From MyLittleWorld-Album |
အလုပ်နားက ဆိုင်တစ်ဆိုင်ရှေ့ မှာလဲ အဲဒီလို ရောင်စုံပွင့်အောင် လုပ်ထားတဲ့ စက္ကူပန်းပင်တွေကို အိုးတွေနဲ့  အလှ ထည့်စိုက်ထားတာ ရှိတယ်။ အဲဒီ အပင်တွေကိုဆို အခွင့်ကြုံတိုင်း အသေအချာသွား ကြည့်လေ့ရှိတယ်။ ပင်စည်တစ်ခုထဲရှိပြီး အကိုင်းတွေမှာမှ အပွင့်ရောင်စုံတွေ ပွင့်နေတာ။ ဓာတ်ပုံထဲက အပင်မှာတော့ ပင်စည်နှစ်ခု ရှိတယ်။ တစ်ပင်ထဲကနေ ပန်းရောင်စုံပွင့်အောင်က ကိုင်းဆက်ထားတာလို့  ထင်ပါတယ်။ ကျွန်မ အစ်ကိုက အဲဒီလို အပင်တွေ စိုက်တာ အရမ်းဝါသနာပါတယ်။ အိမ်မှာ ကီလို မာလကာပင်တို့  သရက်ပင်တို့ ဆို ကိုင်းကူးပျိုးလေ့ရှိတယ်။ ဒီဓာတ်ပုံ ပြလိုက်ရင် အရမ်းသဘောကျမှာ။ ပုံပြကို ကျွန်မရဲ့ အစ်ကိုကို အဲလိုဖြစ်အောင် စိုက်ပါလားလို့  တိုက်တွန်း လိုက်အုံးမယ်။ အဖြူ၊ အနီ၊ လိမ္မော်၊ ခရမ်းရင့်၊ ခရမ်းဖျော့ ရောနေပြီး အုံ့ အုံ့ ဆိုင်းဆိုင်း ပုံစံလေးဆို အတော်လေးလှမယ်။
☺
မှတ်ချက်။ ။ ဓာတ်ပုံကို ဖုန်းနဲ့ ရိုက်ထားတာပါ။ ဖုန်းထဲက ထွက်တဲ့အတိုင်းပါပဲ။ ပုံကြီးကြည့်ချင်တယ်ဆို ဓာတ်ပုံကို နှိပ်ပြီးကြည့်လို့ ရသလို လင့်ပေးထားတဲ့ Picasa Album မှာ သွားကြည့်နိုင်ပါတယ်။Related Post :
ပျိုတိုင်းကြိုက်တဲ့...
2 comments:
buy buy D80 :D
Bougainvillaea ဆိုတာ ခုမှ သိတော့တယ်..။
Dictionary ကြည့်လိုက်ရသေး..။
Post a Comment