့ တန်းထုတ်လို့ ရပေမယ့် ဘဏ်ဖွင့်ချိန် မသွားအားလို့  ATM ကပဲ ရက်ခွဲထုတ်ခဲ့ရတယ်။ တခြားကိစ္စနဲ့ ဆို ငွေများများ ထုတ်စရာ လိုမှ မလိုတာ။ တခြားနေရာတွေက ပေးဖို့ လိုအုံး Card နဲ့ ပေး၊ Cheque နဲ့ ပေးရတယ်လေ။

ဒါပါပဲ။ ပြောဖို့ ကျန်တာရှိရင် ၀န္တာမိပါ.

ပုံလေးတွေ။ အသွားတုန်းက အလင်းရောင် ရှိသေးတယ်။ ပြန်တော့ အတော်ကြီးကို မှောင်သွားပြီ။ ဒီလို အချိန်အထိ အလုပ်လုပ်တာ တို့ မြန်မာသံရုံး တစ်ခုပဲရှိမယ် ထင်တယ်။ ကြိုးစားကြတယ်။ မှတ်တမ်းတင်ထားချင်လို့  အ၀င်တံခါးကို နောက်ပြန်လှည့် ရိုက်ထား လိုက်တာပါ။


သံရုံးမှာ ထိုင်စောင့်ရင်း ကြားခဲ့ရတာလေးတွေတော့ ရှိနေသေးတယ်။ ဒီမှာတော့ မရေးတော့ပါဘူး။ ဘာတွေကြားခဲ့လည်း သိချင်တယ်ဆို တိုးတိုးတိတ်တိတ် မုန့် ဝယ်ကျွေး မေးမယ်ဆို ပြောချင်စိတ်ပေါ်ရင် ပြောပြမယ်။

July 21, 2010

21 July 2010

အခုမှ ၄း၃၀ ပဲ ရှိသေးတယ်။ အိမ်ပြန်ရဖို့  ၁ နာရီခွဲ လိုသေးတယ်။ ၆ နာရီ မြန်မြန်ရောက်စေ ချင်နေပြီ။ ပင်ပန်းနေတယ်။ မနေ့ က အလုပ် များတယ်။ မနက် ၂ နာရီ လောက်မှ အိမ်ပြန် ရောက်တယ်။ ချက်ချင်းကြီးလည်း တန်းမအိပ်တတ်၊ ရေချိုး၊ စာနည်းနည်းဖတ် အိပ်ရာဝင်တော့ ၃ နာရီခွဲလောက် ရှိပြီ။ မနက်အလုပ် စောစောသွားဖို့ မလိုပေမယ့် ထုံးစံအတိုင်း ၈ နာရီ မထိုးခင် နိုးလာတာပဲ။ မနက် ၅ နာရီလောက်က တခါနိုးသေးတယ်။ ပုံမှန်ဆို ဒီလောက်အိပ်ယုံနဲ့  အဆင်ပြေပေမယ့် ပင်ပန်းလို့ ထင်တယ် အခု အတော်ကြီးကို အိပ်ချင်နေပါတယ်။ အလုပ်အာရုံစိုက် မရဘူး။ ကိစ္စတော့မရှိဘူး ဒီနေ့ အဖို့ က အလုပ်မှာ လူရှိနေဖို့ က အဓိက။ တ၀ါးဝါးနဲ့  သန်းနေတာ၊ ကိုယ်တစ်ယောက်တည်း မဟုတ်လို့  တော်သေးတယ်။

ဘာရယ်မဟုတ် အိပ်ချင်လို့  လျှောက်ရေးတာ။ များများတော့ မရေးနိုင်ဘူး။ ဘာပဲပြောပြော ပုံလေး လိုက်ရှာ၊ ဟိုလျှောက်ရေး ဒီလျှောက်ရေးလုပ်တော့ အချိန်ကုန်မြန်တယ် ထင်လိုက် ရတာပေါ့။ ခုရက်ပိုင်း အလုပ်များတယ်။ ရှေ့ လ ပထမအပတ် မှာ ပိုများမယ်။ လဆန်းပိုင်း ၃-၄ ရက် ညပိုင်းတွေပါ အလုပ်လုပ်ရလောက်တယ်။ မနက်ဖြန် မီတင်မှာမှ အတိအကျ သိရမယ်။

July 20, 2010

Two worlds, one family


Put your faith in what you most believe in
Two worlds, one family
Trust your heart
Let fate decide
To guide these lives we see...



A paradise untouched by man
Within this world blessed with love
A simple life, they live in peace

Softly tread the sand below your feet now
Two worlds, one family
Trust your heart
Let fate decide
To guide these lives we see


Beneath the shelter of the trees
Only love can enter here
A simple life, they live in peace

Raise your head up
Lift high the load
Take strength from those that need you
Build high the walls
Build strong the beams
A new life is waiting
But danger's no stranger here

No words describe a mother's tears
No words can heal a broken heart
A dream is gone, but where there's hope

Somewhere something is calling for you
Two worlds, one family
Trust your heart
Let fate decide
To guide these lives we see

Link: Phil Collins - Two Worlds (Tarzan)

July 19, 2010

♦ The Evoultion of our Lives...


Source : www.phdcomics.com

ကိုယ်က ဘယ်အဆင့်မှာလဲ.... ဘယ်အချိန်က စတွက်ရမလဲ ..
ဘယ်အချိန်က စတွက်တွက်.. တစ်၊ နှစ် နဲ့  သုံး အဆင့် ကိုတော့ ကျော်သွားပြီ။ ကာတွန်းပုံ နောက်ဆုံးအဆင့်ကရော ... ရောက်ခါ နီးပြီးလား... ရောက်နေပြီလား.. ဒါမှမဟုတ် အဲဒီအဆင့်ပါကျော်ပြီး တိတ်တိတ်လေး ငြိမ်နေတဲ့ အဆင့်ရောက်သွားပြီလား...ဘာလား ညာလား.. သေချာ မသိတော့ဘူး..

July 18, 2010

သီချင်းနားထောင်နေသည်..

အခုနားထောင်နေတာကတော့ ဟိုအမကြီး ကြိုက်တဲ့ မင်္ဂလာဆောင်မှာထွက်ပြေးတဲ့ သတိုးသားသီချင်း ကို ဆိုတဲ့ အဆိုတော် ဆိုထားတဲ့ သီချင်းပဲ......



တခြားသီချင်း..
"မင်္ဂလာဆောင်မှာထွက်ပြေးတဲ့ သတိုးသားသီချင်း"

July 16, 2010

Unblock Me

ရှေ့ မှာ ပိတ်ကာ တားဆီးနေတဲ့ အရာတွေကို ဖယ်ရှား .. ရှေ့ ဆက်ဖို့  ကြိုးစားရင်း.....
Block ဖြစ်နေတာတွေဖယ်ဖို့  စဉ်းစားတဲ့အခါ.. ဟိုးရှေ့ ကိုရောက်ဖို့ သာထက်သန်နေတဲ့ စိတ်တွေကို ထိမ်းချုပ်၊ နောက်ပြန်ဆုတ်ဖို့ လိုရင် ပြန်ဆုတ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ဖြစ်နေတာတွေ အကုန် မြင်အောင်ကြည့်... လုပ်စရာရှိတာတွေ ကို စနစ်တကျစီစဉ် လုပ်ကိုင်ပြီး အတားအစီး အားလုံးကို ဖယ်ရှား ဟိုး.. ရှေ့ ဆုံး သွားရမယ့် နေရာကို ရောက်အောင် သွားလိုက်ပါ။

ဘ၀မှာ ကြိုးစားရလို၊ ဒီမှာလည်း ကြိုးစား... တစ်နေ့  အသွား အပြန် ၁၀ မိနစ်လောက်စီလောက် အချိန်ပေး လိုက်တယ်။ အခု Beginner Level 400 ပြီးသွားပြီ။ Intermediate Level 400 နဲ့  Bonus Level 400 ကျန်သေးတယ်။ ဒီဟာလေး မဖျက်ပဲ ထားလိုက် အုံးမယ်။

သိပ်ပြီး ခေါင်းရှုပ်မခံချင်တာနဲ့  အရင်ဆော့နေကြ ဆူဒိုကူးတောင် ရပ်ထားတာ အတော်ကြာပြီ။ ဖုန်းနဲ့  ဂိမ်းဆော့လေ့ သိပ်မရှိဘူး။ ဖုန်းဆိုတာ စကားပြောဖို့ ထားတာဆိုတော့ ဂိမ်းဆော့ဖို့ မဟုတ်ဘူးလေ။ ;) ဂိမ်းဆော့ရင် ဖုန်းအားကုန်တာ မြန်တယ်။ ဒါကြောင့် ဖုန်းမှာ ဂိမ်းတွေ သီးသန့်  လိုက်ရှာ မသွင်းဖြစ်ဘူး။ သူငယ်ချင်းတွေ ဆော့နေတာ မြင်မှ စိတ်ဝင်စားတယ်ဆို ဂိမ်းနာမည်မှတ်ထားပြီး စမ်းကြည့်လေ့ ရှိတာ။ မကြိုက်ရင် ပြန်ဖျက် လိုက်တယ်။ ပြီးခဲ့တဲ့ သောကြာညနေပိုင်း ညစာ သွားစားရင်း သူငယ်ချင်းတစ်ယောက် အဲဒီဂိမ်းဆော့နေတာတွေ့ တာနဲ့  စိတ်ဝင်စားသွားတယ်။ တနင်္လာညနေပိုင်း အလုပ်အပြန်လမ်းမှာ စဆော့ကြည့်တယ်။ မဆိုးဘူး။ လွယ်တယ်။ Relax ပဲဆော့ပါတယ်။ စိတ်အပင်ပန်း မခံဘူး။

လက်ရှိ ဖုန်းထဲမှာ ရှိနေတဲ့ ဂိမ်း ဒါအကုန်ပဲ။

Unblock Me - Free Game

July 14, 2010

Distance Fares @ SG

တစ်ကြောင်း ကို ၃ ပြား
တစ်ရက် (အသွား/အပြန် နှစ်ကြောင်းဆို) ၆ ပြား
တစ်လ (ရက် ၂၀ အလုပ်သွားရတယ်ထား... ) ၁ ဒေါ်လာနဲ့  ၂၀ ပြား ပိုပေး နေရပြီ..

စင်္ကာပူမှာ July 3 ရက်နေ့ ကစပြီး Public Transport (Bus and Trains(MRT/LRT) ) အပေါ် ပြောင်းလဲကောက်ခံတဲ့ "Distance-Based Fare System" ရဲ့ ကျွန်မ အပေါ် တိုက်ရိုက် သက်ရောက်မှု့ ပါ။

စင်္ကာပူမှာ နေတဲ့သူတွေ Distance Fares System ကြော်ငြာ (LTAsingapore - YouTube) ကြည့်ဖူးကြမယ် ထင်တယ်.. အဲဒီ ထဲကလူတွေ (ခရီးစဉ်တွေ) သက်သာ သွားပါတယ်။ ခရီးဝေးဝေးကို Bus စီး.. ပြီးရင် MRT စီး .. နောက်ထပ် LRT ပြောင်းစီး .. ဒါမှမဟုတ် ဒါမှမဟုတ် Bus ကားတွေ အဆင့်ဆင့် ပြောင်းစီး... အဲဒီလို လမ်းကြောင်းတွေ အဆင့်ဆင့် ပြောင်းစီးရတဲ့သူတွေမှာမှ သက်သာသွားကြတာလား။

ဒါနဲ့  ကြော်ငြာထဲမှာ
ဒုတိယလူ Upper Thomson Road ကနေ Raffle Place သွားတာမှာ အရင်က 162 Bus စီးပြီး 1.33 SG$ ကုန်တယ်။ 40 Mins ကြာပါတယ်တဲ့...
DistanceFaire နဲ့  သက်သာချင်တယ်ဆို .. Upper Thomson Road ကနေ 162/167 Bus စီးပြီး Newton MRT Station သွား ..ပြီးရင် အဲဒီက ရထားစီးပြီး Raffle Place သွားပါ .. ဒါဆို ၃၅ မိနစ် ကြာပြီ 1.29 SG$ သာကုန်ပါတော့မယ်လို့  လမ်းညွှန်ပေးထားတာတွေ့ ရတယ်..

ဟမ်း.. ကျွန်မသာဆို အချိန် ၅ မိနစ်နဲ့  ပိုက်ဆံ ၄ ပြားသက်သာဖို့ အရေး ဘတ်စ်ကား တစ်ဆင့်တောက်လျှောက် စီးလို့ ရနေတာကနေ ဘတ်စ် နဲ့  ရထား ၂ ဆင့်ပြောင်းစီးတာမျိုး လုပ်ဖြစ်မှာ မဟုတ်ဘူး။ ဘယ်သူမှလဲ လုပ်မယ် မထင်ဘူး။ ပိုက်ဆံ ၄ ပြားသက်သာတာ ထားပါတော့ အချိန် ၅ မိနစ် သက်သာတယ် ဆိုတာ တကယ် သက်သာနိုင်ပါ့မလား။ မထင်ပါဘူး။ ပြောင်းစီးရမယ်ဆို ရထား စောင့်ရမယ်၊ ကားထပ်စောင့်ရမယ့် အချိန်တွေ ပိုကုန်မှာ.. လူတိုင်း သိတယ်။ အလုပ်သွားချိန်/ပြန်ချိန်မှာဆို Newton လို နေရာကနေ ရထားပေါ်ရောက်အောင် တိုးတတ်ဖို့  ကလည်း မလွယ်လောက်ဘူး။

စဉ်းစား ကြည့်တယ်။ ဒီစင်္ကာပူမှာ နေ့ စဉ် ပုံမှန်မသွားမဖြစ် ခရီး (အိမ်ကနေ အလုပ် အသွားမှာ ) အဆင့်ဆင့် ခရီးသွားရတဲ့သူ နဲ့  ကျွန်မလို ခရီးတစ်ဆင့် (ရထား /ဘတ်စ်ကား) စီးပြီးသွားရတဲ့သူတွေ ... ယှဉ်ကြည့်မယ်ဆို ဘယ်ဟာက အရေအတွက်ပို များမလဲ။ ဘယ်သူမှ ခရီးဝေးဝေးကို အဆင့်ဆင့်ပြောင်းစီးပြီး မသွားချင်ကြမှာ မဟုတ်ဘူး။ အလုပ်နဲ့  အိမ်နဲ့ ဝေးရင် နီးအောင် ပြောင်းလို့ ရရင် ပြောင်နေကြမယ်၊ မပြောင်းနိုင်ရင် တောင်မှ လူကို သက်တောင်သက်သာဖြစ်စေမယ့် တစ်ဆင့်ထည်း စီးရတဲ့ ရထား၊ကားမျိုးကို ပဲရှာဖွေ စီးကြလိမ့်မယ်လို့ ပဲ ကိုယ့်စိတ်နဲ့ နှိုင်း ထင်မြင်မိတယ်။

ဒီတော့ အခု System အသစ်ကို ပြောင်းလိုက်တဲ့အချိန်မှာ ခရီးစာရိတ်ပိုကုန်မယ့် သူနဲ့  ခရီးစာရိတ် သက်သာမယ့်သူ ဘယ်အရေအတွက်က ပိုများနိုင်သလဲ..

(5.308 million trips are made on a daily basis on the public transport system and at least half of its population utilizes it daily. Wiki - Transport in Singapore )

MRT fares compare .. Source (Furry Brown Dog)
အလုပ်ကလူ တချို့  မေးကြည့် ဖြစ်တယ်။ မေးသမျှ ဘယ်သူမှ မသက်သာဘူး၊ ပိုကုန်တဲ့ သူတွေကြီးပါပဲ။ အများစုက တစ်ဆင့်ထည်း စီးရတဲ့သူတွေပါ၊ ရထားနဲ့  ဘတ်စ် ၂ ဆင့်ပြောင်းစီးရတာ တစ်ယောက်ပဲ ရှိတယ်။ အဲဒီ ၂ ဆင့်ပြောင်းရတဲ့သူက ၂ ပြားပို ကုန်တယ်လို့ ပြောပါတယ်။ တခြားသူတွေလည်း ခရီးတစ်ကြောင်းကို ၂ ပြား ၃ ပြား ကစလို့  တချို့ ဆို ၁၃ ပြား လောက် အထိတောင်မှ ပိုကုန်ကြတယ်လို့  သိရပါတယ်။

ကျွန်မအတွက်ကတော့ အပေါ်ဆုံးမှာ တွက်ပြထားသလိုပဲ အလုပ်သွားရတဲ့ ရက်တွေမှာ တစ်ရက်ကို 6 cents ပို ကုန်သွားတယ်။ တခြားသူတွေရော. ဘယ်လောက် ပိုကုန်သွားလဲ။ ခရီးစာရိတ် သက်သာသွားသူရော ရှိကြလား။

ဒါနဲ့ .. ခရီးစာရိတ် ပိုကုန်တယ် ဆိုတဲ့သူများ..
အကုန်အကျ သက်သာတဲ့ နည်း ရှာချင်တယ်ဆိုရင် ၊ ခရီးအဆင့်ဆင့် ဟိုပြောင်းဒီပြောင်း ၂-၃ ဆင့် ပြောင်းရတာကိုလည်း လက်ခံနိုင်တယ်ဆိုရင်... DISTANCE FARES CALCULATOR မှာ ခရီးစဉ်ကို ထည့်ကြည့်ပြီး အသက်သာဆုံး နည်းလမ်းကို ရှာဖွေကြည့်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

To Read:
Distance fares or transfer fares? (Furry Brown Dog)
New bus, train fare system
Long-term good from new fare system

July 12, 2010

အက်ဖ်အိုင်အက်ဖ်အေ အိပ်ပျက်ညများ နိဂုံး...

ဒီည အိပ်ရေး၀၀ အိပ်ရပါတော့မယ်။ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲတွေ အားလုံး ပြီးဆုံးလို့  အက်ဖ်အိုင်အက်ဖ်အေကြောင့် အိပ်ပျက်ရတဲ့ ညများလည်း နိဂုံးချုပ် တာတာ့ပြ နှုတ်ဆက်သွား ပါပြီ။

ပထမဆုံးအနေနဲ့  ... ၂၀၁၀ ကမ္ဘာဖလားပွဲစဉ် ပထမဆုံး တောင်အာဖရိက - မက္ကစီကို ကစလို့  နောက်ဆုံး ဗိုလ်လုပွဲ နယ်သာလန် - စပိန် အားလုံး ၆၄ ပွဲမှာ ပွဲ ၄၀ ကျော်ကို အလုပ်အကိုင်မပျက် ကြည့်ရှ့ အားပေး ဖြစ်ခဲ့တဲ့ မိမိကိုယ်မိမိ ချီးကျူး ဂုဏ်ပြုပါသည်။ :)) ပွဲတိုင်း မကြည့် ဖြစ်ပါဘူး။ အုပ်စုပတ်လည် ကန်တဲ့အချိန်က တချို့  အသင်းတွေ စိတ်မ၀င်စားလို့  အကုန် မကြည့်ဖြစ်ဘူး။ နောက်ပိုင်း အချိန်တူ နှစ်ပွဲ ကန်တာတွေမှာ တစ်ပွဲကြည့်ရင်း တခြားတစ်ပွဲကို Hightlight ဖတ်တာမျိုး လုပ်ခဲ့ရပါတယ်။ ဥပမာ ပြောရရင် ဂျွန် ၂၃ မှာ ကန်ခဲ့တဲ့ Slovenia vs England နဲ့  U.S.A vs Algeria။

အာဂျင်တီးနား၊ ဘရာဇီး ကွာတား အဆင့်မှာ ထွက်သွားရတာ စိတ်မကောင်း စရာပါ။ ဒီတစ်ခေါက် ကမ္ဘာဖလားမှာ အုပ်စုပတ်လည် ကန်တာတွေ ကြည့်ပြီးနောက်မှာ အာဂျင်တီးနား ကစားတာ ကြိုက်တယ်။ အာဂျင်တီးနား အသင်းကို အခုနှစ်ပွဲမှာ ဗိုလ်မစွဲတောင်မှ ဖိုင်နယ်အထိ ရောက်မှာပဲလို့်  ထင်ထားခဲ့တာ။ ကိုယ်တိုင်လည်း ၀င်ကန်နိုင်တာ မဟုတ်တော့ သူများတွေ အနိုင် မကန်နိုင်တာကို အပစ်မပြောသင့်ဘူး ထင်လို့  မပြောတော့ပါ။ ငယ်သံယောဇဉ် အစွဲ နဲ့ အားပေးခဲ့ရတဲ့ အင်္ဂလန် အသင်း စောစောစီးစီး ထွက်သွားရတာ အတွက်လည်း စိတ်မကောင်းပါဘူး။ ဘယ်အသင်း ကတော့ ရှုံးချင်ပါ့ မလဲလို့  ဖြေတွေးလေး တွေးရတယ်။ ပြောသာပြောရတာာ စိတ်ကတော့ သိပ်မကြည်ဘူး။

ဒီကမ္ဘာဖလားမှာ ဘောလုံးသမား တစ်ဦးချင်းစီထက် ပိုနာမည်ကြီး၊ လူစိတ်ဝင်စားမှု့ ခံရတာ Coach တွေလို့ ထင်တယ်။ အာဂျင်တီးနား နည်းပြ မာရာဒိုနာ။ အာဂျင်တီးနားကန်တဲ့ ပွဲဆို နည်းပြ မာရဒိုနာကိုပဲ ကမ်မရာတွေက ရိုက်ပြနေတော့တာပဲ။ မာရာဒိုနာ ငယ်နုစဉ်က ကစားခဲ့ပုံတွေကို ပြန်ကြည့်ဖြစ်တယ်။
Maradona - Live is life
Maradona "Life is Life" Amsterdam 2005
နာမည်ကြီးတာလည်း မဆန်းဘူး။ တခြားအရာတွေ အသာထား ဘောလုံးကစားရာမှာ မာရာဒိုနာဟာ ကမ္ဘာာအတော်ဆုံး ကစားသမားတစ်ယောက် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ဘူး။ တော်တော်ကြီးကို တော်တာပဲ။ ဒီနှစ် ၂၀၁၀ ကမ္ဘာဖလားမှာ သူနည်းပြလုပ်တဲ့ အာဂျင်တီးနာ အသင်းဗိုလ်စွဲခဲ့ရင် .... ဆိုပြီး မာရာဒိုနာပြောထားတဲ့ စကားကလည်းလည်း အတော်ကြီး လူစိတ်ဝင်စားကြတာကို။ အာဂျင်တီးနား နည်းပြမှ နာမည်ကြီးတာ မဟုတ်ပါဘူး။ ဂျာမနီ နည်းပြကလည်း မခေပါဘူး။ ဂျာမနီ နည်းပြ ရဲ့ လှုပ်ရှားမှု့  ကို Youtube မှာ ကြည့်ရင် သိနိုင်ပါတယ်။ Germany's Coach

မာရာဒိုနာ အားကျလို့  ပါရာဂွေး မယ် တစ်ယောက်ကတောင် ပါရာဂွေး အနိုင်ရခဲ့ရင် မာရာဒိုနာနည်းကို အတုယူ သူလည်း ဂုဏ်ပြုအုံးမယ် ဆိုလာပေတယ်။ နာမည်ကြီးချင်လို့ ပါတဲ့။ ပါရာဂွေးအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်သွားတာတောင်မှ သူက ကြိုးစားမှု့ ကို ဂုဏ်ပြုတဲ့အနေနဲ့  ပြေးအုံးမှာဆို သတင်းကထွက်လာသေးတယ်။ ခုနောက်ဆုံးကတော့ ဓာတ်ပုံတွေ အရိုက်ခံတယ်ဆိုလား.. စိတ်ဝင်စားသူတွေ Google ကြပါ။ တခြားနိုင်ငံတွေက မော်ဒယ်တွေ ကလည်း အပြိုင်အဆိုင် ဘာဘာညာညာတွေ ပြောကြတော့ ... သြော်.. တို့ နိုင်ငံက ဘောလုံး အသင်းများ ဒီလိုအဆင့်တွေ ၀င်ပြိုင်ခွင့်ရခဲ့ ရင်လို့  ဘယ်မော်ဒယ် ဘယ်မင်းသမီးတွေ ကများ ဘာတွေလုပ်ပြမယ် ပြောမလဲ ဆိုပြီး တွေးမိသွားသေးတယ်။ မဟုတ်တဲ့နေရာဆို အတုခိုးက တယ်မြန်တယ် မဟုတ်လား။ ဒါနဲ့  ခေမီကိုရဲ့ ၀ါကာဝါကာ အကကလည်း မြန်မာတွေအကြား ရေပန်းစားနေရဲ့၊ အဲဒီသီချင်းကို မေခလာက မြန်မာစာသားသွင်း ဆိုတယ်လို့ လည်းကြားရတယ်။ နားမထောင် ဖူးသေးဘူး။ နားထောင်ကြည့်ချင် စိတ်လည်း မရှိပါဘူး။

(Credit to Ko Zaw)
Update: နားထောင်မိသွားတယ်.. ကိုယ်တစ်ယောက်တည်းတော့ အဖြစ်မခံဘူး.. သေချာပြောထားတယ်.. ဒီသီချင်း နားမထောင်ခင် သေချာစဉ်းစားပါ။ နားထောင်ပြီး စိတ်ပျက်သွားရင် တာဝန်မယူ...

အမယ် ဒါနဲ့ .. ဒီကမ္ဘာဖလားမှာ လူသားအားလုံးကို ကျော်ဖြတ် အကျော်ကြားဆုံး ဖြစ်သွားသူက အင်္ဂလန်မှာမွေး၊ ဂျာမနီက ငါးပြတိုက်ထဲ ရောက်နေတဲ့ ရေဘ၀ဲ တစ်ကောင်ပါပဲ။ ဘောလုံး စိတ်ဝင်စားသူတိုင်း ဒီရေဘ၀ဲ ပေါလ် ရဲ့ ဘောလုံးပွဲ အနိုင်အရှုံး ခန့် မှန်းချက်တွေ အကြောင်း မသိဘူး၊ မကြားမိဘူး၊ မဖတ်မိဘူး ဆိုတဲ့သူ ရှိမယ် မထင်ဘူး။ ခုတော့ Octopus oracle Paul ကို နောက်နောင် ဘောလုံးပွဲတွေမှာ ဘယ်သူနိုင်မယ်ဆိုတဲ့ မမှန်းခိုင်းတော့ ပါဘူး၊ ခလေးတွေကို ဖျော်ဖြေရင်းသာ အေးအေးဆေးဆေး အနားယူခိုင်း ပါပြီ ဆိုပြီး သတင်း တတ်လာတယ်။ အဲဒါ ကောင်းပါတယ်။ ခန့် မှန်းချက်တွေ မှန်လွန်းလို့  ရေဘ၀ဲဆို အရှင်ရရ၊ အကင်ရရ.. အချဉ်ပါပါ၊ မပါပါ ပါ.. ကိုက်စားချင်တဲ့သူတွေ သိပ်များနေပြီ မဟုတ်လား။ မှန်တိုင်းလည်း မကောင်းဘူးဆိုတဲ့ စကားက အလကားမှ မဟုတ်တာနော်။
မရှိရှိတာ စားလိုက်ရခြင်း သက်သေ..

ဒါနဲ့  ညက နောက်ဆုံးပိတ် ဗိုလ်လုပွဲကို ကြည့်ရတာ စိတ်အား ထက်သန်စရာကြီး၊ အတွန်းအတိုက်၊ အခုန်အပျံ ခြေကန်ချက်တွေ၊ လျှောကနဲ့  လျှောကနဲ့  ၀င်လာတဲ့ ခြေထောက်တွေ၊ ဘိုင်းကနဲ့  ဘိုင်းကနဲ့  လူလှိမ့် မှောက်သွားသူတွေ.... အိုး... တရုတ်သိုင်းကားကြည့်နေရ သလိုပါပဲ။ လုံးလုံးလုံးလုံးနဲ့  ဒိုင်သူကြီးကို သွားသွားထိတဲ့ ဘောလုံးတွေ၊ ဂိုးပေါက်ချော်သွားတဲ့ ဘောလုံးတွေကြောင့်သာ ဒါဘောလုံး ကန်နေကြတာပဲဆိုတာ သတိရ ရသွားခဲ့ ရပါတယ်။ တကယ်ပါပဲ။ အ၀ါကတ်တွေများ ပလူကို ပျံနေတာပဲ။ အချိန်ပို အပါအ၀င် မိနစ် ၁၂၀ ကျော်ပဲ ကြပေလို့ ။ နောက် မိနစ် ၃၀ လောက် ဆက်ကန်ရမယ်ဆို အ၀ါတွေကတစ်ဆင့် အနီတွေဖြစ်.. နောက်ဆုံး ကွင်းထဲမှာ ဒိုင်သူကြီးပဲ ကျန်တော့မယ် ထင်ရလောက်တယ်။ ကမ္ဘာဖလား ဘောလုံး သမိုင်းတစ်လျှောက်မှာ ဒီပွဲက အ၀ါကတ် စံချိန်ချိုးတဲ့ ပွဲဆိုပဲ။ ကမ္ဘာဖလား ပွဲစဉ်တွေ တစ်လျှောက်မှာ သန့် သန့် ရှင်းရှင်း ကစားလို့  Fair Play ဆုရတယ်ဆိုတဲ့ စပိန်အသင်းတောင်မှ ဒီတစ်ပွဲမှာတင် အ၀ါကတ် ၅ ခု ယူ(ရ)သွားတယ်။ စပိန်က အားလုံး ၇ ပွဲကစားရမှာ အ၀ါကတ် ၈ ခုပဲ ရခဲ့တယ်လို့ သိရတယ်။

မနေ့ ညက ပွဲမှာ ဟောလန်သာနိုင်သွားခဲ့ရင်........ အသံတွေ ပိုကြားရမယ် ထင်တယ်။ အခုတော့ စပိန် က ဟောလန်ကို အချိန်ပိုကစားပြီး ၁းဝ နဲ့  အနိုင်ရလို့  ချန်ပီယံ ဖြစ်သွားခဲ့ ပါပြီ။ စပိန်နိုင်ငံမှာ အဲဒီပွဲကို ကြည့်ရှု့ အားပေးနေတာ တီဗီက တစ်ဆင့်မြင်ရတာ အားရစရာကြီး။ လမ်းတွေတလျှောက် ရဲရဲတောက်နေတာပဲ။ အခု စပိန်ဟာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်တာ ဆိုတော့ သူတို့ လူမျိုးတွေ ဘယ်လောက်များ ဂုဏ်ယူ ပျော်မြူးနေကြမလဲ။ ဒီနေ့ တစ်နေ့ လုံး စပိန်သူ စပိန်ပြည်သားများအား အလွန်အမင်းကို အားကျနေမိပါတယ်။ ဒီလို ပျော်စရာ ဂုဏ်ယူစရာ ကောင်းတဲ့ နေ့ မျိုးမှာ စပိန်နိုင်ငံမှာ ရှိနေတဲ့ ဘယ်သူ တစ်စုံတစ်ယောက်မှ ရုံးသွား အလုပ်လုပ်နေကြမယ် မထင်ဘူးလေ။

ကိုယ်တိုင်ရိုက်ထားတဲ့ စပိန်အလံပုံနဲ့  ၂၀၁၀ ကမ္ဘာ့ ဖလား ချန်ပီယံ စပိန်အသင်းကို ဂုဏ်ပြုလိုက်ပါတယ်။

အခုအကြိမ် ၂၀၁၀ ကမ္ဘာဖလားမှာ ၀ါသနာတူ စိတ်ကြီးသူများနဲ့  facebook ကတစ်ဆင့် ကြည့်ရင်းရေး၊ ရေးရင်းကြည့် ခဲ့ကြတာ ပျော်စရာ၊ အမှတ်ရစရာ တစ်ခုပါ။ တချို့  ပွဲတွေမှာ အနောက်နိုင်ငံမှာ နေထိုင်သူတွေအတွက် အလုပ်၊ ကျောင် ချိန်တွေနဲ့ တိုက်နေလို့  ပွဲတိုင်း မကြည့်နိုင်ကြဘူး။ အရှေ့ ပိုင်းမှာနေသူတွေက ကံကောင်းတယ်ပြောရမယ် ကြည့်ချင်ကြည့်ဖို့ အခွင့်အရေး ရခဲ့ကြတယ်။ ကြည့်ခဲ့ကြတယ်။ ဒီနိုင်ငံအချိန် မနက် ၂း၃၀ ပွဲတွေကိုပါ မအိပ်မနေ အားပေးနိုင်တဲ့ အမာခံ ၀ါသနာရှင် အားလုံးကို ဒီနေရာက မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။ (ဆိုမာလီမှာ ဆို အကုန်လုံး အသတ်ခံရလောက်ပြီးပြီ။ )။ အသေခံ အားပေးမယ့်သူတွေလို့ ထင်ပါတယ်။ အားလုံးကို လေးစားပါတယ်။ :))

ခုရက်ပိုင်း ဖေ့ဘုတ်မှာ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး တင်တဲ့ status တွေထဲက သဘောကျမိတာလေး တစ်ခုရှိတယ်။ တစ်ယောက်က တင်တယ် ဘယ်အသင်းကို အားပေးရင်ကောင်း မလဲတဲ့။ နောက်တစ်ယောက်က ပြန်ရေး အကြံပေး ပါတယ်။ အခု ငြိမ်ငြိမ်နေ လိုက်ပါ၊ ပွဲပြီး၊ ဒါမှ မဟုတ် ပွဲပြီးခါးနီးမှ နိုင်မှာသေချာသွားတဲ့ အသင်းရဲ့ အမည်ကို ၃ကြိမ် ၃ ခါ တိတိ ရေးတင်ပြီး အားပေးလိုက်ပါ။ ချီးကျူးစကားတွေ ဆိုလိုက်ပါ။ ဘာပဲဖြစ်ဖြစ် နိုင်တဲ့အသင်းကို အားပေးထားတာဆိုတော့ လူရှိန်တာပေါ့ ဆိုလား.. ဖတ်ပြီး ရီမောသဘောကျမိတယ်..

အန်နီးဝေး.. ရေးတာလည်း အတော်လေး ရှည်နေပြီး..
ဘောလုံး ၀ါသနာရှင် သူငယ်ချင်းအပေါင်းအသင်းများနဲ့ .....
နှစ်ထောင်ဆယ့်လေး ဘရားဇီးပွဲမှာ ပြန်လည် ဆုံတွေကြပါစို့  လို့  .... ကြားဖူးသလို ရေးသားရင်း ....
သီချင်းနှစ်ပုဒ်က စတဲ့
အိပ်ပျက်ညများ... ဇာတ်လမ်း...ကို ဒီတင်ပဲ အဆုံးသတ်လိုက်ပါသည်။

2010 FIFA World Cup Final

Netherlands vs. Spain

July 12, 2010 : 02:30 AM (UTC/GMT +8 hours)