Pages

February 25, 2009

The First Poem Written for Computers

အလုပ်လုပ်ရင်း ခေါင်းနည်းနည်း ရှုပ်လာတာနဲ့  စိတ်အပြောင်းအလွဲဖြစ်အောင် ဂူးဂဲလ်သုံးပြီး ကဗျာတွေ လိုက်ရှာဖတ်ဖြစ်တယ်။ အောက်က ကဗျာလေးကို ကဗျာခေါင်းစဉ်ကြောင့် ဖတ်ဖြစ်သွားခဲ့တယ်။

The First Poem Written for Computers
<>!*”#
^”`$$-
!*=@$_
%*<>~4
&[]../
|{,,SYSTEM HALTED

ကဗျာကို ကြည့်တယ်။ နားမလည်ဘူး။
ဘာအဓိပ္ပါယ်လဲ။ စဉ်းစားတယ်။ အဖြေ မထွက်ဘူး။

အောက်ရေးထားတာကို ဆက်ဖတ်ကြည့်တယ်။
အသံထွက်ပြီး ရွတ်ကြည့်တယ်။
ပြီးတော့ သဘောကျသွားတယ်။


For you somewhat cybernetically challenged, it goes something like this (using the proper cyber-names):

Waka waka bang splat tick tick hash,
Caret quote back-tick dollar dollar dash,
Bang splat equal at dollar under-score,
Percent splat waka waka tilde number four,
Ampersand bracket bracket dot dot slash,
Vertical-bar curly-bracket comma comma CRASH


လိုက်ရှာကြည့်တော့ ဒီကဗျာရဲ့ မူရင်းက
Douglas D. Dankel II (Assistant Professor)
Department of Computer and Information Science and Engineering - University of Florida
http://www.cise.ufl.edu/~ddd/poem.htm

February 23, 2009

KK15

သူတို့ တွေက အချင်းချင်း အမျိုးတော်ကြတယ်။ သေချာကြည့်။ ရုပ်ချင်း ဆင်တယ်။ အမွှာတွေတော့ မဟုတ်လောက်ဘူး။ အရွယ်အစား နည်းနည်းကွာတယ်။ ဘယ်သူက အကြီး၊ ဘယ်သူက အငယ်ဆိုတာ ကိုယ့်ဘာသာ ခွဲခြားကြည့်ကြပါ။
From MyLittleWorld-Food
ငါးချိုချဉ် (S$28)
From MyLittleWorld-Food
ငါးပဲငါးပိအချိုချက် (S$16)
သူတို့ ရဲ့ ပုံသဏ္ဍာန်ကိုပြောရရင် နှာတံတို အောက်မေးရိုးရှေ့  ငေါထွက်ပြီး၊ မျက်လုံးခပ် ပြူးပြူး၊ ကိုယ်လုံးက ပြားပြား ဒါပေမယ့် အနည်းနည်းလေး ရှည်တယ်။ သူတို့ ရုပ်ရည်ကြည့်မယ်ဆို ရုပ်ဆိုးတယ် ဆိုနိုင်ပေမယ့် သူတို့ ရဲ့ အသားကတော့ အတော်လေး အရသာ ရှိတယ်။ ဒါကြောင့်ပဲ သူတို့ တွေဟာ ကြော်၍ တစ်ဖုံ၊ ပြုတ်လို့  တသွယ်၊ ပေါင်းပြီး တမျိုး အမျိုးမျိုးလုပ်ကာ စားသောက်ခြင်းကို ခံရတယ်။ သက်သေ အနေနဲ့ ဆို .... အပေါ် ဓာတ်ပုံတွေထဲက မျိုးတူညီနောင် နှစ်ယောက်... တစ်နေ့ ထဲမှာ လူ ၄ ယောက်ရဲ့ ဗိုက်ထဲကို နာရီပိုင်းလေးသာ ခြားပြီး ရောက်သွားခဲ့ ရရှာတယ်လေ။

သူတို့ ကကြောင်း နည်းနည်း လေ့လာကြည့်မိတော့ သူတို့ အမျိုးတွေက ရေချိုရေငန် နှစ်မျိုးလုံးမှာ နေတယ်ဆိုတာ သိလိုက်ရတယ်။ ငယ်ရွယ်စဉ် အချိန်တုန်းက အစုံ စားတယ်၊ အသက်ကြီးလာတာနဲ့  အမျှ အသားပဲ စားတော့တယ်တဲ့။ ဒါဆို တချို့ လူတွေနဲ့  အကျင့် တူတယ်ဆိုရမယ်။ တချို့ လူတွေက ငယ်ငယ်တုန်းက အရွက်အသား အကုန်စား (လူကြီးတွေ ကျွေးတာစားရတော့ ) ဖြစ်ပြီး၊ အရွယ်ရောက်တော့ (ကိုယ်ကြိုက်တာ ကိုယ်ရွေးစားရင်း) အသားတမျိုးထဲစားတဲ့ သူတွေဖြစ်သွားကြတယ်။ :D

သူတို့ လို ပုံစံတူ၊ အမျိုးကွဲတွေ တော်တော်များများ ရှိတယ်။ သူတို့ ကို အဆင်မြင့်မြင့် ခေါ်ချင်တယ်ဆို Lates calcarifer လို့ လည်း ခေါ်နိုင်တယ်။ Barramundi ဆိုရင်လည်း လူတွေသိကြပါတယ်။ ဒါပေမယ့် အများစုက ခပ်လွယ်လွယ် အားလုံးကို Sea Bass လို့  မှတ်ထား ခေါ်ဝေါ်ကြတယ်။ တခြားမျိုးကွဲ၊ နာမည်ကွဲ တွေလည်း ရှိနိုင်တယ်။ ကျွန်မ အတွက်တော့ ဒီလောက်သိရင် လုံလောက်ပြီ။ လူသိများတဲ့ Sea Bass/ Barramundi လို့ ပြောလိုက်တာနဲ့  သူတို့ ထဲက တစ်ကောင်ကောင် ရောက်လာမှာလို့ ယုံကြည့်တယ်။ အဲ... ကျွန်မတို့  မြန်မာတွေကတော့ သူတို့ တွေကို ကကတစ်ငါး လို့  သိရှိထားကြပါတယ်။

February 18, 2009

☺Colourful Bougainvillaea

From MyLittleWorld-Album
မနေ့ က အလုပ်ကအပြန် လမ်းမှာ စက္ကူပန်းပင် တစ်ပင်တွေ့ တာနဲ့  သဘောကျလို့  ဓာတ်ပုံရိုက်ဖြစ်တယ်။ ထူးခြားချက်ကို တွေ့ တယ် မဟုတ်လား။ အပင်တစ်ပင်ထဲကနေ အနီ၊ အ၀ါ၊ လိမ္မော်၊ ခရမ်းရောင် ပန်းရောင်စုံပွင့်နေတယ်။ အဲဒီလို ပန်းပင် တွေကို သတိထားမိတာ အတော် ကြာပြီ၊ အခွင့်အရေးမကြုံတာနဲ့  မနေ့ ကမှပဲ ဓာတ်ပုံရိုက် ဖြစ်တော့တယ်။ စင်္ကာပူမှာ ဓာတ်ပုံထဲကလို ရောင်စုံပွင့်တဲ့ စက္ကူပန်းပင်တွေ အတော်များများ တွေ့ ဖူးတယ်။ တွေ့ တိုင်းငေးမိတာပဲ။ လှတယ်။

အလုပ်နားက ဆိုင်တစ်ဆိုင်ရှေ့ မှာလဲ အဲဒီလို ရောင်စုံပွင့်အောင် လုပ်ထားတဲ့ စက္ကူပန်းပင်တွေကို အိုးတွေနဲ့  အလှ ထည့်စိုက်ထားတာ ရှိတယ်။ အဲဒီ အပင်တွေကိုဆို အခွင့်ကြုံတိုင်း အသေအချာသွား ကြည့်လေ့ရှိတယ်။ ပင်စည်တစ်ခုထဲရှိပြီး အကိုင်းတွေမှာမှ အပွင့်ရောင်စုံတွေ ပွင့်နေတာ။ ဓာတ်ပုံထဲက အပင်မှာတော့ ပင်စည်နှစ်ခု ရှိတယ်။ တစ်ပင်ထဲကနေ ပန်းရောင်စုံပွင့်အောင်က ကိုင်းဆက်ထားတာလို့  ထင်ပါတယ်။ ကျွန်မ အစ်ကိုက အဲဒီလို အပင်တွေ စိုက်တာ အရမ်းဝါသနာပါတယ်။ အိမ်မှာ ကီလို မာလကာပင်တို့  သရက်ပင်တို့ ဆို ကိုင်းကူးပျိုးလေ့ရှိတယ်။ ဒီဓာတ်ပုံ ပြလိုက်ရင် အရမ်းသဘောကျမှာ။ ပုံပြကို ကျွန်မရဲ့ အစ်ကိုကို အဲလိုဖြစ်အောင် စိုက်ပါလားလို့  တိုက်တွန်း လိုက်အုံးမယ်။ အဖြူ၊ အနီ၊ လိမ္မော်၊ ခရမ်းရင့်၊ ခရမ်းဖျော့ ရောနေပြီး အုံ့ အုံ့ ဆိုင်းဆိုင်း ပုံစံလေးဆို အတော်လေးလှမယ်။


မှတ်ချက်။ ။ ဓာတ်ပုံကို ဖုန်းနဲ့ ရိုက်ထားတာပါ။ ဖုန်းထဲက ထွက်တဲ့အတိုင်းပါပဲ။ ပုံကြီးကြည့်ချင်တယ်ဆို ဓာတ်ပုံကို နှိပ်ပြီးကြည့်လို့ ရသလို လင့်ပေးထားတဲ့ Picasa Album မှာ သွားကြည့်နိုင်ပါတယ်။

Related Post :
ပျိုတိုင်းကြိုက်တဲ့...

February 17, 2009

အပြောနဲ့  အလုပ်

မနက်က အိပ်ရာထစောတာနဲ့  သတင်းတွေဖတ်ရင်း ဇော်ဝင်းထွဋ် ရဲ့ သီချင်းတွေ နားထောင်ဖြစ်တယ်။ အဲဒီထဲက သီချင်းတစ်ပုဒ် နားထောင်ရင်း တွေးမိတာ တစ်ချို့ ရှိတယ်။ သီချင်းနဲ့  ဆိုင်ချင်မှလည်း ဆိုင်မယ်။ အတွေးဆိုတာမျိုးကလည်း တွေးချင်တာ တွေးနိုင်တာပဲလေ။ တွေးမိတာက အပြောနဲ့  တကယ့် အလုပ် နဲ့  ဆန့် ကျင်ဘက် ဖြစ်တဲ့သူတွေ အကြောင်း။ အဲဒီလိုလူတွေ ကျွန်မ တို့ ပတ်ဝန်းကျင်မှာ အများကြီးပဲ။ လူတိုင်းလည်း အဲလိုလူတွေနဲ့  တွေ့ ဖူး၊ ကြုံဖူးကြမှာပါ။

မှတ်မှတ်ရရ ဒီလို အမျိုးအစား လူတွေအကြောင်းကို ပထမဆုံး သတိထားမိလိုက်တာက နိုင်ငံခြားမှာ ကျောင်းစတတ်တဲ့ နှစ်မှာ။ ချစ်သူက ပြောတယ်။ အသိနောက်ကျ လိုက်တာတဲ့။ ကြားဖူး၊ ဖတ်ဖူးပေမယ့် အဲဒီအချိန်မှပဲ အပြင်မှာ တကယ်တွေ့ ခဲ့ရတာပဲ။ ဒါတောင် ကိုယ်နဲ့ တိုက်ရိုက် ပတ်သက်တာ မဟုတ်ဘူး။ အဲဒီ နောက်ပိုင်းတော့ မကြာခဏ ဆိုသလို ဒီလိုလူတွေကို မြင်ရ၊ ကြားရ၊ ကိုယ်တိုင်လည်း ကြုံတွေ့ ရပါတယ်။ နှုတ်ထွက်လေးတွေက တကယ်ချိုတယ်။ ဒါပေမယ့်လည်း တကယ်တကယ်မှာတော့ အပြောနဲ့  တကယ့်အဖြစ်အပျက်၊ လုပ်ဆောင်ချက်တွေနဲ့ က တလွဲကြီးပဲ။ လူတွေက ဒီလိုပါပဲ။

နှုတ်ပြောချိုသလို စိတ်သဘောထားဖြူတဲ့သူ၊ အပြောကောင်းသလို ပြောတဲ့အတိုင်း လုပ်လေ့ရှိသူဆိုတာ မရှိမဟုတ် ရှိပါတယ်။ အဲလိုပဲ အပြောနဲ့  အလုပ် ဆန့် ကျင်ဘက်ဖြစ်သူတွေကလည်း ရှိသပေါ့လေ။ အင်း.. သီချင်းနားထောင်မိတဲ့ အချိန် တခဏလေးမှာ တွေးမိလိုက်တာတွေက အများကြီးပါ။ တွေးမိတာတွေ၊ ပြန်သတိရတာတွေ အကုန်ချရေးလို့  မသင့်တော်ဘူးလို့  ထင်မိတယ်။ မျက်နှာ နာရမယ့် သူတွေ ရှိသေးတယ်။ ဒီလိုနဲ့  ဟိုတွေးဒီတွေး အတွေးတွေပွားရင်း ဇော်ဝင်းထွဋ် ရဲ့ မောဟစားသူများ ဆိုတဲ့ သီချင်းကို နောက်တစ်ခေါက် ထပ်ပြီး နားထောင်ဖြစ်ခဲ့တယ်။


စဉ်းစဉ်းစားစား လုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ဒေါသ မောဟ သယ်ရာကိုပဲ သွားနေဆဲ..

ရိုးရိုးသားသားလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ကွေ့ ကွေ့ ကောက်ကောက် ဒီလိုလူများ များနေဆဲ

ရှင်းရှင်းလင်းလင်းလုပ်ကြဖို့ တော့ လူတွေ အစဉ်အမြဲပြောတာပဲ..
လက်တွေ့ ကြတော့ ရှုပ်ရှုပ်ရှက်ရှက် ဒီလိုလူများ များနေဆဲ

လောကကြီးထဲ တို့ နှစ်ယောက်လည်းပဲ ငွေကိုရှာရင်းမောနေဆဲ..
မောဟများနောက်က တစ်ကောက်ကောက်ကောက်လိုက်လို့ လိုတာတွေလဲ မဆုံးနိုင်ပဲ..
အားလုံးရှိတဲ့ မောဟများက ကမ္ဘာမှာ တစ်နေ့ တစ်ခြား တိုးလာဆဲ
မောဟများနောက်က လွတ်မြောက်ကြဖို့ ဘယ်လို တို့ ထိုးဖောက်နိုင်မလဲ..

February 16, 2009

မနေ့ က

မနေ့ က တနင်္ဂနွေနေ့ မှာ မပြီးသေးတဲ့ ပီနန်းခရီးအကြောင်း ပုံတွေတင်ပြီး စာရေးမယ်၊ ပြီးတော့ ဖတ်စရာရှိလေးတွေ ဖတ်မယ်လို့  စိတ်ကူးရှိခဲ့တယ်။ ဒါပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘူး။

ရာသီဥတု အရမ်းပူတယ်။ ပြီးခဲ့တဲ့ ရက်တွေက အဲဒီလောက် မပူဘူးလိုပဲ။ စနေ့ ညကတည်းက ပူတာ သိသာရတယ်။ ညဘက် ကောင်းကောင်း အိပ်လို့  မရဘူး။ မနက် မိုးလင်းခါနီး တစ်ချက် အိပ်လို့ ရတယ်။ မနက် ၈ နာရီလောက်ကြတော့ မနေနိုင်တော့ဘူး။ ရေထချိုးရတယ်။ မနက်စာ မုန့် နည်းနည်း စားပြီး ခနပြန်အိပ်တယ်။ မနက် ၁၁ လောက်ထိုးတော့ ပူတာနဲ့ ပြန်နိုးလာရော။ ပြူတင်းပေါက် ဖွင့်ထားပေမယ့် လိုက်ကာ ချထားတော့ လေကမရဘူး။ လူသွားလူလာ ရှိနေတော့ ပြူတင်းပေါက် လိုက်ကာလည်း ဖွင့်မထားချင်ဘူး။ ပန်ကာ ဖွင့်တာလည်း မရဘူး။ ပန်ကာလေကြောင့် လေပူတွေပိုများလာပြီး ပိုပြီးနေရခက်သလို ခံစားရတာနဲ့  ပိတ်ထားလိုက်ရတယ်။ နေ့ လယ်ပိုင်း တခါ ရေထချိုး။ ရေချိုးပြီးစ အချိန်လေးဆို နေလို့ ကောင်းတယ်။ တနင်္ဂနွေပဲ အိမ်မှာ မနေနဲ့ အပြင်သွားလို့  ချစ်သူက တိုက်တွန်းပေမယ့် မထွက်နိုင်တော့ဘူး။ ခေါင်းကိုက် နေပြီ။ ညနေ နေအတော်လေးစောင်းမှ အပြင်ထွက် ညစာ စားဖို့ ဝယ်ဖြစ်တယ်။ မစားလို့ လည်းမဖြစ်ဘူး၊ ဆေးသောက်မှ ခေါင်းကိုက် ပျောက်တော့မယ့် အနေအထား။ ညစာစားပြီးတာ နဲ့  ခနနေပြီး ရေတခါချိုး။ စောစောအိပ်ဖို့  ကြိုးစားတယ်။ စောစောအိပ်မှ ခဏခဏ နိုးတာနဲ့ ကာမိပြီး အိပ်ရေးဝမှာလေ။ ခဏ အိပ်ပျော်လိုက်၊ ပူလို့  ပြန်နိုးလာလိုက်နဲ့ ။ ည ၂ နာရီလောက် နိုးလာတော့ မနေနိုင်တော့ဘူး။ ရေတခါ ထချိုးတယ်။ ပြူတင်းပေါက် လိုက်ကာတစ်ခြမ်းဖွင့်ပြီး အိပ်ဖို့ ကြိုးစားတယ်။ လေလေးနည်းနည်း ရတော့ အိပ်လို့ အဆင်ပြေပေမယ့် ခဏနေ ပြန်ပြန် နိုးပြန်တယ်။ ဒီတစ်ခါတော့ ပူလို့  မဟုတ်ဘူး။ အသံတစ်ခုခုကြားရင် နိုးလာတာ။ ပြူတင်းပေါက် ဖွင့်ထားတဲ့အတွက် စိတ်လုံခြုံမှု့ ဖြစ်နေတာ။ အိပ်တဲ့အချိန် ရှိသမျှ တံခါးတွေ လုံလုံခြုံခြုံပိတ်ထားမှ အိပ်ပျော်တာ အကျင့်တစ်ခုလို ဖြစ်နေတယ်။ တစ်ယောက်တည်းနေတာ များလို့ အဲလိုအကျင့် ဖြစ်နေတာ ဖြစ်မယ်လို့ တော့ တစ်ယောက်က ပြောဖူးတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒီအခန်း စရောက်ခါစ အချိန်ကဆို ပြူတင်းပေါက် ပါပိတ်အိပ်မှ အိပ်ပျော်တာ။ နောက်ပိုင်းတော့ ပြူတင်းပေါက်ဖွင့်၊ လိုက်ကာချပြီး အိပ်တတ်လာတယ်။

မနေ့  ညက အရမ်းပူတယ်။ ဘယ်လိုမှ အိပ်မရဘူး။ နောက်ဆုံး ဘာလုပ်ရမယ် မှန်းမသိ၊ အိပ်လို့ လည်း မရတာနဲ့  မီးမဖွင့်ပဲ ကုတင်ပေါ်မှာ ထိုင်နေလိုက်တယ်။ ကွန်ပြူတာရှေ့ သွားနေရင် အိပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ၅ နာရီကျော်လောက်မှာ ချစ်သူက ဖုန်းဆက်တယ်။ ခေါင်းကိုက်တော့ သက်သာသွားပြီ၊ အိပ်မရဘူးဆိုတော့ သူအဖော်လုပ်ပေးမယ် ပြူတင်းပေါက် ဖွင့်ထားပြီး အိပ်ဆိုတာ နဲ့  ပြန်အိပ်ဖို့ ကြိုးစားရတယ်။ ဒါတောင် ၆ နာရီလောက် မှာ အပြင်က လူသံတွေကြားရတာနဲ့  ပြူတင်းပေါက် လိုက်ကာ ထပိတ်ရသေးတယ်။ အိပ်ပျော်သွားတာ နှိုးစက်မြည်မှ နိုးတော့တယ်။ ဒီမနက် ရေချိုးတဲ့အခါ ခေါင်းပါလျှော်ရတယ်။ ချွေးထွက်တာများလို့  မလျှော်လို့ မရတော့ဘူး။ အခု အလုပ်မှာ။ မပူဘူး အေးတယ်။ အဲယားကွန်း ရှိတယ်လေ။ ခေါင်းလျှော်ထားတဲ့ အရှိန်နဲ့  ချမ်းစိမ့်စိမ့်ဖြစ်နေလို့  အနွေးထည်တောင် ထပ်ဝတ်ထားရတယ်။ ခေါင်းလည်း မကိုက်ဘူး၊ ညက ဆေးသောက်လိုက်တော့ ပျောက်သွားပြီ၊ ဒါပေမယ့် အိပ်ချင်နေတယ်။

မနေ့ က အလိုချင်ဆုံး ဆန္ဒက လေတဖြူးဖြူးတိုက်နေတဲ့ အခန်းတစ်ခန်း၊ ဒါမှမဟုတ် အဲယားကွန်း တစ်လုံး။ ဒါနဲ့ .. ပူတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ပျင်းရိခြင်း ၆ ပါးထဲမှာ ပါတယ်လို့  ငယ်ငယ်က သင်ခဲ့ဖူးတာပဲ။ အင်း.....မနေ့ က ဘာမှ မလုပ်ချင် ပျင်းနေလို့  ရာသီဥတု ပူတယ်ဆိုပြီး အကြောင်းပြတာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း ပူပေမယ့် နေလို့ ရပါသေးတယ်။ မနေ့ ကတော့ ဘာဖြစ်လဲ မသိဘူး၊ လုံးဝကို မနေနိုင်၊ မအိပ်နိုင်တာ။ ကိုယ်တစ်ယောက်တည်း ပူနေတာလား၊ ရာသီဥတုက ပိုပူလာတာလား မသိဘူး။ Yahoo က Weather forecast ကို ကြည့်တော့လည်း အရင်လောက်လိုပဲ။ မပြောတတ်ဘူး။ ဒါပေမယ့် မနေ့ က ပူတယ်လို့  ခံစားရတာတော့ အမှန်ပါပဲ။

February 14, 2009

For February 14th - Funny

ရယ်ရတယ်။ ကြည့်ပြီး သဘောကျလို့ ။
it's too late.... it's too late for Valentine's..
...
အဲဒီမှာ James Blunt ရဲ့ You're Beautiful နဲ့ တခြား သီချင်းတွေ ကိုလည်း အဓိပ္ပါယ် ဖွင့်ပြ ထားလိုက်သေးတယ်။ ဒါလေးကို သူငယ်ချင်း တစ်ယောက် Facebook မှာ မျှပေးလို့  ကြည့်ဖြစ်သွားခဲ့တာပါ။ MediaCorp ရဲ့ podcast.sg က ဆိုတော့ အဲဒီမှာပြောတဲ့ အသုံးအနှုန်း အသံတွေကို စင်္ကာပူက မဟုတ်တဲ့သူတွေ အတွက် နားထောင်ရ သိပ်ပြီး အဆင်ပြေမယ့် မထင်မိဘူး။ ဒါပေမယ့် ရယ်ရတာနဲ့  အားလုံး ကြည့်နိုင်အောင် ဒီမှာ ပြန်မျှလိုက်တယ်...

Update :
သဘောကျနှစ်သက်လို့  Download လုပ် သိမ်းထားချင်သူများ အတွက်...
Credit to Mai

February 13, 2009

♦ Cartoons : IT Security Awareness - Backup your files!!

ီနေ့  အလုပ်က IT Security Depatment က ပို့ ပေးလို့  ဖတ်လိုက်ရတဲ့ ကာတွန်း။ အလုပ်တွေမှာ ဒေတာတွေ Backup လုပ်ဖို့  ဆိုတာ အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ Virus ပြဿနာ မတတ်တောင်၊ Harddisk Crash ဖြစ်တာမျိုး ကြုံရနိုင်တယ်။ ကာတွန်းထဲကလို့  လွန်ခဲ့တဲ့ ၅ နှစ်က နောက်ဆုံး Backup လုပ်ခဲ့တာ ဆိုတာမျိုးတော့ မဖြစ်စေနဲ့ ပေါ့နော်။ နေ့ စဉ် ပုံမှန် လုပ်သင့်တယ်။ တချို့ အရမ်းအရေးကြီးတဲ့ ဒေတာတွေဆို Backup ကော်ပီ ၁ ခုထက်မကတောင် ထားကြပါတယ်။ ထားလည်း ထားသင့်ပါတယ်။ ဒေတာတွေ အရေးကြီးရင် ကြီးသလိုပေါ့။



အလုပ်မှ မဟုတ်ပါဘူး ကျွန်မတို့ ကိုယ်ပိုင်ဒေတာတွေကိုလည်း အရေးကြီးတယ်၊ ဆုံးရှုံးသွားရင် အစားထိုးဖို့ မလွယ်ဘူးဆို တစ်ပတ်တစ်ခါ လောက် အနည်းဆုံးတော့ Backup အမြဲ လုပ်သင့်တယ်။ ကိုယ့်မှာ ဘာမှ အရေးကြီးတဲ့ ဒေတာတွေ မရှိဘူး၊ ပျက်လည်း ကိစ္စမရှိဘူး ဆိုတဲ့ သူမျိုးတွေ အတွက်တော့ Backup ဆိုတာမျိုးကို ထည့်တွေးစရာ လိုမယ် မထင်ပါဘူး။ ကျွန်မအနေနဲ့ ကတော့ အရေးမကြီး၊ ပျက်လည်း မထူးတာတွေကို Backup မထားပဲ၊ အရေးကြီး၊ အပျက်အစီးမခံနိုင်၊ အစားထိုးလို့ မရဘူး ထင်တာတွေကိုတော့ အမြဲ Backup Copy တစ်ခု ထားဖြစ်အောင် ကြိုးစားပါတယ်။

ှSource : the Infocomm Development Authority of Singapore (IDA).

Other Related Post:
Cartoons : IT Security Awareness - Power Down
Cartoon : IT Security Awareness

♥ My Destiny!


You're my destiny
You and I were meant to be
With all my heart and soul
I give my love to have and hold
And as far as I can see
You were always meant to be
My Destiny...

Maybe all we need.. Is just a little faith.
Cause baby, I believe.. That love will find a way.

You're my destiny
You and I were meant to be
I give my love to have and hold
And as far as I can see
You were always meant to be
My destiny!!

February 12, 2009

♣ The Phone I Like Most

ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် သုံးတဲ့ Nokia ဖုန်းကို ကြည့်ပြီး သဘောကျသွားတယ်။ လက်ထဲမှာ ကိုင်ရတာ အဆင်ပြေသလို ပုံစံကိုလည်း ကြိုက်တယ်။ အခု လက်ရှိသုံးနေတဲ့ ဖုန်းကိုသာ မ၀ယ်ဖြစ်ခဲ့ရင် အဲဒီဖုန်းကို သုံးဖြစ်လောက်တယ်။ ဖုန်းတစ်လုံး ၀ယ်ဖို့  လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်သာရှိမယ် ဆိုရင် ပထမဆုံး စဉ်းစားတဲ့ အချက်က အလေးချိန် နဲ့  အရွယ်အစား ဖြစ်မယ်။ ဖုန်းပုံစံကလည်း ကျွန်မ့ အမြင်မှာ အဆင်ပြေဖို့ လိုတယ်။ ဆလိုက်ဖုန်း မကြိုက်ဘူး၊ ခေါက်ဖုန်းမကြိုက်ဘူး။ ခပ်ရှင်းရှင်းပုံစံ ကြိုက်တယ်။ အဲ့ဒီ ၃ ခု စိတ်ကြိုက် မဖြစ်ရင် တခြားဘာတွေ ပိုကောင်းကောင်း ၀ယ်ချင်စိတ် မရှိဖို့ များတယ်။ ထားပါ။

Nokia ဖုန်းလေးကို သဘောကျတာနဲ့  အင်တာနက်ပေါ်လိုက်ရှာ ကြည့်ဖြစ်တယ်။ ရည်ရွယ်ချက်က ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်း ရှိတယ်ဆို ညီမလေးတွေကို ၀ယ်ပေးရင် ကောင်းမလားပေါ့။ ရန်ကုန်မှာ Nokia ဖုန်းက သုံးရတာ ပိုအဆင်ပြေတယ် ပြောသံလည်း ကြားဖူးတယ်။ လိုက်ရှာကြည့်တော့ သူငယ်ချင်းပြောထားတဲ့ အတိုင်း အဖြူနဲ့  မီးခိုး နှစ်မျိုးတွေ့ တယ်။ မိန်းကလေးတွေ အတွက်ဆို အဖြူရောင် ပိုသင့်တော်မယ် ထင်တယ်၊ မီးခိုးရောင်က ယောက်ျားလေးတွေ နဲ့  ပိုလိုက်မယ်။
Nokia ဖုန်းတွေ နဲ့ အဆက်ပြတ်နေတာ ကြာပါပြီ။ ဘာတွေ အသစ်ထွက်လို့ ၊ ဘာက နောက်ဆုံးပေါ်ဆိုတာ မသိဘူး။ ပထမဆုံး ကိုင်ဖြစ်တဲ့ဖုန်းက Nokia၊ အဲဒီဖုန်းအပြီး အခုလက်ရှိကိုင်နေတဲ့ဖုန်း မတိုင်ခင်အထိ ကိုင်ခဲ့တဲ ဖုန်းတွေက Sony Erission တွေကြီးပဲ။ ကြားထဲမှာ Motorola ခန (၁လ) လောက် ကိုင်တာ ရှိတယ်။ ကိုယ်သုံးနေတဲ့ ဖုန်းက အဆင်ပြေနေရင် တခြားထပ်ဝယ်ဖို့ ကြည့်ဖို့ စိတ်မ၀င်စားတတ်တော့ ဖုန်းတွေကို သိပ်မကြည့်ဖြစ်၊ သိပ်မသိဘူး။ Technology မှာ နည်းနည်း ထူးတာတွေလောက်သာ သတိထားမိတယ်။ အခုတော့ လိုက်ကြည့်ရင်း အရှိန်ရသွားတယ် ဆိုရမလား၊ အဲဒီဖုန်းတင်မကဘူး တခြား Nokia ဖုန်းတွေပါ လိုက်ရှာကြည့်ဖြစ်ပြန်တယ်။ ကြည့်ရင်း ကြည့်ရင်း စိတ်ပြောင်းသွားတယ်။ ကျွန်မ ညီမလေးတွေကို ဟို Nokia ဖုန်း ၀ယ်မပေးတော့ဘူး။ နောက်ဆုံးပေါ် ခပ်မိုက်မိုက် ဒီလို Nokia ဖုန်းပဲ ၀ယ်ပေး လိုက်တော့မယ်။
The Phone I Like Most

ဘယ်လောက်ပဲ ဖုန်းအမျိုးအစား အသစ်အဆန်းတွေပေါ်ပါစေ ဒီဖုန်းထက် ပိုပြီး ကောင်းနိုင်မယ် မထင်ဘူး။ ဘယ်အခါသုံးသုံး ခေတ်မှီဆန်းသစ်နေမယ့်ဖုန်း။ ဒါမျိုးဖုန်း ၀ယ်ထား သင့်တယ်။

* * * * * * *
Update: စင်္ကာပူက လူတချို့  ပုံတွေ မမြင်ရဘူး ဆိုလို့ ပုံတွေကို နေရာပြောင်း တင်လိုက်ပါတယ်။ အလုပ်မှာတုန်းက ကျွန်မ ပုံတွေ မြင်ရတယ်။ အိမ်ရောက်တော့ မမြင်ရတော့ဘူး။ တခြား Blog တွေ လိုက်ကြည့်တဲ့အခါ Blogspot မှာ တိုက်ရိုက်တင်တဲ့ ပုံတွေဆို အကုန်လုံး မမြင်ရပါဘူး။ တခြားနိုင်ငံက လူတွေ မေးကြည့်တော့ ဘာပြဿနာမှ မရှိဘူး၊ ပုံတွေ အကုန်မြင်ရတယ် ပြောတယ်။ ဒါဆို Google Blogger ကဖြစ်တာ မဟုတ်တော့ဘူး၊ စင်္ကာပူက အင်တာနက် တစ်ခုခု ဖြစ်နေတာ။ ကျွန်မ သုံးတဲ့ အင်တာနက်က StarHub။ သူငယ်ချင်းတွေကို မေးကြည့်တော့ တချို့  StarHub သုံးပေမယ့် မြင်ရပြန်တယ်။ Singtel သုံးတဲ့ သူငယ်ချင်းက ပုံတွေ မြင်ရတယ်လို့ ပြောတယ်။ ဖုန်းနဲ့ စမ်းတော့လည်း မြင်ရတယ်။

ဒီတော့ နောက်ဆုံး ကောက်ချက်ချရရင် StarHub တချို့ အိမ်သုံး လိုင်းတွေ နဲ့  Google blogspot နဲ့  ပြဿနာ တတ်နေတာလို့  ယူဆရပါတယ်။ တိုက်ရိုက်လင့်သွားကြည့်ရင် ဒီ error တတ်နေတယ်။ မမြင်ရတဲ့ လူတိုင်း ရဲ့ ကွန်ပြူတာမှာ virus တတ်တာ ဆိုရင်တော့ အတော်ကြောက်ဖို့ ကောင်းတဲ့ virus ဖြစ်မယ်။

February 11, 2009

♪ Her Morning Elegance

ကြည့်ရင်း ကြိုက်လို့ ...


ဒီသီချင်းကို သီဆိုတဲ့ သူက "Oren Lavie"။ သီချင်းပါတဲ့ အခွေခေါင်းစဉ်က "The Opposite Side of The Sea"။

ဒီ ဗီဒီယိုမှာ 3225 still photos ကိုသုံးထားတယ် သိရတယ်။ အဲဒီဓာတ်ပုံတွေ အားလုံးကို Camera တစ်ခုထဲသုံးပြီး ၂ ရက်ကြာ ရိုက်ခဲ့ခြင်းဖြစ်တယ်။ ဒီဓာတ်ပုံတွေ မရိုက်ခင် လိုအပ်တဲ့ "animated computer generated storyboard" ပြင်ဆင်ဖို့ က အချိန် ၄ ပတ် ကြာခဲ့တယ်လို့  သိရတယ်။ "animated computer generated storyboard" ဆိုတာကို မြန်မာလို အဆင်ပြေအောင် ဘာသာပြန်တတ်ဘူး။


သီချင်းဗီဒီယို အကြောင်း အသေးစိတ် သိချင်တယ်ဆို ဒီအောက်က လင့်မှာ ဖတ်ကြည့်နိုင်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင်၊ ဓာတ်ပုံဆရာနဲ့  ဒါရိုက်တာ/ဖန်တီးသူတွေ အကြောင်း နဲ့  ဘယ်လို ဖန်တီးခဲ့တယ် ဆိုတာတွေကို ရှင်းပြထားတယ်။


February 10, 2009

♠ စားမှာပဲ..

ဟိုတလောက Lunch မှာစားတဲ့ အစားအသောက်တွေ အကြောင်း မရေးတာ အတော်ကြာပြီ။ ဘာမှမရေးလို့  ဘာမှ မစားဖူးထင်နေ အုံးမယ်။ စားဖြစ်ပါတယ်။ တချို့  နေ့ တွေမှာ အစားအသောက် မစားဖြစ်တာရှိပေမယ့် အလုပ်သွားတဲ့ နေ့ တွေမှာတော့ နေ့ လယ်စာ မှန်မှန်စားတယ်။ အလုပ်နားက ဆိုင်တွေမှာပဲ စားတာဆိုတော့ အစားအသောက်တွေက ထပ်နေမှာစိုးလို့  ဒီမှာ မရေးဖြစ်တော့ဘူး။ ပျင်းတာလည်း ပါတယ်။ ဒါပေမယ့် ဖုန်းမှာပါတဲ့ Camera ကို အသုံးချတဲ့ အနေနဲ့  အစားအသောက် အမျိုးအစား အသစ် စားဖြစ်တိုင်း ဓာတ်ပုံ ရိုက်ဖြစ်တယ်။

ဒီနေ့  တရုတ်ပြည်မြောက်ပိုင်းက လာဖွင့်တဲ့ စားသောက်ဆိုင်မှာ ရိုက်ဖြစ်ခဲ့တဲ့ပုံတွေ အားလုံးကို စုပြီး ပီကာဆာမှာ တင်လိုက်တယ်။ တစ်ပတ် ၁ ရက် လောက်တော့ အဲဒီဆိုင်မှာ နေ့ လယ်စာ စားဖြစ်တယ်။ အများအားဖြင့်တော့ အစားဖူးတာလေးတွေ စားဖြစ်အောင် တစ်ခါနဲ့ တစ်ခါ မတူအောင် စားပါတယ်။ တခါတလေ ကြိုက်တာလေးတွေတော့ ထပ်စားဖြစ်တာ ရှိပါတယ်။ ဒါတောင် မစားဖူးတာတွေ အများကြီး ကျန်သေးတယ်။

ဒီဆိုင်အကြောင်း ဒီမှာ ရေးဖူးတယ်။ အရင်က အင်္ဂလိပ်လို နဲ့  ပုံတွေပြထားတဲ့ မီနူးပေးတယ်။ အခုဆို တရုတ်လိုရေးထားတဲ့ စာရွက်တစ်ရွက်ပဲ ပေးတော့တယ်။ ကိုယ်မှာချင်တာလေးကို အဲဒီစာရွက်မှာ အမှတ်အသားလုပ်ပေးလိုက်ရတယ်။ တရုတ်လို မတတ်ဘူးဆို မှာရတာ ပိုခက်သွားတယ်။ တစ်ခါတလေ မှာရင်းပြောရင်း ဘယ်လိုမှ အဆင်မပြေလို့ ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ပြီး အသုံးချမှာရတာ မျိုးတွေလည်း ကြုံဖူးတယ်။ အခုဆို အဲဒီဆိုင်သွားတိုင်း အတူသွားတဲ့ သူငယ်ချင်းတွေက ဓာတ်ပုံအတင်း ရိုက်ခိုင်းနေပြီ။ နောက်ဆို ကိုယ်ပိုင် မီနူး လုပ်ထားရင် ကောင်းမလားလို့ လည်း တွေးမိပါရဲ့။
ပုံတွေကို ကြည့်ရလွယ်အောင် Sildeshow နဲ့ တင်ထားလိုက်တယ်။ ခေါင်းစဉ်ကို စားမှာပဲ လို့ ပေးထားတာ မစားနဲ့ လို့  တစ်ယောက်ယောက်က တားနေလို့ မဟုတ်ဘူး။ စားစား များများစားလို့  အားပေးမယ့် သူတွေကြီးပဲ။ ပုံတွေတင် စာတွေရေးရင်း အဲလက်စ် သီချင်းကို သတိရသွားတာနဲ့  အဲဒီ ခေါင်းစဉ်ပေးဖြစ်သွားတယ်။

တရုတ်လို မတတ်လည်း ဓာတ်ပုံပြပြီး ကြိုက်တာ မှာလို့ ရဖို့  ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ထပ်စားဖြစ်သမျှ ပုံတွေ ထပ်ရိုက်ဖြစ်နေအုံးမယ်။ ဒီအတွက် အဲဒီဆိုင်က အစားအသောက်ပုံတွေ ဒီမှာ ထပ်လာပါအုံးမည်။

အသေးစိတ် ခံစားနိုင်ဖို့ အတွက်....



ဝက်သား

အာလူး

ဝက်သား သုံးထပ်သား







ဝက်နံရိုး နဲ့  အသီးအရွက်စုံဟင်း
အသီးအနှံမစား အသားကြီး အစားများနေသူကို ကျွေးချင်လို့  သတိရသွားမိသေးတယ်။

ဝက်သား



ပုံတွေမှာ ရှင်းလင်းချက်တွေ နောက်မှ ရေးမယ်။ အဲဒီဆိုင်က ဖက်ထုတ် စားလို့ ကောင်းတယ်ပြောတယ်။ ကျွန်မ က နေ့ လယ်စာဆို ထမင်းစားဖို့ ပဲ ဆန္ဒရှိတာများတော့ ကျွန်မ လိုက်သွားတဲ့နေ့ တွေဆို ဖက်ထုတ် မစားဖြစ်ဘူး။ တစ်ရက်လောက်တော့ စားကြည့်အုံးမယ် စိတ်ကူးတယ်။ အမဲသားပါတဲ့ ဟင်းတွေလည်း မစားဖူးသေးဘူး။ အဖွဲ့ ထဲက တရုတ်မတစ်ယောက်က အမဲသား မစားဘူး။ သူ့ အမေ မှာထားလို့  ဘာသာရေးအရ ရှောင်တယ်လို့ ပြောတာပဲ။ ကျွန်မကတော့ စားလို့ ရတဲ့ အစားအစာ၊ အသားငါးတွေမှာ ကြိုက်တာဆို အကုန်စားပြီး မကြိုက်တာဆို အကုန်ရှောင်တယ်ဆိုတဲ့ လူစားမျိုး။

February 06, 2009

အပျင်းပြေ

အပျင်းပြေညနေ

ဓာတ်ပုံက ကျွန်မ ရိုက်ထားတာ မဟုတ်သလို...
သီချင်းကလည်း ကျွန်မ ဆိုတာ မဟုတ်ဘူး..
ဒါပေမယ့်
အပျင်းပြေလေး.


Special Thanks to Rainstealer for photo
ဒီမှာကတော့ ..ဟိုး...အရင်က ရေးခဲ့ဖူးတဲ့
သီချင်းစာသား