
ဒီဆိုင်အကြောင်း ဒီမှာ ရေးဖူးတယ်။ အရင်က အင်္ဂလိပ်လို နဲ့  ပုံတွေပြထားတဲ့ မီနူးပေးတယ်။ အခုဆို တရုတ်လိုရေးထားတဲ့ စာရွက်တစ်ရွက်ပဲ ပေးတော့တယ်။ ကိုယ်မှာချင်တာလေးကို အဲဒီစာရွက်မှာ အမှတ်အသားလုပ်ပေးလိုက်ရတယ်။ တရုတ်လို မတတ်ဘူးဆို မှာရတာ ပိုခက်သွားတယ်။ တစ်ခါတလေ မှာရင်းပြောရင်း ဘယ်လိုမှ အဆင်မပြေလို့ ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ပြီး အသုံးချမှာရတာ မျိုးတွေလည်း ကြုံဖူးတယ်။ အခုဆို အဲဒီဆိုင်သွားတိုင်း အတူသွားတဲ့ သူငယ်ချင်းတွေက ဓာတ်ပုံအတင်း ရိုက်ခိုင်းနေပြီ။ နောက်ဆို ကိုယ်ပိုင် မီနူး လုပ်ထားရင် ကောင်းမလားလို့ လည်း တွေးမိပါရဲ့။
တရုတ်လို မတတ်လည်း ဓာတ်ပုံပြပြီး ကြိုက်တာ မှာလို့ ရဖို့  ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ထပ်စားဖြစ်သမျှ ပုံတွေ ထပ်ရိုက်ဖြစ်နေအုံးမယ်။ ဒီအတွက် အဲဒီဆိုင်က အစားအသောက်ပုံတွေ ဒီမှာ ထပ်လာပါအုံးမည်။
အသေးစိတ် ခံစားနိုင်ဖို့ အတွက်....


ဝက်သား

အာလူး

ဝက်သား သုံးထပ်သား




ဝက်နံရိုး နဲ့  အသီးအရွက်စုံဟင်း
အသီးအနှံမစား အသားကြီး အစားများနေသူကို ကျွေးချင်လို့  သတိရသွားမိသေးတယ်။

ဝက်သား


ပုံတွေမှာ ရှင်းလင်းချက်တွေ နောက်မှ ရေးမယ်။ အဲဒီဆိုင်က ဖက်ထုတ် စားလို့ ကောင်းတယ်ပြောတယ်။ ကျွန်မ က နေ့ လယ်စာဆို ထမင်းစားဖို့ ပဲ ဆန္ဒရှိတာများတော့ ကျွန်မ လိုက်သွားတဲ့နေ့ တွေဆို ဖက်ထုတ် မစားဖြစ်ဘူး။ တစ်ရက်လောက်တော့ စားကြည့်အုံးမယ် စိတ်ကူးတယ်။ အမဲသားပါတဲ့ ဟင်းတွေလည်း မစားဖူးသေးဘူး။ အဖွဲ့ ထဲက တရုတ်မတစ်ယောက်က အမဲသား မစားဘူး။ သူ့ အမေ မှာထားလို့  ဘာသာရေးအရ ရှောင်တယ်လို့ ပြောတာပဲ။ ကျွန်မကတော့ စားလို့ ရတဲ့ အစားအစာ၊ အသားငါးတွေမှာ ကြိုက်တာဆို အကုန်စားပြီး မကြိုက်တာဆို အကုန်ရှောင်တယ်ဆိုတဲ့ လူစားမျိုး။


ဝက်သား

အာလူး

ဝက်သား သုံးထပ်သား




ဝက်နံရိုး နဲ့  အသီးအရွက်စုံဟင်း
အသီးအနှံမစား အသားကြီး အစားများနေသူကို ကျွေးချင်လို့  သတိရသွားမိသေးတယ်။

ဝက်သား


7 comments:
ရုံးဆင်းခါနီး ဗိုက်ဆာဆာနဲ့ လာဖတ်သွားပါတယ်။ :P
အတော်စားနိုင်တာဘဲနော်.
တို့ကတော့ဆင်းရဲဇာတာပါတယ်။
လက်ဘက်ကလေး..ကြက်သားကြော်ကလေး.ငါးပိကြော်ကလေးနဲ့. အော် ကြက်ဥကြော်လေး.ပါသေးတယ်။ ညနေဆို တရုတ်ထမင်းဆိုင် က အထုပ်ကလေးဆွဲ..စားမကောင်းပါဘူး N2 ရယ်..
သွားရည် တွေတောင် ကျလာပြီ။
စားချင်တယ်...စားချင်တယ်။ ၀က်သားကလွဲလို့..ဟင်းပွဲတွေ အကုန်..စားမယ်...လာဖြစ်တဲ့တစ်နေ့ တွေ့ကြသေးတာပေါ့ဟာ..
မမွန်
စလုံးက အစားအသောက်တွေ လွမ်းတယ်...
နေနေ ပုံတွေမြင်တော့ ပိုလွမ်းသွားပြီ...
အခြေအနေပေးရင် ၂၀၀၉ မှာ လာခဲ့မယ်..
တော်တော် စားနိုင်၊ မှတ်တမ်းပြုနိုင်တာပဲ။ အဲဒါရဲ့ အကျိုးဆက်ကတော့ ချက်ချင်းကိုပဲ ဗိုက်ဆာသွားပြီ။ ခုပဲ စားထားတာ..ဒုက္ခပါပဲ။
ZT နဲ့  အစ်မ MCT >> ကျွန်မလည်း ဗိုက်ဆာလို့  အိမ်ပြန်ခါနီး အစားအသောက်ပုံတွေ တင်လိုက်တာ။ ကြည့်ရတာ အရသာရှိတဲ့ ပုံတွေပေါ့။
မ KOM>> အတူတူပါပဲ။ မကွာပါဘူး။ ဒါ နေ့ လယ်စာမို့ ပါ။ ညစာဆို တစ်ခုခု ၀ယ်လာပြီး အိမ်မှာ ကွန်ပြူတာရှေ့ မှာ စားတာများတယ်။
Zatlite >> အားကျမခံ ဂျပန်က အစားအသောက်တွေ ပြန်တင်ပါ။
မမွန် >> အဲဒီဆိုင်မှာ ၀က်၊ အမဲသား မပါတာ ရှားမယ်ထင်တယ်။ စားမယ်ဆို လာဖြစ်တဲ့အခါ လိုက်ကျွေးမယ်။
မရောင်စုံ >> လာဖြစ်ခဲ့ရင် ပြောပါ။ အစားအသောက်တွေ အတူသွားစားတာပေါ့။
Post a Comment